ကမ္းမဲ့လက္//ကမ်းမဲ့လက်(Comple...

By YOonKOok-Layer

12.6K 1.6K 627

မင္းအတြက္ လက္တစ္စံုကို ကမ္းလင့္ႀကိဳမယ္~ ျမဲျမံေအာင္ ဆုပ္ကိုင္ထားေပးဖို႔ေတာ့ မေမ့ပါနဲ႔~ OTP-YOONKOOK TOP-JEON... More

Prologue
I
II
III
IV
V
VI
VII
VIII
IX
X
XI
XIII
XIV
XV
Epilogue

XII

543 89 26
By YOonKOok-Layer

ZAWGYI

မိုးမခပင္ႀကီးက ႏြယ္ေတြတက္လို႔ လွပေနလ်က္႐ွိသည္...ေကာင္းကင္ႀကီးကို ေငးၾကည့္ရင္း ေကာင္ေလးႏွစ္ေယာက္က အတူတူယွဥ္တြဲထိုင္ေနၾက၏...ရာထူးဂုဏ္သိမ္ေတြ မလိုပါဘူး...အခ်စ္ဆိုတာေလး ႐ွိေနရင္ပဲ ဘုရင္နဲ႔ကိုယ္ရံေတာ္ေလး လက္တြဲလို႔ ေနႏိုင္ေနၿပီ...

"သမားေတာ္Jaeကို ကိုယ္ေတာ္သိပ္မၾကည္ျဖဴေတာ့ဘူး Jeon...''

ရင္ခြင္တြင္းမွ အ႐ွင္က မႀကိတ္ႏိုင္မခဲႏိုင္ ေျပာလာသည္...Jeonသည္ ကိုယ္ေလးတခ်က္ဆတ္လို႔ မ်က္လံုးတို႔ဝိုင္းပါ၏...အ႐ွင္မၾကည္ျဖဴဘူးဆိုရင္ ေ႐ွ႕ဆက္ေကာင္းတာ မ႐ွိႏိုင္ေတာ့...

လွပသည့္ အ႐ွင္က...ရက္စက္သည့္ေနရာမွာလည္း သူမတူေအာင္ ထူးသကိုး...လိုခ်င္ရင္ ရလိုက္ရမွ...ျဖစ္ခ်င္ရင္ ျဖစ္လိုက္ရမွ...ဒါဆိုဒါ တေသြးတမိန္႔...တစ္ေယာက္ေယာက္မ်ား အမိန္႔ေသးေသးေလးကိုပင္ လာဖီဆန္...ျပန္မလွန္ႏိုင္ေအာင္ ေခါင္းျဖတ္ပစ္တဲ့အထိ ရာဇသံႀကီးသလို ျသဇာသည္လည္း ႀကီးသည္မဟုတ္လား...အသြင္ႏူးညံ့ေပမဲ့ သိပ္ေၾကာက္ဖို႔ေကာင္းတဲ့ အရက္စက္တတ္ဆံုးေသာ ဘုရင္တစ္ပါးပါပဲ...

''ဘာလို႔မ်ားလဲ Yoon...''

''မြန္ဂိုေတြနဲ႔ ပူးေပါင္းေနတယ္...ကိုယ္ေတာ္သတင္းရထားတယ္ Jeon...မတိက်ေသးလို႔...တိက်တာနဲ႔ အေသပဲ...''

အ႐ွင္ငယ္ငယ္ေလးအား ထိန္းမရ...Jeonသည္ သာမန္ကိုယ္ရံေတာ္ငယ္ေလး တစ္ဦးသာမို႔ မလုပ္နဲ႔လို႔ တားပစ္ရေအာင္အထိ အာဏာ႐ွိမေနပါ...ခ်စ္သူတစ္ဦးအေနနဲ႔လည္း အ႐ွင့္ကိစၥမွန္သမွ် တစ္ခါမွ ဝင္မစြက္ဖက္ဖူး...အ႐ွင္စိတ္ခ်မ္းသာရင္ပဲ ကမၻာႀကီးတည္လို႔ရၿပီဟု မွတ္ယူထားသူပါေလ...သို႔ေပမဲ့...ဒီတစ္ႀကိမ္မွာေတာ့ Jeonဟာ အ႐ွင့္ကို အရဲစြန္႔ ေျပာမိပါေလ၏...

''ဒါေပမဲ့...သမားေတာ္သမီး...သူမကို ငဲ့ပါဦး...Yoonနဲ႔ သူမက ငယ္စဥ္ကတည္းက အတူတူပညာသင္ၿပီး စိတ္တူကိုယ္တူ ႀကီးျပင္းလာၾကတာ မဟုတ္လား...''

''အဲ့ဒါ ဖခမည္းေတာ္ေၾကာင့္ပါ...သမားေတာ္Jaeကို ေတာ္တယ္ဆို သေဘာေတြက်...ၿပီးေတာ့ ကိုယ္ေတာ္နဲ႔ သူ႔သမီးကို ပညာအတူသင္ခိုင္းတယ္ေလ...မ​ေသခင္ေတာင္ ကိုယ္လုပ္ေတာ္ရာထူးေပးခဲ့ေသး...အခုခမည္းေတာ္လည္း မ႐ွိေတာ့ေရာ အဲ့သမားေတာ္က တိုင္းေရးျပည္ေရးပါ ျခယ္လွယ္ခ်င္လာၿပီ...ကိုယ္ေတာ္အျဖစ္မခံဘူး Jeon...သူ႔သမီးနဲ႔ မိတ္ေဆြျဖစ္ခဲ့လည္း ရန္သူနဲ႔ေပါင္းရင္ ရန္သူပဲ...''

Jeonဟာ ဆက္မေျပာေတာ့...အ႐ွင့္ကိုယ္ေလးကို ေထြးပိုက္ထားရင္းသာ အျဖဴေရာင္ဆံႏြယ္ေတြကို ငံု႔နမ္းလို႔ ၿငိမ္ေနေပးလိုက္သည္...အ႐ွင့္စိတ္ထဲ ထစ္ခနဲ...ၾကားရသေလာက္ဆို Jeonနဲ႔ သမားေတာ္သမီးကလည္း အစပ္အဆက္ေတြ ႐ွိခဲ့ဖူးတယ္ဆိုပဲ...

''ဘာလဲ...Jeonက သနားေနတာလား...''

ရင္ခြင္ထဲက ေခါင္းေလးျပဴထြက္လာသည့္ အ႐ွင္သည္ မ်က္ဝန္းေတြကို ေမွးက်ဥ္းပစ္ရင္း ႏႈတ္ခမ္းေလးဆူလ်က္ေမးသည္...ကိုယ္ရံေတာ္ေလးမွာ မ်က္ႏွာမေကာင္းစြာပဲ...

''သနားတာထက္ ကြၽႏ္ုပ္ကာကြယ္မေပးႏိုင္လို႔ အားနာေနတာပါ Yoon...သူမက ကြၽႏ္ုပ္မိခင္ရဲ႕ အသက္သခင္ ေက်းဇူး႐ွင္ေလ...မိခင္နာမက်န္းျဖစ္ေနတုန္းက ဘယ္သမားေတာ္မွ မႏိုင္ခဲ့တဲ့တာဝန္ကို သူမက ထမ္းယူေပးခဲ့တာမို႔ သူမကို ကြၽႏ္ုပ္ေလးစားခ်ီးက်ဴးရံုပါ...''

ကိုယ္ရံေတာ္ေလးက ေဆြးေျမ့စြာေျပာေတာ့ အ႐ွင္ကလည္း စကားမဆက္ေတာ့...ႏွစ္ေယာက္အတူတူ ၿငိမ္က်သြားရင္းသာ ေ႐ွ႕ကေရကန္ႀကီးကို အေတြးေတြနဲ႔ ေငးေနမိၾကေတာ့သည္...

- Offered

Hand -

''ထင္တဲ့အတိုင္းပဲ...ထင္တဲ့အတိုင္းပါပဲလား...ဟားဟားးး ''

အ႐ွင္က ဟားတိုက္လို႔ရယ္ေနသည္...ပုလႅင္ေပၚမွာ ဒူးတစ္ဖက္ေထာင္လို႔ထိုင္ကာ ခပ္ေလ်ာေလ်ာ ေနာက္မွီၿပီး ရယ္ေနပံုမွာ အမတ္ေတြ တုန္လႈပ္ခ်င္စရာ...ဒူးေထာက္ထားသည့္ သမားေတာ္သည္ေတာ့ အႀကိမ္ႀကိမ္ဦးၫြတ္ရင္းသာ ေတာင္းပန္ေနေလသည္...အ႐ွင္ကေတာ့ ရယ္ေနတုန္း...

''သစၥာေဖာက္ေတြကို ကိုယ္ေတာ္ဘယ္ေလာက္ထိမုန္းလဲ သမားေတာ္ႀကီး သိမယ္ထင္တယ္...''

ေဘးမွာအသင့္ေစာင့္စားေနသည့္ စိန္စီထားေသာ ဓား႐ွည္သည္ အ႐ွင့္လက္တြင္းမွာ ဝံ့ဝံ့ႂကြားႂကြား ပါသြားရင္း...ပုလႅင္ေပၚက တစ္လွမ္းခ်င္းဆင္းလာလ်က္ အ႐ွင္ကေျပာေတာ့ သမားေတာ္မွာ အ႐ွင္ကို အလန္႔တၾကား ေမာ့ၾကည့္ကာ အသနားခံေတာ့သည္...

''ငါကိုယ္ေတာ္ကို ေမာ္ဖူးရေလာက္ေအာင္ မင္းမွာအဆင့္အတန္းေတြ ႐ွိမေနဘူး...''

အားးး!!!

ေအာ္သံနက္နက္သည္ နန္းရင္ျပင္မွာ က်ယ္က်ယ္ေလာင္ေလာင္ ဟိန္းထြက္သည္...ပါးျပင္ကို ဓားနဲ႔ခပ္နက္နက္ လွီးခ်ခံလိုက္ရတာေၾကာင့္ နာက်င္သြားသူသည္ ေသြးအရႊဲရႊဲနဲ႔...ထိုစဥ္ ရင္ျပင္သို႔ အေျပးအလႊား ေရာက္လာသည့္ မိန္းမငယ္တစ္ဦး...

အခ်ိန္တိုင္းမွာ ဣေျႏၵအျပည့္နဲ႔ ေနတတ္ေသာ သူမသည္ ယခုေတာ့ မည္သည့္ဣေျႏၵမွ ဆည္၍မရႏိုင္ေတာ့...ဂါဝန္စကို မကာပင္ ဘုရင္ကိုေတာင္ ဦးမခိုက္ႏိုင္ေတာ့ပဲ အေလာတႀကီး ႏိုင္ေနလိုက္ပံုမ်ား သိပ္သနားစရာ...

''အ႐ွင္...ကြၽန္ေတာ္မ်ိဳးမက ဖခင္အစား အ႐ွင့္စိတ္ႀကိဳက္ ေတာင္းပန္ပါ့မယ္...ဖခင္ကို ျပစ္ဒဏ္ေလး ေလွ်ာ့​ေပါ့ေပးဖို႔ ေတာင္းဆိုပါရေစ...''

''အင္း...ေလွ်ာ့ေလွ်ာ့ေပါ့ေပါ့ပါပဲ...သမားေတာ္ႀကီးျဖစ္ေနလို႔ ကိုယ္ေတာ္ကိုယ္တိုင္ပဲ ဇီဝိန္တစ္ခါတည္း ခ်ဳပ္ေပးမွာ...တျခားမသန္႔စင္တဲ့ လူေတြနဲ႔ လႊဲမေပးပါဘူး...ၿပီးေတာ့ မညႇင္းဆဲပဲ တစ္ခါတည္း သတ္ေပးမွာေလ...မေလ်ာ့ေပါ့ေပဘူးလား...''

''ေတာင္းပန္ပါတယ္ အ႐ွင္...ေတာင္းပန္ပါတယ္...အ႐ွင္သတ္ခ်င္ရင္ ကြၽန္ေတာ္မ်ိဳးမကိုသာ သတ္လိုက္ပါေတာ့...ဖခင္ကိုေတာ့ မျဖစ္ပါဘူး...''

''ဘာလို႔မျဖစ္ရမွာလဲ!!! မင္းဖခင္က ငါ့အာဏာကို ရန္သူနဲ႔ေပါင္းၿပီး လုခ်င္ေနတာ!!! ဒါကိုခြင့္လႊတ္လို႔ရေသးတယ္!!! ငါ့အပိုင္!!! ငါ့အသည္းအသက္ Jeonကို မင္းနဲ႔လက္ဆက္ေပးမယ္တဲ့လား!!! ဟားဟား!!! သိပ္ရယ္ရတဲ့ ဟာသေတြ!!!"

ဓားကိုက်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ရင္း အ႐ွင္ဟာ ေအာ္ေလသည္...အ႐ွင့္ရင္ထဲ ဆက္ဆက္ခါေအာင္ တုန္ေနတာ အမွန္ပဲ...ကိုယ့္ေျခရင္း ဝင္ခစားၿပီး ကိုယ္လုပ္ေတာ္ လုပ္ေနရတဲ့သူကို ကိုယ္လုပ္ေတာ္အျဖစ္ကထုတ္ၿပီး အ႐ွင့္ပိုင္ဆိုင္ရာေလး Jeonနဲ႔ လက္ဆက္ေပးမည္တဲ့...လုပ္ခ်င္တိုင္းေတြလုပ္...ျခယ္လွယ္ခ်င္တိုင္းေတြ ျခယ္လွယ္ေနရေအာင္ ဒီဘုရင္က လြယ္ေနတာမွ မဟုတ္တာ...

တိုင္းျပည္ထက္ အဆတရာ တန္ဖိုးထားဥထားရတဲ့ ယုန္ငယ္ေလးကို ဒီဘုရင္လက္ထဲက လုယူဖို႔မၾကံနဲ႔...အသက္ခ်င္းလဲပစ္လိုက္မယ္...Min Yoongiဆိုတဲ့ ဘုရင္က ကိုယ္ရံေတာ္ေကာင္ေလးကို ျမတ္ႏိုးတာထက္ ျမတ္ႏိုးတယ္...စြဲလန္းတာထက္ စြဲလန္းတယ္...႐ူးသြပ္တာထက္ ႐ူးသြပ္တဲ့ဘုရင္...

''အဲ့ေတာ့ မင္းဖခင္က ေသဖို႔သင့္ပါတယ္ Jae YuHarရဲ႕...''

''ဟင့္အင္း...မလုပ္ပါနဲ႔ အ႐ွင္...မလုပ္ပါနဲ႔...အ႐ွင္!!!"

အ႐ွင့္ဓားခ်က္သည္ ခပ္ျပင္းျပင္း...ပံုခနဲ လဲက်သြားသည့္ သမားေတာ္ဆီမွ ေသြးစမ်ားစြာသည္ သူမ၏ဂါဝန္စေတြမွာ ျဖန္းခနဲ ပက္ျဖန္းလာ၏...မ်ားစြာပ်က္သြားရေသာ ေသြးစုတ္မႈတို႔နဲ႔အတူ ေလွာင္ျပံဳးေတြခ်ိတ္ဆြဲထားတဲ့ အ႐ွင္ကို နာနာက်ည္းက်ည္း စိုက္ၾကည့္ေလသည့္ သူမသည္...

''အ႐ွင္အရမ္း ရက္စက္တာပဲ...''

ထိုသို႔ေျပာၿပီး ဖခင္၏အေလာင္းကို ေပြ႔ပိုက္ပစ္ကာ သူမအသည္းအသန္ ငိုေလေတာ့သည္...အ႐ွင္က ဂ႐ုစိုက္ဟန္ပင္မျပ...သူမလည္တိုင္ထက္ ဓားတင္ကာပင္ ေအးစက္စက္ ဆက္ဆိုေလ၏...

''ဒါေပါ့...ကိုယ္ေတာ္သတ္ခ်င္ရင္ မင္းလို ဘာမဟုတ္တဲ့ မ်ိဳး႐ိုးနိမ့္ မိတ္ေဆြကိုေတာင္ သတ္ပစ္လို႔ ရႏိုင္တာပဲ...''

''အ႐ွင္!..."

ကိုယ္ရံေတာ္ေလးဆီမွ ပထမဆံုးတားျမစ္သံေလး ထြက္လာခဲ့သည္...သူမအသားစိုင္ထဲ နစ္ဝင္ေတာ့မည့္ ဓားသြားသည္ တိခနဲရပ္သြားၿပီး အတန္ငယ္ ေလ်ာ့ရဲသြား၏...အ႐ွင့္ရဲ႕ ေအးတိေအးစက္ အၾကည့္တို႔သည္လည္း ခ်ဳပ္ၿငိမ္းရေလၿပီ...ကိုယ္ရံေတာ္ေလးက အ႐ွင့္စိတ္ဝိဥာဥ္တစ္ခုလံုးကို အပီအျပင္ ခ်ဳပ္ကိုင္ထားသည္ကိုး...

''မသင့္ေတာ္ေၾကာင္းပါ...အျပစ္မ႐ွိတဲ့ ကိုယ္လုပ္ေတာ္ တစ္ေယာက္ကို...ခင္မင္မႈအတြက္ပါ ေထာက္ဆလို႔ လႊတ္ေပးသင့္ပါတယ္ အ႐ွင္...''

အ႐ွင္က ဓားကိုျပန္႐ုပ္သည္...အေနာက္ကို ျပန္လွည့္လို႔ ဒူးေထာက္အေရးေတာင္းဆိုေနတဲ့ ကိုယ္ရံေတာ္ေလးကိုၾကည့္ကာ...

''ကိုယ္ေတာ္နားလည္ပါတယ္...အားလံုး နန္းရင္ျပင္က စြန္႔ခြာလို႔ရၿပီ...''

အ႐ွင္က လက္ကာျပလိုက္တာမို႔ အ႐ွင့္ကို ဦးခုိက္ၿပီး သမားေတာ္Jae၏ အေလာင္းကို မသြားကာ အားလံုးအသီးသီး ထြက္သြားၾကေလသည္...သို႔ေပမဲ့ ရင္ျပင္တံခါးႀကီး ပိတ္က်သြားသည္အထိ အတြင္းထဲမွာ က်န္ခဲ့တဲ့ အ႐ွင္ဆိုသူအား YuHarကေတာ့ စူးစူးရဲရဲ စိုက္ၾကည့္မိဆဲျဖစ္၏...နည္းနည္းေလးပင္ မေထာက္ထားေပး...နည္းနည္းေလးပင္ မစာနာေပးေသာ ထိုဘုရင္ကို သူမသိပ္ရြံ႐ွာရေလၿပီ...

Jeon JeongGukဆိုသည့္ ကိုယ္ရံေတာ္ေလးကို သူမခ်စ္သည္...ထို႔ေၾကာင့္ ဖခင္ကိုေျပာၿပီး အဆင့္ျမင့္ ကိုယ္လုပ္ေတာ္အျဖစ္က စြန္႔လႊတ္ဖို႔ေတာင္ ျပင္ဆင္ခဲ့သည္...ယခုေတာ့ ထိုဘုရင္ေၾကာင့္ ဖခင္ကိုလည္းဆံုး႐ႈံး အခ်စ္ကိုလည္း ဆံုး႐ႈံးရသည္...သူမ မေက်နပ္ပါ...ထိုအယုတ္တမာဘုရင္အား ကလဲ့စားေခ်ႏိုင္ဖို႔ ႀကိဳးစားမွာပင္...

''ေစာင့္ၾကည့္ေန အ႐ွင္...ကြၽန္ေတာ္မ်ိဳးမ Jae YuHarက သစၥာဆိုလိုက္မယ္...အ႐ွင္ဘယ္ေတာ့မွ Gukကို မပိုင္ဆိုင္ေစရဘူး...''

- Offered

Hand -

ေသရည္အတူေသာက္ရေအာင္ဟု အကိုေတာ္စစ္သူႀကီးက ခ်ိန္းဆိုလာတာေၾကာင့္ အ႐ွင့္ဆီမွာ ခြင့္ေတာင္းကာ Jeonအေျပးထြက္လာခဲ့လိုက္သည္...သူေရာက္ေတာ့ အကိုေတာ္က ေသာက္စပင္ျပဳေနၿပီျဖစ္၏...

''အကိုေတာ္...''

''ေအာ္ ညီေတာ္ေတာင္ ေရာက္လာၿပီပဲ...ထိုင္...''

ေ႐ွ႕ကိုေမးတခ်က္ဆတ္ျပၿပီး အကုိေတာ္ဟာ ဝင္ထိုင္ခိုင္းတာေၾကာင့္ သူဝင္ထိုင္လိုက္သည္...ဝင္ထိုင္ထိုင္ခ်င္းပဲ ငွဲ႔ၿပီးသား ေသရည္ခြက္ကို အကိုေတာ္က ေပးလာတာမို႔ သူလည္း အကိုေတာ့္အား အ႐ိုအေသျပန္ျပဳရင္း ယူေသာက္လိုက္၏...

''အေရးတႀကီးမ်ား ေျပာစရာ႐ွိပါလို႔လား အကိုေတာ္...''

''အင္း...ငါ့ညီေတာ္ကို လွ်ိဳ႕ဝွက္ေတြ႔လိုက္ရတာ အေၾကာင္း႐ွိလို႔ပဲ...''

''ေျပာပါ အကိုေတာ္...''

အကိုေတာ္က သက္ျပင္းတစ္ခ်က္ခ်သည္...ခပ္ေဝးေဝးကိုေငးၿပီး ေသရည္ခြက္ကို ထပ္လို႔ေမာ့ေသာက္၏...သူစိတ္႐ွည္႐ွည္နဲ႔ ေစာင့္ေနေပးလိုက္သည္...ခနအၾကာမွာေတာ့ အကိုေတာ္က သူ႔ကို ျပန္ၾကည့္လာကာ ေျပာေလသည္က...

''Kimတိုင္းျပည္ဘက္ကို သြားခုိလႈံပါ ညီေတာ္...မၾကာခင္ မြန္ဂိုေတြ ဒီတိုင္းျပည္ကို ဝင္တိုက္ေတာ့မယ္...Jae YuHarက မြန္ဂိုေတြနဲ႔ေပါင္းၿပီး Minတိုင္းျပည္ကို သစၥာေဖာက္သြားၿပီ...''

''အကိုေတာ္!..."

သူအလန္႔တၾကား ေအာ္မိေလသည္...အကိုေတာ္၏မ်က္ႏွာသည္ ပကတိ တည္ၿငိမ္ေန၏...သူမယံုၾကည္ႏိုင္ပါ...အမွန္ကို မယံုၾကည္ႏိုင္ေသး...တိုင္းျပည္အေပၚ သစၥာအ႐ွိဆံုးေသာ စစ္သူႀကီး Jeon Jiminသည္ အ႐ိုးေၾကေၾက အေရခမ္းခမ္း ဒီတိုင္းျပည္မွာပဲ အသက္ေပးမည္ဟု သံဓိဌာန္ခ်ၿပီးသားသူေလ...အခုမြန္ဂို​ေတြ ဝင္မယ္ဆိုတဲ့အခ်ိန္မွ သူ႔ကို တစ္ပါးေသာတိုင္းျပည္မွာ ခိုဝင္ခိုင္းသည္တဲ့လား...

''အကိုေတာ္...''

''ဆက္မေျပာနဲ႔ေတာ့...မင္းေျပာမွာ ဘာလဲဆိုတာ ငါသိၿပီးသား...ငါ့အတြက္ ဘာမွအေရးမႀကီးဘူး...မင္းကေတာ့ အေရးႀကီးတာမို႔ မင္းအတြက္ ငါလုပ္ရလိမ့္မယ္...အ႐ွင့္ကိုလည္း အသက္နဲ႔ရင္းၿပီး ငါကေသခ်ာ ေစာင့္ေ႐ွာက္ေပးမွာမို႔ မင္းသြားပါ ညီေတာ္...''

''အကိုေတာ္!...အခု ကြၽႏ္ုပ္ကို ကိုယ္လြတ္႐ုန္းခိုင္းေနတာလား!..."

သူခပ္က်ယ္က်ယ္ ေအာ္လိုက္မိသည္...အကိုေတာ္က ခ်က္ခ်င္းပဲ ေခါင္းၿငိမ့္ျပလာသည္...မရပါဘူး...သူမလုပ္ႏိုင္ဘူး...သူတစ္ေယာက္တည္း ဘယ္ကိုထြက္ေျပးရမွာလဲ...ယုတၱိမ႐ွိတာေတြ....

''ကြၽႏ္ုပ္မလုပ္ႏိုင္ဘူး အကိုေတာ္...အ႐ွင့္ကိုထားခဲ့ၿပီး ဘယ္မွမသြားဘူး!... ''

''Jeon JeongGuk!..."

အကိုေတာ္သည္လည္း ျပန္လည္ေအာ္လာခဲ့သည္...ႏွစ္ဦးသားအၾကည့္စစ္ပြဲတို႔သည္ ျပင္းျပင္းထန္ထန္...အကိုေတာ္က ဆက္၍ေျပာလာ၏...

''မင္းသိပ္ကာကြယ္ခ်င္ေနတဲ့ အဲ့ဒီအ႐ွင္က မင္းကိုဒုကၡေတြပဲ ေပးမဲ့သူမို႔ ေက်းဇူးျပဳၿပီး မမိုက္စမ္းနဲ႔ Gukie...ငါမင္းကို အဆံုး႐ႈံးမခံႏိုင္ဘူး...ငါ့မွာေသြးသားဆိုလို႔ မင္းပဲ႐ွိေတာ့တာ...''

''ဟက္...''

အ႐ွင့္ကိုယ္ရံေတာ္ေလးသည္ ဟက္ခနဲ တစ္ခ်က္ရယ္ကာပဲ အကိုေတာ့္စကားေတြကို ေလွာင္ရယ္ပစ္လိုက္ေလသည္...အကိုေတာ္မွာ မ်က္ႏွာထားတင္းလ်က္...Jeon Jiminအမွန္တကယ္ စိတ္ပူေနရျခင္းပါ...မြန္ဂိုေတြဝင္လာလွ်င္ အင္အားအလံုးအရင္းနဲ႔ ဝင္မွာျဖစ္သည့္အျပင္ Jae YuHarကလည္း သူ႔ညီငယ္ကို လက္လႊတ္ေပးမွာမဟုတ္...စစ္သူႀကီးတစ္ေယာက္မို႔ ဒီဗ်ဴဟာေတြကို သူသိၿပီးသား...ဒါေၾကာင့္ အခုလို ဆံုးျဖတ္လိုက္ျခင္းသာ...သုိ႔ေသာ္ သူ၏ညီေတာ္ကေတာ့ သူ႔ကို ဆန္႔က်င္ျမဲ ဆန္႔က်င္ဆဲ...

''ေတာင္းပန္ပါတယ္ အကိုေတာ္...ေစတနာကို ေစာ္ကားမိတာသိေပမဲ့ ကြၽႏ္ုပ္ကေတာ့ အ႐ွင္နဲ႔ပဲေနမယ္...အ႐ွင္နဲ႔ပဲ ေသပါ့မယ္...သြားခြင့္ျပဳပါ အကိုေတာ္...''

ဂါဝရျပဳလို႔ ညီေတာ္သည္ ေက်ာခိုင္းသြားၿပီ...က်န္ေနခဲ့သူသည္ တိုက္ပြဲရာခ်ီဆင္ႏႊဲခဲ့သည့္ မာမာထန္ထန္ စစ္သူႀကီးေပမဲ့ ညီေတာ္နဲ႔ ပတ္သက္လာခ်ိန္မွာေတာ့ ႏွလံုးႏုတဲ့ အကိုျကီးပီသစြာ စားပြဲမွာ မ်က္ႏွာအပ္လို႔ ငိုေႂကြးမိပါေလေတာ့ရဲ႕...

အိမ္အျပန္လမ္းတစ္ေလွ်ာက္လံုး ထပ္တူငိုေႂကြးခဲ့႐ွာသည့္ ကိုယ္ရံေတာ္ေလးသည္လည္း နန္းေဆာင္သို႔ ျပန္ေရာက္သည္ႏွင့္ အိပ္ေဆာင္ဝင္​ေနၿပီျဖစ္တဲ့ အ႐ွင့္မ်က္ႏွာငယ္ေလးကို ေငးၾကည့္ကာ သူပါ ေဘးမွာဝင္လွဲၿပီး ကိုယ္လံုးေသးေသးေလးကို ဆြဲေပြ႔လိုက္၏...ဆံႏြယ္အျဖဴေရာင္တို႔ ျဖာက်ေနသည့္ မ်က္ႏွာႏုႏုေလးထက္ အနမ္းဆင္ကာ စီးက်သြားေသာ မ်က္ရည္စေတြကို လ်စ္လ်ဴ႐ႈရင္း ကိုယ္ရံေတာ္ေလးဟာ ေျပာခဲ့ပါေလသည္...

''Yoonရဲ႕ ထာဝရကိုယ္ရံေတာ္ေလး ျဖစ္ေပးမွာမလို႔ ဒီကJeonကို အမ်ားႀကီးခ်စ္ေပးပါဦး...''

ကိုယ္ရံေတာ္ေလး၏ ေအးျမျမ ေမတၱာအဟုန္တို႔သည္ အိပ္ခ်င္ေယာင္ေဆာင္ေနသည့္ အ႐ွင့္ႏႈတ္ခမ္းသားေလးအား ေကြးၫြတ္သြားေစခဲ့သည္ဆိုတာကိုေတာ့ ကိုယ္ရံေတာ္ေလး မသိခဲ့ေတာ့...

Offered Hand_____________________________

ၾကာတယ္မလား...ဟီး...စိတ္ခ်ပါ...အခု ဆက္တိုက္သြားေတာ့မွာ...ကိုယ့္Wallထဲ ဆီးခ်ိဳတက္စရာ Yoonkook Ficကို ေရးခ်င္ေနၿပီမို႔လို႔ ဒါေလးကို ျဖတ္ၿပီးတာနဲ႔ လာေတာ့မွာရယ္😃...ကိုယ့္ဘက္က တာဝန္ေက်ေပးမွာျဖစ္လို႔ ခင္ဗ်ားငယ္တို႔လည္း ေဘးမွာ႐ွိေနေပးဦး💗...သိတယ္...အမ်ားျကီး ထြက္သြားၾကတယ္ဆိုတာ😸...စကားမစပ္ Min Yoongiဆိုတဲ့ ျဖဴျဖဴလံုးလံုးႀကီးကို အေကာင္လိုက္ၿမိဳခ်ခ်င္ေနတယ္😭💓...Love you all💜

Offered Hand_____________________________

UNICODE

မိုးမခပင်ကြီးက နွယ်တွေတက်လို့ လှပနေလျက်ရှိသည်...ကောင်းကင်ကြီးကို ငေးကြည့်ရင်း ကောင်လေးနှစ်ယောက်က အတူတူယှဉ်တွဲထိုင်နေကြ၏...ရာထူးဂုဏ်သိမ်တွေ မလိုပါဘူး...အချစ်ဆိုတာလေး ရှိနေရင်ပဲ ဘုရင်နဲ့ကိုယ်ရံတော်လေး လက်တွဲလို့ နေနိုင်နေပြီ...

"သမားတော်Jaeကို ကိုယ်တော်သိပ်မကြည်ဖြူတော့ဘူး Jeon...''

ရင်ခွင်တွင်းမှ အရှင်က မကြိတ်နိုင်မခဲနိုင် ပြောလာသည်...Jeonသည် ကိုယ်လေးတချက်ဆတ်လို့ မျက်လုံးတို့ဝိုင်းပါ၏...အရှင်မကြည်ဖြူဘူးဆိုရင် ရှေ့ဆက်ကောင်းတာ မရှိနိုင်တော့...

လှပသည့် အရှင်က...ရက်စက်သည့်နေရာမှာလည်း သူမတူအောင် ထူးသကိုး...လိုချင်ရင် ရလိုက်ရမှ...ဖြစ်ချင်ရင် ဖြစ်လိုက်ရမှ...ဒါဆိုဒါ တသွေးတမိန့်...တစ်ယောက်ယောက်များ အမိန့်သေးသေးလေးကိုပင် လာဖီဆန်...ပြန်မလှန်နိုင်အောင် ခေါင်းဖြတ်ပစ်တဲ့အထိ ရာဇသံကြီးသလို သြဇာသည်လည်း ကြီးသည်မဟုတ်လား...အသွင်နူးညံ့ပေမဲ့ သိပ်ကြောက်ဖို့ကောင်းတဲ့ အရက်စက်တတ်ဆုံးသော ဘုရင်တစ်ပါးပါပဲ...

''ဘာလို့များလဲ Yoon...''

''မွန်ဂိုတွေနဲ့ ပူးပေါင်းနေတယ်...ကိုယ်တော်သတင်းရထားတယ် Jeon...မတိကျသေးလို့...တိကျတာနဲ့ အသေပဲ...''

အရှင်ငယ်ငယ်လေးအား ထိန်းမရ...Jeonသည် သာမန်ကိုယ်ရံတော်ငယ်လေး တစ်ဦးသာမို့ မလုပ်နဲ့လို့ တားပစ်ရအောင်အထိ အာဏာရှိမနေပါ...ချစ်သူတစ်ဦးအနေနဲ့လည်း အရှင့်ကိစ္စမှန်သမျှ တစ်ခါမှ ဝင်မစွက်ဖက်ဖူး...အရှင်စိတ်ချမ်းသာရင်ပဲ ကမ်ဘာကြီးတည်လို့ရပြီဟု မှတ်ယူထားသူပါလေ...သို့ပေမဲ့...ဒီတစ်ကြိမ်မှာတော့ Jeonဟာ အရှင့်ကို အရဲစွန့် ပြောမိပါလေ၏...

''ဒါပေမဲ့...သမားတော်သမီး...သူမကို ငဲ့ပါဦး...Yoonနဲ့ သူမက ငယ်စဉ်ကတည်းက အတူတူပညာသင်ပြီး စိတ်တူကိုယ်တူ ကြီးပြင်းလာကြတာ မဟုတ်လား...''

''အဲ့ဒါ ဖခမည်းတော်ကြောင့်ပါ...သမားတော်Jaeကို တော်တယ်ဆို သဘောတွေကျ...ပြီးတော့ ကိုယ်တော်နဲ့ သူ့သမီးကို ပညာအတူသင်ခိုင်းတယ်လေ...မ​သေခင်တောင် ကိုယ်လုပ်တော်ရာထူးပေးခဲ့သေး...အခုခမည်းတော်လည်း မရှိတော့ရော အဲ့သမားတော်က တိုင်းရေးပြည်ရေးပါ ခြယ်လှယ်ချင်လာပြီ...ကိုယ်တော်အဖြစ်မခံဘူး Jeon...သူ့သမီးနဲ့ မိတ်ဆွေဖြစ်ခဲ့လည်း ရန်သူနဲ့ပေါင်းရင် ရန်သူပဲ...''

Jeonဟာ ဆက်မပြောတော့...အရှင့်ကိုယ်လေးကို ထွေးပိုက်ထားရင်းသာ အဖြူရောင်ဆံနွယ်တွေကို ငုံ့နမ်းလို့ ငြိမ်နေပေးလိုက်သည်...အရှင့်စိတ်ထဲ ထစ်ခနဲ...ကြားရသလောက်ဆို Jeonနဲ့ သမားတော်သမီးကလည်း အစပ်အဆက်တွေ ရှိခဲ့ဖူးတယ်ဆိုပဲ...

''ဘာလဲ...Jeonက သနားနေတာလား...''

ရင်ခွင်ထဲက ခေါင်းလေးပြူထွက်လာသည့် အရှင်သည် မျက်ဝန်းတွေကို မှေးကျဉ်းပစ်ရင်း နှုတ်ခမ်းလေးဆူလျက်မေးသည်...ကိုယ်ရံတော်လေးမှာ မျက်နှာမကောင်းစွာပဲ...

''သနားတာထက် ကျွန်ုပ်ကာကွယ်မပေးနိုင်လို့ အားနာနေတာပါ Yoon...သူမက ကျွန်ုပ်မိခင်ရဲ့ အသက်သခင် ကျေးဇူးရှင်လေ...မိခင်နာမကျန်းဖြစ်နေတုန်းက ဘယ်သမားတော်မှ မနိုင်ခဲ့တဲ့တာဝန်ကို သူမက ထမ်းယူပေးခဲ့တာမို့ သူမကို ကျွန်ုပ်လေးစားချီးကျူးရုံပါ...''

ကိုယ်ရံတော်လေးက ဆွေးမြေ့စွာပြောတော့ အရှင်ကလည်း စကားမဆက်တော့...နှစ်ယောက်အတူတူ ငြိမ်ကျသွားရင်းသာ ရှေ့ကရေကန်ကြီးကို အတွေးတွေနဲ့ ငေးနေမိကြတော့သည်...

- Offered

Hand -

''ထင်တဲ့အတိုင်းပဲ...ထင်တဲ့အတိုင်းပါပဲလား...ဟားဟားးး ''

အရှင်က ဟားတိုက်လို့ရယ်နေသည်...ပုလ္လင်ပေါ်မှာ ဒူးတစ်ဖက်ထောင်လို့ထိုင်ကာ ခပ်လျောလျော နောက်မှီပြီး ရယ်နေပုံမှာ အမတ်တွေ တုန်လှုပ်ချင်စရာ...ဒူးထောက်ထားသည့် သမားတော်သည်တော့ အကြိမ်ကြိမ်ဦးညွတ်ရင်းသာ တောင်းပန်နေလေသည်...အရှင်ကတော့ ရယ်နေတုန်း...

''သစ္စာဖောက်တွေကို ကိုယ်တော်ဘယ်လောက်ထိမုန်းလဲ သမားတော်ကြီး သိမယ်ထင်တယ်...''

ဘေးမှာအသင့်စောင့်စားနေသည့် စိန်စီထားသော ဓားရှည်သည် အရှင့်လက်တွင်းမှာ ဝံ့ဝံ့ကြွားကြွား ပါသွားရင်း...ပုလ္လင်ပေါ်က တစ်လှမ်းချင်းဆင်းလာလျက် အရှင်ကပြောတော့ သမားတော်မှာ အရှင်ကို အလန့်တကြား မော့ကြည့်ကာ အသနားခံတော့သည်...

''ငါကိုယ်တော်ကို မော်ဖူးရလောက်အောင် မင်းမှာအဆင့်အတန်းတွေ ရှိမနေဘူး...''

အားးး!!!

အော်သံနက်နက်သည် နန်းရင်ပြင်မှာ ကျယ်ကျယ်လောင်လောင် ဟိန်းထွက်သည်...ပါးပြင်ကို ဓားနဲ့ခပ်နက်နက် လှီးချခံလိုက်ရတာကြောင့် နာကျင်သွားသူသည် သွေးအရွှဲရွှဲနဲ့...ထိုစဉ် ရင်ပြင်သို့ အပြေးအလွှား ရောက်လာသည့် မိန်းမငယ်တစ်ဦး...

အချိန်တိုင်းမှာ ဣနြေ္ဒအပြည့်နဲ့ နေတတ်သော သူမသည် ယခုတော့ မည်သည့်ဣနြေ္ဒမှ ဆည်၍မရနိုင်တော့...ဂါဝန်စကို မကာပင် ဘုရင်ကိုတောင် ဦးမခိုက်နိုင်တော့ပဲ အလောတကြီး နိုင်နေလိုက်ပုံများ သိပ်သနားစရာ...

''အရှင်...ကျွန်တော်မျိုးမက ဖခင်အစား အရှင့်စိတ်ကြိုက် တောင်းပန်ပါ့မယ်...ဖခင်ကို ပြစ်ဒဏ်လေး လျှော့​ပေါ့ပေးဖို့ တောင်းဆိုပါရစေ...''

''အင်း...လျှော့လျှော့ပေါ့ပေါ့ပါပဲ...သမားတော်ကြီးဖြစ်နေလို့ ကိုယ်တော်ကိုယ်တိုင်ပဲ ဇီဝိန်တစ်ခါတည်း ချုပ်ပေးမှာ...တခြားမသန့်စင်တဲ့ လူတွေနဲ့ လွှဲမပေးပါဘူး...ပြီးတော့ မညှင်းဆဲပဲ တစ်ခါတည်း သတ်ပေးမှာလေ...မလျော့ပေါ့ပေဘူးလား...''

''တောင်းပန်ပါတယ် အရှင်...တောင်းပန်ပါတယ်...အရှင်သတ်ချင်ရင် ကျွန်တော်မျိုးမကိုသာ သတ်လိုက်ပါတော့...ဖခင်ကိုတော့ မဖြစ်ပါဘူး...''

''ဘာလို့မဖြစ်ရမှာလဲ!!! မင်းဖခင်က ငါ့အာဏာကို ရန်သူနဲ့ပေါင်းပြီး လုချင်နေတာ!!! ဒါကိုခွင့်လွှတ်လို့ရသေးတယ်!!! ငါ့အပိုင်!!! ငါ့အသည်းအသက် Jeonကို မင်းနဲ့လက်ဆက်ပေးမယ်တဲ့လား!!! ဟားဟား!!! သိပ်ရယ်ရတဲ့ ဟာသတွေ!!!"

ဓားကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း အရှင်ဟာ အော်လေသည်...အရှင့်ရင်ထဲ ဆက်ဆက်ခါအောင် တုန်နေတာ အမှန်ပဲ...ကိုယ့်ခြေရင်း ဝင်ခစားပြီး ကိုယ်လုပ်တော် လုပ်နေရတဲ့သူကို ကိုယ်လုပ်တော်အဖြစ်ကထုတ်ပြီး အရှင့်ပိုင်ဆိုင်ရာလေး Jeonနဲ့ လက်ဆက်ပေးမည်တဲ့...လုပ်ချင်တိုင်းတွေလုပ်...ခြယ်လှယ်ချင်တိုင်းတွေ ခြယ်လှယ်နေရအောင် ဒီဘုရင်က လွယ်နေတာမှ မဟုတ်တာ...

တိုင်းပြည်ထက် အဆတရာ တန်ဖိုးထားဥထားရတဲ့ ယုန်ငယ်လေးကို ဒီဘုရင်လက်ထဲက လုယူဖို့မကြံနဲ့...အသက်ချင်းလဲပစ်လိုက်မယ်...Min Yoongiဆိုတဲ့ ဘုရင်က ကိုယ်ရံတော်ကောင်လေးကို မြတ်နိုးတာထက် မြတ်နိုးတယ်...စွဲလန်းတာထက် စွဲလန်းတယ်...ရူးသွပ်တာထက် ရူးသွပ်တဲ့ဘုရင်...

''အဲ့တော့ မင်းဖခင်က သေဖို့သင့်ပါတယ် Jae YuHarရဲ့...''

''ဟင့်အင်း...မလုပ်ပါနဲ့ အရှင်...မလုပ်ပါနဲ့...အရှင်!!!"

အရှင့်ဓားချက်သည် ခပ်ပြင်းပြင်း...ပုံခနဲ လဲကျသွားသည့် သမားတော်ဆီမှ သွေးစများစွာသည် သူမ၏ဂါဝန်စတွေမှာ ဖြန်းခနဲ ပက်ဖြန်းလာ၏...များစွာပျက်သွားရသော သွေးစုတ်မှုတို့နဲ့အတူ လှောင်ပြုံးတွေချိတ်ဆွဲထားတဲ့ အရှင်ကို နာနာကျည်းကျည်း စိုက်ကြည့်လေသည့် သူမသည်...

''အရှင်အရမ်း ရက်စက်တာပဲ...''

ထိုသို့ပြောပြီး ဖခင်၏အလောင်းကို ပွေ့ပိုက်ပစ်ကာ သူမအသည်းအသန် ငိုလေတော့သည်...အရှင်က ဂရုစိုက်ဟန်ပင်မပြ...သူမလည်တိုင်ထက် ဓားတင်ကာပင် အေးစက်စက် ဆက်ဆိုလေ၏...

''ဒါပေါ့...ကိုယ်တော်သတ်ချင်ရင် မင်းလို ဘာမဟုတ်တဲ့ မျိုးရိုးနိမ့် မိတ်ဆွေကိုတောင် သတ်ပစ်လို့ ရနိုင်တာပဲ...''

''အရှင်!..."

ကိုယ်ရံတော်လေးဆီမှ ပထမဆုံးတားမြစ်သံလေး ထွက်လာခဲ့သည်...သူမအသားစိုင်ထဲ နစ်ဝင်တော့မည့် ဓားသွားသည် တိခနဲရပ်သွားပြီး အတန်ငယ် လျော့ရဲသွား၏...အရှင့်ရဲ့ အေးတိအေးစက် အကြည့်တို့သည်လည်း ချုပ်ငြိမ်းရလေပြီ...ကိုယ်ရံတော်လေးက အရှင့်စိတ်ဝိဉာဉ်တစ်ခုလုံးကို အပီအပြင် ချုပ်ကိုင်ထားသည်ကိုး...

''မသင့်တော်ကြောင်းပါ...အပြစ်မရှိတဲ့ ကိုယ်လုပ်တော် တစ်ယောက်ကို...ခင်မင်မှုအတွက်ပါ ထောက်ဆလို့ လွှတ်ပေးသင့်ပါတယ် အရှင်...''

အရှင်က ဓားကိုပြန်ရုပ်သည်...အနောက်ကို ပြန်လှည့်လို့ ဒူးထောက်အရေးတောင်းဆိုနေတဲ့ ကိုယ်ရံတော်လေးကိုကြည့်ကာ...

''ကိုယ်တော်နားလည်ပါတယ်...အားလုံး နန်းရင်ပြင်က စွန့်ခွာလို့ရပြီ...''

အရှင်က လက်ကာပြလိုက်တာမို့ အရှင့်ကို ဦးခိုက်ပြီး သမားတော်Jae၏ အလောင်းကို မသွားကာ အားလုံးအသီးသီး ထွက်သွားကြလေသည်...သို့ပေမဲ့ ရင်ပြင်တံခါးကြီး ပိတ်ကျသွားသည်အထိ အတွင်းထဲမှာ ကျန်ခဲ့တဲ့ အရှင်ဆိုသူအား YuHarကတော့ စူးစူးရဲရဲ စိုက်ကြည့်မိဆဲဖြစ်၏...နည်းနည်းလေးပင် မထောက်ထားပေး...နည်းနည်းလေးပင် မစာနာပေးသော ထိုဘုရင်ကို သူမသိပ်ရွံရှာရလေပြီ...

Jeon JeongGukဆိုသည့် ကိုယ်ရံတော်လေးကို သူမချစ်သည်...ထို့ကြောင့် ဖခင်ကိုပြောပြီး အဆင့်မြင့် ကိုယ်လုပ်တော်အဖြစ်က စွန့်လွှတ်ဖို့တောင် ပြင်ဆင်ခဲ့သည်...ယခုတော့ ထိုဘုရင်ကြောင့် ဖခင်ကိုလည်းဆုံးရှုံး အချစ်ကိုလည်း ဆုံးရှုံးရသည်...သူမ မကျေနပ်ပါ...ထိုအယုတ်တမာဘုရင်အား ကလဲ့စားချေနိုင်ဖို့ ကြိုးစားမှာပင်...

''စောင့်ကြည့်နေ အရှင်...ကျွန်တော်မျိုးမ Jae YuHarက သစ္စာဆိုလိုက်မယ်...အရှင်ဘယ်တော့မှ Gukကို မပိုင်ဆိုင်စေရဘူး...''

- Offered

Hand -

သေရည်အတူသောက်ရအောင်ဟု အကိုတော်စစ်သူကြီးက ချိန်းဆိုလာတာကြောင့် အရှင့်ဆီမှာ ခွင့်တောင်းကာ Jeonအပြေးထွက်လာခဲ့လိုက်သည်...သူရောက်တော့ အကိုတော်က သောက်စပင်ပြုနေပြီဖြစ်၏...

''အကိုတော်...''

''အော် ညီတော်တောင် ရောက်လာပြီပဲ...ထိုင်...''

ရှေ့ကိုမေးတချက်ဆတ်ပြပြီး အကိုတော်ဟာ ဝင်ထိုင်ခိုင်းတာကြောင့် သူဝင်ထိုင်လိုက်သည်...ဝင်ထိုင်ထိုင်ချင်းပဲ ငှဲ့ပြီးသား သေရည်ခွက်ကို အကိုတော်က ပေးလာတာမို့ သူလည်း အကိုတော့်အား အရိုအသေပြန်ပြုရင်း ယူသောက်လိုက်၏...

''အရေးတကြီးများ ပြောစရာရှိပါလို့လား အကိုတော်...''

''အင်း...ငါ့ညီတော်ကို လျှို့ဝှက်တွေ့လိုက်ရတာ အကြောင်းရှိလို့ပဲ...''

''ပြောပါ အကိုတော်...''

အကိုတော်က သက်ပြင်းတစ်ချက်ချသည်...ခပ်ဝေးဝေးကိုငေးပြီး သေရည်ခွက်ကို ထပ်လို့မော့သောက်၏...သူစိတ်ရှည်ရှည်နဲ့ စောင့်နေပေးလိုက်သည်...ခနအကြာမှာတော့ အကိုတော်က သူ့ကို ပြန်ကြည့်လာကာ ပြောလေသည်က...

''Kimတိုင်းပြည်ဘက်ကို သွားခိုလှုံပါ ညီတော်...မကြာခင် မွန်ဂိုတွေ ဒီတိုင်းပြည်ကို ဝင်တိုက်တော့မယ်...Jae YuHarက မွန်ဂိုတွေနဲ့ပေါင်းပြီး Minတိုင်းပြည်ကို သစ္စာဖောက်သွားပြီ...''

''အကိုတော်!..."

သူအလန့်တကြား အော်မိလေသည်...အကိုတော်၏မျက်နှာသည် ပကတိ တည်ငြိမ်နေ၏...သူမယုံကြည်နိုင်ပါ...အမှန်ကို မယုံကြည်နိုင်သေး...တိုင်းပြည်အပေါ် သစ္စာအရှိဆုံးသော စစ်သူကြီး Jeon Jiminသည် အရိုးကြေကြေ အရေခမ်းခမ်း ဒီတိုင်းပြည်မှာပဲ အသက်ပေးမည်ဟု သံဓိဌာန်ချပြီးသားသူလေ...အခုမွန်ဂို​တွေ ဝင်မယ်ဆိုတဲ့အချိန်မှ သူ့ကို တစ်ပါးသောတိုင်းပြည်မှာ ခိုဝင်ခိုင်းသည်တဲ့လား...

''အကိုတော်...''

''ဆက်မပြောနဲ့တော့...မင်းပြောမှာ ဘာလဲဆိုတာ ငါသိပြီးသား...ငါ့အတွက် ဘာမှအရေးမကြီးဘူး...မင်းကတော့ အရေးကြီးတာမို့ မင်းအတွက် ငါလုပ်ရလိမ့်မယ်...အရှင့်ကိုလည်း အသက်နဲ့ရင်းပြီး ငါကသေချာ စောင့်ရှောက်ပေးမှာမို့ မင်းသွားပါ ညီတော်...''

''အကိုတော်!...အခု ကျွန်ုပ်ကို ကိုယ်လွတ်ရုန်းခိုင်းနေတာလား!..."

သူခပ်ကျယ်ကျယ် အော်လိုက်မိသည်...အကိုတော်က ချက်ချင်းပဲ ခေါင်းငြိမ့်ပြလာသည်...မရပါဘူး...သူမလုပ်နိုင်ဘူး...သူတစ်ယောက်တည်း ဘယ်ကိုထွက်ပြေးရမှာလဲ...ယုတ္တိမရှိတာတွေ....

''ကျွန်ုပ်မလုပ်နိုင်ဘူး အကိုတော်...အရှင့်ကိုထားခဲ့ပြီး ဘယ်မှမသွားဘူး!... ''

''Jeon JeongGuk!..."

အကိုတော်သည်လည်း ပြန်လည်အော်လာခဲ့သည်...နှစ်ဦးသားအကြည့်စစ်ပွဲတို့သည် ပြင်းပြင်းထန်ထန်...အကိုတော်က ဆက်၍ပြောလာ၏...

''မင်းသိပ်ကာကွယ်ချင်နေတဲ့ အဲ့ဒီအရှင်က မင်းကိုဒုက္ခတွေပဲ ပေးမဲ့သူမို့ ကျေးဇူးပြုပြီး မမိုက်စမ်းနဲ့ Gukie...ငါမင်းကို အဆုံးရှုံးမခံနိုင်ဘူး...ငါ့မှာသွေးသားဆိုလို့ မင်းပဲရှိတော့တာ...''

''ဟက်...''

အရှင့်ကိုယ်ရံတော်လေးသည် ဟက်ခနဲ တစ်ချက်ရယ်ကာပဲ အကိုတော့်စကားတွေကို လှောင်ရယ်ပစ်လိုက်လေသည်...အကိုတော်မှာ မျက်နှာထားတင်းလျက်...Jeon Jiminအမှန်တကယ် စိတ်ပူနေရခြင်းပါ...မွန်ဂိုတွေဝင်လာလျှင် အင်အားအလုံးအရင်းနဲ့ ဝင်မှာဖြစ်သည့်အပြင် Jae YuHarကလည်း သူ့ညီငယ်ကို လက်လွှတ်ပေးမှာမဟုတ်...စစ်သူကြီးတစ်ယောက်မို့ ဒီဗျူဟာတွေကို သူသိပြီးသား...ဒါကြောင့် အခုလို ဆုံးဖြတ်လိုက်ခြင်းသာ...သို့သော် သူ၏ညီတော်ကတော့ သူ့ကို ဆန့်ကျင်မြဲ ဆန့်ကျင်ဆဲ...

''တောင်းပန်ပါတယ် အကိုတော်...စေတနာကို စော်ကားမိတာသိပေမဲ့ ကျွန်ုပ်ကတော့ အရှင်နဲ့ပဲနေမယ်...အရှင်နဲ့ပဲ သေပါ့မယ်...သွားခွင့်ပြုပါ အကိုတော်...''

ဂါဝရပြုလို့ ညီတော်သည် ကျောခိုင်းသွားပြီ...ကျန်နေခဲ့သူသည် တိုက်ပွဲရာချီဆင်နွှဲခဲ့သည့် မာမာထန်ထန် စစ်သူကြီးပေမဲ့ ညီတော်နဲ့ ပတ်သက်လာချိန်မှာတော့ နှလုံးနုတဲ့ အကိုကြီးပီသစွာ စားပွဲမှာ မျက်နှာအပ်လို့ ငိုကြွေးမိပါလေတော့ရဲ့...

အိမ်အပြန်လမ်းတစ်လျှောက်လုံး ထပ်တူငိုကြွေးခဲ့ရှာသည့် ကိုယ်ရံတော်လေးသည်လည်း နန်းဆောင်သို့ ပြန်ရောက်သည်နှင့် အိပ်ဆောင်ဝင်​နေပြီဖြစ်တဲ့ အရှင့်မျက်နှာငယ်လေးကို ငေးကြည့်ကာ သူပါ ဘေးမှာဝင်လှဲပြီး ကိုယ်လုံးသေးသေးလေးကို ဆွဲပွေ့လိုက်၏...ဆံနွယ်အဖြူရောင်တို့ ဖြာကျနေသည့် မျက်နှာနုနုလေးထက် အနမ်းဆင်ကာ စီးကျသွားသော မျက်ရည်စတွေကို လျစ်လျူရှုရင်း ကိုယ်ရံတော်လေးဟာ ပြောခဲ့ပါလေသည်...

''Yoonရဲ့ ထာဝရကိုယ်ရံတော်လေး ဖြစ်ပေးမှာမလို့ ဒီကJeonကို အများကြီးချစ်ပေးပါဦး...''

ကိုယ်ရံတော်လေး၏ အေးမြမြ မေတ္တာအဟုန်တို့သည် အိပ်ချင်ယောင်ဆောင်နေသည့် အရှင့်နှုတ်ခမ်းသားလေးအား ကွေးညွတ်သွားစေခဲ့သည်ဆိုတာကိုတော့ ကိုယ်ရံတော်လေး မသိခဲ့တော့...

Offered Hand_____________________________

ကြာတယ်မလား...ဟီး...စိတ်ချပါ...အခု ဆက်တိုက်သွားတော့မှာ...ကိုယ့်Wallထဲ ဆီးချိုတက်စရာ Yoonkook Ficကို ရေးချင်နေပြီမို့လို့ ဒါလေးကို ဖြတ်ပြီးတာနဲ့ လာတော့မှာရယ်😃...ကိုယ့်ဘက်က တာဝန်ကျေပေးမှာဖြစ်လို့ ခင်ဗျားငယ်တို့လည်း ဘေးမှာရှိနေပေးဦး💗...သိတယ်...အများကြီး ထွက်သွားကြတယ်ဆိုတာ😸...စကားမစပ် Min Yoongiဆိုတဲ့ ဖြူဖြူလုံးလုံးကြီးကို အကောင်လိုက်မြိုချချင်နေတယ်😭💓...Love you all💜

Offered Hand_____________________________

Continue Reading

You'll Also Like

66.3K 9.2K 34
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
1.4M 64.6K 52
Who would've thought the big bad alpha could be that submissive. - Cover by: @JinnieFinnie
53K 14.1K 50
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥