မိုးခနေစဉ် သည် တစ်ပတ်တိတိ
ကျောင်းနားခံထားရသည့်အတွက် မင်းဘုန်းမြတ်ပိုင် ဧ။်
အိမ်တွင် စာလာကူးနေရသည် ။ မိုးခနေစဉ် သည်
မင်းဘုန်းမြတ်ပိုင် ဧ။် အခန်းတွင်းသို့ ရောက်သည့်အခါ
လက်ထဲမှ ဖုန်းအား ထုတ်၍...
"နောက်အပတ် တနင်္ဂနွေနေ့က မောင့် မွေးနေ့ဆို
ခ ဘာမှာထားလဲ ကြည့်လိုက်.. "
မင်းဘုန်းမြတ်ပိုင် သည် ဖုန်းအား ယူကြည့်လိုက်သောအခါ
ရွှေအိုရောင် ကြိုးမျှင်လေး ပေါ်တွင်
တလက်လက်တောက်ပနေသော အနီရောင်
အသည်းတခြမ်း အား ထည့်ထားသော
လက်ပတ်လေးနှစ်ခုသာ ။ လက်ပတ်လေးနှစ်ခုတွင်
အသည်းပုံတစ်ခြမ်းစီ ပါရှိသည် ။ အသည်း
အခြမ်းလေးနှစ်ခုသည် သံလိုက်ဓာတ်ထည့်ထား၍
ယင်းနှစ်ခုအား နီးကပ်စွာ ထားလျှင် ဆွဲငင်ကြောင်း
ပုံတွင် ပြ ထားသည် ။
"ခ ဒါဝယ်ဖို့ မုန့်ဖိုး အကြာကြီးစုထားတာ..အဲ့ဒါက မောင့်
မွေးနေ့အတိအကျပဲ ရောက်လာလိမ့်မယ်.."
"ခ ပိုက်ဆံကုန်တော့မှာပဲ..နောက်ဆို မောင့်ကို
မဝယ်ပေးဘဲ သေချာစုထားနော်..."
မင်းဘုန်းမြတ်ပိုင် သည် မိုးခနေစဉ် အား ဖုန်းပြန်ပေးရင်း
ပြောလိုက်သည် ။ မိုးခနေစဉ် သည် နှုတ်ခမ်း ဆူ၍
ခေါင်းငုံ့သွားကာ..
"မောင် မကြိုက်ဘူးဆို ခ cancel
လုပ်လိုက်တော့မယ်လေ.."
မိုးခနေစဉ် သည် ဖုန်းအား အတည်ပေါက်ဖြင့် ယူဖွင့်၍
မျက်နှာလေး ညိုးကာ ဝမ်းနည်းဟန်ဖြင့် ပြောသည် ။
မင်းဘုန်းမြတ်ပိုင် သည် မိုးခနေစဉ် ဧ။် ခေါင်းအား
ခပ်ဖွဖွ ပုတ်၍..
"မောင် က မွေးနေ့လက်ဆောင်အဖြစ် ဒါတွေ
မလိုချင်ဘူး..မောင် တစ်ခုပဲ တောင်းဆိုမယ် "
"ဘာလဲဟင်.."
မိုးခနေစဉ် သည် ဖုန်းအား မွေ့ရာပေါ်သို့ ပစ်ချ၍
သွား ၃၂ ချောင်းလုံးပေါ်သည်အထိ ရယ်၍
တောက်ပသည့် မျက်လုံးဖြင့် မင်းဘုန်းမြတ်ပိုင် အား
မော့ကြည့်ကာ မေးလိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည်
လေးနက်သော အပြုံးဖြင့်..
"မနက်ဖြန် ကျောင်းတက်ရင် စစ်လက်ျာကို စိတ်ရင်းနဲ့ တောင်းပန်လိုက်ပါ..သူ့ကို ခ အခုထိ
မတောင်းပန်ရသေးဘူးမလား.."
မင်းဘုန်းမြတ်ပိုင် ဧ။် စကားအဆုံးတွင် မိုးခနေစဉ် ဧ။်
တောက်ပနေသော မျက်လုံးအစုံသည် မှိန်ကျသွား၍
ပြုံးရယ်ထားသော ပါးစပ်သည် တဖြည်းဖြည်း
တည်သွားသည် ။ ထိုနောက် မွေ့ရာပေါ်သို့ လှဲချ၍
ခေါင်းအုံး ဖြင့် မျက်နှာအပ်ကာ..
"ဒါကတော့ မဖြစ်နိုင်ဘူး..ခွင့်လွှတ်မှာလည်း မဟုတ်ဘူး.."
"ခွင့်လွှတ်တာ မလွှတ်တာ သူ့ဟာသူ ဆုံးဖြတ်မှာပေါ့..
ခ အပိုင်းက တောင်းပန်ဖို့ပဲလေ..ခ ဆီက
ဒီလို စကားမျိုးအပြောခံရတာ သူ့အတွက်
အရမ်းခံစားရလိမ့်မယ်လို့ မောင် ထင်တယ်.."
မိုးခနေစဉ် သည် မျက်နှာဖြင့် အပ်ထားသော
ခေါင်းအုံး အား ဖယ်လိုက်ရင်း မွေ့ရာပေါ်တွင်
တင်ပါးလွှဲ ထိုင်နေသော မင်းဘုန်းမြတ်ပိုင် အား
မော့ကြည့်၍..
"ဟုတ်ပါ့မလား..ခ က ဘာမို့လို့ သူက အရမ်းခံစားရမှာလဲ.."
"ဘယ်လိုပဲဖြစ်ဖြစ် ခ တောင်းပန်သင့်တယ်..ခ
မတောင်းပန်ရင် ခ မောင့်ကို မယုံတာလား.."
မိုးခနေစဉ် သည် လှဲနေရာမှ ထ ထိုင်၍
မင်းဘုန်းမြတ်ပိုင် ဧ။် လက်မောင်း အား
ဖက်တွယ်လိုက်ကာ..
"မောင်ကလည်း..ခ သူ့ကို စိတ်ရင်းနဲ့ အားနာပြီး
မောင့်ကိုလည်းယုံပါတယ်..
နောက်နေ့ တောင်းပန်လိုက်မယ်နော်..ဒါပေမယ့်
လက်ဆောင်တော့ ယူရမယ်နော် "
မင်းဘုန်းမြတ်ပိုင် သည် သူ့ လက်မောင်း အား
ဖက်တွယ်ထားသော မိုးခနေစဉ် အား ညင်သာစွာ
ခွာထုတ်၍..
"ကောင်းပါပြီဗျာ..အခုတော့ စာလုပ်နော်.."
_______♥♥♥♥♥________
"Happy Birthday လက်ျာ..."
ကော်ရစ်တာပေါ်တွင် လမ်းလျှောက်လာသော
စစ် သည် အရှေ့မှ ရုတ်တရက် ဘွားခနဲ ပေါ်လာသော
မိုးခနေစဉ် ကြောင့် လန့်ဖြန့်၍ အနောက်သို့
ခြေလှမ်းနှစ်လှမ်း ခန့် ခုန်ဆုတ် မိသည် ။
"အမေ့ လန့်လိုက်တာ..မကောင်းဆိုးဝါး ကျနေတာပဲ.."
စစ် သည် မိုးခနေစဉ် အား တွေ့သည်နှင့် အိနြေ္ဒဆည်၍
မျက်နှာတည်ကာ 'မကောင်းဆိုးဝါး ' ဟူသော
စကား အား မိုးခနေစဉ် ဧ။် မျက်နှာတည့်တည့်သို့
ကြည့် ပြောလိုက်သည် ။ မိုးခနေစဉ် သည်
အပြုံးမပျက်ဘဲ လက်ထဲမှ မွေးနေ့လက်ဆောင်ကဲ့သို့
လေးထောင့်သဏဍ္ဍာန် အလတ်စား သေတ္တာတစ်ခုအား
စစ်ထံသို့ ကမ်းပေးသည် ။ စစ် သည် သေတ္တာအား
မစင်တွေ့သည့်အလား မထိချင်ဟန်ဖြင့် လက်ကာပြ၍..
"ဘာကြီးလဲ "
"မွေးနေ့လက်ဆောင်လေ.."
မိုးခနေစဉ် သည် စစ် ဧ။် အမေးအား ဖြေရင်း စစ်
လက်ထဲသို့ သေတ္တာအား ထိုးပေးသည် ။ စစ် သည်
သေတ္တာအား မိုးခနေစဉ် ဘက်သို့ ပြန်တွန်းပေး၍..
"မှားနေပြီ..ငါ့မွေးနေ့က ခရစ္စမတ် နေ့ကျမှ..
သြော် အဲ့ဒီ့အစား မင်းဘုန်းမြတ်ပိုင် ကို ပေးလိုက်
သူ့ မွေးနေ့ နီးနေပြီ.."
စစ် သည် မိုးခနေစဉ် အား ကွေ့ရှောင်သွား၍
အဆောင်ဘက်သို့ သွားမည်အပြုတွင် မိုးခနေစဉ် သည်
သေတ္တာအား ပိုက်၍ စစ် အား မှီအောင်
ပြေးလိုက်လာ၍..
"ခရစ္စမတ် နေ့လား..ညဘက်မှာ မွေးတာမလား..
မနက် ၆နာရီမတိုင်ခင်.."
စစ် ဧ။် မျက်လုံးများသည် ပုံမှန်အချိန်ထက် ပြူးကျယ်လာ၍
မိုးခနေစဉ် ဘက်သို့ ဆတ်ခနဲ လှည့်၍..
"မင်း ဘယ်လိုသိတာလဲ..ငါ မွေးတဲ့အချိန်ကို
ငါ့မိသားစု ရယ် ၊ မင်းဘုန်းမြတ်ပိုင် ရယ်ပဲသိတာ..
ဘယ်သူပြောပြတာလဲ.."
"ငါ စာအုပ်ထဲမှာ ဖတ်ဖူးတာ..၆နာရီမတိုင်ခင်
မွေးတဲ့လူတွေက ခရစ္စမတ် ဘိုးဘိုးကြီးက သူတို့မိဘတွေကို
လက်ဆောင်ပေးထားတာတဲ့..အဲ့ဒီ့လူတွေ က
အရမ်းချောပြီး စိတ်ထားကလည်း
နှင်းပွင့်လေးတွေလို အရမ်းဖြူစင်ပြီး နူးညံ့တယ်တဲ့..
ငါက မင်းကို ပြေးမြင်မိလို့ "
စစ် သည် မိုးခနေစဉ် ဧ။် စကားအဆုံးတွင် နာမည်ကြီး
ပြက်လုံးတစ်ခုအား ကြားသည့်အလား ခနဲ့တဲ့တဲ့
လေသံဖြင့် အော်ရယ်လိုက်သည် ။နှုတ်ခမ်းအား ဘယ်ဘက်သို့
ရွဲ့လိုက်၍ မိုးခနေစဉ် အား မျက်ခုံးချီ၍ ကြည့်လိုက်ကာ
ရယ်သံစွက်၍
"ဘယ်လိုဖြစ်နိုင်မှာလဲ..သူများ
ရည်းစား ကို ခိုးစားတဲ့ ကောင်ကလေ.."
စစ် သည် မိုးခနေစဉ် လိုက်၍ မမှီစေရန်
လမ်းအား အရှိန်မြှင့်၍ လျှောက်လိုက်သည် ။
မိုးခနေစဉ် သည် စစ် ဧ။် အနောက်သို့ ပြေးလိုက်၍
စစ် အရှေ့တွင် ပိတ်ရပ်လိုက်သည် ။ စစ် သည်
မိုးခနေစဉ် အား ရှောင်ကွင်း၍ ထွက်သွားမည်အပြုတွင်
မိုးခနေစဉ် သည် သူဧ။် လက်နှစ်ဖက်အား ကား၍
စစ် အား ကာထားသည် ။ စစ် သည် ဟင်းခနဲ
သက်ပြင်းချကာ ခြေတစ်ဖက်အား ဆောင့်၍..
"ဘာဖြစ်ရပြန်တာလဲ..ဖယ်..ဒီတခါလည်း ကိုယ့်ဟာကို
ဒဏ်ရာရအောင် ထပ်လုပ်ဦးမလို့လား..အဲ့လိုဆိုရင်တော့
ငါ တကယ် မင်းကို ပိတ်ထိုးတော့မှာ.."
"အဲ့..အဲ့လို မဟုတ်ပါဘူး..ငါ အားလုံး သိသွားပါပြီ..
ငါ အရမ်းသဝန်တိုပြီး မင်းကို လွန်လွန်ကြူးကြူး တွေ
ပြောမိတာပါ..ငါ တောင်းပန်ပါတယ် နော်.."
မိုးခနေစဉ် သည် မျက်နှာငယ်လေး ဖြင့် စစ် အား
ကြည့်၍ တောင်းပန်နေသည် ။ မိုးခနေစဉ် ဧ။်
အသနားခံနေသော မျက်လုံးဝိုင်းများအား ကြည့်၍
စစ် စိတ်ပျော့သွားသော်လည်း တလောကလုံးရှိ
အောက်ဆီဂျင်များအား အဝရှူ၍ စိတ်ပြန်တင်းလိုက်သည် ။
"ငါလေ တခါမှ ရည်းစားမထားဖူးဘူး..အချစ် အကြောင်းလည်း
ဘာမှမသိဘူး..ဒါပေမယ့် သဝန်တိုတိုင်း ကိုယ့်ချစ်သူနဲ့
ပတ်သတ်သမျှ လူတွေကို လိုက်ရမ်းတာ
မကောင်းဘူးထင်တယ်..ဒီလောက် သဝန်တိုပြီးရင်
တော်ရောပေါ့..ခိုးစားတယ် ဆိုတဲ့ စကားက ဘာလဲ.."
"အဲ့ဒါက..ငါ..ဒီတိုင်း "
မိုးခနေစဉ် သည် ပြောစရာစကား ပျောက်ရှနေသကဲ့သို့
အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည် ။ စစ် သည်
မိုးခနေစဉ် အား လက်ကာပြ၍...
"မင်းကတော့ ဒီတိုင်း ရုပ်ရှင်ထဲကအတိုင်း လိုက်ပြောလိုက်တာမလား..မင်း အဖြစ်အပျက်ကို
အစအဆုံး တွေ့လိုက်ရလား..ငါတို့ မင်းထင်သလို
ဖြစ်နေတယ်ဆိုတာ အရမ်း သေချာနေလား.."
စစ် သည် မိုးခနေစဉ် ဧ။် မကျည်းရွက်ခန့်သာ ရှိတော့သော
မျက်နှာအား စေ့စေ့ကြည့်၍ မေးလိုက်သည် ။
မိုးခနေစဉ် သည် စစ် အား ဖြေးညင်းစွာ ခေါင်းယမ်းပြသည် ။
"မင်း လူတွေအကြောင်း မသိသေးပါဘူး..
ကိုယ့် ထင်ကြေးလေး တစ်ခုတည်း နဲ့ တဖက်လူကို
မစော်ကားနဲ့..ပြီးတော့ မာယာများတိုင်းလည်း
မကောင်းဘူး..ငါ့မှာ မင်းကျေးဇူးကြောင့် ပထမဆုံး
ရုံးခန်းရောက်ရတယ်..အမှန်တိုင်း ဝန်ခံတဲ့အတွက်
ဝမ်းသာပေမယ့် မင်းကို ငါ ခွင့်မလွှတ်နိုင်လောက်ဘူး
ထင်တယ်..ခွင့်လွှတ်ဖို့ အချိန်ယူရမလား မသိဘူး "
မိုးခနေစဉ် သည် သူဧ။် လက်ထဲမှ သေတ္တာလေးအား
ညိုးငယ်စွာ ငုံ့ကြည့်၍ စစ် အား ကမ်းပေးလိုက်သည် ။
စစ် သည် လက်ပိုက်ထားရင်း သေတ္တာအား
မျက်မှောင်ကျူံ့၍ ကြည့်ကာ...
''မယူဘူး "
"မင်း ကြိုက်မယ်ထင်တဲ့ မုန့်တွေ ငါ ရွေးမှာထားတာ..
အကုန်လုံး ကိုရီးယား တို့ ၊ ဂျပန်တို့ ၊ အမေရိကန်တို့က
တင်သွင်းထားတာတွေ..ငါ မင်းအတွက်မို့
ဈေးကြီးပေးဝယ်ထားတာ
ငါ့ကို ခွင့်မလွှတ်ရင်တောင် ဒါတော့ ယူထားပေးနော်.."
မိုးခနေစဉ် သည် သေတ္တာအား စစ် ဧ။် လက်ထဲသို့
ပိုင်စိုးပိုင်နင်း ထည့်ပေးလိုက်သည် ။ စစ် သည်
နှုတ်ခမ်း အား အသားကုန်ပြုံး၍ အသက်မပါသည့်
မျက်လုံးဖြင့် မိုးခနေစဉ် အား ကြည့်၍
လက်ထဲမှ သေတ္တာအား မိုးခနေစဉ် လက်ထဲသို့
ပြန်ထိုးထည့်လိုက်သည် ။
"မင်းနဲ့ ပျားရည်အိုင်ထဲက မြိုင်နဲ့ ဘာတော်တာလဲ..
သားအမိလား...တူဝရီးလား..မောင်နှမတွေလား..
ပိုက်ဆံလေးရှိရုံနဲ့ လူတဖက်သားကို ပြောချင်သလိုပြောမယ်
ပြီးရင် ကောင်းတာ တစ်ခုခုနဲ့ တဖက်လူကို
လာဘ်ထိုးဦးမယ်ပေါ့..ပိုက်ဆံတွေ ၊ ဈေးကြီးတဲ့မုန့်တွေ ၊
အကောင်းစား လက်ဆောင်တွေက အဓိက
မဟုတ်ဘူးဆို.."
"မ..မဟုတ်ပါဘူး လက်ျာရယ်.."
စစ် သည် စိတ်ရှုပ်ထွေးလာဟန်ဖြင့် ဆံပင်အား
လက်ဖြင့် ဖွလိုက်၍ ခြေထောက်နှစ်ဖက်လုံးအား
အသံမည်သည်အထိ ဆောင့်နေရင်း ပါးစပ်မှလည်း..
"မင်းကို စိတ်ထဲက ခွင့်မလွှတ်ဘဲနဲ့ ဒီ မုန့်တွေကို ငါက ဘယ်လို
မြိုစို့နိုင်မှာလဲ...တကယ်ပဲ.."
စစ် သည် သူဧ။် ဆံနွယ်ပျော့ပျော့များ ရှုပ်ပွသွားသည်အထိ
ခေါင်းအား လှုပ်ခါပြနောက် ရှုပ်ပွသွားသော ဆံပင်များအား
လက်ဖြင့် ဖြီးလိုက်၍ မိုးခနေစဉ် အား သူဧ။်
သွားဖြူဖြူလေးများ ပေါ်သည်အထိ ရည်မွန်စွာ
ပြုံးပြ၍ ...
"မုန့်တွေကို ကိုယ့်ရည်းစားနဲ့ကိုယ် ချိန်းတွေ့ရင်း
ကောင်းကောင်း သုံးဆောင်လိုက်ပါ..အမောင်မိုးခနေစဉ်shi..."
စစ် သည် ပြောပြီးပြီးချင်း မိုးခနေစဉ် ဧ။် အရှေ့မှ
ချာခနဲ လှည့်ထွက်သွားသည် ။ မိုးခနေစဉ် သည်
သေတ္တာအား ပိုက်ရင်း ထွက်သွားသော စစ် ဧ။်
ကျောပြင်အား မျက်လုံးအဝိုင်းသား ၊
ပါးစပ်အဟောင်းသားဖြင့် ကြည့်၍...
"မောင်ရေ..လက်ျာ ယဉ်ယဉ်လေးနဲ့
ရူးသွားပြီထင်တယ်..."
_________♥♥♥♥♥________
မင်းဘုန်းမြတ်ပိုင် သည် စာသင်ပြီးသည်နှင့်
စစ် ဧ။် အိမ်သို့ ရောက်လာသည် ။
မင်းဘုန်းမြတ်ပိုင် သည် စစ် တို့ဧ။် သော့မခတ်ထားသော
် ခြံတံခါး အား လက်ဖြင့် အလွယ်ဖွင့်၍
အိမ်အတွင်းသို့ ဝင်လာသည် ။ စစ် ဧ။် အမေ
အပြင်သွားနေသည့်တိုင် အိမ်တံခါးကြီးသည်
ဟောင်းလောင်းကြီး ပွင့်နေသည် ။ ဧည့်ခန်းအတွင်းသို့
ရောက်သည်အထိ စစ် ဧ။် အရိပ်အယောင် မတွေ့ရ ။
စားပွဲပေါ်တွင် မက်မန်းသီးအထုတ် အခွံများနှင့် ကျောင်းစာအုပ်များအား တွေ့သောအခါ အိမ်တွင် ရှိကြောင်း သိလိုက်ရသည် ။
မင်းဘုန်းမြတ်ပိုင် သည် မိုးခနေစဉ် ပေးလိုက်သော
ကတ်ထူသေတ္တာအား စားပွဲပေါ်သို့ တင်၍
အိမ်အတွင်းသို့ အကဲခတ်နေသည် ။
"အမေရေ..အိမ်ရှေ့မှာ ဘယ်သူကြီးလဲ မသိဘူး.."
ရေခဲသေတ္တာထဲရှိ ပလတ်စတစ်ဘူးဖြင့် ထည့်ထားသော
ရေခဲမုန့်ဘူး အား ပိုက်၍ ထွက်လာသော စစ် သည်
လူရိပ်တွေ့သည်နှင့် HomeAlone ကားထဲမှ
ကယ်ဗင်ကဲ့သို့ လူရှိချင်ယောင်ဆောင်၍
အပေါ်ထပ်သို့ မော့ကာ
အာခေါင်ခြစ်အော်တော့သည် ။ ထိုနောက်
ဧည့်ခန်းတွင် လက်ပိုက်၍ သူ့အား ပြုံးကြည့်နေသော
မင်းဘုန်းမြတ်ပိုင် အား တွေ့တော့မှ သက်ပြင်းချကာ..
"ဟူး...ငါက သူခိုး ၊ သူတောင်းစား ၊ ဓားပြ ၊
စိတ္တဇလူသတ်သမား ၊ သရဲ ၊ ဘီလူး ၊
မကောင်းဆိုးဝါးလို့ ထင်နေတာ..ဘာကိစ္စလဲ.."
စစ် သည် ရေခဲမုန့်ဘူးအား ယူလာ၍ စားပွဲပေါ်
တင်ပြီးနောက် ဆိုဖာပေါ်တွင် မှီ၍ ထိုင်ချလိုက်သည် ။
မင်းဘုန်းမြတ်ပိုင် သည် စစ် ဧ။် ရေခဲမုန့်ဘူး အား
ဖွင့်ကြည့်လိုက်သည် ။ စစ် သည် မင်းဘုန်းမြတ်ပိုင် ဧ။်
လက်အား မှုန်ကုတ်ကုတ်ဖြင့် စိုက်ကြည့်နေသည် ။
မင်းဘုန်းမြတ်ပိုင် သည် လက်အား ရုတ်၍..
"လူသတ်သမား မသတ်ဘဲ တစ်ယောက်တည်း
ဲ သေချင်နေတာလား..ရေခဲမုန့်က နို့နဲ့လုပ်ထားတာ..
ဟိုမှာ အချဉ်ထုတ်တွေ စားထားတယ်မလား.."
"Omg...ဘုရားရေ "
စစ် သည် ရေခဲမုန့်ဘူးအား အလန့်တကြားတွန်းပစ်လိုက်သည် ။
ထိုနောက် စားပွဲပေါ်ရှိ မနက်က မိုးခနေစဉ် သူ့အား
ပေးရန်ပြင်နေသော သေတ္တာအား တွေ့သည့်အခါ
မင်းဘုန်းမြတ်ပိုင် ဧ။် လာရင်းကိစ္စအား သိသွားသည် ။
စစ် သည် သေတ္တာအား မင်းဘုန်းမြတ်ပိုင် ထံသို့
ပစ်ပေးရင်း..
"ဒါလား..လာရင်းကိစ္စက..ငါ ဒါလည်း မယူဘူး
မိုးခနေစဉ် ကိုလည်း ခွင့်မလွှတ်နိုင်သေးဘူး.."
"မင်း အရမ်းခံစားရမယ်ဆိုတာ သိပါတယ်..သူက
မင်းကို စိတ်ရင်းနဲ့တကယ် အားနာနေတာပါ...
သူ အမှားလုပ်ထားမှန်း သူ သိတာမို့ အရမ်းမခံစားနဲ့တော့.."
"ဘာကိုခံစားရမှာလဲ.."
စစ် သည် မင်းဘုန်းမြတ်ပိုင် ဧ။် စကားအား နားမလည်ဟန်ဖြင့်
မေးဆတ်ကာ မေးလိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည်
ခေါင်းအား ဖြေးညင်းစွာ ယမ်း၍..
"ထားလိုက်ပါ..ဒါပေမယ့် တစ်ခါလောက်
မခွင့်လွှတ်ပေးနိုင်ဘူးလား.."
"သူ့ဟာသူ လာ တောင်းပန်ပါစေ.."
စစ် သည် မင်းဘုန်းမြတ်ပိုင် ကိုယ်စားလာတောင်းပန်၍
စိတ်ပျော့သွားသော်လည်း မိုးခနေစဉ် တကယ်
စိတ်ရင်းနှင့် အားနာနေသလား သိချင်လာသဖြင့်
မင်းဘုန်းမြတ်ပိုင် အား မျက်နှာလွှဲ၍ ပြောလိုက်သည် ။
"မင်းက ခွင့်မလွှတ်တော့ သူ မလာရဲလို့ပါတဲ့.."
"ဒါဆို နောက်တခါ ဒီလိုမျိုး ထပ်ဖြစ်ရင် ဘာလုပ်ရမလဲလို့
မေးလိုက်..သူ့ကို "
မင်းဘုန်းမြတ်ပိုင် သည် စစ် အား ပြုံးပြ၍ သူ့ ဘောင်းဘီအိတ်ကပ်အတွင်းမှ ဖုန်းအား ထုတ်၍
မိုးခနေစဉ် ထံသို့ ဖုန်းခေါ်နေသည် ။ စစ် သည်
မင်းဘုန်းမြတ်ပိုင် ဧ။် အပြုအမူကြောင့် မျက်လုံးပြူးသွားသည် ။
ဖုန်းဝင်သွားသောအခါ မင်းဘုန်းမြတ်ပိုင် သည်
speaker ဖွင့်၍..
"နောက်တခါဒီလိုမျိုး ထပ်ဖြစ်ရင် ဘာလုပ်ရမလဲ တဲ့.."
"နောက်တခါဆိုတာ ဘယ်တော့မှ မရှိပါဘူး..တကယ်ပါ.."
စစ် သည် မိုးခနေစဉ် ဧ။် အသံအား ကြားသည့်အခါ
မင်းဘုန်းမြတ်ပိုင် ထံမှ ဖုန်းအား ယူ၍ မာဆတ်ဆတ်
လေသံဖြင့် ပြော၍ ဖုန်းအား တခါတည်း ချပစ်လိုက်သည် ။
"ငါ ဒီတခါတော့ ခွင့်လွှတ်ပေးလိုက်မယ်..မုန့်ကိုတော့
လက်မခံနိုင်ဘူး..မြိုလည်းမြိုမကျဘူး..မင်းဘုန်းမြတ်ပိုင် ကို
ပေးလိုက်ပြီ "
ထိုနောက် မင်းဘုန်းမြတ်ပိုင် ထံသို့ ဖုန်းအား
ပစ်ပေးလိုက်သည် ။ စားပွဲပေါ်ရှိ သေတ္တာအား
မင်းဘုန်းမြတ်ပိုင် ဘက်သို့ တွန်းလွှတ်ကာ
"ဒါပဲမလား..ပြောစရာ Getout..."
"မုန့်တော့ယူထားလိုက်..မင်း ကျန်းမာရေး နဲ့
မညီညွတ်တာတွေ စားတာ များနေပြီ..ငါက
မင်းကို ပြန်ပေးတာ.."
မင်းဘုန်းမြတ်ပိုင် သည် ပြန်တော့မည့်ဟန်ဖြင့်
ထလိုက်သောအခါ စစ် သည် သေတ္တာအား
မင်းဘုန်းမြတ်ပိုင် လက်ထဲသို့ ထိုးထည့်၍..
"ဒီနေ့ ငါ့မှာ မင်းပေးတဲ့ အသက်ပဲ ရှိတော့တယ်
ငါ့ကို သတိပေးတဲ့အတွက် ကျေးဇူးပါ
မုန့်ကတော့ ငါ့ဘက်က ကျေးဇူးတုန့်ပြန်တယ်လို့
သဘောထားလိုက်နော်..သွားတော့ ပြန်တော့.."
စစ် သည် မင်းဘုန်းမြတ်ပိုင် အား ခြံတံခါး ဝ ထိ
တွန်းလာရင်း မင်းဘုန်းမြတ်ပိုင် သည်
ခြံအပြင်ဘက်သို့ ရောက်သည့်အခါ စစ်သည်
အတွင်းမှ သော့ခတ်ပစ်လိုက်သည် ။
မင်းဘုန်းမြတ်ပိုင် သည် အိမ်တံခါးပါ ပိတ်သွားသော
စစ်အား ကြည့်၍ သဘောတကျရယ်မိသည် ။
(အရူးလေး...ငါ အနားမှာ မရှိဘဲ မင်း ဘယ်လိုနေမလဲ)
Diana_Lin
To Be Continube
ဒီနေ့ကတော့ လင်း ရဲ့ ၁၄နှစ်ပြည့် မွေးနေ့ပါ ....ဒါကြောင့်
စောစောစီးစီး အပ်ပေးထားပါတယ် မွေးနေ့ကိတ်လို့ပဲ သဘောထားပါ 😁
တစ်ယောက်ယောက်လောက် လင်းကို
မုန့်ဖိုးအကြာကြီး စုပြီး မှာထားတဲ့
လက်ဆောင် ပေးကြပါ..လိုချင်တာ တပိုင်းကိုသေလို့ ☺