မင်းရဲ့အချစ်ပြိုင်ဘက်ကနေ့တို...

Por eddykwon

459K 51.5K 2K

ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ ပိုပြီးကြီးမားတဲ့လှည့်ကွက်တွေ ဇာတ်ကြောင်းတစ်ခုထဲက နောက်ထပ်ဇာတ်ကြောင်းတစ်ခု သူဟာ... Más

Chapter 1
Chapter 1.1
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 15
Chapter 14
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60

Chapter 2

6.8K 973 21
Por eddykwon

ရှန်ကျင်းထျန် ကနှစ်အနည်းလောက်ဘဲပွဲဦးထွက်ခဲ့ပြီးတော့ သူ့ရဲ့အပြောင်မြောက်ဆုံးအလုပ်ကတော့ ယောကျာ်းတွေနောက်လိုက်တာဘဲဖြစ်တယ်။

အခုတလော ဖျော်ဖြေရေးနယ်ပယပ်မှာ ယောကျာ်းတွေနောက်ကိုပေါ်ပေါ်ထင်ထင်လိုက်တာလို့ပြောလိုက်မယ်ဆိုရင် လူတစ်ယောက်ထဲကိုဘဲတွေးမိကြတယ်။ အဲ့ဒါက
ရှန်ကျင်းထျန်ဘဲ အရင်ကလူလွတ်ဖြစ်တဲ့သူက ယောကျာ်းတစ်ယောက်နောက်ကိုလိုက်ဖို့ လူ့အမှိုက်လို ငွေတွေပေါပေါသီသီသုံးပြီး ဒေဝါလီခံရတဲ့အထိလိုက်တာတောင်မှ နောက်ဆုံးမှာတော့ တစ်ကိုယ်တည်းသမားဖြစ်နေတုန်းဘဲ ။

သူအိမ်ပြန်ရောက်တဲ့အခါ ရှန်ကျင်းထျန် ကမှန်သွားကြည့်လိုက်တယ်။ မှန်ထဲကပုံရိပ်က အနီရောင်ဆံပင်နဲ့fuchsia eyeshadowဆိုးထားတဲ့ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရတယ်။ သူ့မျက်နှာက မကြာခင် offline ဖြစ်တော့မှာ သိသာတဲ့အမြှောက်စာဇာတ်ကောင်တစ်ယောက်ရဲ့ မရင့်ကျက်မှုတွေထင်ဟပ်နေတယ်။

သူ့မျက်နှာအသွင်အပြင်တွေက ဖျော်ဖြေရေးနယ်ပယ်ထဲက အခြားချောမောတဲ့အမျိုးသားတွေနဲ့ယှဥ်ရင် သိပ်မထူးခြားပေမဲ့ သူ့မှာဖြစ်နိုင်ချေတွေရှိနေတုန်းဘဲ။ သူ့အသားအရေကောင်းတာနဲ့ သူ့မျက်နှာကသေးသွယ်တာဆိုတဲ့သူ့မှာကောင်းကွက်တွေရှိတယ်လေ။

သူက သူ့ရဲ့ပထမဆုံးတာဝန်ပြီးတာနဲ့ရရှိမဲ့ဆုအကြောင်းကိုတွေးပြီးတော့ သူ့တင်ပါးကိုမြန်မြန်ကြည့်လိုက်တယ်။ အခုပုံစံကလည်းကောင်းနေပြီသားလို့သူထင်တယ် သူက1.8mရှည်တယ်။ သူ့ခန္ဓာကိုယ် ကသိပ်မကျယ်ဘူး သူ့ဝမ်းဗိုက်ကြွက်သားလိုင်းတွေက သိအ်မထင်ရှားဘဲနဲ့ အရေပြားနဲ့အရိုးတွေသာ မြင်ရတယ်။ သူ့ရဲ့collarboneပေါ်မှာ tattoo တစ်ခုရှိပြီးတော့အဲဒါက..

သေစမ်း အဲ့ဒါက အနီရောင်အသဲထဲမှာရှိတဲ့ ရန်ချွီးချီရဲ့နာမည်ကြီးဘဲ။

အခုခေတ်မှာ သဟဇာတညီမျှတဲ့လူ့အဖွဲ့အစည်းနဲ့ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဒီလိုကြီးတဲ့tattoကိုTVပေါ်မှာဆင်ဆာဖြတ်ခံရလောက်တယ် ဟုတ်ပြီလား

အိုး နိုး ပြီးတော့ ဒီဆံပင်အနီရောင်ကလည်း ရုပ်မြင်သံကြားအစီအစဥ်အတွက်မသင့်လျော်ဘူး။

ဒုတိယအကြိမ်ပြန်မတွေးတော့ဘဲ ရှန်ကျင်းထျန် ကtattooဆိုင်ကိုသွားခဲ့တယ်။

"မင်းအဲ့ဒါကိုပြန်ဖျက်ချင်တယ်ဆိုတာသေချာရဲ့လား?"
ချောမောတဲ့တက်တူးဆရာကအကြိမ်ကြမ်မေးခဲ့တယ်။

ရှန်ကျင်းထျန်: "ဟုတ်တယ် ကျွန်တော်သေချာတယ်"

သူ့မျက်နှာကိုဆေးကြောလိုက်တယ်။ မိတ်ကပ်မပါရင် သူ့မျက်နှာက စတိတ်စင်ပေါ်မှာရှိတဲ့ သူ့ရဲ့ချောမောပြီးတော့ ဆွဲဆောင်မှုရှိတဲ့အသွင်အပြင်ကနေ တော်တော်ကွာခြားတယ်။ ချောမောတဲ့တက်တူးဆရာက သူ့ကိုမှတ်မိသွားပြီးတော့ မေးနေတုန်းဘဲ။ "Hey မင်းက ရှန်ကျင်းထျန် လား?" သူကသိပ်မသေချာလို့ အသံကနည်းနည်း မရေမရာဖြစ်နေတယ် ရှန်ကျင်းထျန် ကဘယ်လိုလုပ်ဒီလိုလမ်းဘေးကဆိုင်ငယ်လေးဆီလာတာလဲ? သူကနာမည်ကြီးကြယ်ပွင့်မဟုတ်ဘူးလား?

ရှန်ကျင်းထျန် နောက်တစ်ခါ သူ့ရဲ့နာမည်ကြီးမှုရဲ့ အရှိန်အဝါကိုခံစားလိုက်ရတယ်။

နှစ်တွေအများကြီး ဇွဲရှိရှိအလုပ်လုပ်ခဲ့ပြီးတော့ နာမည်မကျော်ကျန်ခဲ့တဲ့ လူသစ်သရုပ်ဆောင်အနေနဲ့ ဒီလိုအတွေ့အကြုံမျိုးက ချဥ်ဖို့ကောင်းပြီး သစ်လွင်လတ်ဆတ်နေတယ်။

မင်းကဖျော်ဖြေရေးနယ်ပယ်ထဲမှာ အမေ့ပျောက်ခံရမှာမကြောက်ဘူးဆိုရင် ဒါဆိုမင်းကနာမည်ကျော်ကြားတာကိုလည်းမကြောက်ဘူး။

"ကျွန်တော် ဟုတ်ပါတယ် " ရှန်ကျင်းထျန်ကပြောလိုက်တယ်။

တက်တူးဆရာကနည်းနည်း စိတ်လှုပ်ရှားလာခဲ့တယ်။

"မင်းဓာတ်ပုံလိုချင်လား?"
ရှန်ကျင်းထျန်က အရင်မေးလိုက်တယ်။

တက်တူးအကိုကြီးက ခေါင်းကိုမြန်မြန်ညိမ့်လိုက်ပြီးတော့ သူ့ဖုန်းကို မြန်မြန်ထုတ်လိုက်တယ်။ "ငါ့ကောင်မလေးက မင်းကိုအရမ်းကြိုက်ခဲ့တယ်"

အဲ့ဒါကအရင်တုန်းကလေ နောက်တော့.... နောက်တော့ သူ့ကောင်မလေးက anti fanဖြစ်သွားတယ်။

ဓာတ်ပုံရိုက်ပြီးတာနဲ့ တက်တူးအကိုကြီးက သူ့တက်တူးကိုဆေးကြောလိုက်တယ်။

"အဲ့ဒါကဖျက်လို့ရနိုင်လောက်လား?"သူမေးလိုက်တယ်။

"မင်းရဲ့တက်တူးက အရမ်းနက်လွန်းပြီးတော့ အဲ့ဒါကအရောင်ပါတဲ့တက်တူးလေ အဲ့ဒါကိုလုံးဝဖျက်ပစ်ဖို့နည်းလမ်းမရှိဘူး ဖျက်ပစ်ဖို့လုံးဝမဖြစ်နိုင်ဘူး ဒါပေမဲ့ မင်းခဏခဏဆေးပစ်ရင်တော့ အဲ့ဒါကအရောင်မှိန်သွားလိမ့်မယ်"

ရှန်ကျင်းထျန်: "အဲ့ဒါကအမာရွန်ကျန်လောက်လား"

"အဲဒါက လူရဲ့ခန္ဓာကိုယ်အပေါ်မှာမူတည်တယ် များသောအားဖြင့် အမာရွတ်နည်းနည်းတော့ကျန်မယ်"

ရှန်ကျင်းထျန်က ခေါင်းညိမ့်လိုက်တယ်:"အဲ့ဒါကိုဆေးလိုက်ပါ"

တက်တူးက သူ့ရဲ့collarboneကနေ ဆေးဖို့ခက်ခဲတဲ့ နေရာတွေဖြစ်တဲ့ဖော်ပြလို့မရနခုင်တဲ့နေရာတွေအထိပြန့်နှံရောက်ရှိသွားတယ်။ ဆေးကြောတဲ့ဖြစ်စဥ်အတောအတွင်းမှာ အရမ်းနာကျင်တယ်။ သူတက်တူးထိုးတုန်းကထက်တောင်ပိုနာတယ်လို့ သူထင်မိတယ်။ သူ့မျက်လုံးတွေကိုမှိတ်ပြီးလဲလျောင်းရင်းနဲ့ ဝူ့ရင်ဘတ်ပေါ်ကိုသွေတွေစီးကျလာတာကိုခံစားမိတယ်။

အဲ့ဒါက ရှည်လျားတဲ့ မိုးကြီးမိုးသည်းထန်မှုနောက်မှာ ရေလွှမ်းမိုးမှုထပ်ဖြစ်တာနဲ့တူတယ်။


သူ့မှာသာ ဒီလိုကံကောင်းမှုမျိုးရှိမယ်ဆိုရင် သူ့ရဲ့ပွဲဦးထွက်မှာတင် သူကျော်ကြားလာလိမ့်မယ်။ ပြီးတော့ သူ့ဦးနှောက်က ဝက်ခေါင်းလိုဖြစ်လာမှသာ သူကအချစ်မှာကျရှုံးလိမ့်မယ်။

အထူးသဖြင့် အချစ်မှာကျရှုံးသွားတဲ့သူတွေအတွက်ပေါ့ ။သူတို့က ရန်သူ့ဘက်မှာရှိနေတုန်းဘဲ။
(အိုင်ထင်တာက သူကမချစ်မိသေးလို့ ချစ်မိသွားတဲ့သူကအရူး ဖြစ်နိုင်လို့သူနဲ့ဘက်မတူဘူးလို့ပြောချင်တာထင်ပါတယ်)

ရှန်ကျင်းထျန် သေပြီးတဲ့နောက် သူ့ကိုဘယ်တော့မှမစွန့်လွှတ်တဲ့ ပရိတ်သတ်ဟောင်းတွေနည်းနည်းရှိနေတုန်းဘဲ။ ဒါပေမဲ့လည်း ရှန်ကျင်းထျန်က ရန်ချွီးချီနာမည်ကို သူ့ခန္ဓာကိုယ်မှာ တက်တူးထိုးပြီးတဲ့နောက်မှာတော့ ပရိတ်သတ်အဟောင်းတွေက သူတို့ရဲ့ဖန်ကလပ်တွေကိုလုံးဝဖျက်ပစ်လိုက်ကြတယ်။

သေစမ်း သူဒီလောက်စျေးပေါတဲ့တစ်စုံတစ်ယောက်ကိုလုံးဝမတွေ့ဘူးဖူး။

တက်တူးအကိုကြီးဟာ ဆေးကြောနေရင်း စိတ်လှုပ်ရှားစွာ ဖြေးဖြေးလေးကနေတယ်။

များသောအားဖြင့် တက်တူးတွေရဲ့နောက်ကွယ်မှာ နက်နဲတဲ့ပုံပြင်တွေရှိကြပေမဲ့လည်း ဒီtattooလို အချစ်ရော အမုန်းရောပြည့်နေတဲ့ tattoo တွေလည်းရှိတယ်။ မင်းချစ်နေတဲ့အခါ မင်းရဲ့အရေပြားပေါ်မှာတက်တူးမထိုးသင့်ဘူး။ ဒါမှမဟုတ်ရင် မင်းမချစ်တော့တဲ့အခါ အဲ့ဒီလက်ရာတွေကိုဖျက်ပစ်ဖို့ မင်းရဲ့အရေပြားတစ်လွှာကို ခြစ်ထုတ်ပစ်ရလိမ့်မယ်။

တက်တူးအကိုကြီးက ဒီရန်ချွီးချီဆိုတာကဘယ်သူလဲဆိုတာတွေးနေခဲ့တယ်။ တက်တူးပုံစံက အရမ်းနက်ပြီးတော့ အဲ့ဒါက သိသာတဲ့နေရာမှာ တက်တူးထိုးထားတယ်။ သူကနာမည်ကကြည့်ရတာ တော်တော်လေးရင်းနှီးနေလို့ ပြန်သွားတဲ့အခါ သူ့ကောင်မလေးကိုမေးဖို့မှတ်ထားလိုက်တယ်။

ရှန်ကျင်းထျန်က နောက်အပတ်မှာပြန်လာဖို့ ကြိုတင်bookingယူလိုက်ပြီးတော့ သူ့ရင်ဘတ်ကိုဆန့်လိုက်တယ်။ ဖျက်တာပြီးသွားပေမဲ့လည်း သူ့အရေပြားပေါ်မှာ သွေးစွန်းသွေးကွက်မချို့ကျန်နေတုန်းဘဲ။

ဒါကချစ်ခြင်းရဲ့ဆုလာဘ်ဘဲ။

သူ ရှန်ကျင်းထျန်ကိုပို့ပြီးတော့ ချက်ချင်းသူ့ကောင်မလေးဆီကိုဖုန်းခေါ်လိုက်တယ်။
"ဘေဘီ အခုလေးတင်ဒီမှာဘယ်သူရှိလဲ မှန်းကြည့်"


ကောင်မလေးကပြောလိုက်တယ်: "ဘယ်သူလဲ"

တက်တူးအကိုကြီး: "ရှန်ကျင်းထျန်"

ပရိတ်သတ်တွေက သူတို့fandomနဲ့ပတ်သတ်ပြီး သန်မာတဲ့ခံစားချက်တွေရှိတယ်။ သူတို့မှာ သူတို့ကိုချစ်မြတ်နိုးဖို့ အားကောင်းတဲ့ဆန္ဒတွေရှိကြတယ် ။ဒါပေမဲ့ အဲ့ဒီခံစားချက်တွေက မုန်းဖို့အတွက်လည်းဖြစ်နိုင်တယ်။ သူ့ကောင်မလေးက ပြန်မဖြေခင် စက္ကန့်အနည်းငယ်လောက်တိတ်သွားတယ်။
"နင်ရန်ဖြစ်ချင်နေတာလား ငါ့ကိုအဲ့ဒီတတုံးအတဲ့ခွေးကောင်အကြောင်းမပြောစမ်းနဲ့"

အပြင်ဘက်ကကောင်းကင်က မှိန်နေပြီးတော့ ညရဲ့အစကိုပြနေတယ်။ ဖြတ်သွားဖြတ်လာတွေက အလျင်လိုနေကြပြီး သူ့မှာထင်ရှာတဲ့အနီရောင်ဆံပင်ကြီးရှိတာတောင် ဘယ်သူမှသူ့ကိုမမှတ်မိကြဘူး။ သူ့ဆံပင်ကိုဆေးပြန်ဆိုးဖို့မဝေးတဲ့ဆံပင်ညှပ်ဆိုင်ကို သွားပြီးတော့ ပိုပြီးသစ်လွင်တဲ့ဆံပင်ပုံစံကိုပြောင်းလဲခဲ့တယ်။

အနီရောင်ဆံပင်က သူ့ရဲ့သဘာဝအသားအရေကို ဖြူဖျော့စေတယ်။အဲ့ဒါကိုအနက်ရောင်ပြန်ဆိုးတာက ပိုပြီးတော့ ဖြူသွားစေတယ်။


ဆံပင်ညှပ်ဆရာလေး:မင်းကငါ့ကိုကြယ်ပွင့်တစ်ယောက်ကိုသတိရစေတယ် " သူအကြာကြီးစဥ်းစားတာတောင်မှ သူကရှန်ကျင်းထျန်ရဲ့နာမည်ကိုမမှတ်မိဘူး

ရှန်ကျင်းထျန်က မှန်ထဲကနေပြုံးပြလိုက်တယ်။ သူကဒီမျက်နှာနဲ့အခုထိမရင်းနှီးသေးဘူး။ သူမှန်ထဲကိုကြည့်လိုက်တိုင်း အခြားတစ်ယောကိုကြည့်နေရတယ်လို့သူခံစားရတယ်။ သူက ရည်ရွယ်ချက်တွေနဲ့ ဆန္ဒတွေနဲ့ပြည့်နေတဲ့ မရင်းနှီးဘဲသစ်လွင်နေတဲ့ မျက်နှာအသွင်အပြင်ကို တွေ့လိုက်ရတယ်။ အတူတကွဖြစ်နေပြီးတော့ သူတို့ကမငြင်းဆန်နိုင်တဲ့ ဆွဲဆောင်နိုင်မှုဖြစ်ပေါ်နေတယ်။ နွေဦးမှာ အေးခဲနေတဲ့မြစ်ထဲကရေတွေက ရေခဲတွေကိုဖြိုခွဲပစ်ဖို့အသင့်ဖြစ်နေသလိုပေါ့။

သူပိုပြီးတော့ချောလာရင် ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံကိုသူ လွှမ်းမိုးချုပ်ကိုင်လိမ့်မယ်။

သူဆံပင်ညှပ်ဆိုင်ကနေပြန်ထွက်လာပြီးတော့ စီးကရက်တစ်လိပ်လောက်ထုတ်ယူဖို့ သူ့အိပ်ကပ်ထဲကိုလက်ရောက်သွားတယ်။ အဲ့ဒီအစား သူကနူးညံပြီးတော့ ပျော့အိနေတဲ့တစ်စုံတစ်ခုကိုစမ်းမိလိုက်တယ်။ သူကြည့်ပြီးတော့ အဲ့ဒါက သူ့အိပ်ကပ်ထဲမှာထိုးထည့်ထားတဲ့အတွင်းခံဆိုတာကို သူသတိရလိုက်တယ်။ သူကအဲ့ဒါကိုအနီးအနားမှာရှိတဲ့အမှိုက်ပုံးထဲမှာပြစ်တော့မလို့ဘဲ။ သူနည်းနည်းတုံ့ဆိုင်းသွားပြီးတော့ သူဝတ်ဆင်ထားတဲ့အပေါ်jacketကိုကြည့်လိုက်တယ်။ အဲ့ဒါက တော်တော်လေးပွနေပြီးတော့ လုံးဝကွက်တိဖြစ်မနေဘူးလို့ခံစားရတယ်။

ဒါကရန်ချွီးချီရဲ့ coatထင်တယ်။ သူမြန်မြန်ထွက်လာခဲ့တော့ သူကမှားပြီးယူခဲ့မိတယ်။

ရှန်ကျင်းထျန် အိမ်ပြန်ရောက်တော့ သူကအမှိုက်လိုအတွင်းခံနဲ့ အပေါ်ဝတ်အကျီကြားက အဖြစ်အပျက်ကို မှတ်မိနေစေဖို့ အဲ့ဒါတွေကိုတစ်ခုစီဘေးမှာယှဥ်ပြီး ချိတ်ထားခဲ့တယ်။ သူကသတိပေးတဲ့အနေနဲ့ရော သူ့ကိုယ်သူmotivationပေးဖို့အတွက်ရော အဲ့ဒါတွေကိုနေ့တိုင်းကြည့်ဖို့ စီစဥ်ထားတယ်။

အိမ်မှာတစ်ရက်လောက် အနားယူပြီးတာနဲ့ လီမေ့လန်က ဖုန်းခေါ်လာခဲ့တယ်။

ရှန်ကျင်းထျန် ကမျက်လုံးမဖွင့်ဘဲနဲ့ သူ့စောင်တွေကိုကန်ပစ်လိုက်တယ်။ သူကအဝတ်မပါဘဲနဲ့အိပ်ရတာကိုအကျင့်ဖြစ်နေပြီ။ သူကအကြောဆန့်ပြီးတော့ သူ့ရဲ့ခြေထောက်ရှည်တွေကို အိပ်ယာအစွန်းပေါ်မှာ တွန့်လိမ်နေလိုက်တယ် "ဟယ်လို"

လီမေ့လန်:"ငါနင့်အတွက်ဇာတ်ကောင်တစ်ခုရွေးပေးထားတယ် အမျိုးသားနံပါတ်၂ နင်သွားမှာလား"

ဘာ!!အမျိုးသားနံပါတ်၂ !!ဒါပေါ့သူသွားကိုသွားမှာ။ ဒါကဒုတိယအမျိုးသားဇာတ်ကောင်လေ။

"သွားမယ် သွားမယ် "
ရှန်ကျင်းထျန်က သူ့မျက်လုံးတွေကိုချက်ချင်းဖွင့်လိုက်ပြီးတော့ ကြမ်းကြမ်းတမ်းတမ်းထထိုင်လိုက်တယ်။
"ကျွန်တော်ဒုတိယအမျိုးသားဇာတ်ကောင်နေရာကိုရနိုင်သေးတယ်ဆိုမယုံနိုင်ဘူး" သူအသက်ရှုရပ်မတတ်ဖြစ်သွားတယ်

လီမေ့လန်ကခြောက်ကပ်စွာရီလိုက်တယ်: "ဒါပေမဲ့"

သူမကထပ်ပြီးချောင်းဆိုးလိုက်တယ်:"အဓိကအမျိုးသားဇာတ်ဆောင်က ပိုင်ယွဲ့ကွမ်ဘဲ"
ပိုင်ယွဲ့ကွမ် ကဒီဝတ္ထုရဲ့ နာမည်တင်မဟုတ်ဘူး အဲ့ဒါကသူ့ပရိတ်သတ်တွေကသူ့ကိုပေးထားတဲ့ မြင့်မြတ်သိမ်မွေ့တဲ့နာမည်လည်းဖြစ်တယ်

တောက်ပတဲ့လစန္ဒာဟာ ထင်ရှုးပင်တွေကြားမှာဖြာကျနေပြီးတော့ ကြည်လင်သန့်စင်တဲ့ကျောက်တုံးတွေက ပေါ်လာနေတယ်။ အဲ့ဒါကတကယ့်ကို ပိုင်ယွဲ့ကွမ် (လရောင်ဖြူလေး)နဲ့အထူးတလည် ကိုက်ညီနေတယ်။

လူတိုင်း ရှန်ကျင်းထျန်နဲ့ ပိုင်ယွဲ့ကွမ်ဟာ ပြိုင်ဘက်တွေဆိုတာသိကြတယ်။

လီမေ့လန်က သူကြောက်ပြီးတော့ငြင်းမှာကိုတွေးမိပြီး မြန်မြန်ပြောလိုက်တယ်။
"နင်၂နှစ်လောက် ပျောက်နေတာကိုနင်လည်းသိပါတယ် ပြီးတော့ ဖျော်ဖြေရေးနယ်ပယ်ကြီးက ဘယ်လိုလျှင်လျှင်မြန်မြန်ပြောင်းလဲနေတာကိုနင်သိပါတယ် ဒီအတောအတွင်း ငါနင့်အတွက်ရယူပေးနိုင်တဲ့ အရင်းအမြင်တွေက ဇာတ်ညွှန်းမရှိတဲ့သေးငယ်တဲ့ 18 lineတွေအတွက်ဘဲရှိတာ"

ဒါကလုံးဝအံသြစရာမဟုတ်ဘူး။ ရှန်ကျင်းထျန်က သူ့ရဲ့တောင့်တင်းနေတဲ့သရုပ်ဆောင်မှုတွေကြောင့်ကျော်ကြားတယ်လေ။ သူကတစ်ခါidol dramaတစ်ခုမှာသရုပ်ဆောင်ဖူးပေမဲ့ သူ့ရဲ့ကို့ရို့ကားယားဖြစ်နေတဲ့ သရုပ်ဆောင်မှုတွေကြောင့် သူကmemeဖြစ်လာခဲ့တယ်။

လီမေ့လန်:"ပိုင်ယွဲ့ကွမ် ကတကယ်တော်ပါတယ် သူကနင်ပြန်လာတော့မယ်ဆိုတာကြားတော့ သူကထုတ်လုပ်သူကိုချက်ချင်းဆက်သွယ်ခဲ့တယ် ထုတ်လုပ်သူကလွယ်လွယ်ကူကူသဘောတူလိုက်ပြီး မနက်ဖြန်လူတွေ့စစ်ဆေးဖို့ ခေါ်လိုက်တယ် ပိုင်ယွဲ့ကွမ် ကအခုဖျော်ဖြေရေးနယ်ပယ်ထဲမှာ ထိပ်ဆုံးသရုပ်ဆောင်တွေထဲကတစ်ယောက်လေ ဒီprojectမှာ နင်ဒုတိယဇာတ်လိုက်နေရာမှာပါဝင်ခွင့်ရတာက နင့်ရဲ့comebackအတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်လာလိမ့်မယ် နင်အဲ့ဒါကိုသေသေချာချာစဥ်းစားသင့်တယ်နော်"

ဒါပေါ့ ထုတ်လုပ်သူကသဘောတူမှာပေါ့။ သူတို့၂ယောက်လုံးက အပြင်မှာရော ဒီဇာတ်ကားထဲမှာရော ပြိုင်ဘက်တွေဖြစ်တဲ့ဆိုတဲ့အချက်ကြောင့် စိတ်လှုပ်ရှားစရာတွေဖန်တီးနိုင်လိမ့်မယ်လေ။ ဒါက ရှန်ကျင်းထျန်ကို လူထုစိတ်ဝင်စားမှုဆီကို ရအောင်လုပ်နိုင်တယ်လေ။ သူ့comebackက ကြီးမားပြီးတော့ အောင်မြင်သွားဖို့လိုတယ်။

"ပြီးတော့လည်း"
လီမေ့လန်ကခနရပ်လိုက်ပြီးတော့ ဆက်ပြောလိုက်တယ်။
"ဒီဇာတ်လမ်းက ဒီနှစ်မှာSunshine mediaရဲ့အဓိကရင်းနှီးမြုပ်နှံထားတာတွေထဲက တစ်ခုလေ"

Sunshine mediaကလွန်ခဲ့တဲ့၂နှစ်က ရန်အုပ်စုကထူထောင်ထားတဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားကုပ္မဏီဖြစ်တယ်။ ရန်အုပ်စုရဲ့မင်းသားလေးဖြစ်တဲ့ ရန်ချွီးချီက အဲ့ဒါကိုအုပ်ချုပ်နေတယ်။

"ပြောစရာမလိုဘူး ကျွန်တော်သွားမယ်"
ရှန်ကျင်းထျန်ကပြောလိုက်တယ် အဲ့ဒီလူ၂ယောက်နဲ့တွေ့ဖို့အခွင့်အရေးမရှိမှာကို သူကစိုးရိမ်နေတာ။

ရှောင်အိုက်: "Ding dong! အချစ်လေး ရှောင်အိုက်က onlineဖြစ်လာပါပြီ"

"သောက်ကျိုးနည်း!!"ရှန်ကျင်းထျန်က သူ့phကိုလန့်ပြီးလွှင့်ပစ်လိုက်မိတယ် "မင်းကငါ့ကိုသေအောင်လှန့်နေတာဘဲ!!"

ရှောင်အိုက်က တခစ်ခစ်ရီလိုက်တယ်:"ဂုဏ်ယူပါတယ် အချစ်လေး မနက်ဖြန် မင်းနည်းလမ်းလုပ်ဆောင်မှုအစီအစဥ်ကို တရားဝင်ဝင်ရောက်နိုင်တော့မယ်"

ရှန်ကျင်းထျန်: "မင်းတာဝန်အသစ်ထုတ်ပေးတော့မှာလား?"

ရှောင်အိုက်:"မဟုတ်ဘူး ငါတို့က အရမ်းလူသားဆန်တဲ့ အချစ်systemပါ ငါတို့ကရလဒ်ကိုဘဲ တောင်းဆိုတာပါ ပြီးတော့ မင်းဘယ်လိုလုပ်လုပ်ငါတို့ဂရုမစိုက်ဘူး ဒါပေမဲ့လည်း မင်းစိတ်ဓာတ်တက်ကြွစေဖို့ ဒီမှာမင်းကိုကောင်းတဲ့ ကမ်းလှမ်းမှုပေးဖို့စီစဥ်ထားတယ်"

ရှန်ကျင်းထျန်: "ဘာကမ်းလှမ်းတာလဲ"

ရှောင်အိုက်:"မူလဇာတ်ကြောင်းအတိုင်းဆို မင်းက ပထမဆုကိုရရှိဖို့ လရောင်ဖြူလေးကိုတိုက်ခိုက်ရလိမ့်မယ် ဒါပေမဲ့လည်း ငါတို့ရဲ့ဆုပေးတဲ့systemနဲ့မင်း သင့်မြတ်ဖို့ရယ် ပြီးတော့ ငါတို့မင်းကိုဂရုစိုက်တယ်ဆိုတာပြဖို့ ငါတို့မင်းကို ဆုတစ်ခုပေးပြီးတော့ ကျွမ်းကျင်အဆင့်ကိုမြှင့်တင်ပေးမယ် မင်းရဲ့ပထမဆုံးဆုကိုရရှိဖို့ မင်း၁၀မှတ်ဘဲ စုဖို့လိုတယ် "(btw ဒီနားမှာ first ass rewardလို့သုံးထားတာပါxd)

ရှန်ကျင်းထျန်: "နောက်လာမဲ့ဆုအကြောင်းကိုပြောပြနိုင်မလား?" သူလုံးဝကိုတင်ပါးနဲ့ပတ်သက်ပြီးတော့မလိုချင်တော့ဘူး သူလိုချင်တာက မျက်နှာလေ !မျက်နှာ! မျက်နှာ! !

ရှောင်အိုက်:"ခဏစောင့် ရှောင်အိုက်ကမင်းအတွက်စစ်ပေးမယ်.....အချစ်လေး မင်းရဲ့နောက်ရမဲ့ဆုက ပိုပြီးလှလာဖို့ဘဲ"

ရှန်ကျင်းထျန်က နောက်ဆုံးတော့ စိတ်သက်သာရာရသွားတယ်။

ရှောင်အိုက်:"မင်းရဲ့ဆုပုံစံက ပိုပြီးလှလာဖို့နဲ့ ပိုပြီးsexyကျလာဖို့ဆိုတော့ အဲ့ဒါတွေဘဲတစ်လှည့်စီဆုရလိမ့်မယ် ပြောရရင် မင်းရဲ့ပထမဆုံးဆုက sexyကျတာနဲ့သက်ဆိုင်တဲ့တစ်ခုခုဆိုရင် နောက်ရမဲ့ဆုက အလှအပနဲ့သက်ဆိုင်လိမ့်မယ် ဒါက ရှေ့နဲ့နောက်လို တစ်လှည့်စီဆက်ဖြစ်နေလိမ့်မယ်"

ကောင်းပြီ ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ဆို မင်းတကယ်ကိုမျက်နှာရော ခန္ဓာကိုယ်ရော၂ခုလုံးလိုအပ်တယ်လေ။

ရှောင်အိုက်:"စကားမစပ် ရှောင်အိုက်ကမင်းကိုကြင်ကြင်နာနာသတိပေးလိုက်ဦးမယ် မင်းရဲ့တာဝန်က ပိုင်ယွဲ့ကွမ်ကိုတိုက်ခိုက်ရန်ဆိုပေမဲ့လည်း မင်းတကယ့်ပန်းတိုင်က အမျိုးသားဇာတ်လိုက်ကို ပိုထက်မြက်လာအောင်နဲ့ ပိုသန်မာလာပြီးတော့ ပိုပြီးရည်မှန်းချက်ကြီးမားလာအောင် ဖိနှိပ်ဖို့ဘဲ ဒီတော့ ပိုင်ယွဲ့ကွမ် ကိုတိုက်ခိုက်ဖို့တာဝန်အပြင် မင်းရဲ့လုပ်ဆောင်မှုတွေက အမျိုးသားဇာတ်လိုက်ကိုအပြုသဘော သက်ရောက်မှုဖြစ်စေခဲ့ရင် မင်းအပိုအမှတ်တွေရနိုင်တယ် နောက်ဆုံးမှာတော့ အမျိုးသားဇာတ်လိုက် နဲ့ ဗီလိန်ကြားက ပဋိပက္ခတွေက စာဖတ်သူတွေကိုသွေးတွေဆူပွက်စေပြီး ဝတ္ထုအပေါ်သူတို့ရဲ့စိတ်အားထက်သန်မှုတွေတိုးလာလိမ့်မယ်"

ဒီတော့ အဲ့ဒါကဒီလိုပေါ့။

ရှောင်အိုက်: "ပဋိပက္ခတွေကပိုပြင်းထန်လေ အမှတ်တွေပိုရလေဘဲ"

ဒါကထူးဆန်းနေတယ်လို့ သူဘာလို့ထင်နေတာလဲ? ဒီအရှက်မရှိတဲ့systemက လူတွေကို ဖြောင့်ဖြောင့်မတွေးဘဲမနေနိုင်အောင် လုပ်နေသလိုဘဲ။


သူ့စိတ်သူဆုံးဖြတ်ပြီးတာနဲ့ ရှောင်အိုက်က "ဟီးဟီး "လို့ရယ်လိုက်တယ် အဲ့ဒါကဒီဟာအပေါ်မူတည်နေတယ်

ရှန်ကျင်းထျန် : "မင်းအဲ့လိုမကောင်းဆိုးရွားဆန်ဆန်ရီနေတာရပ်ပေးလို့ရမလား"

ရှောင်အိုက်: "ကောင်းပြီ ရှောင်အိုက် ကမင်းကိုထပ်မနှောင့်ယှက်တော့ဘူး လိုင်းဆင်းတော့မယ်နော် လာလေ!လာလေ! လာ! Beep!"

ရှန်ကျင်းထျန် ကအိပ်ယာပေါ်မှာနစ်မြုပ်သွားတယ်။ဒါကြီးကတကယ်သောက်ကျိုးနည်းဘဲ ဒါတွေအကုန်လုံးကတကယ်ဆိုတာသေချာအောင်လို့ သူ့ပေါင်သူဆွဲဆိတ်လိုက်တယ်။

ရှန်ကျင်းထျန်က နောက်နေ့မနက်မှာစောစောလေး လူတွေ့စစ်ဆေးပွဲကိုသွားခဲ့တယ်။ လီမေ့လန်နဲ့ သူ့လက်ထောက် ရှောင်ထန် ကတံခါးဝမှာသူ့ကိုစောင့်နေကြတယ်။ ရှန်ကျင်းထျန်က အဝေးကတည်းက သူ့လက်ကို ဝေ့ယမ်းပြလိုက်တယ်။
"ဟိုင်း မင်္ဂလာမနက်ခင်းပါ"

လီမေ့လန်က သူမလက်တွေကိုပိုက်ပြီးတော့ သူ့ကိုတစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ ရှောင်ထန်ကိုကြည့်လိုက်တယ်။
"အဲ့ဒါကဘယ်သူလဲ?"

ရှောင်ထန်: "ကျွန်တော်မသိဘူး"

ဒီနေ့ခေတ်မှာ လူသိနည်းတဲ့မင်းသားတွေက အပြင်မှာအချင်းချင်းရင်းနှီးသလိုဟန်ဆောင်ကြတယ် ဒါပေမဲ့ တကယ်တော့ အဲ့လောက်မရင်းနှီးကြဘူး။

သူတို့ရဲ့တုံ့ပြန်မှုတွေကိုကြည့်ရတာ အရမ်းအေးတိအေးစက်ဖြစ်နေလို ရှန်ကျင်းထျန်က သူ့ရဲ့နေကာမျက်မှန်ကိုချွတ်လိုက်ပြီးတော့ ထပ်ပြီးနှုတ်ဆက်လိုက်တယ်။
"ကျဲကျဲ မဂ်လာမနက်ခင်းပါ"

လီမေ့လန်နဲ့ရှောင်ထန် ကသူ့ကိုစိုက်ပြီးခဏလောက်တောင့်သွားကြတယ်။

"သောက်ကျိုးနည်း "လီမေ့လန်က သူ့မေးစေ့ဆီကိ လက်လှမ်းလိုက်ပြီးတော့ သူ့မျက်နှာကိုသေသေချာချာကြည့်လို့ရအောင် ဆွဲလှည့်လိုက်တယ်။

"အကိုကျင်းလား?"
ရှောင်ထန်ကမေးလိုက်တယ်"ကျွန်တော်မင်းကိုမမှတ်မိနိုင်ဘူးဖြစ်သွားတယ်"

သူကရှန်ကျင်းထျန်မှာအလုပ်အများကြီး မရှိတော့ထဲက အချိန်အကြာကြီးမတွေ့ဖြစ်ခဲ့ကြဘူး။ သူကရန်ချွီးချီရဲ့xင်နောက်ကို တားမြစ်ထားတဲ့အရသာရှိလှတဲ့အစားအစာလိုမျိုး လိုက်နေတယ်ဆိုတာသိတယ်။ ဒီတော့ ရှောင်ထန်ကသူ့ကိုမလိုအပ်ဘူး။

ရှန်ကျင်းထျန်က ကိုယ်အလေးချိန်ကျသွားတယ်။ သူ့ဆံပင်ကိုအနက်ရောင်ပြန်ဆိုးပြီးတဲ့နောက် ကြည့်ရတာသူ့တစ်ကိုယ်လုံးပြောင်းလဲသွားသလိုဘဲ။ အကြီးမားဆုံးကတော့ သူ့အဝတ်အစားတွေဘဲ။ ရှန်ကျင်းထျန်ပွဲဦးထွက်တုန်းကဆို သူ့အဝတ်အစားတွေကအမြဲ အာရုံစိုက်မှုရရှိစေတဲ့ ထူးခြားတဲ့အဝတ်အစားတွေဘဲ။ သူ့ရဲ့တောက်ပပြီးတော့ ထူးခြားတဲ့မိတ်ကပ်နဲ့ ဘဝင်မြင့်တဲ့ သူ့စိတ်ထားကြောင့် ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ဆက်တိုက် သွေးမုန်တိုင်းတွေဖြစ်စေခဲ့တယ်။

ဒါပေမဲ့အခုတော့ သူကနေရောင်အောက်မှာ တောက်ပနေတဲ့ သူ့ငယ်ရွယ်မှုကပြန်ရောက်ရှိလာသလို သူကခေါင်းစခြေဆုံး ကြည်လင်သန့်စင်နေတယ်။

လူ၃ယောက်ကဓာတ်လှေကားထဲဝင်လိုက်ကြတယ် လီမေ့လန်ကပြောလိုက်တယ်။
"နင်တကယ့်ကို နွီဟူလူရဲ့ ပြန်ဝင်စားလာတာဘဲ နင်လိင်ပြောင်းခဲ့သေးလား?"

ရှန်ကျင်းထျန်: ကျဲ စိတ်မပူပါနဲ့!ကျွန်တော်ကအရင်ကနဲ့မတူတော့ဘူး!"

သူတို့သွားရမဲ့လူတွေ့စစ်ဆေးခန်းက သုံးထပ်မြောက်မှာရှိတယ်။ ဓာတ်လှေကားကတစ်ထပ်ချင်းတက်သွားတော့ လီမေ့လန်ကမေးလိုက်တယ်။
"နင်ရန်ချွီးချီနောက်ကိုလိုက်နေတုန်းလား?"

ဓာတ်လှေကားက သူတို့၃ထပ်ကိုရောက်ပြီဆိုတာအချက်ပြဖို့ ding dongဆိုပြီးအသံထွက်လာတယ်။

ဆူညံသံနဲ့အတူ သူတို့က၃ထပ်ကိုရောက်လာတယ်။ ဓာတ်လှေကားတံခါးကဖြေးညှင်းစွာပွင့်လာပြီး ရှန်ကျင်းထျန်က သူကလူသစ်တစ်ယောက်ပုံစံလိုမျိုး သူ့အသံက တိုက်ခိုက်ချင်စိတ်တွေနဲ့ပြောလိုက်တယ်။
"ရန်ချွီးချီက ဘယ်သူလဲ? ငါ့အဖေတောင် သူ့ကိုဘယ်တုန်းကမှမကြားဖူးဘူး!"

သူပြောပြီးပြီးချင်း သူကဓာတ်လှေကားအပြင်ဘက်မှာမတ်တပ်ရပ်နေကြတဲ့ လူ၄ ၅ယောက်ကိုမြင်လိုက်ရတော့ လန့်သွားတယ် ။သူတို့အကုန်လုံးက ကျယ်ပြန့်တဲ့ပုခုံးတွေနဲ့ ကျဥ်းမြောင်းတဲ့ခါးတွေရှိပြီး အနက်ရောင်ဝတ်ဆုံတွေဝတ်ဆင်ထားကြတယ်။ သူတို့ကအရပ်ရှည်ကြပြီးတော့ လက်တွေကိုအိတ်ကပ်ထဲထည့်ထားတယ် ။သူတို့မှာ သူစိမ်းတွေ ကသူတို့ကိုမကပ်သင့်ဘူးဆိုတဲ့ အရှိန်အဝါတွေလွှမ်းထားကြတယ်။ သူပြောတာကိုကြားသွားပြီးတော့ သူ့မျက်ခုံးတွေကကြုံ့သွားပြီး သူ့အကြည့်တွေကလီမေ့လန်ကိုဖြတ်ပြီး သူ့ရှေ့ကအမျိုးသားကိုစိုက်ကြည့်နေတယ်။

သူဒီလူကိုသိတယ် ။အဲ့ဒါက "မင်းကယောကျ်ားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မင်းကယောက်ကျ်ားတွေကိုကြိုက်ရင်တော့ မင်းfuckခံချင်တဲ့ ရန်ချွီးချီဘဲ"

ရန်ချွီးချီကသူ့ကိုအိပ်ယာထဲကနေ ဆွဲထုတ်ထားတာ မနေ့ကဘဲရှိသေးတယ်။

ရေခဲတုံးတွေဝန်းရံထားသလို အေးစက်နေတဲ့ရန်ချွီးချီရဲ့အကြည့်ကိုခံရပြီးတဲ့နောက် သူကပူလောင်လာသလိုဖြစ်လာတယ်။ သူ့မေးစေ့ပေါ်က ကောက်ကြောင်းတွေက ပိုတင်းမာလာပြီးတော့အေးစက်လာခဲ့တယ်။ သူ့နှာခေါင်းရိုးကတော်တော်မြင့်တယ် သူ့ရဲ့နှုတ်ခမ်းပါးတွေက ကြည်လင်သန့်ရှင်းနေတယ်။ သူ့မျက်နှာသွင်ပြင်က သူရဲကောင်းဆန်ပြီးတော့ မြင့်မြတ်တဲ့ အရှိန်အဝါတွေတည်ရှိနေသလိုမျိုးပြိုင်ဘက်ကင်းစင်တယ်။

အဲ့ဒီလို ပြင်းထန်တဲ့တည်ရှိမှုက တားမြစ်ထားတဲ့အရသာကိုစူးစမ်းချင်စိတ်မြက့်တက်လာစေတယ်။ အဲ့ဒီအချိန်မှာ ရှန်ကျင်းထျန်က မူလစာရေးသူက သူ့ကိုဘယ်လောက်မျှော်မှန်းထာတယ်ဆိုတာနားလည်လာခဲ့တယ်။

ရန်ချွီးချီကအော်လိုက်တယ်:"မင်းမှာ အရည်အချင်းရှိရင် မင်းငါ့ကိုတကယ် ဖြားယောင်းနိုင်မလား ကြိုးစားကြည့်လေ!"

အဲ့ဒီအမျိုးသားကို လူတွေကတကယ်စူးစမ်းချင်နေတယ်။ အဲ့ဒီလိုမျက်နှာမာကြောတဲ့လူကို နှာဘူးတစ်ယောက်လိုပြောင်းသွားအောင် ဘယ်လိုလှုံ့ဆော်လိုက်တာပါလိမ့်။

ဒီလိုစနစ်ကျတဲ့လိုအင်ဆန္ဒတွေက ကြင်နာသနားမှုကိုတောင်းခံနေတဲ့ လူရမ်းကားနဲ့တူတယ်။ အဲ့ဒါကဧဝရတ်တောင်ကိုတက်နေရသလိုဘဲ။ အဲ့ဒါက မူလပိုင်ရှင်က တစ်ဝက်တောင်မတက်ရသေးခင် သေလောက်တဲ့အထိအေးခဲသွားပြီး သူလိုချင်တဲ့ခမ်းနားတဲ့မြင်ကွင်းကို မကြည့်လိုက်တာသနားစရာဘဲ။

ပထမဆုံးအကြည့်မှာတင် ရှန်ကျင်းထျန်က လွန်ခဲ့တဲ့ရက်အနည်းငယ်က သူရန်ချွီးချီရဲ့xင်နောက်ကို လိုက်ဖို့ စျေးပေါတဲ့စကားလုံးတွေသုံးခဲ့တာကိုသတိရသွားပြီး အနည်းငယ်ရှက်သွားတယ်။ ဝန်ထမ်းတွေ အကုန်လုံးက သူ့အတိတ်ကိုသတိရစေဖို့ သူ့ရဲ့ထူးခြားတဲ့အသံကိုမှတ်မိကြတယ်။

အဖေတောင်သူ့အကြောင်းမကြားဖူးဘူး?"Ha ha ha!သူကဒီbig bossကြီးကိုအရှက်မရှိလိုပြီးနေ့တိုင်း ယောကျာ်း လို့ခေါ်နေတုန်းက သူ့ကြည့်ခဲ့တဲ့ဆာလောင်အကြည့်တွေကိုမေ့သွားပြီလား?"

လူတိုင်းကလီမေ့လန်နောက်မှာရှိတဲ့ အဖြူရောင်ရှပ်အကျီနဲ့ အနက်ရောင်ဘောင်းဘီကိုဝတ်ဆင်ထားတဲဘ လူငယ်လေးကိုကြည့်ဖို့ ဓာတ်လှေကားဆီ စောင်းကြည့်လိုက်တယ်။

နှုတ်ခမ်းပေါ်မှာ အပြုံးတစ်ခုနဲ့ ငယ်ရွယ်နုပျိုတဲ့အသွင်အပြင်ရှိတဲ့ မူးမေ့နိုင်လောက်တဲ့ ချောမောတဲ့ဆံပင်အနက်ရောင်လူငယ်လေး။

ဒါက.........ရှန်ကျင်းထျန်လား?

သူတို့သူ့ကိုရက်အနည်းငယ်လောက်ဘဲမတွေ့ရသေးတာလေ ဘယ်လိုလုပ်......ဘယ်လိုလုပ်သူကဒီလိုဖြစ်လာရတာလဲ?!

မူရင်းစာရေးသူမှာပြောစရာရှိပါတယ်:

ရှန်ကျင်းထျန် : ရန်ချွီးချီက လူတိုင်းတက်ချင်ပြီး ဘယ်သူမှမတက်နိုင်ကြတဲ့ ဧဝရတ်တောင်ဘဲ

စာရေးဆရာ: ကိစ္စမရှိပါဘူး အခြားလူမတက်နိုင်ပေမဲ့ မင်းတက်နိုင်တယ်လေ

Seguir leyendo

También te gustarán

4.6K 72 18
this is coming soon trust also made this because I'm bored also this shit is probably inaccurate but wtvs
11.2K 161 13
in which y/n exists. she also rides some fat cock, but we'll get to that later-
3K 239 10
Stop crying and laugh (I'm also making this because I have too many memes in my gallery so I can just store them here instead of course.) ...
8.4K 694 20
yoongi hate Hoseok hoseok hate yoongi how the hell will they survive in their forced marriage?