Zawgyi
အခန္း ၄၆- ကံေကာင္းျခင္း။
"အိုး! Sh*t! F*ck!! Ah-" သူ က်ိန္ဆဲၿပီး ေအာ္လိုက္တယ္။
Hughသည္ ေျမျပင္ေပၚတြင္ လဲေနၿပီး ထမရေပ။
Maryက စိတ္လႈပ္ရွားစြာ ေလထဲလက္သီးထိုးရင္း ေျပာလိုက္သည္။ "Hugh ထ ျပန္တိုက္ရေအာင္။ ဒီတစ္ခါ ရွင့္ကိုအႏိုင္ေပးမယ္!"
Hughက သူ႔လက္ဖဝါးကို နဖူးေပၚတင္လိုက္တယ္။ Oh my god သူ႔ကို ေသခြင့္ျပဳလိုက္ပါေတာ့။
* * *
ေနာက္တစ္ေန႔ မနက္စာစားၿပီး သူတို႔ေလးေယာက္ ရႈခင္းသာဧရိယာထဲ ဝင္သြားၾကတယ္။
သူတို႔ေနာက္မွာ အေစခံေလးေယာက္နဲ႔ သက္ေတာ္ေစာင့္ ဆယ္ေယာက္ ရွိတယ္။ လမ္းတစ္ေလွ်ာက္တြင္ မေရမတြက္ႏိုင္ေသာ ျဖတ္သြားျဖတ္လာမ်ား၏ အာ႐ုံစိုက္မႈကို ခံရသည္။ ဦးေဆာင္လာတဲ့ေလးေယာက္ကို ေတြ႕လိုက္ေသာအခါ လူတိုင္းနီးပါး လန႔္ဖ်ပ္သြားၾကသည္။
ဒီလို ႐ုပ္ေခ်ာတဲ့လူေတြက ဘယ္ကလာတာလဲ။
ေယာက္်ားသုံးေယာက္ႏွင့္ အမ်ိဳးသမီးတစ္ဦး။ သူတို႔အားလုံးဟာ ထိပ္တန္းၾကယ္ပြင့္ေတြလိုပဲ။ သူတို႔ရဲ႕အသြင္အျပင္နဲ႔ ပင္ကိုယ္စ႐ိုက္ေတြက သာမန္လူေတြနဲ႔မတူဘဲ အဆင့္အတန္းျမင့္လြန္းတယ္။
သူတို႔ေနာက္မွာလိုက္ေနတာေတြက အိမ္ေဖာ္ေတြလား။
သူတို႔အားလုံး အိမ္ေဖာ္ဝတ္စုံ ဝတ္ထားၾကသည္။
အနက္ေရာင္၀တ္ထားေသာ အမ်ိဳးသားမ်ား အားလုံးက နားၾကပ္ႏွင့္ ေနကာမ်က္မွန္မ်ား ၀တ္ထားသည္။ သူတို႔က အရပ္ရွည္ သန္မာၿပီး ခါးမွာ အနက္ေရာင္ လက္နက္ေတြ ရွိတယ္။
လမ္းသြားလမ္းလာေတြက သူတို႔ကို မၾကည့္ဘဲမေနႏိုင္ေပမယ့္ သူတို႔နား ဘယ္သူမွ မခ်ဥ္းကပ္ရဲၾကဘူး။
Maryက သူတို႔နဲ႔ေရာေထြးၿပီး ဖိအားေတြ အမ်ားႀကီး ခံေနရတယ္။
ဒီသခင္ေလးသုံးေယာက္က ခရီးကို ဒီလိုထြက္မယ္လို႔ သူမ ဘယ္လိုလုပ္သိမွာလဲ။ ဒီလိုလူအုပ္ႀကီးနဲ႔ေလ။
သာမန္လို မေနႏိုင္ဘူးလား။
သူတို႔အိမ္က ထြက္တဲ့အခါ သူမက Monroeကို သာမန္ေနဖို႔ ေမးခဲ့တယ္။ Monroeက ေျပာခဲ့တယ္။"ဒါက ငါ့ရဲ႕သာမန္အျဖစ္ဆုံးပုံစံပဲ"
သူသည္ ဗီလာရွိ လူအမ်ားစုကို အနားယူရန္ႏွင့္ သန႔္ရွင္းေရးျပဳလုပ္ရန္ ထားခဲ့သည္။
Maryက သူတို႔နဲ႔ လိုက္ဖို႔ ျငင္းဆန္ခ်င္ေပမယ့္ Hughနဲ႔Monroeက သူမကို အဖြဲ႕ထဲကေန ဆြဲထုတ္ခဲ့တယ္။
Monroeကို ထားလိုက္။ Hughက ေျပာတယ္။ "ငါ့ကို တစ္ေယာက္တည္း အရွက္ရေအာင္မလုပ္နဲ႔!"
မေန႔က သူမ လက္သီးတစ္ခ်က္နဲ႔ အထိုးခံရတဲ့အတြက္ ဒါဟာ Hughရဲ႕ လက္စားေခ်မႈလို႔ Mary ခံစားရတယ္။
Maryဟာ ေနကာမ်က္မွန္ တပ္လိုက္ၿပီး တျခားသူေတြရဲ႕ထူးဆန္းတဲ့အၾကည့္ကို မျမင္မိဘူးလို႔ ကိုယ့္ကိုယ္ကို ေျပာေနတယ္။
ခဏၾကာေတာ့ ခရီးသြားကားတစ္စီးက သူတို႔ကို လာႀကိဳၿပီး ရႈခင္းေတြၾကည့္ဖို႔သြားၾကတယ္။
ေအာက္တည့္တည့္သို႔ က်ေနေသာ ေရတံခြန္ႀကီးအျပင္ ေရာင္စုံေရကန္မ်ားပါရွိကာ ဒါ့အျပင္ ေရွးက်ေသာသစ္ေတာႀကီးလည္း ရွိေသးသည္။
Maryသည္ လမ္းတစ္ေလွ်ာက္ လတ္ဆတ္ေသာေလကို ရႉရႈိက္မိသည္။
ဒီေနရာက ေတာ္ေတာ္လွတယ္။
ဒီေနရာက တကယ္ကို ခရီးသြားဖို႔အတြက္ ေနရာေကာင္းတစ္ခုပဲ။
သူမ လွည့္ၾကည့္လိုက္ေတာ့ သက္ေတာ္ေစာင့္ေတြနဲ႔အတူ သူမေနာက္ကကားကို ၾကည့္လိုက္တယ္။ ကံေကာင္းေထာက္မစြာ သူမသည္ ယေန႔နံနက္တြင္ ဗီလာမွာ Isidoreကို ထားခဲ့ဖို႔ အေၾကာင္းျပခ်က္တစ္ခု ရွာေတြ႕ခဲ့သည္။ မဟုတ္ရင္ သူမကို လိုက္ၾကည့္ေနတဲ့ သူ႔မ်က္လုံးေတြကို ေရွာင္ရတာ အဆင္မေျပဖူး။
ေတာင္ေပၚလမ္းတစ္ဝက္ေလာက္ေရာက္ေတာ့ ကားက မတက္ႏိုင္ေတာ့ဘူး။
ေနာက္ဆုံး သဘာဝေနရာကိုလည္း ေရာက္ခဲ့တယ္။
"ဒါက Hull National Forest Parkမွာ အေက်ာ္ၾကားဆုံးနဲ႔ အထင္ကရျဖစ္တဲ့ေရပူစမ္း။" ဘာလို႔လဲဆိုေတာ့ ေျမေအာက္က ျမစ္က မ်က္ႏွာျပင္နဲ႔ အရမ္းနီးကပ္ေနလို႔။ အေပၚယံလႊာရွိ ေရကို အပူေပးၿပီးေနာက္ အလုံပိတ္ေနရာရွိ ဖိအားေတြ တိုးလာတယ္။ သတ္မွတ္ထားေသာ အတိုင္းတာတစ္ခုသို႔ ေရာက္ၿပီးရင္ အက္ေၾကာင္းေတြကေန ေရေငြ႕ ထြက္လာလိမ့္မယ္။
"၎၏အဆင့္ျမင့္လုပ္ေဆာင္မႈမ်ားအတြင္း ၉၂ဒီဂရီစင္တီဂရိတ္ရွိတဲ့ေရက ၆၇မီတာအျမင့္ထိ မႈတ္ထုတ္ႏိုင္တယ္လို႔ ဆိုတယ္။"
Monroe စိတ္ဆိုးေနေသာေၾကာင့္ ဧည့္လမ္းၫႊန္ကို မစီစဥ္ခဲ့ေပ။
Hermanက ဒီအရာေတြကို ပိုစိတ္ဝင္စားတယ္။ လမ္းခရီးတြင္ သတင္းအခ်က္အလတ္မ်ားစြာကို ဖတ္ခဲ့ေသာေၾကာင့္ အျဖဴေရာင္အေငြ႕ေတြ ထုတ္လႊတ္ေနသည့္ စမ္းေပါက္ဝတြင္ ရပ္ကာ ရွင္းျပသည္။
Maryဂ႐ုတစိုက္ နားေထာင္ေနသည္။ ႐ုတ္တရက္ပင္ ေျမေအာက္မွ ေရတစ္တိုင္ ေပါက္ထြက္လာသည္။
အျမင့္၆၇မီတာမဟုတ္ေပမယ့္ အနည္းဆုံး၃၀မီတာေလာက္ေတာ့ ရွိမယ္။
Monroeက Maryကို ေနာက္သို႔အနည္းငယ္ ဆြဲလိုက္တယ္။ အျခားခရီးသည္မ်ားက မေအာ္ပဲမေနႏိုင္။
Hughႏွင့္Hermanသည္ ေနာက္သို႔ ဆုတ္လိုက္သည္။
သူတို႔ေဘးက ဧည့္လမ္းၫႊန္ကရွင္းျပတယ္။ "လူတိုင္း မေၾကာက္ၾကပါနဲ႔။ ဒါက သဘာဝျဖစ္စဥ္တစ္ခုပါ။ သတ္မွတ္ထားတဲ့အႀကိမ္နဲ႔ သတ္မွတ္ထားတဲ့ အခ်ိန္တစ္ခုတြင္ ေပါက္ကြဲမည္ျဖစ္သည္။ ငါတို႔အားလုံး ေဘးကင္းတဲ့အကြာအေဝးမွာ ရွိေနတယ္။"
Maryသည္ သူမ၏လက္ေမာင္းမ်ားကို ပြတ္သပ္ရင္း အနည္းငယ္ ေၾကာက္႐ြံ႕ေနေသးသည္။
၉၀ဒီဂရီရွိတဲ့ေရက လူ႔အေရျပားကို တိုက္႐ိုက္ေလာင္ကြၽမ္းေစႏိုင္တယ္။
သူတို႔ တကယ္ ကံေကာင္းတယ္!
**************************Paid groupကိုဝင္ဖို႔ေျပာထားတဲ့ဒါဒါေလးတို႔ link joinထားတာကို approveမလုပ္ရေသးတာျဖစ္ျဖစ္ ေငြလႊဲၿပီးသားကို linkတို႔ စာဖိုင္တို႔ကို မပို႔ေပးရေသးတာမ်ိဳးဆို Miaကို လာေျပာေပးၾကပါေနာ္။
Unicode
အခန်း ၄၆- ကံကောင်းခြင်း။
"အိုး! Sh*t! F*ck!! Ah-" သူ ကျိန်ဆဲပြီး အော်လိုက်တယ်။
Hughသည် မြေပြင်ပေါ်တွင် လဲနေပြီး ထမရပေ။
Maryက စိတ်လှုပ်ရှားစွာ လေထဲလက်သီးထိုးရင်း ပြောလိုက်သည်။ "Hugh ထ ပြန်တိုက်ရအောင်။ ဒီတစ်ခါ ရှင့်ကိုအနိုင်ပေးမယ်!"
Hughက သူ့လက်ဖဝါးကို နဖူးပေါ်တင်လိုက်တယ်။ Oh my god သူ့ကို သေခွင့်ပြုလိုက်ပါတော့။
* * *
နောက်တစ်နေ့ မနက်စာစားပြီး သူတို့လေးယောက် ရှုခင်းသာဧရိယာထဲ ဝင်သွားကြတယ်။
သူတို့နောက်မှာ အစေခံလေးယောက်နဲ့ သက်တော်စောင့် ဆယ်ယောက် ရှိတယ်။ လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ဖြတ်သွားဖြတ်လာများ၏ အာရုံစိုက်မှုကို ခံရသည်။ ဦးဆောင်လာတဲ့လေးယောက်ကို တွေ့လိုက်သောအခါ လူတိုင်းနီးပါး လန့်ဖျပ်သွားကြသည်။
ဒီလို ရုပ်ချောတဲ့လူတွေက ဘယ်ကလာတာလဲ။
ယောက်ျားသုံးယောက်နှင့် အမျိုးသမီးတစ်ဦး။ သူတို့အားလုံးဟာ ထိပ်တန်းကြယ်ပွင့်တွေလိုပဲ။ သူတို့ရဲ့အသွင်အပြင်နဲ့ ပင်ကိုယ်စရိုက်တွေက သာမန်လူတွေနဲ့မတူဘဲ အဆင့်အတန်းမြင့်လွန်းတယ်။
သူတို့နောက်မှာလိုက်နေတာတွေက အိမ်ဖော်တွေလား။
သူတို့အားလုံး အိမ်ဖော်ဝတ်စုံ ဝတ်ထားကြသည်။
အနက်ရောင်၀တ်ထားသော အမျိုးသားများ အားလုံးက နားကြပ်နှင့် နေကာမျက်မှန်များ ၀တ်ထားသည်။ သူတို့က အရပ်ရှည် သန်မာပြီး ခါးမှာ အနက်ရောင် လက်နက်တွေ ရှိတယ်။
လမ်းသွားလမ်းလာတွေက သူတို့ကို မကြည့်ဘဲမနေနိုင်ပေမယ့် သူတို့နား ဘယ်သူမှ မချဉ်းကပ်ရဲကြဘူး။
Maryက သူတို့နဲ့ရောထွေးပြီး ဖိအားတွေ အများကြီး ခံနေရတယ်။
ဒီသခင်လေးသုံးယောက်က ခရီးကို ဒီလိုထွက်မယ်လို့ သူမ ဘယ်လိုလုပ်သိမှာလဲ။ ဒီလိုလူအုပ်ကြီးနဲ့လေ။
သာမန်လို မနေနိုင်ဘူးလား။
သူတို့အိမ်က ထွက်တဲ့အခါ သူမက Monroeကို သာမန်နေဖို့ မေးခဲ့တယ်။ Monroeက ပြောခဲ့တယ်။"ဒါက ငါ့ရဲ့သာမန်အဖြစ်ဆုံးပုံစံပဲ"
သူသည် ဗီလာရှိ လူအများစုကို အနားယူရန်နှင့် သန့်ရှင်းရေးပြုလုပ်ရန် ထားခဲ့သည်။
Maryက သူတို့နဲ့ လိုက်ဖို့ ငြင်းဆန်ချင်ပေမယ့် Hughနဲ့Monroeက သူမကို အဖွဲ့ထဲကနေ ဆွဲထုတ်ခဲ့တယ်။
Monroeကို ထားလိုက်။ Hughက ပြောတယ်။ "ငါ့ကို တစ်ယောက်တည်း အရှက်ရအောင်မလုပ်နဲ့!"
မနေ့က သူမ လက်သီးတစ်ချက်နဲ့ အထိုးခံရတဲ့အတွက် ဒါဟာ Hughရဲ့ လက်စားချေမှုလို့ Mary ခံစားရတယ်။
Maryဟာ နေကာမျက်မှန် တပ်လိုက်ပြီး တခြားသူတွေရဲ့ထူးဆန်းတဲ့အကြည့်ကို မမြင်မိဘူးလို့ ကိုယ့်ကိုယ်ကို ပြောနေတယ်။
ခဏကြာတော့ ခရီးသွားကားတစ်စီးက သူတို့ကို လာကြိုပြီး ရှုခင်းတွေကြည့်ဖို့သွားကြတယ်။
အောက်တည့်တည့်သို့ ကျနေသော ရေတံခွန်ကြီးအပြင် ရောင်စုံရေကန်များပါရှိကာ ဒါ့အပြင် ရှေးကျသောသစ်တောကြီးလည်း ရှိသေးသည်။
Maryသည် လမ်းတစ်လျှောက် လတ်ဆတ်သောလေကို ရှူရှိုက်မိသည်။
ဒီနေရာက တော်တော်လှတယ်။
ဒီနေရာက တကယ်ကို ခရီးသွားဖို့အတွက် နေရာကောင်းတစ်ခုပဲ။
သူမ လှည့်ကြည့်လိုက်တော့ သက်တော်စောင့်တွေနဲ့အတူ သူမနောက်ကကားကို ကြည့်လိုက်တယ်။ ကံကောင်းထောက်မစွာ သူမသည် ယနေ့နံနက်တွင် ဗီလာမှာ Isidoreကို ထားခဲ့ဖို့ အကြောင်းပြချက်တစ်ခု ရှာတွေ့ခဲ့သည်။ မဟုတ်ရင် သူမကို လိုက်ကြည့်နေတဲ့ သူ့မျက်လုံးတွေကို ရှောင်ရတာ အဆင်မပြေဖူး။
တောင်ပေါ်လမ်းတစ်ဝက်လောက်ရောက်တော့ ကားက မတက်နိုင်တော့ဘူး။
နောက်ဆုံး သဘာဝနေရာကိုလည်း ရောက်ခဲ့တယ်။
"ဒါက Hull National Forest Parkမှာ အကျော်ကြားဆုံးနဲ့ အထင်ကရဖြစ်တဲ့ရေပူစမ်း။" ဘာလို့လဲဆိုတော့ မြေအောက်က မြစ်က မျက်နှာပြင်နဲ့ အရမ်းနီးကပ်နေလို့။ အပေါ်ယံလွှာရှိ ရေကို အပူပေးပြီးနောက် အလုံပိတ်နေရာရှိ ဖိအားတွေ တိုးလာတယ်။ သတ်မှတ်ထားသော အတိုင်းတာတစ်ခုသို့ ရောက်ပြီးရင် အက်ကြောင်းတွေကနေ ရေငွေ့ ထွက်လာလိမ့်မယ်။
"၎င်း၏အဆင့်မြင့်လုပ်ဆောင်မှုများအတွင်း ၉၂ဒီဂရီစင်တီဂရိတ်ရှိတဲ့ရေက ၆၇မီတာအမြင့်ထိ မှုတ်ထုတ်နိုင်တယ်လို့ ဆိုတယ်။"
Monroe စိတ်ဆိုးနေသောကြောင့် ဧည့်လမ်းညွှန်ကို မစီစဉ်ခဲ့ပေ။
Hermanက ဒီအရာတွေကို ပိုစိတ်ဝင်စားတယ်။ လမ်းခရီးတွင် သတင်းအချက်အလတ်များစွာကို ဖတ်ခဲ့သောကြောင့် အဖြူရောင်အငွေ့တွေ ထုတ်လွှတ်နေသည့် စမ်းပေါက်ဝတွင် ရပ်ကာ ရှင်းပြသည်။
Maryဂရုတစိုက် နားထောင်နေသည်။ ရုတ်တရက်ပင် မြေအောက်မှ ရေတစ်တိုင် ပေါက်ထွက်လာသည်။
အမြင့်၆၇မီတာမဟုတ်ပေမယ့် အနည်းဆုံး၃၀မီတာလောက်တော့ ရှိမယ်။
Monroeက Maryကို နောက်သို့အနည်းငယ် ဆွဲလိုက်တယ်။ အခြားခရီးသည်များက မအော်ပဲမနေနိုင်။
Hughနှင့်Hermanသည် နောက်သို့ ဆုတ်လိုက်သည်။
သူတို့ဘေးက ဧည့်လမ်းညွှန်ကရှင်းပြတယ်။ "လူတိုင်း မကြောက်ကြပါနဲ့။ ဒါက သဘာဝဖြစ်စဉ်တစ်ခုပါ။ သတ်မှတ်ထားတဲ့အကြိမ်နဲ့ သတ်မှတ်ထားတဲ့ အချိန်တစ်ခုတွင် ပေါက်ကွဲမည်ဖြစ်သည်။ ငါတို့အားလုံး ဘေးကင်းတဲ့အကွာအဝေးမှာ ရှိနေတယ်။"
Maryသည် သူမ၏လက်မောင်းများကို ပွတ်သပ်ရင်း အနည်းငယ် ကြောက်ရွံ့နေသေးသည်။
၉၀ဒီဂရီရှိတဲ့ရေက လူ့အရေပြားကို တိုက်ရိုက်လောင်ကျွမ်းစေနိုင်တယ်။
သူတို့ တကယ် ကံကောင်းတယ်!
**************************Paid groupကိုဝင်ဖို့ပြောထားတဲ့ဒါဒါလေးတို့ link joinထားတာကို approveမလုပ်ရသေးတာဖြစ်ဖြစ် ငွေလွှဲပြီးသားကို linkတို့ စာဖိုင်တို့ကို မပို့ပေးရသေးတာမျိုးဆို Miaကို လာပြောပေးကြပါနော်။