Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်...

By Xiaosuwang

69.7K 6K 21

ကိုယ်တိုင်ရေးမဟုတ်ပါ။ ဖတ်ချင်လို့saveထားတာပါ။ မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင် ချင်းမင်သည် ဆေးနတ်ဘုရာ... More

စာစဥ် ၁၊အပိုင်း၁
စာစဥ် ၁၊အပိုင်း၂
စာစဥ် ၁၊အပိုင်း၃
စာစဥ် ၁၊အပိုင်း၄
စာစဥ် ၁၊အပိုင်း၅
စာစဥ် ၁၊အပိုင်း၆
စာစဥ် ၁၊အပိုင်း၇
စာစဥ် ၁၊အပိုင်း၈
အပိုင်း-9
အပိုင်း-10
အပိုင်း-11
အပိုင်း-12
အပိုင်း-13
အပိုင်း-14
အပိုင်း-15
အပိုင်း-16
အပိုင်း-17
အပိုင်း-18
အပိုင်း-19
အပိုင်း-20
စာစဥ်-2၊ အပိုင်း-21
အပိုင်း-22
အပိုင်း-23
အပိုင်း-24
အပိုင်း-25
အပိုင်း-26
အပိုင်း-27
အပိုင်း- 28
အပိုင်း-29
အပိုင်း-30
အပိုင်း-31
အပိုင်း-32
အပိုင်း-33
အပိုင်း-34
အပိုင်း-35
အပိုင်း-36
အပိုင်း-37
အပိုင်း-38
အပိုင်း-39
အပိုင်း-40
စာစဥ်-3၊ အပိုင်း-41
အပိုင်း-42
အပိုင်း-43
အပိုင်း-44
အပိုင်း-45
အပိုင်း-46
အပိုင်း-47
အပိုင်း-48
အပိုင်း-49
အပိုင်း-50
အပိုင်း-51
အပိုင်း-52
အပိုင်း-53
အပိုင်း-54
အပိုင်း-55
အပိုင်း-56
အပိုင်း-57
အပိုင်း-58
အပိုင်း-59
အပိုင်း-60
စာစဥ်-4 ၊ အပိုင်း-61
အပိုင်း-62
အပိုင်း-63
အပိုင်း-64
အပိုင်း-65
အပိုင်း-66
အပိုင်း-67
အပိုင်း-68
အပိုင်း-69
အပိုင်း-70
အပိုင်း-71
အပိုင်း-72
အပိုင်း-73
အပိုင်း-74
အပိုင်း-75
အပိုင်း-76
အပိုင်း-77
အပိုင်း-78
အပိုင်း-79
အပိုင်း-80
အပိုင်း-81
အပိုင်း-82
အပိုင်း-83
အပိုင်း-84
အပိုင်း-85
အပိုင်း-86
အပိုင်း-87
အပိုင်း-88
အပိုင်း-89
အပိုင်း-90
စာစဥ်-5၊ အပိုင်း-91
အပိုင်း-92
အပိုင်း-93
အပိုင်း-94
အပိုင်း-95
အပိုင်း-96
အပိုင်း-97
အပိုင်း-98
အပိုင်း-99
အပိုင်း-100
စာစဥ်-6၊အပိုင်း-101
အပိုင်း-102
အပိုင်း-103
အပိုင်း-104
အပိုင်း-105
အပိုင်း-106
အပိုင်း-107
အပိုင်း-108
အပိုင်း-109
အပိုင်း-110
အပိုင်း-111
အပိုင်း-112
အပိုင်း-113
အပိုင်း-114
အပိုင်း-115
အပိုင်း-116
အပိုင်း-117
အပိုင်း-118
အပိုင်း-119
အပိုင်း-120
စာစဥ်-7၊ အပိုင်း-121
အပိုင်း-122
အပိုင်း-123
အပိုင်း-124
အပိုင်း-125
အပိုင်း-126
အပိုင်း-127
အပိုင်း-128
အပိုင်း-129
အပိုင်း-130
အပိုင်း-131
အပိုင်း-132
အပိုင်း-133
အပိုင်း-134
အပိုင်း-135
အပိုင်း-136
အပိုင်း-137
အပိုင်း-138
အပိုင်း-139
အပိုင်း-140
စာစဥ်-8၊ အပိုင်း-141
အပိုင်း-142
အပိုင်း-143
အပိုင်း-144
အပိုင်း-145
အပိုင်း-146
အပိုင်း-147
အပိုင်း-148
အပိုင်း-149
အပိုင်း-150
အပိုင်း-151
အပိုင်း-152
အပိုင်း-153
အပိုင်း-154
အပိုင်း-155
အပိုင်း-156
အပိုင်း-157
အပိုင်း-158
အပိုင်း-159
စာစဥ်-9၊ အပိုင်း-161
အပိုင်း-162
အပိုင်း-163
အပိုင်း-164
အပိုင်း-165
အပိုင်း-166
အပိုင်း-167
အပိုင်း-168
အပိုင်း-169
အပိုင်း-170
အပိုင်း-171
အပိုင်း-172
အပိုင်း-173
အပ်ုင်း-174
အပိုင်း-175
အပိုင်း-176
အပိုင်း-177
အပိုင်း-178
အပိုင်း-179
အပိုင်း-180
စာစဥ်-10၊ အပိုင်း-181
အပိုင်း-182
အပိုင်း-183
အပိုင်း-184
အပိုင်း-185
အပိုင်း-186
အပိုင်း-187
အပိုင်း-188
အပိုင်း-189
အပိုင်း-190
အပိုင်း-191
အပိုင်း-192
အပိုင်း-193
အပိုင်း-194
အပိုင်း-195
အပိုင်း-196
အပိုင်း-197
အပိုင်း-198
အပိုင်း-199
အပိုင်း-200

အပိုင်း-160

239 20 0
By Xiaosuwang

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 8

အပိုင်း - 160

" ဖယ်စမ်း..."

အဖိုးအို၏ ခန္ဓာကိုယ်က စစ်မာကလန်မှလူများ၏ လက်ချက်နှင့် ဘေးသို့ လွင့်ထွက်သွား၏။ အဝတ်စတစ်ခုသဖွယ် လေထဲသို့ မြောက်တက်သွားကာ မြေပေါ်သို့ ပြုတ်ကျသွားလေသည်။

" ဘယ်သူငါ့ကို တွန်းလိုက်တာလဲ.."

အဖိုးအိုက မှိတ်ထားသည့် မျက်လုံးများကို ဖွင့်ကာ စစ်မာကလန်မှ လူများအား လှမ်းကြည့်လိုက်သည်။

စစ်မာကလန်မှလူများမှာကား အဖိုးအို၏ မေးခွန်းအား ပြန်မဖြေကြပေ။ အဖိုးအိုကိုပင် ဆက်လက်ကန်ကျောက်ရန် ထွက်လာကြသည်။

ဘေးမှ လမ်းသွားလမ်းလာ ခရီးသွားများကလည်း အဆိုပါမြင်ကွင်းအားကြည့်ကာ စုတ်တသပ်သပ်နှင့် ရှိနေကြတော့၏။ သူတို့တတ်နိုင်တာ ဘာမှ မရှိဘူးမဟုတ်ပါလား။ ခရီးသွားများမှာ စိတ်မကောင်းစရာမြင်ကွင်းအား မကြည့်ရက်ကြသဖြင့် မျက်နှာလွှဲလိုက်မိကြသည်။

ယနေ့တော့ ဤနေရာတွင် အဖိုးအိုတစ်ဦးခမျာ လူအများ၏ ဝိုင်းဝန်းကန်ကျောက်မှုကြောင့် သေဆုံးသွားရပေတော့မည်။

အဖိုးအို၏ ကိုယ်ပေါ်သို့ စစ်မာကလန်မှလူများ၏ ခြေထောက်များက မညှာမတာ ကျရောက်လာကြသည်။ သို့သော် အဖိုးအိုအား ကန်ကျောက်ထိုးကြိတ်နေကြသည့် စစ်မာကလန်မှ လူများ၏ အမူအရာတို့မှာ ချက်ချင်းဆိုသလို ပြောင်းလဲသွားကြ၏။ သူတို့ ကန်ကျောက်နေရသည်မှာ လူတစ်ယောက်နှင့် မတူပဲ ကျောက်တုံးတစ်တုံးအား ကန်ကျောက်နေရသည်နှင့် ပိုတူနေသည်ဟု ခံစားနေရသောကြောင့်ပင်။

ထို့ကြောင့် ခြေထောက်များအား ပြန်ရုတ်ရန် ပြင်လိုက်ကြသည်တွင် ရုတ်တရက် ခြေထောက်များက အဖိုးအို၏ ခန္ဓာကိုယ်နှင့် မြဲမြံစွာ ကပ်တွယ်နေသကဲ့သို့ ပြန်နှုတ်၍ မရကြတော့ပေ။ မည်မျှပင် ကြိုးစားကြိုးစား အဖိုးအို၏ ကိုယ်ပေါ်မှ ၎င်းတို့၏ ခြေထောက်များကို ပြန်မနှုတ်နိုင်ကြတော့။ မမြင်နိုင်သည့် စွမ်းအားတစ်ခုက သူတို့ခြေထောက်များကို မနှုတ်နိုင်အောင် စွဲကပ်ထားသည့်အလားပင်။

" ငါ့လို အရိပ်နတ်ဆိုးသခင်ကိုများ ခြေထောက်နဲ့ ကန်ရဲတဲ့လူတွေ ရှိနေလိမ့်မယ်လို့ တကယ်မထင်ထားမိဘူး..၊ မင်းတို့ကောင်တွေ ဘယ်လိုတောင် အတင့်ရဲကြတာလဲကွ...."

ထိုအခိုက်တွင် ကျယ်လောင်လှသည့် စကားသံတစ်ခုက အဖိုးအိုထံမှ ထွက်ပေါ်လာသည်။ ထိုအသံက စစ်မာကလန်မှလူများအား ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။

ပညာရှင်တစ်ယောက်..၊ ဤအဖိုးအိုက ပညာရှင်တစ်ယောက် ဖြစ်နေချေသည်။ မည်မျှအစွမ်းထက်လိုက်သည့် ပညာရှင်ပေနည်း။

ထိုအသံအားကြားလျှင် လူအုပ်ကြီး၏ အလယ်တွင်ရှိနေသော စစ်မာကလန်ခေါင်းဆောင်၏ ပိတ်ထားသည့် မျက်လုံးများက ပွင့်လာသည်။ စစ်မာကလန်ခေါင်းဆောင်က ထိုအဖိုးအိုအား ထိတ်လန့်တကြား လှမ်းကြည့်လိုက်၏။

ထိုအဖိုးအို၏ ချီစွမ်းအင်များက သမုဒ္ဒရာတစ်ခုအလား လွန်စွာနက်ရှိုင်းလွန်းလှသည်။ စစ်မာကလန်တစ်ခုလုံးကိုပင် ဖိနှိပ်နိုင်စွမ်းရှိလေသည်။ အဖိုးအို၏ အော်ဟစ်သံကြောင့် စစ်မာကလန်မှ လူပေါင်းတစ်ထောင်ကျော်ခန့်မှာ အသက်ပင် မရှူနိုင်တော့အောင် ဖြစ်သွားရတော့သည်။

သိုင်းဝိညာဉ်..အဆင့်...။

ဤသည်က သိုင်းဝိညာဉ်အဆင့် ပညာရှင်တစ်ယောက်၏ စွမ်းအားပင်။ မည်သည့်နည်းနှင့်မှ မမှားနိုင်ချေ။

ထိုအဖိုးအိုက သိုင်းဝိညာဉ်အဆင့်ဖြစ်ကြောင်း နားလည်သွားသည်တွင် စစ်မာကလန်ခေါင်းဆောင်တစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားရ‌ေတာ့၏။

" ဆ..ဆရာကြီးခင်ဗျား..၊ ကျနော်..ကျနော်တို့.."

စစ်မာကလန်ခေါင်းဆောင်က လက်သီး ၂ ဖက်ဆုပ်ကာ အဖိုးအိုအား တောင်းပန်ရန် ပြင်လိုက်သည်။

" မင်းတို့က ငါ့ကို ခြေထောက်နဲ့ ကန်တယ်ဆိုမှတော့ ငါကလည်း မင်းတို့ဆီကနေ လျော်ကြေးပြန်တောင်းရမှာပေါ့.."

အဖိုးအိုက စစ်မာကလန်ခေါင်းဆောင်အားကြည့်ကာ ပြောလိုက်သည်။

" မဟုတ်လို့ကတော့ မင်းတို့အားလုံး ငါ့လို အရိပ်နတ်ဆိုးသခင်ကို စော်ကားခဲ့ပြီးမှတော့ အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့.."

" ကျနော်တို့ လျော်ကြေး ပေးပါ့မယ်ခင်ဗျာ..၊ ကျနော်တို့ ပေးပါ့မယ်.."

စစ်မာကလန်ခေါင်းဆောင်က အလောတကြီး ပြန်ပြောလိုက်သည်။

" ကောင်းပြီလေ.."

အဖိုးအိုက ခပ်မာမာ ပြောသည်။

" အဲ့လိုပြောလာတော့လည်း ငါ အရိပ်နတ်ဆိုးသခင်က အကြောင်းနဲ့အကျိုး နားမလည်တဲ့သူ မဟုတ်ပါဘူး..၊ မင်းတို့ ငါ့ကို လျော်ကြေးပေးချင်တယ်ဆိုလည်း မင်းတို့ တစ်မိသားစုလုံးရဲ့ အသက်နဲ့ပဲ လျော်ကြေးပေးလိုက်တော့..."

" ဘာ.."

စစ်မာကလန်ခေါင်းဆောင်တစ်ယောက် အကြီးအကျယ် ထိတ်လန့်သွားသည်။ မိသားစုတစ်ခုလုံး၏ အသက်နှင့် လျော်ကြေးပေးရမည်တဲ့လား။

စစ်မာကလန်ခေါင်းဆောင်တစ်ယောက် သတိပြန်မဝင်လာသေးခင်မှာပင် အဖိုးအိုက ထူးဆန်းစွာ ပြုံးလိုက်ပြီး စစ်မာကလန် လူအုပ်ကြီးထဲသို့ အလျှင်အမြန် ပြေးဝင်သွားသည်ကို တွေ့လိုက်ရ၏။

ကိုယ့်ကိုယ်ကို အရိပ်နတ်ဆိုးသခင်ဟု ခေါ်နေခဲ့သည့် အဖိုးအိုက စစ်မာကလန် အဖွဲ့သားများကြားထဲသို့ ရောက်သွားသည်နှင့် စစ်မာကလန်သားများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြတော့သည်။

အဖိုးအိုက ဘာမှ မလုပ်ခဲ့ပေ။ သူလုပ်ခဲ့သည်ကား လူအုပ်ကြီးထဲတွင် အေးအေးလူလူ လမ်းလျှောက်ဖြတ်သန်းသွားခဲ့ခြင်းသာ ဖြစ်၏။ မျက်စိရှေ့တွင်ပင် စစ်မာကလန်သားများမှာ မည်သည့်ဒဏ်ရာဒဏ်ချက်မှ မတွေ့ရပဲ လဲကျသေဆုံးကုန်ကြလေသည်။

" အရှင်..၊ ကျေးဇူးပြုပြီး ကျနော်တို့ ဒီကိစ္စကို ဆွေးနွေးလို့ရမလားခင်ဗျာ.၊ ဘယ်လိုတန်ဖိုးမျိုးကိုပဲ ပေးရ ပေးရ.၊ ကျနော်တို့ စစ်မာကလန်က ပေးလျော်ဖို့ အဆင့်သင့်ပါပဲ..၊ အရှင့်ရဲ့ ဒေါသကို ပြေစေနိုင်မယ်ဆိုရင် ကျနော်တို့ စစ်မာကလန်တစ်ခုလုံးက အဖိုးတန်ပစ္စည်းမှန်သမျှ ယူသွားလို့ရပါတယ်..၊ ကျေးဇူးပြုပြီး ကျနော်တို့ ကလန်သားတွေကို ချမ်းသာပေးလို့ရမလား ခင်ဗျာ..."

စစ်မာကလန်ခေါင်းဆောင်က အဖိုးအိုအား တောင်းပန်လိုက်သည်။ ယခင်က မောက်မာဝင့်ကြွားခဲ့သည့် သူ၏ သိုင်းဂိုဏ်းချုပ်ဆိုသော အဆင့်အတန်းက ယခုတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးနေချေပြီ။ ယခု သူ့ပုံစံက အနိုင်ကျင့်ခံရတော့မည့် မိန်းမငယ်လေးတစ်ဦးနှင့် ဘာမှ မခြားတော့။

သို့သော် အဖိုးအိုက စစ်မာကလန်ခေါင်းဆောင်၏ စကားအား လျစ်လျူရှုထားကာ ဆက်လက်သတ်ဖြတ်နေလေသည်။

စစ်မာကလန်မှ သိုင်းအရှင်တစ်ယောက်ပင်လျှင် အဖိုးအို၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။ သိုင်းအရှင်တစ်ဦး သေဆုံးသွားသည်ကို မြင်လျှင် စစ်မာကလန်ခေါင်းဆောင်တစ်ယောင် နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင် ယိုစီးကျနေသကဲ့သို့ ခံစားနေရလေသည်။

" ပြေးကြတော့.."

အဖိုးအိုက သူ့စကားများအား လျစ်လျူရှုထားလေရာ စစ်မာကလန်တစ်ခုလုံးအား အမြစ်ဖြတ်သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း စစ်မာကလန်ခေါင်းဆောင် သိလိုက်သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာပြီး ထွက်ပြေးကြရန် ပြောလိုက်ခြင်း ဖြစ်လေသည်။ သူကိုယ်တိုင်ကလည်း အဝေးသို့ ထွက်ပြေးလိုက်၏။

" ခေါင်းဆောင်တောင် ပြေးသွားပြီဟေ့..၊ ပြေးကြစို့.."

မျက်စိလျှင်သော စစ်မာကလန်အဖွဲ့သားတစ်ဦးက စစ်မာကလန်ခေါင်းဆောင်ထွက်ပြေးသွားသည်ကိုမြင်လျှင် အော်ဟစ်လိုက်သည်။

" ပြေးသွားတာလား..၊ မင်းက ပြေးချင်သေးတာလားကွ..ဟမ်.."

အဖိုးအိုက အေးစက်စွာ ပြုံးလိုက်ပြီး ထွက်ပြေးသွားသည့် စစ်မာကလန်ခေါင်းဆောင်၏ နောက်ကျောအားကြည့်ကာ မာန်တစ်ချက်သွင်းလိုက်သည်။

" ပျက်သုဉ်းခြင်းနဂါးသိုင်း..၊ ကြမ်းကြုတ်သောနဂါးအသွင်..."

အဖိုးအိုက ထိုသိုင်းပညာအားထုတ်သုံးလိုက်လျှင် နဂါးတစ်ကောင်က အဖိုးအို၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ စစ်မာကလန်ခေါင်းဆောင်ဆီသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။ နဂါး၏ အရွယ်အစားကလည်း လေထဲ၌ ကြီးသထက် ကြီးမားလာကာ နောက်ဆုံးတွင် ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးအုပ်လုနီးပါး ကြီးမားလာတော့သည်။

" အား....."

စစ်မာကလန်ခေါင်းဆောင်တစ်ယောက် နောက်ပြန်လှည့်ကြည့်လျှင် သူ့ထံသို့ အလျှင်အမြန် ပြေးဝင်လာနေသော နဂါးကြီးတစ်ကောင်အား မြင်တွေ့လိုက်ရသဖြင့် နှလုံးသားတစ်ခုလုံး အေးခဲသွားတော့သည်။

သူက အဆိုပါ နဂါးကြီးအား ရှောင်တိမ်းချင်သော်လည်း နဂါးကြီးက သူ့နောက်သို့ တန်းတန်းမတ်မတ် လိုက်ပါနေသည်ဖြစ်ရာ မည်သည့်ဖက်သို့ ပြေးပြေး မလွတ်မြောက်နိုင်အောင် ရှိနေရတော့၏။

Translated by  E=mc²

Continue Reading

You'll Also Like

51.6K 5.2K 50
ဘာသာပြန်သူ စွဲညို့အသင်း
125K 10.6K 67
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
1.5M 225K 163
Both Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Comple...
736K 64.3K 59
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...