Zawgyi
အခန္း ၆၈- အိပ္မက္တစ္ခုလိုပါပဲ
Maryဟာ Hermanအဲ့လိုေျပာတာကို ပထမဆုံးၾကားဖူးတာဘဲ။
သူရဲ႕သံသယေတြကို ထိန္းခ်ဳပ္ႏိုင္စြမ္းမဲ့သြားတာလား။
အဲ့ဒါကရယ္စရာေကာင္းတယ္လို႔ Maryထင္ခဲ့ေပမယ့္အျပင္ပန္းမွာေတာ့ Hermanဟာ ေအးစက္ၿပီး ေခ်ာေမာတဲ့ ေယာက္်ားတစ္ေယာက္ တကယ္ေတာ့ သူ႔မိသားစုကို အရမ္းခ်စ္ပါတယ္။
Maryဟာ အထဲမွာ ေႏြးေထြးမႈကို ခံစားရၿပီး ဒီရက္ေတြမွာ ေျပးလႊားရင္း ပင္ပန္းႏြမ္းနယ္မႈေတြဟာ တခဏခ်င္း ေပ်ာက္ကြယ္သြားသလိုပဲ။
သူမက Monroeကိုၾကည့္ကာျပန္ေျဖလိုက္တယ္။ "ကြၽန္မတို႔ တုန္လႈပ္ေခ်ာက္ခ်ားတဲ့လႈိင္းကို ႀကဳံခဲ့ရေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ အဲဒါကို ေရွာင္ႏိုင္ခဲ့တယ္။ ကြၽန္မတို႔ အခု Warren Cityမွာေနၿပီး ျပန္လာဖို႔ ေလယာဥ္စီးဖို႔ ျပင္ဆင္ေနတယ္!"
Hughဖုန္းကို လုယူသြားျခင္းမျပဳမီ Hermanက ဘာမွျပန္မေျပာ။
"မင္း ႐ူးေနတဲ့ေကာင္မေလး! မင္းဘာလို႔ Monroeေနာက္ကို လိုက္ၿပီးေတာ့ ဒီလို အႏၲရာယ္ႀကဳံေတြ႕ခ်င္တာလဲ။ အဲ့ဒါက မီးေတာင္ေပါက္ကြဲၿပီး ေျမငလ်င္လႈပ္တာေနာ္၊ မင္းကိုမင္း ဘာလို႔ ထင္ေနလဲ။ ငါတို႔က မင္းကို အပန္းေျဖဖို႔ ေခၚခဲ့တာ ငါတို႔အရမ္းကံဆိုးတာ ႀကဳံခဲ့ရတယ္!"
Mary၏ႏႈတ္ခမ္းေထာင့္ လႈပ္သြားသည္။ "Hugh မီးေတာင္မေပါက္ကြဲခင္မွာ အႏၲရာယ္အရွိဆုံးေနရာကေန လြတ္ေျမာက္ေအာင္ ငါ့ရဲ႕ဆ႒မအာ႐ုံက မင္းကိုလုပ္ေပးခဲ့တာကို ေက်းဇူးတင္ရမွာ မဟုတ္ဘူးလား"
Hugh ျပင္းျပင္းထန္ထန္ ေအာ္လိုက္သည္။ "မင္း ငါေက်းဇူးတင္တာ လိုခ်င္ရင္ ျမန္ျမန္ ဒီကို ျပန္လာခဲ့!"
Hermanက ဖုန္းကို ျပန္သိမ္းလိုက္ၿပီး Maryကို ႏွစ္သိမ့္ေပးတယ္။ "Hughက မင္းအတြက္ စိတ္ပူေနတာမို႔ စိတ္ထဲမထားပါနဲ႔။"
Maryသည္ သူတို႔၏အသံမ်ားကိုၾကားရတဲ့အတြက္ ေပ်ာ္႐ႊင္ေနၿပီျဖစ္သည္။ Hughကို သူမဘာလို႔ ဂ႐ုစိုက္ရမွာလဲ။
"ငါသိတယ္။ ငါတို႔ျပန္လာတာကို ေစာင့္ေန!"
Maryက ဖုန္းခ်လိုက္တယ္။ Hugh၏ျပင္းထန္ေသာစိတ္သေဘာထားအေၾကာင္း Monroeကို သူမေျပာျပေတာ့မည့္အခ်ိန္တြင္ အျပင္ဘက္တြင္ လမ္းေပၚ၌ ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည္ကို ေတြ႕လိုက္ရသည္။
တစ္စုံတစ္ေယာက္သည္ လုယက္ခံရၿပီး ေသနတ္ျဖင့္ ပစ္သတ္ကာ ျပစ္မႈက်ဴးလြန္သူက ေအာ္ဟစ္ကာ ထြက္ေျပးသြားခဲ့သည္။
Mary သည္ အံ့အားသင့္စြာ အျပင္သို႔ ၾကည့္လိုက္သည္။ Monroeသည္ သူ႔အၾကည့္ကို ျပန္႐ုတ္လိုက္သည္။ "သူတို႔က အသက္ရွင္က်န္ရစ္သူေတြပါ။ သူတို႔ ခက္ခက္ခဲခဲ ဒီေနရာကေန လြတ္ေျမာက္ႏိုင္ေပမယ့္ ဘာမွ မက်န္ေတာ့ဘူး။ ေမာပန္းႏြမ္းနယ္ေနၿပီး ဗိုက္ဆာေနတဲ့အတြက္လြန္ကဲတဲ့အရာေတြလုပ္ဖို႔ လုံေလာက္တယ္။"
Monroeသည္ ငယ္စဥ္ကတည္းက ေကာင္းခ်ီးေပးခံခဲ့ရေသာ္လည္း အျခားသူမ်ား၏အခက္အခဲကို သူနားလည္ေသာေၾကာင့္ ၿငိမ္သက္စြာေနခဲ့သည္။
Maryက ဘယ္လိုခံစားရမွန္း မသိေသာေၾကာင့္ ေခါင္းယမ္းကာ သက္ျပင္းသာခ်ႏိုင္ခဲ့သည္။ "Warren City မွာရွိတဲ့ ကယ္ဆယ္ေရးအစီအမံေတြက မွန္ကန္ပုံမေပၚဘူး။"
အားလုံးက ေလဆိပ္ကို တန္းတန္းမတ္မတ္သြားၾကတယ္။
သို႔ေသာ္လည္း ေလဆိပ္သို႔ေရာက္ေသာအခါတြင္ လြန္ခဲ့ေသာနာရီဝက္က New Yorkတြင္ မိုးသည္းစြာ႐ြာခဲ့ေၾကာင္း သူတို႔အား ေျပာျပခဲ့သည္။ မိုး႐ြာသြန္းမႈ အရမ္းမ်ားတာေၾကာင့္ ေလယာဥ္ခရီးစဥ္အားလုံးကို ဖ်က္သိမ္းခဲ့ရတယ္။
Maryက Hermanကို ခ်က္ခ်င္းဖုန္းဆက္ၿပီး မိုးအရမ္း႐ြာေနတယ္ဆိုတဲ့ သတင္းကို ရခဲ့တယ္။
"ဒါဆို ငါတို႔ မနက္ျဖန္အထိ မထြက္ႏိုင္ေတာ့ဘူး!"
Maryက ဖုန္းခ်ၿပီး အားလုံးကို ေျပာျပဖို႔ ျပန္လာခဲ့တယ္။
Monroeသည္ မနက္ခင္းတြင္ အေစာဆုံးေလယာဥ္ကို ဝယ္ထားေသာေၾကာင့္ ကားပါကင္သို႔သြားကာ ၿမိဳ႕ထဲသို႔ျပန္ေမာင္းသြားရသည္။
သူတို႔သည္ Warren Cityရွိ ဇိမ္ခံဟိုတယ္သို႔ ေမာင္းသြားၾကသည္။
Monroeသည္ သူႏွင့္Maryအတြက္ အေပၚဆုံးထပ္ရွိ အဆင့္ျမင့္ သမၼတအိမ္ေတာ္ပုံစံအခန္းအား ႀကိဳတင္စာရင္းသြင္းထားၿပီး ေအာက္ထပ္ရွိ ၎၏လက္ေအာက္ငယ္သားမ်ားအတြက္ ေနာက္ထပ္အခန္းႏွစ္ခန္းကို ႀကိဳတင္မွာယူထားသည္။
Maryသည္ ေနာက္ဆုံးတြင္ ေရခ်ိဳးကန္ထဲတြင္ လွဲလိုက္ၿပီး သက္ေတာင့္သက္သာ ေရခ်ိဳးလိုက္သည္။
အိမ္အကူက သူမအတြက္ အဝတ္အစားအသစ္တစ္ထည္ႏွင့္ ညဝတ္ဂါဝန္ကို ကုတင္ေပၚတြင္ တင္ထားၿပီးျဖစ္သည္။ Maryက ညဝတ္ဂါဝန္ကို လဲၿပီး ဆံပင္ကို အေျခာက္ခံလိုက္တယ္။ သူမ အိပ္ခန္းထဲက ထြက္လာေတာ့ လန္းဆန္းတဲ့ ေပ်ာ္႐ႊင္မႈခံစားရၿပီး ထမင္းစား စားပြဲေပၚမွာ က်က္သေရရွိတဲ့ အစားအစာ ရွိေနတာကို သူမ ေတြ႕လိုက္ရတယ္။
Monroeအတြက္မူ သန႔္ရွင္းေသာအဝတ္အစားအျဖစ္ ေျပာင္းလဲခဲ့သည္။ အနက္ေရာင္ တ္ထားေသာ္လည္း လန္းဆန္းေနပုံရသည္။
" Monroe! ဒါ ငါတို႔ႏွစ္ေယာက္စားဖို႔ပဲလား"
Maryသည္ စိတ္လႈပ္ရွားစြာ ေရွ႕သို႔ထြက္ကာ စားပြဲ၌ ဝင္ထိုင္လိုက္သည္။ Monroe သူမ၏အသံကိုၾကားေသာအခါတြင္ သူ႔လက္ထဲတြင္ရွိေသာ tabletကို ခ်လိုက္႐ုံသာ ခ်လိုက္သည္။
အိမ္တြင္ေနသလို သူမပုံစံကို ျမင္လိုက္ရေသာအခါတြင္ အံ့ၾသထိတ္လန႔္ဖြယ္ရာ အၾကည့္မ်ားက သူ႔မ်က္လုံးထဲတြင္ ေပၚလာသည္။
"ဟမ့္ ဗိုက္ဆာရင္ ျမန္ျမန္လာစား"
Penthouse ပုံစံဟိုတယ္အခန္းတစ္ခုလုံးတြင္ သူတို႔ႏွစ္ဦးသာရွိခဲ့သည္။ သူတို႔စားတဲ့ အစားအစာက အတူတူရွိတုန္းကေလာက္ ေကာင္းတာမဟုတ္ေပမယ့္ အစားအေသာက္အတြက္ Mary နဲ႔ ရန္လုဖို႔ ႀကိဳးစားတဲ့သူ တစ္ေယာက္မွ မရွိဘူး။
ခဏၾကာၿပီးေနာက္ Maryသည္ သူမ၏ျပည့္ေနတဲ့ဗိုက္ကို ကိုင္လိုက္ၿပီး ေက်နပ္ေနပုံရသည္။ ထိုင္ခုံေနာက္ကိုမွီၿပီး သက္ျပင္းခ်လိုက္သည္။
"အရမ္းေပ်ာ္တယ္... လြန္ခဲ့တဲ့ ႏွစ္ရက္က အျဖစ္အပ်က္က အိပ္မက္တစ္ခုလို ခံစားရတယ္!"
Monroeက သူမကိုၾကည့္ကာ မၿပဳံးပဲမေနႏိုင္။
႐ုတ္တရက္ သူ႔မ်က္လုံးမ်ား ေအးခဲသြားၿပီး သူမ၏ ခႏၶာကိုယ္ေပၚသို႔ေရာက္သြားသည္ သို႔မဟုတ္ ... ခႏၶာကိုယ္အေပၚပိုင္း။
**************************Paid gp3မွာ လက္ေဆာင္ျဖစ္တဲ့short novelကို တင္ထားပါတယ္။ Gp3ဝင္ထားသူမ်ား မပို႔ရေသးရင္ လာေျပာေပးၾကပါေနာ္။ ေတာ္ေတာ္မ်ားမ်ားကို ပို႔ေပးထားလို႔ telegram, viber, gmailမွာ စစ္ေပးၾကပါဦး။
Unicode
အခန်း ၆၈- အိပ်မက်တစ်ခုလိုပါပဲ
Maryဟာ Hermanအဲ့လိုပြောတာကို ပထမဆုံးကြားဖူးတာဘဲ။
သူရဲ့သံသယတွေကို ထိန်းချုပ်နိုင်စွမ်းမဲ့သွားတာလား။
အဲ့ဒါကရယ်စရာကောင်းတယ်လို့ Maryထင်ခဲ့ပေမယ့်အပြင်ပန်းမှာတော့ Hermanဟာ အေးစက်ပြီး ချောမောတဲ့ ယောက်ျားတစ်ယောက် တကယ်တော့ သူ့မိသားစုကို အရမ်းချစ်ပါတယ်။
Maryဟာ အထဲမှာ နွေးထွေးမှုကို ခံစားရပြီး ဒီရက်တွေမှာ ပြေးလွှားရင်း ပင်ပန်းနွမ်းနယ်မှုတွေဟာ တခဏချင်း ပျောက်ကွယ်သွားသလိုပဲ။
သူမက Monroeကိုကြည့်ကာပြန်ဖြေလိုက်တယ်။ "ကျွန်မတို့ တုန်လှုပ်ချောက်ချားတဲ့လှိုင်းကို ကြုံခဲ့ရပေမယ့် ကံကောင်းထောက်မစွာနဲ့ အဲဒါကို ရှောင်နိုင်ခဲ့တယ်။ ကျွန်မတို့ အခု Warren Cityမှာနေပြီး ပြန်လာဖို့ လေယာဉ်စီးဖို့ ပြင်ဆင်နေတယ်!"
Hughဖုန်းကို လုယူသွားခြင်းမပြုမီ Hermanက ဘာမှပြန်မပြော။
"မင်း ရူးနေတဲ့ကောင်မလေး! မင်းဘာလို့ Monroeနောက်ကို လိုက်ပြီးတော့ ဒီလို အန္တရာယ်ကြုံတွေ့ချင်တာလဲ။ အဲ့ဒါက မီးတောင်ပေါက်ကွဲပြီး မြေငလျင်လှုပ်တာနော်၊ မင်းကိုမင်း ဘာလို့ ထင်နေလဲ။ ငါတို့က မင်းကို အပန်းဖြေဖို့ ခေါ်ခဲ့တာ ငါတို့အရမ်းကံဆိုးတာ ကြုံခဲ့ရတယ်!"
Mary၏နှုတ်ခမ်းထောင့် လှုပ်သွားသည်။ "Hugh မီးတောင်မပေါက်ကွဲခင်မှာ အန္တရာယ်အရှိဆုံးနေရာကနေ လွတ်မြောက်အောင် ငါ့ရဲ့ဆဋ္ဌမအာရုံက မင်းကိုလုပ်ပေးခဲ့တာကို ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား"
Hugh ပြင်းပြင်းထန်ထန် အော်လိုက်သည်။ "မင်း ငါကျေးဇူးတင်တာ လိုချင်ရင် မြန်မြန် ဒီကို ပြန်လာခဲ့!"
Hermanက ဖုန်းကို ပြန်သိမ်းလိုက်ပြီး Maryကို နှစ်သိမ့်ပေးတယ်။ "Hughက မင်းအတွက် စိတ်ပူနေတာမို့ စိတ်ထဲမထားပါနဲ့။"
Maryသည် သူတို့၏အသံများကိုကြားရတဲ့အတွက် ပျော်ရွှင်နေပြီဖြစ်သည်။ Hughကို သူမဘာလို့ ဂရုစိုက်ရမှာလဲ။
"ငါသိတယ်။ ငါတို့ပြန်လာတာကို စောင့်နေ!"
Maryက ဖုန်းချလိုက်တယ်။ Hugh၏ပြင်းထန်သောစိတ်သဘောထားအကြောင်း Monroeကို သူမပြောပြတော့မည့်အချိန်တွင် အပြင်ဘက်တွင် လမ်းပေါ်၌ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တစ်စုံတစ်ယောက်သည် လုယက်ခံရပြီး သေနတ်ဖြင့် ပစ်သတ်ကာ ပြစ်မှုကျူးလွန်သူက အော်ဟစ်ကာ ထွက်ပြေးသွားခဲ့သည်။
Mary သည် အံ့အားသင့်စွာ အပြင်သို့ ကြည့်လိုက်သည်။ Monroeသည် သူ့အကြည့်ကို ပြန်ရုတ်လိုက်သည်။ "သူတို့က အသက်ရှင်ကျန်ရစ်သူတွေပါ။ သူတို့ ခက်ခက်ခဲခဲ ဒီနေရာကနေ လွတ်မြောက်နိုင်ပေမယ့် ဘာမှ မကျန်တော့ဘူး။ မောပန်းနွမ်းနယ်နေပြီး ဗိုက်ဆာနေတဲ့အတွက်လွန်ကဲတဲ့အရာတွေလုပ်ဖို့ လုံလောက်တယ်။"
Monroeသည် ငယ်စဉ်ကတည်းက ကောင်းချီးပေးခံခဲ့ရသော်လည်း အခြားသူများ၏အခက်အခဲကို သူနားလည်သောကြောင့် ငြိမ်သက်စွာနေခဲ့သည်။
Maryက ဘယ်လိုခံစားရမှန်း မသိသောကြောင့် ခေါင်းယမ်းကာ သက်ပြင်းသာချနိုင်ခဲ့သည်။ "Warren City မှာရှိတဲ့ ကယ်ဆယ်ရေးအစီအမံတွေက မှန်ကန်ပုံမပေါ်ဘူး။"
အားလုံးက လေဆိပ်ကို တန်းတန်းမတ်မတ်သွားကြတယ်။
သို့သော်လည်း လေဆိပ်သို့ရောက်သောအခါတွင် လွန်ခဲ့သောနာရီဝက်က New Yorkတွင် မိုးသည်းစွာရွာခဲ့ကြောင်း သူတို့အား ပြောပြခဲ့သည်။ မိုးရွာသွန်းမှု အရမ်းများတာကြောင့် လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ရတယ်။
Maryက Hermanကို ချက်ချင်းဖုန်းဆက်ပြီး မိုးအရမ်းရွာနေတယ်ဆိုတဲ့ သတင်းကို ရခဲ့တယ်။
"ဒါဆို ငါတို့ မနက်ဖြန်အထိ မထွက်နိုင်တော့ဘူး!"
Maryက ဖုန်းချပြီး အားလုံးကို ပြောပြဖို့ ပြန်လာခဲ့တယ်။
Monroeသည် မနက်ခင်းတွင် အစောဆုံးလေယာဉ်ကို ဝယ်ထားသောကြောင့် ကားပါကင်သို့သွားကာ မြို့ထဲသို့ပြန်မောင်းသွားရသည်။
သူတို့သည် Warren Cityရှိ ဇိမ်ခံဟိုတယ်သို့ မောင်းသွားကြသည်။
Monroeသည် သူနှင့်Maryအတွက် အပေါ်ဆုံးထပ်ရှိ အဆင့်မြင့် သမ္မတအိမ်တော်ပုံစံအခန်းအား ကြိုတင်စာရင်းသွင်းထားပြီး အောက်ထပ်ရှိ ၎င်း၏လက်အောက်ငယ်သားများအတွက် နောက်ထပ်အခန်းနှစ်ခန်းကို ကြိုတင်မှာယူထားသည်။
Maryသည် နောက်ဆုံးတွင် ရေချိုးကန်ထဲတွင် လှဲလိုက်ပြီး သက်တောင့်သက်သာ ရေချိုးလိုက်သည်။
အိမ်အကူက သူမအတွက် အဝတ်အစားအသစ်တစ်ထည်နှင့် ညဝတ်ဂါဝန်ကို ကုတင်ပေါ်တွင် တင်ထားပြီးဖြစ်သည်။ Maryက ညဝတ်ဂါဝန်ကို လဲပြီး ဆံပင်ကို အခြောက်ခံလိုက်တယ်။ သူမ အိပ်ခန်းထဲက ထွက်လာတော့ လန်းဆန်းတဲ့ ပျော်ရွှင်မှုခံစားရပြီး ထမင်းစား စားပွဲပေါ်မှာ ကျက်သရေရှိတဲ့ အစားအစာ ရှိနေတာကို သူမ တွေ့လိုက်ရတယ်။
Monroeအတွက်မူ သန့်ရှင်းသောအဝတ်အစားအဖြစ် ပြောင်းလဲခဲ့သည်။ အနက်ရောင် တ်ထားသော်လည်း လန်းဆန်းနေပုံရသည်။
" Monroe! ဒါ ငါတို့နှစ်ယောက်စားဖို့ပဲလား"
Maryသည် စိတ်လှုပ်ရှားစွာ ရှေ့သို့ထွက်ကာ စားပွဲ၌ ဝင်ထိုင်လိုက်သည်။ Monroe သူမ၏အသံကိုကြားသောအခါတွင် သူ့လက်ထဲတွင်ရှိသော tabletကို ချလိုက်ရုံသာ ချလိုက်သည်။
အိမ်တွင်နေသလို သူမပုံစံကို မြင်လိုက်ရသောအခါတွင် အံ့သြထိတ်လန့်ဖွယ်ရာ အကြည့်များက သူ့မျက်လုံးထဲတွင် ပေါ်လာသည်။
"ဟမ့် ဗိုက်ဆာရင် မြန်မြန်လာစား"
Penthouse ပုံစံဟိုတယ်အခန်းတစ်ခုလုံးတွင် သူတို့နှစ်ဦးသာရှိခဲ့သည်။ သူတို့စားတဲ့ အစားအစာက အတူတူရှိတုန်းကလောက် ကောင်းတာမဟုတ်ပေမယ့် အစားအသောက်အတွက် Mary နဲ့ ရန်လုဖို့ ကြိုးစားတဲ့သူ တစ်ယောက်မှ မရှိဘူး။
ခဏကြာပြီးနောက် Maryသည် သူမ၏ပြည့်နေတဲ့ဗိုက်ကို ကိုင်လိုက်ပြီး ကျေနပ်နေပုံရသည်။ ထိုင်ခုံနောက်ကိုမှီပြီး သက်ပြင်းချလိုက်သည်။
"အရမ်းပျော်တယ်... လွန်ခဲ့တဲ့ နှစ်ရက်က အဖြစ်အပျက်က အိပ်မက်တစ်ခုလို ခံစားရတယ်!"
Monroeက သူမကိုကြည့်ကာ မပြုံးပဲမနေနိုင်။
ရုတ်တရက် သူ့မျက်လုံးများ အေးခဲသွားပြီး သူမ၏ ခန္ဓာကိုယ်ပေါ်သို့ရောက်သွားသည် သို့မဟုတ် ... ခန္ဓာကိုယ်အပေါ်ပိုင်း။
**************************Paid gp3မှာ လက်ဆောင်ဖြစ်တဲ့short novelကို တင်ထားပါတယ်။ Gp3ဝင်ထားသူများ မပို့ရသေးရင် လာပြောပေးကြပါနော်။ တော်တော်များများကို ပို့ပေးထားလို့ telegram, viber, gmailမှာ စစ်ပေးကြပါဦး။