Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်...

By Xiaosuwang

69.7K 6K 21

ကိုယ်တိုင်ရေးမဟုတ်ပါ။ ဖတ်ချင်လို့saveထားတာပါ။ မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင် ချင်းမင်သည် ဆေးနတ်ဘုရာ... More

စာစဥ် ၁၊အပိုင်း၁
စာစဥ် ၁၊အပိုင်း၂
စာစဥ် ၁၊အပိုင်း၃
စာစဥ် ၁၊အပိုင်း၄
စာစဥ် ၁၊အပိုင်း၅
စာစဥ် ၁၊အပိုင်း၆
စာစဥ် ၁၊အပိုင်း၇
စာစဥ် ၁၊အပိုင်း၈
အပိုင်း-9
အပိုင်း-10
အပိုင်း-11
အပိုင်း-12
အပိုင်း-13
အပိုင်း-14
အပိုင်း-15
အပိုင်း-16
အပိုင်း-17
အပိုင်း-18
အပိုင်း-19
အပိုင်း-20
စာစဥ်-2၊ အပိုင်း-21
အပိုင်း-22
အပိုင်း-23
အပိုင်း-24
အပိုင်း-25
အပိုင်း-26
အပိုင်း-27
အပိုင်း- 28
အပိုင်း-29
အပိုင်း-30
အပိုင်း-31
အပိုင်း-32
အပိုင်း-33
အပိုင်း-34
အပိုင်း-35
အပိုင်း-36
အပိုင်း-37
အပိုင်း-38
အပိုင်း-39
အပိုင်း-40
စာစဥ်-3၊ အပိုင်း-41
အပိုင်း-42
အပိုင်း-43
အပိုင်း-44
အပိုင်း-45
အပိုင်း-46
အပိုင်း-47
အပိုင်း-48
အပိုင်း-49
အပိုင်း-50
အပိုင်း-51
အပိုင်း-52
အပိုင်း-53
အပိုင်း-54
အပိုင်း-55
အပိုင်း-56
အပိုင်း-57
အပိုင်း-58
အပိုင်း-59
အပိုင်း-60
စာစဥ်-4 ၊ အပိုင်း-61
အပိုင်း-62
အပိုင်း-63
အပိုင်း-64
အပိုင်း-65
အပိုင်း-66
အပိုင်း-67
အပိုင်း-68
အပိုင်း-69
အပိုင်း-70
အပိုင်း-71
အပိုင်း-72
အပိုင်း-73
အပိုင်း-74
အပိုင်း-75
အပိုင်း-76
အပိုင်း-77
အပိုင်း-78
အပိုင်း-79
အပိုင်း-80
အပိုင်း-81
အပိုင်း-82
အပိုင်း-83
အပိုင်း-84
အပိုင်း-85
အပိုင်း-86
အပိုင်း-87
အပိုင်း-88
အပိုင်း-89
အပိုင်း-90
စာစဥ်-5၊ အပိုင်း-91
အပိုင်း-92
အပိုင်း-93
အပိုင်း-94
အပိုင်း-95
အပိုင်း-96
အပိုင်း-97
အပိုင်း-98
အပိုင်း-99
အပိုင်း-100
စာစဥ်-6၊အပိုင်း-101
အပိုင်း-102
အပိုင်း-103
အပိုင်း-104
အပိုင်း-105
အပိုင်း-106
အပိုင်း-107
အပိုင်း-108
အပိုင်း-109
အပိုင်း-110
အပိုင်း-111
အပိုင်း-112
အပိုင်း-113
အပိုင်း-114
အပိုင်း-115
အပိုင်း-116
အပိုင်း-117
အပိုင်း-118
အပိုင်း-119
အပိုင်း-120
စာစဥ်-7၊ အပိုင်း-121
အပိုင်း-122
အပိုင်း-123
အပိုင်း-124
အပိုင်း-125
အပိုင်း-126
အပိုင်း-127
အပိုင်း-128
အပိုင်း-129
အပိုင်း-130
အပိုင်း-131
အပိုင်း-132
အပိုင်း-133
အပိုင်း-134
အပိုင်း-135
အပိုင်း-136
အပိုင်း-137
အပိုင်း-138
အပိုင်း-139
အပိုင်း-140
စာစဥ်-8၊ အပိုင်း-141
အပိုင်း-142
အပိုင်း-143
အပိုင်း-144
အပိုင်း-145
အပိုင်း-146
အပိုင်း-147
အပိုင်း-148
အပိုင်း-149
အပိုင်း-151
အပိုင်း-152
အပိုင်း-153
အပိုင်း-154
အပိုင်း-155
အပိုင်း-156
အပိုင်း-157
အပိုင်း-158
အပိုင်း-159
အပိုင်း-160
စာစဥ်-9၊ အပိုင်း-161
အပိုင်း-162
အပိုင်း-163
အပိုင်း-164
အပိုင်း-165
အပိုင်း-166
အပိုင်း-167
အပိုင်း-168
အပိုင်း-169
အပိုင်း-170
အပိုင်း-171
အပိုင်း-172
အပိုင်း-173
အပ်ုင်း-174
အပိုင်း-175
အပိုင်း-176
အပိုင်း-177
အပိုင်း-178
အပိုင်း-179
အပိုင်း-180
စာစဥ်-10၊ အပိုင်း-181
အပိုင်း-182
အပိုင်း-183
အပိုင်း-184
အပိုင်း-185
အပိုင်း-186
အပိုင်း-187
အပိုင်း-188
အပိုင်း-189
အပိုင်း-190
အပိုင်း-191
အပိုင်း-192
အပိုင်း-193
အပိုင်း-194
အပိုင်း-195
အပိုင်း-196
အပိုင်း-197
အပိုင်း-198
အပိုင်း-199
အပိုင်း-200

အပိုင်း-150

233 21 1
By Xiaosuwang

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 8

အပိုင်း - 150

ချင်းမင်၏ အခန်းထဲတွင်....။

အခန်းတစ်ခန်းလုံး ဝိညာဉ်ချီစွမ်းအင်များနှင့် ပြည့်နှက်နေလေသည်။ ချင်းမင်၏ မျက်နှာအမူအရာတို့မှာလည်း နာကျင်မှုကြောင့်ထင့်...။ ရှုံ့မဲ့နေ၏။

ခန္ဓာကိုယ်တစ်ခုလုံး ချွေးသီးချွေးပေါက်များ တတောက်တောက်ကျလောက်အောင် စိုရွှဲနေပြီး သူ့အောက်ရှိ ကြမ်းပြင်မှာလည်း ချွေးရည်စက်များနှင့် အိုင်ပင်ထွန်းနေချေပြီ။

ထိုအခိုက်တွင် ရုတ်တရက် ဝိညာဉ်ချီလှိုင်းတစ်ခုက တုန်ခါသွား၏။ အခန်းထဲရှိ ဝိညာဉ်ချီစွမ်းအင်များအားလုံးမှာလည်း ထိုတုန်ခါသွားသည့် လှိုင်းနှင့်အတူ ချင်းမင်၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ပြေးဝင်လာကြသည်။ တစ်ခဏမျှကြာလျှင် အခန်းထဲ၌ မည်သည့် ဝိညာဉ်ချီစွမ်းအင်တို့ တစ်စက်တစ်လေမှ ကျန်ရှိမနေတော့။

ချင်းမင်၏ ပုံစံကလည်း သက်တောင့်သက်သာဖြစ်သွားဟန်နှင့် တည်ငြိမ်သွားပြီ ဖြစ်လေသည်။ သူ့ကိုယ်ပေါ်မှ အဝတ်အစားများမှာလည်း လေမတိုက်ပါဘဲနှင့် တဖျပ်ဖျပ် လူးလွန့်နေလေသည်။ ထို့ပြင် ချင်မင်၏ ဆံပင်များမှာလည်း လေထဲတွင် မျောလွင့်လျက် ရှိ၏။

" သိုင်းသခင်အဆင့်.....၊ ဟူး..၊ နောက်ဆုံးတော့ ငါ သိုင်းသခင်အဆင့်ကို ရောက်သွားပြီပဲ..."

ချင်းမင်က မှိတ်ထားသော မျက်လုံးအစုံအား ဖွင့်ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းဆီမှ အလင်းရောင်တို့က တဖျပ်ဖျပ် တောက်ပလျက်...။

သိုင်းစစ်သည်အဆင့်မှ သိုင်းသခင်အဆင့်သို့ ရောက်ရှိရန် ၁၀ ကြိမ်တိုင်တိုင် အစအဆုံး ပြန်လည်လေ့ကျင့်ခဲ့ရ၏။ မည်မျှ နာကျင်ခဲ့ရသည်၊ မည်မျှ ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ရသည်ကို ချင်းမင်မှလွဲလျှင် မည်သူ သိနိုင်ပါအံ့နည်း။

" အင်း..၊ ငါ့အဖေဆီကို ဒီသတင်းကောင်း သွားပြောဦးမှပဲ.."

ချင်းမင်တစ်ယောက် ထိုသို့ တွေးလိုက်ပြီး အခန်းတံခါးအား တွန်းဖွင့်ကာ သူ့အဖေ၏ စာကြည့်ခန်းဆီသို့ သွားလိုက်သည်။ လတ်တလောအတွင်း သူက အခန်းပိတ်ကျင့်ကြံနေခဲ့သည်ဖြစ်ရာ အစားအသောက်ကိုပင် အပြင်မှ ပို့ပေးခဲ့ရ၏။

ထိုသို့ အချိန်အတန်ကြာ အပြင်မထွက်ပဲ အခန်းအောင်းလေ့ကျင့်ခဲ့သဖြင့် ယခုအပြင်ထွက်တော့ သူ့မျက်စိများပင် အနည်းငယ် ကျိန်းစပ်သွားသလို ခံစားလိုက်ရသည်။

" ငါ့အဖေ ဘယ်သွားနေတာလဲ.."

ချင်းမင်က သူ့အဖေအား မြို့တော်ဝန်အိမ်တော် စာကြည့်ခန်း၌ သွားရှာရာ သူ့အဖေအား မတွေ့သဖြင့် အနီးရှိ အစေခံတစ်ဦးအား လှမ်းခေါ်ကာ မေးလိုက်ရသည်။

" သခင်လေးကို တင်ပြပါတယ်..၊ သခင်ကြီးက အခု မိသားစုအကြီးအကဲတွေနဲ့ အစည်းအဝေးခန်းမထဲမှာ အစည်းအဝေးလုပ်နေပါတယ်ခင်ဗျာ....."

အစေခံက တလေးတစား ပြန်ဖြေသည်။

ချင်းမင်က နားလည်ပြီဖြစ်ကြောင်း ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သူ၏ ခြေလှမ်းများကို အစည်းအဝေးခန်းမဆီသို့ ဦးတည်လိုက်သည်။

ယခုလတ်တလောအတွင်း သူက မိသားစုအရေးကိစ္စများကို လျစ်လျူရှုထားခဲ့သည်ဖြစ်ရာ လျူမြို့၏ အခြေအနေများကို သိရှိထားခြင်း မရှိပေ။ ယခု သူ့အဖေက အစည်းအဝေးခန်းမထဲတွင် အကြီးအကဲများနှင့် ဆွေးနွေးနေကြပြီဖြစ်လေရာ သူလည်း တစ်ခါတည်း ဝင်ရောက်နားထောင်ရပေမည်။

များစွာမကြာလိုက်ချေ။ ချင်းမင်က မြို့တော်ဝန်အိမ်တော်၏ အစည်းအဝေးခန်းမရှေ့သို့ ရောက်ရှိလာခဲ့သည်။ အစည်းအဝေးခန်းမ အပြင်ဖက်မှ အစောင့်များမှာလည်း ချင်းမင်အား မြင်လျှင် ချင်းမင် အထဲသို့ ဝင်ရောက်ရန်အတွက် ကပျာကယာ တံခါးဖွင့်ပေးလိုက်ကြသည်။

" အိုး..၊ ချင်းမင်..သားလည်း ရောက်လာတာလား..."

ချင်းယွမ်တစ်ယောက် အစည်းအဝေးခန်းမထဲ ဝင်လာသည့် သားတော်မောင်အား မြင်လျှင် ဝမ်းသာအားရ လှမ်းမေးလိုက်သည်။

ချင်းမင်က လက်သီး ၂ ဖက်အား ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

" အဖေ.နဲ့ အကြီးအကဲတို့.ကို နှုတ်ဆက်ပါတယ်.."

" ချင်းမင်..လာ..လာ..၊ ဒီမှာ မြန်မြန်လာထိုင်..၊ ငါတို့လည်း အခုလက်ရှိ လျူမြို့ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြတာ..၊ မင်းရောက်လာတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့..."

အကြီးအကဲတစ်ဦးက ထရပ်ကာ ချင်းမင်အား နေရာချပေးလိုက်သည်။

ချင်းမင် ထိုင်ခုံ၌ ထိုင်လိုက်လျှင် ချင်းယွမ်က ဆွေးနွေးလက်စ စကားဝိုင်းကို ပြန်စလိုက်သည်။

" အခု ဝမ်မိသားစုက လျူမြို့ထဲက မိသားစုတော်တော်များများနဲ့ ဆက်သွယ်နေကြပြီ..၊ သူတို့ ဘာလုပ်ဖို့ ကြံနေကြတယ်တော့ မပြောတတ်ဘူး.."

ယခုရက်ပိုင်းများအတွင်း လျူမြို့မှ မိသားစုအားလုံးနီးပါးမှာ ချင်းမိသားစု၏ သခင်မလေး အဖမ်းခေါ်ခံရပြီးနောက် ထိုကိစဿစအား အသည်းအသန် လိုက်လံစုံစမ်းနေကြတော့သည်။ ကောလာဟာလများအရလည်း သခင်မလေးချင်းအား ဖမ်းခေါ်သွားသူမှာ စစ်မာကလန်မှ သခင်လေးဖြစ်ကြောင်း နာမည်ကြီးနေလေရာ အလွန်အမင်း စိတ်ဝင်စားနေကြတော့သည်။ ထို့ကြောင့် ချန်ယန်းမြို့သို့ သွားရောက်ကာ စစ်မာကလန်နှင့် ပတ်သက်သမျှ သတင်းများကို စုံစမ်းရန် လူများ စေလွှတ်လျက်ရှိနေကြ၏။

လျူမြို့ထဲရှိ မိသားစုလေးများအကြားတွင်လည်း ၎င်းဂယက်က အလွန်ပင် ရိုက်ခတ်လျက်ရှိပေသည်။ လက်ရှိအခြေအနေများအရ ဝမ်မိသားစုက ၎င်းတို့အား ဆက်သွယ်လာသည်တွင် မည်သို့ တုန့်ပြန်ရမည်ကို စဉ်းစားမရသဖြင့် အကျပ်ရိုက်နေကြရ၏။

" ကျုပ်တို့က ဘာများလုပ်နိုင်တာ ရှိလို့လဲ..၊ ဝမ်မိသားစုက အဲ့လို ကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်မျိုးတွေနဲ့ အသားကျနေပြီကို..၊ အခုချိန်လောက်ဆို ကျုပ်တို့ ချင်းမိသားစုကို ဘယ်လိုဖြုတ်ချကြမလဲဆိုတာ ဆွေးနွေးနေကြလောက်ပြီလို့တောင် ကျုပ် ရဲရဲကြီးပြောရဲတယ်....။

နောက်ပြီး ကျုပ်အမြင်အရဆိုရင် အဲ့ ဝမ်မိသားစုကို အရင်ဆုံး သုတ်သင်ပစ်ခဲ့သင့်တာ...."

အကြီးအကဲတစ်ဦးက ထ ပြောသည်။

" ဒါပေမယ့် ဝမ်မိသားစုထဲက အရေးပါတဲ့ လူတွေက ပုန်းနေကြပြီးလောက်ပြီ..၊ အခုချိန်မှာ လျူမြို့တစ်မြို့လုံးက ဖရိုဖရဲဖြစ်နေတာ..၊ နောက်ပြီး ကျုပ်တို့ ချင်းမိသားစုလည်း အဆုံးသတ်တော့မယ် ဆိုပြီး ကောလာဟာလတွေလည်း အများကြီး ထွက်နေတယ်လေ..။

ကျုပ်တို့က စစ်မာကလန်ကို ထိပါးမိခဲ့လို့ လျူမြို့က ကျုပ်တို့ကြောင့် ကပ်ဘေးထဲ ရောက်တော့မယ်တဲ့..၊ အဲ့တာကြောင့် ကျုပ်တို့က ကျုပ်တို့လုပ်ခဲ့တဲ့ အရာအတွက် တာဝန်ယူသင့်တယ်လို့လည်း ပြောနေကြတယ်..."

အကြီးအကဲတစ်ဦးကလည်း ဆိုသည်။

ဘန်း.....။

ချင်းယွမ်က သူ့ရှေ့မှ စားပွဲအား လက်ဝါးနှင့် ဒေါသတကြီး ရိုက်ချလိုက်ပြီး

" ဒီ ဝမ်မိသားစုက တကယ့်ကို အရှက်မရှိ မျက်နှာပြောင်တိုက်တာပဲ....၊ ငါတို့ ကောင်းစားနေတဲ့အချိန်တုန်းက သူတို့ကို မောင်းမထုတ်ခဲ့မိတာ မှားတာပဲ.၊ ကျန်တဲ့ မိသားစုလေးတွေလည်း ဘာထူးလဲ..၊ ငါတို့ အောင်မြင်နေချိန်တုန်းကကျတော့ ငါတို့ဆီလာပြီး မျက်နှာလိုမျက်နှာရနဲ့ ကပ်ဖားယပ်ဖား လုပ်နေကြပြီးတော့ အခု ငါတို့ ဒုက္ခရောက်တော့မယ့် အချိန်လည်းကျရော...၊ ငါတို့ကို ကန်ထုတ်ချင်နေကြပြီ...ခွေးကောင်တွေ..."

ချင်းမင်က သူ့အဖေ၏ ဒေါသစကားများကိုကြားလျှင် အေးအေးဆေးဆေး ပြုံးလိုက်ပြီး ပြောလာသည်။

" အဖေ..၊ အဲ့ မိသားစုငယ်လေးတွေရဲ့ နာမည်တွေကို မှတ်ထားဦးနော်...။

ကျနော်တို့ ဒီတစ်ခေါက် ကပ်ဘေးကြီးကို ထပ်ပြီးကျော်လွှားပြီးသွားရင် သူတို့ကို သေသေချာချာလေး ကိုင်တွယ်ပေးရမှာ...."

ဲချင်းမင်က မည်မျှကြာအောင် ခက်ခက်ခဲခဲ ဖြတ်ကျော်ရမည်မှန်း မသေချာသေးသည့် ကပ်ဘေးကြီးအကြောင်း ပြောလာသည်။

အမှန်တကယ်လည်း ဝမ်မိသားစုနှင့် ကျန်သည့် မိသားစုငယ်လေးများ၏ လုပ်ရပ်က ဒေါသထွက်စရာ ကောင်းလွန်းလှသည်။

သို့သော်လည်း သူတို့အား အမှန်တကယ် ဒေါသထွက်စေသည့် အဓိကတရားခံကား စစ်မာကလန်ကြောင့်ပင်။

စစ်မာကလန်က လွန်စွာမှပင် ဖိအားပေးလွန်းသည်။ စစ်မာကလန်ကြောင့် အကြီးအကဲများ အေးအေးချမ်းချမ်းနှင့် စားမဝင် အိပ်မပျော် ဖြစ်နေရသည်က အတော်လေး ကြာခဲ့ချေပြီ။

Translated by  E=mc²

Continue Reading

You'll Also Like

215K 22.4K 104
ဘာသာပြန်သူ - စွဲညို့အသင်း
161K 23.4K 106
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...
487K 49.6K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
1.8M 275K 82
Type - Web Novel (CN) Title - Tyrant Pampering Wife Diary (暴君宠婚日常) Author - To Know One Thousand In A Day /Yī rì zhī qiān/ (一日知千) Genre - Comedy, Rom...