Chapter 57

4.3K 854 44
                                    

Author: 公子于歌 / Gong Zi Yu Ge
Chapter 57: မနှစ်သက်သော

"တုန့်ဟွားက ညစာထွက်စားတော့ပရိတ်သတ်တွေဝိုင်းနေတာတဲ့!"

"ငါလည်းသတင်းတွေမြင်လိုက်တယ်၊ အဲ့ဒီအခြေအနေကရင်းနီးနေသလိုဘဲနော်"

"အဲ့ဒါကသူပိုင်ချင်းကွမ်နဲ့ထွက်စားတုန်းကလိုတူညီတဲ့အခြေအနေဘဲနော်၊ အဲ့ဒီအချိန်တုန်းက သူကပိုင်ချင်းကွမ်ကို ကာပေးတဲ့တစ်ယောက်လေ၊ အဲ့ဒီအချိန်ထဲကလူအချိုကသူ့ကိုသိပုံရတယ်၊ ပြီးတော့ထိတ်လန့်နေတဲ့ကျန့်စီချီလည်းသူတို့နောက်မှာရှိနေခဲ့တာ!"

"ဟားဟားဟားဟား ၊ အနုပညာလောကကြီးကတကယ်ပြောင်းလဲနေတာဘဲ၊ အဲ့ဒီ၃ယောက်သာအခုချိန်ထွက်စားကြရင် ကာပေးခံရမဲ့သူက ရှန်ကျင်းထျန်နဲ့ကျန့်စီချီဘဲ၊ အခုအဲ့ဒီ၂ယောက်ရဲ့ကျော်ကြားမှုက ပိုင်ချင်းကွမ်ထက်ပိုမြင့်သွားပြီလို့ငါခံစားမိတယ်"

"သူ့ရဲ့ကိုယ်ရံတော်ကဘယ်သူလဲဆိုတာငါသိချင်မိတယ်၊ သူကအရမ်းအရပ်ရှည်ပြီးချောလိုက်တာ၊ အဲ့ဒီအနက်ရောင်ကုတ်အကျီနဲ့အရမ်းလိုက်တာဘဲ!"

"ငါလည်းအဲ့ဒီလူကိုသတိထားမိတယ်၊ အဲ့ဒီလိုခေါင်းအစခြေအဆုံးအသွင်အပြင်အချိုးအစားနဲ့ဆို အဲ့ဒါကတုန့်ဟွားရဲ့အချိုးအစားထက်နောက်ကောက်မကျန်ခဲ့ဘူးလို့ငါခံစားရတယ်!"

"နင်သူ့ကိုတောင်မသိဘူးလား?သူကတုန့်ဟွားနဲ့နှစ်ပေါင်းများစွာရှုပ်ထွေးနေတဲ့ ရန်မင်းသားလေးလေ!"

"ချီး တကယ်ကြီးသူလား?နင်ပြောနေတဲ့ဒီမင်းသားရန် နဲ့ဟိုမင်းသားရန်အကြောင်းနားထောင်နေရတာ၊ နောက်ဆုံးတော့ ငါတကယ့်လူအစစ်ကိုမြင်ဖူးပြီးပြီ၊ တုန့်ဟွားက ဘာလို့သူ့ကိုအရမ်းကြိုက်တာလဲဆိုတာငါသိသွားပြီ၊ သူကစောက်ကျိုးနည်းအရမ်းကိုချောလွန်းတယ်၊ ပြီးတော့သူ့ရဲ့boyfriend auraကလည်းပေါက်ကွဲထွက်နေလိုက်တာ!"

"တုန့်ဟွားရဲ့ဒီအကြိမ်ကမ်းဘက်တုန်းက သူကရန်ချွီးချီနဲ့ရှင်းလင်းတဲ့စည်းခြားလိုက်ပြီမဟုတ်ဘူးလား?ဒီအခြေအနေကိုကြည့်ရတာ အဲ့ဒါများထပ်ဖြစ်လာတော့မှာလား

 မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တိုင်းလှလှလာတယ်(Translation )Where stories live. Discover now