Last Tear (Season 1)

By Myatminthant0

67K 5.8K 1K

အချစ်က အတ္တဆန်တဲ့အခါ..... နှလုံးသားက ရက်ရက်စက်စက် ဆုတောင်းပစ်ခဲ့တယ်..... Zawgyi # အခ်စ္က အတၱဆန္တဲ့အခါ..... ႏွ... More

Intro
Ep.1
Ep.2
Ep.3
Ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Ep.10
Ep.11
Ep.12
Ep.13
Ep.14
Ep.15
Ep.16
Ep.17
Ep.18
Ep.19
Ep.20
Ep.21
Ep.22
Ep.23
Ep.24
Ep.25
Ep.26
Ep.27
Ep.28
Ep.29
Ep.30
Ep.31
Ep.32
Note ❤
Season 2 😉

Ep.33 (final Ep)

4.1K 236 80
By Myatminthant0

Young: ဘု...ဘု...ရင်...မ

ယောင်းက အံအားသင့်စွာ တုန်တုန်ရီရီခေါ်လိုက်တော့ ဘုရင်မက ပြတ်ရှနေသော အကြည့်တွေဖြင့်.....

Ni: အင်း တို့ပါ

ကချေသည်လေးသည် စစ်တိုက်ထွက်တော့မလို လက်နက်အပြည့်အစုံဖြင့် စစ်သူကြီးတွေ ရဲမက်တွေကိုကြည့်ကာ တော်ဝင်ကချေသည် နုနုရွရွလေးမလို့ ကြောက်လာခဲ့သည်.....

ဘုရင်မသည် ကချေသည်လေးဆီက သခင်မလေးကိုပြန်တောင်းဖို့ စစ်ကိုတကယ်ပင်ချီလာခဲ့သည်....ဒီကချေသည် တယောက်တည်းကို ရင်ဆိုင်ဖို့အတွက် ဘုရင်မကိုယ်တိုင်လည်း သွေးရူးသွေးတန်း ဖြစ်နေခဲ့သည်.....

Ni:li ငယ်လေးကော...

Young: မသိဘူး..

Ni: ဘုရင်မကို ဗြောင်လိမ်နေတာဘဲ...

ယောင်းတွင်ပြောကြစရာစကားလုံးမရှိခဲ့.......

Ni:မင်းပြောတော့ငြင်းပါမယ်ဆို...တို့စိတ်ချမ်းသာဖို့အတွက် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားငြင်းပါမယ်ဆို.....

Young: ကျမငြင်းခဲ့ပါတယ်...

Ni: လိမ်​တာ...

Young: မလိမ်ခဲ့ပါဘူး...

Ni:သေရမှာကို မကြောက်ဘူးလား...ယောင်း

သေရမှာထက် လူအုပ်ကြီးက မြားတွေနဲ့ချိန်ထားကာ ဘုရင်မကိုယ်တိုင်ကလည်း အေးတိအေးစက် ကြောက်စရာစကားကိုဆိုနေတာကြောင့် ဒီအခြေအနေကိုပိုကြောက်ပါတယ်...

မတည်မငြိမ်ဖြင့် အကြောက်လွန်သောအခြေအနေမှာ ယောင်းသည်ခြေလှမ်းလေးတွေကို နောက်ပြန် တလှမ်းနှစ်လှမ်းဆုတ်သွားခဲ့ပြီး တဲ့နောက် ဖြစ်ချင်ရာဖြစ်ဆိုပြီး ကျောခိုင်းထွက်ပြေးမိလိုက်တဲ့အချိန်....

Ni: မပစ်နဲ့!!!

ဘုရင်မရဲ့ကျယ်လောင်စွာသောအသံသည် မြားအရှိန်ကိုမတားဆီးနိုင်ခဲ့ချေ.....ဘုရင်မရဲ့ကိုယ်ရံတော်ဖြစ်လာပါပြီဆိုကတည်းက သိပ်တော်လွန်းသူတယောက်ဖြစ်ရမည်....တွေ့ရင်အရှင်မထားနဲ့ တခါတည်းသတ်ဟူသောအမိန့်ကိုနာခံလျက်...တန်းမတ်နေသောလက်သည် အဖြူရောင်ပုံရိပ်ထွက်ပြေးသွားသည်နှင့် လက်စွမ်းပြလာခဲ့သည်....

ဘုရင်မက ဒေါသထွက်ထွက်ဖြင့် တွေ့ရင်သတ် ဘာဘဲဖြစ်ဖြစ်အစဖျောက် နှစ်ယောက်လုံးကိုအရှင်မထားနဲ့ဟု ဓါးတရမ်းရမ်းနဲ့ အမိန့်များသည် အားလုံး၏နားထဲစွဲထင်နေခဲ့သည်.....

တကယ်တမ်း မျက်နှာချင်းဆိုင်ဆုံကြသည့်အခါ ဘုရင်မတယောက်လုပ်ရဲခဲ့တာသည် li ငယ်လေးဘယ်မှာလည်း ဆိုတဲ့မေးခွန်းလေးတခုထဲရယ်ပါ....

ထိုကချေသည်လေးကို သူ့လက်နဲ့များသတ်မိရင် သူ့ကိုပြန်သတ်သွားနိုင်တဲ့ သခင်မလေးရဲ့ချစ်ပေးနိုင်မူကြီးအကြောင်း အသဲတွေ တစစီကွဲကြေရင်း အမှန်တရားကိုလက်ခံခဲ့ရတာကြောင့် ဘုရင်မဟာ ဟန်သာရှိသော ရက်စက်သူကြီးပါ....

Li:ယောင်း!!!

ယောင်းတယောက် ခွေကနဲလဲကျသွားချိန်တွင် အချိန်ကိုက်အပြေးတပိုင်းရောက်ရှိလာသူ....။

သူမ...သိပ်ချစ်ရပါသောသူမက
လက်ဆောင်ပေးထားတဲ့ အနောက်နိုင်ငံက ပိုးသားဝတ်ရုံ
ဖြူလွလွဖြင့် မြေပြင်ပေါ်မှာလဲကျနေတယ် ရဲရဲတောက်နေတဲ့ သွေးနီနီတွေဟာ သူမရဲ့ ဝတ်ရုံလေးနဲ့မှ မလိုက်ဖက်......

ကြိုမြင်နေလို့....ဒီလိုအဖြစ်အပျက်တွေဖြစ်လာမှာကိုကြိုသိနေလို့
ချစ်ရသူကို အစွမ်းကုန်ကာကွယ်ဖို့
အပြေးလာခဲ့ပါသော်လည်း
ချစ်ရသူရဲ့ ရင်ဝတည့်တည့်မှာ
မြားတချောင်းစိုက်ဝင်နေခဲ့ပြီ....

ဘယ်သူဘယ်ဝါလုပ်တာရယ်လို့ သခင်မလေးမတွေးခဲ့ မြင်လည်းမမြင်ခဲ့တာမလို့....ဒီအချိန် ဒီအခြေအနေမှာ လေးနဲ့မြားကိုင်ထားပြီး ယောင်းနဲ့ သူ့ကိုသတ်ဖို့နေ့တိုင်းအော်ဟစ်ကြွေးကျော်နေခဲ့တဲ့ ဘုရင်မအပြင်တခြားသူမရှိ....

ကံကြမ္မာ ဖန်တီးသူသည် ဘုရင်မအပေါ်သိပ်ရက်စက်လွန်းပါသည်...

မြေပြင်ပေါ် လဲကျသွားသောပုံရိပ်လေးဆီသို့...ဘယ်အရာကိုမှဂရုမစိုက်ဘဲ သွေးရူးသွေးတန်းသွားပြီးထွေးပွေ့ရာတွင် သူမလေးတကိုယ်လုံးဟာအေးစက်နေလေပြီ...

Li: ယောင်း...ကိုယ်လေ...ကိုယ်ပါ
ဘာမှမဖြစ်တော့ဘူးနော်...ကိုယ် သမားတော်ဆီပို့ပေးမယ် အဆင်ပြေသွားမှာ..

ယောင်းဟာ နီရဲနေသောမျက်အိမ်တွေဖြင့် သွေရဲရဲတွေပေနေတဲ့ လက်ချောင်းရှည်ရှည်လေးတွေဖြင့် ဝတ်ရုံကိုအားကိုတကြီးစုပ်ကိုင်ထားတယ်...

သခင်မလေးရဲ့ဘုရင်မကိုပေးသောမုန်းတီးအကြည့်တွေနဲ့ မျက်နှာဖုံးစွပ်ခံစားချက်မဲ့သောမျက်နှာထားတွေနဲ့ သူ့လက်ထဲပွေ့ထားသော မိန်းမငယ်ကို ပေးအပ်သော အကြင်နာများသည် လရောင်တထိန်ထိန်အောက်မှာ အသဲနာစရာ.....ထိုအကြင်အနာတွေနဲ့တင် ရင်ဘတ်ကြီးတခုလုံးကြွေမွကာ မီးလောင်နေပြီ.....

ကျလုဆဲဆဲမျက်ရည်တွေဖြင့် ဝေဒနာကိုပြင်းထန်စွာခံစားရင်း
သူ့အားရင်ကွဲနာကျစေသော နာကျင်စေသော ရင်တွေအစိတ်စိတ်အမွှမွှာ ကွဲစေသော မျက်ဝန်းတွေနဲ့ကြည့်နေကာ ဝတ်ရုံကိုကိုင်ထားတဲ့ သွေးတွေပေကျန်နေတဲ့ လက်ချောင်းရှည်ရှည်တွေနဲ့ ပါးပြင်ကိုလာထိတွေ့တယ်....

Young: တောင်းပန်ပါတယ် Li

Li: မလိုဘူး...မတောင်းပန်နဲ့
ယောင်းကို ကိုယ် ရအောင်ချီခေါ်သွားမယ်...ဘာမှမဖြစ်တော့ဘူး.. သူတို့ယောင်းကိုဘာမှလုပ်လို့မရတော့ဘူး...

သူမရဲ့ မျက်ဝန်းလှလှလေးတွေသည် li ကိုစူးစိုက်ကြည့်နေရာမှ တခြားဦးတည်ဘက်တခုကို ကြေကွဲနေသောမျက်ဝန်းတွေဖြင့်ကြည့်စေတယ်....
ယောင်း လှမ်းကြည့်နေတဲ့နေရာကို
မျက်ရည်တွေ မနိုင်တဲ့ကြားက
ကြည့်လိုက်တော့ ဒီနိုင်ငံတော်ရဲ့
ဘုရင်မ....။

အမြဲတမ်း ရွှေရောင်ဝတ်ရုံကြီးတွေနဲ့ အနီတောက်တောက်ဝတ်ရုံကြီးတွေကို ခမ်းနားထည်ဝါအောင်ဝတ်တတ်ပြီး....
အနက်ရောင် ဆံနွယ်ရှည်ရဗည်တွေကို ဘုရင်မ ပီသစွာ စည်းနှောင်ထားတတ်ပင်မယ့်
အခုတော့....ထိုဆံနွယ်ရှည်ရှည်တွေကို လေဟာနယ်တွင်သာ လွင့်မြောနေစေပြီး ညဝတ်ရုံ ဖြူလွလွ ကိုသာဝတ်ဆင်ထားတယ်....

မြင်းဖြူဖြူပေါ်က ဘုရင်မသည်
မြေခွေး မျက်လုံးနှင်ဆင်တူသောသူမရဲ့ထူးကဲစွာသော မကျဉ်းမကျယ်မျက်ဝန်းတို့ဖြင့် စူးရဲပြတ်သားစွာ စိုက်ကြည့်နေတယ်...

ယောင်းသည် အရည်လဲ့နေသောမျက်ဝန်းလှလှလေးတွေနဲ့ မျက်လုံးမှိတ်ကျမသွားခင်အထိ ဘုရင်မတယောက်တည်းကိုဘဲစူးနစ်စွာကြည့်သွားခဲ့သည်....ဒါကိုသခင်မလေးကကြည့်ကာ ပို၍ရူးကာငိုခဲ့သည်....သခင်မလေးအတွက်ထားခဲ့တာ တောင်းပန်ပါတယ် ဆိုတဲ့စကားလေးတခွန်းဘဲ...

ဘုရင်မကလည်း ယောင်းရဲ့မျက်ဝန်းတွေကို အေးတိအေးစက်ဖြင့်သာပြန်စိုက်ကြည့်နေခဲ့သည်....

အတ္တမဲ့ခဲ့ပါတယ်သခင်မ အရှက်တွေလည်းမဲ့ခဲ့ရပါတယ် နောက်ဆုံးအချိန်မှာ သခင်မရဲ့မျက်လုံးတွေနဲ့ လောကကိုနှုတ်ဆက်ရခြင်းဟာ သိပ်ဝမ်းနည်းစရာကောင်းပင်မယ့် ပထမဆုံအကြိမ် ရဲရဲတင်းတင်း
ကြည့်ခဲ့ရတာမလို့ ကျမသိပ်ပျော်ခဲ့ရပါတယ်....

ဒီမျက်လုံး ဒီဖြစ်တည်မူနဲ့ဒီခမ်းနားခြင်းတွေ ရက်စက်မူအပေါင်းသရဖူဆောင်းနိုင်ခဲ့တဲ့သခင်မကို နောင်ဘဝများတော့ပိုင်ဆိုင်ရလိုပါ၏ လို့ဆုတောင်းချင်တာတောင် သခင်မရဲ့အရှိန်အဝါ က လောကကိုနှုတ်ဆက်ခါနီးလူ သွေးရူးသွေးတန်းဖြစ်ပြီး ယောင်ယမ်း ဆုတောင်းဖို့မထွက်တော့သည်အထိ သိပ်ကြောက်စရာကောင်းခဲ့ပါသည်.....

ယောင်းသည် အသက်ရူဖို့ ခက်ခဲလာခဲ့ပြီ...
မျက်ရည်ပေါက်ကြီးငယ်တို့ဟာ
လှပသော သူမရဲ့မျက်နှာလှလှလေးပေါ်တော့ တစက်ချင်းစီ လှလှပပ ကျလာခဲ့ပြီ...

သူချစ်မြတ်နိးလွန်းရသူ....သိပ်ကိုရိုးသားဖြူစင်လွန်းတဲ့သူ...
ပထမဆုံးမြင်ဖူးခြင်းမှာတင်ကို
စိတ်ကော ကိုယ်ပါ သူမဆီမှာ ကပ်ငြိသွားရလောက်တဲ့ထိ ပျော်ဝင်သွားရလောက်တဲ့ထိ ဆွဲဆောင်နိုင်တဲ့သူ.....
သိပ်ပြီးပြီးပြည်စုံလွန်းတဲ့ ချစ်ရသူလေးရဲ့ အဆုံးသတ်က ဒီလိုမျိုးတဲ့လား.....

ကိုယ့်ချစ်ရသူတယောက်လုံး
မျက်စိရှေ့မှာ အသက်ရှုမရ
သောမြင်ကွင်းလောက်
ရင်နာဖို့ကောင်းတဲ့ ပိုဆိုးတဲ့
မြင်ကွင်းမရှိဘူး...
တင်းကြပ်နေအောင်
ပွေ့ဖက်ပေးထားပြီး
သည်းထန်စွာအော်ငိုပစ်လိုက်တယ်
ဖက်ထားတဲ့လက်ချောင်းလေးတွေ
ဝတ်ရုံကိုဆွဲကိုင်ထားတဲ့လက်ချောင်းတွေဟာ တဖြည်းဖြည်းနဲ့ပြေလျော့လာခဲ့ပြီ...

ယောင်းသည် ဘုရင်မကိုစိုက်ကြည့်ငေးနေရင်းနဲ့ပင် မျက်ရည်တစက်ပါးပြင်ပေါ်လိမ့်ဆင်းသွားပြီးတဲ့နောက် ဆုလေးတခုဖန်တီးပြီးသည့်အခါ မျက်လုံးလေးတွေကိုမှိတ်ချသွားသည်...

ပြာယောင်ယောင် ဖြူဖျော့ဖျော့
နခမ်းပါးလေးတွေဟာ
တချက်တချက်မဲ့သွားပြီးတဲ့နောက်မှာ
သွေးအိုင်ထဲက လှပတဲ့မိန်းကလေးဟာ ငြိမ်သက်သွားခဲ့လေပြီ....

ဘာတွေဆက်ဖြစ်ကုန်ကြလည်း ယောင်းမသိတော့... လထိန်ထိန်သာနေသောညတွင် ကြီးမားသော ချစ်ခြင်းတွေသည် ကိုယ်စီကိုယ်ငှ မလျော့စွာအားပြိုင်ခဲ့ကြသည်......

Li: ယောင်း....ယောင်း!!!

သခင်မလေး ဟာ ခေါ်လို့မရတော့သော
ဘာ်တော့အခါမှ ပြန်မပွင့်လာတော့သော မှိတ်သွားတဲ့ မျက်လုံးလေးတွေကိုကိုင်ပြီး တိုးငြင်ငြင်စကားတခွန်းကိုပြောခဲ့တယ်...

Li: ကိုယ့်ကို တယောက်ထဲတော့မထားခဲ့ပါနဲ့ကွာ....

မျက်ရည်တွေထပ်မကျနိုင်တော့ဘူး...
ကိုယ်ပေါ်က ယောင်းကို မြေပြင်ပေါ်ခပ်ဖွဖွ ချထားခဲ့ပြီ
ကိုယ်ရံတော်တအုပ်ဖြင့် ဘုရင်အာဏာဖြင့် ထင်တိုင်းကြဲနေတဲ့ ဘုရင်မဆီကို ခြေလှမ်းကြဲတွေနဲ့သွားလိုက်တယ်..

ဒီနိုင်ငံတော်ရဲ့ အလှပဆုံး မိန်းမသား

နိုင်ငံတော်ရဲ့ ဘုရင်မ အဖြစ်ထိုက်ဆုံး ဘုရင်မ...

ယောကျာ်းမိန်းမ အားလုံးကို သူမရဲ့မျက်ဝန်းလှလှတွေနဲ့ ညို့ယူနိုင်တဲ့အထိ ထူးခြားဆန်းကြယ် မှုတွေနဲ့ လှပတဲ့ လူသား...

အိမ်ရှေ့စံမင်းသမီး ဘဝကတည်းက အတော်ကိုသြဇာအာဏညောင်းပြီး အိမ်နီးချင်းနိုင်ငံတွေအထိကို ဂုဏ်သတင်း အရာ သိပ်မွှေးပျံ့လွန်းခဲ့သူ....

ဒါပေမယ့်...ရူးနေတာ
ရူးနေတဲ့ မိန်းမ......

သခင်မလေး ဟာ မျက်ရည်တွေကို
လက်ခုံဖြင့် အကြမ်းပတမ်း
သုတ်ပစ်လိုက်ပြီး....မြင်းပေါ်က
ဘုရင်မရှိနေသော နေရာသို့တောက်လောင်နေသော မျက်ဝန်းများနှင့်.....
ပြင်းထန်စွာ စိုက်ကြည့်ရင်း ကိုင်စွဲနေကြဖြစ်သော ဓါးရှည်ကို ကျစ်ကျစ်ပါအောင်စုပ်ကိုင်ထားတယ်...

ထိုအနီးနားကိုရောက်သွားတဲ့အခါ...
မြင်းပေါ်မှာ ထိုင်နေတဲ့ ဘုရင်မကို
လက်ကောက်ဝတ်မှာ ဆောင်ဆွဲချလိုက်တဲ့အချိန်မှာတော့
သူ့လည်ပင်းကိုလာထောက်တဲ့ အချောင်း ၂၀ နီးပါးရှိတဲ့ ဓါးတွေ.....

Ni: ဖယ်ပေးလိုက်

ထိုအခါမှသာ မဖယ်ပေးချင် ဖယ်ပေးချင်နဲ့ ကိုယ်ရံတော် တသိုကိ ဟာ ဓားကိုသိမ်းလိုက်ကြတယ်...

Ni: အပြုအမှုတွေက လေးစားမှုမရှိလိုက်တာ li

Li: မင်း လုပ်ရက်လိုက်တာ...

Ni: နန်းတော်ထဲမှာ...အဆက်သခံထားရတဲ့ အမှုထမ်းတယောက်က ဘုရင်မ မသိအောင် မြို့တော်ထဲက ထွက်သွားဖို့လုပ်ရင် သေဒဏ်ဆိုတာကို မင်းအသိပါ li ...... ရက်စက်ကြမ်းကြုတ်တယ်လို့ မခေါ်ထိုက်ပါဘူး...တို့လုပ်ရမယ့်အလုပ်တို့လုပ်တာ တို့ကဘုရင်မ တယောက်ဖြစ်နေတဲ့အတွက်....

ကိုယ်တိုင်ကလည်း နိုင်ငံရဲ့ဘုရင်မစိတ်ဓာတ်ပြင်းထန်ခိုင်မာခြင်းနဲ့ မာနသည် မိုးအထိတက်ကာ အနည်းငယ်မျှမလျော့နိုက်သူမလို့ သခင်မလေးသည် မပြောစဖူးလေသံ တသက်လုံးမှမပြုမူခဲ့ဖူးသောအပြုအမူမျိုးနဲ့ လာစမ်းသပ်တဲ့အခါ ဘုရင်မက....
"ငါသတ်တာမဟုတ်ပါဘူး...သူသတ်တာပါ"
လိုတုန်တုန်ရီရီပြောမယ့်သူမျိုးမဟုတ်...

ဘုရင်မ လုပ်ရမယ့်အလုပ် ဘုရင်မလုပ်တာဘဲ....။

ဇာတ်သိမ်းဆိုတာ
နာကျင်မှုအမျိုးမျိုးကို
ကိုယ့်စိတ်ကြိုက်ရွေးချယ်နိုင်တဲ့
အခန်းတခုဘဲ မဟုတ်လား...။

ထက်အမြင်ကတ်စရာကောင်းတဲ့မျက်နှာမျိုးမရှိ...
ဒီထက်ဒေါသဖြစ်စရာကောင်းတဲ့မျက်နှာမျိုးမရှိ
ဒီ မျက်နှာထားမျိုးကို ဓားနဲ့နုံနုံ စင်းပစ်ချင်စရာကောင်းလိုက်တာ
လှပတဲ့ လရောင်ထိန်ထိန်ကြီးတွေရဲ့အောက်မှာ အမုန်းပင်တွေဟာ မြေသြဇာ မထည့်ပါဘဲနဲ့ ကြီးထွားသည်ထက်ကြီးထွာ သန်မာသည်ထက်သန်မာနေသည်...

သခင်မလေး ဟာ လက်တွေမှာပေကျံနေသော ယောင်းငယ်ရဲ့သွေးများဖြင့်
ဘုရင်မရဲ့ မျက်နှာလှလှကို
သုတ်လိမ်းပေးလိုက်တယ်...

ကြွေရုပ်အဆင်နဲ့တူတဲ့ မျက်နှာလေးနဲ့ သွေးရဲရဲတွေ ဟာဘယ်လိုမှမလိုက်ဖယ်သော်လည်း ဘုရင်မဟာစကားတခွန်းတောင်မဟခဲ့ ဝတ်ရုံကိုကျေမွနေအောင်စုပ် အံကိုကြိန်ကာငြိမ်ခံနေရှာတယ် တကယ်ဆို သူသာအမိန့်ပေးရင် သခင်မလေး အခုချိန်သေလောက်ပါပြီ.....

ထိန်သာနေလွန်းတဲ့လပြည့်ည
စည်ကားနေတဲ့ မြို့တော်ရဲ့ညဈေး
ဝါးပင်တွေအစုလိုက် အစုလိုက်ပေါက်နေတဲ့ တောအုပ်အလယ် မှာ
သွေးတရဲရဲနဲ့လဲကျနေသောလူသားငယ်လေး....
မြတ်နိုးရပါသော ဆံနွယ်လေးတွေဟာ လေတိုက်ရာသို့ လွင့်မျောနေရင်း...
ရင်ဝမှာ စိုက်နေတဲ့ မြားဒဏ်ရာကြောင့် ပတ်ပတ်လည် သွေးတွေရာ ချောင်းငယ်တခုလိုဖြစ်ထွန်းနေပြီ....

တခါကြည့်ရင်...တခါ နာကျင်ရစေသောပုံရိပ်ငယ်လေး...
ဖတ်ဖူးခဲ့တဲ့ ကျမ်းတွေထဲက
ရင်ကွဲနာကျခြင်းဆိုတာ ဒါမျိုးထင်ပါရဲ့....

ရှေ့ကဘုရင်မကိုကြည့်မိလိုက်တဲ့အခါ...သူ့အားစူးရှနေသောမျက်ဝန်းတွေနဲ့ တောက်လောင်စွာ ကြည့်နေတယ်....တခါကြည့်ရုံနဲ့တင် မီးထဲရောက်သွားသလို တကိုယ်လုံးပူပြင်းလာခဲ့တယ်....

သခင်မလေး ဟာ ဘုရင်မရဲ့မျက်ဝန်းတွေကိုစူးစိုက်စွာကြည့်ရင်း...
ထိုည ထိုစကားကိုဆိုခဲ့သည်..
ထိုည ထိုဆုတောင်းခဲ့သည်...
မဖြစ်နိုင်တဲ့ဘဝမှာ ဆုတောင်းကိုတော့မိုးနတ်မင်းကြီးက ဖြည့်ပေးမှာဆိုတဲ့စိတ်နဲ့.....

Li: ငါဆုတောင်းတယ်....မင်းကိုငါဒီဘဝတင်မဟုတ်ဘဲ နောင်ဘဝအဆက်ဆက်အမုန်းကြီးမုန်းနိုင်ပါစေ...မင်းမျက်နှာကိုမြင်ရုံနဲ့ မကောင်းတဲ့ခံစားချက်တွေကိုသာဖြစ်တည်စေပြီး မင်းကိုငါအမြဲတမ်းစိတ်ဆင်းရဲမူတွေကိုသာပေးနိုငိတဲ့သူဖြစ်ပါစေ....ငါဆုတောင်းတယ် ငါတို့ရဲ့သွေးကြွေးတွေအတွက် အကြွေးဆပ်ကိုဆပ်ရမယ့် ရေစက်ဆိုးတွေနဲ့အတူ သံသရာတလျှောက်လုံး ငါ့ဆီကိုဘဲမင်းတည့်တည့်ပြန်လာပြီး ငါ့ကိုဝဋ်ကြွေးဆပ်ရပါစေ....ငါနဲ့ဘဲသံသရာတွင်လုံးပြန်စုံစည်းပြီး ငါ့အရုပ်လိုဘဝမျိုးကိုဘဲအထပ်ထပ်အခါခါကြုံတွေ့ရပါစေ ဒီဘဝမှာ မင်းကသခင်မလို့ မင်းမျိုးမင်းနွယ်မလို့ အနိုင်ရခဲ့ပက်မယ့် နောက်ဘဝဆက်တိုင်းဆက်တိုင်းမှာ...ငါကဘဲမင်းရဲ့သခင် ငါကဘဲမင်းရဲ့ဘုရင် ဖြစ်ရပါစေ......

ထိုစကားတွေကို ဆိုပြီးတဲ့နောက် ထိုဆုတောင်းတွေကိုတောင်းပြီးတဲ့နောက် ဘုရင်မရဲ့မျက်နှာတော်ဟာ ပို၍ပင်တင်းမာလာခဲ့တယ်....ပို၍ပင်ခက်ထန်လာခဲ့တယ်...ဖြူလွလွဝတ်ရုံဖြူဟာ ကကြေမွသည်ထက်ကြေမွနေခဲ့သည်.....

Li: ငါ့ဘဝမှာအမုန်းတကာ့အမုန်းဆုံးနေရာမှာ မင်းကပထမဘဲ
ငါမင်းကိုသတ်ပစ်လိုက်လို့ရတယ်
ဒါပေမဲ့မသတ်တော့ဘူး
လူဖြစ်ပြီး...လူတယောက်မှာရှိသင့်တဲ့ နှလုံးသားမပါလာလို့....
မင်းလိုလူမျိုးက သတ်ပစ်ရင်တောင်မှ တမလွန်မှာထောင်လွှားနေမဲ့လူမျိုး....
မုန်းတီးစရာကောင်းတဲ့မျက်နှာမျိုးကို ဒီလိုအချိန်မှာတွေ့နေရတာ တကယ်အကျဉ်းတန်မိတယ်....

Ni: စော်ကားနေလိုက်တာ...ပုပ်ခတ်နေလိုက်တာ....ဒီမိန်းကလေးကြောင့်နဲ့....တို့ကို

Li:ဒါနောက်ဆုံးစော်ကားခြင်းပါ ငါမရှိတော့တဲ့နောက် နန်းသက်ရှည်ပါစေ အရှင်မ....

Li ဟာ သူ့ရဲ့ဓါးဖြင့် သူ့ရဲ့ရင်ဝကို ထိုးစိုက်ပစ်လိုက်တယ်.....ဘုရင်မဟာ ထိုရင်ဝက သွေးတွေဖြင့်ရောနှောနေသော ဓါးကို မျက်နှာသေကြီးနဲ့ကြည့်နေတယ်..

ကိုယ့်ဟာကိုယ်သတ်သေသွားခြင်းတဲ့လား....အဲ့သလောက်တောင်ဘဲ သူမကိုချစ်တာလား li ငယ်ကလေ

တဆတ်ဆတ်တုန်ရီနေတဲ့ကြားက မုန်းတီးနေသော မျက်ထောင့်နီကြီးတွေနဲ့ ဘုရင်မဆိုသူကိုစိုက်ကြည့်နေတယ်...
ရင်ဝမှာဓါးစိုက်နေခြင်းကြောင့် သခင်မလေး liဟာမြေပြင်ပေါ်မှာကြာရှည်ခံပြီးရပ်မနေနိုင်ခဲ့...

ဘုရင်မဟာ မြေပြင်ပေါ်မှာ သွေးတွေတဲ့ လွန့်လူးနေတဲ့ li ကိုကြည့်ရင်း မျက်နှာတွေဖြူဖျော့လာတယ်...ဝတ်ရုံတွေကိုစုပ်ထားတဲ့လက်တွေဟာပြေလျော့လာတယ်...နောက်ကိုခြေလှမ်းတွေဆုတ်ထားပြီး မယုံကြည်နိုင်စွာခေါင်းတွေအသွင်သွင်ခါနေကာ...အတန်ကြာမှာတော့ သူမျက်နှာဘေးဟာ ပို၍ခက်ထန်လာတယ်...သခင်မလေး ကိုစူးစိုက်ကြည့်ပြီး...

Ni: မွှန်နေလိုက်တာ.....

မြင်းပေါ်ပြန်တက်သွားပြီး ဦးတည်ရာမဲ့ကိုဒုန်းစိုင်းစီးနှင်လာခဲ့တယ်....ကျလာတဲ့မျက်ရည်စတွေကို လက်ဖြင့် ကြမ်းတမ်းစွာသုတ်ပစ်တယ်....ဝမ်းနည်နေစရာမလိုအပ်ဘူး ကိုယ့်ကိုမချစ်တဲ့သူတယောက်အတွက်...

လပြည့်ညတခု နန်း​တော်ထဲ အရှိန်ပြင်းစွာဝင်ရောက်လာတဲ့ မြင်းကောင်ရေများစွာ...တလျှောက်လုံး မျက်ရည်တွေကျလာတဲ့ ဘုရင်မသည် ခံနိုင်ရည်မရှိစွာ အသက်ကိုလုရူနေရသည်....

မြင်းပေါ်ကဆင်းဖို့ကိုတောင် အထိန်းတော်ကြီးရဲ့အကူအညီယူကာ ဆင်းလာခဲ့ရသည်......

"အရှင်မ အဆင်ပြေတော်မူရဲ့လား"

"ညီမတော်...lili ကော"

Ni:သူ....သူ

မျက်ဝန်းနီနီတခုလုံးသည် ပြိုတော့မည့်မိုးကဲ့သို့ ဖြစ်နေခဲ့သည်....နခမ်းဖျားတွေဟာတဆတ်ဆတ်တုန်နေခဲ့ပြီး တခုခုပြောဖို့ရာ အတော်ကိုအားယူနေရခဲ့သည့်ပုံ....

Ni:သူသေသွားခဲ့ပြီ....အင့်...ဟင့် အား...

နှလုံးသားတည့်တည့်တွင်ရှိနေသောဝတ်ရုံစတွေကို စုတ်ချေနေရင်း အသက်ဝအောင်ရူနေရသော ဘုရင်မကို မင်းသားက ခေါင်းခပ်ဖွဖွပုပ်ပေးကာ နွေးထွေးစွာပြုံးပြသည်.....

အထိန်းတော်ကြီးကိုတဖက် အပျိုတော်တယောက်ကိုတဖက် မှီရင်း နန်းဆောင်သို့သွားနေရသော ဘုရင်မသည် အတော်ကိုအားအင်ချိနဲ့နေခဲ့သည်....

သလွန်ပေါ်ထိုင်ကာ အနားယူခိုင်းထားပါသော်လည်း ဘုရင်မဟာအမောပြေမလာခဲ့.....ရင်ဘတ်ကိုသာဖိရင်း ငိုနေခဲ့သည်...

Ni:အ....အထိန်းတော်ကြီး....

အဟွတ်...အဟွတ်...

သွေးတွေအန်ကျလာတဲ့ ဘုရင်မကြောင့်...

"အပြင်မှာဘယ်သူရှိနေလည်း သမားတော်ကြီးကိုသွားပင့်ကြ"

အဟွတ်......

သွေးတွေဟာအဆက်မပြတ်......

"အရှင်မ....စိတ်ကိုတင်းထားပေးပါ"

Ni:ငါ...ငါသူ့ကိုသိပ်ချစ်ခဲ့တာ.... အထိန်းတော်ကြီး.....သိတယ်မလား

"ကျွန်တော်မျိုးမ အသိဆုံးပါ အရှင်မ.... "

Ni:ငါ....ငါလည်းဆုတောင်းလို့ဖြစ်မယ်မလား....

"ရှင်...."

ဘုရင်မ ပြောခဲ့သော စကားတွေထံတချို့တဝက်ကို အထိန်းတော်ကြီးက နားလည်ပင်မယ့် တချို့ကိုတော့နားမလည်နိုင်ခဲ့ချေ....

နင့်ရဲ့ဆုတောင်းတွေ...နင့်ရဲ့ကျိန်စာတွေကရယ်စရာကောင်းလှပါတယ် lili ban ရယ်....ဘယ်သူကပိုနာကျင်ရတယ် ဘယ်သူကပိုပြီးသွေးမျက်ရည်ကျရတယ်ဆိုတာ မိုးနတ်မင်းကြီးအသိပါ....ငါ့နှလုံးသားထဲကစီးယိုနေတဲ့သွေးမျက်ရည်နဲ့ မခံစားနိုင်စွာ အန်ကျလာတဲ့သွေးနီနီတွေကိုသတ်သေတည်ပြီး ငါဆုတောင်းတယ် ဘသဆက်တိုင်းဆက်တိုင်း မင်းနဲ့ဘဲပြန်ဆုံပြီး ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မင်းတယောက်တည်းနဲ့ဘဲ သံသရာတလျှောက်လုံးပြန်ပေါင်းဖက်ရပါစေ....ငါ့မျက်နှာကိုမြင်တာနဲ့အရူးလိုစွဲလန်းချစ်မြတ်နိုးပြီး မင်းနှလုံးသားရဲ့ချစ်ပေးနိုင်တဲ့စွမ်းအားတွေထက် အဆပေါင်းများစွာ လွန်ကြူးပြီးငါ့ကိုချစ်မြတ်နိုးပါစေ....ဒီဘဝမှာ ဘုရင်မတပါးဖြစ်ခဲ့တာတောင် မင်းနှလုံးသားကိုမပိုင်နိုင်ခဲ့ပင်မယ့် နောက်ဘဝဆက်ဆက် ချွင်းချက်မဲ့စွာ မင်းနှလုံးသားရဲ့ တယောက်တည်းသောဘုရင်မတပါးဖြစ်ရပါစေ.....မင်းကသွေးနဲ့ဆုတောင်းတယ်...ငါကငါ့နှလုံးသားထဲက စီးဆင်းလာတဲ့ငါ့မျက်ရည်တွေနဲ့တိုင်တည်မယ်...မေတ္တာအရှိန်အဟုန်ပြီးတဲ့သူနိုင်ကြေးဘဲ....

ဘုရင်မသည် ထိုဆုတောငိးတွေကို မျက်ရည်တွေနဲ့ထုတ်ပိုးကာ ကောင်းကင်ဘုံသို့ပို့ပြီးတဲ့နောက် ဝေဒနာတွေရဲ့ဝေးရာကိုပေါ့ပါးလွန်းတဲ့လိပ်ပြာလေးတကောင်လို ထွက်ပြေးသွားခဲ့သည်....

မျက်လုံးတွေမှိတ်ကျကာ ပျော့ခွေပြီး အထိန်းတော်ကြီးဆီ ပြုတ်ကျလာသော​ဘုရင်မ....

"အရှင်မ..အရှင်မ!!"

နောက်ကျမှရောက်လာသော သမားတော်သည် ဘုရင်မကိုစမ်းသပ်မူတွေပြုလုပ်ခဲ့ပြီးတဲ့နောက်....

"အရှင်မ နတ်ရွာစံသွားပါပြီ"

လန့်ဖြန့်သွားကြကာ...မိဖုရားခေါင်ကြီးဆိုထိုနေရာမှာတင် သတိလစ်မေ့မျောသွားခဲ့သလို...ဘုရင်မင်းမြတ်ဟာလည်း ထိုနေရာမှာတင်သွေးစောင့်တက်သွားခြင်းကြောင့် အခြွေအရံတွေကြားထဲပိုးလို့ပက်လက်....မင်းသားဟာလည်း ဘာလုပ်လို့ဘာကိုင်ရမည်မသိ...

ငယ်စဥ်အရွယ်ကတည်းက...ဟိုးငယ်ငယ်လေးကတည်းက အချစ်ကြီးခဲ့ရသော ဘုရင်မသည် ဤသို့ဖြင့် အဆုံးသတ်မလှခဲ့ချေ......

ဘုရင်မ သက်တော် ၁၀ နှစ် သခင်မလေးသက်တော် ၅ နှစ်အရွယ်..

အိမ်တော်ထဲကမုန့်အချိုတွေကို ပေကျံနေအောင်စားနေတဲ့ ကလေးငယ်ကို ပန်းခြုံထဲကနေခိုးငေးဖူးခဲ့တဲ့ဘုရင်မ...

ပါးစပ်ဖျားက သရည်တွေနဲ့ အချိုရေတွေနဲ့ ပေပွနေခဲ့တဲ့ ထိုညစ်ပေနေသောပါးစပ်ကို အရွံအရှာကြီးပါပေ့ဆိုတဲ့ဘုရင်မက လက်ဗလာနဲ့သုတ်ပေးဖူးတယ်....

အသက်လေးတဖြည်းဖြည်းကြီးလာလေလေ ကြောက်ကြောက်ရွံရွံနဲ့ သူမကိုခစားတတ်တဲ့ ထိုအထွေးဆုံးလေးကို ဘုရင်မက တုန်နေအောင်ချစ်တာ...

ဘဝမှာဘာကိုမလိုချင်ဆုံးလည်းမေးခဲ့ရင် သက်တော် ၂၅ နှစ်ပြည့်မွေးနေ့က မင်နိုင်ငံတော်ကဆက်သတဲ့ ကချေသည်ကိုဘဲ..သူကြောင့် သူ့ကြောင့် ဘုရင်မရဲ့ကလေးလေးဟာ အချိုးတွေပြောင်းလာခဲ့တာ..ဘုရင်မကိုဆို ဖုတ်နေတဲ့ငပိ ရှိတယ်လို့ကိုမထင်တာ...

ဘယ်တတ်နိုင်ပါ့မလည်း..ဟိုးအရင်အချိန်တည်းက နှလုံးသားဆိုတဲ့နေရာမှာ li ငယ်လေး လို့တံဆိပ်ထုလိုက်ကတည်း က သေတဲ့အထိသူ့တယောက်တည်းဘဲ...

ဝမ်းနည်းစရာဘဲ ထိုနှလုံးသားကလည်း သေတဲ့အထိ ဘုရင်မကို
လှည့်မကြည့်ခဲ့ဘူး...သေတဲ့အထိ မုန်းတယ်ဆိုတဲ့စကားကိုပြောခဲ့တုန်းဘဲ...

ဘယ်သူကအချစ်အကြီးဆုံးလည်း ဘယ်သူရဲ့ဆုတောင်းတွေကမှန်ကန်လာခဲ့မှာလည်း....

ယောင်းပြောပြခဲ့သော သူ့အချစ်ရဲ့ထုထည်ဘယ်လောက်ထိကြီးမားကာ ပြိုင်ဘက်ကင်းခဲ့မှန်း သခသ်မလေးတယောက်သာသိရှိခဲ့တာကြောင့် သခင်မလေးသည် ထိုအချစ်ကို သိပ်မုန်းကာ စိတ်ထဲလည်းစွဲစွဲထင်ထင်ရှိခဲ့သည်....

ဘယ်ချစ်ခြင်းတရားကမှ ကျမအချစ်ကိုမကျော်နိုင်ဘူး ...ပြန်များတွေခဲ့လို ချစ်တယ်သာဖွင့်ဟလိုက် သခင်မဟာ ကျမကိုမလွန်ဆန်နိုငိဘူးဆိုတဲ့ယုံကြည်မူ တကယ်လည်းဖြစ်နိုင်ကြောင်း သတ်သေပြနေရနိမလို....လောကကြီးထဲကမထွက်သွားခင် ကြည့်သွားသော မျက်ဝန်းလှလှလေးတွေဟာသတ်သေဘဲမဟုတ်လား.....။

သုံးဦးလုံး၏ အချစ်ဇာတ်လမ်းသည် ဂျိုဆွန်းခေတ်တွင် သမိုင်းတွင်နေလိမ့်မည်....ကျိန်စာတွေ...တိုငိတည်မူတွေ... ဆုတောင်းတွေဟာလည်း အသက်ဝင်နေပါလိမ့်မယ်....

ဘုရင်မနတ်ရွာစံပြီးသည့်နောက်တွင် ဂျိုဆွန်းထီးနန်းကို jong in မင်းသားကဆက်ခံခဲ့ပြီး သာယာဝဖြိုးသော နိုင်ငံတော်ဖြစ်အောင်အုပ်ချုပ်နိုင်သည့် ဘုရင်တပါးဖြစ်ခဲ့သည်....

ဟောပြောသူဘုန်းတော်ကြီးသည် ဘယ်အရာကိုမှမမှန်မကန်မဟောပြောခဲ့ချေ....သူဟောပြောသမျှအရာအားလုံးသည်မှန်ကန်ခဲ့သည်....

တကယ်လည်း jong in မင်းသားဟာ နန်းတက်ဘုရင်ဖြစ်ခဲ့သလို....ဘုရင်မ သေဆုံးသွားခြင်းသည် သခင်မလေးတရားခံဖြစ်နေခဲ့သည်....

ဟောပြောမူသည်မှားယွင်းနေခဲ့ခြင်းမဟုတ်ဘဲ အချိန်အခါသည်သာ စောင့်ဆိုင်းဖို့လိုအပ်ခဲ့တာပါ....

ချစ်ခြင်းမေတ္တာများအားအရင်းတည်၍ ဖြစ်လာရသော အမုန်းတွေနဲ့ကျိန်စာ...အမုန်းတွေနဲ့ဆုတောင်းတွေကို တဖန်ပြန်ပြီး တွေ့ဆုံချင်ပါသေး၏....

အချစ်....အင်း...အဲ့နေရာမှာအတ္တဆိုတာကြီးဝင်မပါလာစေနဲ့နော်...ဘုရင်မကိုကြည့်ပြီးအတုယူပေါ့ကွာ.....
(End)

____________
မကောင်းမကန်း fic ကိုအဆုံးထိဖတ်ပေးသူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ.....

ရှေးခေတ်အသုံးအနူန်းတွေနဲ့ အမြင်မတော်တာတွေရှိလာခဲ့ရင်လည်းတောင်းပန်ပါတယ်....

ကြိုးစားဖို့ အများကြီး လိုအပ်ပါသေးသည်....

ကျွန်တော့်လိုအပ်ချက်တွေအများကြီးရှိနေတာတောင် အဆုံးထိဖတ်ပေးခဲ့သူတွေကို အများကြီးချစ်ပါတယ်....အများကြီးလည်း ကျေးဇူးတင်ပါတယ်ဗျ....

ဒီ fic လေးကနေ နှုတ်ဆက်ပါတယ်ဗျ....

စာလုံး 6000 ကျော်ပါ.....

ဒီ song လေးကိုလည်းနားထောင်ပေးသွားဖို့တောင်းဆိုပါတယ်...

Last Tear ရဲ့ OST ပါ

OST-Davichi Forgetting you

.
.
.
.
.
.
.
.
.
.
##$$%##$%##%%#$%#
S-2 is coming soon.
______________________
###################

Zawgyi #

Young: ဘု...ဘု...ရင်...မ


Ni: အင်း တို့ပါ



Ni:li ငယ်လေးကော...

Young: မသိဘူး..





Ni: လိမ်​တာ...

Young: မလိမ်ခဲ့ပါဘူး...




Ni: မပစ်နဲ့!!!





Li:ယောင်း!!!













ဘုရင်မ....။









သောမြင်ကွင်းလောက်
မြင်ကွင်းမရှိဘူး...
တင်းကြပ်နေအောင်
ပွေ့ဖက်ပေးထားပြီး


နခမ်းပါးလေးတွေဟာ


Li: ယောင်း....ယောင်း!!!

ဘ်ာတော့အခါမှ ပြန်မပွင့်လာတော့သော မှိတ်သွားတဲ့ မျက်လုံးလေးတွေကိုကိုင်ပြီး တိုးငြင်ငြင်စကားတခွန်းကိုပြောခဲ့တယ်...







ဒါပေမယ့်...ရူးနေတာ
ရူးနေတဲ့ မိန်းမ......



Ni: ဖယ်ပေးလိုက်







ဇာတ်သိမ်းဆိုတာ
အခန်းတခုဘဲ မဟုတ်လား...။










ဒါပေမဲ့မသတ်တော့ဘူး







Ni: မွှန်နေလိုက်တာ.....





"ညီမတော်...lili ကော"

Ni:သူ....သူ






Ni:အ....အထိန်းတော်ကြီး....

အဟွတ်...အဟွတ်...



အဟွတ်......

သွေးတွေဟာအဆက်မပြတ်......





"ရှင်...."





"အရှင်မ..အရှင်မ!!"





















(End)

____________





စာလုံး 6000 ကျော်ပါ.....


Last Tear ရဲ့ OST ပါ


.
.
.
.
.
.
.
.
.
.
##$$%##$%##%%#$%#
S-2 is coming soon.

Continue Reading

You'll Also Like

53.7K 7.7K 29
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
101K 11K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
34.7K 6.6K 39
මන්දාරම් අහස යට දී එකතු වුන ඒ ආදරය .. ඒ මන්දාරම් අහස යටදීම වෙන් වුනොතින් .. රෂාන් ♡ මිහික Start = 2023. 11. 12 End = .................. Cover by @F...
49K 4.8K 27
There is a woman who love Rosé so much