Chapter 14

4.6K 864 21
                                    

Author: Gong Zi Yu Ge

မမျှော်လင့်ဘဲ ရန်ချွီးချီကသူ့ကိုထောက်ခံပေးခဲ့တယ် သူတင်လန့်သွားတာမဟုတ်ဘူး လီမေ့လန်နဲ့ရှောင်ထန်ရောပါ လန့်သွားကြတယ်

“ဒါဆို...... "လီမေ့လန်က ပြောစရာမရှိဖြစ်သွားတယ် "ဒါဆို သူကတော်တော်ကြင်နာတတ်တာဘဲ"

အတိတ်တုန်းရန်ချွီးချီကရှန်ကျင်းထျန်ကိုဘယ်လောက်ထိ စိတ်ရှုပ်နေလည်းဆိုတာလူတိုင်းသိတယ် ရှန်ကျင်းထျန် လူတွေ့စစ်ဆေးတာအောင်မြင်သွားတော့သူမအစိုးရိမ်ရဆုံးကကောင်းရွေ့ရောပိုင်ချင်းကွမ်ရောမဟုတ်ဘူး ရန်ချွီးချီဘဲဖြစ်တယ် "အရှေ့နန်းတော်က လာနေပြီ "ဇာတ်ကားက Sunshine media ကအဓိကရင်းနှီးမြှုပ်ထားတာကြောင့် ရန်ချီးချီကပြောခွင့်အရဆုံးလူဖြစ်တယ်

ရှန်ကျင်းထျန်ရဲ့ လီရှုဇာတ်ကောင်အပေါ်ထားတဲ့စိတ်အားထက်သန်မှုနဲ့အချစ်တွေက ရန်ချွီးချီကိုအများကြီးကျေးဇူးတင်ချင်စိတ်ဖြစ်စေတယ် ပြောရရင် သူဝင်ပြီးအာမခံပေးလို့သာ ဇာတ်ကောင်ကစိတ်ချရတာဖြစ်တယ်

“နင်အခုဘယ်သွားမလို့လဲ? ဒါနင့်အိမ်သွားတဲ့လမ်းမှမဟုတ်ဘူးမလား?"လီမေ့လန်က ပြတင်းပေါက်အပြင်ဘက်ကိုကြည့်လိုက်တယ်

“ကျွန်တော်တက်တူးသွားဆေးမလို့လေ အခုကဒုတိယအကြိမ်ဆေးရမှာလေ"

လီမေ့လန်က သူပုံမှန်ဆေးရုံကိုသွားနေတယ်လို့ထင်ပေမဲ့ ကားကလမ်းဘေးကတက်တူးဆိုင်ရှေ့မှာရပ်လိုက်တော့ လန့်သွားပြီး ရှန်ကျင်းထျန်ကိုလှမ်းဆွဲလိုက်တယ် "မင်းကနာမည်ကြီးကြယ်ပွင့်လေ မင်းဒီလိုဆိုင်မျိုးကိုလာရင် သူတို့ဖော်ထုတ်လိုက်မှာကိုမကြောက်ဘူးလား?"

“ဒီဆိုင်က ကျွန်တော်အရင်အခေါက်ကလာခဲ့တဲ့ဆိုင်လေ ပြီးတော့ ကျွန်တော် ထပ်လာခဲ့မယ်လို့ပြောခဲ့သေးတယ် "ရှန်ကျင်းထျန်က ဇာတ်ညွှန်းတွေကိုသူ့အိတ်ထဲထည့်လိုက်တယ်"စိတ်မပူပါနဲ့ ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်"

ဘယ်လိုလုပ်ပြီး လီမေ့လန်က စိတ်ချနိုင်မှာလဲ သူမကတက်တူးဆိုင်ထဲကိုလိုက်ဝင်သွားလိုက်တယ်

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now