LOVE ME,OK![Complete]

By M-O-N-E

189K 17.6K 2.3K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This stor... More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-21
Episode-22
Episode-23
Episode-24
Episode-25
Episode-26
Episode-28
Episode-29
Episode-30
Episode-31
Episode-32
Episode-33
Episode-34
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-40
Episode-Final

Episode-27

3K 334 24
By M-O-N-E

♡Unicode version♡

ညဥ့်မနက်ခင်အချိန်ထိHappy Worldကစားကွင်းကြီးကမီးရောင်စုံတွေပြိုးပြက်နေပြီး လူသံဆူညံသံတချို့နှင့်အတူ ချိတ်ချိတ်သဲစည်းကားလျှက်ရှိတယ်။ရုပ်ရှင်ရုံကအပြန်ကစားကွင်းတန်းဝင်ခဲ့သည့်ချစ်သူနှစ်ဦးမှာလည်း ထိုဝန်းထဲက,ကစားရုံတစ်ရုံရှေ့ရောက်နေလေရဲ့။

"ဟိုအရုပ်လား..."

"အွင်း!..."

ရှောင်းကျန့်က အရုပ်စဥ်ပေါ်မှဇီးညိုရောင်လက်တကိုင်စာဝက်ဝံရုပ်လေးကိုလက်ညှိုးထိုးပြရင်းမေးတော့ ရိပေါ်ကငှပ်သိုက်မုန့်ထုပ်ကြီးလက်တစ်ဖက်ကကိုင်ထားရင်းခေါင်းတဆက်ဆက်ငြိမ့်တယ်။ဆောင်းဝင်စအချိန်သမယမို့ ညဘက်အအေးဓာတ်ကဲနေကာ ဝက်ခြံဖုလေးပေါက်နေသည့်ရိပေါ်နှာထိပ်လေးက ချယ်ရီသီးလေးလို ရဲစွေးနေတယ်။

"ဆိုင်ရှင် ကျွန်တော်ဗူဗောင်းပစ်ချင်လို့!..."

"အာ!...ရမယ် ရမယ်လူလေး...ရော့ ဒီမှာ...သုံးဆယ့်ငါးယွမ်ကျတယ်ကွ..."

"ဟုတ်ကဲ့ဦးလေး..."

ဆိုင်ရှင်ကမ်းပေးသည့်မြှားတံသေးသေးလေးတွေလှမ်းယူကာနောက်နားကကောင်လေးကိုလှည့်ကြည့်တော့ မျက်လုံးတောက်တောက်လေးတွေနဲ့ပြန်ကြည့်လာတယ်။အူးယားတာမို့ခေါင်းလုံးလေးကိုတချက်လှမ်းဖွလိုက်ပြီးခပ်လှမ်းလှမ်းမှာရှိနေသည့်ပစ်မှတ်ဗူဗောင်းတွေစီအာရုံစိုက်လိုက်တယ်။ကောင်လေးလိုချင်တာရဖို့ကြိုးပမ်းရဦးမည်မဟုတ်လား။

*ဖောက်!* *ဖောက်!* *ဖောက်!*

ရှောင်းကျန့်လက်စကြောင့်မြှားတံနဲ့မိတ်ဆက်မိသွားသည့်ဗူဗောင်းတွေတလုံးပြီးတလုံးရှေ့ဆင့်နောက်ဆင့်ထိမှန်ပေါက်သွားတယ်။နောက်ဆုံးသုံးလုံးကျန်တော့ မျက်ခုံးတွေမြင့်တက်ကာကြည့်နေသည့်ဆိုင်ရှင်ကိုတလှည့် သူ့ကိုမျှော်လင့်တကြီးငေးနေသည့်ကောင်လေးကိုတလှည့်ကြည့်ရင်း ရှောင်းကျန့်ပြုံးလိုက်မိတယ်။အမြဲတမ်းအကွာအဝေးအတိုင်းအတာတွေတွက်ချက်နေရသည့်သူ့လိုဆောက်လုပ်ရေးကျောင်းသားအဖို့ ထိုtargetကအရေးမဟုတ်။

*ဖောက်!* *ဖောက်!* *ဖောက်!*

"ရေး!!!..."

ဗူဗောင်းအကုန်ပေါက်သွားပြီးရှောင်းကျန့်လက်ထဲ ဝက်ဝံရုပ်လေးရောက်လာတဲ့အချိန်ရိပေါ်ကအူမြူးလျှက် ခုန်ပေါက်နေတော့တယ်။ဆိုင်ရှင်ကတော့သူတို့နှစ်ယောက်ကိုကြည့်ပြီးပြုံးတုံးတုံး။

"ရဟတ်စီးမယ်..."

"ဟိုဟာရော..."

"ဒီတခုထက်ပြီးစီးရအောင်နော်အကို..."

ရိပေါ်ဆွဲခေါ်ရာလိုက်ရင်းဟိုဒီလွှဲရမ်းနေသည့်စက်ကိရိယာကြီးတွေအပြင် တဝေါဝေါတဝီဝီမြည်နေသည့်ကစားစရာအမျိုးမျိုးတို့ကြား အသည်းခိုက်မတက်ကြောက်လန့်တကြားအော်ဟစ်နေကြသည့်လူတွေကြား ရင်တဖိုဖိုနဲ့ရှောင်းကျန့်အနွေးဓာတ်ရနိုင်သလောက် ကိုယ်လုံးအိအိလေးကိုဖက်တွယ်ပစ်တယ်။မျက်လုံးတွေစုံမှိတ်ပြီး ရှောင်းကျန့် ရင်ခွင်ထဲတိုးဝင်လာသည့်ကောင်လေးကလည်းပဲ နွေး၍လားအေး၍လားမသေချာပေမဲ့ အမြင့်ကြောက်နေခြင်းတော့မဟုတ်တန်ရာ။

___


"ဒီအထိပဲဆိုတာသေချာလား..."

"အင်း..."

ရှောင်းကျန့်ရိပေါ်ကိုပြန်ပို့ပေးသည့်အချိန်ကည7နာရီစွန်းစွန်း။ရပ်ကွက်ထိပ်ကဝမ်မား၏ဖက်ထုပ်ဆိုင်လေးလည်းပိတ်သိမ်းသွားပြီဖြစ်သလို လမ်းတလျှောက်ကဆိုင်ခန်းလေးတွေလည်းသိမ်းဖို့ဆိုင်းပြင်နေကြပြီ။ဒီထက်နောက်ကျလျှင်ရှောင်းကျန့်busကားမမှီမှာစိုးတာ​ကြောင့်ရိပေါ်လေးတွဲတွဲနဲ့ခေါင်းငြိမ့်လိုက်ရတယ်။

"ကိုယ်ကအိမ်ရှေ့ထိလိုက်ပို့ချင်တာ..."

"ဟအင်း...အကိုပြန်မယ့်အချိန်ဘတ်စ်ကားရှိတော့မှာမဟုတ်ဘူး..."

ရိပေါ်ကပြောရင်းခုနလေးတင်နှစ်ယောက်သားစီးပြီးပြန်လာသည့်မြို့ပတ်ဘတ်စ်ကားပေါ်ရှောင်းကျန့်ကိုတွန်းတင်နေတယ်။ရှောင်းကျန့်ကတော့ရိပေါ်လက်ကိုဆွဲကိုင်ထားရင်းရယ်ကျဲကျဲနဲ့လွှတ်မပေးသေး။

"မခွဲချင်ဘူးကွာ...အိမ်ကိုတခါတည်းခေါ်သွားလိုက်ရမလား...ဟင်!..."

"အကို့...မစနဲ့ဗျာ...ဘတ်စ်ကားလွတ်သွားမယ်...တက်တော့..."

"အိုခေ...ဒါဆိုကိုယ်သွားမယ်နော်...ကောင်းလေးကဂရုစိုက်ပြီးအိမ်ပြန်...အိမ်ရောက်ရင်စာပို့လိုက်...ဟုတ်ပြီလား..."

"ဟုတ်!..."

ရိပေါ်နှဖူးနဲ့နှာခေါင်းထိပ်လေးကိုရွရွလေးနမ်းပြီးရှောင်းကျန့်ဘတ်စ်ကားပေါ်တက်သွားလိုက်တယ်။အေးနေမှာစိုး၍မြန်မြန်ပြန်ဆိုသည့်သဘောလက်လှုပ်ပြတော့ ကားအတော်ဝေးဝေးရောက်တဲ့အထိရပ်ကြည့်နေသေးသည့်ကောင်လေးက တကယ်ကိုရိုက်ပေါက်။

လမ်းချိုးတခုကျော်မှအရိပ်လေးမြင်ကွင်းထဲကပျောက်သွားတာမို့နီးရာထိုင်ခုံမှာဝင်ထိုင်ရင်းအပြင်ကိုငေးရင်းပါလာမိတယ်။အနွေးလုံးလေးနဲ့ဝေးလို့ ဒီဇင်ဘာဆောင်းချမ်းစိမ့်စိမ့်ကိုခံစားမိလိုက်မှရှောင်းကျန့်ဖြတ်ခနဲတစုံတခုကိုသတိရတယ်။

အမြန်ပဲhandphoneထုပ်ပြီးကောင်လေးဆိုသည့်contantစီစာတိုလေးတစ်ကြောင်းsentလုပ်လိုက်တယ်။အချစ်ဦးဆိုသည့်အတိုင်း ပထမဆုံးဆိုသည့်ဘယ်အရာကိုမဆိုကောင်လေးနဲ့အတူမျှဝေချင်တဲ့စိတ်အစဥ်က အတိုင်းထက်အလွန်မွေ့လျော်နေခဲ့တာ ဆိုဖွယ်ရာမရှိ။

___

*ကတောင်!*

[ပထမဆုံးနှင်းကျတဲ့အချိန်ခဏလောက်ထပ်ဆုံမလား...ကောင်လေးတို့ရပ်ကွက်ထဲကပန်းခြံလေးစီကိုယ်လာခဲ့မယ်...]

ရှောင်းကျန့်ပို့လိုက်သည့်messageကိုဖွင့်ဖက်ပြီးရိပေါ်တစ်ယောက် သွားဖုံးတွေပေါ်အောင်ပြုံးရင်း ရပ်နေသည့်ဘတ်စ်ကားမှတ်တိုင်ကနေ အိမ်လမ်းထဲဖြေးဖြေးလျှောက်ဝင်လာလိုက်တယ်။သူမငြင်းမှန်းသိနေလို့ဒီအကိုသိပ်ယောင်တက်နေတာ။နေနှင့်ဦး။ထပ်တွေ့ကာမှ ချစ်ကြောင်းတွေမရှက်တမ်းပြောပစ်ပါဦးမယ်။လက်ထဲကဝက်ဝံရုပ်ကိုဆွဲဆွဲဆိတ်ကာ ရိပေါ်ကကြောက်ဖို့ကောင်းအောင်ရှောင်းကျန့်ကိုကြိမ်းဝါးနေလေရဲ့။

"ကိုကို..."

အသံလာရာကြည့်လိုက်မိတော့မျက်နှာချင်းဆိုင်လမ်းကနေ ရိပေါ်စီလျှောက်လာနေသည့်ဖေးဖေး။လမ်းမီးတိုင်တွေရှိနေခြင်းကြောင့်အိမ်လမ်းတလျှောက်ထင်းလင်းနေပေမဲ့ ညဘက်အချိန်ညီမဖြစ်သူဖေးဖေး တယောက်တည်းအပြင်ထွက်လာခြင်းကိုရိပေါ်ကမနှစ်မျို့စွာမျက်မှောင်တွေတွန့်ကျုံ့လိုက်မိတယ်။ဒီကောင်မလေးကတော့။

"ဖေးဖေး...ဘာလိုက်လုပ်တာလဲ...ညဘက်ကြီး...ပြီးတော့ အိမ်မှာမားတယောက်တည်းမဟုတ်လား..."

"ကိုကို!..."

နောက်တကြိမ်ခေါ်လာသည့်ဖေးဖေးအသံကတစုံတခုကိုစိုးထိတ်နေသလိုအဖျားခတ်တုန်ယင်လို့။ရိပေါ်အမြန်ပဲဖေးဖေးအနားလျှောက်သွားလိုက်ပြီးမေးဟန်ပြုတော့ သူ့ကိုငေးစိုက်ကြည့်လာရင်းဖေးဖေးမျက်လုံးတွေမှာတွယ်ငြိနေသည့်ပူပင်မှုတပိုင်းတစကို အသေအချာကိုတုန်လှုပ်ဖွယ်မြင်လိုက်ရတယ်။ရိပေါ်ရင်ထဲထိတ်ခနဲ။သူ ဖေရှီးနဲ့ရှိနေတာမဟုတ်မှန်းမားသိသွားလို့များလား။ဒါမှမဟုတ် အကိုနဲ့သူ့ရဲ့ပတ်သက်မှု။

ရင်တထိတ်ထိတ်နဲ့ဆက်လျှောက်လာခဲ့တော့အိမ်ရှေ့မှာရပ်ထားသည့်ကားနက်ကြီးတစ်စီးကိုဦးစွာမြင်လိုက်ရတယ်။ရိပေါ်စဥ်းစားလို့မရသေးခင် အိမ်တံခါးကိုတွန်းဖွင့်ကာအပြင်ထွက်လာသည့် လူစိမ်းနှစ်ယောက်။suiteအပြည့်နဲ့သက်လက်ပိုင်းအရွယ်လူကြီးကိုရိပေါ်မသိပေမဲ့ သေချာပေါက်ထိုလူကြီးရှေ့ကနေ ကားနောက်ခန်းထဲဝင်သွားသည့်အသက်လေးဆယ်အရွယ်လူကြီးကိုတော့ရိပေါ်ကောင်းကောင်းမြင်ဖူးထားသည်။ထိုလူက ရှောင်းကျန့်ရဲ့ဖခင်တဖြစ်လည်း မြို့တော်ဝန်ရှောင်းလုဝေ။

"ဖေးဖေး!..."

"ဟုတ်တယ်ကိုကို...မား မားသိသွားပြီ..."

လက်ထဲကဝက်ဝံရုပ်လေးလွတ်ကျမတက်ကြောက်လန့်သွားရင်းနဘေးကဖြတ်မောင်းသွားသည့်ကားနက်ကြီးကိုရိပေါ်လိုက်ငေးနေမိတယ်။ကားထဲမှရှောင်းလုဝေလည်းရိပေါ်ကိုမြင်သွားကောင်းမြင်သွားနိုင်ပါတယ်။မုန်တိုင်းအရံအတားမလုပ်ရသေးခင် မုန်တိုင်းဝင်သွားသည့်နှယ် ရိပေါ်ရင်ထဲဆုံးရှုံးရပြီလားဆိုသည့်အတွေးက မတရားကိုခြောက်လှန့်ပါတယ်။ရိပေါ်အရမ်းကြောက်တယ်။ခုချိန်မား သူ့ကိုစိတ်ဆိုးနေမှာ။အကိုနဲ့ဝေးသွားရမှာ။ထပ်ပြီး အကို့ကိုငေးကြည့်ခွင့်မရတော့မှာကို။

"အားဝမ်!..."

မောင်နှမနှစ်ယောက်အိမ်ထဲခြေချမိတာနဲ့ ဧည့်ခန်းထဲထိုင်နေရာကနေဝမ်မားက ရိပေါ်ကိုခပ်ကျယ်ကျယ်စည်းခေါ်တယ်။ခြေဖျားလက်ဖျားတွေအေးစက်သည်အထိ ကြောက်ရွံ့နေသည့်ရိပေါ်ကိုငဲ့ကြည့်ရင်းဖေးဖေးကအနားကမခွာပဲအဖော်ပြုပေးနေသေးတယ်။

"မား...ကျွန်တော်..."

"အခန်းထဲလိုက်ခဲ့အားဝမ်!...မင်းတယောက်တည်းပဲ...ဖေးဖေး ကိုယ့်အခန်းကိုယ်ပြန်အိပ်တော့..."

"မား...ကိုကိုက..."

ဖေးဖေးစစ်ကူလိုက်ပေးဖို့ပြင်ရုံရှိသေး အောက်ထပ်အခန်းထဲဝင်သွားသည့်ဝမ်မားကြောင့်ရိပေါ်မျက်လွှာလေးချပြီးနောက်ကလိုက်သွားရတော့တယ်။ဖေးဖေးကတော့ ရိပေါ်ကိုမကူညီနိုင်တာမို့ မျက်နှာငယ်လေးနဲ့သာအခန်းပြင်မှာကျန်ခဲ့တယ်။မားဒေါသကြောင့်အကိုဖြစ်သူကိုဖေးဖေးစိတ်မချပါ။

___

"မားကိုမင်းညာတယ်အားဝမ်!..."

အတန်ကြာတိတ်ဆိတ်နေရာမှဝမ်မားကဒူးနှစ်ဖက်ပေါ့လက်သီးစုတ်လေးတွေတင်ကာခေါင်းငုပ်ထိုင်နေသည့်ရိပေါ်ကိုစိတ်ပျက်သလိုကြည့်ရင်းဆိုလာတယ်။သူမ သားသမီးတွေအပေါ် ဒီလောက်တောင်သွန်သင်ဆုံးမမှုညံ့ဖျင်းခဲ့သလားလေ။

"ကျွန်တော် တောင်း တောင်းပန်ပါတယ်မား..."

ခေါင်းမော့မလာသည့်ရိပေါ်ကထိုစကားသာအထပ်ထပ်ဆိုတယ်။ဝမ်မားမျက်ရည်တွေစီးကျလာတယ်။သူမအများကြီးမျှော်လင့်ထားသည့် သားဖြစ်သူရဲ့ရွေးချယ်မှုက ဘာကြောင့်တုံးခုလှမ်းမရသည့်နေရာမှာရှိသည့်လူသားကိုမှလဲ။

ရှောင်းကျန့်ကိုဝမ်မားသိထားသည်က ရိပေါ်ရဲ့စီနီယာ သာမာန်ဆောက်လုပ်ရေးကျောင်းသားလေးပါပဲလို့။ခုလို ဂုဏ်ဒြပ်တွေကြားကြီးပြင်းလာပြီး အမြင့်ကမှန်းသိခဲ့ရင် ရိပေါ်ရဲ့ချစ်သူကောင်လေးမဆိုထားနှင့်မိတ်ဆွေအဖြစ်ပင်ပတ်သပ်ခွင့်ပြုလိမ့်မည်မဟုတ်။ငွေရှင်ကြေးရှင်ထိုလူတန်းစားနှင့်ပတ်သပ်၍ သူမ မှာဒဏ်ရာအတိန်အနက်မသေးခဲ့တာမို့။

"ရှောင်းကျန့်နဲ့မင်းဘယ်လိုပဲပတ်သပ်ပတ်သပ် ခုချိန်ကစပြီး ထပ်ပြီးမပတ်သပ်မိပါစေ..."

"မား!!!..."

"မားပြောလို့မပြီးသေးဘူးအားဝမ်!..."

ခေါင်းပြန်ငုပ်သွားသည့်ရိပေါ်ကလက်သီးတွေပိုတင်းကြပ်သွားပြီးဒူးထောက်ထိုင်နေသည့်ကြမ်းပြင်ကိုသာအကြည့်ပြန်ပို့တယ်။သူကြောက်တာ ဒီလိုအခြေနေမျိုးတွေ။

"ရှောင်းကျန့်ကိုလည်းနယူးယောက်ပို့မယ်ပြောတယ်...အဲ့တော့ဒီကြားထဲမဆက်သွယ်တော့ရင်ပိုကောင်းမယ်အားဝမ်!..."

*ကတောင်!*

[ကိုယ်အဆောင်ပြန်ရောက်ပြီကောင်လေး...]

မားပြောတာနားထောင်ရင်းကြမ်းပြင်ပေါ်ကscreenလင်းနေသည့်handphoneကmessageကိုဖတ်လိုက်ရင်းရိပေါ်မျက်ရည်တွေလိမ့်ဆင်းလာတယ်။အကို့ရင်ခွင်ကို ကျွန်တော်လိုအပ်နေပြီ။

"မားစကားနားထောင်ပါအားဝမ်...ရှောင်းကျန့်ကသားနဲ့မအပ်စက်ပါဘူး..."

"ကျွန်တော် ကျွန်တော်...အကို့ကိုချစ်တယ်မား..."

"အားဝမ်!!!!!..."

ချော့ပြောခြင်းအရာမရောက်မှန်းသိတော့ဝမ်မားကစိတ်ထောင်းကိုယ်ကြေသလိုရှက်ဒေါသတွေကိုယ်တွင်းစီးဝင်လာတယ်။ရိပေါ်ကခေါင်းငုပ်နေရာကပဲ ငိုသံစွတ်ထပ်ပြောလာပြန်တယ်။

"အကို့ကိုချစ်တာမို့မဝေးချင်ဘူး...အကိုကလည်းကျွန်တော်နဲ့ဝေးဝေးကိုထွက်သွားချင်မှာမဟုတ်ဘူး...ပြီးတော့..."

"အားဝမ်!...မင်း!...ကဲဟယ်!...ကဲဟယ်!..."

စကားနားမထောင်ရကောင်းလားဆိုပြီးဝမ်မားကရိပေါ်လက်မောင်းတွေကိုမျက်ရည်အဝဲသားနဲ့နာနာထုရိုက်လာတယ်။ခေါင်းမာပြီး အချစ်ကြီးလွန်းသည့်ကောင်လေးက မျက်ရည်တွေစီးကျနေရင်းပဲ အဆက်မပြတ်ကျရောက်နေသည့်အသားနာဒဏ်ကို တအင့်အင့်ရှိုက်ရင်းခေါင်းငုပ်လျှက်ခံယူတယ်။အရိုက်ခံပြီးရင်တော့ အကိုနဲ့ဝေးရဖို့ထပ်မကြားချင်တော့ဘူး။

"မား!...ကိုကို့ကိုမရိုက်ပါနဲ့တော့...ရပ်ပါတော့မားရယ်...ကိုကို ကိုကိုလည်းချစ်တတ်နေပါပြီလို့..."

ဘယ်အချိန်ကတည်းကချောင်းနေမှန်းမသိအခန်းထဲပြေးဝင်လာပြီး ရိပေါ်ရှေ့ကာဆီးကာဆီးလာလုပ်သည့်ဖေးဖေး။ဝမ်မားမှာလည်း သားသမီးတွေရှေ့လူကြမ်းမကြီးလုပ်ရတာပင်ပမ်းလွန်း၍ ဖက်ငိုနေကြသည့်ရိပေါ်နဲ့ဖေးဖေးကိုကြည့်ပြီးမျက်ရည်လိုက်ကျမိတယ်။

"အငယ်မ...နင်လည်းအလိုတူအလိုပါပဲမလား...ဟမ်!...နင်တို့ငါ့ကိုစိတ်ဒုက္ခပေးလွန်းတယ်...နင်တို့အဖေမရှိတော့ကတည်းကငါခက်ခက်ခဲခဲကြိုးစားရှင်သန်လာရတာ...ငါအရမ်းပင်ပမ်းနေပြီ...နဲနဲလောက်ငဲ့ကြည့်ကြပါဦးလား...သိပ်ကိုပင်ပမ်းနေပြီကောင်စုတ်ကောင်မစုတ်လေးတွေရဲ့...ဟင့်!..."

မျက်ရည်တွေကျလာကာမညီးညူစဖူးပွင့်အံလာသည့်မိခင်ဖြစ်သူကြောင့်ရိပေါ်ရောဖေးဖေးပါဝမ်မားအနားတိုးကပ်လို့တင်းတင်းကြပ်ကြပ်ဖက်တွယ်လိုက်ကြတယ်။အကို့ကိုလက်မလွှတ်နိုင်တဲ့အကြောင်းလဲ အတူတူမျက်ရည်ကျရင်းရိပေါ်ကအထပ်ထပ်ပြောပါသေးတယ်။

"ကျွန်တော်တောင်းပန်ပါတယ်မားရယ်!..."

နှလုံးသားမှာကျွံသည့်ဆူကိုမနှုတ်ရက်သလိုဝမ်မားမျက်ရည်တွေကိုလည်းရိပေါ်မကြည့်ရက်ပါ။မလျော်မပေးနိုင်တော့သည့်ထိုမျက်ရည်တွေအတွက် ရင်နာနာနဲ့သာ နောင်တကင်းကင်း အကိုဆိုသည့်လူသားကိုရိပေါ် ဆက်ပြီး ထပ်ပြီး ချစ်ပါဦးမည်။

ထိုညအဖို့ ရှောင်းကျန့်စီကmessageကိုreplyပြန်ဖို့ ရိပေါ်ဘက်ကပထမဦးဆုံးပျက်ကွပ်မိခြင်းသည်သာ။

To be continue.....
21/11/2021(Sunday)
Thank for your reading.♥

နောက်ပိုင်းမပျင်းရတော့ပါဘူးလို့>0<ကျန်းမာရေးဂရုစိုက်ပါပေါင်ပေါင်တို့။see u next episode.




♡Zawgyi version♡

ညဥ့္မနက္ခင္အခ်ိန္ထိHappy Worldကစားကြင္းႀကီးကမီးေရာင္စုံေတြၿပိဳးျပက္ေနၿပီး လူသံဆူညံသံတခ်ိဳ႕ႏွင့္အတူ ခ်ိတ္ခ်ိတ္သဲစည္းကားလွ်က္ရွိတယ္။႐ုပ္ရွင္႐ုံကအျပန္ကစားကြင္းတန္းဝင္ခဲ့သည့္ခ်စ္သူႏွစ္ဦးမွာလည္း ထိုဝန္းထဲက,ကစား႐ုံတစ္႐ုံေရွ႕ေရာက္ေနေလရဲ႕။

"ဟိုအ႐ုပ္လား..."

"အြင္း!..."

ေရွာင္းက်န့္က အ႐ုပ္စဥ္ေပၚမွဇီးညိုေရာင္လက္တကိုင္စာဝက္ဝံ႐ုပ္ေလးကိုလက္ညွိုးထိုးျပရင္းေမးေတာ့ ရိေပၚကငွပ္သိုက္မုန့္ထုပ္ႀကီးလက္တစ္ဖက္ကကိုင္ထားရင္းေခါင္းတဆက္ဆက္ၿငိမ့္တယ္။ေဆာင္းဝင္စအခ်ိန္သမယမို႔ ညဘက္အေအးဓာတ္ကဲေနကာ ဝက္ၿခံဖုေလးေပါက္ေနသည့္ရိေပၚႏွာထိပ္ေလးက ခ်ယ္ရီသီးေလးလို ရဲေစြးေနတယ္။

"ဆိုင္ရွင္ ကြၽန္ေတာ္ဗူေဗာင္းပစ္ခ်င္လို႔!..."

"အာ!...ရမယ္ ရမယ္လူေလး...ေရာ့ ဒီမွာ...သုံးဆယ့္ငါးယြမ္က်တယ္ကြ..."

"ဟုတ္ကဲ့ဦးေလး..."

ဆိုင္ရွင္ကမ္းေပးသည့္ျမႇားတံေသးေသးေလးေတြလွမ္းယူကာေနာက္နားကေကာင္ေလးကိုလွည့္ၾကည့္ေတာ့ မ်က္လုံးေတာက္ေတာက္ေလးေတြနဲ႕ျပန္ၾကည့္လာတယ္။အူးယားတာမို႔ေခါင္းလုံးေလးကိုတခ်က္လွမ္းဖြလိုက္ၿပီးခပ္လွမ္းလွမ္းမွာရွိေနသည့္ပစ္မွတ္ဗူေဗာင္းေတြစီအာ႐ုံစိုက္လိုက္တယ္။ေကာင္ေလးလိုခ်င္တာရဖို႔ႀကိဳးပမ္းရဦးမည္မဟုတ္လား။

*ေဖာက္!* *ေဖာက္!* *ေဖာက္!*

ေရွာင္းက်န့္လက္စေၾကာင့္ျမႇားတံနဲ႕မိတ္ဆက္မိသြားသည့္ဗူေဗာင္းေတြတလုံးၿပီးတလုံးေရွ႕ဆင့္ေနာက္ဆင့္ထိမွန္ေပါက္သြားတယ္။ေနာက္ဆုံးသုံးလုံးက်န္ေတာ့ မ်က္ခုံးေတြျမင့္တက္ကာၾကည့္ေနသည့္ဆိုင္ရွင္ကိုတလွည့္ သူ႕ကိုေမွ်ာ္လင့္တႀကီးေငးေနသည့္ေကာင္ေလးကိုတလွည့္ၾကည့္ရင္း ေရွာင္းက်န့္ၿပဳံးလိုက္မိတယ္။အၿမဲတမ္းအကြာအေဝးအတိုင္းအတာေတြတြက္ခ်က္ေနရသည့္သူ႕လိုေဆာက္လုပ္ေရးေက်ာင္းသားအဖို႔ ထိုtargetကအေရးမဟုတ္။

*ေဖာက္!* *ေဖာက္!* *ေဖာက္!*

"ေရး!!!..."

ဗူေဗာင္းအကုန္ေပါက္သြားၿပီးေရွာင္းက်န့္လက္ထဲ ဝက္ဝံ႐ုပ္ေလးေရာက္လာတဲ့အခ်ိန္ရိေပၚကအူျမဴးလွ်က္ ခုန္ေပါက္ေနေတာ့တယ္။ဆိုင္ရွင္ကေတာ့သူတို႔ႏွစ္ေယာက္ကိုၾကည့္ၿပီးၿပဳံးတုံးတုံး။

"ရဟတ္စီးမယ္..."

"ဟိုဟာေရာ..."

"ဒီတခုထက္ၿပီးစီးရေအာင္ေနာ္အကို..."

ရိေပၚဆြဲေခၚရာလိုက္ရင္းဟိုဒီလႊဲရမ္းေနသည့္စက္ကိရိယာႀကီးေတြအျပင္ တေဝါေဝါတဝီဝီျမည္ေနသည့္ကစားစရာအမ်ိဳးမ်ိဳးတို႔ၾကား အသည္းခိုက္မတက္ေၾကာက္လန့္တၾကားေအာ္ဟစ္ေနၾကသည့္လူေတြၾကား ရင္တဖိုဖိုနဲ႕ေရွာင္းက်န့္အေႏြးဓာတ္ရနိုင္သေလာက္ ကိုယ္လုံးအိအိေလးကိုဖက္တြယ္ပစ္တယ္။မ်က္လုံးေတြစုံမွိတ္ၿပီး ေရွာင္းက်န့္ ရင္ခြင္ထဲတိုးဝင္လာသည့္ေကာင္ေလးကလည္းပဲ ေႏြး၍လားေအး၍လားမေသခ်ာေပမဲ့ အျမင့္ေၾကာက္ေနျခင္းေတာ့မဟုတ္တန္ရာ။

___


"ဒီအထိပဲဆိုတာေသခ်ာလား..."

"အင္း..."

ေရွာင္းက်န့္ရိေပၚကိုျပန္ပို႔ေပးသည့္အခ်ိန္ကည7နာရီစြန္းစြန္း။ရပ္ကြက္ထိပ္ကဝမ္မား၏ဖက္ထုပ္ဆိုင္ေလးလည္းပိတ္သိမ္းသြားၿပီျဖစ္သလို လမ္းတေလွ်ာက္ကဆိုင္ခန္းေလးေတြလည္းသိမ္းဖို႔ဆိုင္းျပင္ေနၾကၿပီ။ဒီထက္ေနာက္က်လွ်င္ေရွာင္းက်န့္busကားမမွီမွာစိုးတာ​ေၾကာင့္ရိေပၚေလးတြဲတြဲနဲ႕ေခါင္းၿငိမ့္လိုက္ရတယ္။

"ကိုယ္ကအိမ္ေရွ႕ထိလိုက္ပို႔ခ်င္တာ..."

"ဟအင္း...အကိုျပန္မယ့္အခ်ိန္ဘတ္စ္ကားရွိေတာ့မွာမဟုတ္ဘူး..."

ရိေပၚကေျပာရင္းခုနေလးတင္ႏွစ္ေယာက္သားစီးၿပီးျပန္လာသည့္ၿမိဳ႕ပတ္ဘတ္စ္ကားေပၚေရွာင္းက်န့္ကိုတြန္းတင္ေနတယ္။ေရွာင္းက်န့္ကေတာ့ရိေပၚလက္ကိုဆြဲကိုင္ထားရင္းရယ္က်ဲက်ဲနဲ႕လႊတ္မေပးေသး။

"မခြဲခ်င္ဘူးကြာ...အိမ္ကိုတခါတည္းေခၚသြားလိုက္ရမလား...ဟင္!..."

"အကို႔...မစနဲ႕ဗ်ာ...ဘတ္စ္ကားလြတ္သြားမယ္...တက္ေတာ့..."

"အိုေခ...ဒါဆိုကိုယ္သြားမယ္ေနာ္...ေကာင္းေလးကဂ႐ုစိုက္ၿပီးအိမ္ျပန္...အိမ္ေရာက္ရင္စာပို႔လိုက္...ဟုတ္ၿပီလား..."

"ဟုတ္!..."

ရိေပၚႏွဖူးနဲ႕ႏွာေခါင္းထိပ္ေလးကို႐ြ႐ြေလးနမ္းၿပီးေရွာင္းက်န့္ဘတ္စ္ကားေပၚတက္သြားလိုက္တယ္။ေအးေနမွာစိုး၍ျမန္ျမန္ျပန္ဆိုသည့္သေဘာလက္လႈပ္ျပေတာ့ ကားအေတာ္ေဝးေဝးေရာက္တဲ့အထိရပ္ၾကည့္ေနေသးသည့္ေကာင္ေလးက တကယ္ကိုရိုက္ေပါက္။

လမ္းခ်ိဳးတခုေက်ာ္မွအရိပ္ေလးျမင္ကြင္းထဲကေပ်ာက္သြားတာမို႔နီးရာထိုင္ခုံမွာဝင္ထိုင္ရင္းအျပင္ကိုေငးရင္းပါလာမိတယ္။အေႏြးလုံးေလးနဲ႕ေဝးလို႔ ဒီဇင္ဘာေဆာင္းခ်မ္းစိမ့္စိမ့္ကိုခံစားမိလိုက္မွေရွာင္းက်န့္ျဖတ္ခနဲတစုံတခုကိုသတိရတယ္။

အျမန္ပဲhandphoneထုပ္ၿပီးေကာင္ေလးဆိုသည့္contantစီစာတိုေလးတစ္ေၾကာင္းsentလုပ္လိုက္တယ္။အခ်စ္ဦးဆိုသည့္အတိုင္း ပထမဆုံးဆိုသည့္ဘယ္အရာကိုမဆိုေကာင္ေလးနဲ႕အတူမွ်ေဝခ်င္တဲ့စိတ္အစဥ္က အတိုင္းထက္အလြန္ေမြ႕ေလ်ာ္ေနခဲ့တာ ဆိုဖြယ္ရာမရွိ။

___

*ကေတာင္!*

[ပထမဆုံးႏွင္းက်တဲ့အခ်ိန္ခဏေလာက္ထပ္ဆုံမလား...ေကာင္ေလးတို႔ရပ္ကြက္ထဲကပန္းၿခံေလးစီကိုယ္လာခဲ့မယ္...]

ေရွာင္းက်န့္ပို႔လိုက္သည့္messageကိုဖြင့္ဖက္ၿပီးရိေပၚတစ္ေယာက္ သြားဖုံးေတြေပၚေအာင္ၿပဳံးရင္း ရပ္ေနသည့္ဘတ္စ္ကားမွတ္တိုင္ကေန အိမ္လမ္းထဲေျဖးေျဖးေလွ်ာက္ဝင္လာလိုက္တယ္။သူမျငင္းမွန္းသိေနလို႔ဒီအကိုသိပ္ေယာင္တက္ေနတာ။ေနႏွင့္ဦး။ထပ္ေတြ႕ကာမွ ခ်စ္ေၾကာင္းေတြမရွက္တမ္းေျပာပစ္ပါဦးမယ္။လက္ထဲကဝက္ဝံ႐ုပ္ကိုဆြဲဆြဲဆိတ္ကာ ရိေပၚကေၾကာက္ဖို႔ေကာင္းေအာင္ေရွာင္းက်န့္ကိုႀကိမ္းဝါးေနေလရဲ႕။

"ကိုကို..."

အသံလာရာၾကည့္လိုက္မိေတာ့မ်က္ႏွာခ်င္းဆိုင္လမ္းကေန ရိေပၚစီေလွ်ာက္လာေနသည့္ေဖးေဖး။လမ္းမီးတိုင္ေတြရွိေနျခင္းေၾကာင့္အိမ္လမ္းတေလွ်ာက္ထင္းလင္းေနေပမဲ့ ညဘက္အခ်ိန္ညီမျဖစ္သူေဖးေဖး တေယာက္တည္းအျပင္ထြက္လာျခင္းကိုရိေပၚကမႏွစ္မ်ိဳ႕စြာမ်က္ေမွာင္ေတြတြန့္က်ဳံ႕လိုက္မိတယ္။ဒီေကာင္မေလးကေတာ့။

"ေဖးေဖး...ဘာလိုက္လုပ္တာလဲ...ညဘက္ႀကီး...ၿပီးေတာ့ အိမ္မွာမားတေယာက္တည္းမဟုတ္လား..."

"ကိုကို!..."

ေနာက္တႀကိမ္ေခၚလာသည့္ေဖးေဖးအသံကတစုံတခုကိုစိုးထိတ္ေနသလိုအဖ်ားခတ္တုန္ယင္လို႔။ရိေပၚအျမန္ပဲေဖးေဖးအနားေလွ်ာက္သြားလိုက္ၿပီးေမးဟန္ျပဳေတာ့ သူ႕ကိုေငးစိုက္ၾကည့္လာရင္းေဖးေဖးမ်က္လုံးေတြမွာတြယ္ၿငိေနသည့္ပူပင္မႈတပိုင္းတစကို အေသအခ်ာကိုတုန္လႈပ္ဖြယ္ျမင္လိုက္ရတယ္။ရိေပၚရင္ထဲထိတ္ခနဲ။သူ ေဖရွီးနဲ႕ရွိေနတာမဟုတ္မွန္းမားသိသြားလို႔မ်ားလား။ဒါမွမဟုတ္ အကိုနဲ႕သူ႕ရဲ႕ပတ္သက္မႈ။

ရင္တထိတ္ထိတ္နဲ႕ဆက္ေလွ်ာက္လာခဲ့ေတာ့အိမ္ေရွ႕မွာရပ္ထားသည့္ကားနက္ႀကီးတစ္စီးကိုဦးစြာျမင္လိုက္ရတယ္။ရိေပၚစဥ္းစားလို႔မရေသးခင္ အိမ္တံခါးကိုတြန္းဖြင့္ကာအျပင္ထြက္လာသည့္ လူစိမ္းႏွစ္ေယာက္။suiteအျပည့္နဲ႕သက္လက္ပိုင္းအ႐ြယ္လူႀကီးကိုရိေပၚမသိေပမဲ့ ေသခ်ာေပါက္ထိုလူႀကီးေရွ႕ကေန ကားေနာက္ခန္းထဲဝင္သြားသည့္အသက္ေလးဆယ္အ႐ြယ္လူႀကီးကိုေတာ့ရိေပၚေကာင္းေကာင္းျမင္ဖူးထားသည္။ထိုလူက ေရွာင္းက်န့္ရဲ႕ဖခင္တျဖစ္လည္း ၿမိဳ႕ေတာ္ဝန္ေရွာင္းလုေဝ။

"ေဖးေဖး!..."

"ဟုတ္တယ္ကိုကို...မား မားသိသြားၿပီ..."

လက္ထဲကဝက္ဝံ႐ုပ္ေလးလြတ္က်မတက္ေၾကာက္လန့္သြားရင္းနေဘးကျဖတ္ေမာင္းသြားသည့္ကားနက္ႀကီးကိုရိေပၚလိုက္ေငးေနမိတယ္။ကားထဲမွေရွာင္းလုေဝလည္းရိေပၚကိုျမင္သြားေကာင္းျမင္သြားနိုင္ပါတယ္။မုန္တိုင္းအရံအတားမလုပ္ရေသးခင္ မုန္တိုင္းဝင္သြားသည့္ႏွယ္ ရိေပၚရင္ထဲဆုံးရႈံးရၿပီလားဆိုသည့္အေတြးက မတရားကိုေျခာက္လွန့္ပါတယ္။ရိေပၚအရမ္းေၾကာက္တယ္။ခုခ်ိန္မား သူ႕ကိုစိတ္ဆိုးေနမွာ။အကိုနဲ႕ေဝးသြားရမွာ။ထပ္ၿပီး အကို႔ကိုေငးၾကည့္ခြင့္မရေတာ့မွာကို။

"အားဝမ္!..."

ေမာင္ႏွမႏွစ္ေယာက္အိမ္ထဲေျခခ်မိတာနဲ႕ ဧည့္ခန္းထဲထိုင္ေနရာကေနဝမ္မားက ရိေပၚကိုခပ္က်ယ္က်ယ္စည္းေခၚတယ္။ေျခဖ်ားလက္ဖ်ားေတြေအးစက္သည္အထိ ေၾကာက္႐ြံ႕ေနသည့္ရိေပၚကိုငဲ့ၾကည့္ရင္းေဖးေဖးကအနားကမခြာပဲအေဖာ္ျပဳေပးေနေသးတယ္။

"မား...ကြၽန္ေတာ္..."

"အခန္းထဲလိုက္ခဲ့အားဝမ္!...မင္းတေယာက္တည္းပဲ...ေဖးေဖး ကိုယ့္အခန္းကိုယ္ျပန္အိပ္ေတာ့..."

"မား...ကိုကိုက..."

ေဖးေဖးစစ္ကူလိုက္ေပးဖို႔ျပင္႐ုံရွိေသး ေအာက္ထပ္အခန္းထဲဝင္သြားသည့္ဝမ္မားေၾကာင့္ရိေပၚမ်က္လႊာေလးခ်ၿပီးေနာက္ကလိုက္သြားရေတာ့တယ္။ေဖးေဖးကေတာ့ ရိေပၚကိုမကူညီနိုင္တာမို႔ မ်က္ႏွာငယ္ေလးနဲ႕သာအခန္းျပင္မွာက်န္ခဲ့တယ္။မားေဒါသေၾကာင့္အကိုျဖစ္သူကိုေဖးေဖးစိတ္မခ်ပါ။

___

"မားကိုမင္းညာတယ္အားဝမ္!..."

အတန္ၾကာတိတ္ဆိတ္ေနရာမွဝမ္မားကဒူးႏွစ္ဖက္ေပါ့လက္သီးစုတ္ေလးေတြတင္ကာေခါင္းငုပ္ထိုင္ေနသည့္ရိေပၚကိုစိတ္ပ်က္သလိုၾကည့္ရင္းဆိုလာတယ္။သူမ သားသမီးေတြအေပၚ ဒီေလာက္ေတာင္သြန္သင္ဆုံးမမႈညံ့ဖ်င္းခဲ့သလားေလ။

"ကြၽန္ေတာ္ ေတာင္း ေတာင္းပန္ပါတယ္မား..."

ေခါင္းေမာ့မလာသည့္ရိေပၚကထိုစကားသာအထပ္ထပ္ဆိုတယ္။ဝမ္မားမ်က္ရည္ေတြစီးက်လာတယ္။သူမအမ်ားႀကီးေမွ်ာ္လင့္ထားသည့္ သားျဖစ္သူရဲ႕ေ႐ြးခ်ယ္မႈက ဘာေၾကာင့္တုံးခုလွမ္းမရသည့္ေနရာမွာရွိသည့္လူသားကိုမွလဲ။

ေရွာင္းက်န့္ကိုဝမ္မားသိထားသည္က ရိေပၚရဲ႕စီနီယာ သာမာန္ေဆာက္လုပ္ေရးေက်ာင္းသားေလးပါပဲလို႔။ခုလို ဂုဏ္ျဒပ္ေတြၾကားႀကီးျပင္းလာၿပီး အျမင့္ကမွန္းသိခဲ့ရင္ ရိေပၚရဲ႕ခ်စ္သူေကာင္ေလးမဆိုထားႏွင့္မိတ္ေဆြအျဖစ္ပင္ပတ္သပ္ခြင့္ျပဳလိမ့္မည္မဟုတ္။ေငြရွင္ေၾကးရွင္ထိုလူတန္းစားႏွင့္ပတ္သပ္၍ သူမ မွာဒဏ္ရာအတိန္အနက္မေသးခဲ့တာမို႔။

"ေရွာင္းက်န့္နဲ႕မင္းဘယ္လိုပဲပတ္သပ္ပတ္သပ္ ခုခ်ိန္ကစၿပီး ထပ္ၿပီးမပတ္သပ္မိပါေစ..."

"မား!!!..."

"မားေျပာလို႔မၿပီးေသးဘူးအားဝမ္!..."

ေခါင္းျပန္ငုပ္သြားသည့္ရိေပၚကလက္သီးေတြပိုတင္းၾကပ္သြားၿပီးဒူးေထာက္ထိုင္ေနသည့္ၾကမ္းျပင္ကိုသာအၾကည့္ျပန္ပို႔တယ္။သူေၾကာက္တာ ဒီလိုအေျခေနမ်ိဳးေတြ။

"ေရွာင္းက်န့္ကိုလည္းနယူးေယာက္ပို႔မယ္ေျပာတယ္...အဲ့ေတာ့ဒီၾကားထဲမဆက္သြယ္ေတာ့ရင္ပိုေကာင္းမယ္အားဝမ္!..."

*ကေတာင္!*

[ကိုယ္အေဆာင္ျပန္ေရာက္ၿပီေကာင္ေလး...]

မားေျပာတာနားေထာင္ရင္းၾကမ္းျပင္ေပၚကscreenလင္းေနသည့္handphoneကmessageကိုဖတ္လိုက္ရင္းရိေပၚမ်က္ရည္ေတြလိမ့္ဆင္းလာတယ္။အကို႔ရင္ခြင္ကို ကြၽန္ေတာ္လိုအပ္ေနၿပီ။

"မားစကားနားေထာင္ပါအားဝမ္...ေရွာင္းက်န့္ကသားနဲ႕မအပ္စက္ပါဘူး..."

"ကြၽန္ေတာ္ ကြၽန္ေတာ္...အကို႔ကိုခ်စ္တယ္မား..."

"အားဝမ္!!!!!..."

ေခ်ာ့ေျပာျခင္းအရာမေရာက္မွန္းသိေတာ့ဝမ္မားကစိတ္ေထာင္းကိုယ္ေၾကသလိုရွက္ေဒါသေတြကိုယ္တြင္းစီးဝင္လာတယ္။ရိေပၚကေခါင္းငုပ္ေနရာကပဲ ငိုသံစြတ္ထပ္ေျပာလာျပန္တယ္။

"အကို႔ကိုခ်စ္တာမို႔မေဝးခ်င္ဘူး...အကိုကလည္းကြၽန္ေတာ္နဲ႕ေဝးေဝးကိုထြက္သြားခ်င္မွာမဟုတ္ဘူး...ၿပီးေတာ့..."

"အားဝမ္!...မင္း!...ကဲဟယ္!...ကဲဟယ္!..."

စကားနားမေထာင္ရေကာင္းလားဆိုၿပီးဝမ္မားကရိေပၚလက္ေမာင္းေတြကိုမ်က္ရည္အဝဲသားနဲ႕နာနာထုရိုက္လာတယ္။ေခါင္းမာၿပီး အခ်စ္ႀကီးလြန္းသည့္ေကာင္ေလးက မ်က္ရည္ေတြစီးက်ေနရင္းပဲ အဆက္မျပတ္က်ေရာက္ေနသည့္အသားနာဒဏ္ကို တအင့္အင့္ရွိုက္ရင္းေခါင္းငုပ္လွ်က္ခံယူတယ္။အရိုက္ခံၿပီးရင္ေတာ့ အကိုနဲ႕ေဝးရဖို႔ထပ္မၾကားခ်င္ေတာ့ဘူး။

"မား!...ကိုကို႔ကိုမရိုက္ပါနဲ႕ေတာ့...ရပ္ပါေတာ့မားရယ္...ကိုကို ကိုကိုလည္းခ်စ္တတ္ေနပါၿပီလို႔..."

ဘယ္အခ်ိန္ကတည္းကေခ်ာင္းေနမွန္းမသိအခန္းထဲေျပးဝင္လာၿပီး ရိေပၚေရွ႕ကာဆီးကာဆီးလာလုပ္သည့္ေဖးေဖး။ဝမ္မားမွာလည္း သားသမီးေတြေရွ႕လူၾကမ္းမႀကီးလုပ္ရတာပင္ပမ္းလြန္း၍ ဖက္ငိုေနၾကသည့္ရိေပၚနဲ႕ေဖးေဖးကိုၾကည့္ၿပီးမ်က္ရည္လိုက္က်မိတယ္။

"အငယ္မ...နင္လည္းအလိုတူအလိုပါပဲမလား...ဟမ္!...နင္တို႔ငါ့ကိုစိတ္ဒုကၡေပးလြန္းတယ္...နင္တို႔အေဖမရွိေတာ့ကတည္းကငါခက္ခက္ခဲခဲႀကိဳးစားရွင္သန္လာရတာ...ငါအရမ္းပင္ပမ္းေနၿပီ...နဲနဲေလာက္ငဲ့ၾကည့္ၾကပါဦးလား...သိပ္ကိုပင္ပမ္းေနၿပီေကာင္စုတ္ေကာင္မစုတ္ေလးေတြရဲ႕...ဟင့္!..."

မ်က္ရည္ေတြက်လာကာမညီးၫူစဖူးပြင့္အံလာသည့္မိခင္ျဖစ္သူေၾကာင့္ရိေပၚေရာေဖးေဖးပါဝမ္မားအနားတိုးကပ္လို႔တင္းတင္းၾကပ္ၾကပ္ဖက္တြယ္လိုက္ၾကတယ္။အကို႔ကိုလက္မလႊတ္နိုင္တဲ့အေၾကာင္းလဲ အတူတူမ်က္ရည္က်ရင္းရိေပၚကအထပ္ထပ္ေျပာပါေသးတယ္။

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္မားရယ္!..."

ႏွလုံးသားမွာကြၽံသည့္ဆူကိုမႏႈတ္ရက္သလိုဝမ္မားမ်က္ရည္ေတြကိုလည္းရိေပၚမၾကည့္ရက္ပါ။မေလ်ာ္မေပးနိုင္ေတာ့သည့္ထိုမ်က္ရည္ေတြအတြက္ ရင္နာနာနဲ႕သာ ေနာင္တကင္းကင္း အကိုဆိုသည့္လူသားကိုရိေပၚ ဆက္ၿပီး ထပ္ၿပီး ခ်စ္ပါဦးမည္။

ထိုညအဖို႔ ေရွာင္းက်န့္စီကmessageကိုreplyျပန္ဖို႔ ရိေပၚဘက္ကပထမဦးဆုံးပ်က္ကြပ္မိျခင္းသည္သာ။

To be continue.....
21/11/2021(Sunday)
Thank for your reading.♥

ေနာက္ပိုင္းမပ်င္းရေတာ့ပါဘူးလို႔>0<က်န္းမာေရးဂ႐ုစိုက္ပါေပါင္ေပါင္တို႔။see u next episode.

Continue Reading

You'll Also Like

981K 17K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
2.1M 108K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
868K 34.5K 45
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
348K 22.4K 86
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...