~🍂 The Way We Met 🍂~(Comple...

By ShweJijung

138K 9.6K 202

စိတ်ကူးယဉ်ပါနော် စိတ်ကူးယဉ်ဆန်ဆန်ကို မဟုတ်တဲ့ စိတ်ကူးယဉ်ပါနော် ဘာလို့လဲဆိုတော့ Ficကိုသာ ဖတ်ကြည့်ပါနော် Fic c... More

Part 1🍂Zawgyi
Part 2🍂Zawgyi
Part 1🍂Unicode
Part 2🍂Unicode
Part 3🍂 Zawgyi
Part 3🍂Unicode
Part 4🍂Zawgyi
Part 4🍂Unicode
Part 5🍂Zawgyi
Part 5🍂 Unicode
Part 6🍂Zawgyi
Part 6🍂Unicode
Part 7🍂Zawgyi
Part 7🍂Unicode
Part 8🍂Zawgyi
Part 8🍂Unicode
Part 9🍂Zawgyi
Part 9🍂Unicode
Part 10🍂Zawgyi
Part 10🍂Unicode
Part 11🍂Zawgyi
Anno!!!!!
Part 11🍂Unicode
Part 12🍂Zawgyi
Part 12🍂Unicode
Part 13🍂Zawgyi
Part 13🍂Unicode
Part 14🍂Zawgyi
Part 15🍂Zawgyi
Part 15🍂Unicode
Part 16🍂Zawgyi
Part 16🍂Unicode
Part 17🍂Zawgyi
Part 17🍂Unicode
Part 18🍂Zawgyi
Part 18🍂Unicode
Part 19🍂Zawgyi
Part 19🍂Unicode
Part 20🍂Zawgyi
Part 20🍂Unicode
Part 21🍂Zawgyi
Part 21🍂Unicode
Part 22🍂Zawgyi
Part 22🍂Unicode
Part 23🍂Zawgyi
Part 23🍂Unicode
Part 24🍂Zawgyi
Part 24🍂Unicode
OS
ပုံကျန်နေလို့😆
Part 25🍂Zawgyi
Part 25🍂Unicode
Part 26🍂Zawgyi
Part 26🍂Unicode
Part 27🍂Zawgyi
Part 27🍂Unicode
Part 28🍂Zawgyi
Part 28🍂Unicode
Part 29🍂Zawgyi
LoL
Part 29🍂Unicode
Part 30🍂Zawgyi
Part 30🍂Unicode
Part 31🍂Zawgyi ~End~
Part 31🍂Unicode ~End~
A/N
Extra လိုချင်သလားဗျ😁
~ မူပိုင် ~
~ မူပိုင် ~

Part 14🍂Unicode

2.2K 218 1
By ShweJijung

"ရပြီ Jungkook အပေါ်ယံထိမိတာပါ ဆေးထည့်လိုက်ပြီ"

"ကျေးဇူးHyung"

"လိုသလားကွာ အဲ့စကားက "

"Hyung......."

"အင်း"

"Jimin....Jiminကို....."

"အင်း Jiminကဘာလို့"

"ကျွန်တော့်လက်ထဲ အပ်ပေးလို့ရမလားဗျ?"

"Holy S**t....တကယ်ကြီးပြောနေတာလားBro.."

"ကျွန်တော်ထင်တာ တွေးမိတာက..."

"......"

"ကျွန်တော်နဲ့သာဆို သူပိုပြီး အဆင်ပြေမယ် ပွင့်လင်းမယ်  သက်သာလွယ်မယ်ထင်တယ်"

"မင်းကကျရော"

"ဘာကိုလဲ Hyung"

"သူနဲ့ဆို မင်းကရော ဘယ်လိုလဲမေးတာ ရေခဲတုံး"

"သူနဲ့သာဆို ကျွန်တော်လည်း
စိတ်ရှည်မယ် နေနိုင်မယ်
သူနဲ့သာဆို ကျွန်တော်လည်း....ကျွန်တော် ခံစားတတ်လာမယ် ထင်တယ်...."

"အချစ်က ထူးဆန်းတာ မင်းယုံပြီလား?"

"ခံစားတတ်လာမယ် ထင်ရုံပါ"

"အဲလိုတွေးနေကတည်းက မင်းသူကို ဒီတိုင်းပစ်မထားရက်တဲ့ ဂရုဏာစိတ်ကြောင့်လေ
ချစ်တယ် ဆိုတဲ့အရာတိုင်းက ချစ်စိတ်ကအခြေခံတာချည်းဘဲ မဟုတ်ဘူး ငါ့ည်ီ
ဂရုဏာ ဒေါသ အမုန်း မနာလိုတာ စသဖြင့်ပေါ့ကွာ
အဲ့ကနေလည်း ဆင်းသက်လာနိုင်တာက
အချစ်လေ... အချစ်...."

"ကျေးဇူး......
ကျွန်တော် စကားရှည်ကြီးတွေ
မပြောတတ်ဘူး ပြန်မဖြေတတ်ဘူး"

"ငါနဲ့မလို့ပါ ငါနဲ့မလို့"

"အိမ်မှာလည်း အဲလိုပါဘဲ"

"မင်းဟာလေးနဲ့ကျ အဲလိုမဟုတ်ဘူးလေ ကိုယ့်ကိုကိုယ်သိစမ်း"

"......."

"go လူနာရှင် ဆေးရုံးဆင်းဖို့ ကိစ္စ ငါကိုင်တွယ်ရဦးမယ် စဉ်းစားရဦးမယ်"

"၁နာရီ"

"ဘာတုန်းဟ"

"စဉ်းစားဖို့ ၁နာရီ
အခ်ျိန်ရမယ်လို့ပြောတာ  သွားပြီ"

"ငလူးလေး အကြီးကိုများ မရိုသေတာ..."

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

"Jimin..."

".........."

"သြော် လူလေး Jungkookလာလေ ဝင်"

လှည့်တောင်မကြည့်တော့ဘူး ကျွန်တော်ကို
ခံရတဲ့သူက ကျွန်တော်လေ ခင်ဗျားလေးရယ်
စိတ်လျော့မှပေါ့.....

"တီတီ ဆရာက စကားပြောချင်သေးတယ်တဲ့ဗျ
ဆရာရုံးခန်းကို တစ်ချက် သွားလိုက်ပါဦး"

"အေးအေး ဒါဆို......."Jiminကို မေးငေါ့ပြရင်း
သတိပေး၏

"စိတ်ချပါဗျ"

အရယ်အပြုံးနည်းသော လူငယ်
စကားအပြောနည်းသော လူငယ်
သို့သော် ယဉ်ကျေး၏.......
အနေအေးလွန်းသော်လည်း စိတ်ကောင်းလေးရှိ၏
ကိုယ်တောင် သူကို ခက်ရှိန်ရှိန်
အခုထိ အရောတဝင် စကားမဆိုရဲ
တအားတည်လွန်းတယ်လေ

Jiminအမေဖြစ်သူ ထွက်သွားသည့်တိုင်
လူသားသေးသေးလေးက လှည့်ပင်မကြည့်ပါ
စိမ်းကားတတ်ရန်ကော

"Jimin"

"........"

"Jiminဗျ လက်ကဒဏ်ရာ ဆေးထည့်ပေးနိုင်မလား?"

ဒဏ်ရာဆိုမှ တုန်တုန်ရီရီဖြင့်လှည့်ကြည့်လာသည်
သြော် အခုထိ မျက်ရည်တို့က
ကျဆင်းတုန်းပါလား မူပိုင်ရှင်.....

"လူလိမ်.....ထည့်ပြီးသားကို "

လက်ကို ကြည့်ကာ အပြစ်တင်၍ အတင်းဇွတ် ဆန့်ကျင်ဘက်သို့ ပြန်လှည့်သည်
လက်လေး၂ဘက်ကို ဖွဖွလေး လှမ်းဆွဲထား၍
ကိုယ်ပါ ကုတင်ပေါ်သို့ ပြောင်းထိုင်တာ မျက်နှာချင်းဆိုင်ရ၏....

"Jimin"

"အကြီးကို ရိုသေ"
ဒီလေသံကား တစ်မျိုးတစ်မည်

"ဟုတ်ပါပြီ Jimin~ssi "

"........."

"ဆေးရုံက မဆင်းချင်ဘူးလားဗျ"

"စကားလမ်းကြောင်း လာလွှဲနေ"

"အတည်ဗျ ကျွန်တော် ခေါင်းငြိမ့်လိုက်ရင်
ရပြီနော် မယုံဘူးလား?"

"ဟင် ဆင်းတော့တဲ့လား တကယ်ကြီးလား
သူတို့ဘဲ ကိုယ်ကို လူနာလို လုပ်နေကြပြီးတော့"

"အဲလိုမတွေးနဲ့လေဗျာ ခုနကအဖြစ်ကိုဘဲကြည့်
Jiminစိတ်ကို မထိန်းနိုင်ဘူးလေ တခါတဆလ ဒေါသဖြစ်လွယ်သလို ဝမ်းနည်းလည်း လွယ်နေတယ်
ထိန်းချုပ်ဖို့လည်း မတတ်နိုင်ဘူးဆိုတာ ကိုယ့်ကိုကိုယ် သိတယ်မလားဗျ? "

".........."

"ကျွန်တော် အနားနေပေးမယ်
Jimin ကြည့်ချင်တဲ့ ပန်းချီကားလည်း ပြမယ်လေ
ကျန်တာ ဘာလုပ်ချင်သေးလဲ?"

"တောင်းပန်ပါတယ်..."

"ဘာကိုလဲဗျ"

"Jungkookထိခိုက်သွားတာကို တမင်ရယ်ရွယ်ပြီး
လုပ်တာ မဟုတ်ရပါဘူး...."

"သိတာပေါ့ ကျွန်တော်သိတယ်"

"......." "........"

၂ယောက်သား ပြန်၍ တိတ်ဆိတ်သွားပြန်၏

"Jiminကို ကျွန်တော်လက်ထဲအပ်ဖို့ ခွင့်တောင်းထားတယ်"

"ဟင်???.."

"ဟို ထားပါတော့...ဘာမှမဟုတ်ဘူး"

~~~~~~~~~~~

အဆင်ပြေပါ့မလား မသိပေမယ့်
ဆေးရုံကတော့ လက်လွှဲယူလိုက်ပြီ
အိမ်သို့ပြန်ရောက်တော့ခုန်ပေါက်နေသည့်
ကျွန်တော်ထက် ၂နှစ်ကြီးသော လူသားသေးသေး

ကျွန်တော်နှင့် ယခုထိတိုင် အကြည့်မဆုံသေး
ဟိုကိစ္စဖြစ်ပြီးကတည်းကပေါ့

"Jungkook လူလေး လာလေ အိမ်ထဲ"

"ဗျာ....ကျွန်တော် မဝင်တော့ပါဘူးဗျ
နားကြပါဦး ကျွန်တော်နောက်မှ လာခဲ့ပါ့မယ် ခွင့်ပြုပါဦးဗျ....."

နှုတ်ဆက်စကားဆို၍
ပြန်လှည့်လာခဲ့သည်
သို့သော်
အကျီင်္ဖြူဖြူ၏ အနားစကို ဆွဲထားသော
လက်ဖောင်းဖောင်းလေးတွေ...

"ကိုယ်နဲ့နေပေးမယ်ဆို..."

"........"

"လိုက်ခဲ့...မငြင်းနဲ့"

ကျွန်တော်ကို မော့မကြည့်ဘဲ စကားဆိုနေ၏
နှုတ်ခမ်းဖူးဖူးကပါ ဆူနေသယောင်
လက်ဖောင်းဖောင်းလေးတွေဟာလည်း
အကျီင်္စကို မဝံ့မရဲ ဖမ်းဆွဲထား၏

".........."

🍂🍂🍂🍂🍂

" ဒါ.... ကိုယ့်အခန်း"

"........."

အဖြူရောင်တစ်ရောင်တည်းကိုသာ အသုံးပြုထားသော အိပ်ခန်းလေးတစ်ခန်း
လိုက်ကာစတွေက အစ အဖြူလွင်လွင်
King sizeမဟုတ်သော်လည်း
ကျယ်ကျယ်ဝန်းဝန်းအိပ်ရသော
တစ်ယောက်အိပ် အ်ိပ်ယာဖြူဖြူ
ဆိုဖာခုံဖြူဖြူ ဗီယိုဖြူဖြူ
စာကြည့်စားပွဲ ထိုင်ခုံကစလို့ အဖြူလွင်လွင်သာ
အဖြူရောင်ကို တအားမြတ်နိုးတာဘဲလား
မူပိုင်ရှင်.....

"ကိုယ်လည်း တခါတလေတော့ အသိစိတ်ဝင်ပါသေးတယ်...."

"......"

"မဖြစ်သင့်မှန်းလည်း.... သိပါတယ်.. ဒါမဲ့
စိတ်က....ချုပ်တည်းလို့ မရဘူး...
လုံးလုံးလျားလျား ပြန်ကောင်းလာတဲ့ အခါကျရင် မှားခဲ့တာတွေအတွက် ကိုယ်ပြန်ပေးဆပ်မှာပါ...
အခုနေတော့ စိတ်က... စိတ်က.. အသိဝင်တစ်ချက် မသိစိတ်ထဲနယ်ကျွန်တစ်ချက်...."

"အချိန်ယူရင် ဖြစ်တယ်လေ Jimin..အချိန်...."

"......."

"ညနေကျရင် ပန်းချီကား ပြမယ်လေ ကျွန်တော်လာခေါ်မယ် ဟင် ဟုတ်ပြီလား?"

"........"

"ကျွန်တော် ပြန်တော့မယ်ဗျ အနားယူလိုက်ပါ ညနေ လာခေါ်ပါ့မယ်"

"အဖြေလည်း မပေးမိပါဘူး...ဇွတ်"

"ဗျာ ဘာကို......"

"လိုက်မယ်ဆိုတာ မဖြေရသေးဘူးလို့ ပြောတာ"

"အာ......"

"လာခေါ်ပါ...ကြည့်ချင်နေတာ ကြာပြီမို့"

".........."

အိမ်ပြန်ရောက်ချိန်ကတည်းက
မေကြီးဖေကြီးတို့နဲ့ စကားအေးဆေးပြောဖြစ်တယ်
မသိရင် ကျွန်တော်က စိတ်ဝေဒရှင်ကြီးလိုလို
သူတို့ တအား ပြုမူနေကြလွန်းတာဘဲ
တစ်ယောက်တည်းသာ မဟုတ်ရင်
ကျွန်တော် သက်သာမယ်ဆိုတာ သိတယ် အထီးမကျန်ရင်..
ကျွန်တော် သက်သာမယ်ဆိုတာ သိပါတယ်
ခြံထဲလည်း လမ်းလျှောက်ထွက်ရာ
မေကြီးက တူတူလျှောက်ပေးသည်
တစ်နှစ်ကျော်လောက်က ကောင်းကောင်းလှုပ်ရှားမထားတော့
သိပ်ပြီး အားထည့်လှုပ်ရှား၍မရ ဟူး....

~~~~~~~~

ကျွန်တော်၏ ပန်းချီခန်းဆီသို့
မဆွဲတာ ကြာပြီမို့  မရောက်ဖြစ်
ပန်းချီကားလည်း ထုတ်ရမည်မို့သာ လာဖြစ်သည်
ပန်းချီပြန်ဆွဲဖို့ရာအတွက်
စိတ်နစ်၍မရသည်မှာ ကြာပြီဖြစ်၏
ပန်းချီကားတစ်ချပ်အား မပြီးသတ်သေးဘဲ ထားခဲ့သည် အချိန်က စလို့ပေါ့......
အခုတော့ ပန်းချီခန်းအားရှင်းစို့

အမြဲတမ်း သူဆီစိတ်ရောက်နေတာတော့ မဟုတ်သေးဘူး ထင်တာဘဲ
ဘာလုပ်လုပ် သူဖို့ သူဖို့ ဆိုတာတွေသည်က
ခေါင်းထဲ အရင် နေရာယူ တန်းစီလာသည်
Jiminလည်း Japanမှာတုန်းက သည်လို ဖြစ်ခဲ့သည်လား?
အမြဲတမ်းများ သူ၏စိတ်ထဲ ကျွန်တော်စိုးမိုးနေခဲ့သလား?
သည်လ်ို တွေးမိတော့လည်း ပြုံးမိပြန်သလိုပါဗျာ....
ကဲ လူသားသေးသေး မူပိုင်ရှင်ဆီ သွားစို့

အိမ်ရှေ့bellမြည်သံကြား၍ ကြည့်မိတော့
Jungkookလေး ဖြစ်နေ၏

"ကျွန်တော် Jimin... Jimin~ssiကို လာခေါ်တာပါ
ပန်းချီကား ကြည့်ချင်နေတာ ကြာပြီမို့ပါတဲ့ဗျ"

"သြော် ဟုတ်လား ဟုတ်ပြီ ဟုတ်ပြီ
လာလေ အိမ်ထဲ အန်တီခေါ်လိုက်ဦးမယ် အပေါ်ထပ်မှာမို့"

"....."

**ခေါင်းသာငြိမ့်ပြ၏ စကားသံထွက်မလာ အနေအေးချက် စကားနည်းချက် သည်ကလေး ငါ့သား ဘယ်လိုတောင် ခင်တွယ်သွားသည်လဲ
သူကရော ဘယ်လိုတောင် အိုမသိတော့ဘူး အဲ့၂ယောက်**

"သားရေ Jungkookလေး လာတယ်
ပန်းချီကား ကြည့်နေတယ်ဆို ရှင်လေးက
ဆင်းခဲ့တော့....လာ"

"........"

"သားရေ....  တံခါးဖွင့်ဦးလေ ဟဲ့ ....သား အိပ်များပျော်နေသလား.. သားရေ..."

"......."

"လော့လည်း ချထားတာဘဲ သော့...သော့ ဘယ်နားမှာပါလိမ့်...."

*အောက်ထက်က အံဆွဲထဲလား  အိပ်ခန်းထဲမှာလား သား ဘာမှမဖြစ်ဖို့ အရေးကြီးတယ် ငါ့စိတ်ရယ်*

"အန်တီ ဘာလ်ုိ့လဲဗျ Jiminရော???"

"သားလေး သားလေးကို ခေါ်နေတာ အထဲကနေ
အသံလည်း မကြားဘူး ထူးလည်းမထူးဘူးကွယ်
ခေါ်မရဘူး.."

"ဗျ.... ဗျာ....."

#Aji
ဘာမှ မဘာပါဘူးနော်
မဘာစေရဘူး😆

















Continue Reading

You'll Also Like

1M 56.7K 58
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
261K 7.4K 36
I woke up in a strange room. It seemed to be designed for a proper girl, someone completely different to me. The walls were pastel blue, the bed shee...
1M 79.9K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
234K 20.9K 70
Jk- ကျုပ်က ဒူးမထောက်တတ်ဘူး အချစ်ဆိုတဲ့ ခေါင်းစဉ်အတွက်ဆို ပိုဆိုးသေး Jm- အချစ်က ငါ့အတွက် တန်ဖိုးကြီးတယ် Jk- ကျုပ်က အရာအားလုံးရဲ့ အထက်မှာ နေရတာကြိုက်တယ...