Last Tear (Season 1)

By Myatminthant0

67K 5.8K 1K

အချစ်က အတ္တဆန်တဲ့အခါ..... နှလုံးသားက ရက်ရက်စက်စက် ဆုတောင်းပစ်ခဲ့တယ်..... Zawgyi # အခ်စ္က အတၱဆန္တဲ့အခါ..... ႏွ... More

Intro
Ep.1
Ep.2
Ep.3
Ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Ep.10
Ep.11
Ep.12
Ep.13
Ep.14
Ep.15
Ep.16
Ep.17
Ep.18
Ep.19
Ep.20
Ep.21
Ep.22
Ep.23
Ep.24
Ep.25
Ep.27
Ep.28
Ep.29
Ep.30
Ep.31
Ep.32
Ep.33 (final Ep)
Note ❤
Season 2 😉

Ep.26

1.2K 146 27
By Myatminthant0

မူးနောက်နေတဲ့ခေါင်းကအသိဟာ မျက်လုံးတွေမဖွင့်ချင်လောက်အောင်ပါဘဲ..မဖွင့်လို့ကလည်းမဖြစ်ပြန် ရှေ့ကနေမင်းက အတင်းကောအဓ္ဓမကို ထိုးနေတာကြောင့် ထလာရတယ်...

ဘေးပတ်ပတ်လည်ကိုကြည့်တော့ နန်းဆောင်တခုထဲရောက်နေတာကိုတော့ သခင်မလေးသိသည်....သလွန်အနေအထားအရဆိုရင်တော့ ဒါဟာ မင်းသမီးတယောက်ယောက်ရဲ့နန်းဆောင်ပါ...ရုတ်တရက် မိန်းမပျိုတဦး နန်းဆောင်တံခါးကိုဖွင့်ပြီးလာတယ် သခင်မလေးကိုလည်းမြင်တော့ အနားကိုအမြန်ရောက်လာတယ်....

"သတိရလာပြီလား သခင်မလေး ကျမမှာစိတ်ပူလိုက်ရတာ"

သခင်မလေးဟာ ထိုမင်းသမီးရဲ့နာမည်ကိုရေရွတ်လိုက်တယ်...

Li: ဟျွန်း...

"အင်း...ဟုတယ် ငါဘဲ ငါလာခေါ်ခဲ့တာ ခမည်းတော်တို့က စစ်တိုက်ဖို့ ဂျိုဆွန်းနယ်စပ်တောင်ရောက်နေပြီးမှ မင်အိမ်ရှေ့စံရဲ့စာချွန်ရောက်လာလို့ တပ်ခေါက်သိမ်းဖို့ ငါသွားပြောတာ ပျင်းရိနေခဲ့တာမလို့ ဆူးလ် နဲ့အတူ ဂျိုဆွန်းပွဲစျေးထဲလည်ပတ်နေရင်း သွေးရူးသွေးတန်းပြေးသွားတဲ့ နင့်ကိုတွေ့လို့ အခုလည်း မြေပြင်ကြီးထဲမေ့မျောနေလို့ ခေါ်လာခဲ့ရတာ"

ကြည့်ရတာ ဟျွန်းက အစအဆုံးကိုရှင်းပြနေသလိုဘဲ...ဖျော့တော့စွာပြုံးပြလိုက်တော့...သူသတင်းတွေအားလုံးကြားပြီးပြီဖြစ်ကြောင်းနဲ့ စိတ်ဖိအားမပေးဖို့အထပ်ထပ်မှာနေသည်.....

"ဒါတွေအားလုံးက မင်အိမ်ရှေ့စံ စီစဥ်ခဲ့တာတွေကြီးဘဲ စစ်မဖြစ်ချင်ရင် နင့်မိဘတွေကိုသတ်ပစ်ဖို့ မင်းသမီးဆီကိုကတိတောင်းခဲ့တာ..ဂျိုဆွန်းပြည်သူတွေနဲ့ နင့်မိဘကိုရွေးချယ်ရချိန် မင်းသမီးက အတော်ကိုခြောက်ခြားနေခဲ့တာ ပြီးတော့..ပြည်သူတွေကိုရွေးချယ်ပေးဖို့ ကိုယ်ရံတော်တွေကတောင်းဆိုခဲ့တာ "

လည်ချောင်းထဲပိုပြီးစို့နင့်လာတယ် လက်တွေကိုခပ်တင်းတင်းဆုပ်လိုက်ပြီး သခင်မလေးဟာ အသက်ကိုသတိထားရှူလိုက်တယ်...

"အဲ့နေ့က ငါရှိနေခဲ့တယ် lili ငါနဲ့မင်အိမ်ရှေ့စံ မောင်နှမတွေတော်စပ်တာသိတယ်မလား ငါငြင်းမယ်လို့ထင်ခဲ့တာ မင်းသမီးက နင့်မိဘတွေကိုမသတ်ဘဲ စစ်ဘဲတိုက်မယ်လို့ပြောခဲ့တုန်းက ကိုယ်ရံတော်တွေဒူးထောက်တောင်းပန်ခဲ့ကြတာ...သူပြောခဲ့တာကိုငါမှတ်မိတယ် နင်လောကကြီးထဲ တယောက်တည်း အထီးကျန်နေမှာထက်စာရင် သူဘဲစစ်ထွက်တိုက်လိုက်မယ်တဲ့.."

အသက်ရှူသံတွေကို သခင်မလေးဟာ ဖွင့်ဟချလိုက်တယ် မျက်ရည်တွေဟာ ကျိုးပေါက်သွားတဲ့ဆည်တခုလို စီးဆင်းလာခဲ့တယ်...ရင်ဘတ်ထဲ နာကျင်ရလွန်းသည်မှာ ရှူးတော့မည်ဟုထင်ရသည်...တသိမ့်သိမ့်နဲ့တုန်လာသော သူမရဲ့ခန္ဓာကိုယ်ဟာ အားအင်ချိနံနေပြီး မိမိရင်ဘတ်က ဝတ်ရုံစကို အကြမ်းပတမ်း ဆုတ်ချေလိုက်ကာ သခင်မလေးငိုချမိလိုက်တော့သည်...

လောကကြီးထဲတယောက်တည်း အထီးကျန်နေမှာထက်စာရင် စစ်တိုက်ထွက်လိုက်တာမှကောင်းဦးမယ်တဲ့လား...အဲ့လိုအသံကောင်းတွေဟစ်ပြခဲ့ပြီး ငါ့မိဘတွေကိုသတ်ပစ်ခဲ့တယ်တဲ့လား...ဟား..ဟား မင်းသမီးကလေ လုပ်ချင်ရာလုပ်ပြီး ပန်းနုသွေး ဇာတ်ခင်းတဲ့နေရာမှာအရမ်းတော်တာ.....

နခမ်းတွေကိုဖိကိုက်ထားရာမှ...သခင်အလေးဟာ စိတ်လွတ်လက်လွတ်ငိုချပစ်လိုက်တယ်...သိပ်ကိုပီးပြင်လွန်းတဲ့အနစ်နာခံမူကြီးကို အမတ်မင်းအိမ်က ပြုလုပ်ခဲ့တာပေါ့...ပြည်သူတွေရဲ့အသက်အတွက် ငါ့မေမေကသေပေးခဲ့ရတာပေါ့...အဖေဖြစ်သူကို မသတ်ပစ်လို့ဘဲ မင်းသမီးကို ထိုင်ကန်တော့ ကျေးဇူးတင်ရမှာလား..

ဘာဆက်လုပ်ရမှာလည်း...အခုဘယ်လိုလုပ်ရမှာလည်း မိခင်ဖြစ်သူကိုသတ်ပစ်တဲ့ မင်းသမီးကို ပြန်လိုက်ရှာပြီး ပြေးဖက်ကာငိုရမှာလား...ပြည်သူတွေကိုကယ်ပေးလို့ကျေးဇူးထိုင်တင်ပေးနေရမှာလား...ဒီလောက်ထိတော့ သူမလည်းလူသားတယောက်ပါ... နာကျဥ်းတတ်ပါတယ်...

"ရော့..မင်းအတွက်ယူလာပေးတာ သောက်လိုက်...သတိထားပြီးနေပါလား...မင်းကျန်းမာနေမှဖြစ်မှာပေါ့"

ဘယ်တုန်းကဝင်လာမှန်းမသိတဲ့ အနောက်နိုင်ငံ အိမ်ရှေ့စံမင်းသမီးဟာ သခင်မလေးရဲ့ကျောဘက်ကိုပွတ်ကာနှစ်သိမ့်ပေးရင်းဆိုတယ်...လက်ထဲကဆေးမှုန့်တွေကိုပါမြိုချပြီး ရေတွေကိုပါဖိတ်ကျအောင်သောက်တဲ့အထိ သခင်မလေးဟာပုံပျက်ပန်းပျက်ဖြစ်နေခဲ့သည်...

"ငါတို့ မင်းဘက်မှာရှိနေပေးမယ်...စိတ်ကိုအရမ်းကြီးဖိအားမပေးပါနဲ့.."

အခုဘယ်သူ့အတွက်ငိုပေးနေရတာလည်း...တဇွတ်ထိုးလူသတ်သမား မင်းသမီးအတွက်လား...ဂျိုဆွန်းမှာတယောက်တည်းကျန်ခဲ့တဲ့ ချစ်ရသူယောင်းအတွက်လား...သွားလေသူ မိခင်အတွက် သားသမီးတာဝန်မကျေပွန်ခဲ့တာမလို့ ငိုချရခြင်းလား....

"ဂျိုဆွန်းရဲ့ပြဿနာကငါတို့နဲ့မဆိုင်ပင်မယ့် နင်မင်းသမီးကိုငဲ့ညာသင့်တယ်....နင်သူမျက်လုံးတွေကိုအသေအချာကြည့်မိရဲ့လား နင့်အမေကိုမသတ်ခင် သူဘယ်လောက်ထိသွေးပျက်နေခဲ့လည်းဆိုတာ သူမျက်လုံးကသတ်သေဘဲ"

မင်းသမီးဟျွန်းကဆက်ရှင်းပြတယ်...ဟင့်အင်း..မကြားချင်တော့ဘူးသူ့အကြောင်း....

Li:တော်ပါတော့!!!!!..ငါကိုသနားရင် တော်လိုက်ပါတော့....ငါ..ငါ သတ်ပစ်ချင်လောက်အောင် သူ့ကိုမုန်းပြီး ရူးမတတ်အားနာနေခဲ့လို့ပါဟာ...

သလွန်ထိပ်ဖျားကနေ ဆံနွယ်တွေကိုဆွဲစုတ်ပစ်ရင်းသွေးရူးသွေးတန်းအော်ဟစ်နေတဲ့ သခင်မလေးကို
ကြည့်ရင်း မင်းသမီးဟျွန်းကိုယ်တိုင်လည်း မျက်ရည်ကျရပါတယ်....
.
.
.
.................."
သခင်မလေးဟာခြေကုန်လက်ပန်းကျပြီးအိပ်ပျော်သွားတဲ့ပုံဘဲ...ပြန်လည်နိုးထလာတော့ အနောက်တိုင်းအိမ်ရှေ့စံက စက္ကူတွေထိုင်ခေါက်နေတာကိုတွေ့လိုက်ရတယ်...

Li: ဂန်အိမ်ရှေ့စံ

"မင်းနိုးလာခဲ့ပြီလား...တော်သေးတာပေါ့ အားအင်တွေပြန်
ပြည့်လာလို့...မင်းအတွက် ဟျွန်းကဆေးရည်လာပေးသွားတယ်"

သူ့စကားကို နားထောင်လိုက်ပြီး သလွန်ပေါ်ကထထိုင်ကာ အရောင်စိမ်းစိမ်းဖြင့် ထိုဆေးရည်ကို ဇွန်း
ဖြင့်ခပ်သောက်လိုက်တော့ ဂန်အိမ်ရှေ့စံမင်းသမီးက ကြည့်ပြီးပြုံးတယ်

"Nini Ruby jane ကိုကြည့်ပြီး ဂျိုဆွန်းကလူတွေကပြောရခက်တယ်လို့ကောက်ချက်ချခဲ့ပင်မယ့်...မင်းကတော့လိမ္မာသားဘဲ.....သူလည်းစစ်ပွဲတွေနွဲပြီးဒဏ်ရာတွေရလာရင် ငါဘဲသူ့ကိုအဲ့ဆေးရည်တိုက်ခဲ့ရတာ......."

ဆေးရည်ကိုပါးစပ်ထဲထည့်ဖို့ရညရွယ်ထားတဲ့လက်တွေသည် ရပ်တန့်သွားခဲ့ပြီး ဂန်မင်းသမီးကိုကြည့်တော့ သူကလည်းပြုံးရင်းပြန်ကြည့်လာတယ်...

"မင်းနဲ့ပက်သပ်လာရင် ဘယ်တော့မှမတွန့်ဆုတ်တဲ့သူလေ စစ်မြေပြင်ကြီးမှာ ငါကမင်းသတင်းတွေကိုသွားစုံစမ်းပေးရသေးတယ် အနောက်တိုင်းအိမ်ရှေ့စံဖြစ်နေလျက်နဲ့ မကြားချင်မှန်းသိပင်မယ့်ပြောပြတာပါ"

Li: မိတ်ဆွေကောင်းတွေဖြစ်ခဲ့တာဘဲ အိမ်ရှေ့စံမင်းသမီး..

"ဒီတိုင်း ဆူးလ်လို့ဘဲခေါ်ပါ ငါ့ကိုအဲ့လို ဂုဏ်ပုဒ်တွေတပ်ခေါ်တာကြီးကိုမနေတတ်လို့"

Li: ဟုတ်ကဲ့...ဒါနဲ့ခဏကတည်းက စက္ကူတွေခေါက်နေတယ်နော် ဘာအတွက်လည်း....

"အာ...ထိမ်းမြားပွဲအတွက်"

Li:ဘယ်သူကထိမ်းမြားမှာလည်း

"ငါနဲ့ဟျွန်း"

Li: လိုက်ဖက်ကြပါတယ်...

သခင်မလေးဟာ သလွန်ပေါ်ကဖြေးဖြေးချင်းထပြီး ဂန်မင်းသမီးအား ကူညီဖို့လက်လှမ်းတယ်...

"မလုပ်နဲ့...မလုပ်နဲ့...ဒီစက္ကူတွေကို ငါတယောက်တည်းခေါက်ရမှာ မဟုတ်ရင် နတ်ဘုရားတွေက စိတ်ဆိုးသတဲ့..."

Li: ဘယ်သူပြောထားတာလည်း

"ဟျွန်းပြောတာဘဲ"

သခင်မလေးဟာ ခပ်ယေးယေးလေးပြုံးမိသွားတယ်..တကယ်လည်း အနောက်တိုင်းအိမ်ရှေ့မင်းသမီးဟာ မင်းသမီးဟျွန်းပြောစမျှယုံပြီး အမြဲအလျော့ပေးတတ်တာဘဲ....

ဒီလိုနဲ့ ဒီညနေလေးမှာသူတို့ရင်းနှီးမူရရှိခဲ့ကြပြီး..စကားတွေလည်းအတော်ပြောဖြစ်ခဲ့ကြတယ်....တစုံတယောက်ရဲ့အကြောင်းကိုဘေးဖယ်ထားရုံကလွဲပြီးပုံမှန်ပါဘဲ..
.
.
.
..........."
"တောင်းပန်ပါတယ်...မသတ်လိုက်ပါနဲ့...ငါဘာမဆိုလုပ်ပေးပါ့မယ်...မသတ်လိုက်ပါနဲ့..ကျွန်လုပ်ဆိုရင်လည်းလုပ်ပေးမှာမလို့ မသတ်လိုက်ပါနဲ့"

လည်ပင်းကိုဖြတ်သန်းသွားတဲ့ ထက်လှစွာသောဓါးသွား...မသေခင်တွင် မိမိအားအသေအချာကြည်ကာပြုံးပြသွားသော မိခင်ဖြစ်သူရဲ့အပြုံးတွေသည့ အတော်ကိုအေးချမ်းလွန်းလှသော်လည်း သခင်မလေးရင်တခုလုံးသည် မီးနဲ့ထိုးထားသလိုပူနေသည်...

အား!!!

နိုးထလာတိုင်း ကောင်းသောနိုးထခြင်းတွေမဟုတ်ခဲ့ဘူး ရက်ပေါင်များစွာဆက်တိုက်ဆိုသလိုထိုအိမ်မက်ဆိုးတွေကိုသာဆက်တိုက်မက်နေခဲ့တယ်...အိမ်မက်ဖန်တီးရှင်တွေသည် ယုတ်မာလွန်းသည် ဒီအကြောင်းတွေကိုသာအဖန်ဖန်တလည်လည် မက်နေစေတယ်...

သခင်မလေးဟာ စိတ်ကောကိုယ်ပါပြိုလဲနေခဲ့ပြီဖြစ်တယ်...သလွန်အဖျားကို ရုပ်ပျက်တင်းပျက်ထောက်ထားပြီး အသက်ကိုတောင်မှုရမိတော့တဲ့လောက်ထိ ရင်ဘတ်ထဲမှာပြည့်သိပ်နေလိုက်တာ...ရှိုက်သံလေးတခု မျက်ရည်လေးတစက်ကျဖို့တောင် နှလုံးသားထဲမှာနေရာမရှိတော့ဘူး....

"ငိုမနေနဲ့တော့...lili တော်တော့"

ဘယ်ကနေရောက်လာမှန်းမသိတဲ့ မင်းသမီးဟျွန်းနဲ့ ဂန်မင်းသမီး
ဟျွန်းဟာ သူ့အားရင်ခွင်ထဲထည့်နှစ်သိမ့်ပေးရင်း ဆူပူလာခဲ့တယ်....

Li:ငါ...ငါ သူ့ကို တကယ်မသတ်ချင်ခဲ့ဘူး...အဲ့လည်ပင်းတွေကိုညစ်ဖို့ ငါ့လက်တွေအားမရှိခဲ့ဘူး...သူ့မျက်မှာကိုကြည့်ပြီး ငါပါအားတွေလျော့လာတယ်...အဲ့လက်တွေမှာသာ သွေးတွေရွဲမနေခဲ့ရင် ငါသူ့လက်ကိုစုပ်ကိုင်ပေးထားမလို့ သူတခါကတောင်းခဲ့တဲ့ဆုကို ပြည့်သွားပြီဖြစ်ကြောင်း မီးပုံးတွေပြရင်းပြောပေးမလို့....ငါသူဘယ်လောက်ဘဲမှားနေပါစေဟာ...ငါ..ငါ

သခင်မလေးအသံတွေတဖြည်းဖြည်းငိုသံအောက်မှာပျောက်ကွယ်သွားတယ်...လည်ချောင်းတွေလည်းငိုရလွန်းလို့အက်ကွဲတော့မယ်ထင်ပါရဲ့.....

"အဲ့သလောက်လည်းဝမ်းမနည်းပါနဲ့ ဘယ်တတ်နိုင်ပါ့မလည်း ကံကြမ္မာကိုဘဲအပြစ်လွဲရမှာပေါ့"

ဂန်မင်းသမီးကထိုသို့​ပြောတော့..သခင်မလေးဟာ ရှုံးပွဲချထိုင်ငိုနေရမှာ အနည်းငယ်မော့လာတယ်..အတွေးတွေဟာခေါင်းထဲပြေးလွားလာကြတယ်..ကံကြမ္မာဘဲတဲ့..အဟင်း..ကောင်းပါတယ် အားလုံးကို ကံကြမ္မာနဲ့ရောချပစ်တော့ အရာရာဖြေသာတာပေါ့....

"ငါတို့ထိမ်းမြားပွဲပြီးရင် နင်လည်းပုံမှန်လိုအသက်ရှင်သင့်ပြီး "

ထပ်ပြီးပင်ပန်းကာ အိပ်ပျော်သွားတဲ့သခင်မလေးကိုကြည့်ရင်း ဟျွန်းခေါင်းသာခါမိတယ်...

"အိမ်ရှေ့စံမင်းသမီး သတင်းကြားသေးလား"

"ခက်ခက်ခဲခဲတော့ ကုသလိုက်ရတယ်တဲ့ "

"Lili ကိုဝရမ်းထုတ်ထားပြသေးလား"

" သူတို့မင်းသမီးရဲ့အမိန့်ကိုတော့နာခံကြတယ် အဲ့လိုမျိုးမလုပ်ထားကြဘူး အဲ့အစား နေရာအနှံသူ့ကိုလိုက်ရှာနေတာ"

"မင်းသမီးက သတိလည်လာပြီလား"

"အင်း..မကြာခင်နန်းတက်တော့မှာလေ "

သူတို့နှစ်ယောက်လည်း ထိုနန်းဆောင်ထဲကနေထွက်လာခဲ့ကြတယ်....
.
.
.
............."
သခင်မလေး မင်းသမီးကို သတ်ပစ်ခဲ့တဲ့ထိုညက....

"မင်းသမီး...မင်းသမီး"

နန်းတွင်းတခုလုံး ရှုပ်ရှက်ခတ်သွားစေတဲ့အကြောင်းအရာကတော့ အိမ်ရှေ့စံမင်းသမီး လုပ်ကြံခံခဲ့ရခြင်းပင်ဖြစ်သည်...

မင်းသားသည် သခင်မလေးအားမသတ်ရတာကြောင့် ဒေါသပုံထနေခဲ့သည်...

မင်းသမီးနန်းဆောင်အတွင်း သမားတော်တွေဝင်လိုက်ထွက်လိုက်ဖြင့်အတော်ကိုအလှုပ်ရှုပ်နေခဲ့သည်....

မင်းသမီးလည်ပင်းတွင်ထင်းနေသော လက်သည်းရာတွေနှင့် နီရဲနေသောလက်ရာကြီးတွေဟာ သမားတော်အပါအဝင် အစေခံတွေကိုပါထိပ်လန့်တကြားဖြစ်စေခဲ့တယ်...

လည်ပင်းကဒဏ်ရာတချို့ရယ် လက်ကဒဏ်ရာတချို့ရယ်ကို ဆေးထည့်ပြီး သမားတော်ပြန်ထွက်သွားတယ်...လန့်သွားတာကြောင့် မေ့လဲသွားတာဖြစ်နိုင်တယ်တဲ့....

ဒီနေ့နဲ့ဆို မင်းသမီးမေ့နေခဲ့တာ ၃ ရက်မြှောက် မင်းသားရဲ့နှုတ်လုံပေးမူကြောင့် သခင်မလေးဟာ ဝရမ်းပြေးတယောက်မဖြစ်ခဲ့ဘူး....သို့ပေမယ့်လည်း သခင်မလေးတယောက် ဘယ်တွေရောက်နေတယ်ဆိုတာကို နည်းနည်းလေးတောင်သတင်းအစအနမရခဲ့.....

Ni:အ...အင်း

မျက်လွှာလေးတွေတရစ်ရစ်ပွင့်လာခဲ့ပြီး မင်းသမီးဟာ အခန်းပတ်ပတ်လည်ကြည့်နေခဲ့တယ်...တစုံတယောက်ကိုလိုက်ရှာနေပုံဘဲ...

Ni: အထိန်းတော်ကြီး

"ဟုတ်ကဲ့ အိမ်ရှေ့စံမင်းသမီး"

Ni: Li...Li...Li ငယ်လေးကော

"စိုးရွံမိပါတယ် မင်းသမီး....ယနေ့ထိရှာမတွေ့သေးပါ"

စိတ်ပျက်အားလျော့စွာဖြင့် မင်းသမီးဟာတဖက်စောင်းလှည့်သွကာ သက်ပြင်းတွေချရင်း ငိုနေခဲ့တယ်...

Ni: ငါကိုဘာလို့ကယ်နေခဲ့သေးတာလည်း သူကငါ့ကိုသေစေချင်လို့သတ်ခဲ့ပြီး အသက်ရှင်နေတာတွေ့ရင် ဝမ်းနည်းနေတော့မှာဘဲ...

"မင်းသမီးလေးရယ်"

မင်းသမီးဟာ အထိန်းတော်ကြီးကို နောက်ကျောပေးလိုက်ကာ ကျိတ်ကာငိုနေမိတယ်....လောကတခွင်ကိုယ်တန်ဖိုးအထားရဆုံး အတွယ်တာရဆုံးလူဟာ ကိုယ့်ကိုစွန့်ပစ်သွားချိန် ဝမ်းနည်းပလက်ငိုရုံမှတပါးမရှိခဲ့ပါ...

Ni: အဲ့နေ့က li ငယ်လေးရဲ့ပုံရိပ်ကိုခန့်မှန်းတက်လား စုပြုံထားတဲ့အမုန်းတွေကိုချပြလိုက်တဲ့အတိုင်းဘဲ သူ့ကို...သူ့ကို ကျမကြောက်လိုက်တာ အထိန်းတော်ကြီးရယ်
သူ့မျက်ဝန်းတွေကိုမြင်လိုက်လား..သူနဲ့အတူရှိနေတဲ့တလျောက်လုံး အဲ့လောက်အသိစိတ်မဲ့နေတဲ့ သူ့မျက်ဝန်းတွေကျမအခုမှမြင်ဖူးခဲ့တာ.....

မင်းသမီးဟာ မင်ဟိုရဲ့ကတိကို တွန့်တွန့်ဆုတ်ဆုတ်နံကိုတည်ပေးခဲ့ရတာ...စစ်ဘဲတိုက်ဖို့ကိုတာဆူနေခဲ့တာ...သူ့မိဘတွေကိုသတ်လိုက်တဲ့မြင်ကွင်းကို မမြင်စေချင်တာကြောင့်ဆောင်ကြာမြိုင်မှာပိတ်ခိုင်းထားခဲ့တာ...မသိစေချင်ခဲ့လို့.....

အကယ်၍ သူများတွေ့သွားခဲ့ရင်ဆိုတဲ့အတွေးနဲ့တင် အိမ်တော်ကိုချီတက်လာတဲ့တလျောက်လုံးသေပျက်နေခဲ့တာ...ရအောင်ရှင်းပြမယ်လို့လည်းစိတ်ခဲကတထစ်ချတွေးထားခဲ့တာ...ရှင်းပြလို့ရခဲ့မယ်လို့လည်းထင်ထားခဲ့တာ...

"Li ငယ်လေးက ငါ့ကိုသတ်ခဲ့ရင်တောင် နင်တို့သူ့ကိုအန္တရယ်မပေးကြနဲ့ ငါပြောတာကိုကြားကြလား...ပြောတဲ့အတိုင်းမလုပ်လို့ကတော့ အကုန်တန်းစီလျှာဖြတ်ပစ်မယ်"

ထိုသို့ကိုမာမာတင်းတင်းသူမအမိန့်ချပစ်ခဲ့တာ....li ငယ်ကိုသူသေချာပေါက်ရှင်းပြလို့ရမယ်လို့ယုံကြည်တယ်...li ငယ်လေးဟာ သူမစကားဘယ်လောက်တောင်နားထောင်လိုက်လည်း..အစမို့.....အကြောင်းအရင်းသေချာမသိဘဲမြင်တဲ့အတိုင်းယုံလိုက်တာမလို့ သွေးပူသွားရုံပါ...သူလက်ခံပေးမှာ...သူ ကျမကို ထပ်ပြီး ထွေးပွေ့ပေးဦးမှာ...ဒါမင်းသမီးမျှော်လင့်မိတာဒါအကုန်ဘဲ....

သတိရပြီး နှစ်ရက်မြောက်တဲ့နေ့

မတွေ့သေးဘူး...li ငယ်ကသိပ်အပုန်းကောင်းတယ်..အခုနောက်ပိုင်း အထိန်းတော်ကြီးကပါ မင်းသမီးကိုတုန်နေအောင်ကြောက်နေခဲ့တာ တခုခုဆိုအနည်းငယ်လေသံမာလိုက်တာနဲ့ ဆတ်ခနဲတုန်သွားတတ်လာတယ်...ဘာလည်း မကောင်းတဲ့ လူယုတ်မာမကြီးလို့ သူ့ကိုမြင်နေကြတာလား ကြောက်စရာကောင်းတဲ့သတ္တဝါလို့ထင်နေကြလား...li ငယ်လေးကလေ သူဆိုးတာကျရင်ထုတ်မပြဘူး အမြဲဒီကမင်းသမီးကသာ လူဆိုးမ အခုကိစ္စမှာလည်း သူကပန်းနုသွေးလုပ်သွားပြီး ဒီကမင်းသမီးက ခင်မို့မို့အေးကြီးကိုဖြစ်လို့.....

Ni:Li ငယ်လေးအကြောင်းဘာတွေများကြသိရသေးလည်း လင်း

ဒုန်း#

ဖိတ်ကြားလွှာတွေအစီစီအရီရီ ရေးပေးနေသော အကြံပေးအမတ်အိမ်တော်တွင် သူတို့ ရှိနေကြတယ်...နန်းတက်ပွဲဖိတ်ကြားလွှာတွေရေးသားနေတာကို လာကြည့်ကြပ်ရင်းနဲ့ ကိုယ်ရံတော်ကိုမေးလိုက်တော့ အကိုတော်က အမျက်ထွက်ကာ အိမ်တော်ပြင်ပကိုထွက်သွားတယ်....

"အခုထိ လက်လျော့ထားရပါသေးတယ်..မင်းသမီး....."

Ni: ငါ့ကို ပြန်တွေ့ပါပြီး မင်းသမီးလို့ မုသားသုံးပေးလို့မရဘူးလား...

"စိုးရွံမိပါတယ် ဒါလေးတော့ အိမ်တော်မှာကျကျန်နေခဲ့တာတွေ့ပါတယ်မင်းသမီး "

မင်းသမီးယူပြီးကြည့်လိုက်တော့ အမိန့်စာချွန်လေး ဘုရင်တံဆိပ်တုံးလေးနဲ့ မြေစာလေးတွေပေကျံနေပင်မယ့် ထင်ထင်ရှားရှားမြင်နေရတာ သူပညာရှိအမတ်ဖြစ်သွားတဲ့ သဝဏ်လွှာလေး...

ထိုအမိန့်စာကိုခပ်ဖြေးဖြေးလေးစမ်းကြည့်ရင်း မျက်ရည်လေးတော့စမ်းမိသား...ရယ်တော့ရယ်ရတယ် ကိုယ့်ကိုမုန်းပါတယ်ဆိုပြီး သတ်သွားတဲ့သူ့ကိုလေ မင်းသမီးအခုထိချစ်နေတုန်းဘဲ.....

Ni:အဲ့ဖိတ်ကြားလွှာက ဘယ်ပြည်အတွက်လည်း အမတ်မင်း

"ချင်တိုင်းပြည်အတွက်ပါ"

Ni: မလိုအပ်ဘူး မဖိတ်ကြားနဲ့ သူတို့သာ စစ်မကြေညာရင် ငါဒီလိုတွေလုပ်စရာမလိုဘူး...

ကုလားမနိုင် ရခိုင်မဲပါသောမင်းသမီးရယ်....

"မင်းသမီး ဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရပါ"

Ni: ဖခမည်းတော်ကိုငါကြည့်ပြောမှာမလို့ မဖိတ်ကြားနဲ့...

"ထီးနန်းတောင်မတက်ရသေးဘဲ ငါ့ကိုယ်တော်အမိန့်ကို ဖီဆန်နေတဲ့သဘောလား မင်းသမီး "

Ni: ဖခမည်းတော် သူတို့က

"အမတ်မင်း အဲ့ဖိတ်ကြားလွှာကို ချင်တိုင်းပြည်ရောက်အောင် သေသေချာချာပို့ဆောင်လိုက်ပါ"

"အမိန့်တော်မြတ်အတိုင်းပါ အရှင်"

မင်းသမီးဟာ ဘုရင်ကို စိတ်အဆိုးကြီးဆိုးပြီး ဝတ်ရုံကြီးမကာ ထွက်သွားလေရဲ့....

"မင်းသမီး ပညာရေးအမတ်ကြီး ထဖောက်လာပြန်ပါပြီ"

Ni:ဘာဖြစ်ပြန်တာလည်း..

"အမတ်မင်းကတော်နဲ့သခင်မလေးကိုရှာနေတာပါ"

မင်းသမီးမှာ တာဝန်ဝတ္တရားတွေကို ပစ်ထားလိုက်ပြီး အမတ်မင်းရှိရာအိမ်တော်ကိုအပြေးပြန်လာလိုက်ရတယ်......

ချစ်ခြင်တရားတွေဟာ သူမရှိတော့ရင်အတောင်ကျိုးသွားတဲ့ ငျက်ဖြူလေးတကောင်သာဖြစ်ပြီး၊ ဝိညဥ်ပျောက်လျှင်တောင် သူမရင်ထဲသူရှိနေဖို့က ပိုအရေးကြီးတဲ့အကြောင်း

.
.
.
..........."
အိမ်ရှေ့စံမင်းသမီးကြွချီလာပါပြီ!!!

ထိုစစ်သည်ရဲ့စကားအဆုံး မှုးမတ်တွေနဲ့ ဂန်မင်းသမီးပါ မင်းသမီး
ဟျွန်းကိုအရိုအသေပေးကြတယ် အင်း...သခင်မလေးအပါအဝင်ပေါ့..

မင်းသမီးဟာအလောတကြီးဝင်ရောက်လာပြီး ဘုရင်ထိုင်တဲ့ပုလ္လင်အနားအထိတက်သွားကာ ဝတ်ရုံကိုတချက်ပုပ်ထုတ်ပြီး ထည်ဝါစွာထိုင်တယ်...

"ငါတို့ရဲ့ ချင်တိုင်းပြည် ကြီးဟာ ပြီးခဲ့တဲ့ ကြင်ယာတော်ရွေးပွဲပြီးကတည်းက ဂျိုဆွန်းပြည်နဲ့အချိတ်အဆက်မလုပ်ခဲ့ကြဘူးဆိုတာကို အားလုံးသိကြတဲ့အတိုင်းဘဲ"

ဂျိုဆွန်းဆိုသည့်တိုင်းပြည်နာမည်ကြားတာနဲ့ သခင်မလေးသည် ရင်တလှပ်လှပ်ဖြင့် မင်းသမီးပြောလာမယ့်စကားတွေကိုနားစွင့်နေတယ်....

"သို့သော်လည်း အရေးကိစ္စတခုပေါ်လာတယ်...ငြင်းဆန်ပစ်ဖို့ မဖြစ်နိုင်တဲ့ပွဲမလို့ ငါတို့ဂျိုဆွန်းတိုင်းပြည်နဲ့ သံတမာန်ပြန်လည်ချိတ်ဆက်ရလိမ့်မယ်..."

အော်..ဘုရင်ကြီးကအခုထိအခဲမကျေသေးလို့ ဒီညီလာခံကိုမတက်တာဆိုတာကို သခင်မလေးသဘောပေါက်သွားခဲ့တယ်...

မင်းသမီးဟာ အမိန့်မိန့်ကြားနေရင်း အေးချမ်းစွာပြုံးတယ် ပြုံးပြီးသခင်မလေးကိုကြည့်လာတယ်...သူ့ကိုကြည့်ရတာ ကျော့ကွင်းတခုကလွတ်မြောက်သွားတဲ့သမင်ငယ်အတိုင်းဘဲ...

"မနက်ဖြန်မနက်မိုးသောက်တာနဲ့ ငါတို့နဲ့ဂျိုဆွန်းပြည်ကိုသွားဖို့ပြင်ဆင်ထားပါ lili"

မင်းသမီးရှိနေသေးရဲ့လား...မင်းသမီးကိုပြာအဖြစ်ပြောင်းလိုက်ပြီလား... သူ့ကိုဖမ်းဝရမ်းထုတ်ထားလား..ဖေဖေမှကျန်းမာရေးကောင်းရဲ့လား...စသည်ဖြင့် ဘာမှမသိဂတဲ့ တိုင်းပြည်ကြီးကိုပြန်သွားရမယ်ဆိုတာနဲ့ လှိုင်ကနဲတက်လာတဲ့မျ​က်ရည်တွေ...

မင်းသမီးဟာ ညီလာခံကိုပြန်စတင်တယ်...

"ဂျိုဆွန်းပြည်ရဲ့ ပထမဆုံး ဘုရင်မဖြစ်လာမယ့် မင်းသမီး NiNi Ruby Jane ရဲ့နန်းတက်ပွဲကို ငါတို့သွားရောက်ချီးမြှင့်ရမယ်.."

အမိန့်စာတွေပြန်ပြီးတဲ့နောက် ညီလာခံပြန်ရုတ်သမ်းလိုက်တယ်...

Li:ဟျွန်း..ဘာကြောင့်ငါ့ကိုအသိမပေးခဲ့တာလည်း

"ဘာကိုလည်း"

Li: မင်းသမီး နန်းတက်ပွဲကို ဘာကြောင့်အသိမပေးခဲ့တာလည်း...

"အခုအသိပေးပြီမလား lili ရဲ့"

Li: ဒါပေမဲ့...

"ဘာမှစိတ်ပူမနေနဲ့တော့ ငါတို့နဲ့ ဂျိုဆွန်းပြန်လိုက်ခဲ့တော့ နင်ဒီမှာနေနေတာအတော်ကိုကြာနေပြီ"

Li:ငါက ဘာအတွက်လိုက်ရမှာလည်း..

"လက်ဆောင်"

Li:လက်ဆောင်

"ဂျိုဆွန်းဘုရင်မကို ချင်တိုင်းပြည်မင်းသမီးက ပေးအပ်တဲ့ လက်ဆောင်အဖြစ်နင့်ကိုခေါ်သွားမှာ..."
.
.
.
.
.
.
.
.
##$%#$%$#$$#%%
Ep.27 is coming soon.
________________________
####################

Zawgyi #

မူးေနာက္ေနတဲ့ေခါင္းကအသိဟာ မ်က္လုံးေတြမဖြင့္ခ်င္ေလာက္ေအာင္ပါဘဲ..မဖြင့္လို႔ကလည္းမျဖစ္ျပန္ ေရွ႕ကေနမင္းက အတင္းေကာအဓၶမကို ထိုးေနတာေၾကာင့္ ထလာရတယ္...

ေဘးပတ္ပတ္လည္ကိုၾကည့္ေတာ့ နန္းေဆာင္တခုထဲေရာက္ေနတာကိုေတာ့ သခင္မေလးသိသည္....သလြန္အေနအထားအရဆိုရင္ေတာ့ ဒါဟာ မင္းသမီးတေယာက္ေယာက္ရဲ႕နန္းေဆာင္ပါ...႐ုတ္တရက္ မိန္းမပ်ိဳတဦး နန္းေဆာင္တံခါးကိုဖြင့္ၿပီးလာတယ္ သခင္မေလးကိုလည္းျမင္ေတာ့ အနားကိုအျမန္ေရာက္လာတယ္....

"သတိရလာၿပီလား သခင္မေလး က်မမွာစိတ္ပူလိုက္ရတာ"

သခင္မေလးဟာ ထိုမင္းသမီးရဲ႕နာမည္ကိုေရ႐ြတ္လိုက္တယ္...

Li: ဟြၽန္း...

"အင္း...ဟုတယ္ ငါဘဲ ငါလာေခၚခဲ့တာ ခမည္းေတာ္တို႔က စစ္တိုက္ဖို႔ ဂ်ိဳဆြန္းနယ္စပ္ေတာင္ေရာက္ေနၿပီးမွ မင္အိမ္ေရွ႕စံရဲ႕စာခြၽန္ေရာက္လာလို႔ တပ္ေခါက္သိမ္းဖို႔ ငါသြားေျပာတာ ပ်င္းရိေနခဲ့တာမလို႔ ဆူးလ္ နဲ႕အတူ ဂ်ိဳဆြန္းပြဲေစ်းထဲလည္ပတ္ေနရင္း ေသြး႐ူးေသြးတန္းေျပးသြားတဲ့ နင့္ကိုေတြ႕လို႔ အခုလည္း ေျမျပင္ႀကီးထဲေမ့ေမ်ာေနလို႔ ေခၚလာခဲ့ရတာ"

ၾကည့္ရတာ ဟြၽန္းက အစအဆုံးကိုရွင္းျပေနသလိုဘဲ...ေဖ်ာ့ေတာ့စြာၿပဳံးျပလိုက္ေတာ့...သူသတင္းေတြအားလုံးၾကားၿပီးၿပီျဖစ္ေၾကာင္းနဲ႕ စိတ္ဖိအားမေပးဖို႔အထပ္ထပ္မွာေနသည္.....

"ဒါေတြအားလုံးက မင္အိမ္ေရွ႕စံ စီစဥ္ခဲ့တာေတြႀကီးဘဲ စစ္မျဖစ္ခ်င္ရင္ နင့္မိဘေတြကိုသတ္ပစ္ဖို႔ မင္းသမီးဆီကိုကတိေတာင္းခဲ့တာ..ဂ်ိဳဆြန္းျပည္သူေတြနဲ႕ နင့္မိဘကိုေ႐ြးခ်ယ္ရခ်ိန္ မင္းသမီးက အေတာ္ကိုေျခာက္ျခားေနခဲ့တာ ၿပီးေတာ့..ျပည္သူေတြကိုေ႐ြးခ်ယ္ေပးဖို႔ ကိုယ္ရံေတာ္ေတြကေတာင္းဆိုခဲ့တာ "

လည္ေခ်ာင္းထဲပိုၿပီးစို႔နင့္လာတယ္ လက္ေတြကိုခပ္တင္းတင္းဆုပ္လိုက္ၿပီး သခင္မေလးဟာ အသက္ကိုသတိထားရႉလိုက္တယ္...

"အဲ့ေန႕က ငါရွိေနခဲ့တယ္ lili ငါနဲ႕မင္အိမ္ေရွ႕စံ ေမာင္ႏွမေတြေတာ္စပ္တာသိတယ္မလား ငါျငင္းမယ္လို႔ထင္ခဲ့တာ မင္းသမီးက နင့္မိဘေတြကိုမသတ္ဘဲ စစ္ဘဲတိုက္မယ္လို႔ေျပာခဲ့တုန္းက ကိုယ္ရံေတာ္ေတြဒူးေထာက္ေတာင္းပန္ခဲ့ၾကတာ...သူေျပာခဲ့တာကိုငါမွတ္မိတယ္ နင္ေလာကႀကီးထဲ တေယာက္တည္း အထီးက်န္ေနမွာထက္စာရင္ သူဘဲစစ္ထြက္တိုက္လိုက္မယ္တဲ့.."

အသက္ရႉသံေတြကို သခင္မေလးဟာ ဖြင့္ဟခ်လိဳက္တယ္ မ်က္ရည္ေတြဟာ က်ိဳးေပါက္သြားတဲ့ဆည္တခုလို စီးဆင္းလာခဲ့တယ္...ရင္ဘတ္ထဲ နာက်င္ရလြန္းသည္မွာ ရႉးေတာ့မည္ဟုထင္ရသည္...တသိမ့္သိမ့္နဲ႕တုန္လာေသာ သူမရဲ႕ခႏၶာကိုယ္ဟာ အားအင္ခ်ိနံေနၿပီး မိမိရင္ဘတ္က ဝတ္႐ုံစကို အၾကမ္းပတမ္း ဆုတ္ေခ်လိဳက္ကာ သခင္မေလးငိုခ်မိလိုက္ေတာ့သည္...

ေလာကႀကီးထဲတေယာက္တည္း အထီးက်န္ေနမွာထက္စာရင္ စစ္တိုက္ထြက္လိုက္တာမွေကာင္းဦးမယ္တဲ့လား...အဲ့လိုအသံေကာင္းေတြဟစ္ျပခဲ့ၿပီး ငါ့မိဘေတြကိုသတ္ပစ္ခဲ့တယ္တဲ့လား...ဟား..ဟား မင္းသမီးကေလ လုပ္ခ်င္ရာလုပ္ၿပီး ပန္းႏုေသြး ဇာတ္ခင္းတဲ့ေနရာမွာအရမ္းေတာ္တာ.....

နခမ္းေတြကိုဖိကိုက္ထားရာမွ...သခင္အေလးဟာ စိတ္လြတ္လက္လြတ္ငိုခ်ပစ္လိုက္တယ္...သိပ္ကိုပီးျပင္လြန္းတဲ့အနစ္နာခံမူႀကီးကို အမတ္မင္းအိမ္က ျပဳလုပ္ခဲ့တာေပါ့...ျပည္သူေတြရဲ႕အသက္အတြက္ ငါ့ေမေမကေသေပးခဲ့ရတာေပါ့...အေဖျဖစ္သူကို မသတ္ပစ္လို႔ဘဲ မင္းသမီးကို ထိုင္ကန္ေတာ့ ေက်းဇူးတင္ရမွာလား..

ဘာဆက္လုပ္ရမွာလည္း...အခုဘယ္လိုလုပ္ရမွာလည္း မိခင္ျဖစ္သူကိုသတ္ပစ္တဲ့ မင္းသမီးကို ျပန္လိုက္ရွာၿပီး ေျပးဖက္ကာငိုရမွာလား...ျပည္သူေတြကိုကယ္ေပးလို႔ေက်းဇူးထိုင္တင္ေပးေနရမွာလား...ဒီေလာက္ထိေတာ့ သူမလည္းလူသားတေယာက္ပါ... နာက်ဥ္းတတ္ပါတယ္...

"ေရာ့..မင္းအတြက္ယူလာေပးတာ ေသာက္လိုက္...သတိထားၿပီးေနပါလား...မင္းက်န္းမာေနမွျဖစ္မွာေပါ့"

ဘယ္တုန္းကဝင္လာမွန္းမသိတဲ့ အေနာက္နိုင္ငံ အိမ္ေရွ႕စံမင္းသမီးဟာ သခင္မေလးရဲ႕ေက်ာဘက္ကိုပြတ္ကာႏွစ္သိမ့္ေပးရင္းဆိုတယ္...လက္ထဲကေဆးမႈန့္ေတြကိုပါၿမိဳခ်ၿပီး ေရေတြကိုပါဖိတ္က်ေအာင္ေသာက္တဲ့အထိ သခင္မေလးဟာပုံပ်က္ပန္းပ်က္ျဖစ္ေနခဲ့သည္...

"ငါတို႔ မင္းဘက္မွာရွိေနေပးမယ္...စိတ္ကိုအရမ္းႀကီးဖိအားမေပးပါနဲ႕.."

အခုဘယ္သူ႕အတြက္ငိုေပးေနရတာလည္း...တဇြတ္ထိုးလူသတ္သမား မင္းသမီးအတြက္လား...ဂ်ိဳဆြန္းမွာတေယာက္တည္းက်န္ခဲ့တဲ့ ခ်စ္ရသူေယာင္းအတြက္လား...သြားေလသူ မိခင္အတြက္ သားသမီးတာဝန္မေက်ပြန္ခဲ့တာမလို႔ ငိုခ်ရျခင္းလား....

"ဂ်ိဳဆြန္းရဲ႕ျပႆနာကငါတို႔နဲ႕မဆိုင္ပင္မယ့္ နင္မင္းသမီးကိုငဲ့ညာသင့္တယ္....နင္သူမ်က္လုံးေတြကိုအေသအခ်ာၾကည့္မိရဲ႕လား နင့္အေမကိုမသတ္ခင္ သူဘယ္ေလာက္ထိေသြးပ်က္ေနခဲ့လည္းဆိုတာ သူမ်က္လုံးကသတ္ေသဘဲ"

မင္းသမီးဟြၽန္းကဆက္ရွင္းျပတယ္...ဟင့္အင္း..မၾကားခ်င္ေတာ့ဘူးသူ႕အေၾကာင္း....

Li:ေတာ္ပါေတာ့!!!!!..ငါကိုသနားရင္ ေတာ္လိုက္ပါေတာ့....ငါ..ငါ သတ္ပစ္ခ်င္ေလာက္ေအာင္ သူ႕ကိုမုန္းၿပီး ႐ူးမတတ္အားနာေနခဲ့လို႔ပါဟာ...

သလြန္ထိပ္ဖ်ားကေန ဆံႏြယ္ေတြကိုဆြဲစုတ္ပစ္ရင္းေသြး႐ူးေသြးတန္းေအာ္ဟစ္ေနတဲ့ သခင္မေလးကို
ၾကည့္ရင္း မင္းသမီးဟြၽန္းကိုယ္တိုင္လည္း မ်က္ရည္က်ရပါတယ္....
.
.
.
.................."
သခင္မေလးဟာေျခကုန္လက္ပန္းက်ၿပီးအိပ္ေပ်ာ္သြားတဲ့ပုံဘဲ...ျပန္လည္နိုးထလာေတာ့ အေနာက္တိုင္းအိမ္ေရွ႕စံက စကၠဴေတြထိုင္ေခါက္ေနတာကိုေတြ႕လိုက္ရတယ္...

Li: ဂန္အိမ္ေရွ႕စံ

"မင္းနိုးလာခဲ့ၿပီလား...ေတာ္ေသးတာေပါ့ အားအင္ေတြျပန္
ျပည့္လာလို႔...မင္းအတြက္ ဟြၽန္းကေဆးရည္လာေပးသြားတယ္"

သူ႕စကားကို နားေထာင္လိုက္ၿပီး သလြန္ေပၚကထထိုင္ကာ အေရာင္စိမ္းစိမ္းျဖင့္ ထိုေဆးရည္ကို ဇြန္း
ျဖင့္ခပ္ေသာက္လိုက္ေတာ့ ဂန္အိမ္ေရွ႕စံမင္းသမီးက ၾကည့္ၿပီးၿပဳံးတယ္

"Nini Ruby jane ကိုၾကည့္ၿပီး ဂ်ိဳဆြန္းကလူေတြကေျပာရခက္တယ္လို႔ေကာက္ခ်က္ခ်ခဲ့ပင္မယ့္...မင္းကေတာ့လိမၼာသားဘဲ.....သူလည္းစစ္ပြဲေတြႏြဲၿပီးဒဏ္ရာေတြရလာရင္ ငါဘဲသူ႕ကိုအဲ့ေဆးရည္တိုက္ခဲ့ရတာ......."

ေဆးရည္ကိုပါးစပ္ထဲထည့္ဖို႔ရည႐ြယ္ထားတဲ့လက္ေတြသည္ ရပ္တန့္သြားခဲ့ၿပီး ဂန္မင္းသမီးကိုၾကည့္ေတာ့ သူကလည္းၿပဳံးရင္းျပန္ၾကည့္လာတယ္...

"မင္းနဲ႕ပက္သပ္လာရင္ ဘယ္ေတာ့မွမတြန့္ဆုတ္တဲ့သူေလ စစ္ေျမျပင္ႀကီးမွာ ငါကမင္းသတင္းေတြကိုသြားစုံစမ္းေပးရေသးတယ္ အေနာက္တိုင္းအိမ္ေရွ႕စံျဖစ္ေနလ်က္နဲ႕ မၾကားခ်င္မွန္းသိပင္မယ့္ေျပာျပတာပါ"

Li: မိတ္ေဆြေကာင္းေတြျဖစ္ခဲ့တာဘဲ အိမ္ေရွ႕စံမင္းသမီး..

"ဒီတိုင္း ဆူးလ္လို႔ဘဲေခၚပါ ငါ့ကိုအဲ့လို ဂုဏ္ပုဒ္ေတြတပ္ေခၚတာႀကီးကိုမေနတတ္လို႔"

Li: ဟုတ္ကဲ့...ဒါနဲ႕ခဏကတည္းက စကၠဴေတြေခါက္ေနတယ္ေနာ္ ဘာအတြက္လည္း....

"အာ...ထိမ္းျမားပြဲအတြက္"

Li:ဘယ္သူကထိမ္းျမားမွာလည္း

"ငါနဲ႕ဟြၽန္း"

Li: လိုက္ဖက္ၾကပါတယ္...

သခင္မေလးဟာ သလြန္ေပၚကေျဖးေျဖးခ်င္းထၿပီး ဂန္မင္းသမီးအား ကူညီဖို႔လက္လွမ္းတယ္...

"မလုပ္နဲ႕...မလုပ္နဲ႕...ဒီစကၠဴေတြကို ငါတေယာက္တည္းေခါက္ရမွာ မဟုတ္ရင္ နတ္ဘုရားေတြက စိတ္ဆိုးသတဲ့..."

Li: ဘယ္သူေျပာထားတာလည္း

"ဟြၽန္းေျပာတာဘဲ"

သခင္မေလးဟာ ခပ္ေယးေယးေလးၿပဳံးမိသြားတယ္..တကယ္လည္း အေနာက္တိုင္းအိမ္ေရွ႕မင္းသမီးဟာ မင္းသမီးဟြၽန္းေျပာစမွ်ယုံၿပီး အၿမဲအေလ်ာ့ေပးတတ္တာဘဲ....

ဒီလိုနဲ႕ ဒီညေနေလးမွာသူတို႔ရင္းႏွီးမူရရွိခဲ့ၾကၿပီး..စကားေတြလည္းအေတာ္ေျပာျဖစ္ခဲ့ၾကတယ္....တစုံတေယာက္ရဲ႕အေၾကာင္းကိုေဘးဖယ္ထား႐ုံကလြဲၿပီးပုံမွန္ပါဘဲ..
.
.
.
..........."
"ေတာင္းပန္ပါတယ္...မသတ္လိုက္ပါနဲ႕...ငါဘာမဆိုလုပ္ေပးပါ့မယ္...မသတ္လိုက္ပါနဲ႕..ကြၽန္လုပ္ဆိုရင္လည္းလုပ္ေပးမွာမလို႔ မသတ္လိုက္ပါနဲ႕"

လည္ပင္းကိုျဖတ္သန္းသြားတဲ့ ထက္လွစြာေသာဓါးသြား...မေသခင္တြင္ မိမိအားအေသအခ်ာၾကည္ကာၿပဳံးျပသြားေသာ မိခင္ျဖစ္သူရဲ႕အၿပဳံးေတြသည့ အေတာ္ကိုေအးခ်မ္းလြန္းလွေသာ္လည္း သခင္မေလးရင္တခုလုံးသည္ မီးနဲ႕ထိုးထားသလိုပူေနသည္...

အား!!!

နိုးထလာတိုင္း ေကာင္းေသာနိုးထျခင္းေတြမဟုတ္ခဲ့ဘူး ရက္ေပါင္မ်ားစြာဆက္တိုက္ဆိုသလိုထိုအိမ္မက္ဆိုးေတြကိုသာဆက္တိုက္မက္ေနခဲ့တယ္...အိမ္မက္ဖန္တီးရွင္ေတြသည္ ယုတ္မာလြန္းသည္ ဒီအေၾကာင္းေတြကိုသာအဖန္ဖန္တလည္လည္ မက္ေနေစတယ္...

သခင္မေလးဟာ စိတ္ေကာကိုယ္ပါၿပိဳလဲေနခဲ့ၿပီျဖစ္တယ္...သလြန္အဖ်ားကို ႐ုပ္ပ်က္တင္းပ်က္ေထာက္ထားၿပီး အသက္ကိုေတာင္မႈရမိေတာ့တဲ့ေလာက္ထိ ရင္ဘတ္ထဲမွာျပည့္သိပ္ေနလိုက္တာ...ရွိုက္သံေလးတခု မ်က္ရည္ေလးတစက္က်ဖိဳ႕ေတာင္ ႏွလုံးသားထဲမွာေနရာမရွိေတာ့ဘူး....

"ငိုမေနနဲ႕ေတာ့...lili ေတာ္ေတာ့"

ဘယ္ကေနေရာက္လာမွန္းမသိတဲ့ မင္းသမီးဟြၽန္းနဲ႕ ဂန္မင္းသမီး
ဟြၽန္းဟာ သူ႕အားရင္ခြင္ထဲထည့္ႏွစ္သိမ့္ေပးရင္း ဆူပူလာခဲ့တယ္....

Li:ငါ...ငါ သူ႕ကို တကယ္မသတ္ခ်င္ခဲ့ဘူး...အဲ့လည္ပင္းေတြကိုညစ္ဖို႔ ငါ့လက္ေတြအားမရွိခဲ့ဘူး...သူ႕မ်က္မွာကိုၾကည့္ၿပီး ငါပါအားေတြေလ်ာ့လာတယ္...အဲ့လက္ေတြမွာသာ ေသြးေတြ႐ြဲမေနခဲ့ရင္ ငါသူ႕လက္ကိုစုပ္ကိုင္ေပးထားမလို႔ သူတခါကေတာင္းခဲ့တဲ့ဆုကို ျပည့္သြားၿပီျဖစ္ေၾကာင္း မီးပုံးေတြျပရင္းေျပာေပးမလို႔....ငါသူဘယ္ေလာက္ဘဲမွားေနပါေစဟာ...ငါ..ငါ

သခင္မေလးအသံေတြတျဖည္းျဖည္းငိုသံေအာက္မွာေပ်ာက္ကြယ္သြားတယ္...လည္ေခ်ာင္းေတြလည္းငိုရလြန္းလို႔အက္ကြဲေတာ့မယ္ထင္ပါရဲ႕.....

"အဲ့သေလာက္လည္းဝမ္းမနည္းပါနဲ႕ ဘယ္တတ္နိုင္ပါ့မလည္း ကံၾကမၼာကိုဘဲအျပစ္လြဲရမွာေပါ့"

ဂန္မင္းသမီးကထိုသို႔​ေျပာေတာ့..သခင္မေလးဟာ ရႈံးပြဲခ်ထိဳင္ငိုေနရမွာ အနည္းငယ္ေမာ့လာတယ္..အေတြးေတြဟာေခါင္းထဲေျပးလြားလာၾကတယ္..ကံၾကမၼာဘဲတဲ့..အဟင္း..ေကာင္းပါတယ္ အားလုံးကို ကံၾကမၼာနဲ႕ေရာခ်ပစ္ေတာ့ အရာရာေျဖသာတာေပါ့....

"ငါတို႔ထိမ္းျမားပြဲၿပီးရင္ နင္လည္းပုံမွန္လိုအသက္ရွင္သင့္ၿပီး "

ထပ္ၿပီးပင္ပန္းကာ အိပ္ေပ်ာ္သြားတဲ့သခင္မေလးကိုၾကည့္ရင္း ဟြၽန္းေခါင္းသာခါမိတယ္...

"အိမ္ေရွ႕စံမင္းသမီး သတင္းၾကားေသးလား"

"ခက္ခက္ခဲခဲေတာ့ ကုသလိုက္ရတယ္တဲ့ "

"Lili ကိုဝရမ္းထုတ္ထားျပေသးလား"

" သူတို႔မင္းသမီးရဲ႕အမိန့္ကိုေတာ့နာခံၾကတယ္ အဲ့လိုမ်ိဳးမလုပ္ထားၾကဘူး အဲ့အစား ေနရာအႏွံသူ႕ကိုလိုက္ရွာေနတာ"

"မင္းသမီးက သတိလည္လာၿပီလား"

"အင္း..မၾကာခင္နန္းတက္ေတာ့မွာေလ "

သူတို႔ႏွစ္ေယာက္လည္း ထိုနန္းေဆာင္ထဲကေနထြက္လာခဲ့ၾကတယ္....
.
.
.
............."
သခင္မေလး မင္းသမီးကို သတ္ပစ္ခဲ့တဲ့ထိုညက....

"မင္းသမီး...မင္းသမီး"

နန္းတြင္းတခုလုံး ရႈပ္ရွက္ခတ္သြားေစတဲ့အေၾကာင္းအရာကေတာ့ အိမ္ေရွ႕စံမင္းသမီး လုပ္ႀကံခံခဲ့ရျခင္းပင္ျဖစ္သည္...

မင္းသားသည္ သခင္မေလးအားမသတ္ရတာေၾကာင့္ ေဒါသပုံထေနခဲ့သည္...

မင္းသမီးနန္းေဆာင္အတြင္း သမားေတာ္ေတြဝင္လိုက္ထြက္လိုက္ျဖင့္အေတာ္ကိုအလႈပ္ရႈပ္ေနခဲ့သည္....

မင္းသမီးလည္ပင္းတြင္ထင္းေနေသာ လက္သည္းရာေတြႏွင့္ နီရဲေနေသာလက္ရာႀကီးေတြဟာ သမားေတာ္အပါအဝင္ အေစခံေတြကိုပါထိပ္လန့္တၾကားျဖစ္ေစခဲ့တယ္...

လည္ပင္းကဒဏ္ရာတခ်ိဳ႕ရယ္ လက္ကဒဏ္ရာတခ်ိဳ႕ရယ္ကို ေဆးထည့္ၿပီး သမားေတာ္ျပန္ထြက္သြားတယ္...လန့္သြားတာေၾကာင့္ ေမ့လဲသြားတာျဖစ္နိုင္တယ္တဲ့....

ဒီေန႕နဲ႕ဆို မင္းသမီးေမ့ေနခဲ့တာ ၃ ရက္ျမႇောက္ မင္းသားရဲ႕ႏႈတ္လုံေပးမူေၾကာင့္ သခင္မေလးဟာ ဝရမ္းေျပးတေယာက္မျဖစ္ခဲ့ဘူး....သို႔ေပမယ့္လည္း သခင္မေလးတေယာက္ ဘယ္ေတြေရာက္ေနတယ္ဆိုတာကို နည္းနည္းေလးေတာင္သတင္းအစအနမရခဲ့.....

Ni:အ...အင္း

မ်က္လႊာေလးေတြတရစ္ရစ္ပြင့္လာခဲ့ၿပီး မင္းသမီးဟာ အခန္းပတ္ပတ္လည္ၾကည့္ေနခဲ့တယ္...တစုံတေယာက္ကိုလိုက္ရွာေနပုံဘဲ...

Ni: အထိန္းေတာ္ႀကီး

"ဟုတ္ကဲ့ အိမ္ေရွ႕စံမင္းသမီး"

Ni: Li...Li...Li ငယ္ေလးေကာ

"စိုး႐ြံမိပါတယ္ မင္းသမီး....ယေန႕ထိရွာမေတြ႕ေသးပါ"

စိတ္ပ်က္အားေလ်ာ့စြာျဖင့္ မင္းသမီးဟာတဖက္ေစာင္းလွည့္သြကာ သက္ျပင္းေတြခ်ရင္း ငိုေနခဲ့တယ္...

Ni: ငါကိုဘာလို႔ကယ္ေနခဲ့ေသးတာလည္း သူကငါ့ကိုေသေစခ်င္လို႔သတ္ခဲ့ၿပီး အသက္ရွင္ေနတာေတြ႕ရင္ ဝမ္းနည္းေနေတာ့မွာဘဲ...

"မင္းသမီးေလးရယ္"

မင္းသမီးဟာ အထိန္းေတာ္ႀကီးကို ေနာက္ေက်ာေပးလိုက္ကာ က်ိတ္ကာငိုေနမိတယ္....ေလာကတခြင္ကိုယ္တန္ဖိုးအထားရဆုံး အတြယ္တာရဆုံးလူဟာ ကိုယ့္ကိုစြန့္ပစ္သြားခ်ိန္ ဝမ္းနည္းပလက္ငို႐ုံမွတပါးမရွိခဲ့ပါ...

Ni: အဲ့ေန႕က li ငယ္ေလးရဲ႕ပုံရိပ္ကိုခန့္မွန္းတက္လား စုၿပဳံထားတဲ့အမုန္းေတြကိုခ်ျပလိုက္တဲ့အတိုင္းဘဲ သူ႕ကို...သူ႕ကို က်မေၾကာက္လိုက္တာ အထိန္းေတာ္ႀကီးရယ္
သူ႕မ်က္ဝန္းေတြကိုျမင္လိုက္လား..သူနဲ႕အတူရွိေနတဲ့တေလ်ာက္လုံး အဲ့ေလာက္အသိစိတ္မဲ့ေနတဲ့ သူ႕မ်က္ဝန္းေတြက်မအခုမွျမင္ဖူးခဲ့တာ.....

မင္းသမီးဟာ မင္ဟိုရဲ႕ကတိကို တြန့္တြန့္ဆုတ္ဆုတ္နံကိုတည္ေပးခဲ့ရတာ...စစ္ဘဲတိုက္ဖို႔ကိုတာဆူေနခဲ့တာ...သူ႕မိဘေတြကိုသတ္လိုက္တဲ့ျမင္ကြင္းကို မျမင္ေစခ်င္တာေၾကာင့္ေဆာင္ၾကာၿမိဳင္မွာပိတ္ခိုင္းထားခဲ့တာ...မသိေစခ်င္ခဲ့လို႔.....

အကယ္၍ သူမ်ားေတြ႕သြားခဲ့ရင္ဆိုတဲ့အေတြးနဲ႕တင္ အိမ္ေတာ္ကိုခ်ီတက္လာတဲ့တေလ်ာက္လုံးေသပ်က္ေနခဲ့တာ...ရေအာင္ရွင္းျပမယ္လို႔လည္းစိတ္ခဲကတထစ္ခ်ေတြးထားခဲ့တာ...ရွင္းျပလို႔ရခဲ့မယ္လို႔လည္းထင္ထားခဲ့တာ...

"Li ငယ္ေလးက ငါ့ကိုသတ္ခဲ့ရင္ေတာင္ နင္တို႔သူ႕ကိုအႏၱရယ္မေပးၾကနဲ႕ ငါေျပာတာကိုၾကားၾကလား...ေျပာတဲ့အတိုင္းမလုပ္လို႔ကေတာ့ အကုန္တန္းစီလွ်ာျဖတ္ပစ္မယ္"

ထိုသို႔ကိုမာမာတင္းတင္းသူမအမိန့္ခ်ပစ္ခဲ့တာ....li ငယ္ကိုသူေသခ်ာေပါက္ရွင္းျပလို႔ရမယ္လို႔ယုံၾကည္တယ္...li ငယ္ေလးဟာ သူမစကားဘယ္ေလာက္ေတာင္နားေထာင္လိုက္လည္း..အစမို႔.....အေၾကာင္းအရင္းေသခ်ာမသိဘဲျမင္တဲ့အတိုင္းယုံလိုက္တာမလို႔ ေသြးပူသြား႐ုံပါ...သူလက္ခံေပးမွာ...သူ က်မကို ထပ္ၿပီး ေထြးေပြ႕ေပးဦးမွာ...ဒါမင္းသမီးေမွ်ာ္လင့္မိတာဒါအကုန္ဘဲ....

သတိရၿပီး ႏွစ္ရက္ေျမာက္တဲ့ေန႕

မေတြ႕ေသးဘူး...li ငယ္ကသိပ္အပုန္းေကာင္းတယ္..အခုေနာက္ပိုင္း အထိန္းေတာ္ႀကီးကပါ မင္းသမီးကိုတုန္ေနေအာင္ေၾကာက္ေနခဲ့တာ တခုခုဆိုအနည္းငယ္ေလသံမာလိုက္တာနဲ႕ ဆတ္ခနဲတုန္သြားတတ္လာတယ္...ဘာလည္း မေကာင္းတဲ့ လူယုတ္မာမႀကီးလို႔ သူ႕ကိုျမင္ေနၾကတာလား ေၾကာက္စရာေကာင္းတဲ့သတၱဝါလို႔ထင္ေနၾကလား...li ငယ္ေလးကေလ သူဆိုးတာက်ရင္ထုတ္မျပဘူး အၿမဲဒီကမင္းသမီးကသာ လူဆိုးမ အခုကိစၥမွာလည္း သူကပန္းႏုေသြးလုပ္သြားၿပီး ဒီကမင္းသမီးက ခင္မို႔မို႔ေအးႀကီးကိုျဖစ္လို႔.....

Ni:Li ငယ္ေလးအေၾကာင္းဘာေတြမ်ားၾကသိရေသးလည္း လင္း

ဒုန္း#

ဖိတ္ၾကားလႊာေတြအစီစီအရီရီ ေရးေပးေနေသာ အႀကံေပးအမတ္အိမ္ေတာ္တြင္ သူတို႔ ရွိေနၾကတယ္...နန္းတက္ပြဲဖိတ္ၾကားလႊာေတြေရးသားေနတာကို လာၾကည့္ၾကပ္ရင္းနဲ႕ ကိုယ္ရံေတာ္ကိုေမးလိုက္ေတာ့ အကိုေတာ္က အမ်က္ထြက္ကာ အိမ္ေတာ္ျပင္ပကိုထြက္သြားတယ္....

"အခုထိ လက္ေလ်ာ့ထားရပါေသးတယ္..မင္းသမီး....."

Ni: ငါ့ကို ျပန္ေတြ႕ပါၿပီး မင္းသမီးလို႔ မုသားသုံးေပးလို႔မရဘူးလား...

"စိုး႐ြံမိပါတယ္ ဒါေလးေတာ့ အိမ္ေတာ္မွာက်က်န္ေနခဲ့တာေတြ႕ပါတယ္မင္းသမီး "

မင္းသမီးယူၿပီးၾကည့္လိုက္ေတာ့ အမိန့္စာခြၽန္ေလး ဘုရင္တံဆိပ္တုံးေလးနဲ႕ ေျမစာေလးေတြေပက်ံေနပင္မယ့္ ထင္ထင္ရွားရွားျမင္ေနရတာ သူပညာရွိအမတ္ျဖစ္သြားတဲ့ သဝဏ္လႊာေလး...

ထိုအမိန့္စာကိုခပ္ေျဖးေျဖးေလးစမ္းၾကည့္ရင္း မ်က္ရည္ေလးေတာ့စမ္းမိသား...ရယ္ေတာ့ရယ္ရတယ္ ကိုယ့္ကိုမုန္းပါတယ္ဆိုၿပီး သတ္သြားတဲ့သူ႕ကိုေလ မင္းသမီးအခုထိခ်စ္ေနတုန္းဘဲ.....

Ni:အဲ့ဖိတ္ၾကားလႊာက ဘယ္ျပည္အတြက္လည္း အမတ္မင္း

"ခ်င္တိုင္းျပည္အတြက္ပါ"

Ni: မလိုအပ္ဘူး မဖိတ္ၾကားနဲ႕ သူတို႔သာ စစ္မေၾကညာရင္ ငါဒီလိုေတြလုပ္စရာမလိုဘူး...

ကုလားမနိုင္ ရခိုင္မဲပါေသာမင္းသမီးရယ္....

"မင္းသမီး ဘုရင္မင္းျမတ္ရဲ႕အမိန့္ေတာ္အရပါ"

Ni: ဖခမည္းေတာ္ကိုငါၾကည့္ေျပာမွာမလို႔ မဖိတ္ၾကားနဲ႕...

"ထီးနန္းေတာင္မတက္ရေသးဘဲ ငါ့ကိုယ္ေတာ္အမိန့္ကို ဖီဆန္ေနတဲ့သေဘာလား မင္းသမီး "

Ni: ဖခမည္းေတာ္ သူတို႔က

"အမတ္မင္း အဲ့ဖိတ္ၾကားလႊာကို ခ်င္တိုင္းျပည္ေရာက္ေအာင္ ေသေသခ်ာခ်ာပို႔ေဆာင္လိုက္ပါ"

"အမိန့္ေတာ္ျမတ္အတိုင္းပါ အရွင္"

မင္းသမီးဟာ ဘုရင္ကို စိတ္အဆိုးႀကီးဆိုးၿပီး ဝတ္႐ုံႀကီးမကာ ထြက္သြားေလရဲ႕....

"မင္းသမီး ပညာေရးအမတ္ႀကီး ထေဖာက္လာျပန္ပါၿပီ"

Ni:ဘာျဖစ္ျပန္တာလည္း..

"အမတ္မင္းကေတာ္နဲ႕သခင္မေလးကိုရွာေနတာပါ"

မင္းသမီးမွာ တာဝန္ဝတၱရားေတြကို ပစ္ထားလိုက္ၿပီး အမတ္မင္းရွိရာအိမ္ေတာ္ကိုအေျပးျပန္လာလိုက္ရတယ္......

ခ်စ္ျခင္တရားေတြဟာ သူမရွိေတာ့ရင္အေတာင္က်ိဳးသြားတဲ့ င်က္ျဖဴေလးတေကာင္သာျဖစ္ၿပီး၊ ဝိညဥ္ေပ်ာက္လွ်င္ေတာင္ သူမရင္ထဲသူရွိေနဖို႔က ပိုအေရးႀကီးတဲ့အေၾကာင္း

.
.
.
..........."
အိမ္ေရွ႕စံမင္းသမီးႂကြခ်ီလာပါၿပီ!!!

ထိုစစ္သည္ရဲ႕စကားအဆုံး မႈးမတ္ေတြနဲ႕ ဂန္မင္းသမီးပါ မင္းသမီး
ဟြၽန္းကိုအရိုအေသေပးၾကတယ္ အင္း...သခင္မေလးအပါအဝင္ေပါ့..

မင္းသမီးဟာအေလာတႀကီးဝင္ေရာက္လာၿပီး ဘုရင္ထိုင္တဲ့ပုလႅင္အနားအထိတက္သြားကာ ဝတ္႐ုံကိုတခ်က္ပုပ္ထုတ္ၿပီး ထည္ဝါစြာထိုင္တယ္...

"ငါတို႔ရဲ႕ ခ်င္တိုင္းျပည္ ႀကီးဟာ ၿပီးခဲ့တဲ့ ၾကင္ယာေတာ္ေ႐ြးပြဲၿပီးကတည္းက ဂ်ိဳဆြန္းျပည္နဲ႕အခ်ိတ္အဆက္မလုပ္ခဲ့ၾကဘူးဆိုတာကို အားလုံးသိၾကတဲ့အတိုင္းဘဲ"

ဂ်ိဳဆြန္းဆိုသည့္တိုင္းျပည္နာမည္ၾကားတာနဲ႕ သခင္မေလးသည္ ရင္တလွပ္လွပ္ျဖင့္ မင္းသမီးေျပာလာမယ့္စကားေတြကိုနားစြင့္ေနတယ္....

"သို႔ေသာ္လည္း အေရးကိစၥတခုေပၚလာတယ္...ျငင္းဆန္ပစ္ဖို႔ မျဖစ္နိုင္တဲ့ပြဲမလို႔ ငါတို႔ဂ်ိဳဆြန္းတိုင္းျပည္နဲ႕ သံတမာန္ျပန္လည္ခ်ိတ္ဆက္ရလိမ့္မယ္..."

ေအာ္..ဘုရင္ႀကီးကအခုထိအခဲမေက်ေသးလို႔ ဒီညီလာခံကိုမတက္တာဆိုတာကို သခင္မေလးသေဘာေပါက္သြားခဲ့တယ္...

မင္းသမီးဟာ အမိန့္မိန့္ၾကားေနရင္း ေအးခ်မ္းစြာၿပဳံးတယ္ ၿပဳံးၿပီးသခင္မေလးကိုၾကည့္လာတယ္...သူ႕ကိုၾကည့္ရတာ ေက်ာ့ကြင္းတခုကလြတ္ေျမာက္သြားတဲ့သမင္ငယ္အတိုင္းဘဲ...

"မနက္ျဖန္မနက္မိုးေသာက္တာနဲ႕ ငါတို႔နဲ႕ဂ်ိဳဆြန္းျပည္ကိုသြားဖို႔ျပင္ဆင္ထားပါ lili"

မင္းသမီးရွိေနေသးရဲ႕လား...မင္းသမီးကိုျပာအျဖစ္ေျပာင္းလိုက္ၿပီလား... သူ႕ကိုဖမ္းဝရမ္းထုတ္ထားလား..ေဖေဖမွက်န္းမာေရးေကာင္းရဲ႕လား...စသည္ျဖင့္ ဘာမွမသိဂတဲ့ တိုင္းျပည္ႀကီးကိုျပန္သြားရမယ္ဆိုတာနဲ႕ လွိုင္ကနဲတက္လာတဲ့မ်​က္ရည္ေတြ...

မင္းသမီးဟာ ညီလာခံကိုျပန္စတင္တယ္...

"ဂ်ိဳဆြန္းျပည္ရဲ႕ ပထမဆုံး ဘုရင္မျဖစ္လာမယ့္ မင္းသမီး NiNi Ruby Jane ရဲ႕နန္းတက္ပြဲကို ငါတို႔သြားေရာက္ခ်ီးျမႇင့္ရမယ္.."

အမိန့္စာေတြျပန္ၿပီးတဲ့ေနာက္ ညီလာခံျပန္႐ုတ္သမ္းလိုက္တယ္...

Li:ဟြၽန္း..ဘာေၾကာင့္ငါ့ကိုအသိမေပးခဲ့တာလည္း

"ဘာကိုလည္း"

Li: မင္းသမီး နန္းတက္ပြဲကို ဘာေၾကာင့္အသိမေပးခဲ့တာလည္း...

"အခုအသိေပးၿပီမလား lili ရဲ႕"

Li: ဒါေပမဲ့...

"ဘာမွစိတ္ပူမေနနဲ႕ေတာ့ ငါတို႔နဲ႕ ဂ်ိဳဆြန္းျပန္လိုက္ခဲ့ေတာ့ နင္ဒီမွာေနေနတာအေတာ္ကိုၾကာေနၿပီ"

Li:ငါက ဘာအတြက္လိုက္ရမွာလည္း..

"လက္ေဆာင္"

Li:လက္ေဆာင္

"ဂ်ိဳဆြန္းဘုရင္မကို ခ်င္တိုင္းျပည္မင္းသမီးက ေပးအပ္တဲ့ လက္ေဆာင္အျဖစ္နင့္ကိုေခၚသြားမွာ..."
.
.
.
.
.
.
.
.
##$%#$%$#$$#%%
Ep.27 is coming soon.




Continue Reading

You'll Also Like

8.5K 668 8
လုပ်ယူဖန်တီးထားတဲ့တွေ့ဆုံမှုတွေထက် သဘာ၀ဆန်ဆန်တွေ့ဆုံခြင်းတွေကိုပဲ သဘောကျတယ်.........
42.2K 11.4K 42
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
209K 39.2K 51
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
147K 12.1K 33
Wang Yibo & Xiao Zhan 💖 ငါ မင်းကိုမယုံသေးဘူး.....