Tie Up ( Completed)
By Diana_Lin_
23.9K 1.2K 1.1K
Intro (Zawgyi)
Ep-(1)
Ep-(2)
Ep-(3)
Ep-(4)
Ep-(5)
Ep-(6)
Ep-(7)
Ep-(8)
Ep-(9)
Ep-(10)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35)
Ep-(36)
Ep-(37)
Ep-(39)
Ep-(40)
Ep-(41)
Ep-(42)
Ep-(43)
Ep-(44)
Ep-(45)
Ep-(46)
Ep-(47)
Ep-(48)
Ep-(49)
Ep-(50)
Ep-(51)
Ep-(52.1)
Ep-(52.2)
Final
Thank you all (behind the story)
Cute moment of our A Sit
Extra
Intro (Unicode)
ep-(1)
ep-(2)
ep-(3)
ep-(4)
ep-(5)
ep-(6)
ep-(7)
ep-(8)
ep-(9)
ep-(10)
ep-(11)
ep-(12)
ep-(13)
ep-(14)
ep-(15)
ep-(16)
ep-(17)
ep-(18)
ep-(19)
ep-(20)
ep-(21)
ep-(22)
ep-(23)
ep-(24)
ep-(25)
ep-(26)
ep-(27)
ep-(28)
ep-(29)
ep-(30)
ep-(31)
ep-(32)
ep-(33)
ep-(34)
ep-(35)
ep-(36)
ep-(37)
ep-(38)
ep-(39)
ep-(40)
ep-(41)
ep-(42)
ep-(43)
ep-(44)
ep-(45)
ep-(46)
ep-(47)
ep-(48)
ep-(49)
ep-(50)
ep-(51)
ep-(52.1)
ep-(52.2)
final
thank you all (behind the story)
cute moment of our a sit
extra
Second Creation is comming....🤭
Ep-(38)
69 5 0
By Diana_Lin_
ထုံးစံအတိုင်း တနလာင်္နေ့တွင် စစ် တို့ တစ်ကျောင်းလုံး
သန့်ရှင်းရေး လုပ်ရသည် ။ စစ် မှာ ယခင်နှစ်ကထက်
တာဝန် နှစ်ဆ ပိုခဲ့ရသည် ။ အမှိုက်လှည်းနေရင်း
တန်းလန်း ဖုန်ပြေးသုတ်ရတတ်သည် ။
၎င်းတို့ သိသင့်သည်မှာ စစ် သည် သူတို့ဧ။်
ကျေးကျွန် မဟုတ်ကြောင်း ပင် ။
"လက်ျာ..ငါ့ တံမြက်စည်း ဘယ်ရောက်သွားပြီလဲ.."
"လက်ျာ...ငါ့ကို ပန်းအိုးလေး ခဏ ကိုင်ပေးပါ "
"လက်ျာ..အမှိုက်အိတ်ယူပေးစမ်း..."
"လက်ျာ..Where is my ဂေါ်ပြား "
ကော်ရစ်တာ တလျှောက်အား အမှိုက်လှည်း
နေသော စစ် သည် သူ့နာမည် အား ခေါ်ကောင်းတိုင်း
ခေါ်နေကြသော အတန်းဖော်များအား စိတ်ပျက်စွာ
ကြည့်လိုက်သည် ။ မိုးခနေစဉ် သည်
တစ်ခုခု ရှာနေဟန်ဖြင့် စစ် ဧ။် အနားသို့ ရောက်လာ၍..
"လက်ျာ..မျက်နှာကြတ် ဖုန်သုတ်ပေးပါ..ငါ့
အရပ်နဲ့ မမှီ..."
"လက်ျာ..ရေသန့်ဘူး ကုန်နေပြီ..သွား မှာပေးပါဦး.."
မိုးခနေစဉ် ဧ။် စကားမဆုံးသေးမီ ကျောင်းသူ
တစ်ယောက်မှ အခွံသာသာ ရှိသော ရေသန့်ဘူးအား
လှုပ်၍ ပြောသည် ။ စစ် သည် တံမြက်စည်အား
ဝုန်းခနဲ ပစ်ချ၍ အတန်းဘက်သို့ လှည့်၍
ပေါက်ကွဲမိသည် ။
"ဒီမှာ..ငါက အနီအသင်းရဲ့ ခေါင်းဆောင်..မင်းတို့
ဘိုးအေ မဟုတ်ဘူး..ကိုယ့်ဟာကိုယ် တံမြက်စည်း
ပျောက်လည်း ငါပဲ ရှာ ၊ အမှိုက်အိတ် မတွေ့လည်း ငါပဲ ရှာ
ရေသန့်ဘူး ကုန်လည်း မှာခိုင်းရအောင် မင်းတို့
အဖေ မဟုတ်ဘူး..လက်ျာ..လက်ျာ နဲ့ သူတို့
အဖေကြီး ကျနေတာပဲ.."
စစ် ဧ။် ပေါက်ကွဲသံစဉ် ကြောင့် အခြားလူများသည်
စစ် အား စကားမပြောတော့ဘဲ ကိုယ့် အလုပ်ကိုယ်
ဆက်လုပ်ကြသည် ။
လပတ်စာမေးပွဲ တွင်
၂လ ဆက်တိုက် အင်္ဂလိပ်စာ အမှတ်ပြည့်ရ၍
အတန်းပိုင်ဆရာမ သည် စစ် အား
အသင်းခေါင်းဆောင် ဘွဲ့ပေးလိုက်သည် ။ စစ် လည်း
မင်းဘုန်းမြတ်ပိုင် နှင့် မိုးခနေစဉ် ရှိသည့် အနီအသင်း အား
ရွေး၍ ဟောက်စားလုပ်ရန် ကြံခဲ့သော်လည်း
လက်တွေ့တွင် စစ်ကပင် အခမဲ့ကျေးကျွန်ကြီး
ဖြစ်နေသည် ။
"လက်ျာ..မျက်နှာကြတ်ကိုတော့ ဖုန်သုတ်ပေးပါ​နော်..
ငါ အရပ်နဲ့မမှီလို့.."
မိုးခနေစဉ် သည် သူဧ။် လက်ထဲမှ ကြက်မွှေးအား
စစ် လက်ထဲသို့ မဝံ့မရဲ ထိုးပေးရင်း တောင်းတောင်းဆိုဆို
ပြောလာသည် ။ စစ် သည် မိုးခနေစဉ် လက်ထဲမှ
ကြက်မွှေးအား ယူ၍ မင်းဘုန်းမြတ်ပိုင် ဘက်သို့
လှည့်ကာ..
"ပိုင်..ဟို မျက်နှာကြတ်လေး သုတ်ပေးပါလား..
ငါ့ အရပ်နဲ့မမှီလို့.."
"မင်းက အသင်းခေါင်းဆောင် မဟုတ်ဘူးလား..
အသင်းခေါင်းဆောင် ဖြစ်ပြီး ဒါလေးတောင် မမှီဘူးလား
မမှီလည်း မှီအောင် လုပ်ပေါ့.."
မင်းဘုန်းမြတ်ပိုင် သည် အတန်းတွင်းရှိ
စာရေးစားပွဲခုံအောက်မှ သဲများအား ထုတ်လှည်း၍
စစ် အား လှည့်ပင် မကြည့်ဘဲ ပြောလိုက်သည် ။
စစ် သည် သွား ၃၂ချောင်းလုံး ပေါ်သည်အထိ
မိုးခနေစဉ် အား ရယ်ဖြဲပြ၍ လက်ထဲမှ ကြက်မွှေးအား
သူဧ။် လက်ထဲသို့ ပြန်ထိုးထည့်၍..
"မင်းက ငါ့ရဲ့ အသင်းသားပဲ..ငါ့ အသင်းသားဖြစ်ပြီး
ဒါလေးတောင် မမှီဘူးလား..မမှီလည်း
ပီဒီရူးဝါးသောက် ၊ အက်ပီတမ် သောက်.."
"လကျာ်.."
စစ် သည် ပြောပြောဆိုဆို နှင့် တံမြက်စည်အား
ပြန် ကောက်ကိုင်၍ မိုးခနေစဉ် အနားမှ
ထွက်သွားသည့်တိုင် မိုးခနေစဉ် ဧ။် ခေါ်သံခပ်တိုးတိုးအား
ကြားရသည် ။ စစ် လည်း စိတ်ပေါက်ပေါက် နှင့်
မိုးခနေစဉ် ရှိရာသို့ ဆတ်ခနဲ လှည့်၍ တစ်ကျောင်းလုံး
ကြားလောက်သည့် အသံဖြင့်...
"ဟုတ်ပါတယ်...လက်ျာပါ..စစ်လက်ျာပါ..လက်ဝဲ
မဟုတ်ပါဘူး.."
"စစ်လက်ျာ..မင်း အသင်းခေါင်းဆောင် မလုပ်ချင်ဘူးထင်တယ်..
ငါ့ကို လွှဲပေးလို့ရတယ်..အနည်းဆုံးတော့ ဒီလို
အခိုင်းမခံရတော့ဘူး..''
မင်းဘုန်းမြတ်ပိုင် သည် စစ် ဧ။် အရှေ့မှ ပိတ်ရပ်၍
လေသံ အေးအေးဖြင့် ပြောသည် ။
" ငါ့ရာထူးကို မင်းကို မလွှဲပေးနိုင်ဘူး..ပင်ပန်းရင်တောင်
အနည်းဆုံး ငါဟဲ့ အသင်းခေါင်းဆောင် ဆိုပြီး
ဂုဏ်ဆာ လို့ရတယ်.."
"အသင်းသားတွေ အပေါ် မင်းရဲ့ သြဇာက နည်းနည်းလေးမှ
မရှိဘူး "
မင်းဘုန်းမြတ်ပိုင် ဧ။် စကားအဆုံးတွင် စစ် သည်
သန့်ရှင်းရေး လုပ်နေသော အသင်းသား များအား
ဝေ့ကြည့်၍ မျက်နှာ အနည်းငယ် ချီ ၍
မင်းဘုန်းမြတ်ပိုင် အား ပြန်ကြည့်ကာ..
"ဘာပဲဖြစ်ဖြစ် ငါက ခေါင်းဆောင်လေ...ကဲ..ကလေးတို့
သန့်ရှင်းရေး လုပ်တာ ရပ်ရအောင်.."
ထို့နောက် အတန်းဘက်သို့ လှည့်၍
အသင်းသားများအား ဆော်သြ လိုက်သောအခါ
နာခံလွယ်မည် ထင်သော အသင်းသားများသည်
ရုတ်တရက် အပမှီလာလေသလား မသိ ။
''မရပ်ပါဘူး..ဒီမှာ ဖုန်တွေရှိသေးတယ်.."
"ကိုယ့်ဟာကိုယ်ရပ်.."
"မင်းရပ်ခိုင်းတိုင်းရပ်စရာလား..."
စစ် သည် သြဇာကြီးမားသော စီးပွားရေး
လုပ်ငန်းရှင်ကြီး တစ်ယောက်ဟန်ဖြင့်
အသင်းသားများဘက်သို့ လက်ညိုးထိုး၍
"ငါက မင်းတို့ အသင်းခေါင်းဆောင်..ရပ်မလား
မရပ်ဘူးလား.."
မင်းဘုန်းမြတ်ပိုင် သည် စစ် အား လှောင်ပြောင်ဟန်ဖြင့်
ပြုံးစိစိ ကြည့်နေသည် ။ အသင်းသား များ သည်
စစ် အား လှည့်ပင် မကြည့်ကြ ။ မိုးခနေစဉ် သည်
ခေါင်းငုံ့၍ ကြိတ်ရယ်နေသည် ။
"ဖုန်တွေလည်း ကုန်သလောက်ရှိပြီ..သိမ်းကြရအောင်..''
မည်သို့ဖြစ်နေမှန်း မသိ ။ မင်းဘုန်းမြတ်ပိုင် ဧ။်
အေးဆေးစွာ ပြောလိုက်သော တစ်ခွန်းတည်း
စကားအဆုံးတွင် အသင်းသား အားလုံး သည်
တံမြက်စည်း သိမ်းသူက သိမ်း ၊ ကြက်မွှေးသိမ်းသူက သိမ်း ၊
နေရာတွင် ပြန်ထိုင်သူက ပြန်ထိုင် ဖြစ်သွားသည် ။
အနီရောင် တစ်သင်းတည်း မဟုတ် ။ အခြားအသင်းရှိ
လူ တော်တော်များများ လည်း ထိုနည်းအတိုင်းပင် ။
"ဘယ်လိုဖြစ်တာလဲ "
"အသွားရှိမှ အပြန်ရှိမှာပေါ့..မင်း သူတို့အပေါ်
ကောင်းကောင်း ဆက်ဆံထားမှ မင်း စကား
နားထောင်ကြမှာပေါ့...ခခ ကိုယ်တို့ ဝင်ရအောင် "
"အင်း..မောင် "
မင်းဘုန်းမြတ်ပိုင် သည် စစ် အား သြဝါဒပေး၍
မိုးခနေစဉ် အား ခပ်ပြုံးပြုံးပြော၍
အတန်းတွင်းသို့ ဝင်သွားသည် ။ အခေါ်အဝေါ် များပင်
ပြောင်းပြီးကြသော ၄င်းတို့အတွဲအား ကြည့်၍
စစ် ခြောက်ကပ်ကပ် ရယ်မိသည် ။
(ငါ့ဘဝမှာ ကိုယ်ချစ်တဲ့ လူက ရည်းစားရပြီး
Ro နေတာကို ဘာမှမဖြစ်သလို ကြည့်နေခဲ့ဖူးတယ်)
___________♥♥♥♥♥___________
"ဟိတ်..ဘာတွေဖတ်.."
စစ် သည် စာကြည့်တိုက်ရှိ စာအုပ်များအား အတန်းတွင်းသို့
ယူ၍ ထိုင်ဖတ်နေစဉ် မင်းဘုန်းမြတ်ပိုင် သည်
အနောက်မှ ရုတ်တရက် စစ် ဧ။် ပခုံးအား
ပုတ်လိုက်သည် ။ စာအုပ်ထဲ ဈာန်ဝင်နေသော
စစ် ဧ။် ခန္ဓာကိုယ် သည် ဆတ်ခနဲ တုန်တက်သွား၍
အနောက်သို့ လှည့်ကြည့်လိုက်ရာ မင်းဘုန်းမြတ်ပိုင် အား
တွေ့မှ သက်ပြင်းချနိုင်တော့သည် ။
"ခွေးသား.. တစ်ခုခုဆို အသံလေးဘာလေး မပေးဘူး "
"ဘာတွေဖတ်နေတာလဲ...အံမယ်.
..ဘာသာရေးဆောင်းပါးတွေပါလား..ခုနကကျ ခွေးသားတဲ့
ခွီး.."
မင်းဘုန်းမြတ်ပိုင် သည် စစ် ဖတ်နေသော စာအုပ်များအား
ယူကြည့်၍ ရယ်လိုက်သည် ။ စစ် သည်
ဒေါသထွက်သွား၍ မင်းဘုန်းမြတ်ပိုင် လက်ထဲမှ
စာအုပ်အား ပြန်လည်လုယူလိုက်သည် ။
ထိုနောက် ထိုင်နေသော ခုံအား ရွေ့၍
မင်းဘုန်းမြတ်ပိုင် အား ကျောပေးထိုင်လိုက်သည် ။
"ငါ့ကိုလည်း တစ်အုပ်လောက်..အင်း..
ဘယ်ဟာကောင်းလဲ ကြည့်ရအောင်...ဒါလေး
ဖတ်လို့ ကောင်းမယ့်ပုံပဲ.."
မင်းဘုန်းမြတ်ပိုင် သည် စီစီရီရီ တင်ထားသော
စာအုပ်များအား ဖွ၍ သူ လိုချင်သော စာအုပ်တွေ့သောအခါ
ရှုပ်ပွနေသော စာအုပ်များအား ပြန်မရှင်းဘဲ
သူဧ။် နေရာသို့ ပြန်သွားရန် ပြင်သည် ။ စစ် သည်
မင်းဘုန်းမြတ်ပိုင် လက်ထဲမှ စာအုပ်အား အတင်းဆွဲထား၍..
"ဒါ ငါဖတ်မယ့် စာအုပ်...ဒါနဲ့ မိုးခနေစဉ် ရော
မုန့်ဈေးတန်းမှာမလား ကိုယ့် ရည်းစား အနားမှာ
ကိုယ်နေပါလား..ဒီလိုနေနေရင် ပြတ်မှာပဲမလား.."
စစ် ဧ။် အခြေအနေ သည် မင်းဘုန်းမြတ်ပိုင် တို့ နှစ်ဦး ဧ။်
ဆက်ဆံရေး အား မည်သို့မျှမခံစားရဟန်ဖြင့်
ပြောဆိုနိုင်သည်အထိ ကောင်းမွန်လာပြီဖြစ်သည် ။
စစ် ဧ။် ပေါ့ပေါ့ပါးပါး ပြောလိုက်သော စကားအဆုံးတွင်
မင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာ အနည်းငယ်
တည်သွားသော်လည်း မျက်နှာထား ပြန်ပြင်လိုက်ကာ..
"သူများ Rs အကြောင်း ဝေဖန်နေမယ့်အစား
ငါ့ကို ဘာစာအုပ်ဖတ်ရမှာ ရွေးပေးစမ်းပါ.."
"မင်းက ငါ့ထက် အဆ ၁၀၀၀ တောက်ပတဲ့ ပညာရှိကြီးမို့
ကိုယ့်ဟာကိုယ် ရွေးနိုင်မှာပါ..ငါ အေးဆေး
စာဖတ်ပါရစေ..ပိုင် please..."
စစ် သည် ပြုံးရွှင်သော မျက်နှာထားဖြင့် မတ်တပ်ထရပ်၍
မင်းဘုန်းမြတ်ပိုင် အား သူ့ထိုင်ခုံဆီသို့ တွန်းပို့လိုက်သည် ။
အချိုဆုံး လေသံဖြင့် ပြောလိုက်သော စစ် ဧ။်
စကားအား မင်းဘုန်းမြတ်ပိုင် သည်
လက်မခံဟန်ဖြင့် ခေါင်းယမ်းပြ၍...
"ငါ့ကို ဖတ်လို့ကောင်းမယ့် စာအုပ် နှစ်အုပ်လောက်
ရွေးပေးပါ..စစ် please "
"ဟင်း....."
စစ် သည် အရှုံးပေးပါသည် ဟူသော သဘောဖြင့်
သက်ပြင်းချ၍ လက်မြှောက်လိုက်သောအခါ
မင်းဘုန်းမြတ်ပိုင် သည် သူဧ။် ထိုင်ခုံအား စစ် အနီးသို့
မ ယူလာ၍ ထိုနေရာတွင် ဝင်ထိုင်နေသည် ။
စစ် သည် စားပွဲပေါ်ရှိ စာအုပ်များအား ဟိုလှန် ၊
သည်လှန် လုပ်၍...
"ဘာသာရေး အဆုံးအမတွေ အများကြီး ပါတဲ့
စာအုပ်တွေက အရမ်းကောင်းတယ်..အလင်္ကာလေးတွေ
ထည့်ထားလို့ ပျင်းဖို့မကောင်းတော့ဘူး..။
ဖြစ်ရပ်မှန် ပညာပေးဇတ်လမ်းတွေလည်း
တော်တော်များများ ပါတယ်..။ ဇတ်လမ်း တိုင်းကလည်း
သင်ခန်းစာ တစ်ခုခုရတယ်..။ ပြီးတော့ ဗဟုသုတ
ရစရာ တွေလည်း ရှိရမယ်.."
စစ် သည် ကိုယ့်ဟာကိုယ် ပြောသလိုနှင့်
မင်းဘုန်းမြတ်ပိုင် အား ရှင်းပြနေသည် ။ စစ် သည်
စာအုပ်​ နှစ်အုပ်ခန့်အား ရွေးယူ၍ မင်းဘုန်းမြတ်ပိုင်
လက်ထဲသို့ ထည့်ပေးလိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည်
စစ် ပေးထားသော စာအုပ် နှစ်အုပ် အား လှန်ကြည့်နေသည် ။
"ခုနက ငါ ပြောထားတဲ့ အချက်တွေနဲ့ အကိုက်ညီဆုံး
စာအုပ် နှစ်အုပ်..နိဒါန်းကအစ နိဂုံးအထိ အနှစ်တွေချည်းပဲ.."
"ဒီလောက်ကောင်းတဲ့ စာအုပ်တွေ ဖတ်ပြီးတာတောင်
မင်းက နည်းနည်းလေးမှ မယဉ်ကျေးလာဘူးနော်..
ပြီးစလွယ် ဖတ်တာလား..."
စစ် သည် မင်းဘုန်းမြတ်ပိုင် ဧ။် စကားအား
အနည်းငယ်လေးမျှ စိတ်ဆိုးဟန်မပြဘဲ
ရယ်ပင်ရယ်လိုက်သည် ။ ထိုနောက် သူဧ။်
ခုံအား မင်းဘုန်းမြတ်ပိုင် ဧ။် ခုံအနီးသို့ ရွေ့၍...
" ငါ့ စိတ်ကို နားမလည်တော့ အဲ့လိုတွေးမယ်ဆိုတာ
ငါ သိပြီးသားပါ..ဒါပေမယ့် ဒီလောကကြီးမှာနေတဲ့
လူတွေ အားလုံးက .ရိုင်းရိုင်း ယဉ်ယဉ် ပုထုဇဉ် တွေလေ..
ပုထုဇဉ် ဆိုတာ စိတ်ခံစားချက် မရှိဘဲနေမလား..
စိတ်ဆိုးတဲ့အချိန်မှာ ယဉ်ကျေးပြနေရမှာလား..ငါက
ပုထုဇဉ် ၊ ငါ့ဘေးက လူတွေကလည်း ပုထုဇဉ်
ပုထုဇဉ် တွေ အနားမှာနေပြီး ရဟန္တာလို နေရမှာလား "
မင်းဘုန်းမြတ်ပိုင် သည် စစ် ဧ။် စကားအဆုံးတွင်
လှိုက်လှဲစွာ ပြုံး၍ လက်ထဲမှ စာအုပ်ဖြင့် စစ် ဧ။်
ခေါင်း အား ခပ်ဖွဖွ ပုတ်လိုက်သည် ။
"တတ်လိုက်တာလည်း မင်း အပြင်နှစ်ယောက်မရှိဘူး..
ဒါပေမယ့် အတတ်နိုင်ဆုံး ပုထုဇဉ် ဘဝကနေ
တက်အောင် ကြိုးစားရမှာမဟုတ်လား.."
"ငါ့ကို မင်းလောက် တရားမရှိဘူးပြောလည်း
လက်ခံရမှာပဲ..ငါကတော့ လောလောဆယ်
ငါ တက်ချင်တဲ့ တက္ကသိုလ် ရ အောင် တက်မယ်
ငါ့ ရည်မှန်းချက် ရ အောင် အကောင်အထည်ဖော်မယ်..
နောက်ပြီး အချစ်ဟောင်းကို မေ့ဖို့ ကြိုးစားရဦးမယ်...
တောထွက်ဖို့ အချိန်မရှိဘူးလေ..ဟင်းဟင်း..''
စစ် ဧ။် ရယ်သံစွက်၍ ပြောလိုက်သော စကားအဆုံးတွင် မင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာသည်
ဟန်ဆောင်၍ မရအောင် တည်သွား၍ မျက်မှောင်လည်း
ကျုံ့သွားသည် ။ စာ ငုံ့ဖတ်နေသော စစ် မှာ
မင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာအား သတိမထားမိ ။
"ဘာ..အချစ်ဟောင်း ဟုတ်လား "
မင်းဘုန်းမြတ်ပိုင် ဧ။် ရုတ်တရက် ထ မေးလိုက်သော
အသံသည် အနည်းငယ် ကျယ်သွားသောကြောင့်
စစ် သည် မျက်လုံး အဝိုင်းသားဖြင့် မင်းဘုန်းမြတ်ပိုင် အား
ဲပြန်ကြည့်၍...
"အင်း..ဟုတ်တယ် အချစ်ဟောင်းပါ..။ အဲ့ဒီ့
အချစ်ဟောင်း နဲ့ ငါက လုံးဝ မလိုက်ဖက်ဘူး..ဒါ့ထက်
လုံးဝ လုံးဝ ကို မဖြစ်နိုင်တော့ဘူး..ဒါကြောင့်
ငါ ကြိုးစား မေ့ပစ်မယ်လို့..ပြီးတော့ အချစ်သစ်ကို
ရှာမယ်..ပြောမယ့်သာ ပြောရတာ ဒါက အရမ်းခက်ခဲတယ်
အချစ်သစ်ကို ရှာဖို့နေနေသာသာ ငါ့မှာ
အချစ်ဟောင်း ကိုတောင် မေ့လို့မရသေးဘူး..
အချစ်ဟောင်း ကို မေ့မှ အချစ်သစ် ကို ရှာမယ် "
"အဲ့ဒီ့ အချစ်ဟောင်း က မင်း နဲ့ လုံးဝ မဖြစ်နိုင်တော့ဘူး..
မေ့လိုက်..အချစ်သစ်ကိုလည်း မရှာနဲ့..
အခု လောလောဆယ် မင်းနဲ့ အလိုက်ဖက်ဆုံးက
single life ပဲ..."
မင်းဘုန်းမြတ်ပိုင် သည် စာအုပ်နှစ်အုပ် အား ယူ၍
နေရာတွင် ပြန်ထိုင်မည်အပြုတွင် စစ် သည်
ဆတ်ခနဲ မတ်တပ်ထရပ်၍ မင်းဘုန်းမြတ်ပိုင် ဧ။်
လက်ထဲမှ စာအုပ်အား ဆွဲ၍..
"ငါ့ကို fa ဘဝနဲ့ နေရပါစေလို့ ပြောနေတာလား.."
"forever alone? ? မသေချာဘူးလေ..ဟုတ်ချင်လည်း
ဟုတ်မှာပေါ့..မဟုတ်ရင်လည်း မင်းကို တကယ်ချစ်တဲ့
လူနဲ့ တွေ့ရင်တွေ့မှာပေါ့"
"တော်ပြီ..တော်ပြီ..ငါ့ စာအုပ်ပြန်ပေး..မင်း ငါ့ကို
နှိမ်တာ အရမ်းလွန်နေပြီ "
စစ် သည် သူ့အား fa ဟု ပြောသောကြောင့်
အကြီးအကျယ် ပေါက်ကွဲသွားဟန်ဖြင့် မင်းဘုန်းမြတ်ပိုင် ထံမှ
စာအုပ် အား လုယူ၍ စားပွဲပေါ်ရှိ စာအုပ်များအား
လွယ်အိတ်ထဲ ထည့်လိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည်
စစ် ဧ။် လွယ်အိတ် ဇစ်အား ဖွင့်မည်အပြုတွင်
စစ် သည် မင်းဘုန်းမြတ်ပိုင် ဧ။် လက်အား
ရိုက်ချလိုက်သည် ။
"မောင် က ဒီရောက်နေတာကို ခ က
မုန့်ဈေးတန်းမှာ ရှာတာမတွေ့..တွေ့"
မုန့်ဘူးများ ပိုက်၍ ပြောပြောဆိုဆို နှင့် ဝင်လာသော
မိုးခနေစဉ် သည် သူ့အား မကြည်သလို
လက်ပိုက်ကြည့်နေသော စစ် အား တွေ့သည့်အခါ
စကားပင် ထစ် သွားသည် ။ ထိုနောက်
မင်းဘုန်းမြတ်ပိုင် အား ဘီစကွတ်ဘူး တစ်ဘူး
ကမ်းပေးလိုက်သည် ။ စစ် သည် မိုးခနေစဉ် ဧ။်
အရှေ့တွင် ပိတ်ရပ်လိုက်သောအခါ မိုးခနေစဉ် သည်
လက်ထဲမှ မုန့်ဘူးအား ငုံ့ကြည့်၍..
"မုန့်လိုချင်လို့လား..အားနာလိုက်တာ ငါက
သူ စားလောက်တာတွေ အကုန်လိုက်ဝယ်နေလို့
ထမင်းလိပ် ဘူးက ကျန်ခဲ့တယ်...မောင်
ခ ဝယ်လာတာ အဆင်ပြေ.."
"မိုးခနေစဉ် တဆိတ်လောက်.."
မိုးခနေစဉ် ဧ။် စကားမဆုံးသေးမီ စစ် က
ဖြတ်ပြောလိုက်သဖြင့် မင်းဘုန်းမြတ်ပိုင် သည်
စစ် အား မကျေနပ် သကဲ့သို့ ကြည့်လာသည် ။
မိုးခနေစဉ် သည် စစ် ဘက်သို့ လှည့်၍..
"ပြောလေ.. လက်ျာ.."
"ဟိုကားထဲကလိုမျိုး ပြောရရင်
ငါ ရွှေလည်း မလိုချင်ဘူး ၊ ငွေလည်း မလိုချင်ဘူး
မုန့်လည်း မစားချင်ဘူး.. ။ ငါ တစ်ခုပဲ တောင်းဆိုချင်တယ်
လူရှေ့သူရှေ့မှာ မင်းဘုန်းမြတ်ပိုင် ကို မောင် လို့
မခေါ်ပါနဲ့.. ကိုယ့်ကိုကိုယ်လည်း ခ လို့ မသုံးပါနဲ့..
မင်းတို့ နှစ်ယောက် တည်း ရှိနေတဲ့အချိန်ဆိုရင်တော့
တစ်မျိုးပေါ့..အခုဟာက.."
စစ် ဧ။် ခြေဟန်လက်ဟန် ဖြင့် ပြောနေသော
စကားမဆုံးသေးခင် မင်းဘုန်းမြတ်ပိုင် သည်
လေသံမာမာဖြင့် ဝင် ဟန့် သည် ။
''မင်းက ဘာမို့လို့ သူများ rs ကို ဝင်စွက်ဖက်ချင်နေတာလဲ.."
"ငါ ဘာကောင်မှ မဟုတ်ပါဘူး... မင်းတို့တွေက
ဒီလို ro ပြနေတော့ ငါ့ အချစ်ဟောင်း ကို
သတိနေရလို့..ငါ ဘယ်လောက်ထိ ခံစားရမှန်း
မင်း သိ..."
"မသိဘူး...သိလည်း မသိချင်ဘူး "
မိုးခနေစဉ် သည် စစ် နှင့် မင်းဘုန်းမြတ်ပိုင် တို့ဧ။်
ကြားထဲတွင် ဝင် ရပ်၍ မင်းဘုန်းမြတ်ပိုင် ဘက်သို့
လှည့်ကာ နူးညံ့သော လေသံဖြင့်
"ထားလိုက်ပါ မောင်ရယ်..ခ တို့ သူပြောသလို
လုပ်ပေးတာပဲ ကောင်းပါတယ်...ဆရာမတွေ
ပြန် သိသွားရင်လည်း မကောင်းဘူးလေ..နော် မောင်.."
"မောင် တို့က ဘာလုပ်နေလို့ ပြန်သိရမှာလဲ..
အတန်းချိန်တွေ မှာ မောင်တို့ ဘယ်လိုနေလဲ ခ
လည်း သိတာပဲ.. ဆရာမတွေ ပြန် သိအောင်
စစ်လက်ျာ မလုပ်ရဲပါဘူး.. သူလည်း
ကိုယ်ချင်းစာ တတ်မှာပါ.."
"မင်းဘုန်းမြတ်ပိုင်! မိုးခနေစဉ်!. .မင်းတို့
ငါ့စကားကို အဖက်မလုပ်ကြဘူးပေါ့..ကြိုက်တာလုပ်ကြဟေ့
ဆရာမနဲ့လည်း မတိုင်ဘူး..ငါလည်း
အဲ့လောက် မအားနေဘူး.."
စစ် သည် မင်းဘုန်းမြတ်ပိုင် နှင့် မိုးခနေစဉ် အား
ဒေါကြီးမောကြီး နှင့် ပြော၍ အတန်းပြင်သို့
ထွက်သွားသည် ။ အတန်းတွင်း၌ စကားပြောနေသော
မိန်းကလေး အချို့သည် စစ် အား ကြည့်၍
တီးတိုးပြောဆို နေကြသည် ။
အရပ်ရှည်ရှည် နှင့် ကောင်မလေး သည် မိုးခနေစဉ် အား
မျက်ထောင့်နီကြီးနှင့် ကြည့်၍..
"သူတို့က ဘာဖြစ်ချင်နေတာလဲ..မိုးခနေစဉ် ကလည်း
စိတ်ထား​ကောင်းသလို နဲ့ official စနှိုက်ကြော်သွားတယ်.."
"နင်ကလည်း မင်းဘုန်း နဲ့ လက်ျာ က ဘာဆို
ို မဘာရသေးဘူး.. မင်းဘုန်း ကလည်း single
မိုးခ ကလည်း single.. single ချင်း rsချိတ်တာ
အပြစ်လား..စဉ်းစားကြည့်ရင် ငါတို့ကပဲ
အတင်း ship နေတာမလား
ထိုအခါ အရပ်ရှည်ရှည်ဖြင့် မိန်းကလေး သည်
ခေါင်းတွင်တွင်ယမ်းကာ မာန်ပါပါဖြင့်..
"အမလေး ငါဆို ၆တန်းနှစ် အလယ်တည်းက ship
လာတာ..ဖူဂျီရှီသက်တမ်းရင့်နေပါပြီ..
စနှိုက်ကြော်မှန်း အသိသာကြီး..ဟို စောက်ကျင့်
ယုတ်တဲ့ မင်းဘုန်းမြတ်ပိုင် ကလည်း
မိုးခနေစဉ် နဲ့ ချစ်သူဖြစ်စတုန်းကလေ
ဂျူလိုင်လလား..သြဂုတ်လ က လားမသိဘူး
လက်ျာကို ပြောလိုက်တာ ရစရာကိုမရှိဘူး​.."
"နင်ကလည်း ဟယ်..သူများကိုလွန်လွန်ကြူးကြူး.."
ဆံပင်ရှည်ရှည် ဖြင့် မိန်ကလေး သည် အရပ်ရှည်ရှည်နှင့်
မိန်းကလေး ဧ။် လက်အား ရိုက်ချလိုက်သည် ။
ထိုအခါ အရပ်ရှည်ရှည်ဖြင့် မိန်းကလေး သည်
သူမ ဧ။် တင်းထားသော မျက်နှာအား လျော့ချ၍..
"အေးပါဟယ်..ငါတို့က ဘေးကပဲပြောရုံကလွဲလို့
ဘာတတ်နိုင်မှာလဲ..သူတို့ဇတ်သူတို့ နိုင်အောင်
က နိုင်မှာပါ.."
Diana _Lin
To Be Continube
Continue Reading
You'll Also Like
610K 2.3K 63
lesbian oneshots !! includes smut and fluff, chapters near the beginning are AWFUL. enjoy!
580K 51.8K 34
𝙏𝙪𝙣𝙚 𝙠𝙮𝙖 𝙠𝙖𝙧 𝙙𝙖𝙡𝙖 , 𝙈𝙖𝙧 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙢𝙞𝙩 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙃𝙤 𝙜𝙖𝙮𝙞 𝙢𝙖𝙞...... ♡ 𝙏𝙀𝙍𝙄 𝘿𝙀𝙀𝙒𝘼𝙉𝙄 ♡ Shashwat Rajva...
2.4K 116 6
Jax Samuals has hard life, joining a new high school on top of that should be the worst, but he meets someone who makes it a whole lot better. -- May...
118K 4.9K 198
This story follows the early life of James also known by his street name Headshot or Shooter. James had an extremely rough childhood, one that turned...