Chapter 41

4.8K 806 12
                                    

Author: Gong Zi Yu Ge

Chapter 41: Jintai Qiongying

ရှန်ကျင်းထျန်ကကျော်​ကြားနေပြီး ရိုက်ကူးရေးအဖွဲကလည်းအဲ့ဒါကိုသဘာဝကျစွာဘဲသိနေတယ်။ အဖွင့်ကhitဖြစ်နေတာကြောင့် ရိုက်ကူးရေးအဖွဲ့ကအရမ်းပျော်နေကြတယ်။ ဒီနေ့ဥက္ကဋ္ဌရန်ကသူ့ကိုရိုက်ကွင်းဆီပို့ပေးတာကိုမြင်လိုက်ရတော့ ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးရဲ့မျက်လုံးတွေကသူ့ကိုစိုက်ကြည့်နေကြတယ်။

သူကအရမ်းနာမည်ကြီးနေတာကြောင့် ဥက္ကဋ္ဌရန်ကသူကိုယ်တိုင် ရှန်ကျင်းထျန်ကိုလိုက်ပို့ခဲ့တယ်။

"ကျင်းထျန် မင်းရောက်နေပြီ"
လက်ထောက်ဒါရိုက်တာက ပြုံးပြရင်းရှန်ကျင်းထျန်ကိုနှုတ်ဆက်လာပြီးရန်ချွီးချီကိုလည်းပြုံးပြလိုက်တယ်။
"ဥက္ကဋ္ဌရန်"

ရန်ချွီးချီကခေါင်းညိတ်ပြလိုက်ရင်းမေးလိုက်တယ်။
"ဒါရိုက်တာကောင်းကဘယ်မှာလဲ?"

လက်ထောက်ဒါရိုက်တာ: "အိပ်နေတုန်းဘဲ၊ မနေ့ညကဒါရိုက်တာကောင်းကရုပ်ရှင်တည်းဖြတ်ဖို့နောက်ကျတဲ့အထိနေခဲ့လို့သိပ်မအိပ်ရသေးဘူး"

လက်ရှိဒရာမာပုံစံက ဆက်တိုက်ရိုက်ကူးနေရင်းထုတ်လွှင့်နေတဲ့ပုံစံဖြစ်တယ်။ ဒါရိုက်တာတစ်ယောက်အနေနဲ့ကောင်းရွေ့က အားကောင်းတဲ့တီထွင်နိုင်တဲ့စိတ်ဆန္ဒတွေရှိတာကြောင့် သူကအရာအားလုံးကိုအများအားဖြင့်သူကိုယ်တိုင်ဘဲလုပ်လေ့ရှိတယ်။ သူကဒီစီးရီးထဲမှာအလုပ်အကြိုးစားဆုံးရိုက်ကူးရေးအဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။

ရန်ချွီးချီကရှန်ကျင်းထျန်ဘက်ကိုလှည့်လိုက်ရင်းပြောလိုက်တယ်။
"ငါဒါရိုက်တာကိုသွားတွေ့လိုက်ဦးမယ်"

ရှန်ကျင်းထျန်က ခေါင်းညိတ်ပြလိုက်ရင်းအဝတ်လဲခန်းဆီသူ့ဘာသာသွားလိုက်တယ်။

သူမိတ်ကပ်လိမ်းတဲ့အခန်းကိုရောက်ရောက်ချင်း သူ့မိတ်ကပ်ဆရာမကချက်ချင်းသူ့ဘေးနားလာပြီးစိတ်အားထက်သန်စွာပြောလာတယ်။
"ကျင်းထျန် Congratulations "

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now