မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တို...

By eddykwon

457K 51.4K 2K

ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာ... More

Chapter 1
Chapter 1.1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 14
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60

Chapter 4

4.9K 892 30
By eddykwon


ကြည့်နေတဲ့သူအကုန်လုံး တန့်သွားကြတယ် လူတိုင်းက ရှန်ကျင်းထျန် အနားမယူခင်ရုပ်ရှင်ရိုက်ခဲ့တယ်ဆိုတာသိတယ် idolလမ်းကြောင်းကအောင်မြင်လွယ်တယ် ဒါပေမဲ့ကျဆုံးဖို့ရလည်းလွယ်ကူတယ် အသစ်တွေတက်လာတာနဲ့အမျှ အနည်းငယ်ကဘဲသီချင်းဆိုရရုံ ကရုံလောက်နဲ့ဘဲကျန်ရစ်နေခဲ့ကြတယ် သူတို့အကုန်လုံးက သရုပ်ဆောင်ဘက်ကိုတဖြည်းဖြည်းကူးပြောင်းလာကြတယ် ဒါပေါ့ရှန်ကျင်းထျန်လည်းခြွင်းချက်မရှိဘူး


သူနဲ့ပိုင်ချင်းကွမ် က"Pick Me"ဆိုတဲ့အရည်အချင်းစစ်ပြပွဲမှာအတူတကွ ပွဲဦးထွက်ခဲ့ကြပြီးတော့ သူတို့က တူညီတဲ့ရုပ်ရှင်တွေ ရုပ်သံစီးရီးအရင်းအမြစ်တွေအတွက်ယှဥ်ပြိုင်ခဲ့ကြတယ် ရှန်ကျင်းထျန်က ပိုင်ချင်းကွမ်ကိုဖိနှိပ်နိုင်ခဲ့ပြီးတော့ သူကနံပါတ်၁အမျိုးသားဇာတ်လိုက်အဖြစ်အောင်မြင်စွာသရုပ်ဆောင်နိုင်ခဲ့တယ်

ရလဒ်အနေနဲ့ လူတိုင်းက ရှန်ကျင်းထျန်က ရယ်စရာကောင်းတဲ့memeတွေအများကြီးကိုထုတ်ပြသလိုဖြစ်ခဲ့တယ် ပိုပြီးဆိုးတာက ဖျော်ဖြေရေးနယ်ပယ်ထဲက အတွင်းလူတွေရဲ့ အတင်းစကားတွေဘဲ

ဒါပေမဲ့ အခုသူတို့ရှေ့က ရှန်ကျင်းထျန်က လုံးဝပြန်ပြီးမွေးဖွားလာသလိုဘဲ သူကပိုပြီးအံ့အားသင့်စရာကောင်းလာအောင်သရုပ်ဆောင်လို့မဟုတ်ဘဲ သူကထင်ထားတာထက်ပိုပြီးသန်မာလာလို့ဘဲ

ကောင်းရွေ့က သူ့ကိုပိုင်ချင်းကွမ်ရဲ့ မျက်နှာကြောင့်သာလူတွေ့စစ်ဆေးဖို့တောင်းဆိုခဲ့တာဖြစ်တယ် ပြီးတော့လူထုရဲ့စိတ်ဝင်စားမှုရရှိဖို့အတွက်ဘဲဖြစ်တယ် ပိုင်ချင်းကွမ်နဲ့ ရှန်ကျင်းထျန်အတူ သရုပ်ဆောင်ခြင်းဆိုတဲ့ခေါင်းစဥ်က လုံးဝအံသြ သွားကြလိမ့်မယ် ဒါပေမဲ့လည်း သူကရှန်ကျင်းထျန်ရဲ့ သရုပ်ဆောင်skillကို စိတ်ပူနေခဲ့တယ် အခုတော့ သူလုံးဝစိတ်သက်သာရာရသွားခဲ့တယ် အခုသူသရုပ်ဆောင်တာကိုကြည့်ပြီးတော့ သူ့ကိုဒီဇာတ်ကောင်ကိုသရုပ်ဆောင်ခွင့်ပေးဖို့ ၁၀၀%စိတ်ကျေနပ်သွားပြီ

သူ့ရဲ့ပုံစံက လုံးဝကွက်တိဖြစ်နေပေမဲ့ အလှကတော့ နည်းနည်းလိုနေတုန်းဘဲ ဒါပေမဲ့လည်း ရှန်ကျင်းထျန်ရဲ့ ဝန်ထမ်းတွေက ဒီဇာတ်ဝင်ခန်းတွေအတွက် မိတ်ကပ်ပြင်ပေးနိုင်ကြတယ်

ကောင်းရွေ့ကအကောင်းဆုံးမိတ်ကပ်အပြင်အဆင်ကိုမတွေ့မချင်း ရှန်ကျင်းထျန်ကို မိတ်ကပ်မျိုးစုံ စမ်းကြည့်ပေးဖို့တောင်းဆိုခဲ့တယ် သူ့မှာဒီဇာတ်လမ်းထဲမှာပြောစရာအများကြီးရှိတယ် ဒါ့ကြောင့်သူကထုတ်လုပ်သူကိုတိုက်ရိုက်ခေါ်လိုက်တယ်

ရှန်ကျင်းထျန်ရဲ့ မျက်နှာက သူ့ရဲ့အနီရောင်မျက်လုံးထောင့်စွန်းတွေကိုတစ်ရှုးနဲ့ဖိသုတ်နေတော့ နီနေတုန်းဘဲ သူကလီမေ့လန်ကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်တယ် လီမေ့လန်က သူမရဲ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ပြီး ပြောလိုက်တယ် "ငါ့ကိုအပ်လိုက်တော့"

စာချုပ်က ညှိနှိုင်းနေတုန်းဘဲ လီမေ့လန်က မူလကတော့ ဘုရားကျောင်းဆီသွားပြီး ဗုဒ္ဓဘုရားဆီမှာ ဆုတောင်းတော့မလို့ဘဲ ဒါပေမဲ့ ကောင်းရွေ့က အရမ်းပျော်နေပြီးတော့ မြန်မြန်ဆုံးဖြတ်လိုက်တယ် ပြီးတော့ဒါက ရှန်ကျင်းထျန်ရဲ့ comeback လေ သူမကစားပွဲပေါ်မှာ chipတွေအများကြီးရှိနေသေးပြီး ညှိနှိုင်းဖို့ ဘာမှမကျန်တော့သလောက်ဘဲ

နှစ်ဦးနှစ်ဖက်ကြားက ပူးပေါင်းဆောင်ရွက်တာရဲ့ အဓိကအကြောင်းအရာက အတော်ကောင်းမွန်တယ် ပြီးတော့ စာချုပ်ကိုမြန်မြန်ဆန်ဆန်ဘဲ လက်ခံလိုက်ကြတယ် စာချုပ်ကိုလက်မှတ်ထိုးပြီးသွားတော့ ရှန်ကျင်းထျန်က ပထမဆုံးအပိုင်း၂၀အတွက်ဇာတ်ညွှန်းကိုရရှိခဲ့တယ်

"နောက်လာမဲ့ တနင်္လာနေ့မှာ အဓိကသရုပ်ဆောင်တွေအကုန်းလုံးက ဇာတ်ညွှန်းဖတ်ပွဲအတွက်လာရပါမယ်" ဝန်ထမ်းတစ်ယောက်က သူ့ကိုသိပေးလိုက်တယ်

ရှန်ကျင်းထျန်က ခေါင်းညိတ်ပြလိုက်တယ်"ကောင်းပြီ"

ရုပ်ရှင်စမရိုက်ခင်မှာ ဇာတ်ညွှန်းအကြမ်းဖျင်းဖတ်တာက တကယ့်ကိုအရေးကြီးတယ် လူတိုင်းက အတူတကွထိုင်ပြီး ဇာတ်ညွှန်းပိုပြီးကောင်းလာအောင် ဆွေးနွေးတိုင်ပင်ကြတယ်

"ဒါဆိုငါတို့ သဘက်ခါမင်းနဲ့တွေ့ကြမယ် "ပိုင်ချင်းကွမ်က အပြုံးလေးနဲ့ပြောလိုက်တယ် "ငါသွားရတော့မယ် ဓာတ်ပုံဆရာက နည်းနည်းလောနေလို့"

ရှန်ကျင်းထျန်က အရင်ဦးအောင် လက်ကို့ဆန့ထုတ်လိုက်ပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ့

ပိုင်ချင်းကွမ်: "ခုနတုန်းက ငါနည်းနည်းအားပါသွားတယ် ငါ့ကိုခွင့်လွှတ်ပေးပါ အရင်တုန်းကငါ ဘယ်သူကိုမှ မရိုက်ဖူးလို့ ငါ့လက်ဆကိုမထိန်းနိုင်ဘူးဖြစ်သွားတယ်"

"ဘာမှမဖြစ်ပါဘူး လေ့ကျင့်တာလို့ဘဲတွေးလိုက်ပါ" ရှန်ကျင်းထျန်က သူ့လကိုလွှတ်လိုက်တယ် ကော်ရစ်ဒါရဲ့ဝင်ပေါက်ကနေ သူ့အပေါ်ဖြာကျနေတဲ့ အဖြူရောင်နေရောင်ခြည်က သူ့ကိုတောက်ပနေစေတယ် ပိုင်ချင်းကွမ်က ဒီလိုရှန်ကျင်းထျန် ကိုသိပ်မရင်းနှီးဘူးဖြစ်နေတယ်

သူ့အရိုးအဆစ်တွေက သေးသွယ်တယ် သူ့ပုံစံကမားမားမတ်မတ်ဖြစ်နေတယ် ကြည့်ရတာ သူ့စိတ်နေစိတ်ထားက.....ပြောင်းလဲသွားတာလား?မင်းသူ့ကိုကြည့်တဲ့အခါတိုင်း အထူးတလည်အာရုံစူးစိုက်နေတဲ့အဲ့ဒီညင်သာတဲ့ မျက်လုံးတွေရဲ့အဓိပ္ပါယ်ကဘာများဖြစ်မလဲ?

သူ့ကိုအဲ့ဒီလိုမျိုးကြည့်တာက ပိုင်ချင်းကွမ်ရဲ့နှလုံးသားကို မတည်မငြိမ်ဖြစ်စေတယ်

ပိုင်ချင်းကွမ်ကသူ့အခန်းကိုပြန်သွားတယ် တံခါးကိုပိတ်လိုက်ပြီးတော့ လက်သီးဆုပ်ပြီးခြေဆောင့်လိုက်တယ် "အား အား အား အား အားးးး! !"

သူ့အေးဂျင့်ဖြစ်တဲ့ ဝေ့ကောကမြင်လိုက်ပြီးချက်ချင်းပြောလိုက်တယ် "ဒါကမင်းရဲ့ကိုယ်ပိုင်အိမ်မဟုတ်ဘူး ကိုယ့်ကိုယ်ကိုထိန်းသင့်တယ် မင်းကိုဒီလိုမျိုးမြင်သွားကြမယ်ဆိုရင် မင်းရဲ့နာမည်ပျက်ပြားသွားလိမ့်မယ်!"

"အရမ်းစိတ်တိုတာဘဲ!" ပိုင်ချင်းကွမ်က မတူညီတဲ့လူတစ်ယောက်ဖြစ်သွားသလိုဘဲ "ခုနကဟာကိုမြင်လိုက်လား? ခုနကတွေ့လိုက်လားလို့?!"

"ငါတွေ့လိုက်ပါတယ်"ဝေ့ကောက ချော့ပြီးပြောလိုက်တယ်

"ပိုင်ချင်းကွမ်က ခြေဆောင့်လိုက်တယ် "သူကဘယ်လိုလုပ်ပြီးကောင်းကောင်း သရုပ်ဆောင်နိုင်နေရတာလဲ?!"

စာသားတွေ အသက်ရှုပုံတွေ နှုတ်ခမ်းကိုက်တာတွေ စိတ်ခံစားမှုတွေ စည်းချက် သူကမျက်ရည်ကျတာကိုတောင် မြန်မြန် လုပ်နိုင်သေးတယ်!

ဝေ့ကော:"အဲ့ဒါက မင်းအားကောင်းတဲ့သူနဲ့တွေ့တော့ ပိုပြီးအားကောင်းလာမှာက ကောင်းတဲ့အရာဘဲလေ"ဝေ့ကောက ပြောလိုက်တယ်

ပိုင်ချင်းကွမ်:"ဒါပေမဲ့ ငါသူ့ကိုဖိတ်လိုက်တာက သူ့ကိုအနိုင်ကျင့်ဖို့လေ! ငါ့ကို ညှာတာမှုမရှိဘဲ နင်းခြေသွားရင်ရော?!" (hote nay tar bel)

ဝေ့ကော: "မင်းကိုယ်မင်း နည်းနည်းလောက်ယံကြည်မှုရှိစမ်းပါ"

ပိုင်ချင်းကွမ်: "ဒါပေမဲ့ ငါ့ရဲ့သရုပ်ဆောင်skillကအဲ့ဒီလောက်ဘဲလေ ငါရခဲ့တဲ့ ရွှေခေါင်းလောင်းဆုကလည်း မင်းနောက်ကွယ်မှာကြိုးစားခဲ့လို့ မဟုတ်ဘူးလား....."

ဝေ့ကောက ခေါင်းကုတ်လိုက်တယ်: "ဒါဆို ဒါရိုက်တာကြီးကို ထပ်ပြောပြပြီး သူ့ကိုအစားထိုးလိုက်ရမလား?"

ပိုင်ချင်းကွမ်က ခဏလောက်တိတ်သွားပြီး တွေးလိုက်တယ် "မေ့လိုက်တော့ သူငါ့အတွက် ဇာတ်ပို့သရုပ်ဆောင်ပေးရတာကိုကြိုက်တယ် " သူသရုပ်ဆောင်တာဘယ်လောက်ကောင်းကောင်း အဲ့ဒါက "လှပပြီးမစွမ်းဆောင်နိုင်တဲ့ကုန်းကုန်း" ဇာတ်ကောင်တစ်ခုဘဲ ရှန်ကျင်းထျန်က သူ့ထက်ပိုပြီးလှတာလား?! ဘယ်လိုတောင်ရယ်စရာကောင်းလိုက်သလဲ! သူရှန်ကျင်းထျန်ကိုအလွယ်လေး နင်းခြေပြစ်နိုင်တယ်!

အဲ့ဒါအပြင် သူကရှန်ကျင်းထျန်ကို မတွေ့ဖြစ်တာကြာသွားလို့ဘဲ သူကရှန်ကျင်းထျန်ရဲ့levelကိုသိတယ် အဲ့ဒါက သူ့ရဲ့ထူးခြားတဲ့အပိုင်းဘဲဖြစ်ရမယ် သူ့သရုပ်ဆောင်စကေးတွေက မပြည့်စုံသေးဘူး သူ့စကေးတွေကို၂နှစ်ကြာအောင် လျစ်လျူရှုပြီးသွားတော့ သူကမင်းသားဟောင်းတစ်ယောက်ဖြစ်လာတယ်(ဒီနား နည်းနည်းလည်နေလို့ပါxd)

ရှန်ကျင်းထျန်ကြောင့် ရောက်ခဲ့ရတဲ့ဒုက္ခတွေ သူခံစားခဲ့ရတဲ့အပြစ်တွေနဲ့ သူကျခဲ့ရတဲ့မျက်ရည်တွေကို ပြန်တွေးမိသွားတော့ ရှန်ကျင်းထျန်ကိုမြေကြီးထဲကိုမြှုပ်ပစ်လိုက်ချင်တော့တယ်

"အား အား အား အားးး!" လီမေ့လန်က ခြေထောက်ဆောင့်လိုက်တယ်

ရှန်ကျင်းထျန်က မေးလိုက်တယ် "သရုပ်ဆောင်တာအဆင်ပြေရဲ့လား?"

"အဲ့ဒါက အဆင်ပြေလား မပြေဘူးလားဆိုတဲ့မေးခွန်းမဟုတ်တော့ဘူး အဲ့ဒါကတကယ်ကြီးကိုကောင်းမွန်တာဘဲ"ရှောင်ထန်က သူ့မျက်မှန်ကိုကိုင်ရင်းပြောလိုက်တယ်

"မင်းမှာမှော်အစွမ်းတွေများ တကယ်ရှိနေတာလား?" လီမေ့လန်က သူမရဲ့စိတ်လှုပ်ရှားမှုကို ထိန်းလိုက်တယ် "နင်ဘာလို့ရုတ်တရက်ကြီး ဒီလောက် ကောင်းကောင်းသရုပ်ဆောင်နိုင်ရတာလဲ?"

"ဖြစ်နိုင်တာက ကျွန်တော် ရန်ချွီးချီဆီကနေ အများကြီးခံစားခဲ့ရပြီးတော့ ဘဝအကြောင်းကိုနားလည်သွားလို့နဲ့တူတယ်!"ရှန်ကျင်းထျန်ကပြောလိုက်တယ်

"နင်ကောင်းကောင်းလုပ်ခဲ့တာဘဲ!"လီမေ့လန်က ပြောလိုက်တယ် "နင့်မှာအလုပ်လုပ်ချင်တဲ့ဆန္ဒရှိနေသရွေ့ ငွေနဲ့အလှအပရှိနေသရွေ့ ငယ်ရွယ်နေသမျှတော့ နင့်အနာဂတ်မှာ ကောင်းတဲ့လူရှာတွေ့ဖို့ မခက်ခဲပါဘူး ရန်ချွီးချီကတစ်ယောက်ဘဲ အဲ့လိုအရည်အချင်းမျိုးရှိတာမဟုတ်ဘူး!"

"ကျွန်တော်လည်း အဲ့လိုထင်တယ်"ရှန်ကျင်းထျန်က သူ့လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်တယ် "ပိုင်ချင်းကွမ်က ရန်ချွီးချီထက်ပိုကောင်းတယ်လို့ကျွန်တော်ထင်တယ်!"

ဒီလောက် နူးညံညင်သာတဲ့သူကို သူဘယ်တုန်းကမှမမြင်ဖူးဘူး! သူပိုင်ချင်းကွမ်ကို ဆွဲဆောင်ထားရမယ်!

လီမေ့လန်နဲ့ရှောင်ထန်: "..."

အနားက"ဖောက်"ဆိုတဲ့အသံကြားလိုက်ရလို့ သူတို့ခေါင်းတွေကိုလှည့်ကြည့်လိုက်တော့ လက်ထဲမှာကော်ဖီခွက်ကိုင်ထားတဲ့ လူငယ်လေးတစ်ယောက်က မြေကြီးပေါ်မှာ လဲကျနေပြီး ကော်ဖီတွေက နေရာအနှံပြန့်ကျဲနေတယ်

ဓာတ်လှေကားပိတ်သွားတော့ လူငယ်လေးက ခွက်တွေကိုချက်ချင်းကောက်လိုက်ပြီး ဧည့်ခန်းဆီမြန်မြန်သွားလိုက်တယ် ကောင်းချောင်က မြန်မြန် ပြေးလိုက်ပြီးတော့ ဓာတ်လှေကားကို၁၀ထပ်ဆီ တိုက်ရိုက်နှိပ်လိုက်တယ်

"သူဋ္ဌေး! ကျွန်တော်ပြောဖို့လိုတယ်ထင်တဲ့ တစ်ခုခုရှိတယ်!"


န်ချွီးချီက စားပွဲအစွန်းတစ်ဖက်မှာထိုင်နေပြီးတော့ သူ့ခေါင်းကိုမော့လိုက်တယ် သူက ကောင်းချောင်ကို စိုက်ကြည့်လိုက်တယ်


သူတို့ဥက္ကဋ္ဌရန်က ပုံမှန် celebrity တွေထက်ပိုပြီးတော့ချောပေမဲ့ သူကအရမ်းအေးတိအေးစက်နိုင်တယ် ကောင်းချောင်က နည်းနည်းကြောက်သွားတယ် "ကျွန်တော် သူဘာလုပ်ချင်နေတယ်ဆိုတာကို သိသွားပြီထင်တယ်!"

"ဥက္ကဋ္ဌ ဒါကိုကြည့်သင့်တယ်လို့ထင်တယ်" ဆိုဖာပေါ်မှာထိုင်နေတဲ့ ရှောင်ရန်က သူ့phကိုထုတ်ပြလိုက်တယ် "ရှာဖွေမှုအများဆုံးနံပါတ်၈ တစ်ချက်ကြည့်ကြည့်လိုက်ပါဦး"

ရန်ချွီးချီက စားပွဲပေါ်က phကိုယူလိုက်ပြီးတော့weiboကိုဖြည်းဖြည်းဖွင့်လိုက်တယ် ရှာဖွေမှုအများဆုံးဇယားပေါ်က ခေါင်းစဥ်ကိုမြင်လိုက်တော့ သူ့မျက်ခုံးတွေ သိသိသာသာကျူံ့သွားတယ်

ကောင်းချောင်က သူ့phကိုမြန်မြန်ထုတ်ကြည့်လိုက်တော့ ၈ခုမြောက်ရှာဖွေမှုအများဆုံးကိုမြင်လိုက်တယ်:"ရှန်ကျင်းထျန် tattoo "

ရှန်ကျင်းထျန်က ရန်ချွီးချီကိုချစ်မိသွားတော့ သူကအချစ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ မရေတွက်နိုင်တဲ့ လုပ်ဆောင်ချက်တွေအများကြီးလုပ်ဆောင်ခဲ့တယ် အဲ့ဒါတွေထဲက အကျော်ကြားဆုံးကတော့ သူ့ရဲ့collarboneပေါ်က ရန်ချွီးချီရဲ့ နာမည်တက်တူးဖြစ်တယ် တက်တူးထိုးထားတဲ့နေရာက အရမ်းထင်သာမြင်သာရှိတယ် ကနေပြီဆိုရင်အဲ့ဒါက တစ်ဝက်ဖုံး တစ်ဝက်ပေါ်နေသလိုဘဲ သူပထမဆုံးတက်တူးထိုးခဲ့တုန်းက လူတွေအများကြီးက အဲ့ဒါရဲ့အပြည့်အစုံပုံစံကိုမှန်းဖို့ကြိုးစားခဲ့ကြပြီးတော့ အကြိမ်တွေအများကြီးထုတ်ဖော်ဖို့ကြိုးစားခဲ့ကြတယ် ဒါပေမဲ့လည်း ရှန်ကျင်းထျန်ရဲ့နောက်ဆုံးဖျော်ဖြေတင်ဆက်မှုမှာ သူကပုံမှန်အတိုင်းဖျော်ဖြေပြီးတဲ့အနောက် လူတိုင်းရဲ့ရှေ့မှာ သူ့အကျီကိုဖြဲလိုက်ပြီးတော့ သူ့ရင်ဘတ်ပေါ်ကနာမည်ကိုပြသလိုက်တယ်

"ရန်ချွီးချီ"ဆိုတဲ့စာလုံးတွေက မီးရောင်အောက်မှာထင်းနေခဲ့တယ်

အင်တာနက်တစ်ခုလုံးအံ့အားသင့်သွားရုံတင်မကဘဲ ပရိတ်သတ်တွေတောင် ပြောစရာမရှိဖြစ်သွားတယ်

ကောင်းချောင်အခုကြည့်နေတဲ့ ၈ခုမြောက်hot searchကbloggerတစ်ယောက်တင်ထားတာဖြစ်တယ်:"အံသြစရာသတင်းဘဲ!ရှန်ကျင်းထျန်က အချစ်တက်တူးကိုဖျက်ပစ်လိုက်ပြီ!"

ရာသီဥတုက အုံ့မှိုင်းနေခဲ့တယ် မူလတုန်းကတော့ တိမ်မဲတွေရှိနေပေမဲ့ နေထွက်လာတာနဲ့သူတို့ပျောက်ကွယ်သွားပြီး ကောင်းကင်ကြီးက ကြည်လင်ပြီးတောက်ပနေခဲ့တယ်

ရှန်ကျင်းထျန် ကားထဲကိုမဝင်ခင် သူကခဏရပ်လိုက်ပြီး ကားမှန်ပေါ်ကသူ့အရိပ်ကိုမြင်လိုက်တယ်

သူက ပိုင်ချင်းကွမ်လို ချောမောတဲ့အမျိုးသားကိုတွေ့ခဲ့ပေမဲ့ သူ့ပုံရိပ်ကိုကြည့်လိုက်တော့ သူကထပ်ပြီးနစ်မြောသွားတယ် အခုလက်ရှိအသွင်အပြင်နဲ့ဆို ဖျော်ဖြေရေးနယ်ပယ်ထဲမှာသူ့ကို ပုံမှန်ဘဲလို့သတ်မှတ်လို့ရတယ် ဒါပေမဲ့ ကိစ္စမရှိဘူး သူmissionတွေအောင်မြင်နေသရွေ့ တစ်နေ့တော့ သူကအတောက်ပဆုံးကြယ်ပွင့်ဖြစ်လာလိမ့်မယ်

ရှန်ကျင်းထျန် :"ဟယ်လို ရှောင်အိုက် "

ရှောင်အိုက်:"Ding Dong အချစ်လေး ရှောင်အိုက်ကမင်းကိုဘယ်လိုကူညီပေးရမလဲ?"

ရှန်ကျင်းထျန်: "ငါ ချမ်းသာတဲ့ဆုတွေအကြောင်းကိုအသေးစိတ် ထပ်ပြီးသိလို့ရနိုင်မလား?"

Xရှောင်အိုက်:"အများကြီးဘဲ အချစ်လေး မင်းအတွက်ဘာလိုချင်လဲ? အခုရှောင်အိုက်က မင်းကိုဆုံးဖြတ်ဖို့ ကူညီပေးနိုင်ပါတယ်"

ရှန်ကျင်းထျန်: "ပုခုံးကျယ်ကြီးတွေ သေးသွယ်တဲ့ခါးလေး ခြေထောက်ရှည်တွေ ခေါင်းအစခြေအဆုံး ကောင်းမွန်တဲ့အချိုးအစား လူတိုင်းအသိအမှတ်ပြုနိုင်လောက်တဲ့ မျက်နှာလေး"

"မင်းအကုန်လုံးကိုရနိုင်ပါတယ်"ရှောင်အိုက်က ပြောလိုက်တယ် "ငါပြောနိုင်တာကတော့ မင်းအဲ့ဒါကိုစဥ်းစားနေနိုင်သရွေ့ ငါတို့မပေးနိုင်တာဘာမှမရှိဘူး ဒီတော့ အချစ်လေး လာပါ!"

ရှောင်အိုက်ရဲ့စကားတွေကိုကြားရတော့ ရှန်ကျင်းထျန်ကစိတ်လှုပ်ရှားလာခဲ့တယ် ဒါပေမဲ့လည်း ကြည့်ရတာရှောင်အိုက်ကသူ့ထက်ပိုပြီးစိတ်လှုပ်ရှားနေပုံပေါ်တယ်!"

သူ့ကိုတစ်စုံတစ်ယောက်က အပေါ်ထပ်ကနေကြည့်နေတယ်လို့ သူခံစားလိုက်ရတယ် ဒါ့ကြောင့်သူ ပြန်လှည့်ကြည့်လိုက်တော့ အရမ်းတောက်ပနေတဲ့ အဆောက်အဦးမှန်ရဲ့ အလင်းပြန်နေတာကိုဘဲမင်လိုက်ရတယ်

မူရင်းစာရေးသူမှာပြောစရာရှိပါတယ်:အစာကိုချောင်းနေတဲ့ ငှက်ကနောက်မုဆိုးရောက်နေတာကိုသတိမထားမိဘူး(*ရှေ့ကိုစူးစိုက်နေတုန်း နောက်ကရန်ကိုသတိမထားမိတာကိုပြောချင်တာပါ)

Continue Reading

You'll Also Like

17.6K 688 19
Tongkrongan bukan sembarang tongkrongan. Tongkrongan kami bukan kumpulan anak berandal, tapi anak-anak yang insyaallah, gemar beramal. [action, horo...
342K 11.4K 31
Yuu Sakamoto, just your average high school kid. Well, until he got into an accident and lost his life. But then G0d decided to give him an option to...
624 331 70
ꨄ︎Sad,Sweet,Happy, Motivation Quotes (dll) in three random languages [English, Malay and Indo] Dihimpun lalu ditulis semula untuk mengisi kegabutan p...
25.1K 2.7K 104
Male Lead pr ဇာတ်လမ်းအကျဥ်း အရှေ့ဘက်နဲ့ဝေးတဲ့မြေမှာ မီချယ်လင် ကြယ်သုံးပွင့်အဆင့်သတ်မှတ်ချက်ကို အကြိမ်ကြိမ်ငြင်းဆိုထားတဲ့ ထူးဆန်းတဲ့စတိုးဆိုင်တစ်ခုရှိ...