ကမ္းမဲ့လက္//ကမ်းမဲ့လက်(Comple...

By YOonKOok-Layer

12.6K 1.6K 627

မင္းအတြက္ လက္တစ္စံုကို ကမ္းလင့္ႀကိဳမယ္~ ျမဲျမံေအာင္ ဆုပ္ကိုင္ထားေပးဖို႔ေတာ့ မေမ့ပါနဲ႔~ OTP-YOONKOOK TOP-JEON... More

Prologue
I
II
III
IV
V
VI
VII
VIII
IX
X
XI
XII
XIII
XIV
Epilogue

XV

650 89 19
By YOonKOok-Layer

ZAWGYI

အ႐ွင့္ကို ေလးစားေပးခဲ့ဖူးသည္...ေဘးလူေတြ ႏွာေခါင္း႐ႈံ့ၾကတာေတာင္ ငယ္မိတ္ေဆြေတြ ျဖစ္ခဲ့ျခင္းပီပီ နားလည္အေပးဆံုး ကိုယ္လုပ္ေတာ္တစ္ေယာက္အျဖစ္ ရပ္တည္ခဲ့သည္...

မေမ့ခဲ့ပါဘူး...ကိုယ္ရံေတာ္ေလးအေၾကာင္း တစ္ခုတစ္ေလေမးမိတုိင္း လက္မွာျခစ္ခံရတဲ့ ဓားရာေတြ...Gukကေလလို႔ အစခ်ီေခၚမိတိုင္း ေက်ာျပင္မွာ႐ိုက္ခံရတဲ့ ႀကိမ္ရာေတြ...နန္းေဆာင္ကို သြားဂါဝရျပဳရင္း ကိုယ္ရံေတာ္ေလးကို ျပံဳးျပမိတုိင္း ေျခေထာက္ႏွစ္ေခ်ာင္းလံုးမွာ စိုက္ခံရတဲ့ အပ္ရာေတြ...

လိုခ်င္မိတဲ့ ေလာဘက တစ္ခုတည္းပါ...Gukကို လိုခ်င္မိရံုေလး...ခက္သြားတာက Gukဟာ အ႐ွင့္အသက္ျဖစ္ေနသည္ေလ...ဒါ့ေၾကာင့္ ဖခင္ကို အားကိုးေပမဲ့ အားကိုးရာကိုပါ ဆံုး႐ႈံးရခ်ိန္မွာေတာ့ သူမက ယုတ္မာသည့္လမ္းစဥ္ကိုသာ လိုက္ႏိုင္ေတာ့သည္...

သို႔ေပမဲ့လည္း...သို႔ေပမဲ့လည္း...အဆံုးထိ Gukက အဲ့ဒီအ႐ွင္ေျခရင္းမွာပဲ ျပားျပားဝပ္ခဲ့တာ...ေခၚထုတ္သြားေပးမဲ့ ဒီကအခ်စ္သမေလး တစ္ေယာက္လံုး ႐ွိေနတာေတာင္ သူမကို စြန္႔ပစ္ၿပီး ေသေပးသြားခဲ့တာ...မေမ့ပါဘူး...ႏွစ္ရာေက်ာ္ျဖတ္သန္းခဲ့ရတဲ့ ဘဝေတြတိုင္း...ေရာက္ေလရာ ဘံုဌာနတိုင္း...ဒီအိပ္မက္ဆိုးေတြၾကားမွာပဲ သူမက ႐ွင္သန္ေနခဲ့ရတာေလ...

အခု ျပန္ေတြ႔ၾကေတာ့လည္း ကံတရားက သူမဘက္မွာ ႐ွိမေနျပန္ဘူး...လုပ္ယူမွာေပါ့...ဒီဘဝမွာ Gukက Yoonဆိုတဲ့ ဒီေကာင္ေလးကို တန္းတန္းစြဲခ်စ္ေနရင္ သူမက အဲ့အခ်စ္ေတြေသေအာင္ လက္စေဖ်ာက္ေပးပစ္မွာ...

ေမ့ေျမာေနတဲ့ ျဖဴလြလြေကာင္ေလးကိုၾကည့္ၿပီး ျပံဳးေနမိသည္...ဘယ္လိုလဲ...အရင္က လက္ညႇိဳးေငါက္ေငါက္ထိုး ဓားတရမ္းရမ္း လုပ္ခဲ့တဲ့ အ႐ွင္က အခုေတာ့ ေဆးရံုခုတင္ေပၚမွာ အေမအရင္းရဲ႕ ႐ိုက္ခ်က္ေတြေၾကာင့္ သတိေတာင္ မကပ္ရွာေတာ့ဘူးတဲ့ေလ...သူမအခ်စ္က်ိန္စာေတြ စူးေနတဲ့ တခ်ိန္က အ႐ွင္ႀကီးရဲ႕ အခုလိုပံုစံကုိျမင္ရေတာ့ သေဘာေတြက်ေရာပါပဲ...

''ငါ့အလွည့္ေပါ့ Min Yoongi...နာက်င္မႈေတြကို ခံစားေပးပါဦး...''

မ်က္ႏွာေပၚ အုပ္ထားတဲ့ ေအာက္ဆီဂ်င္ပိုက္ကို သူျဖဳတ္လိုက္သည္...ႏွလံုးခုန္စက္က အသံေလးေတြ ထြက္လာသည္...သူမရယ္ရင္း ေကာင္ေလးရဲ႕လက္ကို ဆြဲယူၿပီး လက္ေကာက္ဝတ္ထပ္ ဘလိတ္ဓားနဲ႔ ခပ္နစ္နစ္ လွီးခ်လိုက္သည္...ျဖစ္ခ်င္ရာျဖစ္လိုက္ေတာ့...သူမကေတာ့ ဓားကိုျပန္သိမ္းရင္း ထိုအခန္းထဲမွ ထြက္လာဖို႔သာ ျပင္လိုက္ေတာ့သည္...

ေသေပး Min Yoongi...ငါ့အတြက္...နင္ႏွိပ္စက္ခဲ့တဲ့ တျခားသူေတြအတြက္ ေသေပးလိုက္ေတာ့...

ဘလိတ္ဓားေလးကို အမိႈက္ပံုးထဲ ပစ္ထည့္လိုက္သည္...ယခုအိမ္ျပန္မည္...ၿပီးမွ ဘာမွမသိခဲ့သလို ေဆးရံုကို ျပန္လာမည္...ငိုေနမဲ့ Gukကို ႏွစ္သိမ့္ေပးေနရင္း Min Yoongiေသဆံုးေၾကာင္း ထြက္လာမဲ့ Result Timeကို အသင့္ေစာင့္ေနရံုပဲ...အဟား...ကိုယ္ေတြႏိုင္တဲ့ အလွည့္မို႔လားမသိ...အေတာ္ေတာ့ ေပ်ာ္ဖို႔ေကာင္းေနသည္...

- Offered

Hand -

ေျပးလႊားေနတဲ့ ဆရာဝန္ေတြၾကားထဲ ေမ်ာ့လ်လ်ကိုယ္ေလးဟာ အသက္ေတာင္႐ွဴေတာ့ရဲ႕လားမသိ...ေသြးေတြအမ်ားႀကီး ထြက္ေနတာ...ေသြးေတြအမ်ားႀကီး ထြက္ေနခဲ့တာ...ေမြ႔ယာျဖဴျဖဴေပၚ အိုင္ထြန္းေနေအာင္အထိ လက္ေကာက္ဝတ္က ဓားျဖတ္ရာက နစ္ေနခဲ့တာတဲ့...

သူနာျပဳဆရာမ ေျပာသြားတဲ့ အဲ့ဒီစကားကို ျပန္ၾကားရခ်ိန္တိုင္း...ႏွလံုးခုန္စက္ရဲ႕ ဆြဲအားေၾကာင့္ ေက်ာျပင္ေသးေသးေလး ေမြ႔ယာနဲ႔ လြတ္သြားတိုင္း...မရေလာက္ေတာ့ဘူးလို႔ ဆရာဝန္ေတြဆီက အသံထြက္လာတိုင္း...Jae YuHarကို သြားသတ္ခ်င္စိတ္ဟာ ထိန္းမရခဲ့ပါ...

''မရဘူး...ႏွလံုးက အလုပ္မလုပ္ေတာ့ဘူး...''

ဒူးေထာက္လ်က္သားပင္ က်သြားရေတာ့သည္...မျဖစ္ႏိုင္တာ...မျဖစ္ႏိုင္ပါဘူး...ငယ္က...ငယ္က သူ႔ကို ထားသြားမဲ့သူမွ မဟုတ္တာပဲ...

ေယာင့္ယက္ခပ္ေနေသာ စိတ္အစဥ္နဲ႔ ၾကမ္းျပင္ေပၚမွ Jeonဟာ မ်က္ရည္ေတြ တေတာက္ေတာက္က်လ်က္...မျဖစ္ႏိုင္ဘူးလို႔ တဖြဖြေရရြတ္ကာ အမွန္ပူေလာင္ေန႐ွာသည္...

႐ုတ္တရက္ Jeonက မတ္တပ္ထရပ္၏...ၿငိမ္က်သြားတဲ့ အခန္းတြင္းကို အျမန္ဝင္ရင္းက ေသြးစက္ေတြနဲ႔ လက္ဖဝါးျပင္ေလးအား တယုတယ ဆုပ္ကိုင္ပစ္သည့္ Jeonသည္ ေႏြးေထြးမႈေတြကို ခံစားေနရဆဲမို႔ လက္မေလွ်ာ့ခဲ့ပါ...လက္ေလွ်ာ့ဖို႔ရာကို နည္းနည္းေလးေတာင္ မေတြးျဖစ္ခဲ့ပါေလ...

''ငယ္...ကိုယ့္အသံကို ၾကားရတယ္မဟုတ္လားဟင္...ငယ္ၾကားေနရတယ္မို႔လား...ကိုယ့္ဆီျပန္လာပါ...ကိုယ့္ဆီျပန္လာေပးပါ ငယ္ရယ္...ငယ့္အနားမွာ ကိုယ္႐ွိေနတယ္ေလ...ကိုယ္ကအျမဲ႐ွိေနေပးမွာ...ထာဝရအတြက္...ထာဝရအတြက္ ခ်စ္တယ္ေလ ငယ္ရဲ႕...''

တစ္ေယာက္တည္း စကားေတြေျပာေနတဲ့ Jeonက ေဘးလူေတြအျမင္မွာ သနားစရာ...ေပ်ာ့ဖတ္ေနတဲ့ လက္ေလးကို ဇြတ္အတင္း ဆုပ္ကိုင္ၿပီး ပါးမွာကပ္ေစလို႔ ငိုေနသည္မွာ ရင္ကြဲစရာက ေကာင္းေနသည္ကိုး...အခန္းထဲကို ဒေရာေသာပါး ေျပးဝင္လာတဲ့ YuHarက မဲ့ျပံဳးေတြနဲ႔...သို႔ေသာ္ ခ်က္ခ်င္းမ်က္ႏွာေလးငယ္ကာ ငိုမဲ့မဲ့ေလးအျဖစ္ ေျပာင္းလဲပစ္ခဲ့သည္...တခ်ိန္က ျဖဴစင္ခဲ့တဲ့ Jae YuHarဟာ အခု လူစားလဲသြားခဲ့ပါၿပီ...

''ငယ္...ကိုယ္ေတာင္းပန္ပါတယ္...ကိုယ့္ဆီျပန္လာခဲ့ပါေနာ္...ကိုယ့္လက္ကို ျပန္ဆုပ္ကိုင္ေပးပါဦး...ေက်းဇူးျပဳၿပီး...ေက်းဇူးျပဳၿပီး...Yoon!!!!!! ''

Ti Ti Ti

ကိုယ္ရံေတာ္ေလးရဲ႕ ေအာ္ဟစ္ျမည္တမ္းသံက အ႐ွင့္ရဲ႕ဝိဥာဥ္ငယ္ကို ျပန္လည္အသက္ဝင္ ႏိုးထေစခဲ့သည္...Min Yoongiဆိုေသာ အ႐ွင္သည္ ကိုယ္ရံေတာ္ေလးနဲ႔ ပတ္သက္လာလွ်င္ နည္းနည္းေလးပင္ အထိခိုက္မခံခဲ့သလို Yoonဟု တစ္ခ်က္သာ ေခၚေပးလိုက္...ေရာက္ေလရာအရပ္က ျပန္ေျပးလာတဲ့အထိ အခ်စ္ႀကီးလြန္းသူပါေလ...

ဆရာဝန္ေတြ သူနာျပဳေတြက တအံ့တျသ...Jae YuHarက ေျပာစရာစကားမဲ့ေနသည္...Jeonသည္​ေတာ့ သူ႔လက္ကို ျပန္လည္ဆုပ္ကိုင္လာေပးေသာ လက္ဖဝါးျပင္ေလးအား တရံႈ့ရံႈ့နမ္းကာ ေက်းဇူးတင္စကားေတြ ဆိုေနေလ၏...

တိမ္ေတြထဲမွာ ေျမာေနတဲ့ ​ေကာင္ငယ္​ေလးသည္ ဟိုေျပးရမလို ဒီေျပးရမလို ေယာင့္ယက္တခပ္ခပ္...ထိုစဥ္ ေ႐ွ႕တည့္တည့္မွာ ေပၚလာေသာ နဂါးဝတ္ရံုနဲ႔ လူတစ္ေယာက္ေၾကာင့္ ေၾကာက္ရြံ႔စြာ ေျခလွမ္းေတြကို တန္႔မိေလသည္...

''ဟင္?...''

နန္းဝတ္နန္းစားနဲ႔ ထိုသူက မိမိ႐ုုပ္ႏွင့္ တစ္ပံုစံတည္း တူေနသည့္အခါ ေကာင္ငယ္ေလး ပို၍လန္႔ရ႐ွာသည္...ထိုသူ႔ရဲ႕ စူး႐ွ႐ွ မ်က္ဝန္း​ေတြက ေကာင္ငယ္ေလးကို အေသအခ်ာပင္ စုိက္ၾကည့္ေနခဲ့သည္ မဟုတ္လား...

''ဘယ္...ဘယ္သူလဲဟင္...''

''ျပန္သြား...''

ေအးစက္စက္ ျပန္ထြက္လာသည့္ အသံက ေက်ာခ်မ္းေစသည္...ျပန္သြား?...ဘယ္ကိုသြားရမွာလဲ ေကာင္ေလးဟာ မသိ႐ွာ...

''ဘာ...ဘာကိုေျပာခ်င္တာလဲ...''

''သူ႔ဆီကို ျပန္သြားပါ Yoongi...ျပန္သြားေပးပါ...သူက...သူက မင္းကိုခ်စ္တယ္ေလ...မင္းကိုအရမ္းခ်စ္တာမို႔ သူ႔ဆီျပန္သြား!...''

ေတာင္းဆိုရာမွ အမိန္႔ေတြဆန္လာသည့္ ထိုစကားေတြက ေကာင္ငယ္ေလးကို ပို႐ႈပ္ေထြးေစသည္...မ်က္ရည္စေတြနဲ႔ မ်က္ဝန္းနီနီကို နားမလည္သလို စိုက္ၾကည့္ေနတုန္းမွာပဲ အေနာက္ဘက္က အသံထြက္လာတာမို႔ သူလွည့္ၾကည့္လိုက္ရသည္...

''ငယ္...''

''အကို!..."

တိမ္ျဖဴျဖဴေတြၾကားထဲ အကိုကျပံဳး၍ၾကည့္ေန၏...ထို႔ေနာက္ သူ႔ဆီကို လက္လွမ္းလာသည္...သူအကို႔လက္ကို စူးစိုက္ၾကည့္လိုက္မိသည္...

''မင္းအတြက္ လက္တစ္စံုကို ကမ္းလင့္ႀကိဳမွာမို႔ ျမဲျမံေအာင္ ဆုပ္ကိုင္ထားေပးပါ ငယ္...လာပါ...''

အကို႔စကားသံေတြက နားထဲမွာ ႐ွင္း႐ွင္းလင္းလင္း...ေပ်ာ္လြန္းလို႔ ႐ူးမတတ္ ျဖစ္ေနရတာမို႔ မ်က္ရည္ေတြ ဝဲလာရင္းက သူအကို႔လက္ကို ဆုပ္ကိုင္လိုက္သည္...ေႏြးခနဲျဖစ္သြားသည့္ အထိအေတြ႔က သူ႔အား အမ်ားႀကီး ေပ်ာ္ေမြ႔ေစပါသည္...အေနာက္သို႔ ျပန္လွည့္ၾကည့္လိုက္ေတာ့ အေစာက နဂါးဝတ္ရံုနဲ႔ ထိုသူက ျပံဳးရင္းၾကည့္ေနသည္...သူျပန္ျပံဳးခဲ့လိုက္သည္...ေနာက္ဆံုးေတာ့...အကို႔ေနာက္ကို သူျပန္လိုက္လာခဲ့ႏိုင္တာပဲ...

ေက်းဇူးတင္ပါတယ္ အကို...အနားမွာ အျမဲ႐ွိေနေပးခဲ့လို႔ အမ်ားႀကီး ေက်းဇူးတင္ရပါတယ္...ၿပီးေတာ့ အရမ္းလဲခ်စ္တယ္...

- Offered

Hand -

Jae YuHarနဲ႔ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနရင္းက အၾကည့္စူးစူးေတြကို ထုတ္လႊတ္ထားသည့္ Jeon၏ ေဘးပတ္ပတ္လည္မွာ ေဒါသအေငြ႔ေတြဟာ တေဝ့ေဝ့ လွည့္ပတ္ေနသည္...ဘာမွလုပ္မထားသလို အမူအရာမ်ိဳးနဲ႔ လာၿပီးမ်က္ႏွာေျပာင္တိုက္ျပႏိုင္တဲ့ Jae YuHarကို Jeonျသခ်လို႔မဆံုး...

**တခ်ိဳ႕အစြဲႀကီးတဲ့သူေတြက စကားနဲ႔သတ္ရံုတင္ ေသတတ္တယ္...**

ေခါင္းေအးေအးနဲ႔ ေသခ်ာစဥ္းစားယူရသည္...ေသြးပူေနရင္ မေကာင္းတာေတြ ျဖစ္ကုန္မွာစိုး၍ ေသခ်ာေလး စဥ္းစားေနရသည္...စဥ္းစားေနရင္းပဲ ဟာရီနာရဲ႕ စကားေတြက အာရံုထဲ ျပန္တိုးဝင္လာတာမို႔ Jeonဟာ အေျဖကို လံုးဝ႐ွာႏိုင္သြားခဲ့ၿပီ...လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ရင္း Jeonလုပ္စရာ႐ွိတာကို ဆက္လုပ္မည္...

''ငါနဲ႔လိုက္ခဲ့ YuHar...''

ဆက္ခနဲတုန္သြားသည့္ YuHarသည္ ထထြက္သြားတဲ့ Jeon'sေနာက္ကို ရင္တထိတ္ထိတ္နဲ႔ လိုက္သြားခဲ့သည္...သူမက အျပစ္က်ဴးလြန္ထားသူ မဟုတ္ပါလား...ဤသို႔ ထိတ္လန္႔စြာပဲ လိုက္သြားၿပီးေနာက္ အခန္းအျပင္သို႔ ေရာက္သြားၾကတာနဲ႔ Jeonက YuHarကို စူးစူးရဲရဲ စိုက္ၾကည့္သည္...ထို႔ေနာက္ေျပာ၏...

''နင္လုပ္တာ ငါသိတယ္...''

''Guk!..."

ေသေအာင္ပူရပါၿပီ...Jae YuHarသည္ ႐ိုး႐ိုးေလးပဲ ေတြးထားခဲ့တာ...ေဆးရံုေစာင့္ေနရင္းက အေရးႀကီးကိစၥေပၚလာလို႔ အိမ္ျပန္သြားခဲ့ၿပီး က်န္တာဘာမွမသိပါဘူးလို႔ ေျဖာင့္ခ်က္ေပးဖို႔ ႀကိဳးစားခဲ့တာ...သို႔ေပမဲ့ ထိပ္ကပိတ္ေျပာလိုက္သည့္ Gukစကားဟာ ႏွလံုးကိုပင္ တုန္လႈပ္သြားေစခဲ့သည္...သူမလုပ္ခဲ့တာေတြကို Gukက သိသည္တဲ့ေလ...

''ငါေျပာတာကို နင့္ဦးေႏွာက္ထဲ တစ္သက္လံုး ႐ိုက္ထည့္ထား Jae YuHar...ငါနင့္ကို လံုးဝခ်စ္လာမွာမဟုတ္ဘူး...အခုဆို ရြံကိုရြံသြားၿပီလို႔ ေျပာလို႔ရတယ္...ငါ့မ်က္စိေ႐ွ႕ ထပ္ေပၚမလာနဲ႔...ေပၚလာရင္ ငါသတ္မိမွာစိုးလို႔...ငါနင့္ကိုမုန္းတယ္ Jae YuHar...သတ္ပစ္ခ်င္ေလာက္ေအာင္မုန္းတယ္...ငါနဲ႔ထပ္ၿပီး မပတ္သက္ပါနဲ႔...ထပ္ေျပာမယ္...ငါနင့္ကိုရြံတယ္...''

စကားေတြဟာ ထိေရာက္လြန္းပါသည္...နင့္နင့္နဲနဲ ခ်စ္ခဲ့ရတဲ့ ကိုယ္ရံေတာ္ေလးက ထိထိမိမိ ေျပာေပးသြားေတာ့ Jae YuHarတို႔ ရင္ကြဲရပါၿပီ...ပိုင္ဆိုင္ခ်င္စိတ္ေတြက အပ်က္ပ်က္အသုဥ္းသုုဥ္း...ကိုယ္ရံေတာ္ေလးက မုန္းတယ္ဆိုမွေတာ့ အခ်စ္ႀကီးလြန္းတဲ့ ဒီမိန္းမသားက ရင္ကြဲေသေပးရံုပဲ တတ္ႏိုင္ေတာ့တာေပါ့...

ရြံစရာ႐ွာစရာ သတၱဝါတစ္ေကာင္လို စူးစူးစိုက္စိုက္ၾကည့္ၿပီးသည္ႏွင့္ ကိုယ္ရံေတာ္ေလးက ထြက္သြားခဲ့သည္...ႏွလံုးသည္ အလုပ္မလုပ္ခ်င္ေတာ့ေလာက္ေအာင္ ေမာပန္းလာ၏...အခ်စ္ေလာဘေတြေၾကာင့္ ႏွလံုးကြဲၿပီး ေသရမည္ဆိုတာ သူမနဲ႔မွ လက္ေတြ႔ျဖစ္လာေတာ့မည္ ထင္ပါသည္...ေခတ္စကားနဲ႔ဆို Heart Attackလို႔ ဆိုရမလား...

''အင့္...''

နံရံကို ေက်ာမွီခ်လိုက္သည္...အသက္႐ွဴရခက္ခဲလြန္းလို႔ ရင္ဘတ္ကို လက္နဲ႔ဖိထားခဲ့ေပမဲ့ စီးက်လာခဲ့ရတဲ့ မ်က္ရည္တစရပ္နဲ႔အတူ နာက်င္မႈေတြက ခႏၶာကိုယ္အတြင္းထဲသို႔ လွည့္၍လႈိက္စားလာသည္...ကိုုယ္ရံေတာ္ေလးသည္ အဆံုးထိ အ႐ွင့္ကိုပဲ ေရြးခ်ယ္သြားခဲ့၏...

ရင္နာစရာေကာင္းတဲ့ ကိုယ္လုပ္ေတာ္မိန္းမပ်ိဳရဲ႕ က်ိန္စာေတြဟာ ျပင္းျပတဲ့ ကိုယ္ရံေတာ္ေလးအခ်စ္ေတြေၾကာင့္ တစစီပင္ ၿပိဳပ်က္ခဲ့ရေလၿပီ...အ႐ွင့္ကို ရင္နာေစဖို႔ ကိုယ္လုပ္ေတာ္ေလးက ရည္ရြယ္ထားခဲ့ေပမဲ့ လက္ေတြ႔ရင္နာစရာ ေကာင္းသြားတာက အ႐ွင့္ခ်စ္ျခင္းေတြ မဟုတ္ပဲ ထိုမိန္းမပ်ိဳေလးသာ ျဖစ္သြားခဲ့႐ွာသည္ မဟုတ္ပါလား...

လက္သန္းခ်င္းယွက္ၿပီး ေပးထားခဲ့တဲ့ ကတိေတြအတိုင္း ကိုယ္ရံေတာ္ေလးက အ႐ွင့္ကို အျမဲကာကြယ္ေပးခဲ့တဲ့ ထာဝရကိုယ္ရံေတာ္ေလးတစ္ဦးအျဖစ္ ရပ္တည္ျပခဲ့သည္...

အ႐ွင္သည္လည္း အေဝးဆံုးတစ္ေနရာမွာ ေရာက္ေနခဲ့သည္ေတာင္ Yoonလို႔ ကိုယ္ရံေတာ္ေလးက ​ေအာ္ေခၚလိုက္တာနဲ႔ ကိုယ့္စိတ္ကို ျပန္သတိေပးရင္း ကိုယ္ရံေတာ္ေလး႐ွိရာသို႔ မရရေအာင္ ျပန္လာေပးခဲ့သည္...

ခ်စ္ျခင္းတရားေတြသည္...ခ်စ္ပံုျခင္း မတူခဲ့ေပမဲ့ အသီးသီးကေတာ့ အခ်စ္ႀကီးခဲ့ၾကပါသည္ေလ...

''ငယ္...''

မ်က္ရည္စေတြၾကားထဲက Jeon'sမ်က္ဝန္းဝိုင္းေလးေတြသည္ ခ်စ္ရည္ရႊန္းလဲ့စြာပဲ ေကာင္ငယ္ေလးကို ေငးၾကည့္ေနေလ၏...မ်က္ဝန္းက်ဥ္းက်ဥ္းေလးေတြ ပြင့္ဟလာသည့္ လက္႐ွိဘဝမွ Jeon၏ငယ္သည္လည္း သူ၏အကိုကို ႏိုးႏိုးခ်င္း ေတြ႔လိုက္ရသည္မို႔ ခႏၶာကိုယ္ထက္မွ နာက်င္မႈေတြကို ေမ့ေလ်ာ့ကာပင္ ျပံဳးျပျဖစ္ခဲ့သည္...

ထိုစဥ္ ခ်စ္ရသူႀကီးက အနားတိုးကပ္လာၿပီး မ်က္ခြံမို႔မို႔ေပၚသို႔  ဖိနမ္းသည္မို႔ ေကာင္ငယ္ေလး၏ ၫြတ္ေနသည့္ ႏႈတ္ခမ္းသားေလးဟာ ပိုလို႔ပင္ တြန္႔ေကြးသြားခဲ့ရသည္...

တျဖည္းျဖည္း အသည္းက ယားလာတာေၾကာင့္ လွဲေနရာက မရမကထကာ ရင္ခြင္က်ယ္ႀကီးထဲ တိုးေလသည့္ ေကာင္ေလးသည္ ထိုရင္ခြင္အား ခပ္ဖြဖြပင္ အနမ္းခိုးေႁခြၿပီး သက္ဆိုင္သူႀကီး ေက်နပ္ေအာင္ စကားတခ်ိဳ႕ကို ခပ္ခြၽဲခြၽဲ ဆိုပါေလသည္...

''အရမ္းးး အရမ္းခ်စ္တာပဲ အကို...''

ရင္ခြင္ထဲက အ႐ွင္ငယ္အခြၽဲေလးေၾကာင့္ ကိုယ္ရံေတာ္ေလးရဲ႕ သေဘာတက် ရယ္ေမာသံဟာ အခန္းငယ္အတြင္း က်ယ္ေလာင္စြာပင္ ျမည္ထြက္လာခဲ့ပါေတာ့ရဲ႕...

Offered Hand_____________________________

ဒီအပိုင္းကို ဘာေတြေရးလိုက္မိမွန္း မသိဘူး😑...အိပ္ငိုက္ေနလို႔...ဟီးးး ဖတ္ရတာ ေထာက္ေနတာေတြ႐ွိရင္ ခြင့္လႊတ္ေပး ပါ ေနာ္...Love you all💜

Offered Hand_____________________________

UNICODE

အရှင့်ကို လေးစားပေးခဲ့ဖူးသည်...ဘေးလူတွေ နှာခေါင်းရှုံ့ကြတာတောင် ငယ်မိတ်ဆွေတွေ ဖြစ်ခဲ့ခြင်းပီပီ နားလည်အပေးဆုံး ကိုယ်လုပ်တော်တစ်ယောက်အဖြစ် ရပ်တည်ခဲ့သည်...

မမေ့ခဲ့ပါဘူး...ကိုယ်ရံတော်လေးအကြောင်း တစ်ခုတစ်လေမေးမိတိုင်း လက်မှာခြစ်ခံရတဲ့ ဓားရာတွေ...Gukကလေလို့ အစချီခေါ်မိတိုင်း ကျောပြင်မှာရိုက်ခံရတဲ့ ကြိမ်ရာတွေ...နန်းဆောင်ကို သွားဂါဝရပြုရင်း ကိုယ်ရံတော်လေးကို ပြုံးပြမိတိုင်း ခြေထောက်နှစ်ချောင်းလုံးမှာ စိုက်ခံရတဲ့ အပ်ရာတွေ...

လိုချင်မိတဲ့ လောဘက တစ်ခုတည်းပါ...Gukကို လိုချင်မိရုံလေး...ခက်သွားတာက Gukဟာ အရှင့်အသက်ဖြစ်နေသည်လေ...ဒါ့ကြောင့် ဖခင်ကို အားကိုးပေမဲ့ အားကိုးရာကိုပါ ဆုံးရှုံးရချိန်မှာတော့ သူမက ယုတ်မာသည့်လမ်းစဉ်ကိုသာ လိုက်နိုင်တော့သည်...

သို့ပေမဲ့လည်း...သို့ပေမဲ့လည်း...အဆုံးထိ Gukက အဲ့ဒီအရှင်ခြေရင်းမှာပဲ ပြားပြားဝပ်ခဲ့တာ...ခေါ်ထုတ်သွားပေးမဲ့ ဒီကအချစ်သမလေး တစ်ယောက်လုံး ရှိနေတာတောင် သူမကို စွန့်ပစ်ပြီး သေပေးသွားခဲ့တာ...မမေ့ပါဘူး...နှစ်ရာကျော်ဖြတ်သန်းခဲ့ရတဲ့ ဘဝတွေတိုင်း...ရောက်လေရာ ဘုံဌာနတိုင်း...ဒီအိပ်မက်ဆိုးတွေကြားမှာပဲ သူမက ရှင်သန်နေခဲ့ရတာလေ...

အခု ပြန်တွေ့ကြတော့လည်း ကံတရားက သူမဘက်မှာ ရှိမနေပြန်ဘူး...လုပ်ယူမှာပေါ့...ဒီဘဝမှာ Gukက Yoonဆိုတဲ့ ဒီကောင်လေးကို တန်းတန်းစွဲချစ်နေရင် သူမက အဲ့အချစ်တွေသေအောင် လက်စဖျောက်ပေးပစ်မှာ...

မေ့မြောနေတဲ့ ဖြူလွလွကောင်လေးကိုကြည့်ပြီး ပြုံးနေမိသည်...ဘယ်လိုလဲ...အရင်က လက်ညှိုးငေါက်ငေါက်ထိုး ဓားတရမ်းရမ်း လုပ်ခဲ့တဲ့ အရှင်က အခုတော့ ဆေးရုံခုတင်ပေါ်မှာ အမေအရင်းရဲ့ ရိုက်ချက်တွေကြောင့် သတိတောင် မကပ်ရှာတော့ဘူးတဲ့လေ...သူမအချစ်ကျိန်စာတွေ စူးနေတဲ့ တချိန်က အရှင်ကြီးရဲ့ အခုလိုပုံစံကိုမြင်ရတော့ သဘောတွေကျရောပါပဲ...

''ငါ့အလှည့်ပေါ့ Min Yoongi...နာကျင်မှုတွေကို ခံစားပေးပါဦး...''

မျက်နှာပေါ် အုပ်ထားတဲ့ အောက်ဆီဂျင်ပိုက်ကို သူဖြုတ်လိုက်သည်...နှလုံးခုန်စက်က အသံလေးတွေ ထွက်လာသည်...သူမရယ်ရင်း ကောင်လေးရဲ့လက်ကို ဆွဲယူပြီး လက်ကောက်ဝတ်ထပ် ဘလိတ်ဓားနဲ့ ခပ်နစ်နစ် လှီးချလိုက်သည်...ဖြစ်ချင်ရာဖြစ်လိုက်တော့...သူမကတော့ ဓားကိုပြန်သိမ်းရင်း ထိုအခန်းထဲမှ ထွက်လာဖို့သာ ပြင်လိုက်တော့သည်...

သေပေး Min Yoongi...ငါ့အတွက်...နင်နှိပ်စက်ခဲ့တဲ့ တခြားသူတွေအတွက် သေပေးလိုက်တော့...

ဘလိတ်ဓားလေးကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်...ယခုအိမ်ပြန်မည်...ပြီးမှ ဘာမှမသိခဲ့သလို ဆေးရုံကို ပြန်လာမည်...ငိုနေမဲ့ Gukကို နှစ်သိမ့်ပေးနေရင်း Min Yoongiသေဆုံးကြောင်း ထွက်လာမဲ့ Result Timeကို အသင့်စောင့်နေရုံပဲ...အဟား...ကိုယ်တွေနိုင်တဲ့ အလှည့်မို့လားမသိ...အတော်တော့ ပျော်ဖို့ကောင်းနေသည်...

- Offered

Hand -

ပြေးလွှားနေတဲ့ ဆရာဝန်တွေကြားထဲ မျော့လျလျကိုယ်လေးဟာ အသက်တောင်ရှူတော့ရဲ့လားမသိ...သွေးတွေအများကြီး ထွက်နေတာ...သွေးတွေအများကြီး ထွက်နေခဲ့တာ...မွေ့ယာဖြူဖြူပေါ် အိုင်ထွန်းနေအောင်အထိ လက်ကောက်ဝတ်က ဓားဖြတ်ရာက နစ်နေခဲ့တာတဲ့...

သူနာပြုဆရာမ ပြောသွားတဲ့ အဲ့ဒီစကားကို ပြန်ကြားရချိန်တိုင်း...နှလုံးခုန်စက်ရဲ့ ဆွဲအားကြောင့် ကျောပြင်သေးသေးလေး မွေ့ယာနဲ့ လွတ်သွားတိုင်း...မရလောက်တော့ဘူးလို့ ဆရာဝန်တွေဆီက အသံထွက်လာတိုင်း...Jae YuHarကို သွားသတ်ချင်စိတ်ဟာ ထိန်းမရခဲ့ပါ...

''မရဘူး...နှလုံးက အလုပ်မလုပ်တော့ဘူး...''

ဒူးထောက်လျက်သားပင် ကျသွားရတော့သည်...မဖြစ်နိုင်တာ...မဖြစ်နိုင်ပါဘူး...ငယ်က...ငယ်က သူ့ကို ထားသွားမဲ့သူမှ မဟုတ်တာပဲ...

ယောင့်ယက်ခပ်နေသော စိတ်အစဉ်နဲ့ ကြမ်းပြင်ပေါ်မှ Jeonဟာ မျက်ရည်တွေ တတောက်တောက်ကျလျက်...မဖြစ်နိုင်ဘူးလို့ တဖွဖွရေရွတ်ကာ အမှန်ပူလောင်နေရှာသည်...

ရုတ်တရက် Jeonက မတ်တပ်ထရပ်၏...ငြိမ်ကျသွားတဲ့ အခန်းတွင်းကို အမြန်ဝင်ရင်းက သွေးစက်တွေနဲ့ လက်ဖဝါးပြင်လေးအား တယုတယ ဆုပ်ကိုင်ပစ်သည့် Jeonသည် နွေးထွေးမှုတွေကို ခံစားနေရဆဲမို့ လက်မလျှော့ခဲ့ပါ...လက်လျှော့ဖို့ရာကို နည်းနည်းလေးတောင် မတွေးဖြစ်ခဲ့ပါလေ...

''ငယ်...ကိုယ့်အသံကို ကြားရတယ်မဟုတ်လားဟင်...ငယ်ကြားနေရတယ်မို့လား...ကိုယ့်ဆီပြန်လာပါ...ကိုယ့်ဆီပြန်လာပေးပါ ငယ်ရယ်...ငယ့်အနားမှာ ကိုယ်ရှိနေတယ်လေ...ကိုယ်ကအမြဲရှိနေပေးမှာ...ထာဝရအတွက်...ထာဝရအတွက် ချစ်တယ်လေ ငယ်ရဲ့...''

တစ်ယောက်တည်း စကားတွေပြောနေတဲ့ Jeonက ဘေးလူတွေအမြင်မှာ သနားစရာ...ပျော့ဖတ်နေတဲ့ လက်လေးကို ဇွတ်အတင်း ဆုပ်ကိုင်ပြီး ပါးမှာကပ်စေလို့ ငိုနေသည်မှာ ရင်ကွဲစရာက ကောင်းနေသည်ကိုး...အခန်းထဲကို ဒရောသောပါး ပြေးဝင်လာတဲ့ YuHarက မဲ့ပြုံးတွေနဲ့...သို့သော် ချက်ချင်းမျက်နှာလေးငယ်ကာ ငိုမဲ့မဲ့လေးအဖြစ် ပြောင်းလဲပစ်ခဲ့သည်...တချိန်က ဖြူစင်ခဲ့တဲ့ Jae YuHarဟာ အခု လူစားလဲသွားခဲ့ပါပြီ...

''ငယ်...ကိုယ်တောင်းပန်ပါတယ်...ကိုယ့်ဆီပြန်လာခဲ့ပါနော်...ကိုယ့်လက်ကို ပြန်ဆုပ်ကိုင်ပေးပါဦး...ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး...Yoon!!!!!! ''

Ti Ti Ti

ကိုယ်ရံတော်လေးရဲ့ အော်ဟစ်မြည်တမ်းသံက အရှင့်ရဲ့ဝိဉာဉ်ငယ်ကို ပြန်လည်အသက်ဝင် နိုးထစေခဲ့သည်...Min Yoongiဆိုသော အရှင်သည် ကိုယ်ရံတော်လေးနဲ့ ပတ်သက်လာလျှင် နည်းနည်းလေးပင် အထိခိုက်မခံခဲ့သလို Yoonဟု တစ်ချက်သာ ခေါ်ပေးလိုက်...ရောက်လေရာအရပ်က ပြန်ပြေးလာတဲ့အထိ အချစ်ကြီးလွန်းသူပါလေ...

ဆရာဝန်တွေ သူနာပြုတွေက တအံ့တသြ...Jae YuHarက ပြောစရာစကားမဲ့နေသည်...Jeonသည်​တော့ သူ့လက်ကို ပြန်လည်ဆုပ်ကိုင်လာပေးသော လက်ဖဝါးပြင်လေးအား တရံှု့ရံှု့နမ်းကာ ကျေးဇူးတင်စကားတွေ ဆိုနေလေ၏...

တိမ်တွေထဲမှာ မြောနေတဲ့ ​ကောင်ငယ်​လေးသည် ဟိုပြေးရမလို ဒီပြေးရမလို ယောင့်ယက်တခပ်ခပ်...ထိုစဉ် ရှေ့တည့်တည့်မှာ ပေါ်လာသော နဂါးဝတ်ရုံနဲ့ လူတစ်ယောက်ကြောင့် ကြောက်ရွံ့စွာ ခြေလှမ်းတွေကို တန့်မိလေသည်...

''ဟင်?...''

နန်းဝတ်နန်းစားနဲ့ ထိုသူက မိမိရုပ်နှင့် တစ်ပုံစံတည်း တူနေသည့်အခါ ကောင်ငယ်လေး ပို၍လန့်ရရှာသည်...ထိုသူ့ရဲ့ စူးရှရှ မျက်ဝန်း​တွေက ကောင်ငယ်လေးကို အသေအချာပင် စိုက်ကြည့်နေခဲ့သည် မဟုတ်လား...

''ဘယ်...ဘယ်သူလဲဟင်...''

''ပြန်သွား...''

အေးစက်စက် ပြန်ထွက်လာသည့် အသံက ကျောချမ်းစေသည်...ပြန်သွား?...ဘယ်ကိုသွားရမှာလဲ ကောင်လေးဟာ မသိရှာ...

''ဘာ...ဘာကိုပြောချင်တာလဲ...''

''သူ့ဆီကို ပြန်သွားပါ Yoongi...ပြန်သွားပေးပါ...သူက...သူက မင်းကိုချစ်တယ်လေ...မင်းကိုအရမ်းချစ်တာမို့ သူ့ဆီပြန်သွား!...''

တောင်းဆိုရာမှ အမိန့်တွေဆန်လာသည့် ထိုစကားတွေက ကောင်ငယ်လေးကို ပိုရှုပ်ထွေးစေသည်...မျက်ရည်စတွေနဲ့ မျက်ဝန်းနီနီကို နားမလည်သလို စိုက်ကြည့်နေတုန်းမှာပဲ အနောက်ဘက်က အသံထွက်လာတာမို့ သူလှည့်ကြည့်လိုက်ရသည်...

''ငယ်...''

''အကို!..."

တိမ်ဖြူဖြူတွေကြားထဲ အကိုကပြုံး၍ကြည့်နေ၏...ထို့နောက် သူ့ဆီကို လက်လှမ်းလာသည်...သူအကို့လက်ကို စူးစိုက်ကြည့်လိုက်မိသည်...

''မင်းအတွက် လက်တစ်စုံကို ကမ်းလင့်ကြိုမှာမို့ မြဲမြံအောင် ဆုပ်ကိုင်ထားပေးပါ ငယ်...လာပါ...''

အကို့စကားသံတွေက နားထဲမှာ ရှင်းရှင်းလင်းလင်း...ပျော်လွန်းလို့ ရူးမတတ် ဖြစ်နေရတာမို့ မျက်ရည်တွေ ဝဲလာရင်းက သူအကို့လက်ကို ဆုပ်ကိုင်လိုက်သည်...နွေးခနဲဖြစ်သွားသည့် အထိအတွေ့က သူ့အား အများကြီး ပျော်မွေ့စေပါသည်...အနောက်သို့ ပြန်လှည့်ကြည့်လိုက်တော့ အစောက နဂါးဝတ်ရုံနဲ့ ထိုသူက ပြုံးရင်းကြည့်နေသည်...သူပြန်ပြုံးခဲ့လိုက်သည်...နောက်ဆုံးတော့...အကို့နောက်ကို သူပြန်လိုက်လာခဲ့နိုင်တာပဲ...

ကျေးဇူးတင်ပါတယ် အကို...အနားမှာ အမြဲရှိနေပေးခဲ့လို့ အများကြီး ကျေးဇူးတင်ရပါတယ်...ပြီးတော့ အရမ်းလဲချစ်တယ်...

- Offered

Hand -

Jae YuHarနဲ့ မျက်နှာချင်းဆိုင်ထိုင်နေရင်းက အကြည့်စူးစူးတွေကို ထုတ်လွှတ်ထားသည့် Jeon၏ ဘေးပတ်ပတ်လည်မှာ ဒေါသအငွေ့တွေဟာ တဝေ့ဝေ့ လှည့်ပတ်နေသည်...ဘာမှလုပ်မထားသလို အမူအရာမျိုးနဲ့ လာပြီးမျက်နှာပြောင်တိုက်ပြနိုင်တဲ့ Jae YuHarကို Jeonသြချလို့မဆုံး...

**တချို့အစွဲကြီးတဲ့သူတွေက စကားနဲ့သတ်ရုံတင် သေတတ်တယ်...**

ခေါင်းအေးအေးနဲ့ သေချာစဉ်းစားယူရသည်...သွေးပူနေရင် မကောင်းတာတွေ ဖြစ်ကုန်မှာစိုး၍ သေချာလေး စဉ်းစားနေရသည်...စဉ်းစားနေရင်းပဲ ဟာရီနာရဲ့ စကားတွေက အာရုံထဲ ပြန်တိုးဝင်လာတာမို့ Jeonဟာ အဖြေကို လုံးဝရှာနိုင်သွားခဲ့ပြီ...လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း Jeonလုပ်စရာရှိတာကို ဆက်လုပ်မည်...

''ငါနဲ့လိုက်ခဲ့ YuHar...''

ဆက်ခနဲတုန်သွားသည့် YuHarသည် ထထွက်သွားတဲ့ Jeon'sနောက်ကို ရင်တထိတ်ထိတ်နဲ့ လိုက်သွားခဲ့သည်...သူမက အပြစ်ကျူးလွန်ထားသူ မဟုတ်ပါလား...ဤသို့ ထိတ်လန့်စွာပဲ လိုက်သွားပြီးနောက် အခန်းအပြင်သို့ ရောက်သွားကြတာနဲ့ Jeonက YuHarကို စူးစူးရဲရဲ စိုက်ကြည့်သည်...ထို့နောက်ပြော၏...

''နင်လုပ်တာ ငါသိတယ်...''

''Guk!..."

သေအောင်ပူရပါပြီ...Jae YuHarသည် ရိုးရိုးလေးပဲ တွေးထားခဲ့တာ...ဆေးရုံစောင့်နေရင်းက အရေးကြီးကိစ္စပေါ်လာလို့ အိမ်ပြန်သွားခဲ့ပြီး ကျန်တာဘာမှမသိပါဘူးလို့ ဖြောင့်ချက်ပေးဖို့ ကြိုးစားခဲ့တာ...သို့ပေမဲ့ ထိပ်ကပိတ်ပြောလိုက်သည့် Gukစကားဟာ နှလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်...သူမလုပ်ခဲ့တာတွေကို Gukက သိသည်တဲ့လေ...

''ငါပြောတာကို နင့်ဦးနှောက်ထဲ တစ်သက်လုံး ရိုက်ထည့်ထား Jae YuHar...ငါနင့်ကို လုံးဝချစ်လာမှာမဟုတ်ဘူး...အခုဆို ရွံကိုရွံသွားပြီလို့ ပြောလို့ရတယ်...ငါ့မျက်စိရှေ့ ထပ်ပေါ်မလာနဲ့...ပေါ်လာရင် ငါသတ်မိမှာစိုးလို့...ငါနင့်ကိုမုန်းတယ် Jae YuHar...သတ်ပစ်ချင်လောက်အောင်မုန်းတယ်...ငါနဲ့ထပ်ပြီး မပတ်သက်ပါနဲ့...ထပ်ပြောမယ်...ငါနင့်ကိုရွံတယ်...''

စကားတွေဟာ ထိရောက်လွန်းပါသည်...နင့်နင့်နဲနဲ ချစ်ခဲ့ရတဲ့ ကိုယ်ရံတော်လေးက ထိထိမိမိ ပြောပေးသွားတော့ Jae YuHarတို့ ရင်ကွဲရပါပြီ...ပိုင်ဆိုင်ချင်စိတ်တွေက အပျက်ပျက်အသုဉ်းသုဉ်း...ကိုယ်ရံတော်လေးက မုန်းတယ်ဆိုမှတော့ အချစ်ကြီးလွန်းတဲ့ ဒီမိန်းမသားက ရင်ကွဲသေပေးရုံပဲ တတ်နိုင်တော့တာပေါ့...

ရွံစရာရှာစရာ သတ္တဝါတစ်ကောင်လို စူးစူးစိုက်စိုက်ကြည့်ပြီးသည်နှင့် ကိုယ်ရံတော်လေးက ထွက်သွားခဲ့သည်...နှလုံးသည် အလုပ်မလုပ်ချင်တော့လောက်အောင် မောပန်းလာ၏...အချစ်လောဘတွေကြောင့် နှလုံးကွဲပြီး သေရမည်ဆိုတာ သူမနဲ့မှ လက်တွေ့ဖြစ်လာတော့မည် ထင်ပါသည်...ခေတ်စကားနဲ့ဆို Heart Attackလို့ ဆိုရမလား...

''အင့်...''

နံရံကို ကျောမှီချလိုက်သည်...အသက်ရှူရခက်ခဲလွန်းလို့ ရင်ဘတ်ကို လက်နဲ့ဖိထားခဲ့ပေမဲ့ စီးကျလာခဲ့ရတဲ့ မျက်ရည်တစရပ်နဲ့အတူ နာကျင်မှုတွေက ခန္ဓာကိုယ်အတွင်းထဲသို့ လှည့်၍လှိုက်စားလာသည်...ကိုယ်ရံတော်လေးသည် အဆုံးထိ အရှင့်ကိုပဲ ရွေးချယ်သွားခဲ့၏...

ရင်နာစရာကောင်းတဲ့ ကိုယ်လုပ်တော်မိန်းမပျိုရဲ့ ကျိန်စာတွေဟာ ပြင်းပြတဲ့ ကိုယ်ရံတော်လေးအချစ်တွေကြောင့် တစစီပင် ပြိုပျက်ခဲ့ရလေပြီ...အရှင့်ကို ရင်နာစေဖို့ ကိုယ်လုပ်တော်လေးက ရည်ရွယ်ထားခဲ့ပေမဲ့ လက်တွေ့ရင်နာစရာ ကောင်းသွားတာက အရှင့်ချစ်ခြင်းတွေ မဟုတ်ပဲ ထိုမိန်းမပျိုလေးသာ ဖြစ်သွားခဲ့ရှာသည် မဟုတ်ပါလား...

လက်သန်းချင်းယှက်ပြီး ပေးထားခဲ့တဲ့ ကတိတွေအတိုင်း ကိုယ်ရံတော်လေးက အရှင့်ကို အမြဲကာကွယ်ပေးခဲ့တဲ့ ထာဝရကိုယ်ရံတော်လေးတစ်ဦးအဖြစ် ရပ်တည်ပြခဲ့သည်...

အရှင်သည်လည်း အဝေးဆုံးတစ်နေရာမှာ ရောက်နေခဲ့သည်တောင် Yoonလို့ ကိုယ်ရံတော်လေးက ​အော်ခေါ်လိုက်တာနဲ့ ကိုယ့်စိတ်ကို ပြန်သတိပေးရင်း ကိုယ်ရံတော်လေးရှိရာသို့ မရရအောင် ပြန်လာပေးခဲ့သည်...

ချစ်ခြင်းတရားတွေသည်...ချစ်ပုံခြင်း မတူခဲ့ပေမဲ့ အသီးသီးကတော့ အချစ်ကြီးခဲ့ကြပါသည်လေ...

''ငယ်...''

မျက်ရည်စတွေကြားထဲက Jeon'sမျက်ဝန်းဝိုင်းလေးတွေသည် ချစ်ရည်ရွှန်းလဲ့စွာပဲ ကောင်ငယ်လေးကို ငေးကြည့်နေလေ၏...မျက်ဝန်းကျဉ်းကျဉ်းလေးတွေ ပွင့်ဟလာသည့် လက်ရှိဘဝမှ Jeon၏ငယ်သည်လည်း သူ၏အကိုကို နိုးနိုးချင်း တွေ့လိုက်ရသည်မို့ ခန္ဓာကိုယ်ထက်မှ နာကျင်မှုတွေကို မေ့လျော့ကာပင် ပြုံးပြဖြစ်ခဲ့သည်...

ထိုစဉ် ချစ်ရသူကြီးက အနားတိုးကပ်လာပြီး မျက်ခွံမို့မို့ပေါ်သို့  ဖိနမ်းသည်မို့ ကောင်ငယ်လေး၏ ညွတ်နေသည့် နှုတ်ခမ်းသားလေးဟာ ပိုလို့ပင် တွန့်ကွေးသွားခဲ့ရသည်...

တဖြည်းဖြည်း အသည်းက ယားလာတာကြောင့် လှဲနေရာက မရမကထကာ ရင်ခွင်ကျယ်ကြီးထဲ တိုးလေသည့် ကောင်လေးသည် ထိုရင်ခွင်အား ခပ်ဖွဖွပင် အနမ်းခိုးခြွေပြီး သက်ဆိုင်သူကြီး ကျေနပ်အောင် စကားတချို့ကို ခပ်ချွဲချွဲ ဆိုပါလေသည်...

''အရမ်းးး အရမ်းချစ်တာပဲ အကို...''

ရင်ခွင်ထဲက အရှင်ငယ်အချွဲလေးကြောင့် ကိုယ်ရံတော်လေးရဲ့ သဘောတကျ ရယ်မောသံဟာ အခန်းငယ်အတွင်း ကျယ်လောင်စွာပင် မြည်ထွက်လာခဲ့ပါတော့ရဲ့...

Offered Hand_____________________________

ဒီအပိုင်းကို ဘာတွေရေးလိုက်မိမှန်း မသိဘူး😑...အိပ်ငိုက်နေလို့...ဟီးးး ဖတ်ရတာ ထောက်နေတာတွေရှိရင် ခွင့်လွှတ်ပေး ပါ နော်...Love you all💜

Offered Hand_____________________________

Continue Reading

You'll Also Like

56K 3.3K 53
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
544K 32K 64
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
30K 6.6K 38
tk sinhala
13K 1.7K 12
That's my first creation and just a dicky one. It makes no sense. Don't fucking read it!