Zawgyi
အခန္း ၇၂- အဖိုးတန္လက္ေဆာင္တစ္ခု
Maryသည္ လမ္းမ်ားကို ငုံ႔ၾကည့္ရန္ ထကာ ျပတင္းေပါက္နားသို႔ သြားလိုက္သည္။
Warrenၿမိဳ႕က ေရျမဳပ္ေနတယ္။ ေရက ျမင့္တက္ေနၿပီး ေရႀကီးလို႔ ပ်က္စီးသြားတဲ့ အရိပ္အေယာင္ေတြ ရွိေနတယ္။
ဒီအေျခအေနအတိုင္းဆို ရဟတ္ယာဥ္မ်ား ဝင္မလာႏိုင္သလို မေမာင္းႏိုင္ပါ။ ၾကည့္ရတာ သူမတို႔ ဒီမွာ ပိတ္မိေနၿပီ။
ကံေကာင္းစြာ သူမတို႔သည္ အလြန္ျမင့္မားေသာ အထပ္တြင္ တည္းခိုခဲ့ၾကသည္။
Maryသည္ အဖြဲ႕ကို ျပန္ၾကည့္လိုက္သည္။ "ငါတို႔ ပစၥည္းေတြ ထပ္ဝယ္ဖို႔ လိုမယ္ထင္တယ္"
ေနာက္ဆုံးတြင္ Monroeက သူမကို ၾကည့္ကာ ေမးတယ္။ "မင္းဘယ္လိုထင္လို႔လဲ?"
သူက သူမကို လုံးဝ ၾကည့္မေနခဲ့ဘူး!
Maryသည္ အနည္းငယ္ ေဒါသထြက္သြားသည္။ သူမ Adelaကို ၾကည့္လိုက္သည္။ "ကယက္ေလွေတြ၊ မိုးကာေတြ၊ မီးစက္ေတြ၊ ေရဗူးေတြ... ငါတို႔ ႐ြက္ေလွစီးရရင္ ပိုေကာင္းမယ္!"
ေနာက္တစ္ပတ္မွာ မိုးသည္းထန္စြာ ႐ြာလာရင္ သူမတို႔ ဒီမွာ အနည္းဆုံး တစ္ပတ္ေလာက္ ပိတ္မိေနလိမ့္မယ္။
Maryသည္ အဆိုးဆုံးအေျခေနအတြက္ ျပင္ဆင္ထားရမည္။
Monroeက သူမသည္ သူ႔မ်က္လုံးမ်ားကို ေရွာင္လိုက္ေသာအခါ အနည္းငယ္ မေပ်ာ္မ႐ႊင္ျဖစ္သြားသည္။
မေန႔ညက သူသည္ ဒီအရာအားလုံးကို ေတြးၿပီး ကုန္သြင္းသူ(suppiler)အမ်ားထံကို ဆက္သြယ္ခဲ့ေသာ္လည္း ထိုအရာမ်ားကို သူမ ေျပာလာသည္ကို ၾကားရေသာအခါ Mary၏ဥာဏ္ကို သူ အံ့အားသင့္ရေသးသည္။
ဒီအခ်ိန္တြင္ သူမသည္ အသက္၁၉ႏွစ္အ႐ြယ္ မိန္းကေလးႏွင့္ လုံးဝမတူေပ။
သူမ၏စိတ္၊ တာဝန္သိစိတ္၊ ဒုကၡေရာက္ခ်ိန္၌ ေအးေဆးတည္ၿငိမ္ေသာအမူအရာ၊ ၾကင္နာမႈ၊ ဂုဏ္က်က္သေရ၊ ဉာဏ္ရည္ဉာဏ္ေသြး၊ အလွတရားတို႔ႏွင့္အတူ သူမႏွင့္ နီးကပ္စြာေနရေသာ ဒီေန႔ရက္မ်ားက သူမအေၾကာင္းကို သူ ျဖည္းျဖည္းခ်င္း သိခြင့္ရခဲ့သည္။
Maryသည္ အဖိုးတန္လက္ေဆာင္တစ္ခုလိုပင္။ သူမကို ပိုသိလာေလေလ သူ မယုံႏိုင္ေလာက္ေအာင္ ျဖစ္လာေလေလပဲ။
ရံဖန္ရံခါ သူမသည္ သူမအသက္အ႐ြယ္ မိန္းကေလးတစ္ေယာက္မွာ ရွိသင့္တဲ့ အမူအရာႏွင့္ အသြင္အျပင္ကို ထုတ္ေဖာ္ျပသတတ္သည္။
Maryက အာ႐ုံမစိုက္တဲ့ခ်ိန္တြင္ Monroeက မတ္တပ္ရပ္လိုက္တယ္။ "မင္းေျပာတာ မွန္တယ္။ မင္း! မင္းဟိုတယ္မွာ အနားယူလိုက္ ငါတို႔ ေဈးဝယ္ထြက္လိုက္မယ္!"
Maryက ဘာမွ မေျပာဘူး။
သူမက သူ႔အတြက္ အိမ္ေစာင့္ေခြးတစ္ေကာင္လို ျဖစ္ေနလား။
Maryသည္ အားလုံး ထြက္ခြာသြားသည္ကို ၾကည့္ေနေသာ္လည္း သူမသည္ ျပင္သစ္ျပတင္းေပါက္မ်ားေရွ႕တြင္ ထိုင္ကာ အျပင္ဘက္က မုန္တိုင္းကို အကူညီမဲ့သလို ၾကည့္ေနသည္။
Adelaသည္ လူအုပ္၏ေနာက္ဘက္သို႔ ေလွ်ာက္သြားသည္။ ျပတင္းေပါက္နားမွာထိုင္ေနတဲ့ Maryရဲ႕ေနာက္ေက်ာကို သနားစိတ္နဲ႔ ၾကည့္ေနတယ္။ Jimကို လွည့္ၾကည့္လိုက္သည္။ "Bossနဲ႔ Lady Maryၾကားမွာ တစ္ခုခု ထူးဆန္းေနတယ္လို႔ ငါ ခံစားမိတယ္!"
Jimသည္ Adelaကို ေအးစက္စက္ ၾကည့္လာသည္။ "မင္း Raging Flame Groupကေန ထုတ္ခံခ်င္ေနတာလား"
Adelaက "ငါက ႐ူးေနတာမလို႔လား?"
Jimက "ဒါဆို မင္း သူတို႔ရဲ႕ကိုယ္ေရးကိုယ္တာကိစၥေတြကို ဘယ္လိုလုပ္ ေျပာရဲတာလဲ"
Adelaသည္ ပါးစပ္ကို ဖုံးကာ စကားတစ္ခြန္းမွ မေျပာေတာ့။ Maryက မိုးပိုသည္းလာေနတာကို ၾကည့္ေနလိုက္တယ္။ သူမမွာ ဘာမွလုပ္စရာမရွိတာေၾကာင့္ အေျခအေနကို စစ္ေဆးဖို႔ ေအာက္ထပ္ကို ဆင္းသြားတယ္။
ဟိုတယ္၏ ေရေဘးႀကိဳတင္ကာကြယ္ေရး အစီအမံမ်ားက ေကာင္းမြန္ေသာ္လည္း ကားဂိုေဒါင္တြင္ ေရမ်ားစတင္ျပည့္ေနၿပီး ပထမထပ္တြင္ ေရမထိန္းႏိုင္ေတာ့သည့္ လကၡဏာမ်ား ျပသေနသည္။
ခန္းမအတြင္း အေျခအေနကို ေမးျမန္းေနသူမ်ားျဖင့္ ျပည့္ေနၿပီး အမ်ားစုမွာ စိုးရိမ္ပူပန္ေနၾကၿပီ။
ဟိုတယ္ဧည့္ခန္းမန္ေနဂ်ာသည္ ေရွ႕သို႔ထြက္လာၿပီး ၎တို႔၏စိုးရိမ္မႈမ်ားကို ေျဖေလွ်ာ့ရန္မွတပါး ေ႐ြးခ်ယ္စရာမရွိေပ။ "မဂၤလာပါ ဧည့္သည္ေတာ္မ်ား။ ကြၽန္ေတာ္တို လုံေလာက္ေသာ အေထာက္အပံ့မ်ား ျပင္ဆင္ထားတာေၾကာင့္ စိတ္ခ်ၾကပါ။ ကြၽန္ေတာ္တို႔က လူတိုင္ ရရွိႏိုင္ေသာ အစားအစာႏွင့္ အခ်ိဳရည္မ်ားကို ေသခ်ာေပါက္ ေဆာင္႐ြက္ေပးပါမယ္။ ထို႔ျပင္ မိုးမတိတ္မခ်င္ လွည့္ပတ္မေျပးပါနဲ႔။ ကိုယ့္အခန္းမွာပ ေနပါ။ အစိုးရက ကြၽန္ေတာ္တို႔ကို လာကယ္တင္မွာကို ေစာင့္ေနရင္း တစ္ခ်ိန္တည္းမွာပဲ ကြၽန္ေတာ္တို႔ကလဲ ကြၽန္ေတာ္တို႔တာဝန္အားလုံးကို ေက်ပြန္ေအာင္ ထမ္းေဆာင္မွာပါ..."
Maryသည္ တံခါးဝသို႔ေရာက္ေသာအခါ ေရျမဳပ္ေနေသာအိတ္သည္ ေခ်ာင္းေရေၾကာင့္ ေမ်ာပါသြားသည္ကို ျမင္လိုက္ရသည္။ အျပင္ဘက္တြင္ မိုးသည္ ေကာင္းကင္မွ ေလာင္းခ်ေနေသာေရကဲ့သို႔ တဖြဲဖြဲက်ေနသည္။ ခ်ဲ႕ကားျခင္းမဟုတ္။
႐ုတ္တရတ္ မနီးမေဝးက ျမင့္တက္လာတဲ့ေရထဲမွာ အဖြားနဲ႔ ကေလးမေလး တစ္ေယာက္ကိုတစ္ေယာက္ လက္တြဲထားတာကို ျမင္လိုက္ရတယ္။ သူတို႔ အေဝးထိ ေမ်ာပါသြားသည္။
သူတို႔က ေအာ္ဟစ္ေနၿပီး ေရစီးေၾကာင္းအရွိန္နဲ႔အတူ ေမ်ာပါသြားတယ္။
Maryဟာ ဘာမွမစဥ္းစားခဲ့မိဘူး။ သူမ ေဘးနားက မိုးကာအက်ႌကို ဆြဲကိုင္ကာ ေျပးထြက္သြားသည္။
မိုးသည္းထန္စြာ ႐ြာေနေတာ့ မ်က္လုံးဖြင့္ဖို႔ ခက္တယ္။
မိုးက သူမမ်က္ႏွာကို ႐ိုက္ခတ္ၿပီး ေလက မိုးကာအက်ႌကို တိုက္ေနသည္။
Maryသည္ ေၾကာက္႐ြံ႕ျခင္းမရွိဘဲ ခက္ခက္ခဲခဲ ေရွ႕သို႔ ေျပးသြားသည္။ အဘြားအိုနဲ႔ သူမေရွ႕က ေကာင္မေလးေရွ႕ အျမန္ရပ္လိုက္ၿပီး သူတို႔ကို ဆြဲတင္လိုက္တယ္။
"ေက်းဇူးတင္ပါတယ္၊ ေက်းဇူးတင္ပါတယ္..."
ေကာင္မေလး၏ႏႈတ္ခမ္းမ်ား တုန္လႈပ္သြားၿပီး သူမ မ်က္လုံးမ်ားကို အျမန္မ်က္ေတာင္ခတ္ကာ Maryကို ၾကည့္လာသည္။
Maryက လူႏွစ္ေယာက္လုံးကို ဆြဲထုတ္ၿပီး သူမေရွ႕က ဟိုတယ္ဧည့္ခန္းကို ျပန္ေရာက္ဖို႔ ဆယ့္ငါးမိနစ္တိတိ ၾကာခဲ့တယ္။
"လူေတြကို ဘာလို႔ ဟိုတယ္ထဲကို ေခၚလာတာလဲ။ အရမ္းညစ္ပတ္ေနတာကို!"
"မွန္တယ္! မင္းေၾကာင့္ ေကာ္ေဇာ္ေတြအကုန္ေရစိုကုန္ၿပီ!"
"မင္းဘာလို႔ လူေကာင္းေယာင္ေဆာင္ေနတာလဲ။ ဘယ္လိုကံဆိုးမႈမ်ိဳးက ဒီကိုေရာက္လာပါလိမ့္!"
ကယက္ေလွ
Unicode
အခန်း ၇၂- အဖိုးတန်လက်ဆောင်တစ်ခု
Maryသည် လမ်းများကို ငုံ့ကြည့်ရန် ထကာ ပြတင်းပေါက်နားသို့ သွားလိုက်သည်။
Warrenမြို့က ရေမြုပ်နေတယ်။ ရေက မြင့်တက်နေပြီး ရေကြီးလို့ ပျက်စီးသွားတဲ့ အရိပ်အယောင်တွေ ရှိနေတယ်။
ဒီအခြေအနေအတိုင်းဆို ရဟတ်ယာဉ်များ ဝင်မလာနိုင်သလို မမောင်းနိုင်ပါ။ ကြည့်ရတာ သူမတို့ ဒီမှာ ပိတ်မိနေပြီ။
ကံကောင်းစွာ သူမတို့သည် အလွန်မြင့်မားသော အထပ်တွင် တည်းခိုခဲ့ကြသည်။
Maryသည် အဖွဲ့ကို ပြန်ကြည့်လိုက်သည်။ "ငါတို့ ပစ္စည်းတွေ ထပ်ဝယ်ဖို့ လိုမယ်ထင်တယ်"
နောက်ဆုံးတွင် Monroeက သူမကို ကြည့်ကာ မေးတယ်။ "မင်းဘယ်လိုထင်လို့လဲ?"
သူက သူမကို လုံးဝ ကြည့်မနေခဲ့ဘူး!
Maryသည် အနည်းငယ် ဒေါသထွက်သွားသည်။ သူမ Adelaကို ကြည့်လိုက်သည်။ "ကယက်လှေတွေ၊ မိုးကာတွေ၊ မီးစက်တွေ၊ ရေဗူးတွေ... ငါတို့ ရွက်လှေစီးရရင် ပိုကောင်းမယ်!"
နောက်တစ်ပတ်မှာ မိုးသည်းထန်စွာ ရွာလာရင် သူမတို့ ဒီမှာ အနည်းဆုံး တစ်ပတ်လောက် ပိတ်မိနေလိမ့်မယ်။
Maryသည် အဆိုးဆုံးအခြေနေအတွက် ပြင်ဆင်ထားရမည်။
Monroeက သူမသည် သူ့မျက်လုံးများကို ရှောင်လိုက်သောအခါ အနည်းငယ် မပျော်မရွှင်ဖြစ်သွားသည်။
မနေ့ညက သူသည် ဒီအရာအားလုံးကို တွေးပြီး ကုန်သွင်းသူ(suppiler)အများထံကို ဆက်သွယ်ခဲ့သော်လည်း ထိုအရာများကို သူမ ပြောလာသည်ကို ကြားရသောအခါ Mary၏ဥာဏ်ကို သူ အံ့အားသင့်ရသေးသည်။
ဒီအချိန်တွင် သူမသည် အသက်၁၉နှစ်အရွယ် မိန်းကလေးနှင့် လုံးဝမတူပေ။
သူမ၏စိတ်၊ တာဝန်သိစိတ်၊ ဒုက္ခရောက်ချိန်၌ အေးဆေးတည်ငြိမ်သောအမူအရာ၊ ကြင်နာမှု၊ ဂုဏ်ကျက်သရေ၊ ဉာဏ်ရည်ဉာဏ်သွေး၊ အလှတရားတို့နှင့်အတူ သူမနှင့် နီးကပ်စွာနေရသော ဒီနေ့ရက်များက သူမအကြောင်းကို သူ ဖြည်းဖြည်းချင်း သိခွင့်ရခဲ့သည်။
Maryသည် အဖိုးတန်လက်ဆောင်တစ်ခုလိုပင်။ သူမကို ပိုသိလာလေလေ သူ မယုံနိုင်လောက်အောင် ဖြစ်လာလေလေပဲ။
ရံဖန်ရံခါ သူမသည် သူမအသက်အရွယ် မိန်းကလေးတစ်ယောက်မှာ ရှိသင့်တဲ့ အမူအရာနှင့် အသွင်အပြင်ကို ထုတ်ဖော်ပြသတတ်သည်။
Maryက အာရုံမစိုက်တဲ့ချိန်တွင် Monroeက မတ်တပ်ရပ်လိုက်တယ်။ "မင်းပြောတာ မှန်တယ်။ မင်း! မင်းဟိုတယ်မှာ အနားယူလိုက် ငါတို့ ဈေးဝယ်ထွက်လိုက်မယ်!"
Maryက ဘာမှ မပြောဘူး။
သူမက သူ့အတွက် အိမ်စောင့်ခွေးတစ်ကောင်လို ဖြစ်နေလား။
Maryသည် အားလုံး ထွက်ခွာသွားသည်ကို ကြည့်နေသော်လည်း သူမသည် ပြင်သစ်ပြတင်းပေါက်များရှေ့တွင် ထိုင်ကာ အပြင်ဘက်က မုန်တိုင်းကို အကူညီမဲ့သလို ကြည့်နေသည်။
Adelaသည် လူအုပ်၏နောက်ဘက်သို့ လျှောက်သွားသည်။ ပြတင်းပေါက်နားမှာထိုင်နေတဲ့ Maryရဲ့နောက်ကျောကို သနားစိတ်နဲ့ ကြည့်နေတယ်။ Jimကို လှည့်ကြည့်လိုက်သည်။ "Bossနဲ့ Lady Maryကြားမှာ တစ်ခုခု ထူးဆန်းနေတယ်လို့ ငါ ခံစားမိတယ်!"
Jimသည် Adelaကို အေးစက်စက် ကြည့်လာသည်။ "မင်း Raging Flame Groupကနေ ထုတ်ခံချင်နေတာလား"
Adelaက "ငါက ရူးနေတာမလို့လား?"
Jimက "ဒါဆို မင်း သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘယ်လိုလုပ် ပြောရဲတာလဲ"
Adelaသည် ပါးစပ်ကို ဖုံးကာ စကားတစ်ခွန်းမှ မပြောတော့။ Maryက မိုးပိုသည်းလာနေတာကို ကြည့်နေလိုက်တယ်။ သူမမှာ ဘာမှလုပ်စရာမရှိတာကြောင့် အခြေအနေကို စစ်ဆေးဖို့ အောက်ထပ်ကို ဆင်းသွားတယ်။
ဟိုတယ်၏ ရေဘေးကြိုတင်ကာကွယ်ရေး အစီအမံများက ကောင်းမွန်သော်လည်း ကားဂိုဒေါင်တွင် ရေများစတင်ပြည့်နေပြီး ပထမထပ်တွင် ရေမထိန်းနိုင်တော့သည့် လက္ခဏာများ ပြသနေသည်။
ခန်းမအတွင်း အခြေအနေကို မေးမြန်းနေသူများဖြင့် ပြည့်နေပြီး အများစုမှာ စိုးရိမ်ပူပန်နေကြပြီ။
ဟိုတယ်ဧည့်ခန်းမန်နေဂျာသည် ရှေ့သို့ထွက်လာပြီး ၎င်းတို့၏စိုးရိမ်မှုများကို ဖြေလျှော့ရန်မှတပါး ရွေးချယ်စရာမရှိပေ။ "မင်္ဂလာပါ ဧည့်သည်တော်များ။ ကျွန်တော်တို လုံလောက်သော အထောက်အပံ့များ ပြင်ဆင်ထားတာကြောင့် စိတ်ချကြပါ။ ကျွန်တော်တို့က လူတိုင် ရရှိနိုင်သော အစားအစာနှင့် အချိုရည်များကို သေချာပေါက် ဆောင်ရွက်ပေးပါမယ်။ ထို့ပြင် မိုးမတိတ်မချင် လှည့်ပတ်မပြေးပါနဲ့။ ကိုယ့်အခန်းမှာပ နေပါ။ အစိုးရက ကျွန်တော်တို့ကို လာကယ်တင်မှာကို စောင့်နေရင်း တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ကလဲ ကျွန်တော်တို့တာဝန်အားလုံးကို ကျေပွန်အောင် ထမ်းဆောင်မှာပါ..."
Maryသည် တံခါးဝသို့ရောက်သောအခါ ရေမြုပ်နေသောအိတ်သည် ချောင်းရေကြောင့် မျောပါသွားသည်ကို မြင်လိုက်ရသည်။ အပြင်ဘက်တွင် မိုးသည် ကောင်းကင်မှ လောင်းချနေသောရေကဲ့သို့ တဖွဲဖွဲကျနေသည်။ ချဲ့ကားခြင်းမဟုတ်။
ရုတ်တရတ် မနီးမဝေးက မြင့်တက်လာတဲ့ရေထဲမှာ အဖွားနဲ့ ကလေးမလေး တစ်ယောက်ကိုတစ်ယောက် လက်တွဲထားတာကို မြင်လိုက်ရတယ်။ သူတို့ အဝေးထိ မျောပါသွားသည်။
သူတို့က အော်ဟစ်နေပြီး ရေစီးကြောင်းအရှိန်နဲ့အတူ မျောပါသွားတယ်။
Maryဟာ ဘာမှမစဉ်းစားခဲ့မိဘူး။ သူမ ဘေးနားက မိုးကာအင်္ကျီကို ဆွဲကိုင်ကာ ပြေးထွက်သွားသည်။
မိုးသည်းထန်စွာ ရွာနေတော့ မျက်လုံးဖွင့်ဖို့ ခက်တယ်။
မိုးက သူမမျက်နှာကို ရိုက်ခတ်ပြီး လေက မိုးကာအင်္ကျီကို တိုက်နေသည်။
Maryသည် ကြောက်ရွံ့ခြင်းမရှိဘဲ ခက်ခက်ခဲခဲ ရှေ့သို့ ပြေးသွားသည်။ အဘွားအိုနဲ့ သူမရှေ့က ကောင်မလေးရှေ့ အမြန်ရပ်လိုက်ပြီး သူတို့ကို ဆွဲတင်လိုက်တယ်။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်..."
ကောင်မလေး၏နှုတ်ခမ်းများ တုန်လှုပ်သွားပြီး သူမ မျက်လုံးများကို အမြန်မျက်တောင်ခတ်ကာ Maryကို ကြည့်လာသည်။
Maryက လူနှစ်ယောက်လုံးကို ဆွဲထုတ်ပြီး သူမရှေ့က ဟိုတယ်ဧည့်ခန်းကို ပြန်ရောက်ဖို့ ဆယ့်ငါးမိနစ်တိတိ ကြာခဲ့တယ်။
"လူတွေကို ဘာလို့ ဟိုတယ်ထဲကို ခေါ်လာတာလဲ။ အရမ်းညစ်ပတ်နေတာကို!"
"မှန်တယ်! မင်းကြောင့် ကော်ဇော်တွေအကုန်ရေစိုကုန်ပြီ!"
"မင်းဘာလို့ လူကောင်းယောင်ဆောင်နေတာလဲ။ ဘယ်လိုကံဆိုးမှုမျိုးက ဒီကိုရောက်လာပါလိမ့်!"
ကယက်လှေ