ကမ္းမဲ့လက္//ကမ်းမဲ့လက်(Comple...

By YOonKOok-Layer

12.6K 1.6K 627

မင္းအတြက္ လက္တစ္စံုကို ကမ္းလင့္ႀကိဳမယ္~ ျမဲျမံေအာင္ ဆုပ္ကိုင္ထားေပးဖို႔ေတာ့ မေမ့ပါနဲ႔~ OTP-YOONKOOK TOP-JEON... More

Prologue
I
II
III
IV
V
VI
VII
VIII
IX
X
XI
XII
XIII
XIV
XV

Epilogue

1K 107 95
By YOonKOok-Layer

ZAWGYI

ကိုယ္ရံေတာ္ေလးေၾကာင့္ အ႐ွင္အမ်က္ထြက္ခဲ့ဖူးတာ တစ္ခါတည္း...အမုန္းဆံုး ရန္သူရဲ႕သမီးနဲ႔ ခ်ိန္းေတြ႔ေနပါတယ္ဆိုလို႔ အရွင္က အမ်က္အႀကီးႀကီး ထြက္ျပခဲ့တာ...

သုိ႔ေပမဲ့...အ႐ွင့္သဝန္တိုစိတ္ကေလးက ဘယ္ေလာက္ထိျပင္းလဲဆို... ေဘးခ်င္းကပ္ၿပီး အျပစ္သားႏွစ္ဦးကို ရင္ျပင္ေပၚ ခ်လိုက္မိလို႔ ထိုမႉးမတ္ကို ေသဒဏ္ေပးၿပီး ပလႅင္ေပၚက ဆင္းလာကာပင္ ကိုယ္တိုင္ဆြဲခြာပစ္ခဲ့သည္အထိ မဟုတ္လား...

သဝန္တိုတာ ခ်စ္လို႔ပါ...ခ်စ္လြန္းလို႔ သဝန္တိုမိသြားတာ...ျပသနာေတြ ျဖစ္ေစဖို႔ မဟုတ္ပဲ...ဒီကိုယ္ရံေတာ္ေလးကို သိပ္ခ်စ္လို႔ သဝန္ေတြ တိုျပခဲ့တာ...အ႐ွင္ကေလ...ပံုစံေတြသာ ဘဝကူးလို႔ ေျပာင္းလဲသြားမယ္...အဲ့ဒီသဝန္တိုတတ္တဲ့ ညင္ေလးကေတာ့ အခုထိ ကပ္ပါလာတုန္း...

''အကိုေနာ္...႐ႈပ္႐ႈပ္ယွက္ယွက္ေတြ...အႏုပညာေလာကထဲက ထြက္ၿပီးၿပီပဲဟာ...ျပန္ေတြ႔ၾကမယ္ဆိုတာကို နားလည္တယ္...ဖက္လိုက္နမ္းလိုက္ေတာ့ မလုပ္သင့္ဘူးေလ...''

ပြစိပြစိ အသံငယ္က မိုးမခပင္ေလးေအာက္မွာ...ဆူဆူပူပူ ေျပာေနရာက ႏႈတ္ခမ္းေလးခြၽန္ၿပီး ေစာင့္ေအာင့္ေနပံုဟာ ၾကည့္ေနသူအား အသည္းယားေစလြန္းပါသည္...

''ဘာလို႔ ျပံဳး ျပံဳး ႀကီး ၾကည့္ေနတာလဲ!...အင့္!...''

အူတိုရံုတင္မဟုတ္...သူေျပာေနသမွ်ကို ေဘးနားကေန ျပံဳးျပံဳးႀကီးလုပ္ၿပီး ၾကည့္ေနတာေၾကာင့္ အူပါေပါက္ကာ သြယ္လ်လ် လက္ေလးေတြနဲ႔ သက္ဆိုင္သူျကီး ရင္ဘတ္ကို ထု႐ိုက္ေလသူသည္ တစ္ေယာက္တည္း မေက်မနပ္ေတြ ျဖစ္ေန႐ွာ၏...

''ေတာ္ၿပီ...နာတယ္ေလကြာ...''

စိတ္ႀကိဳက္ထု႐ိုက္ခြင့္ေပးထားၿပီး ခနအၾကာ...လက္ေလးေတြကို ဖမ္းဆြဲၿပီး သက္ဆိုင္သူႀကီးက မ်က္ေမွာင္ၾကဳတ္ေျပာေတာ့ မ်က္ရည္ေတြ အိခနဲဝိုင္းေသာ ေကာင္ေလးသည္...ႏႈတ္ခမ္းေလး ဆူထားဆဲ...

''ေဟာ္ဗ်ာ...မ႐ိုက္ရလို႔လား...လုပ္လုပ္...ဒါဆိုလဲဆက္႐ိုက္...''

ခ်ဳပ္ထားတာကို လႊတ္ေပးလို႔ ရင္ဘတ္ကိုပင္ ပို႐ိုက္ေကာင္းေအာင္ ဖြင့္ဟေပးေလသူသည္ အစဥ္အဆက္ ဒီအ႐ွင္မ်က္ႏွာငယ္ရင္ကို မေနႏိုင္တဲ့ ခ်စ္တတ္သူႀကီးေပမို႔ လက္႐ွိဘဝတြင္လည္း ေကာင္ေလးဘာလုပ္လုပ္ အရာရာ ငယ့္သေဘာ ငယ့္သေဘာနဲ႔...

''႐ိုက္ခ်င္လို႔မဟုတ္ပါဘူးေနာ္...အကိုနာသြားလို႔ ဝမ္းနည္းသြားတာပါ...ငယ့္ေၾကာင့္...''

ရင္အုပ္က်ယ္က်ယ္ကို လက္နဲ႔ဖိပြတ္ေပးကာ ေကာင္ငယ္ေလးက ခြၽဲေလေတာ့ ထိရသူႀကီးမွာ ဘယ္လိုမွ မေနႏိုင္...ကိုယ္လံုးေသးေသးေသးေလးကို ေပါင္ေပၚသို႔ ဆြဲေပြ႔ကာပင္ ပါးျပင္ေဖြးေဖြးအား တရႊတ္ရႊတ္နဲ႔ နမ္းေတာ့သည္...

''အြန္း...ေတာ္ၿပီ...ပါးေတာင့္ေတာ့မယ္...''

ခပ္နာနာ အနမ္းခံလိုက္ရတဲ့ပါးကို လက္ေလးနဲ႔ပြတ္ၿပီး ေျပာေပမဲ့ ကဲလြန္းသူႀကီးက ထပ္ဆင့္ကိုက္ခ်လာတာမို႔ ေပါင္ေပၚမွ ေကာင္ေလးက အားနဲ႔ကို ေအာ္ေတာ့သည္...

''အကို!!!!"

''ခ်စ္စရာေလးကြာ...''

''အားးး!!! ဖယ္ဆို!!!! ''

ေလတရိပ္ရိပ္တိုက္ေနတဲ့ မိုးမခပင္ႀကီးေအာက္ဝယ္ ျမက္ခင္းျပင္ေပၚ ဆြဲလွဲခံလိုက္ရသည့္ ေကာင္ေလး၏အေပၚ၌ သက္ဆိုင္သူႀကီးက အုပ္မိုးလို႔ တ႐ွံု႔႐ွံု႔ နမ္း႐ႈိက္ေနခဲ့သည္ကိုေတာ့ ျမင္ေနလည္း အားလံုးမျမင္ခ်င္ေယာင္ ေဆာင္ေပးၾကေပါ့...အဆိုေတာ္ေလးရဲ႕ငယ္က သိပ္႐ွက္တတ္႐ွာသည္ မဟုတ္လားေလ...

- Offered

Hand -

က်ိန္စာတိုက္သူရဲ႕ ​ေျမပံုေ႐ွ႕သို႔ ႏွစ္ဦးသားေရာက္ေနသည္...႐ုတ္တရက္ ႏွလံုးေဖာက္ၿပီး ေသသြားခဲ့သည္သာ သိထားေသာ ေကာင္ငယ္ေလးသည္ YuHar႐ွိရာ ေျမပံုသို႔ အားရင္အားသလုိလာၿပီး အျမဲဦးခိုက္တတ္၏...တမလြန္က YuHarကို ျမင္ေစခ်င္သည္...သူမသိပ္မုန္းတဲ့ အ႐ွင္က သူမေ႐ွ႕ကို အျမဲလာဦးခိုက္ေနခဲ့တယ္ဆိုတာ Jeonျမင္ေစခ်င္ပါသည္...

''အကို...ေမေမနဲ႔ေဖေဖကေလ...ေနာက္လဆိုရင္ ငယ္နဲ႔ပဲအတူလာေနေပးေတာ့မွာတဲ့...ဟိဟိ...ေပ်ာ္စရာႀကီး...''

ရယ္သြမ္းမႈေၾကာင့္ ေပၚလာတဲ့ သြားေသးေသးေလးေတြက စီစီရီရီ...ထိုအျပံဳးေတြကို ျမင္ရတိုင္း Jeonရင္ေတြခုန္ရခဲ့သည္မွာ Fansign၌ စေတြ႔ကတည္းက...မဟုတ္...ဟိုးႏွစ္ေပါင္းမ်ားစြာ ၾကာခဲ့စဥ္ကတည္းကပါေလ...

''ကိုုယ့္ကိုပလစ္ရင္ေနာ္...အိမ္အထိလိုက္လာၿပီး ခိုးေျပးပစ္မွာ...''

''ဟာ...ငယ္က ဘာလို႔ ပလစ္ရမွာလဲ...''

ႏႈတ္ခမ္းေထာ္ကာ ေကာင္ငယ္ေလးက ေပေစာင္းေစာင္း ၾကည့္တဲ့အခါ Jeonအသည္းယားရတာ မေျပာပါနဲ႔...စာေတြစီခ်ေရးရင္ေတာင္ ကုန္မွာမဟုတ္ဘူး...ဒီေကာင္ေလး အလွအပေတြက နည္းနည္းေနာေနာမဟုတ္...

''ငယ္ေညာင္းၿပီ...''

သုသာန္ထဲ လမ္းအတူတူေလွ်ာက္ၿပီး ကား႐ွိရာဆီ သြားေနတုန္း...ေအာက္သို႔ခပ္ေစာင့္ေစာင့္ ထိုင္ခ်ရင္း ေျပာေလသည့္ ေကာင္ေလးေၾကာင့္ ေ႐ွ႕ေရာက္ၿပီးသား ေျခလွမ္းေတြကိုရပ္လို႔ ေနာက္သို႔ျပန္လွည့္ၾကည့္လိုက္သည္...လက္ေလးႏွစ္ဖက္ ဆန္႔ေပးလာတဲ့ ထိုေကာင္ေလးသည္ ခ်စ္ဖို႔ေကာင္းေအာင္ ရယ္ျပေန၏...

အနားသြားၿပီး ဆြဲေပြ႔လိုက္ေတာ့ တခစ္ခစ္ရယ္သံေတြနဲ႔ ျပဳစားျပန္သည္...ခ်စ္သူေတြျဖစ္ၿပီးေနာက္ပိုင္း သူ႔အေပၚ အခြၽဲတစ္သိန္းနဲ႔ ဗိုလ္က်လာတဲ့ ဒီအဆိုးေလးကို ခ်စ္လို႔လည္း မဝႏိုင္ပါ...

''အကို႔ကိုခ်စ္တယ္...''

ရင္ခုန္သံေတြက ခပ္ျပင္းျပင္း...ခါးမွာခြထားတဲ့ ေျခေထာက္ေလးေတြက တင္းတင္းက်ပ္က်ပ္ပါပင္...ကိုယ္ေလးကို တစ္ခ်က္ေျမႇာက္ၿပီး ပင့္တင္ေတာ့ အင့္ခနဲ အသံေလးထြက္လာကာ သူ႔လည္တိုင္ကို အေစာကထက္တင္းေအာင္ လက္တို႔နဲ႔ တြယ္ကုပ္လာသည္...

''ကိုယ္ကလည္း အမ်ားႀကီး ခ်စ္တာေပါ့...''

နားဖ်ားေလးနား တိုးကပ္ကာ ႏႈတ္ခမ္းနဲ႔ခပ္ဖြဖြထိရင္း ျပန္ၿပီးအေျဖေပးေတာ့ လႈပ္ရြလာတဲ့ ကိုယ္ငယ္ေလးက သူ႔လက္ေပၚမွာ...

''အကို!!! နားကိုမထိနဲ႔ေလ...အသည္းယားတာႀကီး...''

''အဟားဟား...''

ေအာ္ဟစ္ကာပင္ ရယ္ေမာမိပါေတာ့သည္...သူရယ္လို႔ဆိုၿပီး ပခံုးထဲ နစ္ဝင္လာတဲ့ သြားေသးေသးေလးေတြသည္က စူးခနဲ...သူကေတာ့ ပိုလို႔ပင္ ရယ္သြမ္းေပးလိုက္မိ၏...ခ်စ္စရာေကာင္းလြန္းလို႔...အသည္းယားလြန္းလို႔ပါ ငယ္ရာ...

- Offered

Hand -

ကိုယ္ရံေတာ္တစ္ေယာက္ရဲ႕ တာဝန္ေတြသာမက ခ်စ္သူတစ္ေယာက္ရဲ႕ တာဝန္​ေတြပါ ေက်ခဲ့တဲ့ Jeonသည္ အ႐ွင္ဘာလုပ္လုပ္ ကြက္ခနဲဟူသည္ မ႐ွိခဲ့ဖူး...ပိုလို႔ပင္ခ်စ္သည္...ပိုလို႔ပင္အလိုလိုက္သည္...

အ႐ွင္ဆိုးေလးက ရင္ခြင္ထဲတိုး ခ်စ္စကားဆိုတိုင္း အရာရာပံုေအာေပးပစ္လိုက္သည့္ ကိုယ္ရံေတာ္ေလးမွာ ႀကီးႀကီးမားမား ျမင့္ျမင့္ျမတ္ျမတ္ ရာထူးဂုဏ္သိမ္ရယ္လို႔ မ႐ွိေပမဲ့ အခ်စ္တတ္ဆံုးေသာ ဘြဲ႔ခံကိုေတာ့ ရထားသည္ေလ...

ထိုအခ်စ္ေတြနဲ႔ ခ်ည္ေႏွာင္ထားရာႀကိဳးသည္ အလြန္ကို ခိုင္ျမဲခဲ့ပါ၏...လူေတြမေကာင္းဆိုးဝါးလို႔ လက္ညႇိဳးဝိုင္းထိုးၾကတဲ့ ေကာင္ေလးကို စေတြ႔ကတည္းက ဒီအဆိုေတာ္ေလးဟာ ယံုေပးခဲ့သည္...ဘယ္သူဘာေျပာေျပာ အနားမွာ အျမဲ႐ွိေနေပးခဲ့သည္...

ဒါက သူမခံရလို႔ပါဆိုၿပီး အထြန္႔တက္ႏိုင္ၾကေပမဲ့...ေ႐ွ႕ကိုျပန္ေထာက္ၾကည့္...အသက္ေသခါနီးတာေတာင္ ဓားတရမ္းရမ္းလုပ္ၿပီး အ႐ွင့္ကိုမထိရဘူး ႀကိမ္းျပခဲ့သည္က သက္ေသတည္လိမ့္မည္...သူနာက်င္ေနတာေတာင္ ပစ္ခြာမွ မသြားခဲ့တာဘဲ...

လက္႐ွိဘဝ၌ ဆံုး႐ွံုးခဲ့တာေတြကို ႐ွာၾကည့္မည္...စ၍ဆံုး႐ွံုးခဲ့သည္က ေကာင္ငယ္ေလးတို႔ ပိုင္နက္ထဲမွာ ေရနစ္ေသသြားခဲ့သည့္ ပရိသတ္တစ္ေယာက္ လက္ေဆာင္ေပးထားေသာ အျဖဴေရာင္ေခြးေလး Gumျဖစ္မည္...

ထိုစဥ္အခ်ိန္ကတည္းက ေဘးလူေတြ ေျပာစကား မမွားဘူးဆိုတာ အဆိုေတာ္ေကာင္ေလး သိခဲ့ေပမဲ့ Yoonဆိုတဲ့ ထိုေကာင္ငယ္ေလးအနားက ႐ုန္းထြက္သြားဖို႔ မႀကိဳးစားခဲ့...ခြန္အားေတြေပးခဲ့တဲ့အျပင္ ခ်စ္စကားေတြ ဖြင့္ဟဝန္ခံပစ္ခဲ့တဲ့အထိပင္ ရဲတင္းျပခဲ့သည္ မဟုတ္ပါလား...

အေၾကာင္းအရင္းေတြ ႐ွိသည္...လူေတြနားမလည္ႏိုင္ေသာ တခ်ိဳ႕အေၾကာင္းအရာေတြ႐ွိသည္...မိဘေတြကအစ ေကာင္ငယ္ေလးအနားကပ္လွ်င္ ဒုကၡေတြ ေတြ႔ၾကတတ္သည္ဟုဆိုသည္...သို႔ေသာ္...အဆိုေတာ္ေလးကေတာ့မတူ...

မတူေအာင္ တမူထူးေနသည့္အေၾကာင္းကို လိုက္လံ႐ွာေဖြၾကည့္ပါလွ်င္ အဆိုေတာ္ေကာင္ေလးနဲ႔ အပယ္ခံေကာင္ေလးတို႔ၾကားမွ အခ်စ္ႀကိဳးထံုးေလးဟာ တရားခံ သူပါလို႔ ထြက္ဆိုျပေပးလာလိမ့္မည္...

အဓိကသည္ေတာ့ သူတို႔ႏွစ္ဦးၾကားက ေလးနက္တဲ့ ခ်စ္ျခင္းတရားေတြပါပဲ...

''အကို...ေမေမတို႔ျပန္လာလို႔...ငယ္နဲ႔အတူေနရင္...အရင္လို တစ္ခုခုုျဖစ္သြားမွာကိုစိုးတယ္...ငယ္က..ငယ္ကတကယ္ မေကာင္း...''

''မပူပါနဲ႔...ကိုယ္ရွိေနတာပဲ...ကိုယ္က ငယ့္အနားမွာ အျမဲ႐ွိေနတာေလ...ကိုယ္နဲ႔အတူ ႐ွိေနရင္ တျခားေဘးလူေတြလည္း ဒုကၡမေရာက္ႏိုင္ဘူးလို႔ ဟာရီနာက ေျပာထားတယ္မဟုတ္လား...''

''လုပ္ျပန္ၿပီ...ေ႐ွ႕ကဆရာမ ထည့္ေခၚပါဆို...အကိုက လံုးဝမေလးမစားနဲ႔...''

''ဟာရီနာပဲ ႏႈတ္က်ိဳးေနၿပီ...''

''အကို!..."

''အား...မကိုက္နဲ႔ေလ ေခြးေပါက္ေလးရ...''

အခ်စ္ေတြသည္ ထံုထံုမႊန္းမႊန္း...ေန႔ရက္ဟူသည္တိုင္းကို တစ္ေယာက္ကိုတစ္ေယာက္ က်ီစယ္ရင္း ႐ိုး႐ိုး႐ွင္း႐ွင္းသာ ခ်စ္သူႏွစ္ဦးဟာ ျဖတ္သန္းၾကသည္...

တစ္ရက္တြင္...Yoongiရဲ႕ ေမြးေန႔ကို ေရာက္႐ွိလာခဲ့သည္...လူမ်ားမ်ားစားစားမ႐ွိဘဲ...Jiminနဲ႔ Namjoonသာ အပိုလူ႐ွိကာ သူတို႔အိမ္မွာ ကိတ္ခြဲျဖစ္ၾကပါေလရဲ႕...

''ကိတ္မုန္႔ေလးက ခ်စ္စရာေလး...ခစ္ခစ္~~ ''

ေပ်ာ္ရႊင္ေနေသာ လူသားငယ္သည္ ကိတ္မုန္႔ေလးကိုၾကည့္ရင္း ရယ္ျပံဳးေနသည္မွာ ခနခန...Jeonဟာလည္း သူ၏ခ်စ္သူေလး ငယ့္ကိုၾကည့္လို႔ ထပ္တူျပံဳးရယ္မိ႐ွာေလ၏...

''ကိတ္ခြဲမယ္ေလ...ျမန္ျမန္...''

ထိုစဥ္ Namjoonက ဦးေဆာင္ကာ ကိတ္ခြဲဖို႔ လုပ္ခိုင္းၿပီမို႔ ေဘးပတ္ပတ္လည္မွာ ေလးေယာက္သား ဝိုင္းလိုက္ရင္း Birthday Songဆိုျပီး ကိတ္ခြဲဖို႔ ျပင္ၾကသည္...

'' အာ~ ''

'' အာ ~ ''

''ေဟ့ေရာင္...ဟိုက သူ႔ခ်စ္သူကို ခြံ႔တာေလ...''

ကိတ္ခြဲၿပီးတာနဲ႔ ေကာင္ေလးက မိမိသက္ဆိုင္သူႀကီးကို ခြံ႔ေကြၽးသည္အား Namjoonကဝင္၍ စားဖို႔ျပင္တာမို႔ Jiminဟာ ဝင္ဆြဲသည္...ရယ္သံေတြက ဝန္းရံသြားသည္...လူနည္းနည္းေလးေပမဲ့ ေပ်ာ္စရာေတြေတာ့ အမ်ားႀကီး ႐ွိခဲ့ပါ၏...

''အ့...ဘာႀကီးလဲ...''

သက္ဆိုင္သူႀကီး ျပန္ခြံ႔ေကြၽးတဲ့ ကိတ္မုန္႔ကို စားရင္းက ခပ္မာမာအရာတစ္ခုကို ဝါးစားမိသြားတာမို႔ ေကာင္ငယ္ေလးဟာ အလန္႔တၾကား ေထြးထုတ္သည္...ထြက္က်လာေသာ ခရင္မ္ေတြၾကားထဲမွ ပလက္တီနမ္ လက္စြပ္ေလးက အေရာင္တလက္လက္...

Jeonကိုယ္တိုင္လည္း ေၾကာင္ေနေပမဲ့ Jiminေဘးမွ Namjoonက မ်က္လံုးေတြမွိတ္ၿပီး အတင္းကာေရာ အရိပ္အႁမြက္ေတြ ျပေနတာမို႔ ေခ်ာ္လဲေရာထိုင္လုပ္ဖုိ႔ရာ Jeonဟာျပင္ေလသည္...

ထိုလက္စြပ္ေလးကိုယူၿပီး ေကာင္ငယ္ေလးေ႐ွ႕ ဒူးေထာက္ခ်ကာ ေခ်ာင္းေတြဘာေတြဟန္႔လို႔ ဟန္ကိုျပင္ေတာ့ ေကာင္ငယ္ေလးရဲ႕ နားမလည္တဲ့ မ်က္ဝန္းေသးေလးေတြက ကလယ္ကလယ္...

''ကိုယ့္ကို...လက္ထပ္ပါ ငယ္...''

ဘုတ္...

လက္ထဲက ကိတ္မုန္႔အပိုင္းအစေလးတစ္ခုဟာ ေအာက္သို႔ျပဳတ္က်ကုန္သည္...ႏႈတ္ခမ္းေလးဟသြားတဲ့ ေကာင္ငယ္ေလးက မ်က္ရည္ေတြပါ ဝိုင္းလာ၏...ဒူးေထာက္ထားေသာ သက္ဆိုင္သူႀကီးသည္ ဤသို႔RoပံုRoနည္းေတြကို လုပ္ဖို႔ရာမေတြးမိခဲ့ေပမဲ့ အကိုျဖစ္သူ သူငယ္ခ်င္းရဲ႕ ေျမႇာက္ေပးမႈေၾကာင့္ လုပ္ျဖစ္သြားခဲ့ေလၿပီ...

မ်က္ရည္ေတြ စီးက်လာေသာ ေကာင္ငယ္ေလးသည္ သူပါဒူးေထာက္လ်က္ ဝင္ထိုင္ရင္း သက္ဆိုင္သူႀကီးကို ဆြဲဖက္ကာ သည္းသည္းသန္သန္ ငိုပါေလေတာ့၏...

Jiminသည္ အျပံဳးေတြႏွင့္...Namjoonသည္လည္း ပါးခ်ိဳင့္တို႔ထင္းေအာင္အထိ ျပံဳးေနရင္း...သက္ဆိုင္သူႀကီးသည္ေတာ့ သူ၏ငယ္ခါးေလးကို ျပန္ဖက္ကာ ရင္ခြင္ထဲ ေရာက္ေစလို႔ အေပ်ာ္ေတြကို ေဝမွ်ေန႐ွာပါေလသည္...

- Offered

Hand -

ဟိုေလးတေၾကာ္ေၾကာ္ ပ်ံ့ႏွံ႔သြားသည့္ သတင္းေတြအရ သိပ္မၾကာခင္မွာ အဆိုေတာ္အျဖစ္က အနားယူသြားတဲ့ Jeon JeongGukနဲ႔ သူ၏ခ်စ္သူ Min Yoongiတို႔ဟာ လက္ထပ္ၾကေတာ့မည္...

ၾကားရသူေတြသည္ ႏွာေခါင္းတ႐ွံု႔႐ွံု႔...ေယာက်ာ္းေလးခ်င္းအတြဲ...Min Yoongiက ကေဝဆို...စတဲ့ ေဝဖန္မႈေတြၾကားထဲမွာ ေကာင္ငယ္ေလးနဲ႔ အဆိုေတာ္ေလးဟာေတာ့ အျပံဳးမပ်က္ခဲ့ပါဘူး...

မာေၾကာတဲ့အ႐ွင္နဲ႔ အ႐ွင့္ကိုသာၾကည့္တဲ့ ကိုယ္ရံေတာ္ေလးလိုေပါ့...အ႐ွင္က အေရးေပးလို႔ လူတကာမနာလိုခံရလည္း ကိုယ္ရံေတာ္ေလးက မည္သူ႔ကိုမွ ေခါင္းထဲမထည့္ပဲ ဒီအ႐ွင္ဒီသခင္ကို ရင္ခြင္ထဲထည့္ထားျပခဲ့တာ မဟုတ္လား...

အ႐ွင္သည္လည္း ဘာထူး...ကိုယ္ရံေတာ္ေလးကို အာဏာနဲ႔ ခ်ဳပ္ထားတယ္ဆိုၿပီး လူေတြဝိုင္းေျပာေနပါေစ...ကိုယ္ရံေတာ္ေလးကို လူေ႐ွ႕သူ႔ေ႐ွ႕လည္းမေ႐ွာင္ ခ်စ္ျပပစ္ခဲ့တာပဲ...အရြဲ႔တိုက္ခဲ့ၾကတာ မဟုတ္ဘူး...ကိုယ့္အခ်စ္​ေတြကို လြတ္လြတ္လပ္လပ္ ေဖာ္ထုတ္ျပခဲ့ၾကရံုပါ...

''ရင္ေတြခုန္လိုက္တာ ေဖေဖ...''

အေဖျဖစ္သူရဲ႕လက္ကို ခ်ိတ္ထားရင္းက ေကာင္ငယ္ေလးဟာ တိုးတိုးေလးေျပာသည္...ေဖေဖကျပံဳးရင္း အားေပးစကားေျပာေတာ့ အသာရယ္ျပသူေလးက ေဖေဖ့ပါးကိုပင္ အနမ္းေႁခြလိုက္ပါေသး၏...

''သတို႔သားေလး ဝင္ရေတာ့မယ္...Fighting...''

ေႏြးေႏြးေထြးေထြးပါပဲ...ခ်ိတ္ထားတဲ့ ေကာင္ေလးလက္အေပၚ ေဖေဖ့ရဲ႕ ပိုေနတဲ့ လက္တစ္ဖက္က အုပ္ကိုင္ေပးလို႔ ခန္းမထဲကို ပို႔ေဆာင္ေပးေတာ့ ေကာင္ေလးရဲ႕ ေပ်ာ္ရႊင္ျခင္း မ်က္ရည္ေတြက အလိမ့္လိမ့္က်ရပါေလရဲ႕...

''လာ ငယ္...''

လက္ေလးတစ္ဖက္ကိုကမ္းလို႔ Jeonဟာ ေခၚပါေလသည္...ထိုလက္ကေလးကို ေငးၾကည့္ရင္း Jeon'sငယ္က ျပံဳးသည္...Jeonကိုၾကည့္လိုက္...Jeonရဲ႕လက္ကေလးကို ၾကည့္လိုက္နဲ႔...တစ္ေယာက္တည္း ဗ်ာမ်ားေန႐ွာ၏...

''လာေလ ငယ္...ကိုယ့္လက္ကို ျပန္ဆုပ္ကိုင္လိုက္ပါ...''

Jeonကေနာက္ထပ္ေခၚေတာ့ Jeon'sငယ္က ေခါင္းၿငိမ့္ျပသည္...Jeonကမ္းထားတဲ့ လက္ေလးထဲ နစ္ျမဳပ္လာတဲ့ လက္ဖဝါးျပင္အေသးေလးေၾကာင့္ သူတို႔ႏွစ္ဦးရဲ႕ အေနအထားေလးဟာ လိုက္လိုက္ဖက္ဖက္...သစၥာေတြ တိုင္တည္ၾကသည္...ကတိေတြ ျပဳၾကၿပီး လက္စြပ္ခ်င္းလည္း လဲၾကသည္...အနမ္းဖလွယ္ဖို႔ ေရာက္လာခ်ိန္မွာ ရင္ခုန္သံေတြဟာ အုန္းအုန္းႂကြက္ႂကြက္ျဖစ္ရ၏...

ခါးသိမ္သိမ္ေလးကို ဆြဲဖက္ေတာ့ ရင္ခြင္ထဲ တစ္ခါတည္း ပါလာသည္မ်ား လံုးခနဲပါပဲ...Jeonဟာ ျပံဳးသည္...႐ွက္ျပံဳးေလးေတြနဲ႔ ေကာင္ငယ္ေလးရဲ႕ ႏႈတ္ခမ္းႏုႏုထက္ ဖိကပ္ေတာ့ ေဟးခနဲ ၾကားလိုက္ရတဲ့ ေအာင္ပြဲခံသံေတြနဲ႔ ေအာ္သံေတြက ခ်စ္ျခင္းအားမာန္ေတြကို ပိုတိုးေစလ်က္...

ကိုယ္ရံေတာ္ေလးနဲ႔အ႐ွင္က အတိတ္ဘဝမွာ ကံအေၾကာင္းမလွလို႔ မေပါင္းဖက္ခဲ့ရေပမဲ့ ယခုျပန္ဆံုၾကသည့္ လက္ရွိဘဝမွ အဆိုေတာ္ေကာင္ေလးနဲ႔ အပယ္ခံဆိုသူေလးဟာေတာ့ တစ္ေယာက္လက္ကို တစ္ေယာက္ျမဲျမဲ ဆုပ္ကိုင္ကာပင္ အခ်စ္အိမ္ေထာင္ေလးတစ္ခုကို ထူႏိုင္ခဲ့ပါေပၿပီ...

THE END______________________________

အဆံုးထိဖတ္ေပးသူ တစ္ဦးတစ္ေယာက္ခ်င္းစီအား ေက်းဇူးအထူးတင္႐ွိပါတယ္...အမေလး...ၾကန္႔ၾကာခဲ့တဲ့ တာဝန္ႀကီး ေလ်ာ့သြားမွ အမေလးတႏိုင္ပါေတာ့တယ္...ကိုယ္ဒါၿပီးရင္ Wallထဲမွာ အသစ္တင္မယ္ဆိုတာေလ...အရင္တစ္ခါကလည္း ေျပာထားတယ္ မွတ္မိလား...ATTRACTIONကို Unၿပီး အဲ့ဒီTitleနဲ႔ပဲ အသစ္ျပန္လာမွာ...ဒါေပမဲ့ Ficကေတာ့ လံုးဝပံုစံေျပာင္းသြားမွာပါ...Roleကေတာ့ Bottom Giပဲ ေရးမွာရယ္...နည္းနည္းေလးေတာ့ ေစာင့္ေနာ္...ဘာလို႔လဲဆိုတာက Ficထြက္လာရင္ သိလိမ့္မယ္...ရက္ပိုင္းပါပဲ...သိပ္မၾကာခင္ လာမွာပါ...Replyေတြကလဲေလ...ၿပီးမွစုျပန္ေပးမွာပါေနာ္...ကဲ...စကားေတြအမ်ားႀကီး မေျပာေတာ့ဘူး...

Yoonkookကို ႐ူးသြပ္တာထက္႐ူးသြပ္တဲ့ Yoonkookerတစ္ေယာက္...ဒါေပမဲ့ အခုထိ Yoonkook Ficေတြကို ေကာင္းေကာင္းမြန္မြန္ မဖန္တီးႏိုင္ေသးပါဘူး😔✌...Authornimေတြရဲ႕ Ficေတြကို ဖတ္ၿပီးရင္ ကိုယ္Ficေရးခ်င္စိတ္ေတြ တကယ္ကုန္ရတာပါ...ကိုယ့္Ficေတြကို ဖတ္ၾကတယ္ဆုိတာကလည္း အေရးအသားေကာင္းလို႔ မဟုတ္ဘူးဆိုတာကို သိပါတယ္...ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္...ၿပီးေတာ့ ႏႈတ္ဆက္ပါတယ္...

အမ်ားႀကီးခ်စ္တယ္...💜

ကုိယ့္Ficေလးနဲ႔လိုက္မဲ့ ဒီfanartေလးကို ပို႔ေပးလို႔ ေက်းဇူးပါ Enaေရ...💗

Offered Hand_____________________________

UNICODE

ကိုယ်ရံတော်လေးကြောင့် အရှင်အမျက်ထွက်ခဲ့ဖူးတာ တစ်ခါတည်း...အမုန်းဆုံး ရန်သူရဲ့သမီးနဲ့ ချိန်းတွေ့နေပါတယ်ဆိုလို့ အရှင်က အမျက်အကြီးကြီး ထွက်ပြခဲ့တာ...

သို့ပေမဲ့...အရှင့်သဝန်တိုစိတ်ကလေးက ဘယ်လောက်ထိပြင်းလဲဆို... ဘေးချင်းကပ်ပြီး အပြစ်သားနှစ်ဦးကို ရင်ပြင်ပေါ် ချလိုက်မိလို့ ထိုမှူးမတ်ကို သေဒဏ်ပေးပြီး ပလ္လင်ပေါ်က ဆင်းလာကာပင် ကိုယ်တိုင်ဆွဲခွာပစ်ခဲ့သည်အထိ မဟုတ်လား...

သဝန်တိုတာ ချစ်လို့ပါ...ချစ်လွန်းလို့ သဝန်တိုမိသွားတာ...ပြသနာတွေ ဖြစ်စေဖို့ မဟုတ်ပဲ...ဒီကိုယ်ရံတော်လေးကို သိပ်ချစ်လို့ သဝန်တွေ တိုပြခဲ့တာ...အရှင်ကလေ...ပုံစံတွေသာ ဘဝကူးလို့ ပြောင်းလဲသွားမယ်...အဲ့ဒီသဝန်တိုတတ်တဲ့ ညင်လေးကတော့ အခုထိ ကပ်ပါလာတုန်း...

''အကိုနော်...ရှုပ်ရှုပ်ယှက်ယှက်တွေ...အနုပညာလောကထဲက ထွက်ပြီးပြီပဲဟာ...ပြန်တွေ့ကြမယ်ဆိုတာကို နားလည်တယ်...ဖက်လိုက်နမ်းလိုက်တော့ မလုပ်သင့်ဘူးလေ...''

ပွစိပွစိ အသံငယ်က မိုးမခပင်လေးအောက်မှာ...ဆူဆူပူပူ ပြောနေရာက နှုတ်ခမ်းလေးချွန်ပြီး စောင့်အောင့်နေပုံဟာ ကြည့်နေသူအား အသည်းယားစေလွန်းပါသည်...

''ဘာလို့ ပြုံး ပြုံး ကြီး ကြည့်နေတာလဲ!...အင့်!...''

အူတိုရုံတင်မဟုတ်...သူပြောနေသမျှကို ဘေးနားကနေ ပြုံးပြုံးကြီးလုပ်ပြီး ကြည့်နေတာကြောင့် အူပါပေါက်ကာ သွယ်လျလျ လက်လေးတွေနဲ့ သက်ဆိုင်သူကြီး ရင်ဘတ်ကို ထုရိုက်လေသူသည် တစ်ယောက်တည်း မကျေမနပ်တွေ ဖြစ်နေရှာ၏...

''တော်ပြီ...နာတယ်လေကွာ...''

စိတ်ကြိုက်ထုရိုက်ခွင့်ပေးထားပြီး ခနအကြာ...လက်လေးတွေကို ဖမ်းဆွဲပြီး သက်ဆိုင်သူကြီးက မျက်မှောင်ကြုတ်ပြောတော့ မျက်ရည်တွေ အိခနဲဝိုင်းသော ကောင်လေးသည်...နှုတ်ခမ်းလေး ဆူထားဆဲ...

''ဟော်ဗျာ...မရိုက်ရလို့လား...လုပ်လုပ်...ဒါဆိုလဲဆက်ရိုက်...''

ချုပ်ထားတာကို လွှတ်ပေးလို့ ရင်ဘတ်ကိုပင် ပိုရိုက်ကောင်းအောင် ဖွင့်ဟပေးလေသူသည် အစဉ်အဆက် ဒီအရှင်မျက်နှာငယ်ရင်ကို မနေနိုင်တဲ့ ချစ်တတ်သူကြီးပေမို့ လက်ရှိဘဝတွင်လည်း ကောင်လေးဘာလုပ်လုပ် အရာရာ ငယ့်သဘော ငယ့်သဘောနဲ့...

''ရိုက်ချင်လို့မဟုတ်ပါဘူးနော်...အကိုနာသွားလို့ ဝမ်းနည်းသွားတာပါ...ငယ့်ကြောင့်...''

ရင်အုပ်ကျယ်ကျယ်ကို လက်နဲ့ဖိပွတ်ပေးကာ ကောင်ငယ်လေးက ချွဲလေတော့ ထိရသူကြီးမှာ ဘယ်လိုမှ မနေနိုင်...ကိုယ်လုံးသေးသေးသေးလေးကို ပေါင်ပေါ်သို့ ဆွဲပွေ့ကာပင် ပါးပြင်ဖွေးဖွေးအား တရွှတ်ရွှတ်နဲ့ နမ်းတော့သည်...

''အွန်း...တော်ပြီ...ပါးတောင့်တော့မယ်...''

ခပ်နာနာ အနမ်းခံလိုက်ရတဲ့ပါးကို လက်လေးနဲ့ပွတ်ပြီး ပြောပေမဲ့ ကဲလွန်းသူကြီးက ထပ်ဆင့်ကိုက်ချလာတာမို့ ပေါင်ပေါ်မှ ကောင်လေးက အားနဲ့ကို အော်တော့သည်...

''အကို!!!!"

''ချစ်စရာလေးကွာ...''

''အားးး!!! ဖယ်ဆို!!!! ''

လေတရိပ်ရိပ်တိုက်နေတဲ့ မိုးမခပင်ကြီးအောက်ဝယ် မြက်ခင်းပြင်ပေါ် ဆွဲလှဲခံလိုက်ရသည့် ကောင်လေး၏အပေါ်၌ သက်ဆိုင်သူကြီးက အုပ်မိုးလို့ တရှုံ့ရှုံ့ နမ်းရှိုက်နေခဲ့သည်ကိုတော့ မြင်နေလည်း အားလုံးမမြင်ချင်ယောင် ဆောင်ပေးကြပေါ့...အဆိုတော်လေးရဲ့ငယ်က သိပ်ရှက်တတ်ရှာသည် မဟုတ်လားလေ...

- Offered

Hand -

ကျိန်စာတိုက်သူရဲ့ ​မြေပုံရှေ့သို့ နှစ်ဦးသားရောက်နေသည်...ရုတ်တရက် နှလုံးဖောက်ပြီး သေသွားခဲ့သည်သာ သိထားသော ကောင်ငယ်လေးသည် YuHarရှိရာ မြေပုံသို့ အားရင်အားသလိုလာပြီး အမြဲဦးခိုက်တတ်၏...တမလွန်က YuHarကို မြင်စေချင်သည်...သူမသိပ်မုန်းတဲ့ အရှင်က သူမရှေ့ကို အမြဲလာဦးခိုက်နေခဲ့တယ်ဆိုတာ Jeonမြင်စေချင်ပါသည်...

''အကို...မေမေနဲ့ဖေဖေကလေ...နောက်လဆိုရင် ငယ်နဲ့ပဲအတူလာနေပေးတော့မှာတဲ့...ဟိဟိ...ပျော်စရာကြီး...''

ရယ်သွမ်းမှုကြောင့် ပေါ်လာတဲ့ သွားသေးသေးလေးတွေက စီစီရီရီ...ထိုအပြုံးတွေကို မြင်ရတိုင်း Jeonရင်တွေခုန်ရခဲ့သည်မှာ Fansign၌ စတွေ့ကတည်းက...မဟုတ်...ဟိုးနှစ်ပေါင်းများစွာ ကြာခဲ့စဉ်ကတည်းကပါလေ...

''ကိုယ့်ကိုပလစ်ရင်နော်...အိမ်အထိလိုက်လာပြီး ခိုးပြေးပစ်မှာ...''

''ဟာ...ငယ်က ဘာလို့ ပလစ်ရမှာလဲ...''

နှုတ်ခမ်းထော်ကာ ကောင်ငယ်လေးက ပေစောင်းစောင်း ကြည့်တဲ့အခါ Jeonအသည်းယားရတာ မပြောပါနဲ့...စာတွေစီချရေးရင်တောင် ကုန်မှာမဟုတ်ဘူး...ဒီကောင်လေး အလှအပတွေက နည်းနည်းနောနောမဟုတ်...

''ငယ်ညောင်းပြီ...''

သုသာန်ထဲ လမ်းအတူတူလျှောက်ပြီး ကားရှိရာဆီ သွားနေတုန်း...အောက်သို့ခပ်စောင့်စောင့် ထိုင်ချရင်း ပြောလေသည့် ကောင်လေးကြောင့် ရှေ့ရောက်ပြီးသား ခြေလှမ်းတွေကိုရပ်လို့ နောက်သို့ပြန်လှည့်ကြည့်လိုက်သည်...လက်လေးနှစ်ဖက် ဆန့်ပေးလာတဲ့ ထိုကောင်လေးသည် ချစ်ဖို့ကောင်းအောင် ရယ်ပြနေ၏...

အနားသွားပြီး ဆွဲပွေ့လိုက်တော့ တခစ်ခစ်ရယ်သံတွေနဲ့ ပြုစားပြန်သည်...ချစ်သူတွေဖြစ်ပြီးနောက်ပိုင်း သူ့အပေါ် အချွဲတစ်သိန်းနဲ့ ဗိုလ်ကျလာတဲ့ ဒီအဆိုးလေးကို ချစ်လို့လည်း မဝနိုင်ပါ...

''အကို့ကိုချစ်တယ်...''

ရင်ခုန်သံတွေက ခပ်ပြင်းပြင်း...ခါးမှာခွထားတဲ့ ခြေထောက်လေးတွေက တင်းတင်းကျပ်ကျပ်ပါပင်...ကိုယ်လေးကို တစ်ချက်မြှောက်ပြီး ပင့်တင်တော့ အင့်ခနဲ အသံလေးထွက်လာကာ သူ့လည်တိုင်ကို အစောကထက်တင်းအောင် လက်တို့နဲ့ တွယ်ကုပ်လာသည်...

''ကိုယ်ကလည်း အများကြီး ချစ်တာပေါ့...''

နားဖျားလေးနား တိုးကပ်ကာ နှုတ်ခမ်းနဲ့ခပ်ဖွဖွထိရင်း ပြန်ပြီးအဖြေပေးတော့ လှုပ်ရွလာတဲ့ ကိုယ်ငယ်လေးက သူ့လက်ပေါ်မှာ...

''အကို!!! နားကိုမထိနဲ့လေ...အသည်းယားတာကြီး...''

''အဟားဟား...''

အော်ဟစ်ကာပင် ရယ်မောမိပါတော့သည်...သူရယ်လို့ဆိုပြီး ပခုံးထဲ နစ်ဝင်လာတဲ့ သွားသေးသေးလေးတွေသည်က စူးခနဲ...သူကတော့ ပိုလို့ပင် ရယ်သွမ်းပေးလိုက်မိ၏...ချစ်စရာကောင်းလွန်းလို့...အသည်းယားလွန်းလို့ပါ ငယ်ရာ...

- Offered

Hand -

ကိုယ်ရံတော်တစ်ယောက်ရဲ့ တာဝန်တွေသာမက ချစ်သူတစ်ယောက်ရဲ့ တာဝန်​တွေပါ ကျေခဲ့တဲ့ Jeonသည် အရှင်ဘာလုပ်လုပ် ကွက်ခနဲဟူသည် မရှိခဲ့ဖူး...ပိုလို့ပင်ချစ်သည်...ပိုလို့ပင်အလိုလိုက်သည်...

အရှင်ဆိုးလေးက ရင်ခွင်ထဲတိုး ချစ်စကားဆိုတိုင်း အရာရာပုံအောပေးပစ်လိုက်သည့် ကိုယ်ရံတော်လေးမှာ ကြီးကြီးမားမား မြင့်မြင့်မြတ်မြတ် ရာထူးဂုဏ်သိမ်ရယ်လို့ မရှိပေမဲ့ အချစ်တတ်ဆုံးသော ဘွဲ့ခံကိုတော့ ရထားသည်လေ...

ထိုအချစ်တွေနဲ့ ချည်နှောင်ထားရာကြိုးသည် အလွန်ကို ခိုင်မြဲခဲ့ပါ၏...လူတွေမကောင်းဆိုးဝါးလို့ လက်ညှိုးဝိုင်းထိုးကြတဲ့ ကောင်လေးကို စတွေ့ကတည်းက ဒီအဆိုတော်လေးဟာ ယုံပေးခဲ့သည်...ဘယ်သူဘာပြောပြော အနားမှာ အမြဲရှိနေပေးခဲ့သည်...

ဒါက သူမခံရလို့ပါဆိုပြီး အထွန့်တက်နိုင်ကြပေမဲ့...ရှေ့ကိုပြန်ထောက်ကြည့်...အသက်သေခါနီးတာတောင် ဓားတရမ်းရမ်းလုပ်ပြီး အရှင့်ကိုမထိရဘူး ကြိမ်းပြခဲ့သည်က သက်သေတည်လိမ့်မည်...သူနာကျင်နေတာတောင် ပစ်ခွာမှ မသွားခဲ့တာဘဲ...

လက်ရှိဘဝ၌ ဆုံးရှုံးခဲ့တာတွေကို ရှာကြည့်မည်...စ၍ဆုံးရှုံးခဲ့သည်က ကောင်ငယ်လေးတို့ ပိုင်နက်ထဲမှာ ရေနစ်သေသွားခဲ့သည့် ပရိသတ်တစ်ယောက် လက်ဆောင်ပေးထားသော အဖြူရောင်ခွေးလေး Gumဖြစ်မည်...

ထိုစဉ်အချိန်ကတည်းက ဘေးလူတွေ ပြောစကား မမှားဘူးဆိုတာ အဆိုတော်ကောင်လေး သိခဲ့ပေမဲ့ Yoonဆိုတဲ့ ထိုကောင်ငယ်လေးအနားက ရုန်းထွက်သွားဖို့ မကြိုးစားခဲ့...ခွန်အားတွေပေးခဲ့တဲ့အပြင် ချစ်စကားတွေ ဖွင့်ဟဝန်ခံပစ်ခဲ့တဲ့အထိပင် ရဲတင်းပြခဲ့သည် မဟုတ်ပါလား...

အကြောင်းအရင်းတွေ ရှိသည်...လူတွေနားမလည်နိုင်သော တချို့အကြောင်းအရာတွေရှိသည်...မိဘတွေကအစ ကောင်ငယ်လေးအနားကပ်လျှင် ဒုက္ခတွေ တွေ့ကြတတ်သည်ဟုဆိုသည်...သို့သော်...အဆိုတော်လေးကတော့မတူ...

မတူအောင် တမူထူးနေသည့်အကြောင်းကို လိုက်လံရှာဖွေကြည့်ပါလျှင် အဆိုတော်ကောင်လေးနဲ့ အပယ်ခံကောင်လေးတို့ကြားမှ အချစ်ကြိုးထုံးလေးဟာ တရားခံ သူပါလို့ ထွက်ဆိုပြပေးလာလိမ့်မည်...

အဓိကသည်တော့ သူတို့နှစ်ဦးကြားက လေးနက်တဲ့ ချစ်ခြင်းတရားတွေပါပဲ...

''အကို...မေမေတို့ပြန်လာလို့...ငယ်နဲ့အတူနေရင်...အရင်လို တစ်ခုခုဖြစ်သွားမှာကိုစိုးတယ်...ငယ်က..ငယ်ကတကယ် မကောင်း...''

''မပူပါနဲ့...ကိုယ်ရှိနေတာပဲ...ကိုယ်က ငယ့်အနားမှာ အမြဲရှိနေတာလေ...ကိုယ်နဲ့အတူ ရှိနေရင် တခြားဘေးလူတွေလည်း ဒုက္ခမရောက်နိုင်ဘူးလို့ ဟာရီနာက ပြောထားတယ်မဟုတ်လား...''

''လုပ်ပြန်ပြီ...ရှေ့ကဆရာမ ထည့်ခေါ်ပါဆို...အကိုက လုံးဝမလေးမစားနဲ့...''

''ဟာရီနာပဲ နှုတ်ကျိုးနေပြီ...''

''အကို!..."

''အား...မကိုက်နဲ့လေ ခွေးပေါက်လေးရ...''

အချစ်တွေသည် ထုံထုံမွှန်းမွှန်း...နေ့ရက်ဟူသည်တိုင်းကို တစ်ယောက်ကိုတစ်ယောက် ကျီစယ်ရင်း ရိုးရိုးရှင်းရှင်းသာ ချစ်သူနှစ်ဦးဟာ ဖြတ်သန်းကြသည်...

တစ်ရက်တွင်...Yoongiရဲ့ မွေးနေ့ကို ရောက်ရှိလာခဲ့သည်...လူများများစားစားမရှိဘဲ...Jiminနဲ့ Namjoonသာ အပိုလူရှိကာ သူတို့အိမ်မှာ ကိတ်ခွဲဖြစ်ကြပါလေရဲ့...

''ကိတ်မုန့်လေးက ချစ်စရာလေး...ခစ်ခစ်~~ ''

ပျော်ရွှင်နေသော လူသားငယ်သည် ကိတ်မုန့်လေးကိုကြည့်ရင်း ရယ်ပြုံးနေသည်မှာ ခနခန...Jeonဟာလည်း သူ၏ချစ်သူလေး ငယ့်ကိုကြည့်လို့ ထပ်တူပြုံးရယ်မိရှာလေ၏...

''ကိတ်ခွဲမယ်လေ...မြန်မြန်...''

ထိုစဉ် Namjoonက ဦးဆောင်ကာ ကိတ်ခွဲဖို့ လုပ်ခိုင်းပြီမို့ ဘေးပတ်ပတ်လည်မှာ လေးယောက်သား ဝိုင်းလိုက်ရင်း Birthday Songဆိုပြီး ကိတ်ခွဲဖို့ ပြင်ကြသည်...

'' အာ~ ''

'' အာ ~ ''

''ဟေ့ရောင်...ဟိုက သူ့ချစ်သူကို ခွံ့တာလေ...''

ကိတ်ခွဲပြီးတာနဲ့ ကောင်လေးက မိမိသက်ဆိုင်သူကြီးကို ခွံ့ကျွေးသည်အား Namjoonကဝင်၍ စားဖို့ပြင်တာမို့ Jiminဟာ ဝင်ဆွဲသည်...ရယ်သံတွေက ဝန်းရံသွားသည်...လူနည်းနည်းလေးပေမဲ့ ပျော်စရာတွေတော့ အများကြီး ရှိခဲ့ပါ၏...

''အ့...ဘာကြီးလဲ...''

သက်ဆိုင်သူကြီး ပြန်ခွံ့ကျွေးတဲ့ ကိတ်မုန့်ကို စားရင်းက ခပ်မာမာအရာတစ်ခုကို ဝါးစားမိသွားတာမို့ ကောင်ငယ်လေးဟာ အလန့်တကြား ထွေးထုတ်သည်...ထွက်ကျလာသော ခရင်မ်တွေကြားထဲမှ ပလက်တီနမ် လက်စွပ်လေးက အရောင်တလက်လက်...

Jeonကိုယ်တိုင်လည်း ကြောင်နေပေမဲ့ Jiminဘေးမှ Namjoonက မျက်လုံးတွေမှိတ်ပြီး အတင်းကာရော အရိပ်အမြွက်တွေ ပြနေတာမို့ ချော်လဲရောထိုင်လုပ်ဖို့ရာ Jeonဟာပြင်လေသည်...

ထိုလက်စွပ်လေးကိုယူပြီး ကောင်ငယ်လေးရှေ့ ဒူးထောက်ချကာ ချောင်းတွေဘာတွေဟန့်လို့ ဟန်ကိုပြင်တော့ ကောင်ငယ်လေးရဲ့ နားမလည်တဲ့ မျက်ဝန်းသေးလေးတွေက ကလယ်ကလယ်...

''ကိုယ့်ကို...လက်ထပ်ပါ ငယ်...''

ဘုတ်...

လက်ထဲက ကိတ်မုန့်အပိုင်းအစလေးတစ်ခုဟာ အောက်သို့ပြုတ်ကျကုန်သည်...နှုတ်ခမ်းလေးဟသွားတဲ့ ကောင်ငယ်လေးက မျက်ရည်တွေပါ ဝိုင်းလာ၏...ဒူးထောက်ထားသော သက်ဆိုင်သူကြီးသည် ဤသို့RoပုံRoနည်းတွေကို လုပ်ဖို့ရာမတွေးမိခဲ့ပေမဲ့ အကိုဖြစ်သူ သူငယ်ချင်းရဲ့ မြှောက်ပေးမှုကြောင့် လုပ်ဖြစ်သွားခဲ့လေပြီ...

မျက်ရည်တွေ စီးကျလာသော ကောင်ငယ်လေးသည် သူပါဒူးထောက်လျက် ဝင်ထိုင်ရင်း သက်ဆိုင်သူကြီးကို ဆွဲဖက်ကာ သည်းသည်းသန်သန် ငိုပါလေတော့၏...

Jiminသည် အပြုံးတွေနှင့်...Namjoonသည်လည်း ပါးချိုင့်တို့ထင်းအောင်အထိ ပြုံးနေရင်း...သက်ဆိုင်သူကြီးသည်တော့ သူ၏ငယ်ခါးလေးကို ပြန်ဖက်ကာ ရင်ခွင်ထဲ ရောက်စေလို့ အပျော်တွေကို ဝေမျှနေရှာပါလေသည်...

- Offered

Hand -

ဟိုလေးတကြော်ကြော် ပျံ့နှံ့သွားသည့် သတင်းတွေအရ သိပ်မကြာခင်မှာ အဆိုတော်အဖြစ်က အနားယူသွားတဲ့ Jeon JeongGukနဲ့ သူ၏ချစ်သူ Min Yoongiတို့ဟာ လက်ထပ်ကြတော့မည်...

ကြားရသူတွေသည် နှာခေါင်းတရှုံ့ရှုံ့...ယောကျာ်းလေးချင်းအတွဲ...Min Yoongiက ကဝေဆို...စတဲ့ ဝေဖန်မှုတွေကြားထဲမှာ ကောင်ငယ်လေးနဲ့ အဆိုတော်လေးဟာတော့ အပြုံးမပျက်ခဲ့ပါဘူး...

မာကြောတဲ့အရှင်နဲ့ အရှင့်ကိုသာကြည့်တဲ့ ကိုယ်ရံတော်လေးလိုပေါ့...အရှင်က အရေးပေးလို့ လူတကာမနာလိုခံရလည်း ကိုယ်ရံတော်လေးက မည်သူ့ကိုမှ ခေါင်းထဲမထည့်ပဲ ဒီအရှင်ဒီသခင်ကို ရင်ခွင်ထဲထည့်ထားပြခဲ့တာ မဟုတ်လား...

အရှင်သည်လည်း ဘာထူး...ကိုယ်ရံတော်လေးကို အာဏာနဲ့ ချုပ်ထားတယ်ဆိုပြီး လူတွေဝိုင်းပြောနေပါစေ...ကိုယ်ရံတော်လေးကို လူရှေ့သူ့ရှေ့လည်းမရှောင် ချစ်ပြပစ်ခဲ့တာပဲ...အရွဲ့တိုက်ခဲ့ကြတာ မဟုတ်ဘူး...ကိုယ့်အချစ်​တွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ပြခဲ့ကြရုံပါ...

''ရင်တွေခုန်လိုက်တာ ဖေဖေ...''

အဖေဖြစ်သူရဲ့လက်ကို ချိတ်ထားရင်းက ကောင်ငယ်လေးဟာ တိုးတိုးလေးပြောသည်...ဖေဖေကပြုံးရင်း အားပေးစကားပြောတော့ အသာရယ်ပြသူလေးက ဖေဖေ့ပါးကိုပင် အနမ်းခြွေလိုက်ပါသေး၏...

''သတို့သားလေး ဝင်ရတော့မယ်...Fighting...''

နွေးနွေးထွေးထွေးပါပဲ...ချိတ်ထားတဲ့ ကောင်လေးလက်အပေါ် ဖေဖေ့ရဲ့ ပိုနေတဲ့ လက်တစ်ဖက်က အုပ်ကိုင်ပေးလို့ ခန်းမထဲကို ပို့ဆောင်ပေးတော့ ကောင်လေးရဲ့ ပျော်ရွှင်ခြင်း မျက်ရည်တွေက အလိမ့်လိမ့်ကျရပါလေရဲ့...

''လာ ငယ်...''

လက်လေးတစ်ဖက်ကိုကမ်းလို့ Jeonဟာ ခေါ်ပါလေသည်...ထိုလက်ကလေးကို ငေးကြည့်ရင်း Jeon'sငယ်က ပြုံးသည်...Jeonကိုကြည့်လိုက်...Jeonရဲ့လက်ကလေးကို ကြည့်လိုက်နဲ့...တစ်ယောက်တည်း ဗျာများနေရှာ၏...

''လာလေ ငယ်...ကိုယ့်လက်ကို ပြန်ဆုပ်ကိုင်လိုက်ပါ...''

Jeonကနောက်ထပ်ခေါ်တော့ Jeon'sငယ်က ခေါင်းငြိမ့်ပြသည်...Jeonကမ်းထားတဲ့ လက်လေးထဲ နစ်မြုပ်လာတဲ့ လက်ဖဝါးပြင်အသေးလေးကြောင့် သူတို့နှစ်ဦးရဲ့ အနေအထားလေးဟာ လိုက်လိုက်ဖက်ဖက်...သစ္စာတွေ တိုင်တည်ကြသည်...ကတိတွေ ပြုကြပြီး လက်စွပ်ချင်းလည်း လဲကြသည်...အနမ်းဖလှယ်ဖို့ ရောက်လာချိန်မှာ ရင်ခုန်သံတွေဟာ အုန်းအုန်းကြွက်ကြွက်ဖြစ်ရ၏...

ခါးသိမ်သိမ်လေးကို ဆွဲဖက်တော့ ရင်ခွင်ထဲ တစ်ခါတည်း ပါလာသည်များ လုံးခနဲပါပဲ...Jeonဟာ ပြုံးသည်...ရှက်ပြုံးလေးတွေနဲ့ ကောင်ငယ်လေးရဲ့ နှုတ်ခမ်းနုနုထက် ဖိကပ်တော့ ဟေးခနဲ ကြားလိုက်ရတဲ့ အောင်ပွဲခံသံတွေနဲ့ အော်သံတွေက ချစ်ခြင်းအားမာန်တွေကို ပိုတိုးစေလျက်...

ကိုယ်ရံတော်လေးနဲ့အရှင်က အတိတ်ဘဝမှာ ကံအကြောင်းမလှလို့ မပေါင်းဖက်ခဲ့ရပေမဲ့ ယခုပြန်ဆုံကြသည့် လက်ရှိဘဝမှ အဆိုတော်ကောင်လေးနဲ့ အပယ်ခံဆိုသူလေးဟာတော့ တစ်ယောက်လက်ကို တစ်ယောက်မြဲမြဲ ဆုပ်ကိုင်ကာပင် အချစ်အိမ်ထောင်လေးတစ်ခုကို ထူနိုင်ခဲ့ပါပေပြီ...

THE END______________________________

အဆုံးထိဖတ်ပေးသူ တစ်ဦးတစ်ယောက်ချင်းစီအား ကျေးဇူးအထူးတင်ရှိပါတယ်...အမလေး...ကြန့်ကြာခဲ့တဲ့ တာဝန်ကြီး လျော့သွားမှ အမလေးတနိုင်ပါတော့တယ်...ကိုယ်ဒါပြီးရင် Wallထဲမှာ အသစ်တင်မယ်ဆိုတာလေ...အရင်တစ်ခါကလည်း ပြောထားတယ် မှတ်မိလား...ATTRACTIONကို Unပြီး အဲ့ဒီTitleနဲ့ပဲ အသစ်ပြန်လာမှာ...ဒါပေမဲ့ Ficကတော့ လုံးဝပုံစံပြောင်းသွားမှာပါ...Roleကတော့ Bottom Giပဲ ရေးမှာရယ်...နည်းနည်းလေးတော့ စောင့်နော်...ဘာလို့လဲဆိုတာက Ficထွက်လာရင် သိလိမ့်မယ်...ရက်ပိုင်းပါပဲ...သိပ်မကြာခင် လာမှာပါ...Replyတွေကလဲလေ...ပြီးမှစုပြန်ပေးမှာပါနော်...ကဲ...စကားတွေအများကြီး မပြောတော့ဘူး...

Yoonkookကို ရူးသွပ်တာထက်ရူးသွပ်တဲ့ Yoonkookerတစ်ယောက်...ဒါပေမဲ့ အခုထိ Yoonkook Ficတွေကို ကောင်းကောင်းမွန်မွန် မဖန်တီးနိုင်သေးပါဘူး😔✌...Authornimတွေရဲ့ Ficတွေကို ဖတ်ပြီးရင် ကိုယ်Ficရေးချင်စိတ်တွေ တကယ်ကုန်ရတာပါ...ကိုယ့်Ficတွေကို ဖတ်ကြတယ်ဆိုတာကလည်း အရေးအသားကောင်းလို့ မဟုတ်ဘူးဆိုတာကို သိပါတယ်...ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်...ပြီးတော့ နှုတ်ဆက်ပါတယ်...

အများကြီးချစ်တယ်...💜

ကိုယ့်Ficလေးနဲ့လိုက်မဲ့ ဒီfanartလေးကို ပို့ပေးလို့ ကျေးဇူးပါ Enaရေ...💗

Offered Hand_____________________________

Continue Reading

You'll Also Like

239K 43.1K 55
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
26.8M 1.1M 42
she dreads to get to school because of one name. ; high school au, tsundere!taehyung lmao » under edit » #4 in fanfiction on 171222
40.1K 3.3K 20
ချာတိတ်....တစ်ခါတစ်လေကိုယ်ပြောတာနားထောင်ပါဦး Kim Namjoon ခင်ဗျားကိုဖက်ထားလို့ပြောတယ်လေ...
141K 17.6K 12
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."