လမင်းမျှော်သူ ( လမင္းေမွ်ာ္သူ...

PhyuLayy1 tarafından

1.1M 115K 7.9K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္... Daha Fazla

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ ( Zawgyi + Unicode )
အပိုင္း - ၂၀ ( Zawgyi + Unicode )
အပိုင္း - ၂၁ ( Zawgyi + Unicode )
အပိုင္း - ၂၂ ( Zawgyi + Unicode )
အပိုင္း - ၂၃ ( Zawgyi + Unicode )
အပိုင္း - ၂၄ ( Zawgyi + Unicode )
အပိုင္း - ၂၅ ( Zawgyi + Unicode )
အပိုင္း - ၂၆ ( Zawgyi + Unicode )
အပိုင္း - ၂၇ ( Zawgyi + Unicode )
အပိုင္း - ၂၈ ( Zawgyi + Unicode )
အပိုင္း - ၂၉ ( Zawgyi + Unicode )
အပိုင္း - ၃၀ ( Zawgyi + Unicode )
အပိုင္း - ၃၁ (Zawgyi + Unicode )
အပိုင္း - ၃၂ ( Zawgyi + Unicode )
အပိုင္း - ၃၃ ( Zawgyi + Unicode )
အပိုင္း - ၃၄ ( Zawgyi + Unicode )
အပိုင္း - ၃၅ ( Zawgyi + Unicode )
အပိုင္း - ၃၆ ( Zawgyi + Unicode )
အပိုင္း - ၃၇ ( Zawgyi + Unicode )
အပိုင္း - ၃၈ ( Zawgyi + Unicode )
အပိုင္း - ၃၉ ( Zawgyi + Unicode )
အပိုင္း - ၄၀ Final ( Zawgyi + Unicode )
ေက်းဇူးတင္လႊာ ( ကျေးဇူးတင်လွှာ )
Extra - 1 ( Zawgyi + Unicode )
ေၾကာ္ျငာ (ကြော်ငြာ)
Extra - 2 (Married Life)
Extra - 3 (Married life)

Extra (Final)

9.8K 796 28
PhyuLayy1 tarafından

#For Zawgyi

လမင္းေမွ်ာ္သူ (Extra Final)

December 31 ရက္ေန႔ ။

ဒီေန႔ည New year ပြဲေလးက်င္းပဖို႔ ထင္းထင္သာတို႔အိမ္ေလးမွာ မိသားစုအကုန္ လူစံုေနၾကသည္ ။ ဘြားဘြား ၊ ေဖေဖ ၊ ေမေမ ၊ အန္တီခင္ ၊ အကို႔ေမေမ...ၿပီးေတာ့ ကိုဆက္ေန နဲ႔ မမ ။ ေနာက္ထပ္ကေတာ့ ကိုဆက္ေန နဲ႔ မမ ရဲ႕ အမႊာသားေလးႏွစ္ေယာက္ ။ ေက်ာင္းနာမည္မေပးရေသး၍ ဝမ္းဝမ္းနဲ႔တူးတူး ဟု အလြယ္ေပးထားေသာ ထိုနာမည္ပိုင္ရွင္ကေလးႏွစ္ေယာက္မွာ ေလးႏွစ္ျပည္႔ခါနီးအရြယ္ေလးေတြမို႔ တီတီတာတာနဲ႔ အလြန္ခ်စ္စရာေကာင္းၾကသည္ ။ ထိုကေလးႏွစ္ေယာက္ရဲ႕ထူးျခားခ်က္က အခ်င္းခ်င္းခြၽတ္စြပ္ႀကီးမတူၾကဘဲ ဝမ္းဝမ္းက အကိုနဲ႔ မ်က္ႏွာေပါက္ဆင္ကာ တူးတူးကေတာ့ သူနဲ႔ဆင္ေနတာပင္ ။ ဒါေၾကာင့္လည္း ဒီကေလးႏွစ္ေယာက္က သူနဲ႔အကိုရဲ႕ အသည္းေက်ာ္ေလးေတြျဖစ္ေနၾကေတာ့သည္ေပါ့ ။

မမက ဝမ္းဝမ္းနဲ႔တူးတူးကို ကိုယ္ဝန္လြယ္ထားတဲ့အခ်ိန္မွာ ႏွစ္ဖက္မိဘေတြအကုန္လံုးက "ေမြးလာမယ့္ကေလးေလးေတြက ဆက္ေစတို႔ အသာတို႔နဲ႔ တူရင္ေကာင္းမယ္ ၊ အေဖ အေမနဲ႔ တူရင္ေတာ့ ေခါင္းေၾကာမာၿပီး ေျပာရဆိုရလက္ေပါက္ကပ္မွာစိုးရတယ္" ဟု ခဏခဏေျပာၾကလို႔လားမသိ ။ တကယ္တမ္းေမြးလာတဲ့အခ်ိန္မွာ ကေလးေလးႏွစ္ေယာက္လံုးဟာ ထိုကဲ့သို႔ ျဖစ္လာၾကေတာ့တာပင္ ။ အကိုတို႔ဘက္မွာေရာ သူတို႔ဘက္မွာပါ ဝမ္းဝမ္းနဲ႔တူးတူးက ေျမးဦးေလးေတြမို႔ အကုန္လံုးရဲ႕သဲသဲလႈပ္ ဂ႐ုစိုက္ျခင္းကိုခံရေလေသာ ဖိုးကံေကာင္းေလးေတြျဖစ္ေနေတာ့သည္ ။

" အသာ အသာ "

သူ႔ေဘာင္းဘီစကိုဆြဲကာေခၚေနတဲ့ ဝမ္းဝမ္းေၾကာင့္ အလွမီးသီးေလးေတြ ခ်ိတ္ဆြဲေနရာက ငံု႔ၿပီးထူးရေသးသည္ ။ မဟုတ္လို႔ကေတာ့ မထူးမခ်င္းကို ဆက္တိုက္ေခၚေနေတာ့မည္ေလ ။

" ဘာလဲ ဝမ္းဝမ္းေလးရဲ႕ "

သူ႔အား ဦးငယ္လို႔ေခၚဖို႔ လူႀကီးေတြက ဘယ္လိုပဲသင္ေပးသင္ေပး ဒီကေလးႏွစ္ေယာက္ကေတာ့ အကိုေခၚသလို အသာဟုပင္ ေခၚၾကေလ၏ ။ တစ္ခါတစ္ခါ အကိုက ကေလးေတြႏွင့္အၿပိဳင္ စိတ္လုပ္ကာ "အသာ ဆိုတာ ငါေခၚတဲ့နာမည္ ၊ မင္းတို႔လိုက္ေခၚစရာမလိုဘူး" ဟု ဘုေတာတတ္ေသးသည္ ။ ဘယ္သူေတြကပဲ ဘာေျပာလို႔ေနေန အႏွီကေလးႏွစ္ေယာက္ကေတာ့ ေခၚခ်င္သလိုေခၚျမဲပါပင္ ။

" ေဖေဖေလ...ေဖေဖ "

" အင္း ေဖေဖက ဘာျဖစ္လို႔လဲ "

" အသာဝယ္လာတဲ့ပန္းသီးေတြကို ေဖေဖက ႏိႈက္စားေနတယ္ "

သူ႔ထံ တိုင္တမ္းသလိုလာေျပာေနေသာ ဝမ္းဝမ္းေလးေၾကာင့္ သူ,ရယ္မိေတာ့သည္ ။

" အဲဒါ ဝမ္းက အသာ့ကို လာတိုင္တာ ၊ ဝမ္းဝမ္းမ႐ွိတုန္း ေဖေဖထပ္ၿပီးႏိႈက္စားမွာစိုးလို႔ တူးတူးကို ေစာင့္ၾကည့္ခိုင္းခဲ့တယ္ "

" ဟုတ္လား ၊ စားပါေစ ဝမ္းဝမ္းရဲ႕ ၊ ပန္းသီးေတြက အားလံုးစားဖို႔ အသာကဝယ္ထားတာေလ ၊ ဝမ္းေဖေဖလည္း စားလို႔ရပါတယ္ "

" ဟင့္အင္း ဟင့္အင္း ၊ အသာကက်ေတာ့မစားဘဲ အလုပ္ေတြလုပ္ေနၿပီး ေဖေဖကက်ေတာ့ ဘာမွမလုပ္ဘဲ ေမေမလွီးထားသမ်ွေတြကို စားပစ္ေနတာ ၊ မစားရဘူး မစားရဘူး "

ဦးေလးျဖစ္သူက ဝယ္လာတဲ့ပန္းသီးေတြကိုမစားဘဲ အလုပ္လုပ္ေနၿပီး အေဖျဖစ္သူကေတာ့ အလုပ္ကူမလုပ္ဘဲ ပန္းသီးဝင္စားေနတာကိုျမင္ခဲ့ကာ အလိုမက်ျဖစ္သြားပံုရသည္ဟု သူ သေဘာေပါက္လိုက္သည္ ။ စိတ္ထဲ မတရားသလိုႀကီးခံစားေနရျခင္းအေပၚ ဥာဏ္မီသေလာက္ေလးေျပာျပေနတဲ့ ဝမ္းဝမ္းေလးအား သေဘာက်စိတ္နဲ႔ေကာက္ခ်ီကာ ပါးျပင္ေဖာင္းေဖာင္းေလးကို ေမႊးၾကဴပစ္ရင္း

" ဟုတ္ၿပီကြာ ၊ လာ...ဝမ္းဝမ္းတို႔ေဖေဖကို ရန္သြားေတြ႔ၾကမယ္ "

" ေတြ႔မယ္ ေတြ႔မယ္ "

ကေလးေတြငယ္စဥ္ကတည္းက တစ္ေယာက္ကအလုပ္လုပ္ေနရင္ ေနာက္တစ္ေယာက္ကလည္း အတူတူကူလုပ္ေပးသင့္ေၾကာင္း ၊ အပါးခိုေနတာမ်ိဳးက ႐ွက္စရာေကာင္းတာမို႔ ကေရာ္ကေရာ္လုပ္သင့္ေၾကာင္း စသျဖင့္ အကိုက သင္ေပးထားခဲ့သည္ ။ ထိုကဲ့သို႔သင္ေပးထားမႈေတြဟာ အလကားမျဖစ္ဘဲ ကေလးေတြစိတ္ထဲ နားလည္လက္ခံေနေၾကာင္းကို ဒီအျဖစ္အပ်က္ေလးက သက္ေသျပေနေလသည္ ။ အကိုနဲ႔သူ႔ထံမွ မ်ိဳးဆက္႐ွိလာဖို႔မျဖစ္ႏိုင္တာေၾကာင့္ ႏွစ္ဖက္မိသားစုရဲ႕ ႐ွား႐ွားပါးပါးမ်ိဳးဆက္ျဖစ္တဲ့ ဒီကေလးေလးႏွစ္ေယာက္ကို သူေရာ အကိုေရာက လိမၼာေရးျခားရႇိေစခ်င္လွပါသည္ ။ ဒါေၾကာင့္လည္း ကိုယ့္ရင္ေသြးေလးေတြလိုသေဘာထားကာ အစစအရာရာ ဂ႐ုတစိုက္နဲ႔ ျပဳစုသင္ၾကားေပးျဖစ္သည္ ။

ထမင္းစားခန္းထဲေရာက္ေတာ့ တူးတူးက သူ႔အေဖနားမွာ ႐ုပ္တည္ႏွင့္မတ္တပ္ရပ္ကာျပဴးၾကည့္ေနသည္ကို ေတြ႔လိုက္ရသည္ ။ ကိုဆက္ေနခမ်ာမွာေတာ့ သူ႔သားငယ္ကို ေပေစာင္းေစာင္းၾကည့္ကာ ႐ွံဳ႕မဲ့ေနလ်က္ ။ မမကေတာ့ အေခ်အတင္ျဖစ္ေနေသာ သားအဖေတြေၾကာင့္ ပန္းသီးစိတ္ေနရင္းမွ ျပံဳးစိစိ ။

" ဖိုးထင္ေရ ၊ မင္းတူေတြကို ေျပာပါဦးကြာ ၊ ငါ့မွာပန္းသီးေလးေတာင္ ဝ,ေအာင္ မစားရဘူး "

" ေဖေဖက အလုပ္,လုပ္ေလ "

" ဟမ္ "

ဝမ္းဝမ္းဆိုလိုခ်င္တာကို သူ႔အေဖက နားမလည္ ။

" အသာက ပန္းသီးဝယ္လာတယ္ ၊ အလုပ္လည္းလုပ္တယ္ ၊ ေဖေဖက ပန္းသီးမဝယ္ဘူး ၊ အလုပ္လည္းမလုပ္ဘူး ၊ အဲ့ဒါေၾကာင့္ ပန္းသီးမစားရဘူး "

ဝမ္းဝမ္းေျပာခ်င္တာကို မနည္းဆက္စပ္စဥ္းစားၿပီးေနာက္တြင္ေတာ့ ကိုဆက္ေနက သေဘာေပါက္သြားကာ

" ဟုတ္ၿပီ ဟုတ္ၿပီ ၊ ေဖေဖမွားတယ္...ေနာ္ ၊ အခု ေဖေဖလည္း အလုပ္ေတြဝိုင္းကူလုပ္မယ္ ၊ ၿပီးမွ အားလံုးတူတူစားၾကမယ္ ဟုတ္လား "

" ဟုတ္ ေဖေဖ "

" အမေလး မလြယ္လိုက္တာ ၊ ေျပာေနပံုေတြက ကိုဆက္ေစအတိုင္းပါပဲလား ၊ ငါလည္း ဒီအရြယ္ေရာက္မွ သားေတြဆံုးမတာ,ခံေနရတယ္ "

အဖိုးအဖြားေတြကေတာ့ ေျမးႏွစ္ေယာက္ကိုၾကည့္ၿပီး ပီတိေတြျဖာကာ သေဘာတက်ေပါ့ ။

ထမင္းစားၾကေတာ့လည္း ကေလးႏွစ္ေယာက္လံုးက သူ႔ေပါင္ေပၚမွာပဲ အလုအယက္ထိုင္ကာ အတင္းကပ္တြယ္ေနၾကသည္ ။ ႏွစ္ေယာက္လံုးကို ေပါင္ေပၚတင္ၿပီးခြံ႕ေကြၽးဖို႔ရာက အဆင္မေျပ,မလြယ္ကူတာမို႔ အကိုက

" အသာ့ေပါင္ေပၚမွာ ႏွစ္ေယာက္လံုးထိုင္စားလို႔ေတာ့မရဘူး ၊ တစ္ေယာက္က ဦးဆီလာရမယ္ "

အကိုကသူ႔ထက္စာရင္ စည္းကမ္းနည္းနည္းႀကီးသည္မို႔ ကေလးေတြက မသြားခ်င္ ။ ေတာင္းဆိုသမ်ွအကုန္ အလိုလိုက္ေပးတတ္သည့္ သူ႔ထံမွာသာ ႏွစ္ေယာက္လံုးက ေနခ်င္ၾကသည္ ။

" ကဲ ဦးေမးမယ္ ၊ အမွန္အတိုင္းေျဖ ၊ ဟိုတေလာက ဦးတို႔ထမင္းတူတူစားၾကေသးတာ မွတ္မိတယ္မဟုတ္လား ၊ အဲ့ဒီတုန္းက အသာ့ေပါင္ေပၚမွာ ဘယ္သူထိုင္လဲ "

ဝမ္းက တြန္႔ဆုတ္ဆုတ္ႏွင့္ လက္ညႇိဳးတစ္ေခ်ာင္းေထာင္လာသည္ ။

" ဒါဆို ဒီေန႔ တူးတူးကို အလွည့္ေပးရမယ္ေလ ဟုတ္လား ၊ ဝမ္းဝမ္းက လိမၼာတယ္ ဦးဆီကိုလာ "

အခြင့္အေရးအား တန္းတူပဲယူရမည္ဆိုသည္ကို အရင္ကတည္းက အကိုကသင္ထားေပးၿပီးသားျဖစ္၍ ယခုအေျခအေနမွာ ဝမ္းဝမ္းက အသာတၾကည္ပင္လက္ခံၿပီး အကို႔ေပါင္ေပၚသို႔ ေျပာင္းေရႊ႕သြားေလသည္ ။ ကေလးတစ္ေယာက္စီႏွင့္ အလုပ္႐ႈပ္ေနၾကေသာ သူတို႔ႏွစ္ေယာက္ကိုၾကည့္ရင္း ေဖေဖက

" ကေလးေတြက သားငယ္ကိုအရမ္းကပ္ၾကတာပဲ "

" ဟုတ္ပါ့ ေဖေဖရယ္ ၊ ေဖေဖ့ေျမးေတြက အေမျဖစ္တဲ့လင္းနဲ႔ယွဥ္ရင္ေတာင္ အသာ့ကိုပိုခ်စ္တယ္လို႔ ေျဖၾကတာ ၊ တျခားသူေတြနဲ႔ယွဥ္ရင္ေတာ့ ပိုဆိုးေရာ ေဖေဖေရ႕ "

မမစကားကို လူႀကီးေတြအကုန္လံုးက ေထာက္ခံသည့္သေဘာနဲ႔ ျပံဳးေနၾကကာ ေခါင္းတညိတ္ညိတ္ ။အကိုကလည္း သူ႔ထံၾကည့္လာကာ ေက်နပ္ေနဟန္နဲ႔ ခပ္ျပံဳးျပံဳး ။ သူလည္းဒီအေျခအေနေလးေပၚမွာၾကည္ႏူးစိတ္နဲ႔ ေပါင္ေပၚက တူးတူးရဲ႕ပါးေဖာင္းေဖာင္းေလးကို ငံု႔ေမႊးမိေလသည္ ။

ေမတၱာေတြၾကားမွာ အမွန္တကယ္ပင္ ေနေပ်ာ္ရပါသည္ ။

******************

အားလံုးစားေသာက္ၿပီးစီးၾကၿပီမို႔ ညဦးပိုင္းမွာ ကေလးေတြနဲ႔အတူတူ ျခံထဲဆင္းၿပီး မီးပန္းေတြေဖာက္ကာ အေဖာ္လုပ္ကစားေပးေနရာမွ

" ဖိုးထင္ေရ...ဘြားဘြားက လာခဲ့ပါဦးတဲ့ ၊ ကေလးေတြထားခဲ့ ၊ ငါ အတူတူကစားေပးလိုက္မယ္ "

" ဟုတ္ကဲ့ အစ္ကိုဆက္ေန ၊ ဒါျဖင့္ ကြၽန္ေတာ္ ဘြားဘြားဆီသြားလိုက္ဦးမယ္ "

သူ အခန္းထဲဝင္ခဲ့ေတာ့ ဘြားဘြားကို ကုတင္ေပၚမွာ ေခါင္းအံုးတစ္လံုးအမီွျပဳ၍ထိုင္ေနသည္ကို ေတြ႔လိုက္ရသည္မို႔ ဘြားဘြားေဘးက ကုတင္အစြန္းေလးမွာ ဝင္ထိုင္ရင္း

" ဘြားဘြား ကြၽန္ေတာ့္ကိုေခၚတယ္ဆို "

ဘြားဘြားက သူ႔ေမးခြန္းကိုေခါင္းညိတ္ျပၿပီး ေဘးနားမွာမတ္တပ္ရပ္ေနတဲ့ အကို႔ရဲ႕လက္နဲ႔သူရဲ႕လက္ကို တစ္ဖက္စီဆြဲယူကာ ထပ္ေပးလာေလေတာ့....

" ဘြားဘြား.... "

ထင္မွတ္မထားမိတဲ့အျပဳအမူမို႔ သူ႔မွာတအံ့တၾသ ။ အကိုသည္လည္း သူ႔လိုပင္အံ့ၾသေနဟန္႐ွိသည္ ။ တစ္ဆက္တည္းမွာ သူတို႔ရဲ႕လက္ထဲသို႔ ထည့္ေပးလာေသာ ကတၱီပါဘူးနီနီေလးတစ္ခု ။

" ဒါ...ဒါ ဘာလဲဟင္ ဘြားဘြား "

" ဖြင့္ၾကည့္ေလ ေျမးရဲ႕ "

ဘူးေလးကိုဖြင့္ၾကည့္ၿပီး ျမင္လိုက္ရတဲ့ပစၥည္းေလးႏွစ္ခုေၾကာင့္ သူ မ်က္ရည္ေပါက္ေပါက္က်မိေတာ့သည္ ။ ဝမ္းနည္း၍က်တာမဟုတ္ဘဲ ဝမ္းသာလြန္း၍က်လာတဲ့ မ်က္ရည္ေတြပါ ။ ေနာက္ဆံုးေတာ့ မေမ်ွာ္လင့္ခဲ့တဲ့ ဒီဒဂၤါးျပားေလးေတြဟာ သူ႔မ်က္စိေ႐ွ႕ကိုေရာက္လာခဲ့ေခ်ၿပီ ။

ကတၱီပါဘူးေလးထဲက ပစၥည္းေတြဆိုတာ ဆက္ေစဓန နဲ႔ ထင္းထင္သာ ဆိုတဲ့နာမည္ကိုယ္စီ ထြင္းထားတဲ့ ေရႊဒဂၤါးျပားေလးႏွစ္ခုပါ ။ သူက ေရႊထည္ပစၥည္းမို႔ မက္ေမာျခင္းမဟုတ္ဘဲ ဘြားဘြားရဲ႕ဒီပစၥည္းေလးေတြအေပၚမွာထား႐ွိတဲ့ အဓိပၸါယ္နဲ႔သေကၤတကိုသိေန၍ ဝမ္းသာသြားရျခင္းျဖစ္ပါသည္ ။ ဒီလို နာမည္ထြင္းထားတဲ့ ေရႊဒဂၤါးျပားမ်ိဳးကို သူ႔တစ္သက္ ႏွစ္ခုသာေတြ႔ခဲ့ဖူးသည္ ။ ေဖေဖ့နာမည္နဲ႔တစ္ခု မမနာမည္နဲ႔တစ္ခု ။ ေမေမ့နာမည္နဲ႔ဒဂၤါးျပားကိုလည္း မေတြ႕ခဲ့ဖူးသလို....အဆံုးစြန္ ဘြားဘြားရဲ႕အတူေန သမီးအရင္းျဖစ္တဲ့ အန္တီ့ခင့္ဆီမွာေတာင္ ဒီလိုနာမည္ထိုးထားေသာ ဒဂၤါးေလးမ႐ွိပါေခ် ။ ဒီေရႊဒဂၤါးေလးေတြက တန္ဖိုးအားျဖင့္ေတာ့ အလြန္တရာႀကီးမားလွသည္မဟုတ္ေသာ္လည္း ဘြားဘြားရဲ႕အခ်စ္ဆံုးဟူေသာျပယုဂ္တစ္ခုအျဖစ္ အစဥ္အဆက္အသိအမွတ္ျပဳလာတာမို႔ ေဖေဖနဲ႔မမတို႔က ထိုဒဂၤါးေလးေတြအေပၚမွာ တန္ဖိုးတထား႐ွိခဲ့ၾကသည္ ။ ေမေမနဲ႔အန္တီခင့္ဆီမွာေတာင္ မ႐ွိခဲ့ဖူးတဲ့ ဒီပစၥည္းေလးေတြကို သူ႔တစ္သက္ ဘြားဘြားထံမွ ေပးလာလိမ္႔မည္လို႔ အိပ္မက္ေတာင္,မမက္ခဲ့ဖူးပါေလ ။

အခုေတာ့....ဘြားဘြားက အကိုေရာ သူေရာကို အတူတူေပးအပ္လာေလၿပီ ။ ဒီပစၥည္းေလးေတြရဲ႕ အဓိပၸါယ္ကိုသိေနၿပီးသားျဖစ္တာမို႔ ဘြားဘြားနဲ႔သူ႔ၾကား ႐ွင္းျပ ေျပာျပစရာစကားေတြ အမ်ားႀကီးမလိုအပ္ေတာ့ပါ ။ ဝမ္းသာၾကည္ႏူးစိတ္နဲ႔က်လာမိတဲ့မ်က္ရည္ေတြကို ဘြားဘြားက တယုတယသုတ္ေပးေလေတာ့ ဘြားဘြားရင္ခြင္ထဲမွာ ပထမဆံုးအႀကိမ္မ်က္ႏွာအပ္ကာ ငိုမိေတာ့သည္ ။

ဘြားဘြားကေတာ့ သူ႔ေက်ာျပင္ကို ခပ္ဖြဖြေလးသပ္ေပးလို႔...။ ပထမဆံုးအႀကိမ္ေပမယ့္ ဘြားဘြားရင္ခြင္က သူ႔အတြက္ တကယ္ကိုပဲေႏြးေထြးေနပါ၏ ။

သူဝေအာင္ငိုၿပီးသည့္အခ်ိန္မွာ အကိုက သူ႔လက္ဖဝါးထဲကို ပစၥည္းေလးတစ္ခု ထည့္ေပးလာျပန္သည္ ။ လက္ဝါးကိုျဖန္႔ၾကည့္လိုက္ေတာ့ ေက်ာက္အျပာရင့္ရင့္ေတြနဲ႔ စီျခယ္ထားေသာ ျမန္မာျပည္ေျမပံုရင္ထိုးကေလးတစ္ခု ။

" ဒီရင္ထိုးက ဘာအတြက္လဲ အကို "

" အသာ့အတြက္ေလ...ကိုယ္က ေက်ာက္မ်က္ရတနာေတြ လက္ဝတ္ရတနာေတြနဲ႔ပတ္သက္ၿပီး သိပ္မသိေတာ့ ဘြားဘြားကိုေမးျမန္း အကူအညီေတာင္းၿပီး ကိုယ့္စိတ္ကူးေလးကိုေျပာျပတာနဲ႔ ဘြားဘြားက သူ႔မွာ႐ွိတဲ့ နီလာေက်ာက္ေလးေတြကို ထုတ္ေပးေတာ့တာပါပဲကြာ ၊ အဲ့ေတာ့ ဒါေလးက အသာ့အတြက္ ဘြားဘြားနဲ႔ကိုယ့္ရဲ႕ ႏွစ္သစ္လက္ေဆာင္ေပါ့ "

" ရင္ထိုးက မိန္းကေလးေတြမွ ထိုးၾကတာမဟုတ္ဘူးလားဟင္ "

" ေယာက္်ားေလးေတြက ပံုမွန္အားျဖင့္ေတာ့ မထိုးတတ္ၾကေပမယ့္ အသာကေတာ့ မၾကာခင္မွာ ဒီရင္ထိုးေလးကို ထိုးရေတာ့မယ္ေလ "

" ဟင္ ဘယ္လို...အကို "

" မၾကာခင္က်င္းပမယ့္ အကယ္ဒမီဆုေပးပြဲတက္တဲ့အခါ အသာဝတ္မယ့္ တိုက္ပံုေပၚမွာထိုးဖို႔ "

" အကိုကဗ်ာ....."

သူ မ်က္ရည္ဝဲရျပန္ပါ၏ ။

" အကယ္ဒမီဆုေတြအတြက္ တစ္ေျပးေနတဲ့ ႐ုပ္႐ွင္ဇာတ္ကားႀကီးရဲ႕ ဇာတ္လမ္းနဲ႔ဇာတ္ၫႊန္းေရးသားသူက ပြဲတက္တဲ့အခါ တင့္တယ္ေနရမယ္ေလ...မဟုတ္ဘူးလား ၊ ၿပီးေတာ့ ဒါက အသာ့ရဲ႕ပထမဦးဆံုး အကယ္ဒမီပြဲတက္ႏွစ္ေလ ၊ လူေတြက ဘယ္ေတာ့မဆို ဘဝရဲ႕ပထမဦးဆံုးေတြကိုပဲ မွတ္မွတ္ရရပို႐ွိတတ္ၾကတယ္မဟုတ္လား ၊ ဒါေၾကာင့္ အသာ့ရဲ႕အျမဲအမွတ္ထင္ထင္႐ွိေနမယ့္ ပထမဦးဆံုးပြဲေလးမွာ ကိုယ့္အေနနဲ႔လည္း တစ္ေထာင့္တစ္ေနရာကေန အမွတ္တရအျဖစ္ ပါဝင္ခ်င္လို႔ "

အကိုဟာ သူ႔အတြက္ဆိုရင္ အေသးစိတ္ကို စဥ္းစားေပးတတ္လြန္းပါသည္ ။

" ဒီလိုမလုပ္ေပးလည္း အကိုက ကြၽန္ေတာ့္ရဲ႕အမွတ္တရေကာင္းေတြတိုင္းမွာ ထိပ္ဆံုးကပါၿပီးသားပါ အကိုရယ္ ၊ ၿပီးေတာ့ ဒီလိုဇာတ္လမ္း,ဇာတ္ၫႊန္းပညာေတြဆိုတာလည္း အကိုဖန္တီးေပးထားတာပဲကို ၊ အကို႔ေၾကာင့္သာ ကြၽန္ေတာ္ ဒီေနရာမွာ အခုလိုရပ္တည္ႏိုင္ခဲ့တာပါ "

အကိုသည္သာ ကြၽန္ေတာ့္ဘဝရဲ႕ အလင္းေရာင္႐ွင္ပါ ။

****************

ညသန္းေခါင္ယံကို ​ေတာ္ေတာ္ေလးေက်ာ္လြန္ခဲ့ၿပီမို႔ ပတ္ဝန္းက်င္ကတိတ္ဆိတ္ေနသည္ ။

ႏွစ္သစ္ကိုကူးေျပာင္းတဲ့ ဆယ့္ႏွစ္နာရီအခ်ိန္တုန္းက မိသားစုစံုစံုညီညီ countdown ေရတြက္ရင္း Happy New Year ကို ေပ်ာ္ရႊင္စြာႀကိဳဆိုခဲ့ၾကသည္ ။ ထို႔ေနာက္မွာ ေအာ္ရဟစ္ရ ကစားထားရ၍ ပင္ပန္းၿပီး တစ္အိမ္လံုး အိပ္ရာဝင္သြားၾကေလၿပီ ။

အခုေတာ့ သူတို႔အခန္းေဘးက ဝရံတာငယ္ေလးမွာ အကိုနဲ႔သူနဲ႔ ႏွစ္ေယာက္တည္း ။ လေရာင္ကလည္း သူတို႔႐ွိေနရာ ဝရံတာေလးဆီကို ျဖာက်လို႔ေနသည္ ။

" ဒီေန႔ လသာတယ္ေနာ္ အကို "

" ကိုယ္တို႔ရဲ႕မဂၤလာဦးညေလးကိုေတာင္ သတိရမိတယ္ ၊ အဲ့ဒီေန႔ကလည္း အခုလိုပဲ လသာတယ္ေလ "

သူ ျပံဳးမိရသည္ ။ အကိုဟာ အိမ္ေထာင္သက္ေတြၾကာလာသည့္တိုင္ေအာင္ သူနဲ႔ပတ္သက္တဲ့အမွတ္တရေတြဆိုရင္ မေမ့မေလ်ာ့နဲ႔ မွတ္မွတ္ထင္ထင္႐ွိေနေပးတတ္ဆဲ ။

" ကြၽန္ေတာ္ လမင္းႀကီးကို ေငးၾကည့္ရတာကို သေဘာက်မွန္းသိလို႔ မွန္ေခါင္မိုးနဲ႔အိမ္ကို ရေအာင္ဖန္တီးေပးခဲ့တဲ့အကိုက ကြၽန္ေတာ္ဘာေၾကာင့္ လမင္းႀကီးကိုသေဘာက်မွန္းေရာ သိလား "

" ဟင့္အင္း မသိဘူး ၊ ကိုယ့္အတြက္က ကေလးေလး ဘာေၾကာင့္သေဘာက်တယ္ဆိုတာကို သိရဖို႔ထက္ ဘာကိုသေဘာက်လဲဆိုတာကို သိရဖို႔က ပိုအေရးႀကီးခဲ့တယ္ ၊ ဘာေၾကာင့္ဆိုတာကေတာ့ ကိုယ့္ကေလး ေျပာလိုတဲ့ဆႏၵ႐ွိမွသာ ေနာက္ဆက္တြဲ သိခ်င္တာမ်ိဳး "

သူခ်စ္ရတဲ့အကိုဆိုတာ ထိုကဲ့သို႔ေသာသူပါေလ ။

" ကြၽန္ေတာ္လမင္းႀကီးကို သေဘာက်တယ္ဆိုတာ ဒီတိုင္းသေဘာက်ေနတာမ်ိဳးမဟုတ္ဘူး "

ထိုကဲ့သို႔ေျပာျပမိေတာ့လည္း သူ႔စကားလံုးေတြမွာ အကိုဟာ စိတ္ဝင္စားစြာနဲ႔ ငံ့လင့္ေနလ်က္သား ။

" တကယ္ေတာ့ေလ အကို႔ကို ကြၽန္ေတာ္က လမင္းႀကီးနဲ႔ထပ္တူျပဳထားတာေၾကာင့္ပါ "

" ဟင္ ဘယ္လို? "

" ဟုတ္တယ္ အကို ၊ အကို႔ကို စေတြ႔ၿပီးတဲ့အခ်ိန္မွာ အကိုက ကြၽန္ေတာ့္အေနနဲ႔ေတာ့ ေကာင္းကင္ႀကီးမွာသာေနတဲ့ လမင္းႀကီးလိုလူမ်ိဳးပဲ "

" ဘာေၾကာင့္လဲ ကေလးေလးရဲ႕ "

" အ႐ွိန္အဝါတစ္ခုနဲ႔ေတာက္ပေနၿပီး ကြၽန္ေတာ္လက္လွမ္းလို႔မမီႏိုင္တဲ့ ဟိုးအျမင့္တစ္ေနရာမွာ႐ွိေနတဲ့သူမို႔လို႔ပါ "

သူ႔စကားဆံုးေတာ့ အကိုက သူ႔ခႏၶာကိုယ္ေလးကို ရင္ခြင္ထဲဆြဲယူကာ ေပြ႔ဖက္လိုက္ရင္းက

" ကေလးေလးရယ္.... "

ဟု ခပ္ညည္းညည္းေလး ေရရြတ္လာသည္ ။

" အခုေတာ့ လက္လွမ္းမမီႏိုင္တဲ့အဓိပၸါယ္မ်ိဳး မဟုတ္ေတာ့ဘဲ ေမွာင္ေနတဲ့ကြၽန္ေတာ့္ဘဝကို အလင္းျပေပးတဲ့ အလင္းေရာင္႐ွင္ဆိုတဲ့ အဓိပၸါယ္မ်ိဳးျဖစ္သြားၿပီ "

အကိုက သူ႔ဆံပင္အုပ္အုပ္ေတြဆီကို ဖိကပ္နမ္း႐ိႈက္လာကာ

" ကိုယ့္ရဲ႕ဒီကေလးေလးကို ခ်စ္လြန္းလို႔ ဘယ္လိုလုပ္ရမလဲကြာ "

" ဘယ္လိုလုပ္ရမလဲဆိုေတာ့ ဒီအတိုင္းေလးပဲ ခ်စ္ေပးရင္း ကြၽန္ေတာ့့ဘဝကို ဆက္ၿပီးအလင္းျပေပးဦးေပါ့ အကိုရဲ႕ "

" ကိုယ့္အခ်စ္ေတြက အျမဲတမ္း မင္းတစ္ေယာက္တည္းအတြက္ပါ ကေလးေလးရယ္ "

အကိုက သူ႔လက္ေတြကိုေထြးဆုပ္ရင္း ေလးေလးနက္နက္ေျပာလာတဲ့အခါ သူ႔မွာၾကည္ႏူးစိတ္နဲ႔အတူ တသိမ့္သိမ့္ပီတိျဖစ္ရျပန္ေလသည္ ။

အေဝးကလမင္းႀကီးကို ေမ်ွာ္ေငးေနခဲ့ရတဲ့ လမင္းေမ်ွာ္သူဘဝကေန....အခုေတာ့ ထိုလမင္းႀကီးရဲ႕အရိပ္မွာခိုလႈံရင္း သူဘဝေလး တကယ္ေအးျမေနရပါၿပီ ။

သူတို႔ႏွစ္ေယာက္ရဲ႕အခ်စ္ေတြဟာ ယေန႔ႏွစ္သစ္မွသည္ ေနာင္ႏွစ္သစ္....ႏွစ္သစ္ေပါင္းမ်ားစြာတိုင္တဲ့အထိ.....။

(The End)
ခ်စ္ျခင္းအားျဖင့္
Phyu Layy.

A/N

ဒီ Extra အပိုင္းေလးက ၿပီးခဲ့တဲ့ႏွစ္ ဒီလိုအခ်ိန္မွာ ထုတ္ေဝခဲ့တဲ့ ၊ စာအုပ္ေလးထဲမွာ ထည့္ေရးေပးထားတဲ့ New Year အပိုင္းပိုေလးပါ ။ စာအုပ္ဝယ္တဲ့သူေလးေတြက ဖတ္ၿပီးသားျဖစ္ေနေလာက္ေပမယ့္ စာအုပ္မဝယ္ျဖစ္တဲ့ စာဖတ္သူေလးေတြအတြက္ အခုႏွစ္ New Year ကာလေလးမွာ အမွတ္တရ ျပန္တင္ေပးလိုက္ပါတယ္ ။

ႏွစ္သစ္မွာ စိတ္ေအးခ်မ္းႏိုင္ၾကပါေစ.....။

Phyu Layy.

_____________________________________
#For Unicode

လမင်းမျှော်သူ (Extra Final)

December 31 ရက်နေ့ ။

ဒီနေ့ည New year ပွဲလေးကျင်းပဖို့ ထင်းထင်သာတို့အိမ်လေးမှာ မိသားစုအကုန် လူစုံနေကြသည် ။ ဘွားဘွား ၊ ဖေဖေ ၊ မေမေ ၊ အန်တီခင် ၊ အကို့မေမေ...ပြီးတော့ ကိုဆက်နေ နဲ့ မမ ။ နောက်ထပ်ကတော့ ကိုဆက်နေ နဲ့ မမ ရဲ့ အမွှာသားလေးနှစ်ယောက် ။ ကျောင်းနာမည်မပေးရသေး၍ ဝမ်းဝမ်းနဲ့တူးတူး ဟု အလွယ်ပေးထားသော ထိုနာမည်ပိုင်ရှင်ကလေးနှစ်ယောက်မှာ လေးနှစ်ပြည့်ခါနီးအရွယ်လေးတွေမို့ တီတီတာတာနဲ့ အလွန်ချစ်စရာကောင်းကြသည် ။ ထိုကလေးနှစ်ယောက်ရဲ့ထူးခြားချက်က အချင်းချင်းချွတ်စွပ်ကြီးမတူကြဘဲ ဝမ်းဝမ်းက အကိုနဲ့ မျက်နှာပေါက်ဆင်ကာ တူးတူးကတော့ သူနဲ့ဆင်နေတာပင် ။ ဒါကြောင့်လည်း ဒီကလေးနှစ်ယောက်က သူနဲ့အကိုရဲ့ အသည်းကျော်လေးတွေဖြစ်နေကြတော့သည်ပေါ့ ။

မမက ဝမ်းဝမ်းနဲ့တူးတူးကို ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ နှစ်ဖက်မိဘတွေအကုန်လုံးက "မွေးလာမယ့်ကလေးလေးတွေက ဆက်စေတို့ အသာတို့နဲ့ တူရင်ကောင်းမယ် ၊ အဖေ အမေနဲ့ တူရင်တော့ ခေါင်းကြောမာပြီး ပြောရဆိုရလက်ပေါက်ကပ်မှာစိုးရတယ်" ဟု ခဏခဏပြောကြလို့လားမသိ ။ တကယ်တမ်းမွေးလာတဲ့အချိန်မှာ ကလေးလေးနှစ်ယောက်လုံးဟာ ထိုကဲ့သို့ ဖြစ်လာကြတော့တာပင် ။ အကိုတို့ဘက်မှာရော သူတို့ဘက်မှာပါ ဝမ်းဝမ်းနဲ့တူးတူးက မြေးဦးလေးတွေမို့ အကုန်လုံးရဲ့သဲသဲလှုပ် ဂရုစိုက်ခြင်းကိုခံရလေသော ဖိုးကံကောင်းလေးတွေဖြစ်နေတော့သည် ။

" အသာ အသာ "

သူ့ဘောင်းဘီစကိုဆွဲကာခေါ်နေတဲ့ ဝမ်းဝမ်းကြောင့် အလှမီးသီးလေးတွေ ချိတ်ဆွဲနေရာက ငုံ့ပြီးထူးရသေးသည် ။ မဟုတ်လို့ကတော့ မထူးမချင်းကို ဆက်တိုက်ခေါ်နေတော့မည်လေ ။

" ဘာလဲ ဝမ်းဝမ်းလေးရဲ့ "

သူ့အား ဦးငယ်လို့ခေါ်ဖို့ လူကြီးတွေက ဘယ်လိုပဲသင်ပေးသင်ပေး ဒီကလေးနှစ်ယောက်ကတော့ အကိုခေါ်သလို အသာဟုပင် ခေါ်ကြလေ၏ ။ တစ်ခါတစ်ခါ အကိုက ကလေးတွေနှင့်အပြိုင် စိတ်လုပ်ကာ "အသာ ဆိုတာ ငါခေါ်တဲ့နာမည် ၊ မင်းတို့လိုက်ခေါ်စရာမလိုဘူး" ဟု ဘုတောတတ်သေးသည် ။ ဘယ်သူတွေကပဲ ဘာပြောလို့နေနေ အနှီကလေးနှစ်ယောက်ကတော့ ခေါ်ချင်သလိုခေါ်မြဲပါပင် ။

" ဖေဖေလေ...ဖေဖေ "

" အင်း ဖေဖေက ဘာဖြစ်လို့လဲ "

" အသာဝယ်လာတဲ့ပန်းသီးတွေကို ဖေဖေက နှိုက်စားနေတယ် "

သူ့ထံ တိုင်တမ်းသလိုလာပြောနေသော ဝမ်းဝမ်းလေးကြောင့် သူ,ရယ်မိတော့သည် ။

" အဲဒါ ဝမ်းက အသာ့ကို လာတိုင်တာ ၊ ဝမ်းဝမ်းမရှိတုန်း ဖေဖေထပ်ပြီးနှိုက်စားမှာစိုးလို့ တူးတူးကို စောင့်ကြည့်ခိုင်းခဲ့တယ် "

" ဟုတ်လား ၊ စားပါစေ ဝမ်းဝမ်းရဲ့ ၊ ပန်းသီးတွေက အားလုံးစားဖို့ အသာကဝယ်ထားတာလေ ၊ ဝမ်းဖေဖေလည်း စားလို့ရပါတယ် "

" ဟင့်အင်း ဟင့်အင်း ၊ အသာကကျတော့မစားဘဲ အလုပ်တွေလုပ်နေပြီး ဖေဖေကကျတော့ ဘာမှမလုပ်ဘဲ မေမေလှီးထားသမျှတွေကို စားပစ်နေတာ ၊ မစားရဘူး မစားရဘူး "

ဦးလေးဖြစ်သူက ဝယ်လာတဲ့ပန်းသီးတွေကိုမစားဘဲ အလုပ်လုပ်နေပြီး အဖေဖြစ်သူကတော့ အလုပ်ကူမလုပ်ဘဲ ပန်းသီးဝင်စားနေတာကိုမြင်ခဲ့ကာ အလိုမကျဖြစ်သွားပုံရသည်ဟု သူ သဘောပေါက်လိုက်သည် ။ စိတ်ထဲ မတရားသလိုကြီးခံစားနေရခြင်းအပေါ် ဉာဏ်မီသလောက်လေးပြောပြနေတဲ့ ဝမ်းဝမ်းလေးအား သဘောကျစိတ်နဲ့ကောက်ချီကာ ပါးပြင်ဖောင်းဖောင်းလေးကို မွှေးကြူပစ်ရင်း

" ဟုတ်ပြီကွာ ၊ လာ...ဝမ်းဝမ်းတို့ဖေဖေကို ရန်သွားတွေ့ကြမယ် "

" တွေ့မယ် တွေ့မယ် "

ကလေးတွေငယ်စဉ်ကတည်းက တစ်ယောက်ကအလုပ်လုပ်နေရင် နောက်တစ်ယောက်ကလည်း အတူတူကူလုပ်ပေးသင့်ကြောင်း ၊ အပါးခိုနေတာမျိုးက ရှက်စရာကောင်းတာမို့ ကရော်ကရော်လုပ်သင့်ကြောင်း စသဖြင့် အကိုက သင်ပေးထားခဲ့သည် ။ ထိုကဲ့သို့သင်ပေးထားမှုတွေဟာ အလကားမဖြစ်ဘဲ ကလေးတွေစိတ်ထဲ နားလည်လက်ခံနေကြောင်းကို ဒီအဖြစ်အပျက်လေးက သက်သေပြနေလေသည် ။ အကိုနဲ့သူ့ထံမှ မျိုးဆက်ရှိလာဖို့မဖြစ်နိုင်တာကြောင့် နှစ်ဖက်မိသားစုရဲ့ ရှားရှားပါးပါးမျိုးဆက်ဖြစ်တဲ့ ဒီကလေးလေးနှစ်ယောက်ကို သူရော အကိုရောက လိမ္မာရေးခြားရှိစေချင်လှပါသည် ။ ဒါကြောင့်လည်း ကိုယ့်ရင်သွေးလေးတွေလိုသဘောထားကာ အစစအရာရာ ဂရုတစိုက်နဲ့ ပြုစုသင်ကြားပေးဖြစ်သည် ။

ထမင်းစားခန်းထဲရောက်တော့ တူးတူးက သူ့အဖေနားမှာ ရုပ်တည်နှင့်မတ်တပ်ရပ်ကာပြူးကြည့်နေသည်ကို တွေ့လိုက်ရသည် ။ ကိုဆက်နေခမျာမှာတော့ သူ့သားငယ်ကို ပေစောင်းစောင်းကြည့်ကာ ရှုံ့မဲ့နေလျက် ။ မမကတော့ အချေအတင်ဖြစ်နေသော သားအဖတွေကြောင့် ပန်းသီးစိတ်နေရင်းမှ ပြုံးစိစိ ။

" ဖိုးထင်ရေ ၊ မင်းတူတွေကို ပြောပါဦးကွာ ၊ ငါ့မှာပန်းသီးလေးတောင် ဝ,အောင် မစားရဘူး "

" ဖေဖေက အလုပ်,လုပ်လေ "

" ဟမ် "

ဝမ်းဝမ်းဆိုလိုချင်တာကို သူ့အဖေက နားမလည် ။

" အသာက ပန်းသီးဝယ်လာတယ် ၊ အလုပ်လည်းလုပ်တယ် ၊ ဖေဖေက ပန်းသီးမဝယ်ဘူး ၊ အလုပ်လည်းမလုပ်ဘူး ၊ အဲ့ဒါကြောင့် ပန်းသီးမစားရဘူး "

ဝမ်းဝမ်းပြောချင်တာကို မနည်းဆက်စပ်စဉ်းစားပြီးနောက်တွင်တော့ ကိုဆက်နေက သဘောပေါက်သွားကာ

" ဟုတ်ပြီ ဟုတ်ပြီ ၊ ဖေဖေမှားတယ်...နော် ၊ အခု ဖေဖေလည်း အလုပ်တွေဝိုင်းကူလုပ်မယ် ၊ ပြီးမှ အားလုံးတူတူစားကြမယ် ဟုတ်လား "

" ဟုတ် ဖေဖေ "

" အမလေး မလွယ်လိုက်တာ ၊ ပြောနေပုံတွေက ကိုဆက်စေအတိုင်းပါပဲလား ၊ ငါလည်း ဒီအရွယ်ရောက်မှ သားတွေဆုံးမတာ,ခံနေရတယ် "

အဖိုးအဖွားတွေကတော့ မြေးနှစ်ယောက်ကိုကြည့်ပြီး ပီတိတွေဖြာကာ သဘောတကျပေါ့ ။

ထမင်းစားကြတော့လည်း ကလေးနှစ်ယောက်လုံးက သူ့ပေါင်ပေါ်မှာပဲ အလုအယက်ထိုင်ကာ အတင်းကပ်တွယ်နေကြသည် ။ နှစ်ယောက်လုံးကို ပေါင်ပေါ်တင်ပြီးခွံ့ကျွေးဖို့ရာက အဆင်မပြေ,မလွယ်ကူတာမို့ အကိုက

" အသာ့ပေါင်ပေါ်မှာ နှစ်ယောက်လုံးထိုင်စားလို့တော့မရဘူး ၊ တစ်ယောက်က ဦးဆီလာရမယ် "

အကိုကသူ့ထက်စာရင် စည်းကမ်းနည်းနည်းကြီးသည်မို့ ကလေးတွေက မသွားချင် ။ တောင်းဆိုသမျှအကုန် အလိုလိုက်ပေးတတ်သည့် သူ့ထံမှာသာ နှစ်ယောက်လုံးက နေချင်ကြသည် ။

" ကဲ ဦးမေးမယ် ၊ အမှန်အတိုင်းဖြေ ၊ ဟိုတလောက ဦးတို့ထမင်းတူတူစားကြသေးတာ မှတ်မိတယ်မဟုတ်လား ၊ အဲ့ဒီတုန်းက အသာ့ပေါင်ပေါ်မှာ ဘယ်သူထိုင်လဲ "

ဝမ်းက တွန့်ဆုတ်ဆုတ်နှင့် လက်ညှိုးတစ်ချောင်းထောင်လာသည် ။

" ဒါဆို ဒီနေ့ တူးတူးကို အလှည့်ပေးရမယ်လေ ဟုတ်လား ၊ ဝမ်းဝမ်းက လိမ္မာတယ် ဦးဆီကိုလာ "

အခွင့်အရေးအား တန်းတူပဲယူရမည်ဆိုသည်ကို အရင်ကတည်းက အကိုကသင်ထားပေးပြီးသားဖြစ်၍ ယခုအခြေအနေမှာ ဝမ်းဝမ်းက အသာတကြည်ပင်လက်ခံပြီး အကို့ပေါင်ပေါ်သို့ ပြောင်းရွှေ့သွားလေသည် ။ ကလေးတစ်ယောက်စီနှင့် အလုပ်ရှုပ်နေကြသော သူတို့နှစ်ယောက်ကိုကြည့်ရင်း ဖေဖေက

" ကလေးတွေက သားငယ်ကိုအရမ်းကပ်ကြတာပဲ "

" ဟုတ်ပါ့ ဖေဖေရယ် ၊ ဖေဖေ့မြေးတွေက အမေဖြစ်တဲ့လင်းနဲ့ယှဉ်ရင်တောင် အသာ့ကိုပိုချစ်တယ်လို့ ဖြေကြတာ ၊ တခြားသူတွေနဲ့ယှဉ်ရင်တော့ ပိုဆိုးရော ဖေဖေရေ့ "

မမစကားကို လူကြီးတွေအကုန်လုံးက ထောက်ခံသည့်သဘောနဲ့ ပြုံးနေကြကာ ခေါင်းတညိတ်ညိတ် ။အကိုကလည်း သူ့ထံကြည့်လာကာ ကျေနပ်နေဟန်နဲ့ ခပ်ပြုံးပြုံး ။ သူလည်းဒီအခြေအနေလေးပေါ်မှာကြည်နူးစိတ်နဲ့ ပေါင်ပေါ်က တူးတူးရဲ့ပါးဖောင်းဖောင်းလေးကို ငုံ့မွှေးမိလေသည် ။

မေတ္တာတွေကြားမှာ အမှန်တကယ်ပင် နေပျော်ရပါသည် ။

******************

အားလုံးစားသောက်ပြီးစီးကြပြီမို့ ညဦးပိုင်းမှာ ကလေးတွေနဲ့အတူတူ ခြံထဲဆင်းပြီး မီးပန်းတွေဖောက်ကာ အဖော်လုပ်ကစားပေးနေရာမှ

" ဖိုးထင်ရေ...ဘွားဘွားက လာခဲ့ပါဦးတဲ့ ၊ ကလေးတွေထားခဲ့ ၊ ငါ အတူတူကစားပေးလိုက်မယ် "

" ဟုတ်ကဲ့ အစ်ကိုဆက်နေ ၊ ဒါဖြင့် ကျွန်တော် ဘွားဘွားဆီသွားလိုက်ဦးမယ် "

သူ အခန်းထဲဝင်ခဲ့တော့ ဘွားဘွားကို ကုတင်ပေါ်မှာ ခေါင်းအုံးတစ်လုံးအမှီပြု၍ထိုင်နေသည်ကို တွေ့လိုက်ရသည်မို့ ဘွားဘွားဘေးက ကုတင်အစွန်းလေးမှာ ဝင်ထိုင်ရင်း

" ဘွားဘွား ကျွန်တော့်ကိုခေါ်တယ်ဆို "

ဘွားဘွားက သူ့မေးခွန်းကိုခေါင်းညိတ်ပြပြီး ဘေးနားမှာမတ်တပ်ရပ်နေတဲ့ အကို့ရဲ့လက်နဲ့သူရဲ့လက်ကို တစ်ဖက်စီဆွဲယူကာ ထပ်ပေးလာလေတော့....

" ဘွားဘွား.... "

ထင်မှတ်မထားမိတဲ့အပြုအမူမို့ သူ့မှာတအံ့တသြ ။ အကိုသည်လည်း သူ့လိုပင်အံ့သြနေဟန်ရှိသည် ။ တစ်ဆက်တည်းမှာ သူတို့ရဲ့လက်ထဲသို့ ထည့်ပေးလာသော ကတ္တီပါဘူးနီနီလေးတစ်ခု ။

" ဒါ...ဒါ ဘာလဲဟင် ဘွားဘွား "

" ဖွင့်ကြည့်လေ မြေးရဲ့ "

ဘူးလေးကိုဖွင့်ကြည့်ပြီး မြင်လိုက်ရတဲ့ပစ္စည်းလေးနှစ်ခုကြောင့် သူ မျက်ရည်ပေါက်ပေါက်ကျမိတော့သည် ။ ဝမ်းနည်း၍ကျတာမဟုတ်ဘဲ ဝမ်းသာလွန်း၍ကျလာတဲ့ မျက်ရည်တွေပါ ။ နောက်ဆုံးတော့ မမျှော်လင့်ခဲ့တဲ့ ဒီဒင်္ဂါးပြားလေးတွေဟာ သူ့မျက်စိရှေ့ကိုရောက်လာခဲ့ချေပြီ ။

ကတ္တီပါဘူးလေးထဲက ပစ္စည်းတွေဆိုတာ ဆက်စေဓန နဲ့ ထင်းထင်သာ ဆိုတဲ့နာမည်ကိုယ်စီ ထွင်းထားတဲ့ ရွှေဒင်္ဂါးပြားလေးနှစ်ခုပါ ။ သူက ရွှေထည်ပစ္စည်းမို့ မက်မောခြင်းမဟုတ်ဘဲ ဘွားဘွားရဲ့ဒီပစ္စည်းလေးတွေအပေါ်မှာထားရှိတဲ့ အဓိပ္ပါယ်နဲ့သင်္ကေတကိုသိနေ၍ ဝမ်းသာသွားရခြင်းဖြစ်ပါသည် ။ ဒီလို နာမည်ထွင်းထားတဲ့ ရွှေဒင်္ဂါးပြားမျိုးကို သူ့တစ်သက် နှစ်ခုသာတွေ့ခဲ့ဖူးသည် ။ ဖေဖေ့နာမည်နဲ့တစ်ခု မမနာမည်နဲ့တစ်ခု ။ မေမေ့နာမည်နဲ့ဒင်္ဂါးပြားကိုလည်း မတွေ့ခဲ့ဖူးသလို....အဆုံးစွန် ဘွားဘွားရဲ့အတူနေ သမီးအရင်းဖြစ်တဲ့ အန်တီ့ခင့်ဆီမှာတောင် ဒီလိုနာမည်ထိုးထားသော ဒင်္ဂါးလေးမရှိပါချေ ။ ဒီရွှေဒင်္ဂါးလေးတွေက တန်ဖိုးအားဖြင့်တော့ အလွန်တရာကြီးမားလှသည်မဟုတ်သော်လည်း ဘွားဘွားရဲ့အချစ်ဆုံးဟူသောပြယုဂ်တစ်ခုအဖြစ် အစဉ်အဆက်အသိအမှတ်ပြုလာတာမို့ ဖေဖေနဲ့မမတို့က ထိုဒင်္ဂါးလေးတွေအပေါ်မှာ တန်ဖိုးတထားရှိခဲ့ကြသည် ။ မေမေနဲ့အန်တီခင့်ဆီမှာတောင် မရှိခဲ့ဖူးတဲ့ ဒီပစ္စည်းလေးတွေကို သူ့တစ်သက် ဘွားဘွားထံမှ ပေးလာလိမ့်မည်လို့ အိပ်မက်တောင်,မမက်ခဲ့ဖူးပါလေ ။

အခုတော့....ဘွားဘွားက အကိုရော သူရောကို အတူတူပေးအပ်လာလေပြီ ။ ဒီပစ္စည်းလေးတွေရဲ့ အဓိပ္ပါယ်ကိုသိနေပြီးသားဖြစ်တာမို့ ဘွားဘွားနဲ့သူ့ကြား ရှင်းပြ ပြောပြစရာစကားတွေ အများကြီးမလိုအပ်တော့ပါ ။ ဝမ်းသာကြည်နူးစိတ်နဲ့ကျလာမိတဲ့မျက်ရည်တွေကို ဘွားဘွားက တယုတယသုတ်ပေးလေတော့ ဘွားဘွားရင်ခွင်ထဲမှာ ပထမဆုံးအကြိမ်မျက်နှာအပ်ကာ ငိုမိတော့သည် ။

ဘွားဘွားကတော့ သူ့ကျောပြင်ကို ခပ်ဖွဖွလေးသပ်ပေးလို့...။ ပထမဆုံးအကြိမ်ပေမယ့် ဘွားဘွားရင်ခွင်က သူ့အတွက် တကယ်ကိုပဲနွေးထွေးနေပါ၏ ။

သူဝအောင်ငိုပြီးသည့်အချိန်မှာ အကိုက သူ့လက်ဖဝါးထဲကို ပစ္စည်းလေးတစ်ခု ထည့်ပေးလာပြန်သည် ။ လက်ဝါးကိုဖြန့်ကြည့်လိုက်တော့ ကျောက်အပြာရင့်ရင့်တွေနဲ့ စီခြယ်ထားသော မြန်မာပြည်မြေပုံရင်ထိုးကလေးတစ်ခု ။

" ဒီရင်ထိုးက ဘာအတွက်လဲ အကို "

" အသာ့အတွက်လေ...ကိုယ်က ကျောက်မျက်ရတနာတွေ လက်ဝတ်ရတနာတွေနဲ့ပတ်သက်ပြီး သိပ်မသိတော့ ဘွားဘွားကိုမေးမြန်း အကူအညီတောင်းပြီး ကိုယ့်စိတ်ကူးလေးကိုပြောပြတာနဲ့ ဘွားဘွားက သူ့မှာရှိတဲ့ နီလာကျောက်လေးတွေကို ထုတ်ပေးတော့တာပါပဲကွာ ၊ အဲ့တော့ ဒါလေးက အသာ့အတွက် ဘွားဘွားနဲ့ကိုယ့်ရဲ့ နှစ်သစ်လက်ဆောင်ပေါ့ "

" ရင်ထိုးက မိန်းကလေးတွေမှ ထိုးကြတာမဟုတ်ဘူးလားဟင် "

" ယောက်ျားလေးတွေက ပုံမှန်အားဖြင့်တော့ မထိုးတတ်ကြပေမယ့် အသာကတော့ မကြာခင်မှာ ဒီရင်ထိုးလေးကို ထိုးရတော့မယ်လေ "

" ဟင် ဘယ်လို...အကို "

" မကြာခင်ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲတက်တဲ့အခါ အသာဝတ်မယ့် တိုက်ပုံပေါ်မှာထိုးဖို့ "

" အကိုကဗျာ....."

သူ မျက်ရည်ဝဲရပြန်ပါ၏ ။

" အကယ်ဒမီဆုတွေအတွက် တစ်ပြေးနေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်လမ်းနဲ့ဇာတ်ညွှန်းရေးသားသူက ပွဲတက်တဲ့အခါ တင့်တယ်နေရမယ်လေ...မဟုတ်ဘူးလား ၊ ပြီးတော့ ဒါက အသာ့ရဲ့ပထမဦးဆုံး အကယ်ဒမီပွဲတက်နှစ်လေ ၊ လူတွေက ဘယ်တော့မဆို ဘဝရဲ့ပထမဦးဆုံးတွေကိုပဲ မှတ်မှတ်ရရပိုရှိတတ်ကြတယ်မဟုတ်လား ၊ ဒါကြောင့် အသာ့ရဲ့အမြဲအမှတ်ထင်ထင်ရှိနေမယ့် ပထမဦးဆုံးပွဲလေးမှာ ကိုယ့်အနေနဲ့လည်း တစ်ထောင့်တစ်နေရာကနေ အမှတ်တရအဖြစ် ပါဝင်ချင်လို့ "

အကိုဟာ သူ့အတွက်ဆိုရင် အသေးစိတ်ကို စဉ်းစားပေးတတ်လွန်းပါသည် ။

" ဒီလိုမလုပ်ပေးလည်း အကိုက ကျွန်တော့်ရဲ့အမှတ်တရကောင်းတွေတိုင်းမှာ ထိပ်ဆုံးကပါပြီးသားပါ အကိုရယ် ၊ ပြီးတော့ ဒီလိုဇာတ်လမ်း,ဇာတ်ညွှန်းပညာတွေဆိုတာလည်း အကိုဖန်တီးပေးထားတာပဲကို ၊ အကို့ကြောင့်သာ ကျွန်တော် ဒီနေရာမှာ အခုလိုရပ်တည်နိုင်ခဲ့တာပါ "

အကိုသည်သာ ကျွန်တော့်ဘဝရဲ့ အလင်းရောင်ရှင်ပါ ။

****************

ညသန်းခေါင်ယံကို တော်တော်လေးကျော်လွန်ခဲ့ပြီမို့ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေသည် ။

နှစ်သစ်ကိုကူးပြောင်းတဲ့ ဆယ့်နှစ်နာရီအချိန်တုန်းက မိသားစုစုံစုံညီညီ countdown ရေတွက်ရင်း Happy New Year ကို ပျော်ရွှင်စွာကြိုဆိုခဲ့ကြသည် ။ ထို့နောက်မှာ အော်ရဟစ်ရ ကစားထားရ၍ ပင်ပန်းပြီး တစ်အိမ်လုံး အိပ်ရာဝင်သွားကြလေပြီ ။

အခုတော့ သူတို့အခန်းဘေးက ဝရံတာငယ်လေးမှာ အကိုနဲ့သူနဲ့ နှစ်ယောက်တည်း ။ လရောင်ကလည်း သူတို့ရှိနေရာ ဝရံတာလေးဆီကို ဖြာကျလို့နေသည် ။

" ဒီနေ့ လသာတယ်နော် အကို "

" ကိုယ်တို့ရဲ့မင်္ဂလာဦးညလေးကိုတောင် သတိရမိတယ် ၊ အဲ့ဒီနေ့ကလည်း အခုလိုပဲ လသာတယ်လေ "

သူ ပြုံးမိရသည် ။ အကိုဟာ အိမ်ထောင်သက်တွေကြာလာသည့်တိုင်အောင် သူနဲ့ပတ်သက်တဲ့အမှတ်တရတွေဆိုရင် မမေ့မလျော့နဲ့ မှတ်မှတ်ထင်ထင်ရှိနေပေးတတ်ဆဲ ။

" ကျွန်တော် လမင်းကြီးကို ငေးကြည့်ရတာကို သဘောကျမှန်းသိလို့ မှန်ခေါင်မိုးနဲ့အိမ်ကို ရအောင်ဖန်တီးပေးခဲ့တဲ့အကိုက ကျွန်တော်ဘာကြောင့် လမင်းကြီးကိုသဘောကျမှန်းရော သိလား "

" ဟင့်အင်း မသိဘူး ၊ ကိုယ့်အတွက်က ကလေးလေး ဘာကြောင့်သဘောကျတယ်ဆိုတာကို သိရဖို့ထက် ဘာကိုသဘောကျလဲဆိုတာကို သိရဖို့က ပိုအရေးကြီးခဲ့တယ် ၊ ဘာကြောင့်ဆိုတာကတော့ ကိုယ့်ကလေး ပြောလိုတဲ့ဆန္ဒရှိမှသာ နောက်ဆက်တွဲ သိချင်တာမျိုး "

သူချစ်ရတဲ့အကိုဆိုတာ ထိုကဲ့သို့သောသူပါလေ ။

" ကျွန်တော်လမင်းကြီးကို သဘောကျတယ်ဆိုတာ ဒီတိုင်းသဘောကျနေတာမျိုးမဟုတ်ဘူး "

ထိုကဲ့သို့ပြောပြမိတော့လည်း သူ့စကားလုံးတွေမှာ အကိုဟာ စိတ်ဝင်စားစွာနဲ့ ငံ့လင့်နေလျက်သား ။

" တကယ်တော့လေ အကို့ကို ကျွန်တော်က လမင်းကြီးနဲ့ထပ်တူပြုထားတာကြောင့်ပါ "

" ဟင် ဘယ်လို? "

" ဟုတ်တယ် အကို ၊ အကို့ကို စတွေ့ပြီးတဲ့အချိန်မှာ အကိုက ကျွန်တော့်အနေနဲ့တော့ ကောင်းကင်ကြီးမှာသာနေတဲ့ လမင်းကြီးလိုလူမျိုးပဲ "

" ဘာကြောင့်လဲ ကလေးလေးရဲ့ "

" အရှိန်အဝါတစ်ခုနဲ့တောက်ပနေပြီး ကျွန်တော်လက်လှမ်းလို့မမီနိုင်တဲ့ ဟိုးအမြင့်တစ်နေရာမှာရှိနေတဲ့သူမို့လို့ပါ "

သူ့စကားဆုံးတော့ အကိုက သူ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲယူကာ ပွေ့ဖက်လိုက်ရင်းက

" ကလေးလေးရယ်.... "

ဟု ခပ်ညည်းညည်းလေး ရေရွတ်လာသည် ။

" အခုတော့ လက်လှမ်းမမီနိုင်တဲ့အဓိပ္ပါယ်မျိုး မဟုတ်တော့ဘဲ မှောင်နေတဲ့ကျွန်တော့်ဘဝကို အလင်းပြပေးတဲ့ အလင်းရောင်ရှင်ဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်သွားပြီ "

အကိုက သူ့ဆံပင်အုပ်အုပ်တွေဆီကို ဖိကပ်နမ်းရှိုက်လာကာ

" ကိုယ့်ရဲ့ဒီကလေးလေးကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရမလဲကွာ "

" ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီအတိုင်းလေးပဲ ချစ်ပေးရင်း ကျွန်တော့ဘဝကို ဆက်ပြီးအလင်းပြပေးဦးပေါ့ အကိုရဲ့ "

" ကိုယ့်အချစ်တွေက အမြဲတမ်း မင်းတစ်ယောက်တည်းအတွက်ပါ ကလေးလေးရယ် "

အကိုက သူ့လက်တွေကိုထွေးဆုပ်ရင်း လေးလေးနက်နက်ပြောလာတဲ့အခါ သူ့မှာကြည်နူးစိတ်နဲ့အတူ တသိမ့်သိမ့်ပီတိဖြစ်ရပြန်လေသည် ။

အဝေးကလမင်းကြီးကို မျှော်ငေးနေခဲ့ရတဲ့ လမင်းမျှော်သူဘဝကနေ....အခုတော့ ထိုလမင်းကြီးရဲ့အရိပ်မှာခိုလှုံရင်း သူဘဝလေး တကယ်အေးမြနေရပါပြီ ။

သူတို့နှစ်ယောက်ရဲ့အချစ်တွေဟာ ယနေ့နှစ်သစ်မှသည် နောင်နှစ်သစ်....နှစ်သစ်ပေါင်းများစွာတိုင်တဲ့အထိ.....။

(The End)
ချစ်ခြင်းအားဖြင့်
Phyu Layy.

A/N

ဒီ Extra အပိုင်းလေးက ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာ ထုတ်ဝေခဲ့တဲ့ ၊ စာအုပ်လေးထဲမှာ ထည့်ရေးပေးထားတဲ့ New Year အပိုင်းပိုလေးပါ ။ စာအုပ်ဝယ်တဲ့သူလေးတွေက ဖတ်ပြီးသားဖြစ်နေလောက်ပေမယ့် စာအုပ်မဝယ်ဖြစ်တဲ့ စာဖတ်သူလေးတွေအတွက် အခုနှစ် New Year ကာလလေးမှာ အမှတ်တရ ပြန်တင်ပေးလိုက်ပါတယ် ။

နှစ်သစ်မှာ စိတ်အေးချမ်းနိုင်ကြပါစေ.....။

PhyuLayy.

Okumaya devam et

Bunları da Beğeneceksin

429K 22.5K 49
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1K 85 25
႐ိုး႐ိုးေလးပါပဲ။ အခ်စ္ႏွင့္ ေတြ႔ဆံုေစခဲ့လို႔ မိုးရာသီေရာက္တိုင္း အမွတ္တရေတြျပန္ေတြးရင္း ေပ်ာ္တတ္ေနၿပီ။ ရိုးရိုးလေးပါပဲ။ အချစ်နှင့် တွေ့ဆုံစေခဲ့လို့ မ...
1.3M 56.2K 67
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
2.6K 201 11
"ဘဝမှာ နေရဖို့ ရက် အကန့်အသတ်ပဲ ကျန်တော့တဲ့ လူတစ်ယောက်ကို စွဲစွဲလန်းလန်း တွယ်တာသွားမိတယ်ဆို ခင်ဗျားတို့ အဲ့လူအပေါ် ဘယ်လို မြင်မလဲ။" "ဘဝမွာ ေနရဖို႔ ရက္...