~🍂 The Way We Met 🍂~(Comple...

By ShweJijung

138K 9.6K 202

စိတ်ကူးယဉ်ပါနော် စိတ်ကူးယဉ်ဆန်ဆန်ကို မဟုတ်တဲ့ စိတ်ကူးယဉ်ပါနော် ဘာလို့လဲဆိုတော့ Ficကိုသာ ဖတ်ကြည့်ပါနော် Fic c... More

Part 1🍂Zawgyi
Part 2🍂Zawgyi
Part 1🍂Unicode
Part 2🍂Unicode
Part 3🍂 Zawgyi
Part 3🍂Unicode
Part 4🍂Zawgyi
Part 4🍂Unicode
Part 5🍂Zawgyi
Part 5🍂 Unicode
Part 6🍂Unicode
Part 7🍂Zawgyi
Part 7🍂Unicode
Part 8🍂Zawgyi
Part 8🍂Unicode
Part 9🍂Zawgyi
Part 9🍂Unicode
Part 10🍂Zawgyi
Part 10🍂Unicode
Part 11🍂Zawgyi
Anno!!!!!
Part 11🍂Unicode
Part 12🍂Zawgyi
Part 12🍂Unicode
Part 13🍂Zawgyi
Part 13🍂Unicode
Part 14🍂Zawgyi
Part 14🍂Unicode
Part 15🍂Zawgyi
Part 15🍂Unicode
Part 16🍂Zawgyi
Part 16🍂Unicode
Part 17🍂Zawgyi
Part 17🍂Unicode
Part 18🍂Zawgyi
Part 18🍂Unicode
Part 19🍂Zawgyi
Part 19🍂Unicode
Part 20🍂Zawgyi
Part 20🍂Unicode
Part 21🍂Zawgyi
Part 21🍂Unicode
Part 22🍂Zawgyi
Part 22🍂Unicode
Part 23🍂Zawgyi
Part 23🍂Unicode
Part 24🍂Zawgyi
Part 24🍂Unicode
OS
ပုံကျန်နေလို့😆
Part 25🍂Zawgyi
Part 25🍂Unicode
Part 26🍂Zawgyi
Part 26🍂Unicode
Part 27🍂Zawgyi
Part 27🍂Unicode
Part 28🍂Zawgyi
Part 28🍂Unicode
Part 29🍂Zawgyi
LoL
Part 29🍂Unicode
Part 30🍂Zawgyi
Part 30🍂Unicode
Part 31🍂Zawgyi ~End~
Part 31🍂Unicode ~End~
A/N
Extra လိုချင်သလားဗျ😁
~ မူပိုင် ~
~ မူပိုင် ~

Part 6🍂Zawgyi

1.5K 69 3
By ShweJijung

ကျောင်းကိုလည်း ဖေကြီးကိုယ်တိုင် သေချာလိုက်အပ်နှံပေးသည်
ဖေကြီးအသိ ပါမောက္ခတစ်ဦးနှင့်ပင်ရင်းနှီးခဲ့သည်
တော်သေး.....
ကျွန်တော်တက်ရောက်ရမည့် Minor Majorကဆရာဖြစ်နေသည်

ကျောင်းကလည်းနီးတော့ စက်ဘီးလေးနှင့်ဘဲသွားလာသည်
အိမ်နေရာသည်ကား အမိမြေက လမ်းတစ်လျှောက်လိုပင် အပင်များနှင့် စိမ်းလန်းနေဆဲ
ကုန်းမြင့်နေရာလေး၌လည်း ရှိသည်
လေအေးအေးလေးသည်လည်း တိုက်ခတ်နေပြန်
မကြာခင် နွေဦးတောင်ရောက်တော့မည်လေ
သစ်ရွက်သစ်ဖတ်လေးများပင်
နွေဦးကို ကြိုဆိုဖို့
ကြွေကျချင်ယောင်ယောင်
ကျွန်တော်အတွက် အေးချမ်းသည်
နေရတာ အဆင်ပြေသည်
ကျွန်တော့်မျက်စိ ကြည်စေသည်ထက်
အမိမြေမှာ နေရသလိုပင် ခံစားရစေသည်မို့

🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂🍂

ဒီခေတ်ကြီးနဲ့ ကြုံရတာ
သိပ်တော့ အဆင်မပြေလှဘူး
ကိုဗစ်က အခုထိ မပျောက်ကွယ်သွားသေး
အမြဲလက်ဆေးနေရ အမြဲMaskတပ်နေရသည်
လူထူထပ်ရင်လည်း ကျွန်တော် မသွားရဲပြန်ဘူး
အစစ အရာရာဂရုစိုက်နေရသည်
သရဲတစ္ဆေရယ် သူခိုး လူမိုက်ရယ်
ဆိုသည်က မြင်ရသေး
ဒီရောဂါက မြင်ရတာမဟုတ်
ကူးစက်သွားရင်တော့ Goပြီဘဲ...

~~~~~~~~~

ကျောင်းဝန်းက တအားကျယ်သည်
အပင်တွေကို အများကြီးမြင်လေ ကျွန်တော်ထခုန်ချင်လေ
ခေတ်မှီတိုးတက်သော နိုင်ငံဖြစ်သော်ငြားလည်း
ကျောင်းသားတော်တော်များသည် ကိုယ်ပိုင်စက်ဘီးလေးများဖြင့်သာ
ယခုထိ တက္ကသိုလ်တက်နေသည်ဟု မယုံချင်သေး
အားလုံး၏ စိတ်ထဲတွင်
လွတ်လွတ်လပ်လပ်နဲ့ အထက်တန်းကျောင်းသားသဖွယ် ပေါ့ပါးနေသား

ပထမဆုံးကျောင်းတက်ရက်က မဆိုးဘူးပြောရမည်
ကိုရီးယားလူမျိုး တအားပေါနေတော့
ကျွန်တော်အတွက် ရင်းနှီးမှုပိုရလွယ်သည်
လူမျိုးပေါင်းစုံပါဘဲဗျာ
တစ်ယောက်တစ်မျိုးစီလေးတွေနဲ့ ချစ်ဖို့ခင်ဖို့ကောင်းကြပါသည်......

"Hey.... Dimin"

"No..No Jimin...J...I..M..I..N..."

"Ohh...Jimin... Sorry for my mistake...."

"It'OK...
Why did you call me?? "
(ရပါတယ် .....ဘာလို့ ငါကို ခေါ်တာလဲ??)

"Nothing...I'm Just take a photo of this  view ,Suddenly you're here....
Look at this......So. humm...You're so perfect with this view"
(ဘာရယ်ဟုတ်ပါဘူး ငါကဒီတိုင်း ဒီမြင်ကွင်းကို ဓာတ်ပုံရိုက်နေတာ မင်းကရုတ်တရက် ရောက်ချလာတယ်လေ...ဒီမယ်ကြည့်.....humm..
မင်းက ဒီရှုခင်းနဲ့ တအားလိုက်ဖက်နေတယ်.. )

"Ohh..Really Thank you
So..Would you give this photo ya....?"
(အိုး တကယ်လား
ကျေးဇူးဘဲကွာ
ဒါဆို မင်းငါ့ကို င်္ဒီပုံလေးပေးမယ်မလား??)

"Sure... Let me take it out
I'll give you tomorrow"
(ပေးမှာပေါ့.... ပုံလေးထုတ်လိုက်မယ်လေ
မနက်ဖြန် ငါမင်းကိုပေးမယ်)

(ခဏတာ ဗိုလ်လိုလာမှုတ်တာ မြန်မာလို့ ပြန်ရေးမယ်🤫)

သူက အတန်းထဲက ဂျာမနီနိုင်ငံသားလေးလေ
ဂျပန်နိုင်ငံကို သဘောကျလွန်းလို့ ကျောင်းလာတက်ခြင်းတဲ့
ယနေ့ တူတူထိုင်မိ၍ ရင်းနှီးသွားခြင်း
သူလည်း တစ်မျိုး ခင်ဖို့ကောင်းပါတယ်
အခုသာကြည့်
ကျွန်တော့်နာမည်ကို မခေါ်တတ်ဘူးလေ...

အတန်းချိန် ပြီးတော့လည်း ကျွန်တော် သစ်ပင်တွေရှိရာ ရောက်လာပြန်သည်
ပန်းခြံလို နေရာလေးပါဘဲ
သစ်ပင် ပင်စည်ကိုဖြတ်ကာ အတုံးလေးတွေ ခုံတို့ စားပွဲတို့လုပ်ထားသည်
ဟိုတစ်Set ဒီတစ်Setပေါ့.....

ဒီမှာဘဲ နေ့လည်လေးဝယ်ပြီး လာစားတယ်
အနားယူစရာရှိလည်း ဒီလာယူမယ်
စဉ်းစားစရာရှိနေလည်း ဒီနေရာဘဲ လာမယ်
ဤနေရာသည်လည်း အမိမြေက စာကြည့်တိုက်လေးလို စိတ်ငြိမ်ရာလေးပေါ့....

စိတ်ငြိမ်ရာတစ်ခုရှိသေးသည်
အိမ်နေရာသည်ကား ကုန်းမြင့်ဘက်ရောက်သော်လည်း
အိမ်၏အနောက်ဘက်ရှိ ကုန်းမြင့်က အနည်းငယ်ပိုမြင့်သည်..
ထိုကုန်းမြင့်ပေါ်တက်ပြီးလည်း ကျွန်တော်တစ်မျိုးတစ်ဖုံ အနားယူတတ်သေးသည်
ကျွန်တော်ဆိုသည်မှာ အမြဲအေးချမ်းဖို့ဘဲ စဉ်းစားနေမိတော့သည်

ဒီလိုနဲ့ ကျောင်းတက်လိုက်
အိမ်ပြန်လိုက်
အနားယူလိုက် စာကြည့်လိုက်
တစ်ယောက်တည်းမို့ အထူးတလည်
ဘာကိုမှ ချက်မစားဖြစ်ဘူး....
ပါဆယ်ဆွဲမယ်
ဆိုင်မှာလျှင် ထိုင်စားမယ်
ခေါက်ဆွဲလျှင် ပြုတ်သောက်မယ်
ကြာတော့ မေကြီးလက်ရာတောင် လွမ်းလာပေါ့
ကင်ချီလေး ပို့ခိုင်းဦးမယ်တော်ရာကျမယ်
Park Jimin.......

~~~~~~~~~
ဒီနေ့ ကျွန်တော် ကျောင်းကအပြန် ထမင်းလိပ်လေးတွေ့လို့ ဝယ်လာဖြစ်တယ်...
ပူပူနွေးနွေးလေးကို စက်ဘီးခြင်းထဲ ထည့်ရင်း
အိမ်ကိုဘဲ ဦးတည်ခဲ့တယ်
ကျွန်တော် အိမ်ကိုသေချာပေါက် သော့ခတ်ခဲ့သည်
အဘယ်ကြောင့် ပွင့်နေသနည်း?? ဟုတွေးရင်း
သော့ခလောက်ထည့်ထားရာ အင်္ကျီအိတ်ကပ်ကိုလည်း လက်ဖြင့်စမ်းမိသည်

"သော့လည်း ဒီမှာပါ ငါဘဲမေ့ပြီး မပိတ်ခဲ့ရတာလား
အားးးး သူခိုးဝင်နေမှ ဒုက္ခ S**t......"

ဒရောသောပါး အိမ်ထဲသို့
ပြေးဝင်မိသည်
စက်ဘီးတောင် တခါတည်း မသိမ်းမိပေ...

အိမ်ထဲအရောက် မြင်လိုက်ရသော
ထိုသူသည်ကား All Blackဖြင့်

**ဘာလဲ??သူခိုးများလား??
အိမ်ဧည့်ခန်းထဲရှိ ပန်းချီကားတစ်ခုကို ငေးနေသည်
ဝတ်စားထားပုံက
သူခိုးပုံနဲ့မတူသော်လည်း ထားပါ
ဘာကြောင့် သူများအိမ်ထဲ အသိမပေးဘဲ ဝင်နေရတာ လူကောင်းရော ဟုတ်ရဲ့လား?? ရဲခေါ်သင့်လား?? ဟူးးးးး**

"ဒီမယ် ဒီမယ် ဟိတ်လူ ခင်ဗျား ဘယ်သူလဲ?
အိမ်ထဲကို အသိမပေးဘဲ ဘာလို့ ဝင်လာတာ?"

တဖြည်းဖြည်း ကျွန်တော်ဘက် လှည့်လာသည်
ကျွန်တော်ဘဲ လန့်သွားရတယ်
ကျွန်တော်ဘဲ အံ့သြရတယ်
maskတပ်သော ဒီမျက်နှာပိုင်ရှင်က
အဖြူလွင်လွင်ကောင်လေးလား??

" Jungkook..... "

ဖန်အိမ်ငယ်အလား မျက်ဝန်းဝိုင်းဝိုင်းတွေက ဒီထေရာတည်းပေ
မမြင်ရတာ ဘယ်လောက်ရှိသေးလို့ဗျာ
ဆံပင်တွေ ရှည်လာလိုက်တာ
မသွားခင် တွေ့ခဲ့ရသော မျက်နှာလေးရဲ့ မျက်ခုံးထက်က ဒဏ်ရာလေးကို မနာလိုခဲ့တာ
အခုရော ပျောက်သွားတော့တာလား?
အဖြူလွင်လွင်လေးထက် ပန်းချီကားနဲ့ပိုဆင်သည်...

"ဟိတ် ကိုယ့်ကိုသိသလား?"

ကျွန်တော် အတွေးနယ်ချဲ့နေပြန်တာဘဲ
ဘယ်လောက်ငေးမိနေပါလိမ့်?

"အာ...ကျွန်တော်...ကျွန်တော် သိတယ်သိပါတယ် Jungkookမလား??"

" အဲ့အမည်နာမက ဘယ်ကပါလာတာ
ကိုယ်မသတ်မှတ်ထားခဲ့တာ ကြာပြီ
'Jeon' 'Jeon' တစ်လုံးထဲကသာ ကိုယ့်နာမည်
Jeonပါဘဲခေါ်ပါ "

*သြော် သူအိမ်နဲ့ စိတ်ဆိုးလာတာထင်တယ် ဟား*

" အင်းပါ ဟုတ်ပါပြီဗျာ ဒါနဲ့ Japanကို ဘာလို့လာရတာ အိမ်လာပြန်တောင်းတာတော့ မဟုတ်ဘူးမလား? ဟီး..."

" ...... "

ဘာသဘောနဲ့ရယ်ပြနေတာလဲ သူရှေ့ကဒီကောင်လေး....
ဆံပင်က ဆိုင်ကယ်ဦးထုပ်ကို စွပ်ပြီး အညီညှပ်ထားတဲ့ကေနဲ့
အသားအရည်ကတော့ အတော်ဖွေးလွန်းတယ်
ရာသီဥတုအေးတာရော ပါလိမ့်မယ် နှာခေါင်းထိပ်လေးက ခပ်ရဲရဲ
နှုတ်ခမ်းဖူးဖူးကလည်း သူ့ကို တစ်ချိန်လုံး ဖြီးပြနေပါ့လား??

" ကိုယ့်အိမ်ကို လာနေတာလေ အပန်းဖြေရင်းပေါ့..မင်းလည်း နေတတ်သလိုနေပါ ရတယ် အဆင်ပြေတယ်"

" အိမ်နဲ့စိတ်ဆိုးလာတာလားဗျ? "

"အင်း....."

"ဟို...အနေမကြပ်ဘူးလားဗျ
mask ချွတ်ထားလိုက်ပါ
ကျွန်တော် ကာကွယ်ဆေးလည်း ထိုးပြီးသားလူပါဗျ ဘာမှ မကူးစေရဘူး"

"မင်းမကြားဖူးဘူးလား?
ထိုးထားတဲ့သူတွေက ပိုပြီးရောဂါပြန်ဖြစ်လွယ်တယ်တဲ့ "

ပြောရင်း ချွတ်ချလိုက်သော
Maskအနက်တစ်ခု
ထိုmask၏နောက်ကွယ်က မျက်နှာချောချောနှင့်
ကျွန်တော်မှတ်မိနေသော နှုတ်ခမ်းပါး တစ်စုံ
မှဲ့လေးကပါ ပါနေသေးသည်...
မဟုတ်လောက်ဘူး မဟုတ်လောက်ပါဘူးနဲ့ တွေးထားတာ
တကယ်ကို ပန်းချီကားနဲ့ တထေရာတည်း
လက်စသတ်တော့ သူ့ပုံသူ ဆွဲထားတာဘဲ
ဒါတောင် ပန်းချီကို တွန့်တိုနေသေး ဟွန့်....
အခန်းထဲမှာ ဖွက်ကထားသေး  ဂါး.......

"ဒါမဲ့ စိတ်ချပါ ကျွန်တော်ဆီက မကူးစေရဘူး အာမခံတယ် ok?? ကျွန်တော်လောက်  ကျန်းမာရေး လိုက်စားတာ ကျွန်တော်ဘဲရှိ"

"ဟုတ်ပြီ... ကိုယ့်နားတော့မယ်
မင်း ဘယ်အခန်းမှာ နေနေတာလဲ?"

"ကျွန်တော် အောက်ထပ်ဘဲနေတာပါ အပေါ်ထပ်မတက်မိဘူးရယ်"

"အင်း နားတော့မယ် ကျေးဇူး အိမ်ကို ရှင်းလင်းထားလို့"

"ဟုတ်ကဲ့ ဒါနဲ့ ညစာ ဘာစားမလဲ ဘာမှချက်မထားဘူးရယ် ဟီး  ဟို.... စားချင်ရာရှိ ဝယ်ပေးမယ်လေ ကျွန်တော် လမ်းတွေ ကျွမ်းကျင်သလောက်ရှိပါပြီ"

"Okလေ ဆူရှီလေး ဝယ်ပေး အဆင်ပြေလား??
ရော့ ပိုက်ဆံ"

"နေပါ နေပါ ကျွန်တော် ဝယ်ကျွေးပါ့မယ်
အိမ်ရှင်ကို အခုမှ စကားပြောရလို့ တော်တေ်အူမြူးနေလို့ သွားပြီဗျ "

ရယ်ရင်း ပြောသွားသောစကား
လူလေးက လည်မလိုလိုနဲ့ အူတူတူလေးများလား ဟူး......ဘယ်လိုဟာလေးလဲ

#Aji

အဟမ်း.... အဟမ်း....


Continue Reading

You'll Also Like

1.3M 32.7K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
75.2K 1.1K 25
THIS ISN'T MY STORY! I POSTED THIS FOR OFFLINE READING PURPOSES Also not my translation! Source: MTLNovel ~~~~~~~ Novel Summary Upon waking up, Su Ma...
3.9M 162K 62
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.1M 84.8K 39
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...