LOVE ME,OK![Complete]

By M-O-N-E

188K 17.6K 2.3K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This stor... More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-21
Episode-22
Episode-23
Episode-24
Episode-25
Episode-26
Episode-27
Episode-29
Episode-30
Episode-31
Episode-32
Episode-33
Episode-34
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-40
Episode-Final

Episode-28

3K 338 57
By M-O-N-E

♡Unicode version♡


ညကတညလုံးငိုထားခြင်းကြောင့်ရိပေါ်အိပ်ရာနိုးတော့ခေါင်းတခုလုံးထိုးကိုက်နေကာ မျက်ခွံတွေလည်းဖောင်းအစ်လို့။အိပ်ရာကချက်ချင်းမထသေးပဲညကအကြောင်းတွေအဆက်မပြတ်အတွေးထဲတိုးဝင်လာတာကြောင့်ခေါင်းအုံးမှာမျက်နှာအပ်ပြီးကိုယ်ပေါ်ကဂွမ်းစောင်ကြီးကိုတင်းတင်းစုပ်လိုက်မိတယ်။တကယ်လို့ အကိုနဲ့သူဝေးသွားခဲ့ရင်။

"ဟင့်အင်း!..."

ဆံသားပျော့ပျော့တွေပွယောင်းသွားသည်အထိခေါင်းရမ်းလိုက်မိတော့မျက်ရည်ပူတွေလိမ့်ဆင်းလာပြန်တယ်။အကယ်၍ဝေးသွားရင်ဆိုသည့်အတွေးနဲ့တင် ရိပေါ်ကမ္ဘာပျက်ရပါတယ်။

အိပ်ရာကထပြီးစားပွဲပေါ်ကhandphoneလှမ်းယူကြည့်တော့အကိုဆိုသည့်contantကပို့ထားသည့်messageတွေတသီတတန်းကြီး။ရိပေါ်ဘက်ကရှားရှားပါးပါးစာမပြန်ခြင်းကြောင့် တဖက်ကရှောင်းကျန့်လည်း ကမ္ဘာမပျက်ပေမဲ့ အတော်ကြီးစိတ်ပူနေပုံရသည်။

Messageတွေအကုန်တကြောင်းမကျန်လိုက်ဖတ်ပြီးမှရိပေါ်ပုံမှန်ပို့နေကျmorningအစချီသည့်messageတိုလေးပြန်ပို့လိုက်တယ်။အကို့ကို နည်းနည်းလေးမှစိတ်သောကမရောက်စေချင်တာ ရိပေါ်ဆန္ဒ။

Ring> > >

"အကို..."

စာပို့လိုက်ပြီးသည်နှင့်တဖက်ကဖုန်းခေါ်လာသည့်ရှောင်းကျန့်ကြောင့်ရိပေါ်အမြန်acceptလုပ်လိုက်တယ်။

[ဘာလို့ခုမှစာပြန်တာလဲကွာ...ကိုယ့်မှာကောင်လေးအန္တရာယ်ကင်းကင်းနဲ့အိမ်ပြန်ရောက်ပါ့မလားစိုးရိမ်လိုက်ရတာ...တညလုံးကိုယ်messageတွေပို့နေတာ...ကိုယ့်ကိုစိတ်ပူပြီးသေသွားစေချင်လို့လား...]

ထင်ထားသည့်အတိုင်းအစိုးရိမ်လွန်နေသည့်ရှောင်းကျန့်ဖြစ်အင်ကြောင့် အားလည်းနာသလို ရိပေါ်ကြည်လည်း ကြည်နူးမိသည်။အမှန်တကယ်တုန်လှုပ်နေသည့်အကို့အသံက သူ့ကိုဘယ်လောက်ချစ်ကြောင်း အဆုံးရှုံးမခံနိုင်ကြောင်း သက်သေပဲမဟုတ်လား။

"ကျွန်တော် ကျွန်တော်စာကျက်ရင်းအိပ်ပျော်သွားလို့အကို..."

[အာ!...အရမ်းပင်ပမ်းနေတာလားကောင်လေး...]

ခပ်နွမ်းနွမ်းရိပေါ်အသံကိုရိပ်စားမိဟန်ရှောင်းကျန့်ကတမျိုးတဖုန်စိုးရိမ်ရပြန်တယ်။အားဆေးတွေ အာဟာရဖြည့်စွက်စာတွေဝယ်ပြီး ရိပေါ်တို့အိမ်ကိုအလည်သွားရင်ကောင်းမလား အပြေးအလွှား တွေးလိုက်မိပါသေးတယ်။

"ခေါင်းနည်းနည်းလေးကိုက်တာပါ...အဆင်ပြေတာမို့အကိုကစိတ်ချနေနော်..."

[အင်းပါ...ဒါဆို ညကျ ပန်းခြံထဲမှာဆုံမယ်လေ...ပထမဆုံးနှင်းကျတာလည်းအတူတူကြည့်ချင်တယ်...ကောင်လေးကိုလည်းဖက်ထားချင်တယ်...]

"ဟုတ်!...ကျွန်တော်လည်းအကို့ကိုပြောစရာရှိတယ်..."

[ဘာများလဲ...]

"တွေ့ရင်ပြောမယ်လေ...အကိုကကျွန်တော့်ကိုဆက်ဆက်လာတွေ့ရမယ်နော်...ဂတိ!..."

ရယ်သံလွင်လွင်နောက်အကို့ရဲ့ဂတိဗျာဆိုသည့်စကားကရိပေါ်တွက်နံနက်ခင်းတေးသံသာလေးလို။မျက်နှာနွမ်းနွမ်းထက်အပြုံးနုနုလေးထင်ဟတ်စေသည်အထိ အကိုဆိုသည့်မှော်ကဝေလေးက အသံနဲ့တင်စွမ်းနိုင်သည်။ပြုစားလွန်းသည့်အကို့ကို ရိပေါ်ကလည်း ယုံယုံကြည်ကြည်ကိုးစားမိပါ၏။



___



"မား...ကျွန်တော်လုပ်လိုက်မယ်..."

ဝမ်မားလက်ထဲကဂေါ်ဖီထုပ်နဲ့ဆလပ်ရွက်တွေကိုဝိုင်းယူပြီးဘေစဥ်မှာရေဆေးပေးတော့ ရိပေါ်ကိုစိတ်ဆိုးနေသည့်ဝမ်မားကဘာစကားမှပြန်မ​ပြောပဲအကြည့်တချက်သာပို့ပြီးchicken tableတဖက်မှာအလုပ်ရှုပ်နေပြန်တယ်။အမြဲတမ်းသားလိမ္မာလေးလုပ်ခဲ့ပြီး အချစ်ရေးကျမှ သူမစကားကိုသွေဖယ်သည့်ရိပေါ်ကို ဝမ်မားကအများကြီးစိတ်ဆိုးပါတယ်။ဒါပေမဲ့ သူမသားမို့ အများကြီးချစ်ပါတယ်။

"ကျွန်တော့်ကိုပေးမား..."

"ကျွန်တော်ကူပါ့မယ်..."

ထမင်းပန်းကန် ဟင်းပန်းကန်သယ်တာကအစ ဝိုင်းကူနေသည့်ရိပေါ်ကြောင့်ဝမ်မားကစိတ်မပြေသေးပေမဲ့မျက်နှာထားအရမ်းကြီးတင်းမာမနေတော့။ခုံပုလေးခုကာ အထက်မြင့်ကဗီရိုထဲပန်းကန်တွေစီထည့်နေသည့်ရိပေါ်ကျောပြင်လေးကိုကြည့်ရင်းဝမ်မားသက်မမောချရုံပဲတက်နိုင်တယ်။သူမက ရိပေါ်ကိုမပျော်ရွှင်စေချင်တာမဟုတ်ပဲ ဂုဏ်ကြီးသည့်အသိုင်းအဝိုင်းကြား မသိမ်ငယ်စေချင်ရုံလေးပါ။

"မား!...ကိုကို!..."

မီးဖိုခန်းထဲဖေးဖေးဝင်လာမှဝမ်မားရိပေါ်စီကအကြည့်လွှဲလို့အရွက်ဆက်ခြွေနေလိုက်တယ်။ဖေးဖေးကရိပေါ်ကိုပန်းကန်ပြားတွေကူယူပေးရင်းဝမ်မားမျက်နှာကိုအရိပ်တကြည့်ကြည့်။ဝမ်မားက သူမကိုပါ ကြံရာပါဆိုပြီးမျက်မှုန်းကျိုးနေသည်မဟုတ်လား။

"အားဝမ်!...စာမေးပွဲရှိတာစားသွားလုပ်ချည်...အဲ့ဒါတွေထားခဲ့လိုက်...ဖေးဖေးအားနေတာသူလုပ်လိမ့်မယ်...နေ့လယ်စာစားလို့ရရင်ခေါ်လိုက်မယ်..."

လေသံမလျော့မတင်းနှင့်ပြောလာသည့်ဝမ်မားစကားကြောင့်ဖေးဖေးနှုတ်ခမ်းဆူသွားပေမဲ့အခြေနေဟန်တာမို့ရိပေါ်ကိုလည်းလှည့်ပြုံးပြလိုက်သေးတယ်။တွေ့လား မားကဖေးဖေးတို့ကိုကြာကြာစိတ်မဆိုးနိုင်ပါဘူးဆိုသည့် ရွှင်ရွှင်မြူးမြူးအကြည့်နှင့်။

"ဟုတ်ကဲ့မား!..."

ပါးတွေမို့တက်အောင်ပြုံးလိုက်ရင်းရိပေါ်အပေါ်ထပ်အခန်းစီပြန်တက်ခဲ့တယ်။အကို့ကိုချစ်ခွင့်ရပြီး အကိုချစ်တဲ့သူဖြစ်ရတဲ့အတွက် သူသိပ်ကံကောင်းတဲ့အကြောင်းလည်း အခါအခွင့်သင့်ရင်မားကိုပြောပြချင်ပါသေးတယ်။ထပ်ပြီး အကိုနဲ့သာဆို သေချာပေါက်သူပျော်နေမည်ဖြစ်ကြောင်း...အကိုဟာသူ့ရဲ့ကံကောင်းခြင်းစုဗူးလေးဖြစ်ကြောင်း...အမြဲငေးကြည့်ချင်စရာကောင်းတဲ့libraကြယ်ကလေးဖြစ်​ကြောင်းတို့ကိုပါ ထပ်စောင်းပြောပြပါဦးမယ်။


___


"ရိပေါ်..."

စာလုပ်နေရာမှခေါ်သံကြောင့်ကြည့်လိုက်မိတော့အိပ်ခန်းထဲခေါင်းပြူးကြည့်နေသည့်ဖေရှီး။ခပ်သုတ်သုတ်အခန်းထဲဝင်လာပြီး သူ့အိမ်သူ့ရာလိုရိပေါ်ကုတင်ထက်နေရာယူလိုက်တယ်။

"မင်းအဆင်ပြေလားရိပေါ်...ရှောင်းကျန့်ကောနဲ့ကိစ္စအန်တီဝမ်သိသွားပြီဆို...ဖေးဖေးငါ့ကိုဖုန်းဆက်ပြောလို့..."

"အင်း!...အဆင်ပြေတယ်လို့လည်းမဟုတ်ပါဘူးကွာ...မားကငါ့ကိုစိတ်ဆိုးနေတုန်းပဲ...အရမ်းခါးခါးသီးသီးကြီးမဟုတ်လို့သာတော်ရော့တယ်..."

အကြမ်းစာအုပ်ထက်ခဲတံတစ်ချောင်းနဲ့ရေးခြစ်နေရင်းရိပေါ်ကသက်ပြင်းဖွဖွချရင်းဆိုတယ်။ငိုထားမှန်းသိသာသည့်ရိပေါ်မျက်လုံးတွေကြောင့်ပုခုံးလေးကိုခပ်သာသာပုတ်ကာနှစ်သိမ့်တော့ ဖျော့တော့စွာပြုံးပြလာသည့်သူ့သူငယ်ချင်းလေး။

ရိပေါ်တို့မိသားစုနဲ့လက်ပွန်းသတီးနေသူမို့ အန်တီဝမ် စိတ်သဘောကို ဖေရှီးကောင်းကောင်းသိသည်။ဝမ်မားကဒါမလုပ်နဲ့ဆို မလုပ်ပဲနေမှကြိုက်တဲ့လူမျိုး။ရိပေါ်ကိုစိတ်ဆိုးပြေကောင်းပြေသွားရင်တောင်ရှောင်းကျန့်ကောနဲ့ကိစ္စကိုဘယ်နည်းနဲ့မှသဘောတူလက်ခံလိမ့်မည်မဟုတ်။ရိပေါ်နဲ့ထပ်တူ ဖေရှီးလည်းရင်မောမိပေမဲ့ သူလည်းဘာမှမတက်နိုင်။

"ဒါနဲ့...ညကအကြောင်းရှောင်းကျန့်ကောသိပြီးပြီလား..."

"ဟအင်း!...အကိုပုံစံကြည့်ရတာ ဒီကိစ္စကိုသိပုံမရသေးဘူး...ညနေလမ်းထဲကပန်းခြံမှာချိန်းထားသေးတယ်...အဲ့ခါကျရင်တော့ ငါပြောပြလိုက်ရင်ကောင်းမလားလို့..."

"ဟ!...ပြောပြသင့်တာပေါ့ရိပေါ်က...ရှောင်းကျန့်ကောနဲ့မင်းကသူစိမ်းတွေမို့လား...အတူတူရင်ဆိုင်ပြီးအတူတူကျော်ဖြတ်သင့်တာ...သူလည်းမင်းနဲ့ဝေးချင်မှာမှမဟုတ်တာ...ရှောင်းကျန့်ကောကိုမင်းယုံတယ်မဟုတ်လား..."

သိပ်သိပ်ယုံကြောင်းကိုရိပေါ်ကခေါင်းအထပ်ထပ်ငြိမ့်ပြတယ်။သူ့ကိုယ်သူထက် အကို့ကိုပိုယုံသလို အရာအားလုံးထက် အကိုကိုပိုချစ်တာမို့။

*ကတောင်!*

"အဲ!...ရိပေါ်...ဒီလိုဆိုငါပြန်တော့မယ်နော်...စာ စာပြန်လုပ်တော့မယ်..."

ကုတင်ပေါ်ကscreenလင်းလာသည့်handphoneကိုကောက်ကိုင်ပြီးပြန်တော့မလို့နှုတ်ဆက်နေသည့်ဖေရှီးပုံစံကမလုံမလဲ။ရိပေါ်က ကိစ္စတချို့ကိုမသိသေးသည့်အလျှောက် ရိုးရိုးတန်းတန်းသာခေါင်းတချက်ငြိမ့်ပြလို့အိပ်ခန်းထဲကျန်ရစ်ခဲ့တယ်။အကိုဂုဏ်ယူရသည့်ချစ်သူလေးဖြစ်အောင် ရိပေါ်လည်းစာကြိုးစားရဦးမည်ဟုသာတွေးတောရင်း။


___



"နှစ်ဝက်စာမေးပွဲပြီးရင် နယူးယောက်ပြန်သွားဖို့ပြင်ထားရှောင်းကျန့်...မင်းအဲ့မှာပဲကျောင်းပြီးတဲ့အထိနေပြီး ဒီပလိုမာဘွဲ့ဆက်ယူရမယ်..."

ကျောပေးခါးထောက်ရက်လျှက်အမိန့်သံနဲ့ပြောလာသည့်ရှောင်းလုဝေကြောင့်ရှောင်းကျန့်sofaပေါ်မှာထိုင်နေရာကနေမတ်တပ်ထရပ်လိုက်မိသည်အထိ။ရှောင်းမားကတော့တစုံတရာဝင်မပြောသေးပဲ မဂ္ဂဇင်းစာအုပ်ကိုင်လျှက် တဖက်sofaမှာကျော့ကျော့လေးထိုင်နေတယ်။

"ကျွန်တော်လက်မခံဘူးနော်ပါး!...ပါးကျွန်တော့်ကိုနယူး​ယောက်ပြန်ပို့မှာဘာကြောင့်လည်းဆိုတာကျွန်တော်သိတယ်..."

"အေ!...သိရင်လည်းလိုက်နာဖို့ပြင်ထားရှောင်းကျန့်...ငါမလုပ်တွေအားနေတာမဟုတ်ဘူး...မင်းကိစ္စကြောင့်နဲ့ကြာကြာခေါင်းရှုပ်မခံနိုင်ဘူး!..."

"ဒါဆိုလည်း...ဖြစ်ချင်ရာဖြစ်ဆိုပြီးလွှတ်ထားလိုက်ပါတော့လား...ကျွန်တော်မှာအသိဉာဏ်ရှိတယ်...အရာရာကိုကျွန်တော့်ဘာသာစဥ်းစားဆုံးဖြတ်နိုင်တယ်!...ပါးကမြို့တော်ဝန်မို့လို့ ကျွန်တော့်ကိုလည်းစည်းဘောင်တွေနဲ့ အဲ့ဒီကျဥ်းကြပ်တဲ့အခြေနေတွေကြားရိုက်မသွင်းပါနဲ့...ပြီးတော့ ကောင်လေးကကျွန်တော့်ရွေးချယ်မှု ကျွန်တော့်နှလုံးသားရဲ့တခုတည်းသောလိုအင်...ကျွန်တော်သူ့ကိုအဆုံးထိလိုအပ်တယ်..."

စကားနည်းသည့်ရှောင်းကျန့်စီကစကားလုံးအမြောက်အများကြားလိုက်ရတာမို့ရှောင်းပါးကမျက်ခုံးနှစ်ဖက်ကြားဖိနှိပ်ရင်းစိတ်ညစ်ညူးသလိုစုတ်သပ်တယ်။ဟိုကောင်လေးမိသားစုကိုဖြောင်းဖျခဲ့ပေမဲ့ ခေါင်းမာစွာသူပေးသည့်သုံးမကုန်တဲ့ပမာဏအား ကောင်လေးအမေကလက်သင့်မခံ။ယခု ရှောင်းကျန့်ကမူ ပိုလို့ခေါင်းမာနေသေးသည်။

"တော်လိုက်တော့ရှောင်းကျန့်...မိုက်ရူးရဲလုပ်နေတာတွေတော်သင့်ပြီ...မင်းကငါ့သား ငါစီစဥ်တဲ့အတိုင်းရှင်သန်ပြီး အမြင့်မှာပဲနေရမယ်..."

"ကျွန်တော်ကဟိုးအောက်ဆုံးကိုခုန်ချချင်နေတာဆိုရင်ရော!..."

"သား ရှောင်းကျန့်..."

ပြင်းထန်စပြုလာသည့်သားအဖနှစ်ယောက်၏စကားအချေအတင်ကြောင့်ရှောင်းမားကရှောင်းကျန့်အနားထလာပြီးမခြေနေထိန်းသလိုsofaမှာပြန်ထိုင်ခိုင်းတယ်။ရှောင်းပါးကတော့ တဖက်လှည့်လို့တောက်တခေါက်ခေါက်။

"မားကတော့ကျွန်တော့်ကိုနားလည်တယ်မလား...ဟုတ်တယ်မလား မား...ကောင်လေးကိုမြင်ရင် မားတို့ချစ်သွားမှာ...ကောင်လေးကသိပ်အပြစ်ကင်းတာ...ကျွန်တော့်ကိုကျော်ပြီးဘယ်သူ့ကိုမှရွေးတတ်တဲ့သူမဟုတ်ဘူး..."

"အင်းပါ!...မားသိပါပြီသားရယ်..."

ချော့သလိုပုခုံးကိုပွတ်သပ်ပေးလာသည့်ရှောင်းမားဘက်လှည့်ထိုင်လို့ရှောင်းကျန့်မျက်လုံးတွေအရောက်တလက်လက်။ကောင်လေး ဘယ်လောက်ချစ်ဖို့ကောင်းကြောင်းသိရင် မားကြည်ဖြူရင်ကြည်ဖြူမှာ။

"မား...မားကတော့ ကျွန်တော့်နှလုံးသားကိုနားလည်တယ်မလားဟင်..."

"မားနားလည်ပေမဲ့...သားပါးစကားနားထောင်လိုက်တာပိုကောင်းပါတယ်...မားတို့ကိုလည်းသားနားလည်တယ်မဟုတ်လား..."

"ဟား!...မားတို့ရက်စက်တယ်ဗျာ..."

လက်ဖမိုးကိုအုပ်ကိုင်ကာနားချဖို့ကြိုးစားလာသည့်ရှောင်းမားလက်တွေကိုဖယ်ထုတ်လို့ရှောင်းကျန့်ထိုနေရာကထထွက်လာလိုက်တယ်။မွန်းကြပ်စပြုလာသည့်စိတ်အစဥ် ကောင်လေးကိုတင်းတင်းပွေ့ဖက်ချင်သည့်စိတ်က လှုံ့ဆော်လာပြီမို့ ရိပေါ်နဲ့ချိန်းထားသည့်နေရာကိုသာစောစောထွက်လာလိုက်တယ်။ရှောင်းကျန့်ကိုနားလည်ပေးနိုင်တာဆိုလို့ ချစ်သောအသည်းဦးပန်းလေးဝမ်ရိပေါ်သာရှိပါလိမ့်မည်။


___


မာဖလာအနီရဲရဲလေးကိုမျက်နှာတဝက်မြုပ်သည်အထိလည်တိုင်မှာပတ်လို့ လက်နှစ်ဖက်ကိုlong coatအိပ်ကပ်တွေထဲထည့်ကာတလှမ်းချင်းလျှောက်လာသည့်ရိပေါ်ကDecemberဆောင်းညမှာကြွေကျလာမည့်နှင်းလုံးလေးလို။

တစုံတဦးအတွက်ရည်ရွယ်ယူဆောင်လာသည့်မာဖလာအစိမ်းလေးဟာလည်းlong coatတထောင့်တနေရာမှာတွဲခိုကပ်ပါလာခဲ့တယ်။သူလေးကတော့ အအေးဒဏ်ကိုအံတုလို့ အလှဆုံးပြုံးနေပါသေးတယ်။

ပန်းခြံထဲကချိန်းထားသည့်ခုံတန်းလေးကိုရောက်တော့ ရှောင်းကျန့်ရောက်မလာသေးတာမို့ဟိုဟိုဒီဒီမျက်လုံးကစားရင်းထိုင်စောင့်နေလိုက်တယ်။

မီးပန်းဆိုင်းအသေးလေးတွေအဖော်ပြုအလင်းပေးထားသည့်ပန်းခြံလမ်းလေးကိုမျှော်ကြည့်ရင်းရိပေါ်ကလည်တဆန့်ဆန့်။သူရောက်နေတာနာရီဝက်ကြာသည်အထိရှောင်းကျန့်အရိပ်မယောင်မတွေ့သေး။

အနီးအနားဝန်းကျင်နှင့်အိမ်တွေကမီးရောင်စုံတွေရှိနေ၍မကြောက်ပေမဲ့ရိပေါ် ရှောင်းကျန့်ရောက်မလာမှာကိုတွေးကြောက်နေမိပြီ။

အကိုကသေချာပေါက် သူ့စီလာမှာဖြစ်ပေမဲ့ တကယ်လို့ရောက်မလာခဲ့ရင်ရော။ဝေ့တက်လာသည့်မျက်ရည်တွေကိုမျက်တောင်ပုတ်ခတ်ပုတ်ခတ်နှင့်သိမ်းပစ်ကာ နှုတ်ခမ်းလွှာလေးတွေဖိကျိတ်လို့ ဝမ်းနည်းစိတ်ကိုအတင်းကာရော တွန်းထုတ်မိတယ်။

ပြီးနောက်အိပ်ထောင့်ထဲကhandphoneလေးထုပ်လို့ "လာနေပြီလားအကို" "လမ်းမှာလားဟင်" စတဲ့messageလေးတွေပို့တော့တဖက်ကreplyပြန်မလာ။

နှာထိပ်လေးတွေရဲတက်နေပြီး နီရဲနေသည့်လက်ဖောင်းဖောင်းလေးတွေဟာလည်းphone screenထက်မလစ်လပ်အောင်ရွေ့လျားနေမိဆဲ။အကို့ကိုယုံတာမို့ ကောင်လေးကတလွဲအတွေးတွေလည်း စိုးစဥ်မျှမတွေးတောမိ။

"ဂရုစိုက်လာနော်အကို...ကျွန်တော်စောင့်နေမယ်..."

ထိုမျှစာတိုလေးထပ်ပို့ပြီး ဖုန်းမျက်နှာပြင်ကိုငေးစိုက်ကြည့်လိုက် မီးအလင်းတို့မှေးမှိတ်သွားသည့်အိမ်လေးတွေကိုကြည့်လိုက်နဲ့ရိပေါ်နှုတ်ခမ်းလေးက ကလေးငယ်လေးအားရပါးရငိုတော့မလို မဲ့ကျလာတယ်။

ဖြတ်သွားဖြတ်လာကင်းမဲ့သွားပြီဖြစ်တဲ့ပန်းခြံလေးကအလင်းရောင်ရနေဆဲဖြစ်ပေမဲ့ အချိန်နာရီတွေထပ်ပြီးကြာမြင့်လာတဲ့အခါ ကောင်လေးသိပ်ကြောက်နေခဲ့ပါပြီ။သရဲကြောက်တာလို့ထင်ရသည့်မဲမှောင်နေတဲ့နေရာတွေကိုကြောက်သလို အယုံကြည်ရဆုံးလို့မှတ်ယူထားသည့်အကို ဂတိတွေမတည်နိုင်တော့မှာကို ပိုလို့ကြောက်ရွံ့လာလေပြီ။

"အိ!..."

ပထမဆုံးနှင်းဖွဲလေးတွေမြေပြင်ပေါ်ခကြွေတဲ့အချိန်ရိပေါ်မျက်ရည်စတွေလည်းအထိန်းကွပ်မဲ့စွာလွင့်စင်ကျလာတယ်။ပြိုလဲဖို့ရာ ဤအချိန်က အသင့်အတင့်ရှိနေခဲ့ပြီ။

"အဟင့်!...အီး...ဟီး...ဟီး..."

ပါးပြင်တွေနီရဲသည်အထိအဆက်မပြတ်ကျလာသည့်မျက်ရည်တွေကိုဆွဲဆွဲသုတ်ရင်းအကို့စီဖုန်းခေါ်တော့ ဆက်သွယ်မှုဧရိယာပြင်ပနဲ့တိုးတယ်။စိတ်အင်အားတွေကုန်ခမ်းသွားသလို ကျလာသည့်မျက်ရည်တွေကိုရိပေါ်မသုတ်မိတော့။

ဖြေးဖြေးချင်းကနေတဖွဲဖွဲကျလာသည့်နှင်းဖြူဖြူတွေကြားငုပ်တုပ်လေးထိုင်ရင်းခုံတန်းပေါ်ကမာဖလာအစိမ်းလေးကိုငေးစိုက်ကြည့်နေမိတယ်။မင်းကိုအကိုကမလိုချင်ဘူးနဲ့တူတယ်။

ခိုလှုံရာရင်ခွင်ပျောက်ဆုံးနေသည့်ကောင်လေးအဖို့ အရိုးကွဲမတက်အအေးဓာတ်မြင့်သည့်ဒီဇင်ဘာဆောင်းဟာ မတရားသဖြင့် ရက်စက်လှချည်ရဲ့။


To be continue..........
23/11/2021(Tuesday)
Thank for your reading.♥
Take care my dear readers,see u next episode.




♡Zawgyi version♡



"ဟင့်အင်း!..."




Ring> > >

"အကို..."










[ဘာများလဲ...]





___





"ကျွန်တော့်ကိုပေးမား..."

"ကျွန်တော်ကူပါ့မယ်..."


"မား!...ကိုကို!..."




"ဟုတ်ကဲ့မား!..."



___


"ရိပေါ်..."










*ကတောင်!*




___











"သား ရှောင်းကျန့်..."










___













"အိ!..."


"အဟင့်!...အီး...ဟီး...ဟီး..."





To be continue..........
23/11/2021(Tuesday)
Thank for your reading.♥

Continue Reading

You'll Also Like

941K 16.1K 41
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1.5M 48.3K 66
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
224K 14.6K 77
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
596K 28.2K 53
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...