Unicode💜
ကောင်းကင်ဘုံတစ်ခုလုံးက အဆောက်အဦ တွေရစရာမရှိအောင်ပျက်စီးနေချေပြီ။
တိုက်ကိုကသူကိုယ်တိုင်ဆောက်ခဲ့တဲ့ ပင်မနန်းဆောင်ကြီးကိုပါ သံယောဇဉ်မဲ့စွာဖျက်ဆီးလိုက်သည်။
ကောင်းကင်ကြမ်းပြင်တွင် ယခင်လိုတိမ်အခိုးအငွေ့များမပြေးတော့..။
မကောင်းဆိုးဝါးများ ဘဝလွန်၍ အနက်ရောင်အခိုးအငွေ့များသာပျံ့နှံ့နေသည်။
နတ်များကတော့ စိတ်ငြိမ်ရာတောင်တွင်တိမ်းရှောင်နေရသည်။
ဒီချိန် တိုက်ကို့ ကိုတားလျှင် သူတို့ပါနတ်သက်ကြွေနိုင်သောကြောင့်ပင်။
ယခင်လိုအခြေအနေဆို နတ်ဘုရားများပေါင်းကာတားစည်းနိုင်ပေမဲ့ ယခုမှာတော့ကိုယ်စီဒဏ်ရာများရလာကြသည်။သန့်စင်ခြင်းတောင် အားခဲလုပ်ဆောင်ထားရသည်မလား။
ချိတ်ပိတ်ထားသောဓားကြီးကိုကိုင်ကာ အပျက်အစီးတွေထဲ လျှောက်လှမ်းနေတဲ့ အနှီနတ်ဘုရား မြင်မြင်သမျှ ဖျက်ဆီးချေမည်။
လျှောက်ရင်းလျှောက်ရင်းနဲ့ ပြိုကျပျက်စီးထားတဲ့ခန်းမကြီးအလယ်တွင် ထီးထီးကြီးရှိနေသော သူ၏ရုပ်ထု။
သူ့လမ်းတွင် ခံနေ၍ထိုရုပ်ထုကိုပါ ဖျက်ဆီးပစ်မည်လော။ဓားကိုကိုင်ဆုပ်ကာ လက်တစ်ဆုံးလွှဲလိုက်ပြီး..ပိုင်းရန်ပြင်လိုက်လေသည်။ထိုဓားက ၄င်းရုပ်ထု၏ အနားရောက်ခါနီးတွင်...
"ရပ်တော်မူပါတော့..အရှင်မြတ်!!!"
ကြည်လင်ပြတ်သားတဲ့ ထိုအသံ
တိုက်ကိုလည်း တုန့်ကနဲရပ်သွားချေသည်။
အနောက်ကိုလှည့်ကြည့်တော့ သူနဲ့ခပ်လှမ်းလှမ်းမှာ ပြုံးပြီးရပ်နေတဲ့အမျိုးသမီးကား...
ရာမီ(Rami)
"ရာ..မီ??.."
သူမကိုမြင်လိုက်တာနဲ့အသိစိတ်ပြန်ကပ်လာတဲ့ အနှီနတ်ဘုရား..
"ကောင်းကင်ဘုံရော လူ့ပြည်ပါဖျက်ဆီးတော့မလို့လား အရှင်မြတ်.."
"မင်း..သေသွားပြီလေ.."
ထိုအမျိုးသမီးအားကြည့်ကာ ရင်ထဲစို့လာလေသည်။
"ကျွန်တော်မျိုးမက သေသွားတာဟုတ်ပါတယ်။ဒါပေမဲ့ အရှင့်ရဲ့နှလုံးသားထဲမှာ ဆက်ရှင်သန်နေတယ်လေ..အရှင်ကကျွန်တော်မျိုးမကို မမေ့သရွေ့ ကျွန်တော်မျိုးမမသေပါဘူး..ဟီးဟီး.."
ရီနေတဲ့ ထိုကလေးမ..တကယ့်ကိုအေးချမ်းနေသလို...ဝိညာဉ်အဆင့်တောင်မဟုတ်တော့ဘဲ ပုံရိပ်သက်သက်သာဖြစ်နေတဲ့သူမ။
"ရာမီ...မင်းဘာလုပ်မှာလဲ?"
"ရှင်...ကျွန်တော်မျိုးမ အရှင့်ကိုလာနှုတ်ဆက်တာပါ။အရှင့်မြတ်ပြောသလို..နှလုံးသားကအရေးကြီးဆုံးပဲလေ.."
"ပျော်လား??"
ထိုကလေးမကို မြင်တော့ သူ့ရင်ထဲကအလုံးကြီးကျသွားသလို..,။
"ပျော်တယ်..ကျွန်တော်မျိုးမအရှင်မြတ်နဲ့ ဟယ်ရီတို့ကိုပံ့ပိုးပေးလိုက်ရတဲ့အတွက် ရင်ထဲကနေဝမ်းသာမိတယ်"
"မင်းရဲ့အသက်နဲ့ပံ့ပိုးလိုက်တာလေ..!!!"
ဘယ်လောက်ပဲ စိတ်ခိုင်ပါတယ်ဆိုပါစေ။ဘယ်လောက်ပဲအင်အားကြီးတဲ့ နတ်ဘုရားဖြစ်နေပါစေ..နှစ်သောင်းနဲ့ချီအောင်အတူရှိလာတဲ့ ထိုကလေးမအားလက်မလွှတ်ချင်..။
အနှီနတ်ဘုရားမျက်ရည်ကျမိလေသည်။
"မင်းရဲ့အသက်နဲ့ရင်းလိုက်ရတာလေ..!"
"ဟုတ်တယ်လေ..အရှင်မြတ်ရဲ့ ကိုယ့်သခင်ကိုအသက်ပေးပြီးကာကွယ်တဲ့သူလေ အဲ့တာဂုဏ်တောင်ရှိသေးတယ်.."
"တော်တော့ ရာမီ!!!"
"မ..မအော်ပါနဲ့ အရှင်မြတ်ရဲ့..ကျွန်တော်မျိုးမကို နောက်ဆုံးအနေနဲ့ပြုံးပြုံးလေးပဲစကားပြောပါ..အရှင်သာမသိတာ အရှင်ကဒီကောင်းကင်ဘုံမှာပြုံးရင်အချောဆုံးပဲ.."
"ရာမီ.."
"အရှင်မြတ်ရယ်..မျက်ရည်မကျပါနဲ့..အရှင်မြတ် မကောင်းဆိုးဝါးတွေကို သုတ်သင်ခဲ့ပြီးပြီ..အရှင်ဆောက်ထားတဲ့နန််းဆောင်ကြီးကိုလဲဖျက်လိုက်ပြီ..ရပါတယ်..ဒါပေမဲ့..အဲ့ရုပ်ထုကကျွန်တော်မျိုးမကိုယ်တိုင်ထုထားတာနော်..လုံးဝအရှင့်သဘောနဲ့ဖျက်လို့မရပါဘူး.."
ဤသည်မှာအမှန် ဒီနန်းဆောင်ကြီးကိုတိုက်ကိုဆောက်လုပ်ပြီးသည်နှင့် အမှတ်တရဖြစ်အောင် ထုပေးခဲ့ခြင်းဖြစ်သည်။
"ပြီးတော့...အဲ့ဓားကို ထပ်သုံးမပါနဲ့တော့အရှင်..ကျွန်တော်မျိုးမကိုလက်ဆောင်ပေးပါ..။"
"ဟမ်"
တိုက်ကို့အံ့အားသင့်သွားသည်။
သေလွန်ပြီးသည့်ထိုကလေးမ ဘာလို့တောင်းသည်လဲ??
"မင်းမှကိုင်လို့မရတော့တာ.."
"အဲ့ရုပ်ထုရှေ့မှာ စိုက်ထားပေးလေ တ.သက်.လုံး.."
ခပ်သဲ့သဲ့ရီလိုက်ကာ နောက်ဆုံးအနေနဲ့ သူမတောင်းဆိုတာကိုဖြည့်ဆည်းပေးချေမည်။
"အင်း..ပေးမယ်.."
"တသက်လုံးနော်အရှင်မြတ်.."
"အင်း..ပေးမယ်."
ရာမီ့ရဲ့ တောင်းဆိုချက်ကို လိုက်လျောလိုက်သည်။သူ၏ရုပ်ထုရှေ့တွင် ထိုထားအားနှစ်ဝင်အောင်အားကုန်စိုက်လိုက်လေသည်။
"ပြီးပြီ..မင်း.."
"ကျွန်တော်မျိုးမကို ဖက်ခွင့်ပေးပါလား?"
"ဟမ်"
"အရှင်မြတ် ကို တစ်ခါလောက်ထိဖူးချင်လို့.."
တိုက်ကိုမျက်စိရှေ့တွက် အရွယ်ရောက်လာသည့်ထိုကလေးမကို တိုက်ကိုတခါမှမထိဖူးမကိုင်ဖူး။သူမပြောသလို ပြုံးပြုံးလေးဆိုတာကိုသတိရကာ..
"လာ..ဖက်ပေးမယ်.."
လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ သူမအားကြိုဆိုလေတော့..(၃)နှစ်သမီးကအဖေကိုဖက်သလိုပြေးဝင်လာတဲ့ သူမ။
"နွေးနေတာပဲ..အရှင်မြတ်.."
"ကိုယ်တော့်ရဲ့ ရင်ခွင်ကအလကားမရဘူး လူတိုင်းလဲမရဘူး..သိရဲ့လား"
"သိတာပေါ့အရှင်မြတ်ရဲ့..ပြီးတော့အရှင်မြတ်..အကိုလေးဟယ်ရီနဲ့သေချာပေါက်ပေါင်းမှရမှာနော်..လုံးဝလက်မလွှတ်ရဘူး..
အရှင်မြတ်ကို ကျွန်တော်မျိုးမပြောထားပါတယ် ချစ်ရင်ပိုင်အောင်လုပ်ပါ ဒီတိုင်းပြန်မလာပါနဲ့လို့.."
"ကိုယ်တော်သိပါတယ်.."
သူမအားဖက်ကာ သက်ပြင်းရှည်ကြီးချမိသည်။
"အရှင်မြတ်..."
"ပြော..ရာမီ"
"ဒီအပြုံးကိုတစ်သက်လုံးထိန်းထားပေးပါ
ပျော်ပျော်နေပါ...ဟယ်ရီနဲ့ရအောင်ပေါင်းပါ..ဒီရုပ်ထုကိုလည်းဘယ်တော့မှ ဖျက်ဖို့စိတ်မကူးပါနဲ့.."
"အဲ့လောက်မှာနေတာ..မင်းကကိုယ်တော့်အမေလား?"
"စိုးရွံ့မိပါတယ်..အကိုလေး ဟယ်ရီ့ကိုဒီတစ်ခုမှာပေးပါ.."
"ပြော..ရာမီ"
"ကျွန်တော်မျိုးမရဲ့ အရှင်မြတ်က အကိုလေး ဟယ်ရီကိုတစ်ကယ်ချစ်တာပါလို့.."
"အင်းပြောပေးမယ်.."
"အရှင်မြတ်.."
"ပြော..ရာမီ.."
"ကျွန်တော်မျိုးမကို စောင့်ရှောက်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်"
"မလို--"
သူဖက်ထားတဲ့ ပုံရိပ်ယောင်လေးလဲပျောက်သွားလေပြီ။အဆုံးထိထိုကလေးမက သူ့ကိုတစ်ကမ္ဘာထင်ဆဲ..
"ရာမီ..မင်းကအတော်ဆုံးလူယုံတော်ပဲ.."
ဒီကလေးမလဲ လူ့လောကထဲကလွတ်မြောက်သွားချေပြီ။
ဘေးဘီကိုစိတ်အေးမှကြည့်မိတော့..သူ့ရဲ့ခန်းမှကပျက်စီးချေပြီ။
"တစ်ကတည်းမှ..တော်တော်ပျက်စီးကုန်ပြီးပဲ"
စိတ်ငြိမ်ရာတောင်တွင်...
"အရှင်တို့အရှင်မတို့..အရှင်မြတ်က ဓားတော်ကို ရုပ်ထုရှေ့မှစိုက်ချလိုက်ပြီး ထိုင်နေပါတယ်။ပုံမှန်ဖြစ်သွားပုံပေါ်နေပါပြီ။"
နတ်များအားလုံး ဝမ်းပန်းတသာ ကောင်းကင်ဘုံနန်းကို ချက်ချင်းသွားကြလေသည်။
တိုက်ကိုက ကြမ်းပြင်ပေါ်တွင်ထိုင်နေလေရာ...သူတို့အားလုံးကိုမြင်သည်နှင့် အပြစ်လုပ်ထားတဲ့ကလေးသဖွယ် မချဥ်ပြုံးပြုံးပြနေသည်။
ဒဏ်ရာရထားတဲ့ နတ်တွေနဲ့ ဖက်လှဲတကင်းစကားပြောပြီးနောက်..
"အရှင်တိုက်ကို..ကိုယ်တော်တို့ဖြစ်ပြီးတဲ့အခြေအနေတွေမွမ်းမံဖို့ အစည်းအဝေးလုပ်ရမယ်ထင်တယ်.."
ထိုစကားဆိုသူမှာ နေနတ်ဘုရားအားဘေးယပ်စ်ပင်။
"ဟုတ်တယ်
အရှင်အားဘေး..လောလောဆယ်..ဒီကိစ္စကိုမြင်ထားတဲ့ လူသားတွေရဲ့မှတ်ညဏ်တွေဖျက်ဖို့ နတ်တွေစေလွှတ်လိုက်ပါဦး.."
အားဘေးယပ်စ်က သူ့လူယုံ ဟွာ အား လူသားတို့မှတ်ညဏ်အား ဖျောက်ပစ်ရန်စေလွှတ်လိုက်သည်။
အားဘေးယပ်စ်နဲ့ ဗီးနပ်စ် ကလည်းဖြစ်ခဲ့သမျှကိုရှင်းပြလေသည်။
"ဒါဆို အရှင်မဗီးနပ်စ်.. ကိုယ်တော်အကူညီတောင်းပါရစေ.. ဟယ်ရီ့ရဲ့ဝိညာဥ်ကို လူ့ပြည်ပြန်ပို့လိုက်ပါဦး.."
"ဟုတ်ကဲ့ အရှင်မြတ်.."
"နေပါဦး..အဲ့လူသားရဲ့ဝိညာဥ်က အရှင်မာ့စ်ကို ပြန်အသက်ဆက်ခိုင်းထားတာမလား.."
"ဟုတ်ပါတယ်အရှင်အားဘေး"
ဗီးနပ်စ်လိမ်ချင်ပေမဲ့ နေနတ်ဘုရားကိုတော့မဖြစ်။
"ဒါဆို အစည်းအဝေးမှာ သူ့ကိုပါထည့်ရတော့မှာပေါ့.."
"ကဲ..ကဲ..အပျက်အစီးတွေကိုပြန်နေရာချကြမယ်..မိုးသောက်(၈)နာရီကျရင်..အစည်းအဝေးစမယ် နတ်တွေအကုန်လူံးရဲ့အစည်းအဝေး"
"အမိန့်အတိုင်းပါအရှင်မြတ်.."
ဝေလီဝေလင်းအချိန်တွင်ဖြစ်သည်။
အများအပြားဆုံးရှုံးခဲ့သည့်ဒီတိုက်ပွဲ ည(၇)နာရီကနေ မနက်(၄)နာရီကျော်ထိ ကြာမြင့်ခဲ့သည်။
လူ့ပြည်တွင်လည်း ဟယ်ရီ့ခန္တာကိုယ်က အသက်ပြန်ဝင်လာချေပြီ။အောက်ဆီဂျင်ပိုက်အလျင်အမြန်တပ်ပေးကြရာ..ထိုလူသားအသက်ရှင် မရှင်က လာမည့်အစည်းအဝေးတွင်မူတည်နေသည်။
"မေမေ...ဟယ်ရီ..ဟယ်ရီမသေဘူးတဲ့..လာပါဦး.."
ဆေးရုံစောင့်နေတဲ့ အန်နီဆူးက အမေဖြစ်သူအားဝမ်းပန်းတသာ ခေါ်လေသည်။
ဒေါ်မာရီဆူးလည်း ထိုသတင်းကြားပြီးသည်နှင့် ချက်ချင်း ဆေးရုံသို့အပြေးလာခဲ့ချေရာ။ဟယ်ရီကတော့ အောက်ဆီဂျင်ပိုက်တန်းလန်းဖြင့် သတိတော့မရသေးပါ။
"ဟယ်ရီ..ခဏလေးစောင့်နေ..ကိုယ်မင်းဆီအရောက်လာခဲ့မယ်.."
ထိုလူသားအားလက်လွှတ်ဖို့ အစီအစဉ်မရှိ။
ရာမီ ပြောသလို အပိုင်ယူရမည်မလား။
ဆုံးရှုံးမှုတွေအများကြီးဖြစ်သွားလို့ ဝမ်းနည်းရပါသော်လည်း ထွက်သွားတဲ့ သူတွေက အတန်တန်မှာသွားကြလေသည်။
ပျော်ပျော်နေပါတဲ့..။
[အလုပ်မအားတဲ့ကြားကနေရေးထားတာဖြစ်တဲ့အတွက် အမှားတွေပါသွားရင် ပေါ့သွားရင်တောင်းပန်ပါတယ်Reader~sanတို့ရေ...နောက်တစ်ပိုင်းကတော့ ကျေနပ်စရာဖြစ်မှာပါ။
ဇာတ်သိမ်းခါနီးနေပါပြီနော်..🧡]
Zawgyi💜
ေကာင္းကင္ဘုံတစ္ခုလုံးက အေဆာက္အဦ ေတြရစရာမရွိေအာင္ပ်က္စီးေနေခ်ၿပီ။
တိုက္ကိုကသူကိုယ္တိုင္ေဆာက္ခဲ့တဲ့ ပင္မနန္းေဆာင္ႀကီးကိုပါ သံေယာဇဥ္မဲ့စြာဖ်က္ဆီးလိုက္သည္။
ေကာင္းကင္ၾကမ္းျပင္တြင္ ယခင္လိုတိမ္အခိုးအေငြ႕မ်ားမေျပးေတာ့..။
မေကာင္းဆိုးဝါးမ်ား ဘဝလြန္၍ အနက္ေရာင္အခိုးအေငြ႕မ်ားသာပ်ံ့ႏွံ႕ေနသည္။
နတ္မ်ားကေတာ့ စိတ္ၿငိမ္ရာေတာင္တြင္တိမ္းေရွာင္ေနရသည္။
ဒီခ်ိန္ တိုက္ကို႔ ကိုတားလွ်င္ သူတို႔ပါနတ္သက္ေႂကြနိုင္ေသာေၾကာင့္ပင္။
ယခင္လိုအေျခအေနဆို နတ္ဘုရားမ်ားေပါင္းကာတားစည္းနိုင္ေပမဲ့ ယခုမွာေတာ့ကိုယ္စီဒဏ္ရာမ်ားရလာၾကသည္။သန့္စင္ျခင္းေတာင္ အားခဲလုပ္ေဆာင္ထားရသည္မလား။
ခ်ိတ္ပိတ္ထားေသာဓားႀကီးကိုကိုင္ကာ အပ်က္အစီးေတြထဲ ေလွ်ာက္လွမ္းေနတဲ့ အႏွီနတ္ဘုရား ျမင္ျမင္သမွ် ဖ်က္ဆီးေခ်မည္။
ေလွ်ာက္ရင္းေလွ်ာက္ရင္းနဲ႕ ၿပိဳက်ပ်က္စီးထားတဲ့ခန္းမႀကီးအလယ္တြင္ ထီးထီးႀကီးရွိေနေသာ သူ၏႐ုပ္ထု။
သူ႕လမ္းတြင္ ခံေန၍ထို႐ုပ္ထုကိုပါ ဖ်က္ဆီးပစ္မည္ေလာ။ဓားကိုကိုင္ဆုပ္ကာ လက္တစ္ဆုံးလႊဲလိုက္ၿပီး..ပိုင္းရန္ျပင္လိုက္ေလသည္။ထိုဓားက ၄င္း႐ုပ္ထု၏ အနားေရာက္ခါနီးတြင္...
"ရပ္ေတာ္မူပါေတာ့..အရွင္ျမတ္!!!"
ၾကည္လင္ျပတ္သားတဲ့ ထိုအသံ
တိုက္ကိုလည္း တုန့္ကနဲရပ္သြားေခ်သည္။
အေနာက္ကိုလွည့္ၾကည့္ေတာ့ သူနဲ႕ခပ္လွမ္းလွမ္းမွာ ၿပဳံးၿပီးရပ္ေနတဲ့အမ်ိဳးသမီးကား...
ရာမီ(Rami)
"ရာ..မီ??.."
သူမကိုျမင္လိုက္တာနဲ႕အသိစိတ္ျပန္ကပ္လာတဲ့ အႏွီနတ္ဘုရား..
"ေကာင္းကင္ဘုံေရာ လူ႕ျပည္ပါဖ်က္ဆီးေတာ့မလို႔လား အရွင္ျမတ္.."
"မင္း..ေသသြားၿပီေလ.."
ထိုအမ်ိဳးသမီးအားၾကည့္ကာ ရင္ထဲစို႔လာေလသည္။
"ကြၽန္ေတာ္မ်ိဳးမက ေသသြားတာဟုတ္ပါတယ္။ဒါေပမဲ့ အရွင့္ရဲ႕ႏွလုံးသားထဲမွာ ဆက္ရွင္သန္ေနတယ္ေလ..အရွင္ကကြၽန္ေတာ္မ်ိဳးမကို မေမ့သေ႐ြ႕ ကြၽန္ေတာ္မ်ိဳးမမေသပါဘူး..ဟီးဟီး.."
ရီေနတဲ့ ထိုကေလးမ..တကယ့္ကိုေအးခ်မ္းေနသလို...ဝိညာဥ္အဆင့္ေတာင္မဟုတ္ေတာ့ဘဲ ပုံရိပ္သက္သက္သာျဖစ္ေနတဲ့သူမ။
"ရာမီ...မင္းဘာလုပ္မွာလဲ?"
"ရွင္...ကြၽန္ေတာ္မ်ိဳးမ အရွင့္ကိုလာႏႈတ္ဆက္တာပါ။အရွင့္ျမတ္ေျပာသလို..ႏွလုံးသားကအေရးႀကီးဆုံးပဲေလ.."
"ေပ်ာ္လား??"
ထိုကေလးမကို ျမင္ေတာ့ သူ႕ရင္ထဲကအလုံးႀကီးက်သြားသလို..,။
"ေပ်ာ္တယ္..ကြၽန္ေတာ္မ်ိဳးမအရွင္ျမတ္နဲ႕ ဟယ္ရီတို႔ကိုပံ့ပိုးေပးလိုက္ရတဲ့အတြက္ ရင္ထဲကေနဝမ္းသာမိတယ္"
"မင္းရဲ႕အသက္နဲ႕ပံ့ပိုးလိုက္တာေလ..!!!"
ဘယ္ေလာက္ပဲ စိတ္ခိုင္ပါတယ္ဆိုပါေစ။ဘယ္ေလာက္ပဲအင္အားႀကီးတဲ့ နတ္ဘုရားျဖစ္ေနပါေစ..ႏွစ္ေသာင္းနဲ႕ခ်ီေအာင္အတူရွိလာတဲ့ ထိုကေလးမအားလက္မလႊတ္ခ်င္..။
အႏွီနတ္ဘုရားမ်က္ရည္က်မိေလသည္။
"မင္းရဲ႕အသက္နဲ႕ရင္းလိုက္ရတာေလ..!"
"ဟုတ္တယ္ေလ..အရွင္ျမတ္ရဲ႕ ကိုယ့္သခင္ကိုအသက္ေပးၿပီးကာကြယ္တဲ့သူေလ အဲ့တာဂုဏ္ေတာင္ရွိေသးတယ္.."
"ေတာ္ေတာ့ ရာမီ!!!"
"မ..မေအာ္ပါနဲ႕ အရွင္ျမတ္ရဲ႕..ကြၽန္ေတာ္မ်ိဳးမကို ေနာက္ဆုံးအေနနဲ႕ၿပဳံးၿပဳံးေလးပဲစကားေျပာပါ..အရွင္သာမသိတာ အရွင္ကဒီေကာင္းကင္ဘုံမွာၿပဳံးရင္အေခ်ာဆုံးပဲ.."
"ရာမီ.."
"အရွင္ျမတ္ရယ္..မ်က္ရည္မက်ပါနဲ႕..အရွင္ျမတ္ မေကာင္းဆိုးဝါးေတြကို သုတ္သင္ခဲ့ၿပီးၿပီ..အရွင္ေဆာက္ထားတဲ့နန္္းေဆာင္ႀကီးကိုလဲဖ်က္လိုက္ၿပီ..ရပါတယ္..ဒါေပမဲ့..အဲ့႐ုပ္ထုကကြၽန္ေတာ္မ်ိဳးမကိုယ္တိုင္ထုထားတာေနာ္..လုံးဝအရွင့္သေဘာနဲ႕ဖ်က္လို႔မရပါဘူး.."
ဤသည္မွာအမွန္ ဒီနန္းေဆာင္ႀကီးကိုတိုက္ကိုေဆာက္လုပ္ၿပီးသည္ႏွင့္ အမွတ္တရျဖစ္ေအာင္ ထုေပးခဲ့ျခင္းျဖစ္သည္။
"ၿပီးေတာ့...အဲ့ဓားကို ထပ္သုံးမပါနဲ႕ေတာ့အရွင္..ကြၽန္ေတာ္မ်ိဳးမကိုလက္ေဆာင္ေပးပါ..။"
"ဟမ္"
တိုက္ကို႔အံ့အားသင့္သြားသည္။
ေသလြန္ၿပီးသည့္ထိုကေလးမ ဘာလို႔ေတာင္းသည္လဲ??
"မင္းမွကိုင္လို႔မရေတာ့တာ.."
"အဲ့႐ုပ္ထုေရွ႕မွာ စိုက္ထားေပးေလ တ.သက္.လုံး.."
ခပ္သဲ့သဲ့ရီလိုက္ကာ ေနာက္ဆုံးအေနနဲ႕ သူမေတာင္းဆိုတာကိုျဖည့္ဆည္းေပးေခ်မည္။
"အင္း..ေပးမယ္.."
"တသက္လုံးေနာ္အရွင္ျမတ္.."
"အင္း..ေပးမယ္."
ရာမီ့ရဲ႕ ေတာင္းဆိုခ်က္ကို လိုက္ေလ်ာလိုက္သည္။သူ၏႐ုပ္ထုေရွ႕တြင္ ထိုထားအားႏွစ္ဝင္ေအာင္အားကုန္စိုက္လိုက္ေလသည္။
"ၿပီးၿပီ..မင္း.."
"ကြၽန္ေတာ္မ်ိဳးမကို ဖက္ခြင့္ေပးပါလား?"
"ဟမ္"
"အရွင္ျမတ္ ကို တစ္ခါေလာက္ထိဖူးခ်င္လို႔.."
တိုက္ကိုမ်က္စိေရွ႕တြက္ အ႐ြယ္ေရာက္လာသည့္ထိုကေလးမကို တိုက္ကိုတခါမွမထိဖူးမကိုင္ဖူး။သူမေျပာသလို ၿပဳံးၿပဳံးေလးဆိုတာကိုသတိရကာ..
"လာ..ဖက္ေပးမယ္.."
လက္ႏွစ္ဖက္ကိုဆန့္ထုတ္ကာ သူမအားႀကိဳဆိုေလေတာ့..(၃)ႏွစ္သမီးကအေဖကိုဖက္သလိုေျပးဝင္လာတဲ့ သူမ။
"ေႏြးေနတာပဲ..အရွင္ျမတ္.."
"ကိုယ္ေတာ့္ရဲ႕ ရင္ခြင္ကအလကားမရဘူး လူတိုင္းလဲမရဘူး..သိရဲ႕လား"
"သိတာေပါ့အရွင္ျမတ္ရဲ႕..ၿပီးေတာ့အရွင္ျမတ္..အကိုေလးဟယ္ရီနဲ႕ေသခ်ာေပါက္ေပါင္းမွရမွာေနာ္..လုံးဝလက္မလႊတ္ရဘူး..
အရွင္ျမတ္ကို ကြၽန္ေတာ္မ်ိဳးမေျပာထားပါတယ္ ခ်စ္ရင္ပိုင္ေအာင္လုပ္ပါ ဒီတိုင္းျပန္မလာပါနဲ႕လို႔.."
"ကိုယ္ေတာ္သိပါတယ္.."
သူမအားဖက္ကာ သက္ျပင္းရွည္ႀကီးခ်မိသည္။
"အရွင္ျမတ္..."
"ေျပာ..ရာမီ"
"ဒီအၿပဳံးကိုတစ္သက္လုံးထိန္းထားေပးပါ
ေပ်ာ္ေပ်ာ္ေနပါ...ဟယ္ရီနဲ႕ရေအာင္ေပါင္းပါ..ဒီ႐ုပ္ထုကိုလည္းဘယ္ေတာ့မွ ဖ်က္ဖို႔စိတ္မကူးပါနဲ႕.."
"အဲ့ေလာက္မွာေနတာ..မင္းကကိုယ္ေတာ့္အေမလား?"
"စိုး႐ြံ႕မိပါတယ္..အကိုေလး ဟယ္ရီ႕ကိုဒီတစ္ခုမွာေပးပါ.."
"ေျပာ..ရာမီ"
"ကြၽန္ေတာ္မ်ိဳးမရဲ႕ အရွင္ျမတ္က အကိုေလး ဟယ္ရီကိုတစ္ကယ္ခ်စ္တာပါလို႔.."
"အင္းေျပာေပးမယ္.."
"အရွင္ျမတ္.."
"ေျပာ..ရာမီ.."
"ကြၽန္ေတာ္မ်ိဳးမကို ေစာင့္ေရွာက္ေပးခဲ့တဲ့အတြက္ေက်းဇူးတင္ပါတယ္"
"မလို--"
သူဖက္ထားတဲ့ ပုံရိပ္ေယာင္ေလးလဲေပ်ာက္သြားေလၿပီ။အဆုံးထိထိုကေလးမက သူ႕ကိုတစ္ကမာၻထင္ဆဲ..
"ရာမီ..မင္းကအေတာ္ဆုံးလူယုံေတာ္ပဲ.."
ဒီကေလးမလဲ လူ႕ေလာကထဲကလြတ္ေျမာက္သြားေခ်ၿပီ။
ေဘးဘီကိုစိတ္ေအးမွၾကည့္မိေတာ့..သူ႕ရဲ႕ခန္းမွကပ်က္စီးေခ်ၿပီ။
"တစ္ကတည္းမွ..ေတာ္ေတာ္ပ်က္စီးကုန္ၿပီးပဲ"
စိတ္ၿငိမ္ရာေတာင္တြင္...
"အရွင္တို႔အရွင္မတို႔..အရွင္ျမတ္က ဓားေတာ္ကို ႐ုပ္ထုေရွ႕မွစိုက္ခ်လိဳက္ၿပီး ထိုင္ေနပါတယ္။ပုံမွန္ျဖစ္သြားပုံေပၚေနပါၿပီ။"
နတ္မ်ားအားလုံး ဝမ္းပန္းတသာ ေကာင္းကင္ဘုံနန္းကို ခ်က္ခ်င္းသြားၾကေလသည္။
တိုက္ကိုက ၾကမ္းျပင္ေပၚတြင္ထိုင္ေနေလရာ...သူတို႔အားလုံးကိုျမင္သည္ႏွင့္ အျပစ္လုပ္ထားတဲ့ကေလးသဖြယ္ မခ်ဥ္ၿပဳံးၿပဳံးျပေနသည္။
ဒဏ္ရာရထားတဲ့ နတ္ေတြနဲ႕ ဖက္လွဲတကင္းစကားေျပာၿပီးေနာက္..
"အရွင္တိုက္ကို..ကိုယ္ေတာ္တို႔ျဖစ္ၿပီးတဲ့အေျခအေနေတြမြမ္းမံဖို႔ အစည္းအေဝးလုပ္ရမယ္ထင္တယ္.."
ထိုစကားဆိုသူမွာ ေနနတ္ဘုရားအားေဘးယပ္စ္ပင္။
"ဟုတ္တယ္
အရွင္အားေဘး..ေလာေလာဆယ္..ဒီကိစၥကိုျမင္ထားတဲ့ လူသားေတြရဲ႕မွတ္ညဏ္ေတြဖ်က္ဖို႔ နတ္ေတြေစလႊတ္လိုက္ပါဦး.."
အားေဘးယပ္စ္က သူ႕လူယုံ ဟြာ အား လူသားတို႔မွတ္ညဏ္အား ေဖ်ာက္ပစ္ရန္ေစလႊတ္လိုက္သည္။
အားေဘးယပ္စ္နဲ႕ ဗီးနပ္စ္ ကလည္းျဖစ္ခဲ့သမွ်ကိုရွင္းျပေလသည္။
"ဒါဆို အရွင္မဗီးနပ္စ္.. ကိုယ္ေတာ္အကူညီေတာင္းပါရေစ.. ဟယ္ရီ႕ရဲ႕ဝိညာဥ္ကို လူ႕ျပည္ျပန္ပို႔လိုက္ပါဦး.."
"ဟုတ္ကဲ့ အရွင္ျမတ္.."
"ေနပါဦး..အဲ့လူသားရဲ႕ဝိညာဥ္က အရွင္မာ့စ္ကို ျပန္အသက္ဆက္ခိုင္းထားတာမလား.."
"ဟုတ္ပါတယ္အရွင္အားေဘး"
ဗီးနပ္စ္လိမ္ခ်င္ေပမဲ့ ေနနတ္ဘုရားကိုေတာ့မျဖစ္။
"ဒါဆို အစည္းအေဝးမွာ သူ႕ကိုပါထည့္ရေတာ့မွာေပါ့.."
"ကဲ..ကဲ..အပ်က္အစီးေတြကိုျပန္ေနရာခ်ၾကမယ္..မိုးေသာက္(၈)နာရီက်ရင္..အစည္းအေဝးစမယ္ နတ္ေတြအကုန္လူံးရဲ႕အစည္းအေဝး"
"အမိန့္အတိုင္းပါအရွင္ျမတ္.."
ေဝလီေဝလင္းအခ်ိန္တြင္ျဖစ္သည္။
အမ်ားအျပားဆုံးရႈံးခဲ့သည့္ဒီတိုက္ပြဲ ည(၇)နာရီကေန မနက္(၄)နာရီေက်ာ္ထိ ၾကာျမင့္ခဲ့သည္။
လူ႕ျပည္တြင္လည္း ဟယ္ရီ႕ခႏၲာကိုယ္က အသက္ျပန္ဝင္လာေခ်ၿပီ။ေအာက္ဆီဂ်င္ပိုက္အလ်င္အျမန္တပ္ေပးၾကရာ..ထိုလူသားအသက္ရွင္ မရွင္က လာမည့္အစည္းအေဝးတြင္မူတည္ေနသည္။
"ေမေမ...ဟယ္ရီ..ဟယ္ရီမေသဘူးတဲ့..လာပါဦး.."
ေဆး႐ုံေစာင့္ေနတဲ့ အန္နီဆူးက အေမျဖစ္သူအားဝမ္းပန္းတသာ ေခၚေလသည္။
ေဒၚမာရီဆူးလည္း ထိုသတင္းၾကားၿပီးသည္ႏွင့္ ခ်က္ခ်င္း ေဆး႐ုံသို႔အေျပးလာခဲ့ေခ်ရာ။ဟယ္ရီကေတာ့ ေအာက္ဆီဂ်င္ပိုက္တန္းလန္းျဖင့္ သတိေတာ့မရေသးပါ။
"ဟယ္ရီ..ခဏေလးေစာင့္ေန..ကိုယ္မင္းဆီအေရာက္လာခဲ့မယ္.."
ထိုလူသားအားလက္လႊတ္ဖို႔ အစီအစဥ္မရွိ။
ရာမီ ေျပာသလို အပိုင္ယူရမည္မလား။
ဆုံးရႈံးမႈေတြအမ်ားႀကီးျဖစ္သြားလို႔ ဝမ္းနည္းရပါေသာ္လည္း ထြက္သြားတဲ့ သူေတြက အတန္တန္မွာသြားၾကေလသည္။
ေပ်ာ္ေပ်ာ္ေနပါတဲ့..။
[အလုပ္မအားတဲ့ၾကားကေနေရးထားတာျဖစ္တဲ့အတြက္ အမွားေတြပါသြားရင္ ေပါ့သြားရင္ေတာင္းပန္ပါတယ္Reader~sanတို႔ေရ...ေနာက္တစ္ပိုင္းကေတာ့ ေက်နပ္စရာျဖစ္မွာပါ။
ဇာတ္သိမ္းခါနီးေနပါၿပီေနာ္..🧡]