ဂျိုဆွန်းပြည်ကြီးရဲ့တောင်ကြားလေးတွေထဲက နေမင်းကြီးဟာထွန်းထွန်းတောက်တောက် ထွက်လာခဲ့ပြီဖြစ်တာမလို့ သလွန်ထက်က သခင်မလေးသည် နိုးထလာခဲ့သည်....
ရေသန့်စင်ကာ ဝတ်ရုံတွေလဲလှယ်ရင်း ကျောဘက်က ထောင့်ဖြတ်ဒဏ်ရာအမာရွတ်ကြီးကိုတွေ့တော့ သက်ပြင်းတွေကိုသာချရပြန်တယ်
"သခင်မလေး ဘယ်ဆီကိုကြွမြန်းမလို့လည်း"
Li: နင်သိစရာမလိုအပ်ဘူး..
"သခင်မလေးကို ဘုရင်မက နန်းပြက်မထွက်ဖို့ အမိန့်ပေးထားပါတယ်"
Li:အကယ်၍ ငါထွက်ရင်ကော
"အင်အားသုံးရပါလိမ့်မယ်"
Li: လုပ်လိုက်လေ.... မနေ့ကစစ်သူကြီးဟောင်း ငါ့ကိုပါးရိုက်လို့ လက်ဖြတ်ပြီးထောင်နန်းစံနေရတာကိုတွေ့လား သူ့နောက်လိုက်ချင်ရင် လုပ်ပေါ့....
သခင်မလေးပြောတဲ့စကားတွေကြောင့် သေမှာထက် ထိုသို့ တစိမ့်စိမ့်နာကျင်ခံစားရမည်ကို ကိုယ်ရံတော်တသိုက်ဟာကြောက်လန့်နေကြသည်....တဖြည်းဖြည်းနဲ့နောက်ဆုတ်သွားတဲ့ခြေလှမ်းတွေ.....
သခင်မလေးဟာ မတုံ့မဆိုင်းဘဲ ထိုနန်းဆောင်ကနေထွက်လာခဲ့သည်....
Li: ဘန်းဘန်း...
"Ban ဖေဖေသခင်ကြီးဆီလာတာလား သူတော့ပျော်နေတော့မှာဘဲ"
Li: နင် ဆိုမီနဲ့အဆင်ပြေနေရဲ့လား...
"ဒီလိုပါဘဲ အရင်လို အာဏာတွေချမ်းသာမူတွေမရှိပင်မယ့်လည်း ကောင်းကောင်းရှင်သန်နေရတာဘဲ"
Li:ငါက.... ဘာလို့ နင်တို့နဲ့နန်းပြင်မှာနေခွင့်မရှိတာလည်း...
"နင်ထပ်ပျောက်သွားမှာကို ဘုရင်မကကြောက်နေခဲ့တာထင်တယ် "
Li: ဘယ်လိုသိတာလည်း.
"ဟိုး...နားလေးက ခြုံပုပ်ကနေ ချောင်းနေတဲ့ ဝတ်ရုံအမဲနဲ့လူတွေကြောင့် အဲ့ဒါကြောင့်ပြောတာ နင်ဒီကိုခဏခဏမလာပါနဲ့ နင်နဲ့မအပ်စပ်ဘူးလေ အခုငါတို့က နယ်နင်ဒဏ်ပေးခံရတဲ့ နိုင်ငံပုန်ကန်သးတွေဖြစ်နေပြီလေ နင့်ကိုလည်းပျောက်နေတယ်လို့ဘဲကြေညာထားတာ လူတွေကြားအရမ်းမထွက်သေးနဲ့ "
Li.ငါဖုံးထားပါတယ်...ဒါပေမဲ့ ဖေဖေ့ဆီကိုတော့ လာမှာပါ အမြဲတမ်း ငွေစတွေလိုအပ်ရင် ငါ့ကိုပြောပါ ဘုရင်မက ငါ့ကိုအဲ့ဒါတွေတော့ပေးထားတယ်...
ထိုသို့ပြောပြီး သူ့ဝတ်ရုံထဲကနေ ဖွယူလာတဲ့ ငွေအိတ်နှစ်အိတ်ကိုပေးလိုက်တယ်...
"အမှန်အတိုင်းပြောရရင် အဆင်မပြေခဲ့ဘူး ထင်းတွေခုတ်ရောင်းရတာမလို့လေ"
Li:နင့်လက်ကိုကြည့်ရင်သိပါတယ်...
အရင်က စုတ်တံလေးကိုင်ရင်း စာအုပ်စာပေကိုသာလိုက်စားတဲ့ ဘန်းဘန်းရဲ့ လက်တွေဟာနုဖက်လွန်းပင်မယ့် အခုတော့ အသားမာတွေနဲ့ ကွဲရာရှရာတွေနဲ့
"မြို့တော်ထဲလည်းမဝင်ရတော့ တဆင့်ခံရောင်းချရတော့ ငွေစက ထင်သလောက်မရခဲ့ဘူး..ဒီနေရာမှာ နေထိုင်ခကလည်းပေးနေရတာကြောင့် တခါတခါ ဖေဖေသခင်ကြီးက နာမကျန်းဖြစ်ရင် ရူးပါရူးချင်ခဲ့တာ"
Li:ငါသိပါတယ်...အားလုံး ငါ့အပြစ်ပါ တောင်းပန်ပါတယ် ငါ...ငါ..
"နင့်အပြစ်မဟုတ်ပါဘူး ban... ကံကြမ္မာအရပါ အဲ့ဒါကြောင့် ဘုရင်မကိုလည်းမုန်းတီးမနေပါနဲ့တော့"
Li:နင်ညဘက်တွေမအိပ်ရဘူးလား မျက်ကွင်းတွေကညိုမဲနေတာဘဲ...
"ဒီနေရာက ငါတို့အိမ်တော်လိုမဟုတ်ဘူးလေ ဒီကွင်းပြင်ကြီးမှာ ဒုက္ခသည်တွေလည်းအတော်များတယ် ကလေးရှိမယ် လူကြီးရှိမယ် ငါတရက်မှကောင်းကောင်းအိပ်မပျော်နိုင်သေးဘူး "
Li:ဖေဖေကရော..
"အတူတူဘဲပေါ့ "
သခင်မလေးဟာ သူတယောက်တည်း နန်းတွင်းတွင် အစားကောင်းစား ကောင်းမွန်တဲ့သလွန်မှာအိပ်နေရခြင်းကို မသတီလာခဲ့....
"အာ..ဝမ်းနည်းစရာတွေပြောမိပြန်ပြီ...ငါနင့်ကိုပြောမလို့ ဒီနေ့ကချေသည်ယောင်းရဲ့ ဖျော်ဖြေပွဲရှိတယ် မသွားဘူးလား"
Li:နင်ပြောစရာတောင်မလိုဘူး ငါထိပ်ဆုံးတန်းကကြည့်ဖို့တောင် နေရာဝယ်ပြီးပြီ...
"ကောင်းကောင်းပျော်ခဲ့ နင်လည်းမပျော်ခဲ့ရတာကြာပြီမဟုတ်လား"
Li:ဖေဖေ့ဆီသွားရအောင် နောက်ငွေစ လိုရင်ငါ့ကိုပြော ဘာလိုလိုပြော ငါအားလုံးလုပ်ပေးမှာမလို့...
"အေးပါ"
ဒီလိုနဲ့ နှစ်ယောက်သားပုခုံးလေးဖက်ပြီး သဲစုတ်လေးထဲဝင်သွားခဲ့ကြတယ်...
.
.
.
............"
သလွန်အကျယ်ကြီးတွင် နိုးထထခြင်းမှာ ဘုရင်မဟာ သခင်မလေးကိုသာလိုက်ရှာနေခဲ့ပင်မယ့် နန်းဆောင်လွတ်ကြီးသာရှိခေဲ့သည်....
Ni:Li ငယ်လေး..
"အရှင်မ...."
Ni:li ငယ်လေး ဘယ်ရောက်သွားလည်း
"သခင်မလေးက မနက်အစောကတည်းက နန်းပြင် ထွက်သွားခဲ့ပါတယ်"
ထွက်သွားတယ်တဲ့လား မနက်စာအတူသုံးဆောင်မယ်ဆိုပြီး ကတိပေးထားခဲ့ပြီး နန်းပြင် ထွက်သွားတယ်တဲ့လား အခု လျစ်လျူရှု့ခံလိုက်ရတာလား ကျမက.....
Ni: နန်းပြင်ကိုဘာအရေးကိစ္စ..
"ဟို...ဘုရင်မ... ကချေသည်ယောင်းရဲ့ ကပွဲရှိပါတယ်"
Ni:ဘာ!!!
ဒေါသတွေဟာထောင်းကနဲထွက်လာခဲ့ပင်မယ့် ဒေါသဖြေရမယ့်သူမရှိတော့ နခမ်းတွေကိုသာ အားပါပါကိုက်ခဲပစ်လိုက်တယ် ဖောက်ကနဲသောသွေးတွေပန်းထွက်လာပင်မယ့်လည်း မမူခဲ့ပါဘူး ရင်ထဲကပိုနာကျင်နေခဲ့တာမလို့...
သူ့အတွက်...သူ့အတွက် သူ့အတွက် ဘယ်အရာမဆို ပေးဆပ်ဖို့ မတွန့်ဆုတ် ခဲ့တဲ့ နိုင်ငံတော်ရဲ့ဘုရင်မကိုကျ နန်းတော်မှာ ပစ်ထားခဲ့ပြီး ကချေသည်ရဲ့ကပွဲကိုကျသွားနေခဲ့သည်တဲ့လား...မျက်နှာများခဲ့တာဘဲလား... တို့ကိုတမင်ကလဲ့စားချေခဲ့တာဘဲလား li ငယ်လေး...
"ဘုရင်မကြီး...ဟို မနက်စာကိုမပြင်ဆင်"
Ni:ပြင်ဆင်ထားလိုက်...သူသာသူ့ကတိသူတည်နိုင်ရင် ရောက်လာမှာပေါ့...ပြီးတော့ ဒီနေ့ငါရုံးတော်ကိုမလာနိုင်ဘူး ဘာအမူကိုမှလည်းမစီရင်ပေးနိုင်ဘူး ငါအဲ့နေရာမှာဘဲထိုင်စောင့်နေမှာမလို့...
"ဘုရင်မ"
Ni:သွားပြင်ဆင်လိုက်အခု!!!!
.
.
.
.........."
Li:ယောင်း
Young: သခင်မလေး
ကပွဲကိုအတွက်ပြင်ဆင်နေဟန်ရှိ
သည့်ယောင်းဟာ သခင်မလေးရောက်လာတာနဲ့ ချက်ချင်းမတ်တပ်ရပ်ကာ ဂါရဝပြုလိုက်သည်...
Li:ကပွဲအတွက်ပြင်ဆင်နေတာလား
Young: ဟုတ်ကဲ့...
Li:ကပွဲပြီးရင် ကိုယ်နဲ့စကားနည်းနည်းလောက်ပြောကြမလား...
Young: အဲ့အချိန်လောက်ဆို နေဝင်လောက်ပြီထင်တယ်...
Li: စောင့်နေပါ့မယ်...
ကပွဲရဲ့ထိပ်ဆုံးအတန်းတွင် နေရာစီစဥ်ပေးထားတာကြောင့် ထိုနေရာတွင်ထိုင်ကာ ကကွက်တခုပြီးတခု ဆွဲကနေတဲ့ ကချေသည်တွေကိုသာ ကြည့်နေခဲ့တယ် ထိပ်ဆုံးအတန်းတွေဟာ အထက်တန်းစားမျိုးရိုးတွေသာကြည့်ရသာ်မလို့ သေရည်မျိုးစုံချထားပေးရာတွင် သခင်မလေးဟာ သေရည်တခွက်ကို ယူသောက်လိုက်တယ်...
ရင်ထဲဝယ် ပူလောင်နေခဲ့တာမလို့...ဘာအပြစ်မှမရှိဘဲ နယ်နင်ဒဏ်ပေးခြင်းကိုခံခဲ့ရတဲ့ ဘန်းဘန်းနဲ့ ဖေဖေအတွက်လည်း ဘယ်လိုမှစိတ်ထဲမကောင်းခဲ့ဘူး...
သေဆုံးသွားပြီဖြစ်သော မေမေရဲ့ အသက်မဲ့ခန္ဓာ ဘယ်ဆီမြုပ်ထားတယ်ဆိုတာကိုလည်း ဘယ်သူမှမပြောပြကြဘူး ဘန်းဘန်းကိုမေးတော့လည်း သူမသိခဲ့ဘူးတဲ့....
သေရည်နောက်တခွက်ကိုထပ်သောက်ကာမျက်လုံးတွေမှိတ်ပြီး အသက်ကိုရှူလိုက်ထုတ်လိုက်ဖြင့် အလေ့အကျင့်ကိုလုပ်နေရတယ်...
Young: သခင်မလေး...သခင်မလေး...သခင်မလေး
Li:အင်း,..ဘာလည်းပြီးသွားပြီလား..
Young: အခုမှစမှာပါ...မျက်လုံးကြီးမှီတ်ပြီး မသက်သာတဲ့ပုံဖြစ်နေတာမလို့ သက်သက်သာသာဖြစ်အောင် ဆောင်ကြာမြိုင်ထဲဝင်နားနေပါလားလို့ လာမေးတာပါ.....
Li:ရပါတယ်..မလိုအပ်ပါဘူး..
ခေါင်းတွေကိုသာအတွင်တွင်ခါပြီး အခြားသောကချေသည်တွေကခုန်နေရာကိုသာအာရုံစူးစိုက်လိုက်တော့သည်....သခင်မလေးသည် ယခုထက်ထိ ဘုရင်မအားကတိပေးခဲ့ခြင်းကို သတိမရခဲ့...
.
.
.
....,......"
ခြေထောက်တွေသည် ညောင်းနေသောအခြေအနေမဟုတ်တော့ဘဲ ထုံကာကျင်လာပါသောအခြေအနေတခုကိုရောက်လာခဲ့သည်
မနက်စာသုံးဆောင်ဖို့အတွက် ပူပူနွေးနွေး အငွေ့တထောင်းထောင်းဖြင့် စားချင်စဖွယ် မနက်စာမြင်ကွင်းလေးဟာ အခုဆို အေးစက်တောင့်ခဲနေပြီဖြစ်တာမလို့ သူဖုန်းစားလှူရင်တောင် သူဖုန်းစားကပြန်ပေးလာမည့် စားဖွယ်တွေဖြစ်ကုန်လေပြီ...
ဘုရင်မသည် ထိုနေရာမှာတင်မလှုပ်မယှက်ထိုင်နေခဲ့သည်...စူးရှပြတ်သားလှပါသော မျက်လုံးအိမ်တွေဟာသိပ်ကိုကြောက်စရာကောင်းလှတာကြောင့် အထိန်းတော်တွေမှာ အသက်ကိုတောင်အသံထွက်အောင်မရှုရဲကြ ခပ်မျှင်မျှင်လေးသာရှုရှိုက်နေရသည်.....
နေမင်းကြီးဟာ ဘုရင်မခေါင်စတည့်တည့်သို့ စူးစူးစိုက်စိုက်နဲ့ထိုးနေရာမှ ယခုတောင်ကြားထဲသို့ထိုးဝင်သွားသည်အထိ သခင်မလေးဟာ ပေါ်လို့ပင်မလာခဲ့...
Ni:ထွက်သွားကြ..
"ဘုရင်မ"
Ni:မကြားကြဘူးလား...ထွက်သွားကြလို့...
အထိန်းတော်ကြီးတွေနဲ့အစေခံတွေကထွက်သွားပါသော်လည်း ကိုယ်ရံတော်လင်းဟာယခုထိထွက်မသွားသေးခဲ့ဘဲ ဘုရင်မအနားတွင်ရှိနေခဲ့သည်...
Ni:လင်း နင်လည်းသွားတော့..
"မသွားနိုင်ဘူး"
Ni: လင်း..
"ဒီ နေရာမှာ ညအမှောင်အချိန်မှာ အရမ်းအန္တရယ်များလွန်းတယ် ဘုရင်မက နိုင်ငံတော်ရဲ့ဘုရင်မပါ ကျွန်တော်မျိုးကို သတ်ပစ်မယ်ဆိုရင်တောင်မထွက်သွားနိုင်ဘူး"
Ni:ငါတယောက်တည်းနေချင်နေတာကြောင့်ပါ ထွက်သွားပေးပါ...
မသက်သာတဲ့အဆုံး ကိုယ်ရံတော်လင်းလည်းဘုရင်မအနားကနေထွက်သွားခဲ့ပြီး နန်းတော်ထဲကိုသာတတပ်မတ်ထဲဝင်သွားခဲ့သည်....
ဘုရင်မဟာ ထိုနေရာ ထိုအချိန်တွင်စောင့်ဆိုင်းနေတုန်းပါဘဲ...
.
.
.
............."
ကပွဲပြီးသည်နှင့် ထိုဆောင်ကြာမြိုင်ထဲကထွက်လာကာ မှောင်ရိပ်သန်းနေပြီဖြစ်သော ဂျိုဆွန်းရေထွက်သို့သာရောက်ရှိလာခဲ့ကြသည်..
Li:ယောင်း...ဟို
Young :သခင်မလေး ကျမကိုဘာများပြောကြားစရာရှိနေခဲ့လို့လည်း....
Li: ကိုယ်....ကိုယ်...ဒီရက်တွေအတွင်း မင်းကိုအရမ်းလွမ်းနေခဲ့ရတာ
Young: ရှင်...
Li: တကယ်ကို တရက်မှမေ့မရခဲ့တာပါ အဲ့ဒါကြောင့်...
Young: သခင်မလေး ကျမအရင်ကလည်းပြောခဲ့ဖူးပါတယ် အခုလည်းထပ်ပြောပါရစေ ကျမကိုမေ့ပစ်လိုက်ပေးပါ...
Li:ဘယ်လိုမေ့မေ့ ပိုပိုပြီးချစ်လာခဲ့တာကို ငါလည်းဘယ်လိုလုပ်ရမှန်းမသိခဲ့ဘူး ဘာလို့ပြန်မချစ်နိုင်ရတာလည်း ငါ့ဖေဖေက နိုင်ငံတော်ပုန်ကန်သူဖြစ်နေလို့လား...
Young: ကျမအဲ့လိုတွေမတွေးတတ်ပါဘူး သခင်မလေး ကျမကသာချစ်နေခဲ့ရင် သူဘယ်လောက်ဘဲဆင်းရဲနေပါစေ ကျမသူနဲ့လိုက်သွားဖို့အဆင်သင့်ပါဘဲ အကယ်၍ ငွေဆတွေကမလုံလောက်ခဲ့ရင်တောင် ကျမကိုကျမရောင်းစားပစ်ဖို့အဆင်သင့်ဘဲ...
Li:ကိုယ့်ကိုမချစ်နိုင်တော့ဘူးဆိုတဲ့သဘောလား...
Young: နှလုံးသားအတွက်ခွင့်လွှတ်ပေးပါ သခင်မလေး
Li:ကျမ လက်မလျော့နိုင်ဘူး...
Young: သခင်မလေး ကိုယ့်ကိုမချစ်တဲ့သူတယောက်ကို ချစ်နေရတာမပင်ပန်းဘူးလား...
Li:မပင်ပန်းပါဘူး...စောင့်နေမှာပါ...
Young: မစောင့်ပါနဲ့...
Li:ဒါက...ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မဟုတ်ဘူးလား..
Young: သခင်မလေးသဘောတော်မြတ်အတိုင်းပါ ကျမမှာတားပိုင်ခွင့်မရှိပါဘူး
ထွက်သွားလေသောသူကိုကြည့်ပြီး တမြေ့မြေ့နာကျင်လာသောနှလုံးသားသည် ဒုတိယအကြိမ် ကွဲကြေခြင်းမှာခံနိုင်ရည်သိပ်မရှိတော့...ထိုနေရာမှာတင် ဒူးထောက်ငိုချပစ်ဖို့ကျတော့လည်း အကြောကတင်းသား အဲ့လိုတော့မလုပ်နိုင်ခဲ့ ထူးဆန်းခြင်းသည် မျက်ရည်တစက်တောင်မကျခဲ့...
"ရှင်မရေ နက်ဖြန်ခါကျရင် မနက်စာအတူတူစားကြရအောင်ဟေ့ "
"အိုကွယ် တော်ကလည်း နေ့တိုင်းစားနေရတာကို မနက်စာက"
"နက်ဖြန်ခါကျရင် ထူးထူးဆန်းဆန်းလေး မြို့တော်စျေးတန်းမှာလိုက်ကျွေးမလို့ပါ ရှင်မရဲ့ "
"ရှင်ပြောတုန်းကပြောပြီးနော် ပြီးမှ ကတိမတည်မလုပ်နဲ့"
Li:ကတိ....
ကတိဆိုသည့်စကားကြားမှ ဘုရင်မကိုကတိပေးခဲ့သည့်ကိုယ့်ဟာကိုပြန်သတိလည်လာခဲ့တယ် အချိန်အားဖြင့် နေတောင်ဝင်နေချိန်မှ မနက်သာအတူစားပါ့မယ်ဆိုပြီးကတိပေးခဲ့တာကိုပြန်မှတ်မိခဲ့တာ..
နန်းတော်ဘက်ကိုမြန်ဆန်သောခေလှမ်းတွေဖြင့် ပြေးထွက်လာခဲ့သည်
နန်းတော်ထဲရောက်လာခဲ့ပြီး ဘုရင်မနန်းဆောက်ထဲဝင်ရှာရတွင် ဘုရင်မရှိမနေခဲ့....
Li:အထိန်းတော်ကြီး ဘုရင်မ...ဘုရင်မ ဘယ်မှာရှိနေတာလည်း...
"သခင်မလေးရယ် တနေ့ကုန်လုံး ဘယ်တွေပျောက်နေခဲ့တာလည်း ဘုရင်မက ဥယဥ်ထဲမှာ တနေ့လုံးစောင့်စားနေခဲ့တာ"
လက်ထဲကဓားကိုလည်း သေချာမဆုပ်ကိုင်ထားမိတော့ဘူး ဓားကိုလွတ်ချလိုက်ပြီး ဥယဥ်ဆီအမြန်လိုက်သွားခဲ့သည်...
Li:ဘုရင်မ
Ni:ရောက်လာပြီလား ဘာတွေများလုပ်နေလို့ ဘုရင်မကိုတောင်မေ့နေခဲ့ရတာလည်း
Li:ဟုတ်ကဲ့....စာလေ့လာနေတာကြောင့်မေ့.....
ဖြောင်း#
ပြင်းထန်လွန်းလှပါသောရိုက်ချက်တွင် li ငယ်ဟာ အရင်တုန်းကလိုမျိုး ကြမ်းပြင်ပေါ်သို့ အင်အားနည်းစွာ ခွေခေါက်လဲကျသွားခြင်းမရှိခဲ့... ပါးတဖက်လုံးတွက်း လက်ငါးချောင်းရာသည်အထင်းသား အံကြိတ်ကာသည်းခံနေပုံဟာ ဘုရင်မရဲ့နှလုံးသားကို တမြေ့မြေ့နဲ့ထိုးခွဲနေခဲ့သည်....
Ni:ငါ့ကို...ငါ့ကို မကြောက်မလန့်နဲ့ပေါ့. မင်းကဟုတ်လား
Li:စိုးရွံမိပါတယ်...
စိုးရွံ့မိပါတယ်လို့ပြောနေတဲ့ပုံစံကိုက မစိုးရွံ့တာ....
ဘုရင်မကိုတောင် ဒီကလေးက ဂရုမစိုက်တော့...
ဒီဘုရင်မကလည်း အရူးအမူး တန်းတန်းစွဲကို ဆွဲလန်းနေခဲ့တာ...
သိပ်ကို...သိပ်ကိုနာကျင်ရလွန်းတဲ့ အရာတွေပါ....
ချည်တိုင်ဆိုတဲ့နေရာလေးမှာ ကြိုးတွေကိုကလေ ချည်တတ်မှ မချည်တတ်ရင် သူလှုပ်ခါသွားတိုင်း ရူးတော့မတတ် သေတော့မတတ်နာကျင်ရတာမလို့....
၁၃ နှစ်အရွယ် လေးကတည်းက အချစ်ကြိုးတွေနဲ့ ဒီကအရူးမကြီးက ချည်ခဲ့လည်း နိုင်ငံထီးနန်းကို အရာခပ်သိမ်းနဲ့လဲလည်ဖြစ်ဖို့လုပ်ခဲ့လည်း....ရခဲ့တာဘာဆိုဘာမှမရှိခဲ့ဘူး.....
Ni: ငါမနက်ကတည်းကဒီနေရာမှာထိုင်စောင့်နေခဲ့တာ ဘာညီလာခံ ဘာတိုင်းရေးပြည်ရာကိုမှငါမလုပ်ခဲ့ဘူး မင်းရဲ့မနက်စာအတူစားကြဖိုလ ကတိပေးမူမှာ ဒီဘုရင်မကမတုပ်မလှုပ် ထိုင်နေခဲ့တာ...ငါကိုမင်းဘာလုပ်လိုက်တာနဲ့ li ငယ်...ဖြေပါ...ဖြေစမ်းပါ..
Li: ဖေဖေ့ကိုပြုစုရင်းနဲ့ စာလေ့လာ.....
ဖြောင်း#
နာနေသည့်အခြမ်းကိုထပ်အရိုက်ခံလိုက်ရချိန်မှာ မျက်နှာဟာသိသိသာသာကိုပျက်ယွင်း သွားခဲ့သည်...ရိုက်နေတာကကိုယ်ဆိုပင်
မယ့်လည်း နှလုံးသွေးတွေထွက်မအန်ကျမတတ် နာကျင်နေရတာလည်း ကိုယ်ပါဘဲ...
Ni:မင်းကချေသည်ရဲ့ ဖျော်ဖြေပွဲကို ထိပ်ဆုံးကနေ သွားအားပေးနေခဲ့တာပါ...ငါကဒီနိုင်ငံတော်ရဲ့ဘုရင်မပါ... liငယ်ရယ် မလိမ်ညာစမ်းပါနဲ့...
Li:ဟုတ်ပါတယ်...တောင်းပန်ပါတယ်..... သတ်ချင်လည်းသတ်လိုက်ပါ
ဘုရင်မဟာ နီရဲနေသောမျက်အိမ်တွေနဲ့ကျလုဆဲဆဲ မျက်ရည်တွေကိုမကျလာအောင် မျက်နှာလှလှလေးကို မော့ကာ ခြောက်ကပ်ကပ်အော်ရီနေခဲ့သည်...
Ni: လူတွေများ..မရှိမဖြစ်မှန်းသိလို့ ပညာတွေပြနေလိုက်ကြတာ....ကမ္ဘာပြိုသွားအောင်ကို အော်ရယ်လိုက်ချင်တယ်...
Li ငယ်ဟာ ဘုရင်မဒေါသထွက်နေသည်ဆိုတာကိုသိသည့်အတွက် ဒူးထောက်ချခဲ့သည်...ခေါင်းကို ညွှန်းကိုင်းထားကာ ထုံပေပေမျက်နှာဘေးဖြင့်....
Ni: ကြည့်စမ်း အစေခံမတွေက
ကြည့်နေကြတာ ထင်ကြမြင်ကြပါဦးမယ် ဒီဘုရင်မက မနက်စာလေးအတူလာမစားတာကို အပိုတွေလုပ် နှိပ်စက်နေတယ်ပေါ့...လက်တွေ့ကျကျမင်းဒူးထောက်နေတာကိုဘဲ မြင်ကြတာ... ငါ့ဘဝတလျောက်လုံး မင်းဆီမှာဒူးထောက်ခဲ့ရတာကိုတော့ ဘယ်သူမှမမြင်ကြဘူး လာစား...မနက်ကတည်းက မင်းမလာမချင်း တခုမှမလျော့သေးတဲ့စားစရာတွေ စားမယ်လို့ကတိပေးထားရင် စားရမှာဘဲမလား...လာခဲ့..
ဘုရင်မဟာ ဒေါသအလျောက် သခင်မလေးအား အကျီစမှဆွဲဆောင့်ကာ ဒူးထောက်နေရာမှ တရွတ်တိုက်ဆွဲခေါ်လာတော့ ထမင်းစားစားပွဲသို့ ရောက်လာရတော့သည်....တူတစုံကိုပစ်ချပေးသည်....
သိပ်ကြောက်စရာကောင်းလွန်းသောမျက်လုံးတွေ...မျက်ရည်တွေဘဲကျတတ်လို့ သွေးတွေစိမ့်ထွက်လာတော့မလားထင်ရလောက်အောင် ရဲရဲတောက်နေသောမျက်လုံးအိမ်တွေဟာ ဘုရင်မရဲ့အမှတ်အသားဆိုးတွေထဲကတခု...အဝါတောက်တောက်ရောင်နှင့် ဝတ်ရုံဟာထည်ဝါနေပြီး ပြောရှင်းနေသောမျက်နှာသည်
ဒေါသရောင်အပြည့်ဖြင့် ပြင်းထန်လွန်းနေခဲ့ပါသည်...
Li: မဆာဘူး...
Ni: မဆာလည်းစားရမယ်...စားပွဲပေါ်မှာရှိသမျှအကုန်ကုန်အောင်စားရမယ် မစားနိုင်ရင် အဲ့ကချေသည်ကို.......
Li:Ni!!
ငယ်ပင်မယ့်...ဘာရာထူးမှမရှိပင်
မယ့် ဘာမှမဟုတ်တဲ့ကလေးက စိန်သိပ်လှုပ်ရှားလွန်းသည့်အခါ မျိုးတွေမှာ အတင်စီးဆုံး မာမာထန်ထန်ထွက်လာတတ်သော ရှားပါးလွန်းသည့်အခေါ်အဝေါ်....လုံးဝလွမ်းမိုးခြင်းခံလိုက်ရသလို ခံစားချက်မှာ Ni ဆိုတာဟာ ဘုရင်မရဲ့အားနည်းချက်...ပါးစပ်ပိတ်တိတ်ဘဲ.....
Li:စားမယ်...အကုန်ကုန်ရင်ပြီးရောမလား ကျေနပ်ပြီး နန်းဆောင်ကိုပြန်လို့ရမယ်မလား
ခပ်အက်အက်အသံနှင့် li ငယ်သည်မျက်ရည်တွေဝဲနေခဲ့သည်....အခြေအနေသည် သိပ်ပင်ပန်းလွန်းနေပါသည်...
အချစ်...ဆိုတာမျိုးက လုပ်ယူလို့မှမရခဲ့ဘဲ....
Ni ဒီလိုခက်ခဲနေသလို သူလည်းသေလောက်အောင်ခက်ခဲပြီး ခေါင်းငိုက်စိုက်ဖြစ်နေရတဲ့ဘဝပါ.....
ယောင်းဆိုတဲ့ဖြစ်တည်မူလေးကလေ မြတ်နိုးစုံမက်လို့ အချိန်အနည်းငယ်လေးကြာအောင် သခင်မလေးဘက်က စိုက်ကြည့်မိရင်ပင် မကြိုက်....
ကပို့ကရို့ကျနေသော ဆံနွယ်လေးတွေကိုတောင် ထိတွေ့ခွင့်မရှိ ဘယ်လိုဘဲကြိုးစားခဲ့ပါစေ သခင်မလေးမှာ အခွင့်အရေးမရှိခဲ့ပါ...
ဆံဖျားလေးကိုထိကြည့်ချင်တဲ့ စိတ်ဆန္ဒလေးကိုပင် သခင်မလေးမရရှိခဲ့...တဖြည်းဖြည်းပိုပိုဆိုးလာသည်က သခင်မလေးဆိုလျှင် ယောင်းကပြတ်ပြတ်သားသားကိုငြင်းသည်..
ရှင်းရှင်းလင်းလင်းနေသည်...
သခင်မလေးသည် မနာကျင်ဘဲမနေပါဘူး...
ချစ်ရတဲ့သူရဲ့လုံးဝကျောခိုင်းနေခြင်းကဘယ်လောက်တောင်ခက်ခဲတယ်ဆိုတာ ချစ်တတ်လာသူတိုင်းနားလည်လာပါလိမ့်မယ်...
တကယ်ကို စုတ်လည်းစူး စားလည်းရူးပါဘဲ...
မစားလည်း Ni နဲ့ ယောင်းကြား ကြာရင်ရူးတော့မှာတော့သေချာသည်...
တူကိုကိုင်ပြီး စားဆိုတော့လည်းစားလိုက်မယ်....
မစားရင်လည်း ဒီပြဿနာကပြီးတော့မှာမဟုတ်တော့....
သူ့ဟာသူအေးအေးနေတဲ့ ယောင်းဆီသွားရှို့မဲ့မီးကိုတော့အလောင်မခံနိုင်ပါ...
ဘုရင်မသည်...သခင်မလေးကို စူးစိုက်ကြည်နေသည်....
သူ့အဖိုးတန်ကလေးလေးထိမှာစိုးလို့....မကြိုက်လို့အမြဲသတိထားဖယ်ပေးခဲ့ရတဲ့စားစရာတွေတောင် ဒီကလေးက အရသာမခံ....ပြီးပြီးရော ပါးစပ်ထဲအကုန်ထိုးထည့်နေသည်....
မနက်ကတည်းက ပန်းကန်ထဲထည့်ထားတဲ့ထမင်းတွေဟာ အေးစက်မာကျောနေပြီ ....ဒါကိုတောင် ခေါင်းမဖော်စတမ်း တလုပ်ပြီးတလုပ် ပါးစပ်ထဲထည်နေ့တာ....
သူ့ပါးစပ်ထဲထမင်းတလုပ်ဝင်သွားတိုင်း နာနာကျင်ကျင်ထိုင်ကြည့်ကာ တစက်ချင်းဆီကျလာသောမျက်ရည်တွေသည် စားပွဲပေါ်သို့...
အေးစက်နေပြီဖြစ်သောဟင်းရည်တွေ...မာကျောနေသောအသားတွေ ဘာစကားတခွန်းမျှမဆိုဘဲ အသံတိတ် ရင်ကိုချေမွနေလိုက်တာများ ကြားလို့တောင်မကောင်း.....
လှလှပပပြင်ဆင်ပေးထားတဲ့ သူ့အတွက် သူအကြိုက်ဆုံး နံရိုး တွေကိုကျလုံးဝထိမသွားခဲ့ဘူး.... ရွဲ့တာစောင်းတာများ....ရူးအောင် ရူးပစ်လိုက်လို့ရအောင်....သူသဘောကျတယ်ဆိုလို့ လိပ်ပြာကလေးဆိုလည်း အတောင်တွေချိုးပြီး ဖန်ပုလင်းထဲထည့်ထားလိုက်ရတာတွေကိုမမြင်ဘူး.....ကြည့်နေရင်းအသက်ရူနေမရတော့တာကြောင့်....
Ni:တော်ပါတော့!!!.....
စိတ်လွတ်စွာ စားပွဲကိုဘေးဖက်သို့ဆွဲမှောက်ပစ်လိုက်တော့ သခင်မလေးဟာ တူကိုင်လျက်နဲ့ရီဝေဝေကြည့်လာခဲ့သည်.....
အချစ်ကြီးတဲ့နှလုံးအိမ်မှာ မာန်ကအတူတည်ဆောင်လာတဲ့အခါ ထိတွေ့မိသမျှပျက်ကိန်းစိုက်ရတယ် အရာရာဆိုတာ အမိန့်ဆိုတဲ့ စကားတခွန်းတည်းနဲ့ပြန်တည်ဆောက်လို့မရတာသိလျက်နဲ့........
.
.
.
.
.
.
.
.
.
.
.
##$%$##$##$$#$$#$
Ep.30 is Coming soon.
_______________________
###################
Zawgyi #
Li:အကယ်၍ ငါထွက်ရင်ကော
Li: ဘန်းဘန်း...
Li: ဘယ်လိုသိတာလည်း.
Li:ဖေဖေကရော..
"အတူတူဘဲပေါ့ "
"အေးပါ"
.
.
.
............"
Ni:Li ငယ်လေး..
"အရှင်မ...."
Ni:ဘာ!!!
"ဘုရင်မ"
.
.
.
.........."
Li:ယောင်း
Young: သခင်မလေး
Young: ဟုတ်ကဲ့...
Li: စောင့်နေပါ့မယ်...
ကပွဲရဲ့ထိပ်ဆုံးအတန်းတွင် နေရာစီစဉ်ပေးထားတာကြောင့် ထိုနေရာတွင်ထိုင်ကာ ကကွက်တခုပြီးတခု ဆွဲကနေတဲ့ ကချေသည်တွေကိုသာ ကြည့်နေခဲ့တယ် ထိပ်ဆုံးအတန်းတွေဟာ အထက်တန်းစားမျိုးရိုးတွေသာကြည့်ရသ်ာမလို့ သေရည်မျိုးစုံချထားပေးရာတွင် သခင်မလေးဟာ သေရည်တခွက်ကို ယူသောက်လိုက်တယ်...
.
.
.
....,......"
Ni:ထွက်သွားကြ..
"ဘုရင်မ"
"မသွားနိုင်ဘူး"
Ni: လင်း..
.
.
.
............."
Li:ယောင်း...ဟို
Young: ရှင်...
Young: မစောင့်ပါနဲ့...
"နက်ဖြန်ခါကျရင် ထူးထူးဆန်းဆန်းလေး မြို့တော်ဈေးတန်းမှာလိုက်ကျွေးမလို့ပါ ရှင်မရဲ့ "
Li:ကတိ....
Li:ဘုရင်မ
ဖြောင်း#
Li:စိုးရွံမိပါတယ်...
ဖြောင်း#
Li: မဆာဘူး...
Li:Ni!!
Ni:တော်ပါတော့!!!.....
.
.
.
.
.
.
.
.
.
.
.
##$%$##$##$$#$$#$
Ep.30 is Coming soon.