Chapter 2

6.8K 970 21
                                    

ရှန်ကျင်းထျန် ကနှစ်အနည်းလောက်ဘဲပွဲဦးထွက်ခဲ့ပြီးတော့ သူ့ရဲ့အပြောင်မြောက်ဆုံးအလုပ်ကတော့ ယောကျာ်းတွေနောက်လိုက်တာဘဲဖြစ်တယ်။

အခုတလော ဖျော်ဖြေရေးနယ်ပယပ်မှာ ယောကျာ်းတွေနောက်ကိုပေါ်ပေါ်ထင်ထင်လိုက်တာလို့ပြောလိုက်မယ်ဆိုရင် လူတစ်ယောက်ထဲကိုဘဲတွေးမိကြတယ်။ အဲ့ဒါက
ရှန်ကျင်းထျန်ဘဲ အရင်ကလူလွတ်ဖြစ်တဲ့သူက ယောကျာ်းတစ်ယောက်နောက်ကိုလိုက်ဖို့ လူ့အမှိုက်လို ငွေတွေပေါပေါသီသီသုံးပြီး ဒေဝါလီခံရတဲ့အထိလိုက်တာတောင်မှ နောက်ဆုံးမှာတော့ တစ်ကိုယ်တည်းသမားဖြစ်နေတုန်းဘဲ ။

သူအိမ်ပြန်ရောက်တဲ့အခါ ရှန်ကျင်းထျန် ကမှန်သွားကြည့်လိုက်တယ်။ မှန်ထဲကပုံရိပ်က အနီရောင်ဆံပင်နဲ့fuchsia eyeshadowဆိုးထားတဲ့ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူ့မျက်နှာက မကြာခင် offline ဖြစ်တော့မှာ သိသာတဲ့အမြှောက်စာဇာတ်ကောင်တစ်ယောက်ရဲ့ မရင့်ကျက်မှုတွေထင်ဟပ်နေတယ်။

သူ့မျက်နှာအသွင်အပြင်တွေက ဖျော်ဖြေရေးနယ်ပယ်ထဲက အခြားချောမောတဲ့အမျိုးသားတွေနဲ့ယှဥ်ရင် သိပ်မထူးခြားပေမဲ့ သူ့မှာဖြစ်နိုင်ချေတွေရှိနေတုန်းဘဲ။ သူ့အသားအရေကောင်းတာနဲ့ သူ့မျက်နှာကသေးသွယ်တာဆိုတဲ့သူ့မှာကောင်းကွက်တွေရှိတယ်လေ။

သူက သူ့ရဲ့ပထမဆုံးတာဝန်ပြီးတာနဲ့ရရှိမဲ့ဆုအကြောင်းကိုတွေးပြီးတော့ သူ့တင်ပါးကိုမြန်မြန်ကြည့်လိုက်တယ်။ အခုပုံစံကလည်းကောင်းနေပြီသားလို့သူထင်တယ် သူက1.8mရှည်တယ်။ သူ့ခန္ဓာကိုယ် ကသိပ်မကျယ်ဘူး သူ့ဝမ်းဗိုက်ကြွက်သားလိုင်းတွေက သိအ်မထင်ရှားဘဲနဲ့ အရေပြားနဲ့အရိုးတွေသာ မြင်ရတယ်။ သူ့ရဲ့collarboneပေါ်မှာ tattoo တစ်ခုရှိပြီးတော့အဲဒါက..

သေစမ်း အဲ့ဒါက အနီရောင်အသဲထဲမှာရှိတဲ့ ရန်ချွီးချီရဲ့နာမည်ကြီးဘဲ။

အခုခေတ်မှာ သဟဇာတညီမျှတဲ့လူ့အဖွဲ့အစည်းနဲ့ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဒီလိုကြီးတဲ့tattoကိုTVပေါ်မှာဆင်ဆာဖြတ်ခံရလောက်တယ် ဟုတ်ပြီလား

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Onde as histórias ganham vida. Descobre agora