Chapter 54

4.3K 824 51
                                    

Author: 公子于歌 / Gong Zi Yu Ge

Chapter 54: မရေမတွက်နိုင်သောပရိတ်သတ်များ

"ရိုက်ကူးတာပြီးသွာပြီးလား?"
ရန်ချွီးချီကရှန်ကျင်းထျန်ကိုစိုက်ကြည့်ရင်းမေးလိုက်တယ်။

ရှန်ကျင်းထျန်ရဲ့ဆံပင်ကရှည်လာတာကြောင့် သူ့ရဲ့ခေါင်းလုံးလုံးလေးကိုပိုသေးလာသယောင်ဖြစ်နေစေတယ်။ ကြည့်ရတာသူကမိတ်ကပ်ဖျက်ပြီးအဝတ်တွေလဲလာပုံရတယ်။ သူ့မျက်နှာပေါ်ကဖြူဖွေးချောမွေ့နေတဲ့အသားအရေနဲ့နှင်းဆီရောင်နှုတ်ခမ်းတွေကြောင့်ဖြစ်နိုင်တယ်။ တောက်ပနွေးထွေးတဲ့အပြုံးဆင်မြန်းထားသလိုဘဲ။

ရှန်ကျင်းထျန်: "တစ်နေ့နေ့တော့ ကျွန်တော်ခင်ဗျားကိုphခေါ်တော့မလိုဘဲ၊ ဒီတစ်ခေါက်ဘာလို့ဒီကိုရောက်နေတယလဲ?"

"ရိုက်ကူးရေးအဖွဲ့ကိုတစ်ချက်လာကြည့်တာ"
ရန်ချွီးချီရဲ့နှလုံးသားကတဒုန်းဒုန်းခုန်ပေါက်နေတယ်။ ရှန်ကျင်းထျန်မှာ သူ့နောက်ကမီးသီးလုံးကြောင့်မဟုတ်ဘဲ သူ့သရုပ်ဆောင်မှုကလာတဲ့သဘာဝအရှိန်အဝါကြောင့်ဖြစ်လာတဲ့ အလင်းရောင်အလွှာတစ်ခုရှိနေသလိုမျိုးသူခံစားမိတယ်။

ရှန်ကျင်းထျန်က သူ့ကိုနောက်ထပ်အပြုံးတစ်ခုပေးလိုက်ပြီးဦးညွှတ်ရင်း သူ့ရဲ့RV*ဆီသွားလိုက်တယ်။
(*RV အနားယူလို့ရောရတဲ့ကားအကျယ်ကြီးကိုပြောချင်တာထင်ပါတယ်)

ရန်ချွီးချီရဲ့မျက်လုံးတွေကသူ့နောက်ကပ်ပါသွားခဲ့တယ်။ သူ့နှလုံးသားခုန်သံတွေကအထိန်းအချုပ်ကင်းမဲ့စွာခုန်ပေါက်နေတာကြောင့် မနေနိုင်ဘဲပြောလိုက်မိတယ်။
"ကျင်းထျန်"

ရှန်ကျင်းထျန်က ပြန်လှည့်ကြည့်လာတော့ ရန်ချွီးချီကပြောစရာမရှိဖြစ်နေတယ်။ သူမြန်မြန်တွေးလိုက်ပြီး ပြောလိုက်တယ်။
"ဒီနေ့ထုတ်လွှင့်တာကိုငါကြည့်ခဲ့တယ်၊ မင်းအံ့သြရလောက်အောင်သရုပ်ဆောင်ခဲ့တာဘဲ"

ရှန်ကျင်းထျန်က ပြုံးလိုက်ရင်း
"ကျေးဇူးတင်ပါတယ် "

"ဥက္ကဋ္ဌရန်လား?"

ရန်ချွီးချီလှည့်ကြည့်လိုက်တော့ ရိုက်ကူးရေးအဖွဲ့ဝင်တစ်ယောက်က သူ့ကိုနှုတ်ဆက်လာတာကိုတွေ့လိုက်ရတယ်။ သူကပြန်နှုတ်ဆက်လိုက်ပြီး ရောက်တ်တရာရာစကားအချို့ပြောနေတယ်။ သူစကားပြောပြီးသွားတော့ ရှန်ကျင်းထျန်က သူ့ရဲ့နားနေခန်းထဲရောက်သွားပြီဖြစ်တယ်။ အဲ့ဒါကသူ့ကိုMonsoon entertainmentကပေးထားတာဖြစ်တယ်။ အဲ့ဒါကပိုင်ချင်းကွမ်တို့ရန်လီဇီတို့ဟာနဲ့မယှဥ်နိုင်ပေမဲ့ စားဖို့အိပ်ဖို့အတွက်တော့လုံလောက်တယ်။

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now