ငါ့အမေရဲ့ဒုတိယအိမ်ထောင်ကငါ့ကိ...

By Mia_Romos

398K 38.1K 468

Title: My Mom's Second Marriage Gifted Me Seven Brothers Author: Jay English Translator: EndlessFantasy Tra... More

Intro
Chapter : 1
Chapter : 2
Chapter : 3
Chapter : 4
Chapter : 5
Chapter : 6
Chapter : 7
Chapter : 8
Chapter : 9
Chapter : 10
Chapter : 11
Chapter : 12
Chapter : 13
Chapter : 14
Chapter : 15
Chapter : 16
Chapter : 17
Chapter : 18
Chapter : 19
Chapter : 20
Chapter : 21
Chapter : 22
Chapter : 23
Chapter : 24
Chapter : 25
Chapter : 26
Chapter : 27
Chapter : 28
Chapter : 29
Chapter : 30
Chapter : 31
Chapter : 32
Chapter : 33
Chapter : 34
Chapter : 35
Chapter : 36
Chapter : 37
Chapter : 38
Chapter : 39
Chapter : 40
Chapter : 41
Chapter : 42
Chapter : 43
Chapter : 44
Chapter : 45
Chapter : 46
Chapter : 47
Chapter : 48
Chapter : 49
Chapter : 50
Chapter : 51
Chapter : 52
Chapter : 53
Chapter : 54
Chapter : 55
Chapter : 56
Chapter : 57
Chapter : 58
Chapter : 60
Chapter : 61
Chapter : 62
Chapter : 63
Chapter : 64
Chapter : 65
Chapter : 66
Chapter : 67
Chapter : 68
Chapter : 69
Chapter : 70
Chapter : 71
Chapter : 72
Chapter : 73
Chapter : 74
Chapter : 75
Chapter : 76
Chapter : 77
Chapter : 78
Chapter : 79
Chapter : 80
Chapter : 81
Chapter : 82
Chapter : 83
Chapter : 84
Chapter : 85
Chapter : 86
Chapter : 87
Chapter : 88
Chapter : 89
Chapter : 90
Chapter : 91
Chapter : 92
Chapter : 93
Chapter : 94
Chapter : 95
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109
Chapter : 110
Chapter : 111
Chapter : 112
Chapter : 113
Chapter : 114
Chapter : 115
Chapter : 116
Chapter : 117
Chapter : 118
Chapter : 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter : 145
Chapter : 146
Chapter : 147
Chapter : 148
Chapter : 149
Chapter : 150
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155
Chapter : 156
Chapter : 157
Chapter : 158
Chapter : 159
Chapter : 160
Chapter : 161
Chapter : 162
Chapter : 163
Chapter : 164
Chapter : 165
Chapter : 166
Chapter : 167
Chapter : 168
Chapter : 169
Chapter : 170
Chapter : 171
Chapter : 172
Chapter : 173
Chapter : 174
Chapter : 175

Chapter : 59

1.9K 204 1
By Mia_Romos

Zawgyi

အခန္း ၅၉ - သူမသည္ သူတို႔၏ကယ္တင္ရွင္မဟုတ္

" Hearthအမ်ိဳးသားဥယ်ာဥ္ႏွင့္ အနီးဆုံးၿမိဳ႕ျဖစ္သည့္Rock Townသည္ ျပင္းထန္ေသာေပါက္ကြဲမႈမ်ားႏွင့္ ပ်ံသန္းေနေသာ ေက်ာက္ေဆာင္မ်ားေၾကာင့္လည္း ထိခိုက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။ လူေပါင္းမ်ားစြာ ေသဆုံးကုန္ပါၿပီ..."

"ယခုအခ်ိန္တြင္ မီးေတာင္ျပာမ်ားႏွင့္ မီးေတာင္ဓာတ္ေငြ႕မ်ား တိမ္တိုက္မ်ားမွ က်ဆင္းလာသည္။ ေက်းဇူးျပဳ၍ သင့္ကိုယ္သင္ ေဘးကင္းေအာင္ ကာကြယ္ပါ..."

"ဒါဟာ လူသားေတြရဲ႕သမိုင္းမွာ အဆိုး႐ြားဆုံး မီးေတာင္ ေဘးအႏၲရာယ္ပါပဲ..."

"ေက်းဇူးျပဳၿပီး... အနီးနား... ေနထိုင္သူမ်ား... ထြက္ခြာပါ..."

သတင္းကို ျဖတ္ေတာက္သြားသည္။

ဒီအခ်ိန္မွာ သက္ေတာ္ေစာင့္ေတြ အားလုံး စကားတစ္ခြန္းမွ မေျပာႏိုင္။

ေဘးဥပဒ္တစ္ခု ရင္ဆိုင္ရမွသာလွ်င္ လူသားတို႔သည္ မည္မွ်ေသးငယ္ၿပီး အားနည္းသည္ကို သိရွိနားလည္ခဲ့ၾကသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ဆံၿမီးက်စ္ထားေသာ အမ်ိဳးသားက "ငါတို႔ အလ်င္လိုမထြက္ခဲ့ဘူးဆိုရင္... မီးေတာင္ေအာက္မွာ ငါတို႔လည္း အေသခံရမွာလား" လို႔ သူ႔အသံမွာ တုန္လႈပ္ေခ်ာက္ခ်ားစြာနဲ႔ ေျပာခဲ့တယ္။

အားလုံးက Maryကို ၾကည့္ေနၾကတယ္။

ထြက္သြားဖို႔ ေတာင္းဆိုတာက မစၥMaryပဲဆိုတာ သူတို႔သိတယ္။

သူတို႔ထြက္သြားခ်ိန္မွာေတာ့ မစၥMaryဟာ ေတာင္ပို႔တစ္ခုကေန ေတာင္ကိုျဖစ္ေအာင္ ထုလုပ္ေနတယ္လို႔ လူအမ်ားက စိတ္ထဲမွာ ညည္းညဴေနၾကတုန္းပဲ။(T/N- တစ္စိတ္ကိုတစ္အိတ္လုပ္တယ္လို႔ေျပာခ်င္တာပါ။)

ဒါေပမယ့္ Bossက Miss Maryကို ေႏွာင့္ယွက္ခြင့္မျပဳဘဲ သူမကို မယုံၾကည္ၿပီး သူမကို ဒီဆုံးျဖတ္ခ်က္ ခ်ခြင့္မျပဳခဲ့ဖူးဆိုရင္....... လူတိုင္းက ေနာက္ထပ္မေတြးရဲေတာ့ဘူး။

လူေတြအမ်ားႀကီး၊ ခရီးသြားေတြ အမ်ားႀကီး၊ ဒီလိုလွတဲ့ ရႈခင္းေတြ၊ ယဥ္ေက်းမႈ အေဆာက္အဦးေတြ အမ်ားႀကီး။ သူတို႔အားလုံး တခဏခ်င္း ဖုန္မႈန႔္ေတြ ျဖစ္သြားလိမ့္မယ္လို႔ ဘယ္သူက ထင္မွာလဲ။

ေၾကကြဲဖြယ္ေကာင္းလြန္းတယ္။

သူတို႔ဘဝမွာ အမ်ားႀကီးေတြ႕ခဲ့ရၿပီး သူတို႔လက္ေတြက ေသြးေတြနဲ႔ လူ႔အသက္ေတြနဲ႔ စြန္းထင္းေနတဲ့ သန္မာတဲ့ အမ်ိဳးသားေတြျဖစ္ေပမဲ့ သူတို႔ရဲ႕ စိတ္ေတြက တင္းက်ပ္ေနဆဲ။

Maryလည္း သူမအာ႐ုံေတြကို ျပန္မစုစည္းႏိုင္ေတာ့ဘူး။

သူမေၾကာက္တဲ့အရာက တကယ္ျဖစ္လာလိမ့္မယ္လို႔ သူမေမွ်ာ္လင့္ထားဘူး။

သူမ အၿမဲတမ္း စိတ္မေကာင္း ျဖစ္ခဲ့ရသည္။ တစ္ခုခုျဖစ္ေနၿပီဟု သူမခံစားခဲ့ရၿပီး ေရပူစမ္းသည္ ႀကိဳေဟာထားသည့္အတိုင္း ပူျပင္းလာခဲ့သည္။

သူမ တကယ္ျဖစ္လာမယ္လို႔ မေမွ်ာ္လင့္ထားဘူး!

လူေတြအမ်ားႀကီး... အမ်ိဳးသမီးေတြ၊ လူအို၊ အမ်ိဳးသား၊ ကေလးေတြ...

မိသားစုေတြ အမ်ားႀကီးပဲ။

Mary စိတ္ထဲမွာ အရမ္းဝမ္းနည္းသြားတယ္။

သူမသာ တျခားသူေတြကို သတိေပးႏိုင္ရင္...

"ေဟး Mary ငါတို႔အားလုံး လြတ္ေျမာက္တာ ကံေကာင္းတယ္။ လူတိုင္းကို မကယ္တင္ႏိုင္ဘူးဆိုတာ မင္းသိလား။ မင္း အတတ္ႏိုင္ဆုံး လုပ္ၿပီးသြားၿပီ။ မင္း ငါတို႔ကို ကယ္ခဲ့တယ္!"

Monroeသည္ Mary၏စိတ္ရႈပ္ေထြးမႈမ်ားကို ျမင္ေယာင္လာသည္။ သူမပခုံးကိုဆြဲကိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

Mary၏စိမ္းေဖ်ာ့ေရာင္ မ်က္လုံးမ်ားသည္ တျဖည္းျဖည္း အသက္ျပန္ဝင္လာသည္။

Monroe ေအးစက္ေသာမ်က္လုံးမ်ားျဖင့္ သူမကို စိုက္ၾကည့္ေနသည္ကို သူမျမင္ၿပီး တစ္လုံးခ်င္း ေျပာလိုက္တယ္။

"မင္းဟာ လူတိုင္းရဲ႕ကယ္တင္ရွင္ မျဖစ္ႏိုင္ဘူး။ မင္းအေကာင္းဆုံးလုပ္ခဲ့ၿပီးၿပီ။ မင္းေတာ္တယ္ Maryေလး။ မင္းက ငါ့အတြက္ဂုဏ္ယူစရာပဲ!"

Monroeက Maryကို သူ႔ရင္ခြင္ထဲ ဆြဲသြင္းလိုက္တယ္။ သူမအ႐ိုးေတြနဲ႔ ေသြးေတြကို ပြတ္သပ္ခ်င္သလို တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္တယ္။

Maryသည္ သူ႔ရင္ခြင္ထဲတြင္ အနည္းငယ္ အသက္ရႉၾကပ္သြားၿပီး "အဟမ္း..."

Monroeအံ့ၾသသြားၿပီး သူမကို လႊတ္လိုက္တယ္။

"အဆင္ေျပလား?"

Monroe၏လက္ေခ်ာင္းမ်ားက နား႐ြက္ေနာက္ဘက္ရွိ Mary၏မ်က္ႏွာေပၚရွိ ဆံပင္မ်ားကို ပြတ္သပ္ေနသည္။

စိုးရိမ္ေသာကႏွင့္ ညင္သာေသာအၾကည့္ျဖင့္ သူမကိုၾကည့္ကာ အေၾကာင္းတစ္ခုခုေၾကာင့္ Mary အနည္းငယ္ စိတ္ရႈပ္သြားသည္။

အျပစ္ရွိသလိုခံစားရတာေၾကာင့္ သူ႔ကိုမ်က္ႏွာခ်င္းဆိုင္ဖို႔ေၾကာက္ေနတာလား။

Mary ၿပဳံးလိုက္သည္။ "ေက်းဇူးပဲ အခုအဆင္ေျပပါၿပီ။"

သူတို႔ေနာက္မွာ ရႈိးပြဲၾကည့္ေနတဲ့ လူငါးေယာက္စလုံး ရယ္ေမာၾကတယ္။

သူတို႔ရဲ႕ရယ္ေမာသံဟာ နည္းနည္း ႐ိုင္းတယ္လို႔ Mary ခံစားခဲ့ရတယ္။

ေလေကာင္းေလသန႔္ရဖို႔ ကားထဲက ဆင္းခါနီးမွာ Monroeက သူမလက္ကို လွမ္းဆြဲလိုက္တယ္။ "ေရွ႕က ရွင္းတယ္"

Mary ၾကည့္လိုက္ေတာ့ ကားက ေ႐ြ႕လာတယ္။

သူတို႔ ယာဥ္တိုက္မႈ ဆက္တိုက္ျဖစ္တဲ့ေနရာကို ျဖတ္သြားေသာအခါ ျမင္ကြင္းသည္ ေၾကကြဲဖြယ္ ေကာင္းသည္။

Maryသည္ ေခါင္းကို လွည့္လိုက္ေသာ္လည္း ကားေပၚရွိ အမ်ိဳးသားမ်ားသည္ ျပတင္းေပါက္ကို မွီ၍ ေလးေလးနက္နက္ ၾကည့္ေနၾကသည္။

"သူတို႔ အူေတြ ထြက္ကုန္ၿပီ tsk!"

"အဲ့ဒီေကာင္က ေခါင္းမရွိေတာ့ဖူး!"

"အဲ့ေကာင္က ေအာက္ပိုင္းမရွိေတာ့ဘူး၊ tsk!"

"ကေလး အဆင္ေျပပါ့မလား"

"ေဆးဘက္ဆိုင္ရာအဖြဲ႕နဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြ မျဖတ္ႏိုင္ေတာ့မွာကို ငါေၾကာက္တယ္ သက္ျပင္းခ်လိုက္သံ..."

Maryသည္ သူမ၏နားထင္ကို ပြတ္ကာ Monroeကို ၾကည့္လိုက္သည္။

"ငါတို႔ေနာက္ထပ္ကားလိုမယ္ထင္တယ္..."

Monroeက ေခါင္းညိတ္သေဘာတူသည္။

ေနာက္ထပ္ နာရီဝက္ေလာက္ၾကာေတာ့ ကားက ရွင္းသြားတယ္။

သူတို႔သည္ ေတာင္ေပၚလမ္းမွ ေမာင္းထြက္ၿပီး အေတာ္ေလး ျပန႔္ျပဴးေသာ ေနရာသို႔ ေရာက္လာၾကသည္။

ေခတၱရပ္ၿပီး တစ္ခုခုစားဖို႔ ေနရာရွာခါနီးမွာ ႐ုတ္တရက္ ငလ်င္လႈပ္သြားတယ္။

**************************

Unicode

အခန်း ၅၉ - သူမသည် သူတို့၏ကယ်တင်ရှင်မဟုတ်

" Hearthအမျိုးသားဥယျာဉ်နှင့် အနီးဆုံးမြို့ဖြစ်သည့်Rock Townသည် ပြင်းထန်သောပေါက်ကွဲမှုများနှင့် ပျံသန်းနေသော ကျောက်ဆောင်များကြောင့်လည်း ထိခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။ လူပေါင်းများစွာ သေဆုံးကုန်ပါပြီ..."

"ယခုအချိန်တွင် မီးတောင်ပြာများနှင့် မီးတောင်ဓာတ်ငွေ့များ တိမ်တိုက်များမှ ကျဆင်းလာသည်။ ကျေးဇူးပြု၍ သင့်ကိုယ်သင် ဘေးကင်းအောင် ကာကွယ်ပါ..."

"ဒါဟာ လူသားတွေရဲ့သမိုင်းမှာ အဆိုးရွားဆုံး မီးတောင် ဘေးအန္တရာယ်ပါပဲ..."

"ကျေးဇူးပြုပြီး... အနီးနား... နေထိုင်သူများ... ထွက်ခွာပါ..."

သတင်းကို ဖြတ်တောက်သွားသည်။

ဒီအချိန်မှာ သက်တော်စောင့်တွေ အားလုံး စကားတစ်ခွန်းမှ မပြောနိုင်။

ဘေးဥပဒ်တစ်ခု ရင်ဆိုင်ရမှသာလျှင် လူသားတို့သည် မည်မျှသေးငယ်ပြီး အားနည်းသည်ကို သိရှိနားလည်ခဲ့ကြသည်။

အချိန်အတော်ကြာပြီးနောက် ဆံမြီးကျစ်ထားသော အမျိုးသားက "ငါတို့ အလျင်လိုမထွက်ခဲ့ဘူးဆိုရင်... မီးတောင်အောက်မှာ ငါတို့လည်း အသေခံရမှာလား" လို့ သူ့အသံမှာ တုန်လှုပ်ချောက်ချားစွာနဲ့ ပြောခဲ့တယ်။

အားလုံးက Maryကို ကြည့်နေကြတယ်။

ထွက်သွားဖို့ တောင်းဆိုတာက မစ္စMaryပဲဆိုတာ သူတို့သိတယ်။

သူတို့ထွက်သွားချိန်မှာတော့ မစ္စMaryဟာ တောင်ပို့တစ်ခုကနေ တောင်ကိုဖြစ်အောင် ထုလုပ်နေတယ်လို့ လူအများက စိတ်ထဲမှာ ညည်းညူနေကြတုန်းပဲ။(T/N- တစ်စိတ်ကိုတစ်အိတ်လုပ်တယ်လို့ပြောချင်တာပါ။)

ဒါပေမယ့် Bossက Miss Maryကို နှောင့်ယှက်ခွင့်မပြုဘဲ သူမကို မယုံကြည်ပြီး သူမကို ဒီဆုံးဖြတ်ချက် ချခွင့်မပြုခဲ့ဖူးဆိုရင်....... လူတိုင်းက နောက်ထပ်မတွေးရဲတော့ဘူး။

လူတွေအများကြီး၊ ခရီးသွားတွေ အများကြီး၊ ဒီလိုလှတဲ့ ရှုခင်းတွေ၊ ယဉ်ကျေးမှု အဆောက်အဦးတွေ အများကြီး။ သူတို့အားလုံး တခဏချင်း ဖုန်မှုန့်တွေ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ကြေကွဲဖွယ်ကောင်းလွန်းတယ်။

သူတို့ဘဝမှာ အများကြီးတွေ့ခဲ့ရပြီး သူတို့လက်တွေက သွေးတွေနဲ့ လူ့အသက်တွေနဲ့ စွန်းထင်းနေတဲ့ သန်မာတဲ့ အမျိုးသားတွေဖြစ်ပေမဲ့ သူတို့ရဲ့ စိတ်တွေက တင်းကျပ်နေဆဲ။

Maryလည်း သူမအာရုံတွေကို ပြန်မစုစည်းနိုင်တော့ဘူး။

သူမကြောက်တဲ့အရာက တကယ်ဖြစ်လာလိမ့်မယ်လို့ သူမမျှော်လင့်ထားဘူး။

သူမ အမြဲတမ်း စိတ်မကောင်း ဖြစ်ခဲ့ရသည်။ တစ်ခုခုဖြစ်နေပြီဟု သူမခံစားခဲ့ရပြီး ရေပူစမ်းသည် ကြိုဟောထားသည့်အတိုင်း ပူပြင်းလာခဲ့သည်။

သူမ တကယ်ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး!

လူတွေအများကြီး... အမျိုးသမီးတွေ၊ လူအို၊ အမျိုးသား၊ ကလေးတွေ...

မိသားစုတွေ အများကြီးပဲ။

Mary စိတ်ထဲမှာ အရမ်းဝမ်းနည်းသွားတယ်။

သူမသာ တခြားသူတွေကို သတိပေးနိုင်ရင်...

"ဟေး Mary ငါတို့အားလုံး လွတ်မြောက်တာ ကံကောင်းတယ်။ လူတိုင်းကို မကယ်တင်နိုင်ဘူးဆိုတာ မင်းသိလား။ မင်း အတတ်နိုင်ဆုံး လုပ်ပြီးသွားပြီ။ မင်း ငါတို့ကို ကယ်ခဲ့တယ်!"

Monroeသည် Mary၏စိတ်ရှုပ်ထွေးမှုများကို မြင်ယောင်လာသည်။ သူမပခုံးကိုဆွဲကိုင်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

Mary၏စိမ်းဖျော့ရောင် မျက်လုံးများသည် တဖြည်းဖြည်း အသက်ပြန်ဝင်လာသည်။

Monroe အေးစက်သောမျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေသည်ကို သူမမြင်ပြီး တစ်လုံးချင်း ပြောလိုက်တယ်။

"မင်းဟာ လူတိုင်းရဲ့ကယ်တင်ရှင် မဖြစ်နိုင်ဘူး။ မင်းအကောင်းဆုံးလုပ်ခဲ့ပြီးပြီ။ မင်းတော်တယ် Maryလေး။ မင်းက ငါ့အတွက်ဂုဏ်ယူစရာပဲ!"

Monroeက Maryကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ သူမအရိုးတွေနဲ့ သွေးတွေကို ပွတ်သပ်ချင်သလို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တယ်။

Maryသည် သူ့ရင်ခွင်ထဲတွင် အနည်းငယ် အသက်ရှူကြပ်သွားပြီး "အဟမ်း..."

Monroeအံ့သြသွားပြီး သူမကို လွှတ်လိုက်တယ်။

"အဆင်ပြေလား?"

Monroe၏လက်ချောင်းများက နားရွက်နောက်ဘက်ရှိ Mary၏မျက်နှာပေါ်ရှိ ဆံပင်များကို ပွတ်သပ်နေသည်။

စိုးရိမ်သောကနှင့် ညင်သာသောအကြည့်ဖြင့် သူမကိုကြည့်ကာ အကြောင်းတစ်ခုခုကြောင့် Mary အနည်းငယ် စိတ်ရှုပ်သွားသည်။

အပြစ်ရှိသလိုခံစားရတာကြောင့် သူ့ကိုမျက်နှာချင်းဆိုင်ဖို့ကြောက်နေတာလား။

Mary ပြုံးလိုက်သည်။ "ကျေးဇူးပဲ အခုအဆင်ပြေပါပြီ။"

သူတို့နောက်မှာ ရှိုးပွဲကြည့်နေတဲ့ လူငါးယောက်စလုံး ရယ်မောကြတယ်။

သူတို့ရဲ့ရယ်မောသံဟာ နည်းနည်း ရိုင်းတယ်လို့ Mary ခံစားခဲ့ရတယ်။

လေကောင်းလေသန့်ရဖို့ ကားထဲက ဆင်းခါနီးမှာ Monroeက သူမလက်ကို လှမ်းဆွဲလိုက်တယ်။ "ရှေ့က ရှင်းတယ်"

Mary ကြည့်လိုက်တော့ ကားက ရွေ့လာတယ်။

သူတို့ ယာဉ်တိုက်မှု ဆက်တိုက်ဖြစ်တဲ့နေရာကို ဖြတ်သွားသောအခါ မြင်ကွင်းသည် ကြေကွဲဖွယ် ကောင်းသည်။

Maryသည် ခေါင်းကို လှည့်လိုက်သော်လည်း ကားပေါ်ရှိ အမျိုးသားများသည် ပြတင်းပေါက်ကို မှီ၍ လေးလေးနက်နက် ကြည့်နေကြသည်။

"သူတို့ အူတွေ ထွက်ကုန်ပြီ tsk!"

"အဲ့ဒီကောင်က ခေါင်းမရှိတော့ဖူး!"

"အဲ့ကောင်က အောက်ပိုင်းမရှိတော့ဘူး၊ tsk!"

"ကလေး အဆင်ပြေပါ့မလား"

"ဆေးဘက်ဆိုင်ရာအဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ မဖြတ်နိုင်တော့မှာကို ငါကြောက်တယ် သက်ပြင်းချလိုက်သံ..."

Maryသည် သူမ၏နားထင်ကို ပွတ်ကာ Monroeကို ကြည့်လိုက်သည်။

"ငါတို့နောက်ထပ်ကားလိုမယ်ထင်တယ်..."

Monroeက ခေါင်းညိတ်သဘောတူသည်။

နောက်ထပ် နာရီဝက်လောက်ကြာတော့ ကားက ရှင်းသွားတယ်။

သူတို့သည် တောင်ပေါ်လမ်းမှ မောင်းထွက်ပြီး အတော်လေး ပြန့်ပြူးသော နေရာသို့ ရောက်လာကြသည်။

ခေတ္တရပ်ပြီး တစ်ခုခုစားဖို့ နေရာရှာခါနီးမှာ ရုတ်တရက် ငလျင်လှုပ်သွားတယ်။

**************************

Continue Reading

You'll Also Like

404K 36.1K 36
Author Qian Caoရဲ႕ Novelေလးကို ဘာသာျပန္ထားတာပါ။ အိပ္မေပ်ာ္ျခင္းေရာဂါကို ခံစားေနရတဲ့ စစ္သူႀကီးတစ္ဦးနဲ႔ သူမရဲ႕ လက္ဘက္ရည္ဆိုင္ေလးကို ေစာင့္ေရွာက္နိုင္...
790K 65.8K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
531K 64.2K 184
အပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး
1.6M 68.7K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...