Zawgyi
အခန္း ၆၅ - နားလည္မႈလြဲျခင္းသာျဖစ္တယ္
လူတိုင္းက နားလည္မႈလြဲျခင္းသာ ျဖစ္ေၾကာင္း သိခဲ့ၾကသည္။
Maryက သူတို႔ဟာ Little Maryကို ကယ္တင္ခဲ့သူေတြျဖစ္ၿပီး Maryရဲ႕မိခင္ကေတာ့ ေသဆုံးသြားၿပီလို႔ ရွင္းျပခဲ့တယ္။
ေျမျပင္ေပၚမွာ ထိုင္ေနတဲ့ လူေလးေယာက္ၾကားေတာ့ အားလုံး ထိတ္လန႔္သြားၾကတယ္။
"Gina... ေသၿပီလား"
"ဘုရားေရ အဲဒါ ေၾကကြဲစရာေကာင္းလြန္းတယ္!"
"သူမနဲ႔ ႏႈိင္းယွဥ္လိုက္ရင္ ငါတို႔က... ဟူး!"
"Maryရဲ႕အေဖလည္း..."
သူတို႔ေလးေယာက္က အရမ္းဝမ္းနည္းသြားတယ္။
Raging Flame Groupမွ လူတိုင္း တိတ္ဆိတ္သြားၾကသည္။
ထိုအခ်ိန္တြင္ မူလက အိပ္ေပ်ာ္ေနေသာ Little Maryသည္ သူမ၏မ်က္လုံးမ်ားကို ပြတ္သပ္ကာ တဲအဝင္ဝတြင္ ထိုင္ေနသည္။ ေျမႀကီးေပၚမွာ ႀကိဳးခ်ည္ထားတဲ့ လူေလးေယာက္ကို ၾကည့္ၿပီး "ဦးေလး အေဒၚတို႔က ဘာလို႔ ဒီကို ေရာက္ေနတာလဲ။ ဘာျဖစ္သြားတာလဲ?"
Mary သည္ Little Maryကို ျပန္ၾကည့္ကာ လန႔္သြားသည္။
Little Maryသည္ သူတို႔၏စကားဝိုင္းအေၾကာင္းအရာကို ခုနက ၾကားသြားျခင္း ရွိ မရွိ သူမ မသိ။
"အိုး အားလုံးကစားေနၾကတာ။ Little Maryႏိုးၿပီလား။ ဆီးသြားခ်င္လား။ အစ္မ မင္းကို အဲဒီကို ေခၚသြားေပးမယ္ေလ အိုေခ"
တက္တူးထိုးထားသည့္ အမ်ိဳးသားသည္ Maryအား မ်က္စိအျမန္မွိတ္ျပကာ အျခားသူမ်ားသည္ ႀကိဳးခ်ည္ခံထားရေသာ လူေလးဦးထံမွ Little Mary၏ အျမင္အာ႐ုံလမ္းေၾကာင္းကို ပိတ္ဆို႔လိုက္ၾကသည္။
Maryက သူ႔အၾကည့္ေတြကို နားလည္ၿပီး Little Maryကို ခ်ီဖို႔ အျမန္ေရာက္လာတယ္။
သူမျပန္လာေသာအခါ လူေလးဦးကို ႀကိဳးေျဖထားၿပီးျဖစ္ကာ ႐ိုက္ႏွက္မႈေၾကာင့္ ေသြးထြက္ေနေသာ အမ်ိဳးသား၏မ်က္ႏွာမွ ေပက်န္ေနေသာ ေသြးမ်ားကို ညင္သာစြာ သန႔္စင္ေပးခဲ့သည္။
သို႔ေသာ္ အားလုံးက တစ္ေယာက္ကို တစ္ေယာက္ၾကည့္ကာ စကားမေျပာၾက။
သူမ၏ကနဦး အစီအစဥ္အခ်ိဳ႕ကို စြန႔္လႊတ္ရမည္ဟု Maryသိသည္။
သူမက အမ်ိဳးသမီးႏွစ္ေယာက္ကို ၾကည့္လိုက္ေတာ့ တစ္ေယာက္က ေရွ႕ကို ထြက္လာတယ္။ "ေဟး Mary မင္း အန္တီတို႔နဲ႔ အိမ္ျပန္လိုက္ခ်င္လား။ မင္းရဲ႕ဦးေလး နဲ႔ အဖြားဆီ ေခၚသြားေပးမယ္"
Little Maryက Maryကို အရင္ၾကည့္တယ္။ "Mary ငါ့မိဘေတြက ငါ့ကိုရွာဖို႔ အိမ္ျပန္လာမွာ မဟုတ္လား"
Mary ေခါင္းညိတ္သည္။ "ဒါေပါ့ ဒါနဲ႔ မင္းမိဘေတြကို ေစာင့္ဖို႔ သူတို႔နဲ႔အတူ အိမ္ျပန္ခ်င္လား"
Little Maryက ခ်ိဳခ်ိဳသာသာ ၿပဳံးလိုက္သည္။ "အိုေခ အိမ္ျပန္ပို႔ေပးလို႔ ေက်းဇူးတင္ပါတယ္!"
Maryသည္ ကေလးအား ဘယ္လိုႏႈတ္ဆက္ရမည္ကို မသိ။ သူမလွည့္ၾကည့္လိုက္ေတာ့ လူေလးေယာက္က Little Maryကို သူ႔အေမရဲ႕ကားဆီ ေခၚသြားၾကတယ္။
Monroeက သူတို႔ေနာက္လိုက္သြားရန္ လူႏွစ္ဦးေစလႊတ္ခဲ့သည္။
Maryသည္ တစ္ေယာက္တည္း ေရကန္သို႔လာ၍ ထိုင္ေနသည္။ အ႐ုဏ္မတက္မီ နာရီအနည္းငယ္အလိုတြင္ သူမသည္ ႐ုတ္တရက္ အိပ္မေပ်ာ္ေတာ့ေပ။
Monroeက သူမဆီလာထိုင္တယ္။ "အိပ္လို႔ မရဘူးလား? မင္း သူ႔ကို တကယ္ႏွစ္သက္ရင္ ငါ သူ႔ကို ေမြးစားလို႔ရေသးတယ္"
မိဘေတြ ဆုံးပါးသြားၿပီးေနာက္ သူ႔ကို ေမြးစားဖို႔က လြယ္တယ္။
Maryက ေခါင္းခါသည္။ သူမေျခေထာက္ေတြကို ဖက္ထားၿပီး ေမးေစ့ကို ဒူးေပၚတင္လိုက္တယ္။
"ကြၽန္မ...နည္းနည္းေတာ့ စိတ္မေကာင္းဘူး။ ေကာင္မေလးတစ္ေယာက္ သူ႔အေမကို ဆုံးရႈံးလိုက္ရတာ ဘယ္ေလာက္ေတာင္ ဝမ္းနည္းစရာေကာင္းမွန္း ကြၽန္မသိေပမယ့္ Little Maryက ကြၽန္မ ငယ္ငယ္တုန္းကထက္ေတာင္ ပိုသနားစရာေကာင္းတယ္။ သူက ငါးႏွစ္ပဲရွိေသးၿပီး တစ္ခ်ိန္တည္းမွာပဲ သူ႔အေဖကို ဆုံးရႈံးခဲ့ရတယ္"
Monroe၏အမူအရာ ရပ္တန႔္သြားသည္။
ဒိုင္ယာနာသည္ Mary ခုနစ္ႏွစ္သားအ႐ြယ္တြင္ စြန႔္ခြာသြားေၾကာင္း အားလုံး သိၾကသည္။
သူတို႔မိသားစုမွာ ဘာေတြျဖစ္ေနလဲ မသိေပမယ့္ ခုနစ္ႏွစ္အ႐ြယ္ Maryကို ေတြးမိတဲ့အခါ Monroeရဲ႕ႏွလုံးသားက တင္းက်ပ္လာတယ္။
Monroe လက္ဆန္႔ထုတ္လိုက္ၿပီး Mary၏ပခုံးကို ညင္သာစြာ ပုတ္လိုက္သည္။
"ေဟ့ မင္းမွာအခု ငါတို႔ရွိေနတာပဲ။ Dianaနဲ႔ မင္း ျပန္ဆုံၾကၿပီေလ!"
Maryက အနည္းငယ္ၿပဳံးသည္။ "ဟုတ္တယ္ ကြၽန္မက Little Maryထက္ အမ်ားႀကီးကံေကာင္းတယ္"
Monroeသည္ Maryကို ၾကည့္ေနသည္။
လေရာင္ေအာက္က ေရကန္ေဘးမွာ သူမက ေခါင္းကိုေစာင္းထားၿပီး ရွည္လ်ားတဲ့ ေ႐ႊေရာင္ဆံပင္ရွည္ေတြက ဝဲက်ေနတယ္။
သူမ၏မ်က္ႏွာေသးေသးေလးသည္ လေရာင္ကဲ့သို႔ ေတာက္ပေနၿပီး သူမ၏ အမူအရာမ်ားကို ျပသေနသည္။
သူတို႔သည္ အလြန္ေတာက္ပၿပီး ... လွပသည္။
Monroe Maryထံသို႔ မခ်ဥ္းကပ္ပဲ မေနႏိုင္။ သူမမ်က္ႏွာကို ထိခါနီးမွာ Maryက ႐ုတ္တရက္ သူ႔ကိုေခၚလိုက္တယ္။ "Monroe? ဘာျဖစ္တာလဲ?"
Damn it!
Monroe ခ်က္ခ်င္း မတ္တတ္ထထိုင္လိုက္ၿပီး သူ႔စိတ္ေတြ လႈပ္ရွားေနသည္။
Damn it! သူ႐ူးသြားၿပီလား?
**************************
Unicode
အခန်း ၆၅ - နားလည်မှုလွဲခြင်းသာဖြစ်တယ်
လူတိုင်းက နားလည်မှုလွဲခြင်းသာ ဖြစ်ကြောင်း သိခဲ့ကြသည်။
Maryက သူတို့ဟာ Little Maryကို ကယ်တင်ခဲ့သူတွေဖြစ်ပြီး Maryရဲ့မိခင်ကတော့ သေဆုံးသွားပြီလို့ ရှင်းပြခဲ့တယ်။
မြေပြင်ပေါ်မှာ ထိုင်နေတဲ့ လူလေးယောက်ကြားတော့ အားလုံး ထိတ်လန့်သွားကြတယ်။
"Gina... သေပြီလား"
"ဘုရားရေ အဲဒါ ကြေကွဲစရာကောင်းလွန်းတယ်!"
"သူမနဲ့ နှိုင်းယှဥ်လိုက်ရင် ငါတို့က... ဟူး!"
"Maryရဲ့အဖေလည်း..."
သူတို့လေးယောက်က အရမ်းဝမ်းနည်းသွားတယ်။
Raging Flame Groupမှ လူတိုင်း တိတ်ဆိတ်သွားကြသည်။
ထိုအချိန်တွင် မူလက အိပ်ပျော်နေသော Little Maryသည် သူမ၏မျက်လုံးများကို ပွတ်သပ်ကာ တဲအဝင်ဝတွင် ထိုင်နေသည်။ မြေကြီးပေါ်မှာ ကြိုးချည်ထားတဲ့ လူလေးယောက်ကို ကြည့်ပြီး "ဦးလေး အဒေါ်တို့က ဘာလို့ ဒီကို ရောက်နေတာလဲ။ ဘာဖြစ်သွားတာလဲ?"
Mary သည် Little Maryကို ပြန်ကြည့်ကာ လန့်သွားသည်။
Little Maryသည် သူတို့၏စကားဝိုင်းအကြောင်းအရာကို ခုနက ကြားသွားခြင်း ရှိ မရှိ သူမ မသိ။
"အိုး အားလုံးကစားနေကြတာ။ Little Maryနိုးပြီလား။ ဆီးသွားချင်လား။ အစ်မ မင်းကို အဲဒီကို ခေါ်သွားပေးမယ်လေ အိုခေ"
တက်တူးထိုးထားသည့် အမျိုးသားသည် Maryအား မျက်စိအမြန်မှိတ်ပြကာ အခြားသူများသည် ကြိုးချည်ခံထားရသော လူလေးဦးထံမှ Little Mary၏ အမြင်အာရုံလမ်းကြောင်းကို ပိတ်ဆို့လိုက်ကြသည်။
Maryက သူ့အကြည့်တွေကို နားလည်ပြီး Little Maryကို ချီဖို့ အမြန်ရောက်လာတယ်။
သူမပြန်လာသောအခါ လူလေးဦးကို ကြိုးဖြေထားပြီးဖြစ်ကာ ရိုက်နှက်မှုကြောင့် သွေးထွက်နေသော အမျိုးသား၏မျက်နှာမှ ပေကျန်နေသော သွေးများကို ညင်သာစွာ သန့်စင်ပေးခဲ့သည်။
သို့သော် အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားမပြောကြ။
သူမ၏ကနဦး အစီအစဉ်အချို့ကို စွန့်လွှတ်ရမည်ဟု Maryသိသည်။
သူမက အမျိုးသမီးနှစ်ယောက်ကို ကြည့်လိုက်တော့ တစ်ယောက်က ရှေ့ကို ထွက်လာတယ်။ "ဟေး Mary မင်း အန်တီတို့နဲ့ အိမ်ပြန်လိုက်ချင်လား။ မင်းရဲ့ဦးလေး နဲ့ အဖွားဆီ ခေါ်သွားပေးမယ်"
Little Maryက Maryကို အရင်ကြည့်တယ်။ "Mary ငါ့မိဘတွေက ငါ့ကိုရှာဖို့ အိမ်ပြန်လာမှာ မဟုတ်လား"
Mary ခေါင်းညိတ်သည်။ "ဒါပေါ့ ဒါနဲ့ မင်းမိဘတွေကို စောင့်ဖို့ သူတို့နဲ့အတူ အိမ်ပြန်ချင်လား"
Little Maryက ချိုချိုသာသာ ပြုံးလိုက်သည်။ "အိုခေ အိမ်ပြန်ပို့ပေးလို့ ကျေးဇူးတင်ပါတယ်!"
Maryသည် ကလေးအား ဘယ်လိုနှုတ်ဆက်ရမည်ကို မသိ။ သူမလှည့်ကြည့်လိုက်တော့ လူလေးယောက်က Little Maryကို သူ့အမေရဲ့ကားဆီ ခေါ်သွားကြတယ်။
Monroeက သူတို့နောက်လိုက်သွားရန် လူနှစ်ဦးစေလွှတ်ခဲ့သည်။
Maryသည် တစ်ယောက်တည်း ရေကန်သို့လာ၍ ထိုင်နေသည်။ အရုဏ်မတက်မီ နာရီအနည်းငယ်အလိုတွင် သူမသည် ရုတ်တရက် အိပ်မပျော်တော့ပေ။
Monroeက သူမဆီလာထိုင်တယ်။ "အိပ်လို့ မရဘူးလား? မင်း သူ့ကို တကယ်နှစ်သက်ရင် ငါ သူ့ကို မွေးစားလို့ရသေးတယ်"
မိဘတွေ ဆုံးပါးသွားပြီးနောက် သူ့ကို မွေးစားဖို့က လွယ်တယ်။
Maryက ခေါင်းခါသည်။ သူမခြေထောက်တွေကို ဖက်ထားပြီး မေးစေ့ကို ဒူးပေါ်တင်လိုက်တယ်။
"ကျွန်မ...နည်းနည်းတော့ စိတ်မကောင်းဘူး။ ကောင်မလေးတစ်ယောက် သူ့အမေကို ဆုံးရှုံးလိုက်ရတာ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းမှန်း ကျွန်မသိပေမယ့် Little Maryက ကျွန်မ ငယ်ငယ်တုန်းကထက်တောင် ပိုသနားစရာကောင်းတယ်။ သူက ငါးနှစ်ပဲရှိသေးပြီး တစ်ချိန်တည်းမှာပဲ သူ့အဖေကို ဆုံးရှုံးခဲ့ရတယ်"
Monroe၏အမူအရာ ရပ်တန့်သွားသည်။
ဒိုင်ယာနာသည် Mary ခုနစ်နှစ်သားအရွယ်တွင် စွန့်ခွာသွားကြောင်း အားလုံး သိကြသည်။
သူတို့မိသားစုမှာ ဘာတွေဖြစ်နေလဲ မသိပေမယ့် ခုနစ်နှစ်အရွယ် Maryကို တွေးမိတဲ့အခါ Monroeရဲ့နှလုံးသားက တင်းကျပ်လာတယ်။
Monroe လက်ဆန့်ထုတ်လိုက်ပြီး Mary၏ပခုံးကို ညင်သာစွာ ပုတ်လိုက်သည်။
"ဟေ့ မင်းမှာအခု ငါတို့ရှိနေတာပဲ။ Dianaနဲ့ မင်း ပြန်ဆုံကြပြီလေ!"
Maryက အနည်းငယ်ပြုံးသည်။ "ဟုတ်တယ် ကျွန်မက Little Maryထက် အများကြီးကံကောင်းတယ်"
Monroeသည် Maryကို ကြည့်နေသည်။
လရောင်အောက်က ရေကန်ဘေးမှာ သူမက ခေါင်းကိုစောင်းထားပြီး ရှည်လျားတဲ့ ရွှေရောင်ဆံပင်ရှည်တွေက ဝဲကျနေတယ်။
သူမ၏မျက်နှာသေးသေးလေးသည် လရောင်ကဲ့သို့ တောက်ပနေပြီး သူမ၏ အမူအရာများကို ပြသနေသည်။
သူတို့သည် အလွန်တောက်ပပြီး ... လှပသည်။
Monroe Maryထံသို့ မချဥ်းကပ်ပဲ မနေနိုင်။ သူမမျက်နှာကို ထိခါနီးမှာ Maryက ရုတ်တရက် သူ့ကိုခေါ်လိုက်တယ်။ "Monroe? ဘာဖြစ်တာလဲ?"
Damn it!
Monroe ချက်ချင်း မတ်တတ်ထထိုင်လိုက်ပြီး သူ့စိတ်တွေ လှုပ်ရှားနေသည်။
Damn it! သူရူးသွားပြီလား?
**************************