ျမတ္ (မြတ် )

By WaiLwin016

19.7K 971 408

စစ္မွန္တဲ့ခ်စ္ျခင္းေမတၱာရဲ႕ေအးခ်မ္းတဲ့ပံုရိပ္အခ်ိဳ႕ကို လက္ေတြ႔ဘဝရဲ႕ အျဖစ္အပ်က္အခ်ိဳ႕အေပၚအေျခတည္ၿပီးေရးဖြဲ႔ထား... More

Intro(Z & U)
Start (Z & U)
Ep.2(Z & U)
Ep...3(Z & U)
Ep...4(Z & U)
Ep. ..5(Z & U)
Ep...6(Z &. U)
Ep....7(Z & U)
Ep....8(Z & U)
Ep...9(Z & U)
Ep...10(Z & U)
Ep. ..11(Z & U)
Ep...12(Z & U)
Ep...13(Z & U)
14(Z & U)
15(Z & U)
16(Z & U)
17(Z & U)
18(Z & U)
19(Z & U)
20(Z & U)
21(Z & U)
22(Z & U)
23(Z & U)
Ep...24(Z & U)
Ep. .25(Z & U)
Ep...26(Z & U)
ဇာတ္သိမ္း(Z & U)
ေက်းဇူးတင္လႊာ(Z & U)
Extra(Z & U)

Ep 1(Z & U)

1.4K 51 22
By WaiLwin016

Zawgyi

ေနရာအသစ္၊ေရေျမအသစ္တစ္ခုဟာ ကိုယ့္အတြက္ အစိမ္းသက္သက္ဆိုေပမဲ့ စိမ္းစိုေနတဲ့ေဘးပတ္ဝန္းက်င္ကို ၾကည့္ရင္း ရင္ထဲေအးခ်မ္းလာရသည္။လူေနထူထပ္ေသာ ၿမိဳ႕ျပတစ္ခုမွာ လူျဖစ္လာရၿပီး အံဆြဲသဖြယ္ တိုက္ခန္းငယ္မ်ားတြင္ ေနထိုင္ရသူမို႔ ခုလိုျခံက်ယ္ဝန္းက်ယ္ထဲေျခခ်မိခ်ိန္က် အသက္႐ွဴရတာကအစ လြတ္လပ္ေန၏။

''အဆင္ေျပရဲ႕လား သမီး။ေနခဲ့လို႔ျဖစ္လား။''

ကိုယ္တက္ခ်င္သည့္တကၠသိုလ္က ရန္ကုန္ကအမွတ္နဲ႔ဆို လိုက္မမွီေလေတာ့ နယ္ကိုေျပာင္းၿပီးအပ္ရျခင္းျဖစ္သည္။နယ္မွာေဆြမ်ိဴးမ႐ွိေပမဲ့ သူငယ္ခ်င္းရဲ႕အိမ္႐ွိေနလို႔သာ ေတာ္ေတာ့၏။

''အဆင္ေျပပါတယ္။ဒီမွာ မိုးႏြယ္ လဲ ႐ွိေနသားပဲ''

အိမ္ကေနေဝးၿပီး မေနခဲ့ဖူးသူမို႔ ေမေမတို႔ကားျပန္ထြက္သြားတာကိုၾကည့္ရင္း မ်က္ရည္ကဝဲခ်င္လာေသးသည္။သို႔ေသာ္လည္း ကိုယ္မငိုျဖစ္ခဲ့ေပ။

''လာ..သူငယ္ခ်င္း အိမ္ေပၚတက္စို႔။အားမနာနဲ႔ေနာ္။နင့္အိမ္လိုပဲသေဘာထား။ဟဲ့.ငျမတ္ အထုပ္ေတြဝိုင္းသယ္ေပးဦးေလ''

မိုးႏြယ္က ကိုယ့္ပခံုးကိုဖက္ကာ အားေပးရင္း ျခံထဲ တစ္လွမ္းခ်င္းလွမ္းဝင္လာသည့္ေကာင္ေလးဆီကိုပါ တစ္ခ်က္ေအာ္လိုက္ေသးသည္။မ်က္ႏွာဆင္တူပံုေထါက္လ်ွင္ မိုးႏြယ္၏ ေမာင္ေလးဆိုတာ ျဖစ္လိမ့္မည္။ခုနစ္ႏွစ္ကြာေၾကာင္းမိုးႏြယ္ေျပာျပတာၾကားဖူးထားေပမဲ့ အရပ္သိပ္မထြက္သည့္ကိုယ္နဲ႔ေတာ့ သူကမတိမ္းမယိမ္းျဖစ္လို႔ေန၏။

''ေက်းဇူးပဲ..ကေလး''

အထုပ္ေတြကိုေနသားတက်ခ်ေပးၿပီး ကိုယ့္စကားကိုလည္း ဘာဆိုဘာမွမတံု႔ျပန္။ၾကည့္လာသည့္မ်က္လံုးေလးေတြကေတာ့ၾကည္လင္ေနၿပီး မ်က္လံုးလွေၾကာင္းမၾကာခဏ ခ်ီးမြမ္းခံရသည့္ ကိုယ္ပင္လိုက္မမွီ။

''အဲ့ေကာင္ေလးက အဲ့လိုပဲ။မရင္းႏွီးရင္ စကားေျပာဖို႔ေၾကာက္''

မိုးႏြယ္က ေျပာေျပာဆိုဆိုနဲ႔ အထုပ္ေတြကိုေနရာခ်ေနၿပီမို႔ ကိုယ္လည္းပဲ အခန္းထဲကို အတူလိုက္ဝင္လိုက္သည္။မိုးႏြယ္တို႔က ေမာင္ႏွမသံုးေယာက္႐ွိၿပီး ပံုမွန္ဆို မိုးႏြယ္ကတစ္ခန္း၊သူ႔အကိုနဲ႔ေမာင္ေလးကတစ္ခန္း အိပ္ၾကတာျဖစ္သည္။ယခုေတာ့ အကိုျဖစ္သူကလည္း အေဆာင္ေနေက်ာင္းသားဆိုေတာ့ မိုးႏြယ္ရဲ႕အခန္းကို သူ႔ေမာင္ေလးဆီေပးၿပီး ႏွစ္ေယာက္အိပ္အခန္းက်ယ္ကိုေတာ့ ကိုယ္တို႔အိပ္ဖို႔အတြက္ လဲယူလိုက္တာပင္။

''နင့္အကို ျပန္လာေတာ့ေရာဘယ္လိုလုပ္မလဲ''

''ငါ့အကိုက ပိတ္ရက္မွျပန္လာတာ။ျပန္လာလည္း အိမ္ကပ္တာသိပ္မ႐ွိဘူး။ဟိုဘက္က ငါ့ႀကီးေတာ္ေတြဆီသြားအိပ္တာမ်ားတယ္''

ဒီလိုနဲ႔ပဲ ေနရာသစ္ေလးတစ္ခုမွာ ေႏြးေထြးတဲ့အိပ္ရာတစ္ခု ကိုယ္ ရ႐ွိခဲ့ေလၿပီ။

#

မိုးႏြယ္ ျပင္ဆင္ေနတာကို ျခံထဲမွာထိုင္ေစာင့္ေနရင္း လက္ကလည္း အၿငိမ္မေနႏိုင္စြာ ထီးအဆစ္ကိုအထုတ္အသြင္းျပဳလ်က္ ေဆာ့ေနမိသည္။လက္ကခါထုတ္လိုက္ အဆစ္ကထြက္သြားလိုက္၊တေျဖာင္းေျဖာင္းျပန္႐ိုက္သြင္းလိုက္ႏွင့္ ကိုယ္အလုပ္႐ႈပ္ေနသည္။

''ဂေလာက္...''

ထြက္ေပၚလာသည့္အသံေၾကာင့္ ကိုယ္ လွည့္ၾကည့္မိေတာ့ ခပ္လွမ္းလွမ္းမွာ မတ္တက္ရပ္ေနေသာ မိုးႏြယ္ေမာင္ေလးကို ျမင္လိုက္ရသည္။သူ႔လက္ထဲမွာေတာ့ ခိုထီးအမဲေလးက အ႐ိုးတျခား၊အရြက္တျခား။ကိုယ္ လုပ္သလို လိုက္လုပ္ရင္း အ႐ွိန္မထိန္းႏိုင္ဘဲ သူ႔ထီးအ႐ိုးေလးျပဳတ္ထြက္သြားပံုရ၏။

''ျပဳတ္သြားတာလား။အဆူခံရေတာ့မွာပဲ မင္းကေတာ့''

''....''

ပလစ္ခံရသည့္ခံစားခ်က္က ဒီကေလးနဲ႔မွ အႀကိမ္ႀကိမ္။ကိုယ့္ကို ဘာမွျပန္မေျပာဘဲ ေလွကားထစ္ေတြမွတဆင့္ အိမ္ေပၚေျပးတက္သြားခဲ့ေလၿပီ။သူ႔ပံုစံေလးကိုၾကည့္ၿပီး ရယ္လည္းရယ္ခ်င္မိသလို ကိုယ့္ပုံစံကပဲ ေၾကာက္စရာျဖစ္ေနသလားလို့ေတာင္ ျပန္ေတြးမိသည္အထိ။

''လာ..သြားမယ္။အငယ္ေကာင္ေတာ့ ထီးကို ပ်က္ေအာင္လုပ္ၿပီး မရမကျပန္တပ္ေနေလရဲ႕။အေမသိရင္ေတာ့ ေကာင္းေကာင္းအဆူခံရဦးမွာ''

''ဟယ္...အဲ့ဒါ..ငါလုပ္တာျကည့္ရင္း သူလိုက္လုပ္ရာက ျဖစ္သြားတာ။ကေလးကို သိပ္လဲ မဆူပါနဲ႔ဟယ္။''

''အေမလး။ဆူလဲ မမႈပါဘူးဟယ္။လာလာ..သြားမယ္။ေက်ာင္းေနာက္က်မယ္''

မိုးႏြယ္ ဆိုင္ကယ္ေနာက္မွာ တင္ပလြဲထိုင္လိုက္ရင္း အိမ္ထဲကို အၾကည့္ေရာက္မိေတာ့ လွစ္ခနဲဆိုသလိုတံခါးေနာက္ကို ပုန္းကြယ္သြားေသာ လူရိပ္ေလး။

#

မိုးႏြယ္တို႔ နယ္ဘက္မွာကက်ဴ႐ွင္ရယ္လို႔မ႐ွိဘဲ ေက်ာင္းကသင္သည့္စာနဲ႔သာ ၿပီးၾကရသည္။မိုးႏြယ္ေမာင္ေလးဆိုလည္း ေက်ာင္းကျပန္လာတာနဲ႔လြယ္အိတ္ခ်ၿပီး ဖခင္ကိုကူဖို႔ လယ္ထဲ၊ျခံထဲ ဆင္းသြားရတာကမ်ား၏။ေမာင္ႏွမသံုးေယာက္မွာအငယ္ဆံုးျဖစ္ေသာ္လည္း အႀကီးႏွစ္ေယာက္က သူ႔ေက်ာင္းနဲ႔သူအလုပ္႐ႈပ္ျပေနေတာ့ သူကသာ အိမ္အလုပ္ကိုဝိုင္းကူေနရသည္။

''ဟိတ္..ကေလး..လာဦး..ဒီကို''

ကိုယ္ေခၚလိုက္ေတာ့ ျခံေ႐ွ႕မွာဟိုေလ်ွာက္ဒီေလ်ွာက္လုပ္ေနရာကေန ကိုယ့္ဆီကို ခပ္သြက္သြက္လွမ္းလာေလသည္။

''ဒီမွာ မုန္႔ဆိုင္ေတြဘာေတြမ႐ွိဘူးလား''

''ဘာစားခ်င္လို႔လဲ''

''ေကာက္ညႇင္းထုတ္''

''အင္း..သြားဝယ္ေပးမယ္။ဒါပဲလား''

ကိုယ္ေခါင္းညိတ္ျပလိုက္ၿပီး လက္ထဲကပိုက္ဆံတစ္ရြက္ကိုပါ သူ႔လက္ထဲကမ္းေပးလိုက္ေတာ့ ဆတ္ခနဲလွမ္းယူကာ မ်က္စိေ႐ွ႕မွ လွည့္ထြက္သြားေတာ့သည္။မိုးႏြယ္နဲ႔ေမာင္ႏွမဆိုတာ ေျပာလို႔သာယံုရသည္။အက်င့္စ႐ိုက္ကေတာ့လားလားမွမသက္ဆိုင္ေပ။မိုးႏြယ္က စြာက်ယ္ၿပီးျပာသလူးႏိုင္သေလာက္ သူ႔ေမာင္ေလးကေတာ့ လူႀကီးဆန္ဆန္ေလးနဲ႔ခပ္ေအးေအးေနတတ္ပံုရ၏။

ခဏၾကာမွ ေကာက္ညႇင္းထုတ္ႏွစ္ထုတ္ႏွင့္အတူ ကိုယ့္ေ႐ွ႕ျပန္ေရာက္လာသည္။ေကာက္ညႇင္းထုတ္စားရတာႀကိဳက္ေသာ္လည္း ျဖည္သည့္အခါလက္မွာေစးကပ္ကုန္တာကိုေတာ့ ကိုယ္အင္မတန္မုန္းသည္။ခုလည္းပဲ ျဖည္ဖို႔ရာကို ကိုယ့္မွာ ဟိုဖိဒီဆြဲျဖင့္ လက္မေပဖို့အေရး အသည္းအသန္ ၾကံေဆာင္ေနမိသည္။

''ေပး...ဒီကို''

ဖ်တ္ခနဲဆိုသလို ဆြဲယူသြားၿပီး လ်င္လ်င္ျမန္ျမန္ပဲ ဖက္ေတြကိုျဖည္လိုက္ကာ အလံုးလိုက္ေလးျဖစ္သြားကာမွပန္းကန္ထဲထည့္ၿပီး ကိုယ့္ေ႐ွ႕သို႔ျပန္ခ်ေပးလာသည္။

''ေက်းဇူးပဲ..''

''ရပါတယ္...အမ်ားႀကီးေတာ့မစားနဲ႔။ဝမ္းခ်ဳပ္လိမ့္မယ္''

''အင္း..''

စိတ္လိုလက္ရျဖင့္ နားေထာင္ေနၿပီးကာမွ သူအႀကီးလား၊ကိုယ္အႀကီးလားဆိုတာကို ျပန္ေတြးမိေတာ့သည္။ၾကည့္ပါဦး။ကိုယ့္ကိုမ်ား အငယ္တစ္ေယာက္လို ေျပာဆိုလုပ္ကိုင္ေပးသြားတာမ်ား။

''စာေတြေရာ ရလား''

''ရတာေရာ မရတာေရာ''

''ငါ သင္ေပးရမလား''

''အားလို႔လား။''

''အင္း..အားပါတယ္။ငါလဲညဆိုစာျပန္လုပ္တာပဲဆိုေတာ့ အတူတူလာလုပ္ေလ''

မိုးႏြယ္ဆိုတဲ့မိန္းမက ေက်ာင္းသာပံုမွန္တက္ေသာ္လည္း စာကေတာ့စိတ္ပါမွထလုပ္တတ္သူမို႔ စာၾကည့္စားပြဲမွာ ထိုင္သည့္အခ်ိန္ကခပ္႐ွား႐ွား။တစ္ေယာက္တည္း စာလုပ္ရမဲ့အတူတူေတာ့ ျမတ္ နဲ႔အေဖာ္လုပ္ရတာ မဆိုးပါဘူးေလ။

#

ျမတ္ရဲ႕လက္ေရးေလးေတြ ဝိုင္းစက္မေနေပမဲ့ ေသးသြယ္ျပီး ၾကည့္လို့ို႔လွသည့္အျပင္ စာေတြကလည္း သူ႔ေနရာနဲ့သူ ေသေသသပ္သပ္တည္ရွိေနေလသည္။မိုးႏြယ္ဆီက ၾကားရသေလာက္ေတာ့ ျမတ္က အတန္းထဲ႐ွိ လူဦးေရ၏ ထိပ္ပိုင္းမွာ ေနရာယူထားေသာ ေက်ာင္းသားတစ္ေယာက္တဲ့ေလ။

''အိမ္စာပါတာလား''

''အင္း..''

စာၾကည့္စားပြဲက နံရံဘက္ကိုအၿပီးကပ္ထားတာမို႔ ကိုယ့္ေဘးမွာတင္ေနရာေပးလိုက္ၿပီး သူ႔စာအုပ္ေတြတင္ဖို႔ပါအစ စီစဥ္ေနရာခ်ေပးလိုက္သည္။စားပြဲက သိပ္မက်ယ္လြန္းေပမဲ့ ႏွစ္ေယာက္အတြက္ေတာ့ေကာင္းေကာင္းဆန္႔၏။

''မတြက္တတ္တာက်ရင္ ေမးေလ။အကုန္လံုးေတာ့မမွတ္မိေပမဲ့ ျပန္ၾကည့္ရင္ေတာ့ေျပာျပတတ္မွာပါ''

''အင္း..''

ကိုယ္နဲ႔ျမတ္ ႏွစ္ေယာက္သား စာေတြၾကားေခါင္းစိုက္ေနေပမဲ့ မိုးႏြယ္ကေတာ့ TVေ႐ွ႕ငုတ္တုတ္ထိုင္ရင္း တဟားဟားျဖင့္ပြဲက်ေနေလသည္။ဆယ္တန္းတစ္ႏွစ္ေတာ့ မီးကုန္ယမ္းကုန္ႀကိဳးစားၿပီး တကၠသိုလ္ေရာက္ကာမွ ေအးရာေအးေၾကာင္းေနေနလိုက္တာမ်ား မသိရင္စာေမးပြဲမ႐ွိေတာ့သည့္အတိုင္း။အနားနီးမွ ဟိုဟာမရဘူး၊ဒီဟာမရဘူး ညည္းညဴၾကည့္ ပိတ္ကိုကန္ပစ္လိုက္ဦးမည္။

''အိပ္ငိုက္ေနတာလား..''

''အင္း..''

ဟုတ္တာေပါ့။မနက္ဆိုေက်ာင္းမသြားခင္ ခပ္ေစာေစာထၿပီး ျခံထဲေရေလာင္းရေသးတာကိုး။

''အိပ္ခ်င္သြားအိပ္ေတာ့ေလ''

''စာမၿပီးေသးဘူး''

''ထၿပီး မ်က္ႏွာသြားသစ္လိုက္..ၿပီးမွ ဆက္လုပ္''

''အင္း..အိပ္ေတာ့မွာလား''

ေနရာကေန ထၿပီးကာမွ ကိုယ့္ဘက္ကိုလွည့္လို႔အေမး႐ွိလာေလသည္။

''မအိပ္ေသးပါဘူး။ၿပီးတဲ့အထိ ေစာင့္ေပးမယ္။သြား..မ်က္ႏွာသာအရင္သစ္လ္ိုက္။''

ထိုအခါမွ အခန္းျပင္ကို ခပ္သြက္သြက္ထြက္သြားၿပီး ေနာက္ေဖးေရကျပင္ဘက္ ေျပးဆင္းသြားေတာ့သည္။

#

ေနလာရင္းမွ ကိုယ္သိလာတာတစ္ခုက ျမတ္ဆိုတါတစ္အိမ္လံုးမွာအငယ္ဆံုးဆိုသည့္တိုင္ အလိုလိုက္ခံရတာမ်ိဳးက မ႐ွိသေလာက္႐ွား၏။အေဝးမွာေက်ာင္းတက္ေနသည့္သားကိုဂ႐ုစိုက္ရသည္ကတစ္မ်ိဴး၊အိမ္မွာ႐ွိသည့္မိုးႏြယ္ကို လုပ္ကိုင္ေပးရသည္ကတစ္ေၾကာင္းႏွင့္ အငယ္ေလးကေတာ့ သူ႔ကိစၥသူလုပ္ကိုင္ရင္း မိသားစုကို အပူကပ္တာမ်ိဴး မျမင္ဖူးခဲ့။

''ျမတ္...လာေလ''

ေက်ာင္းပိတ္ရက္ဆို မိုးႏြယ္တို႔ျခံဝန္းပတ္ခ်ာလည္က ကေလးတစ္ခ်ိဳ႕ကိုယ့္ဆီေရာက္လာၿပီး ပံုျပင္နားေထာင္ၾကသည္။ပိတ္ရက္တစ္ရက္မွာ အက်င့္လုပ္မိရာမွ ပိတ္ရက္တိုင္းလိုလိုကို ပံုျပင္ေျပာဖို႔ေတာင္းဆိုခံရေတာ့တာပင္။ခုလည္းပဲ ျခံထဲ မန္က်ည္းပင္ရိပ္ေအာက္ ကိုယ္နဲ႔ကေလးတစ္စုဝိုင္းထိုင္ေနဆဲ အိမ္ေပၚကေန ျမတ္လွမ္းၾကည့္ေနတာမို႔ ကိုယ္ေခၚလိုက္ျခင္းျဖစ္သည္။တကယ္ဆို သူ႔အရြယ္ေလးကလည္း ကေလးသာသာမဟုတ္လား။

''လာ..ဒီမွာထိုင္''

ကေလးေတြက ကိုယ့္အေ႐ွ႕မွာသာေနရာယူၿပီးဝိုင္းထိုင္ေနတာဆိုေတာ့ ကိုယ့္ေဘးမွာသာ လာထိုင္ဖို႔ ေနရာလုပ္ေပးလိုက္သည္။

''ဟိုးေ႐ွးေ႐ွးတုန္းက.....''

ပံုျပင္ေျပာေနဆဲမွာ ေဘးကေန႐ုတ္တရက္ထထြက္သြားၿပီး အိမ္ေပၚသို႔လွမ္းတက္သြားေလသည္။ပံုျပင္နားေထာင္ရတာ မႀကိဳက္လို႔လို႔ထင္လိုက္မိသည့္အေတြးက ယပ္ေတာင္ေလးကိုင္ကာ သူျပန္ေရာက္လာမွ မွားမွန္းသိလိုက္သည္။ခုနကအထိ ပူအိုက္ကာ ေခြၽးမ်ားစိုအိေနေသာ ခႏၶာကိုယ္က ျမတ္ေက်းဇူးေၾကာင့္ တျဖည္းျဖည္းေအးလာၿပီး ေနလို႔အလြန္ေကာင္းေနေတာ့၏။

''လက္ေညာင္းပါတယ္..မခတ္နဲ႔ေတာ့။ရၿပီ...သိပ္မပူေတာ့ဘူး''

''ေျပာစရာ႐ွိတာဆက္ေျပာပါ။''

ကိုယ္က အားနာလို႔ဆိုေပမဲ့ သူကေတာ့ပံုျပင္နားေထာင္ရတာအ႐ွိန္မပ်က္ဖို႔က ပိုအေရးႀကီးပံုရပါရဲ႕။

#

Unicode

နေရာအသစ်၊ရေမြေအသစ်တစ်ခုဟာ ကိုယ့်အတွက် အစိမ်းသက်သက်ဆိုပေမဲ့ စိမ်းစိုနေတဲ့ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း ရင်ထဲအေးချမ်းလာရသည်။လူနေထူထပ်သော မြို့ပြတစ်ခုမှာ လူဖြစ်လာရပြီး အံဆွဲသဖွယ် တိုက်ခန်းငယ်များတွင် နေထိုင်ရသူမို့ ခုလိုခြံကျယ်ဝန်းကျယ်ထဲခြေချမိချိန်ကျ အသက်ရှူရတာကအစ လွတ်လပ်နေ၏။

''အဆင်ပြေရဲ့လား သမီး။နေခဲ့လို့ဖြစ်လား။''

ကိုယ်တက်ချင်သည့်တက္ကသိုလ်က ရန်ကုန်ကအမှတ်နဲ့ဆို လိုက်မမှီလေတော့ နယ်ကိုပြောင်းပြီးအပ်ရခြင်းဖြစ်သည်။နယ်မှာဆွေမျိူးမရှိပေမဲ့ သူငယ်ချင်းရဲ့အိမ်ရှိနေလို့သာ တော်တော့၏။

''အဆင်ပြေပါတယ်။ဒီမှာ မိုးနွယ် လဲ ရှိနေသားပဲ''

အိမ်ကနေဝေးပြီး မနေခဲ့ဖူးသူမို့ မေမေတို့ကားပြန်ထွက်သွားတာကိုကြည့်ရင်း မျက်ရည်ကဝဲချင်လာသေးသည်။သို့သော်လည်း ကိုယ်မငိုဖြစ်ခဲ့ပေ။

''လာ..သူငယ်ချင်း အိမ်ပေါ်တက်စို့။အားမနာနဲ့နော်။နင့်အိမ်လိုပဲသဘောထား။ဟဲ့.ငမြတ် အထုပ်တွေဝိုင်းသယ်ပေးဦးလေ''

မိုးနွယ်က ကိုယ့်ပခုံးကိုဖက်ကာ အားပေးရင်း ခြံထဲ တစ်လှမ်းချင်းလှမ်းဝင်လာသည့်ကောင်လေးဆီကိုပါ တစ်ချက်အော်လိုက်သေးသည်။မျက်နှာဆင်တူပုံထေါက်လျှင် မိုးနွယ်၏ မောင်လေးဆိုတာ ဖြစ်လိမ့်မည်။ခုနစ်နှစ်ကွာကြောင်းမိုးနွယ်ပြောပြတာကြားဖူးထားပေမဲ့ အရပ်သိပ်မထွက်သည့်ကိုယ်နဲ့တော့ သူကမတိမ်းမယိမ်းဖြစ်လို့နေ၏။

''ကျေးဇူးပဲ..ကေလး''

အထုပ်တွေကိုနေသားတကျချပေးပြီး ကိုယ့်စကားကိုလည်း ဘာဆိုဘာမှမတုံ့ပြန်။ကြည့်လာသည့်မျက်လုံးလေးတွေကတော့ကြည်လင်နေပြီး မျက်လုံးလှကြောင်းမကြာခဏ ချီးမွမ်းခံရသည့် ကိုယ်ပင်လိုက်မမှီ။

''အဲ့ကောင်လေးက အဲ့လိုပဲ။မရင်းနှီးရင် စကားပြောဖို့ကြောက်''

မိုးနွယ်က ပြောပြောဆိုဆိုနဲ့ အထုပ်တွေကိုနေရာချနေပြီမို့ ကိုယ်လည်းပဲ အခန်းထဲကို အတူလိုက်ဝင်လိုက်သည်။မိုးနွယ်တို့က မောင်နှမသုံးယောက်ရှိပြီး ပုံမှန်ဆို မိုးနွယ်ကတစ်ခန်း၊သူ့အကိုနဲ့မောင်လေးကတစ်ခန်း အိပ်ကြတာဖြစ်သည်။ယခုတော့ အကိုဖြစ်သူကလည်း အဆောင်နေကျောင်းသားဆိုတော့ မိုးနွယ်ရဲ့အခန်းကို သူ့မောင်လေးဆီပေးပြီး နှစ်ယောက်အိပ်အခန်းကျယ်ကိုတော့ ကိုယ်တို့အိပ်ဖို့အတွက် လဲယူလိုက်တာပင်။

''နင့်အကို ပြန်လာတော့ရောဘယ်လိုလုပ်မလဲ''

''ငါ့အကိုက ပိတ်ရက်မှပြန်လာတာ။ပြန်လာလည်း အိမ်ကပ်တာသိပ်မရှိဘူး။ဟိုဘက်က ငါ့ကြီးတော်တွေဆီသွားအိပ်တာများတယ်''

ဒီလိုနဲ့ပဲ နေရာသစ်လေးတစ်ခုမှာ နွေးထွေးတဲ့အိပ်ရာတစ်ခု ကိုယ် ရရှိခဲ့လေပြီ။

#

မိုးနွယ် ပြင်ဆင်နေတာကို ခြံထဲမှာထိုင်စောင့်နေရင်း လက်ကလည်း အငြိမ်မနေနိုင်စွာ ထီးအဆစ်ကိုအထုတ်အသွင်းပြုလျက် ဆော့နေမိသည်။လက်ကခါထုတ်လိုက် အဆစ်ကထွက်သွားလိုက်၊တဖြောင်းဖြောင်းပြန်ရိုက်သွင်းလိုက်နှင့် ကိုယ်အလုပ်ရှုပ်နေသည်။

''ဂလောက်...''

ထွက်ပေါ်လာသည့်အသံကြောင့် ကိုယ် လှည့်ကြည့်မိတော့ ခပ်လှမ်းလှမ်းမှာ မတ်တက်ရပ်နေသော မိုးနွယ်မောင်လေးကို မြင်လိုက်ရသည်။သူ့လက်ထဲမှာတော့ ခိုထီးအမဲလေးက အရိုးတခြား၊အရွက်တခြား။ကိုယ် လုပ်သလို လိုက်လုပ်ရင်း အရှိန်မထိန်းနိုင်ဘဲ သူ့ထီးအရိုးလေးပြုတ်ထွက်သွားပုံရ၏။

''ပြုတ်သွားတာလား။အဆူခံရတော့မှာပဲ မင်းကတော့''

''....''

ပလစ်ခံရသည့်ခံစားချက်က ဒီကလေးနဲ့မှ အကြိမ်ကြိမ်။ကိုယ့်ကို ဘာမှပြန်မပြောဘဲ လှေကားထစ်တွေမှတဆင့် အိမ်ပေါ်ပြေးတက်သွားခဲ့လေပြီ။သူ့ပုံစံလေးကိုကြည့်ပြီး ရယ်လည်းရယ်ချင်မိသလို ကိုယ့်ပုံစံကပဲ ကြောက်စရာဖြစ်နေသလားလို့တောင် ပြန်တွေးမိသည်အထိ။

''လာ..သွားမယ်။အငယ်ကောင်တော့ ထီးကို ပျက်အောင်လုပ်ပြီး မရမကပြန်တပ်နေလေရဲ့။အမေသိရင်တော့ ကောင်းကောင်းအဆူခံရဦးမှာ''

''ဟယ်...အဲ့ဒါ..ငါလုပ်တာကြည့်ရင်း သူလိုက်လုပ်ရာက ဖြစ်သွားတာ။ကလေးကို သိပ်လဲ မဆူပါနဲ့ဟယ်။''

''အေမလး။ဆူလဲ မမှုပါဘူးဟယ်။လာလာ..သွားမယ်။ကျောင်းနောက်ကျမယ်''

မိုးနွယ် ဆိုင်ကယ်နောက်မှာ တင်ပလွဲထိုင်လိုက်ရင်း အိမ်ထဲကို အကြည့်ရောက်မိတော့ လှစ်ခနဲဆိုသလိုတံခါးနောက်ကို ပုန်းကွယ်သွားသော လူရိပ်လေး။

#

မိုးနွယ်တို့ နယ်ဘက်မှာကကျူရှင်ရယ်လို့မရှိဘဲ ကျောင်းကသင်သည့်စာနဲ့သာ ပြီးကြရသည်။မိုးနွယ်မောင်လေးဆိုလည်း ကျောင်းကပြန်လာတာနဲ့လွယ်အိတ်ချပြီး ဖခင်ကိုကူဖို့ လယ်ထဲ၊ခြံထဲ ဆင်းသွားရတာကများ၏။မောင်နှမသုံးယောက်မှာအငယ်ဆုံးဖြစ်သော်လည်း အကြီးနှစ်ယောက်က သူ့ကျောင်းနဲ့သူအလုပ်ရှုပ်ပြနေတော့ သူကသာ အိမ်အလုပ်ကိုဝိုင်းကူနေရသည်။

''ဟိတ်..ကေလး..လာဦး..ဒီကို''

ကိုယ်ခေါ်လိုက်တော့ ခြံရှေ့မှာဟိုလျှောက်ဒီလျှောက်လုပ်နေရာကနေ ကိုယ့်ဆီကို ခပ်သွက်သွက်လှမ်းလာလေသည်။

''ဒီမွာ မုန့်ဆိုင်တွေဘာတွေမရှိဘူးလား''

''ဘာစားချင်လို့လဲ''

''ကောက်ညှင်းထုတ်''

''အင်း..သွားဝယ်ပေးမယ်။ဒါပဲလား''

ကိုယ်ခေါင်းညိတ်ပြလိုက်ပြီး လက်ထဲကပိုက်ဆံတစ်ရွက်ကိုပါ သူ့လက်ထဲကမ်းပေးလိုက်တော့ ဆတ်ခနဲလှမ်းယူကာ မျက်စိရှေ့မှ လှည့်ထွက်သွားတော့သည်။မိုးနွယ်နဲ့မောင်နှမဆိုတာ ပြောလို့သာယုံရသည်။အကျင့်စရိုက်ကတော့လားလားမှမသက်ဆိုင်ပေ။မိုးနွယ်က စွာကျယ်ပြီးပြာသလူးနိုင်သလောက် သူ့မောင်လေးကတော့ လူကြီးဆန်ဆန်လေးနဲ့ခပ်အေးအေးနေတတ်ပုံရ၏။

ခဏကြာမှ ကောက်ညှင်းထုတ်နှစ်ထုတ်နှင့်အတူ ကိုယ့်ရှေ့ပြန်ရောက်လာသည်။ကောက်ညှင်းထုတ်စားရတာကြိုက်သော်လည်း ဖြည်သည့်အခါလက်မှာစေးကပ်ကုန်တာကိုတော့ ကိုယ်အင်မတန်မုန်းသည်။ခုလည်းပဲ ဖြည်ဖို့ရာကို ကိုယ့်မှာ ဟိုဖိဒီဆွဲဖြင့် လက်မပေဖို့အရေး အသည်းအသန် ကြံဆောင်နေမိသည်။

''ပေး...ဒီကို''

ဖ်တ္ခနဲဆိုသလို ဆွဲယူသွားပြီး လျင်လျင်မြန်မြန်ပဲ ဖက်တွေကိုဖြည်လိုက်ကာ အလုံးလိုက်လေးဖြစ်သွားကာမှပန်းကန်ထဲထည့်ပြီး ကိုယ့်ရှေ့သို့ပြန်ချပေးလာသည်။

''ကျေးဇူးပဲ..''

''ရပါတယ်...အများကြီးတော့မစားနဲ့။ဝမ်းချုပ်လိမ့်မယ်''

''အင်း..''

စိတ်လိုလက်ရဖြင့် နားထောင်နေပြီးကာမှ သူအကြီးလား၊ကိုယ်အကြီးလားဆိုတာကို ပြန်တွေးမိတော့သည်။ကြည့်ပါဦး။ကိုယ့်ကိုများ အငယ်တစ်ယောက်လို ပြောဆိုလုပ်ကိုင်ပေးသွားတာများ။

''စာတွေရော ရလား''

''ရတာရော မရတာရော''

''ငါ သင်ပေးရမလား''

''အားလို့လား။''

''အင်း..အားပါတယ်။ငါလဲညဆိုစာပြန်လုပ်တာပဲဆိုတော့ အတူတူလာလုပ်လေ''

မိုးနွယ်ဆိုတဲ့မိန်းမက ကျောင်းသာပုံမှန်တက်သော်လည်း စာကတော့စိတ်ပါမှထလုပ်တတ်သူမို့ စာကြည့်စားပွဲမှာ ထိုင်သည့်အချိန်ကခပ်ရှားရှား။တစ်ယောက်တည်း စာလုပ်ရမဲ့အတူတူတော့ မြတ် နဲ့အဖော်လုပ်ရတာ မဆိုးပါဘူးလေ။

#

မြတ်ရဲ့လက်ရေးလေးတွေ ဝိုင်းစက်မနေပေမဲ့ သေးသွယ်ပြီး ကြည့်လို့ို့လှသည့်အပြင် စာတွေကလည်း သူ့နေရာနဲ့သူ သေသေသပ်သပ်တည်ရှိနေလေသည်။မိုးနွယ်ဆီက ကြားရသလောက်တော့ မြတ်က အတန်းထဲရှိ လူဦးရေ၏ ထိပ်ပိုင်းမှာ နေရာယူထားသော ကျောင်းသားတစ်ယောက်တဲ့လေ။

''အိမ္စာပါတာလား''

''အင်း..''

စာကြည့်စားပွဲက နံရံဘက်ကိုအပြီးကပ်ထားတာမို့ ကိုယ့်ဘေးမှာတင်နေရာပေးလိုက်ပြီး သူ့စာအုပ်တွေတင်ဖို့ပါအစ စီစဉ်နေရာချပေးလိုက်သည်။စားပွဲက သိပ်မကျယ်လွန်းပေမဲ့ နှစ်ယောက်အတွက်တော့ကောင်းကောင်းဆန့်၏။

''မတွက်တတ်တာကျရင် မေးလေ။အကုန်လုံးတော့မမှတ်မိပေမဲ့ ပြန်ကြည့်ရင်တော့ပြောပြတတ်မှာပါ''

''အင်း..''

ကိုယ်နဲ့မြတ် နှစ်ယောက်သား စာတွေကြားခေါင်းစိုက်နေပေမဲ့ မိုးနွယ်ကတော့ TVရှေ့ငုတ်တုတ်ထိုင်ရင်း တဟားဟားဖြင့်ပွဲကျနေလေသည်။ဆယ်တန်းတစ်နှစ်တော့ မီးကုန်ယမ်းကုန်ကြိုးစားပြီး တက္ကသိုလ်ရောက်ကာမှ အေးရာအေးကြောင်းနေနေလိုက်တာများ မသိရင်စာမေးပွဲမရှိတော့သည့်အတိုင်း။အနားနီးမှ ဟိုဟာမရဘူး၊ဒီဟာမရဘူး ညည်းညူကြည့် ပိတ်ကိုကန်ပစ်လိုက်ဦးမည်။

''အိပ်ငိုက်နေတာလား..''

''အင်း..''

ဟုတ်တာပေါ့။မနက်ဆိုကျောင်းမသွားခင် ခပ်စောစောထပြီး ခြံထဲရေလောင်းရသေးတာကိုး။

''အိပ်ချင်သွားအိပ်တော့လေ''

''စာမပြီးသေးဘူး''

''ထပြီး မျက်နှာသွားသစ်လိုက်..ပြီးမှ ဆက်လုပ်''

''အင်း..အိပ်တော့မှာလား''

နေရာကနေ ထပြီးကာမှ ကိုယ့်ဘက်ကိုလှည့်လို့အမေးရှိလာလေသည်။

''မအိပ်သေးပါဘူး။ပြီးတဲ့အထိ စောင့်ပေးမယ်။သွား..မျက်နှာသာအရင်သစ်လ်ိုက်။''

ထိုအခါမွ အခန်းပြင်ကို ခပ်သွက်သွက်ထွက်သွားပြီး နောက်ဖေးရေကပြင်ဘက် ပြေးဆင်းသွားတော့သည်။

#

နေလာရင်းမှ ကိုယ္သိလာတာတစ္ခုက မြတ်ဆိုတါတစ်အိမ်လုံးမှာအငယ်ဆုံးဆိုသည့်တိုင် အလိုလိုက်ခံရတာမျိုးက မရှိသလောက်ရှား၏။အဝေးမှာကျောင်းတက်နေသည့်သားကိုဂရုစိုက်ရသည်ကတစ်မျိူး၊အိမ်မှာရှိသည့်မိုးနွယ်ကို လုပ်ကိုင်ပေးရသည်ကတစ်ကြောင်းနှင့် အငယ်လေးကတော့ သူ့ကိစ္စသူလုပ်ကိုင်ရင်း မိသားစုကို အပူကပ်တာမျိူး မမြင်ဖူးခဲ့။

''မြတ်...လာလေ''

ကျောင်းပိတ်ရက်ဆို မိုးနွယ်တို့ခြံဝန်းပတ်ချာလည်က ကလေးတစ်ချို့ကိုယ့်ဆီရောက်လာပြီး ပုံပြင်နားထောင်ကြသည်။ပိတ်ရက်တစ်ရက်မှာ အကျင့်လုပ်မိရာမှ ပိတ်ရက်တိုင်းလိုလိုကို ပုံပြင်ပြောဖို့တောင်းဆိုခံရတော့တာပင်။ခုလည်းပဲ ခြံထဲ မန်ကျည်းပင်ရိပ်အောက် ကိုယ်နဲ့ကလေးတစ်စုဝိုင်းထိုင်နေဆဲ အိမ်ပေါ်ကနေ မြတ်လှမ်းကြည့်နေတာမို့ ကိုယ်ခေါ်လိုက်ခြင်းဖြစ်သည်။တကယ်ဆို သူ့အရွယ်လေးကလည်း ကေလးသာသာမဟုတ္လား။

''လာ..ဒီမှာထိုင်''

ကလေးတွေက ကိုယ့်အရှေ့မှာသာနေရာယူပြီးဝိုင်းထိုင်နေတာဆိုတော့ ကိုယ့်ဘေးမှာသာ လာထိုင်ဖို့ နေရာလုပ်ပေးလိုက်သည်။

''ဟိုးရှေးရှေးတုန်းက.....''

ပုံပြင်ပြောနေဆဲမှာ ဘေးကနေရုတ်တရက်ထထွက်သွားပြီး အိမ်ပေါ်သို့လှမ်းတက်သွားလေသည်။ပုံပြင်နားထောင်ရတာ မကြိုက်လို့လို့ထင်လိုက်မိသည့်အတွေးက ယပ်တောင်လေးကိုင်ကာ သူပြန်ရောက်လာမှ မှားမှန်းသိလိုက်သည်။ခုနကအထိ ပူအိုက္ကာ ချွေးများစိုအိနေသော ခန္ဓာကိုယ်က မြတ်ကျေးဇူးကြောင့် တဖြည်းဖြည်းအေးလာပြီး နေလို့အလွန်ကောင်းနေတော့၏။

''လက်ညောင်းပါတယ်..မခတ်နဲ့တော့။ရပြီ...သိပ်မပူတော့ဘူး''

''ပြောစရာရှိတာဆက်ပြောပါ။''

ကိုယ္က အားနာလို့ဆိုပေမဲ့ သူကတော့ပုံပြင်နားထောင်ရတာအရှိန်မပျက်ဖို့က ပိုအရေးကြီးပုံရပါရဲ့။

#

Continue Reading

You'll Also Like

118K 3.4K 27
အချစ်ဆိုတဲ့အရာက ချိုသလား ခါးသလား ပျော်ရွှင်ရသလား နာကျင်သလားဆိုတာတောင် မသိခဲ့ဘူး ( ရပ်ဝန်းငယ် ) မင်းနဲ့အတူရှိရမယ့်အနာဂါတ်မှာ မင်းအတွက်အရာအားလုံးကို င...
337K 11.7K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
324K 8K 78
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
322K 3.4K 16
" ကိုယ့်ရဲ့ အသက်သွေးကြောက မင်းပဲဆူး ကိုယ့်နှလုံးသားရဲ့ သခင်မကလဲ မင်းပဲ နောက်ဆုံးခွဲခွာရရင်တောင် မင်းကိုလဲ ကိုယ်မထားခဲ့ဘူး ကိုယ့်ကိုလဲ မင်းမထားခဲ့နဲ့ ...