Zawgyi
တိုး သရက်ခြံထဲမှာ အပင်တွေကိုကြည့်ရင်း အသီးတွေကောင်းရဲ့လား ပိုးကိုက်မကိုက်လိုက်ကြည့်နေတုန်း အနောက်ကတကောက်ကောက်လိုက်နေသောသူကို စိတ်ရှုပ်သလိုနဲ့လှည့်ကြည့်လိုက်လေသည်။ထို့နောက် တိုးက စိတ်ဆိုးသလိုနဲ့ပြောလေသည်။
"ကိုမဟော် တိုးနောက်ကို ဒီလို ကလေးလိုမျိုး တစ်ချိန်လုံး ကပ်နေပြီး တကောက်ကောက်လိုက်နေလို့မရဘူးလေ ကိုမဟော်အလုပ်မရှိဘူးလား"
ထိုအခါ မဟော်က တိုးကို မျက်နှာချိုသွေးရင်းပြုံးပြကာ ပြောလေသည်။
"ကိုယ်တစ်နေ့လုံးမကပ်ပါဘူး တိုးရဲ့ အလုပ်လည်းသွားတယ်လေ အခုတောင်အလုပ်မှာ အစည်းအဝေးလုပ်ပြီးမှ တိုးစီကိုလာတာ နေ့ခင်းတောင်ရှိနေပြီကို ကိုယ်တစ်နေ့လုံးမကပ်ပါဘူး တိုးရဲ့ "
မဟော်က တိုးကိုထိုသို့ ပြောလိုက်တော့ တိုးက မဟော့်ကို မျက်စောင်းလှလှထိုးပြရင်းပြောလာလေသည်။
"ကိုမဟော်ကလည်း တိုးက သဘောပြောတာလေ အဲ့လိုမျိုးတကောက်ကောက်လိုက်နေတော့ကော တိုးကပြန်လက်ခံမှာတဲ့လား ကိုယ်မဟော်ကြိုးစားနေတာတွေက တိုးကို ကလေးတစ်ယောက်ရအောင်လုပ်နေသလိုဖြစ်နေတယ် တိုးကိုစိတ်ရှုပ်အောင်ပဲ ဖြစ်စေတာပေါ့ "
"ကိုယ်သိပါတယ် ဒါမဲ့ ဒီရက်တွေပဲ ကိုယ်အချိန်အနည်းငယ်အားလို့ပါ နောက်တစ်လလောက်နေရင် ကိုယ်တိုးဆီလာချင်လို့တောင်လာလို့မရဘူးတိုးရဲ့ ကိုယ့်အဖေက ကိုယ့်ကို ကုမ္ပဏီ လွဲတော့မှာ အဲ့ချိန်ကျ ကိုယ်အလုပ်တွေရှုပ်တော့မှာတိုးရဲ့ အဲ့ကြောင့် ကိုယ်အခုအချိန်ရှိသလောက်လေး တိုးနားကပ်နေရတာပေါ့ "
"ကိုမဟော်က အဲ့လိုကပ်နေတယ်လို့ပြောလဲ ကိုမဟော်နဲ့ တိုးနဲ့က အရင်လိုမှမဟုတ်တော့တာ"
ဟု တိုးက ပြောရင်း အရှေ့သို့ပြန်လှည့်ကာ ခုနကလုပ်နေတဲ့အလုပ်ကိုဆက်လုပ်လေသည်။ထိုအခါမဟော်က ခုနလိုမျိုး တိုးနောက်တကောက်ကောက်လိုက်ရင်း ပြောလာလေသည်။
"အခုကပ်ထားပြီး တိုးအချစ်ကိုပြန်ရလာအောင် တိုးဘေးနားမှာ တိုးကိုပြန်ပိုင်ဆိုင်နိုင်တဲ့မောင်ပြန်ဖြစ်လာအောင်ကိုယ်အခုကြိုးစားရမှာပေါ့ တိုးက ကိုယ့်ကို နေ့တိုင်းတွေ့နေရတော့ တိုးမျက်လုံးထဲမှာ ကိုယ်မျက်နှာက စွဲထင်နေပြီး မေ့ပျောက်လို့မရအောင်ကိုလုပ်မှာ အဲ့တော့မှ တိုးက ကိုယ့်ကိုမမေ့နိုင်တော့သလို ကိုယ့်အနားကနေလဲ ထွက်မသွားနိုင်တော့ဘူးပေါ့ဒီရက်တွေအတွင်း ကိုယ်က တိုးကို အလိုလိုက်ဂရုစိုက်ပေးမယ် နောက်တစ်လလောက်နေရင် တိုးကို ကိုယ်က အနာဂဏ်မှာ အလိုလိုက်ဂရုစိုက်နိုင်ဖို့အတွက် အလုပ်ကြိုးစားပြီး ပိုက်ဆံရှာမယ် ပြီးရင်တိုးကို ကိုယ်က လက်ထပ်ခွင့်တောင်းမယ် ကယ်ဘယ်လိုလဲ ကိုယ့်အစီအစဉ်က ကောင်းလား"
YOU ARE READING
ဖြူလွှနှင်းဆီချစ်၏ သို့သော်.......
Fantasyမြင့်မြတ်တဲ့ ယောကျာ်းလေးဖြစ်နေပင်မဲ့ လည်း မိန်းမသားဘဝကိုသာမက်မောသော တိုး နှင်းဆီဖြူတွေကို မက်မက်မောမောချစ်တတ်သောတိုး တိုးကျော်ဆိုတဲ့ Transgenderလေးရဲ့ ဘဝကို လွမ်းမောရန်ခုန်စိတ်လှုပ်ရှားဖွယ် ဖတ်ရှုရမှာပါ