ကမ်းမဲ့လက်//ကမျးမဲ့လကျ(Comple...

By YOonKOok-Layer

12.6K 1.6K 627

မင်းအတွက် လက်တစ်စုံကို ကမ်းလင့်ကြိုမယ်~ မြဲမြံအောင် ဆုပ်ကိုင်ထားပေးဖို့တော့ မမေ့ပါနဲ့~ OTP-YOONKOOK TOP-JEON... More

Prologue
I
II
III
IV
V
VI
VII
VIII
IX
X
XI
XII
XIV
XV
Epilogue

XIII

531 87 19
By YOonKOok-Layer

ZAWGYI













''ဘာဖွက်လိုက်တာလဲ Jeon...''





''ဘာများလဲ Yoonရဲ့...''




''အော်...''


''ချစ်တယ် Jeon...''


- Offered

Hand -


''Guk...''


''ကိုယ်လုပ်တော် YuHar...''





''Jeon JeongGuk!!!!!"






''အင့်...''




''အ..ရှင်...''



''..........''









ဟော...တွေ့လိုက်ရပါပြီတဲ့...သတင်းပေးဆိုသူက အရှင့်ဘဝကြီးဖြစ်နေခဲ့တာ...အရှင့်ဝိဥာဉ်ခွဲလေး ဖြစ်နေခဲ့တာ...ခံရခက်လွန်းနေတာတောင် အခုထိ အချိန်ဆွဲပေးနေသေးတာကို ငိုနေရုံကလွဲ အသက်ကလေးက ဘာမှမပြောဘူးတဲ့...အရှင်သေသာသွားလိုက်ချင်တော့သည်...




ဝုန်း!!! ချွမ်!!!

















Jae YuHarမျက်နှာဟာ အပျက်ပျက်အယွင်းယွင်း...စစ်သူကြီးနဲ့ ကိုယ်ရံတော်လေးသည် စတင်တိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ...ကိုယ်ရံတော်လေးကို အထိခိုက်မခံစေချင်သည့် Jae YuHarသာ တစ်ယောက်တည်း ကမ္ဘာတွေပျက်လျက်...သူမကို မရွေးချယ်ခဲ့သည်ကြောင့် နှလုံးအိမ်နာကာ ကြမ်းပြင်ပေါ်မှာ လဲကျနေရသည်...


Offered Hand_____________________________

Double😉...အော် ဒါနဲ့...







Offered Hand_____________________________

UNICODE

အရှင့်ရဲ့ ချစ်ခြင်းတရားတွေက ကိုယ်ရံတော်လေးအပေါ်မှာ သိပ်၍သက်ရောက်ခဲ့သည်...

အတည်ချစ်ပြီး အတည်သည်းပြတတ်တဲ့ ဘုရင်...ဘယ်မိန်းမ ဘယ်ယောကျာ်းမှ မျက်စလေးတောင် မပစ်ဖူးပါပဲ ဒီကိုယ်ရံတော်လေးနဲ့မှ တန်းတန်းစွဲတွေ ဖြစ်ရတဲ့ဘုရင်...

သူ့ကိုနှာခေါင်းဝိုင်းရှုံ့ကြလဲ မမှုပဲ ဒီကိုယ်ရံတော်လေးကို အချစ်မပြတ် ချစ်ပေးခဲ့တဲ့ ဘုရင်...ကြိုက်တဲ့သူအတင်းကိုပြော...ကိုယ့်ကိုပြောရင်တောင် ခပ်လှောင်လှောင်အပြုံးလေးနဲ့ပဲ ပြန်ကြည့်ပေးတတ်ပေမဲ့ ကိုယ်ရံတော်လေးကို ထိပါးလာရင်တော့ ဆွေစဉ်မျိုးဆက် အမြစ်ဖြတ်ပြစ်တတ်တဲ့ဘုရင်...

ချစ်တယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အမျိုးမျိုးတွေ ဆိုးသွမ်းပြပြီး ကိုယ်ရံတော်လေးအတွက် လိုလေသေးမရှိ ဒီဘုရင်က ထားပေးခဲ့တာ...ငါ့Jeonဆိုပြီး ပိုင်ဆိုင်ကြောင်းလေး ပြလိုက်ရချိန်တိုင်း အသေအလဲတွေကျေနပ်...အပြုံးမပျက်ပဲ ဘုရင့်ဣနြေ္ဒတောင် မထိန်းနိုင်ခဲ့တာ...

အို...ဒီအရှင် ဘယ်လောက်ထိ ကိုယ်ရံတော်လေးကိုချစ်သလဲ...မေးစရာပင်မလို...ဖြေစရာတွေမဆုံးအောင်ထိ Min Yoongiက Jeon JeongGukကိုချစ်တာ...

ဒီချစ်ခြင်းတွေအတွက် အများကြီးမိုက်မဲပစ်ခဲ့လို့ အရှင်ငယ်လေးက သေဆုံးပြီး ဘဝဆက်တိုင်းမှာတောင် ဝဋ်ကြွေးတွေနှစ်ရာချီခံစားပေးခဲ့ရသည် မဟုတ်လား...

သို့ပေမဲ့ အရှင့်ရဲ့ ကိုယ်ရံတော်လေးအပေါ်ထားတဲ့ ချစ်ခြင်းတရားက ဘာနဲ့ပဲဖျက်ဖျက် သံချေးတက် ပြတ်သွားခဲ့တာမှ မရှိတာ...ဒီအရှင်ဒီသခင်ဒီဘုရင်က အဲ့လောက်အထိ အချစ်ကြီးပြခဲ့တာ...

အဲ့လိုအချစ်တွေကြီးလွန်းလို့ ချစ်ခြင်းနတ်ဘုရားကကို ကြောက်လန့်ပြီး အလျင်အမြန် ဒဏ်ခတ်ပစ်ခဲ့တာကတော့ အရှင့်အတွက် ရင်နာစရာပေါ့...

တကယ်​တော့...အရှင်ကမှ သိပ်သနားစရာ ကောင်းခဲ့တာပါ...

လျှို့ဝှက်စာဆိုပြီး ရောက်လာတာကြောင့် ကိုယ်ရံတော်လေး ကြောင်အရသည်...စာလေးကိုဖွင့်ကြည့်တော့ အထဲမှာ ရေးထားတာက သန်းခေါင်ယံညဥ့်အချိန် ရေကန်တော်ရှေ့က မိုးမခပင်ကြီးအောက်မှာ လာတွေ့ပေးပါတဲ့...

''Jeon...ကိုယ်တော့်ကို ဝတ်ရုံတော်လွှာပေးဦး...''

စာဖတ်နေတုန်း အနောက်က အရှင်ရောက်လာတာကြောင့် အရှင့်ကိုယ်ရံတော်လေးမှာ ဆက်ခနဲတုန်ရင်း အနောက်ကို လှည့်ကြည့်လိုက်ရသည်...စာကိုလည်း ဝတ်ရုံထဲ အမြန်ဖွက်လိုက်လေ၏...အရှင်က မျက်မှောင်ကြုတ်လို့ကြည့်ပြီး စူးစမ်းသည်...

''ဘာဖွက်လိုက်တာလဲ Jeon...''

''ဘာမှမဖွက်ပါဘူး Yoonရဲ့...ဝတ်ရုံမှာ အကောင်ကပ်နေတာလားလို့ပါ...''

အရှင်ကယုံပေးသည်...ကိုယ်ရံတော်လေးနဲ့ ပတ်သက်ရင် ထိုဘုရင်က ဤမျှအထိ အလွန်အကြူး...ကိုယ်ရံတော်လေးသည်လည်း အရှင့်ကို အာရုံလွှဲလိုက်ချင်တာကြောင့် နဂါးဝတ်ရုံတော်အား အမြန်ယူကာ အရှင့်ကိုယ်ပေါ်သို့ သေချာလွှာခြုံပြီး ဆင်ပေးလိုက်လေရဲ့...

Jeonမပြောပြချင်လို့တော့ မဟုတ်ပါ...တဖက်က မည်သူတစ်ဦးတစ်ယောက်မှ မသိစေချင်၍ လျှို့ဝှက်ပေးပို့ထားသည် မဟုတ်လား...ထို့ကြောင့် အရှင့်ကိုလည်း အသိမပေးသေးပဲ Jeonသွားကြည့်ဦးမည်...ပြီးမှ ကြုံခဲ့ရသည့် ဖြစ်ကြောင်းကုန်စဉ် အရှင့်ကို ပြန်ပြောပြလိုက်ရင်လည်း အဆင်ပြေသည်လေ...

''ဒါနဲ့...ကိုယ်တော်ဒီနေ့ သတင်းအကြီးကြီးတစ်ခုကို ရထားတယ်သိလား...''

''ဘာများလဲ Yoonရဲ့...''

ကြေးမုံပြင်ကြီးရှေ့ ရှေ့နောက်ရပ်နေကြရာမှ ဝတ်ရုံနောက်ဘက်ကကြိုးတစ်ချောင်းကို ချည်ပေးနေတုန်း အရှင်က နောက်သို့မှီချလေတော့ ကိုယ်ရံတော်လေးလည်း အလုပ်တွေကိုရပ်ကာ အရှင့်ခါးလေးကိုဖက်ရင်း ရင်ခွင်ထဲသွင်းပစ်ရသည်...

ပခုံးပေါ် မှီလှဲလာတဲ့ မျက်နှာအိအိလေးထက် ခပ်ဖွဖွလေး လိုက်မွှေးကြူသည့်အခါ ထွက်လာသည့် တခစ်ခစ်ရယ်သံတွေက အရှင့်ဖြစ်တည်မှုများနဲ့ မလိုက်သော်ငြား ကိုယ်ရံတော်လေးက သိပ်သဘောကျသည်...

''သစ္စာဖောက်တွေလေ...ဒီနေ့ ကိုယ်တော်မိအောင်ဖမ်းမှာ...''

''အော်...''

ကိုယ်ရံတော်လေးက ငြိမ်သွားသည်...စကားမဆက်တော့ပဲ အရှင့်ပါးပြင်လေးကိုသာ ထိတယ်ဆိုရုံလေး လိုက်ထိကပ်နေပုံက အသည်းယားစရာ...သုံးလောကအရှင်ကြီးခမျာ ရင်တွေဖိုရပြန်ပါပြီ...

''ချစ်တယ် Jeon...''

အရှင့်ဆီက ခပ်တိုးတိုး ထိုအသံသည် အမြဲလေးနက်မှုတွေ ပြည့်နှက်နေခဲ့၏...ထိုစကားကိုပြောပြီးတိုင်း ငါ့ကိုထားမသွားရဘူးနော်ဆိုပြီး ချုပ်နှောင်တတ်ပြန်သည့် ထိုအရှင်က ဆိုးသွမ်းနေတာ ဒီကိုယ်ရံတော်လေးကို သိပ်ချစ်လွန်းလို့ပါ...

- Offered

Hand -

မှောင်ရိပ်ကျနေသည့် အပင်ကြီးအောက်တွင် လရောင်အနည်းငယ် ဖြာကျနေသည်ကြောင့် အလင်းရောင်ဟူသည် မှိန်ပျပျတော့ရ၏...Jeonမိုးမခပင်အောက် ရောက်တာနဲ့ ဘေးဘီကိုတချက်ကြည့်လိုက်သည်...ရှင်းလင်းတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှတော့မရှိ...Jeonမျက်ခုံးကျုံ့မိလေသည်...

''Guk...''

ခေါ်သံတစ်ခုကြောင့် Jeonနောက်သို့ လှည့်ကြည့်လိုက်သည်...ဂါဝန်ဝတ်ထားသည့်အရ သူ့ကိုခေါ်​ယူတာ မိန်းကလေးမှန်း Jeonသိလိုက်ပါ၏...ထိုစဉ် ထိုမိန်းကလေးမျက်နှာပေါ်က ပဝါစလေး နောက်သို့လန်ကျသွားတာနဲ့ အေးချမ်းနေတဲ့ Jeonမျက်နှာက ချက်ချင်းအပူရိပ်တွေ တက်သွားရလေသည်...

''ကိုယ်လုပ်တော် YuHar...''

''အဲ့လိုမခေါ်ပါနဲ့...ကျွန်တော်မျိုးမက အခု ကိုယ်လုပ်တော်မဟုတ်တော့ပါဘူး...''

Jeonသည် တန်းပြီးအဖြေမပေးနိုင်...သူ့ကိုလျှို့ဝှက်တွေ့ချင်တာက တိုင်းပြည်ရဲ့ သစ္စာဖောက်တဲ့လား...တခြားသူဆိုရင်တော့ ဓားထုတ်ဖမ်းဆီးပစ်လိုက်ပြီဖြစ်ပေမဲ့ သူ့မိခင်ကို ကယ်ပေးဖူးတဲ့သူဖြစ်နေတော့ Jeonကြောင်ကြည့်နေရုံကလွဲ မတတ်နိုင်...

''ကျွန်တော်မျိုးမ Gukကို ပြောစရာလေး ရှိနေလို့ အခုလို ခေါ်တွေ့လိုက်ရတာပါ...ကျွန်တော်မျိုးမလေ...Gukကို မေတ္တာသက်ဝင်နေတာ ကြာခဲ့ပါပြီ...ဒီစကားကို ပြောချင်နေခဲ့တာ...ကျွန်တော်မျိုးမ ပြောချင်နေခဲ့တာ Guk...''

မျက်ရည်တွေဝဲလျက် ရင်ခွင်ထဲတိုးဝင်လာသော ကိုယ်လုံးသေးသေးလေးကြောင့် ကိုယ်ရံတော်လေးမှာ ရုန်းရအခက် တွန်းရအခက်...တစ်ဖက်သားက မိန်းကလေးမို့ ကိုယ်ရံတော်လေးခမျာ ဗျာများရပြီ...

''Jeon JeongGuk!!!!!"

ဟိန်းခနဲ ထွက်လာသည့် အော်သံသည် ကိုယ်ရံတော်လေးအား လုံးဝကို တုန်လှုပ်သွားစေ၏...မီးတုတ်တွေ မီးအိမ်တွေ ကိုင်ဆောင်ထားကြသော ဘေးပတ်ပတ်လည်က မှူးမတ်တွေအလည် စူးရဲရဲ မျက်ဝန်းနီနီသည် Jeonအား ပေါက်ထွက်မတတ်ကို စိုက်ကြည့်နေခဲ့သည်...ဘာတွေဖြစ်ကုန်တာလဲ...အရှင်ဘယ်လိုသိပြီး ရောက်လာတာလဲ...Jeonအပူတွေ တိုးရပါပြီ...

''ငါကတော့...ငါကတော့ ချစ်လိုက်ရတာ...မင်းက သစ္စာဖောက်ရက်တယ်ပေါ့...''

Jeonဆီမှ အသံကထွက်မလာခဲ့...မဟုတ်ကြောင်းပါဟု အော်ဟစ်ငြင်းပစ်လိုက်လို့ ရပေမဲ့ အရှင့်ပါးပေါ် ဖြတ်စီးကျလာတဲ့ မျက်ရည်စတွေကို မြင်ရတဲ့အခါ Jeonနှလုံးပင် ရပ်ချင်ရပါပြီ...အရှင်သည် အမှန်ကို ငိုပြခဲ့၏...

''မင်းလဲသစ္စာမရှိဘူး Jeon...''

အရှင်က လှည့်ထွက်သွားသည်...အခြားသော ရဲမက်တွေက Jeonကို ဝိုင်း၍ဖမ်းချုပ်လာကြသည်...Jeonသည်မရုန်း...Jeonသည်မငြင်းဆို...တုန်ရီစွာ ထွက်သွားသည့် ကျောပြင်ငယ်ကို ငေးကြည့်ရင်းသာ ကိုယ်တိုင်မျက်ရည်ကျရတော့သည်...

''အင့်...''

နန်းရင်ပြင်အလယ်မှာ ဒူးထောက်လျက်သား ကျသွားကြသည်...ကိုယ်ရံတော်လေးနှင့် အရှင့်မိတ်ဆွေဖြစ်ခဲ့ဖူးသည့် Jae YuHarတို့သည် ဘေးချင်းကပ်လျက်...အရှင်မျက်လုံး စူးလာတာမို့ ပလ္လင်အောက်ကို ဆင်းလာကာ ကိုယ်တိုင်ပဲ လူချင်းအား ဆွဲခွာပစ်လေသည်...နာကျည်းချိန်ကို ရောက်နေတာတောင် အရှင်က အဲ့လိုသဝန်ကြောင်သေးတာ...

''Jeon...ငါမင်းကိုချစ်ခဲ့တယ်...အရမ်းချစ်ခဲ့တာ...''

ကိုယ်ရံတော်လေးနဲ့ မျက်နှာချင်းဆိုင် ဒူးထောက်ထိုင်ချရင်း အရှင်က ဆွေးဆွေးမြေ့မြေ့ပြောသည်...ရင်တွေလည်း တစစီကွဲရပါပြီ...အရှင့်မျက်ဝန်းတွေကို စိုက်ကြည့်ဖို့ရာပင် မရဲတော့...Jeonမရဲတော့ရှာ...

''အ..ရှင်...''

တစ်လုံးချင်းစီ တုန်တုန်ရီရီ ခေါ်မိပါလေ၏...Jeonကြောက်နေပါသည်...တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ Jeonအကြောက်ဖူးဆုံး...အသတ်ခံရမည်ဆိုသည်ထက် အရှင်မုန်းသွားမည်အား Jeonသေအောင် ကြောက်ရပါလေ၏...

''သစ္စာမရှိတဲ့သူတွေကို ငါမုန်းတယ် Jeon...''

''..........''

''မင်းရော မင်းချစ်တဲ့သူရော ကောင်းကောင်းနေရမယ် မထင်နဲ့...ငါသတ်ပစ်မှာ!!! ''

Jeonခေါင်းတခါခါသာ လုပ်နိုင်သည်...ဖြစ်ကြောင်းကုန်စဉ် ပြောပြလိုက်ရင် ပြီးသွားရမဲ့ကိစ္စလေးဆိုပေမဲ့ Jeonဘာမှမပြောနိုင်...Jeonလည်ဝမှာ တစ်စုံတစ်ခု တစ်ဆို့နေသလိုပင် ပြောမယ်လုပ်တိုင်း ပြောလို့မရခဲ့ပါ...တကိုယ်လုံး တဆက်ဆက်တုန်နေရင်းသာ အရှင့်မျက်ဝန်းကျဉ်းကျဉ်းတွေကို ​ရှောင်လွှဲနေခဲ့ပါလေရဲ့...

''မင်းငါ့ကို ပြောခဲ့တဲ့စကားတွေက အကုန်အလကားပဲ...မင်းစိတ်ကြိုက် ခြယ်လှယ်နိုင်တဲ့ဘုရင်ဆိုပြီး ငါ့ကိုချနင်းနေတာလား Jeon...''

''မ...မဟုတ်ရ...ကြောင်းပါ...ကျွန်ုပ်...ကျွန်ုပ်...အဟင့်...''

ကိုယ်ရံတော်လေးဆီက ထွက်လာတဲ့ ရှိုက်သံတွေဟာ ကျယ်လောင်လာခဲ့သည်...စစ်မှန်တဲ့ ယောကျာ်းသားတွေက တော်ရုံနဲ့ မငိုတတ်ကြပါဘူး...Jeonလဲ မငိုသင့်ဘူး...Jeonလဲ မငိုသင့်ပေမဲ့ ဓားနဲ့ရင်ကိုထိုးခွဲခံနေရသလို အရှင့်စကားလုံးတွေက တဆစ်ဆစ် နာကျင်စေတာကြောင့် Jeonငိုချရုံသာ တတ်နိုင်ပါတော့သည်လေ...

''Jeon...တခြားသူတွေအတွက် မျက်ရည်ကျပြရင် မင်းကိုငါ ခွင့်လွှတ်မှာမဟုတ်ဘူး...ဒါမင်းအပေါ်ထားတဲ့ ငါ့အတ္တမို့ အဲ့ဒီမျက်ရည်တွေကို သုတ်စမ်း...!!!''

ကိုယ်ရံတော်လေးကို တားမရ...ငိုကြွေးတာကိုလည်း မရပ်...အရှင့်ကို အကြောင်းတစ်စုံတစ်ရာ သေချာလည်း မရှင်းပြ...အရှင့်မှာ ရူးချင်ရပါတော့သည်...ဒီနေ့ည Jae YuHarဥယျာဉ်တော်ကိုလာပြီး နန်းတွင်းထဲက လျှို့ဝှက်သတင်းပေးနဲ့ တွေ့ဆုံလိမ့်မည်ဟု အရှင်သတင်းရခဲ့သည်...

တွေ့မဲ့တွေ့ကြမည်က အရှင်နဲ့အရှင့်အသက်ကလေးတို့ ပိုင်ဆိုင်ရာ သီသန့်နယ်မြေလေးဖြစ်တဲ့ မိုးမခပင်ကြီးအောက်မှာမို့ ထွက်ခဲ့ရတဲ့အမျက်မှာ တွေ့တာနဲ့တန်းသတ်မယ်ဆိုပြီးအထိ ဖြစ်ခဲ့တာ...

ဟော...တွေ့လိုက်ရပါပြီတဲ့...သတင်းပေးဆိုသူက အရှင့်ဘဝကြီးဖြစ်နေခဲ့တာ...အရှင့်ဝိဉာဉ်ခွဲလေး ဖြစ်နေခဲ့တာ...ခံရခက်လွန်းနေတာတောင် အခုထိ အချိန်ဆွဲပေးနေသေးတာကို ငိုနေရုံကလွဲ အသက်ကလေးက ဘာမှမပြောဘူးတဲ့...အရှင်သေသာသွားလိုက်ချင်တော့သည်...

''သတ်မယ်...အဲ့ဒီမိန်းမယုတ်ကိုရော မင်းကိုပါ ငါသတ်မယ်...''

ဓားတရမ်းရမ်းနဲ့ ဧကရာဇ်က YuHarရဲ့ လည်ပင်းပေါ် ဓားတင်လေပြီ...ဧကရာဇ်ကို မကြောက်မရွံ့ မျက်လုံးလှန်ကြည့်လေသည့် ထိုအမျိုးသမီးက မဲ့ပြုံးတွေနဲ့...သုံးလောကအရှင် ဒီဧကရာဇ်ကို အမျက်ထွက်လွန်ပြီး တုန်းခနဲလဲခနဲ သေသွားအောင်များ ကြံရွယ်နေသည်လားမသိ...

''ကျွန်တော်မျိုးမကိုသတ်လည်း အရှင်သေရမှာပဲ...အခုဆို မွန်ဂိုစစ်တပ်ကြီး ဝင်လာလောက်ရောပေါ့...ကျွန်တော်မျိုးမဆီကိုတောင် ရောက်လာလောက်ပြီ...''

ဝုန်း!!! ချွမ်!!!

Jae YuHarစကား ဆုံးသွားချိန်မှာပဲ နန်းရင်ပြင်တံခါးကို စောင့်ကန်ကာ ဝင်လာသော လူတစ်ယောက်သည် အဝေးကနေ ဓားတစ်ချောင်းနဲ့ အရှင့်ကို လှမ်းပစ်လိုက်တာကြောင့် YuHarလည်တိုင်မှာ ရွယ်ထားတဲ့ဓားက ဘေးသို့လွင့်ကျသွားလေ၏...ဝင်လာသူအား ဘေးမှစစ်မက်တွေ ဝိုင်းတိုက်သော်ငြား တစ်ဦးတည်းထိုသူက ပို၍လက်ရည်သာနေသည်မို့ ထိုသူက မွန်ဂိုစစ်သူကြီးမှန်း အရှင်သိလိုက်လေပြီ...

ကိုယ်ရံတော်လေး တလှုပ်လှုပ်ဖြစ်လာသည်...ဒီအတိုင်းဆို အရှင့်ဆီသို့ ဓားဦးတွေက ရောက်လာတော့မည်...ထို့ကြောင့် ကိုယ်ပေါ်သို့ ချည်နှောင်ထားတဲ့ ကြိုးတွေကို လွှတ်ပေးရန် Jeonအသနားခံရတော့သည်...

''ကျွန်ုပ်ကို လွှတ်ပေးပါ အရှင်...ပြီးရင် ပြောပြပါ့မယ်...အဖြစ်မှန်အားလုံးကို ပြောပြပေးမှာမို့ အခုတော့ ကျွန်ုပ်ကို လွှတ်ပေးပါ...''

အရှင့်အာရုံတွေက ကိုယ်ရံတော်လေးဆီ ပြန်ရောက်သွားခဲ့သည်...သူသေရင်လည်း သေပါစေတော့...ချစ်ရတဲ့ အသည်းအသက်လေးကိုတော့ တစ်စက်ကလေးမှ မထိခိုက်စေလိုတာကြောင့် အရှင်ဟာ ကိုယ်ရံတော်လေးကိုယ်ပေါ်က ကြိုးအားလုံးကို မြန်မြန်ပဲ ဖြည်ချပေးလိုက်ပါလေသည်...

''သွား...သွားတော့ Jeon...ပြေးတော့...''

''မပြေးဘူး...အရှင့်ကိုထားခဲ့ပြီး ကျွန်ုပ်က ဘယ်ကိုသွားရမှာလဲ...''

''ငါပြောတာနားထောင်!...သွားစမ်းလို့ ပြောနေတယ်!...သွား!!!"

အရှင်က အော်ဟစ်မောင်းထုတ်နေသည်...ကိုယ်ရံတော်လေးက ခေါင်းတခါခါနဲ့ ဆက်ခေါင်းမာဆဲ...စစ်မက်တွေ မရှိတော့...အမတ်မင်းတွေလည်း မရှိတော့...နန်းရင်ပြင်အလယ်မှာ နှစ်ယောက်တည်း တွန်းလိုက်ဆွဲလိုက်တွေ လုပ်နေသူနှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ပြောမပြတတ်လောက်အောင် ချစ်ပြနေခဲ့ကြတာပါ...

''Guk...ကျွန်တော်မျိုးမနဲ့လိုက်ခဲ့ပါ...လာပါ Guk...''

မွန်ဂိုစစ်သူကြီးက ဓားတပြင်ပြင်...Jae YuHarဟာ ကိုယ်ရံတော်လေးအပေါ် စိုးရိမ်စိတ်တွေ လွန်ကဲလို့ လက်ကမ်းလျက် ခေါ်ပါလေရဲ့...အရှင့်မျက်နှာ တင်းခနဲပဲ...Jeonကို လွတ်မြောက်စေချင်တာ မှန်ပေမဲ့ ထိုမိန်းမဆီကိုတော့ မသွားစေချင်တာကြောင့် မျက်နှာငယ်စွာနဲ့ ကိုယ်ရံတော်လေးရင်ခွင်ထဲ ခေါင်းပြန်တိုးတော့သည်...

အစောက ဇွတ်တကော တွန်းထုတ်နေသော ဧကရာဇ်သည် မသတီသူဆီ အသည်းအသက်လေး ပါသွားမှာစိုး၍ ပြန်ပြီးဆွဲခေါ်လိုက်သည်များ ဘာတွေညာတွေပင် ပြောစရာမလိုခဲ့...Jeon'sရင်ခွင်ထဲ ခေါင်းလေးတိုးလိုက်ရုံနှင့် အချစ်တွေပိုရပါသော Jeonသည်လည်း အရှင့်ကိုယ်လေးကို ထွေးဖက်ကာ နားနားလေးကို တိုးကပ်လို့ ပြောပါလေသည်...

''ပလ္လင်ပေါ်ကိုသွားပါ အရှင်...''

ရင်ခွင်ထဲက မျက်နှာလေးမော့လာသော အရှင့်ကိုကြည့်ကာ Jeonပြုံးပြလိုက်သည်...နဖူးပြင်လေးထက် အနမ်းတစ်ပွင့်ခြွေချတော့ အရှင်မျက်ရည်တွေက ပါးပြင်ပေါ် ပေါက်ခနဲ...

''သွားပါအရှင်...အရှင်က အဲ့လိုအမြဲမော်ကြွားနေရမဲ့ ဧကရာဇ်မျိုးပါ...ကျွန်ုပ်ကိုယုံတယ်မဟုတ်လား...ကျွန်ုပ်အရှင်ကို ကျွန်ုပ်က အမြင့်မှာပဲ ထားချင်တာလေ...အရှင့်ကို ကျွန်ုပ် ကာကွယ်ပေးမှာပါ...''

မျက်ရည်တွေဆက်တိုက် ကျနေရာက အရှင်ဟာ ခေါင်းတဆက်ဆက်ငြိမ့်သည်...ငိုချင်စိတ်ကို ဇွတ်အတင်း မြိုသိပ်ရင်း မတ်တပ်ရပ်ပြီးသည့်နောက် ဝတ်ရုံတော်ကိုခါလို့ ပလ္လင်ပေါ် တစ်လှမ်းချင်းတက်ပါတော့၏...

ကိုယ်ရံတော်လေးဟာပြုံးသည်...ပလ္လင်ပေါ်သို့ ကျကျနန မော်မော်ကြွားကြွား ဝင်ထိုင်လိုက်သော အရှင့်ကို ငေးကြည့်လို့ ကျေနပ်စွာပြုံးရင်း ဘေးနားက အရှင့်ဓားကို ဆွဲကိုင်ကာ မတ်တပ်ထရပ်လိုက်ပါရဲ့...

Jae YuHarမျက်နှာဟာ အပျက်ပျက်အယွင်းယွင်း...စစ်သူကြီးနဲ့ ကိုယ်ရံတော်လေးသည် စတင်တိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ...ကိုယ်ရံတော်လေးကို အထိခိုက်မခံစေချင်သည့် Jae YuHarသာ တစ်ယောက်တည်း ကမ်ဘာတွေပျက်လျက်...သူမကို မရွေးချယ်ခဲ့သည်ကြောင့် နှလုံးအိမ်နာကာ ကြမ်းပြင်ပေါ်မှာ လဲကျနေရသည်...

ကိုယ်ရံတော်လေးသည်တော့ စိတ်ခန္ဓာအာရုံတစ်ခုလုံးအတွင်း အရှင့်တစ်ယောက်တည်းကိုသာ ထည့်ထားခဲ့၏...ဤသို့ဖြင့် ကိုယ်ရံတော်လေး၏ အချစ်သက်သေတိုက်ပွဲက ပြင်းထန်တဲ့ဓားချက်တွေနဲ့ စတင်ဖို့ ဖြစ်လာခဲ့လေသည်...

Offered Hand_____________________________

Double😉...အော် ဒါနဲ့...






အများကြီးချစ်တယ်လို့...Love you all💜

Offered Hand_____________________________

Continue Reading

You'll Also Like

142K 18.6K 13
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
40.1K 3.3K 20
ချာတိတ်....တစ်ခါတစ်လေကိုယ်ပြောတာနားထောင်ပါဦး Kim Namjoon ခင်ဗျားကိုဖက်ထားလို့ပြောတယ်လေ...
103K 4.7K 45
တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စောင့်ရှောက်ခဲ့ တယ့်ကလေးက....ဆယ်နှစ်အကြာမှာ ကျွန်တော့်ကို အပိုင်လိုချင်တယ်တယ့်...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
29.7K 3.9K 38
မင်းကမင်းချစ်တဲ့နေကြာပန်းလေးတွေလိုမင်းရဲ့နေမင်းကြီးကို မျက်နှာမူပြီးတည်ရှိနေပါ။ ငါကတော့ မင်းရှိတဲ့အရပ်ကိုပဲမျက်နှာမူပြီးရှင်သန်နေမှာမလို့။ မင်းကမင်းခ...