Stuck With You (မင်းနဲ့ငြိတွယ...

By Ren_Thaw

15.3K 1.2K 88

This fiction is my first creation.. Script(except from true story) and dialogues are just my imagination..I h... More

Introducing To Casts💜✨
Episode (1) First sight💜
Episode ( 2 ) Stranger💜
Episode ( 3 ) Parádeisos💜
Episode ( 4 ) Goddess of love💜
Episode ( 5 ) The Game started💜
Episode ( 6) Mr Jealous💜
Episode( 7 ) You're Mine💜
Episode ( 8 ) Branded God💜
Episode( 9 ) Devotion💜
Episode( 10 ) Mantras💜
Episode( 11 ) Demonic Art💜
Episode( 12 ) Surprise 💜
Episode( 13 ) Blood-lust💜
Episode( 14 ) Chronical💜
Episode( 15 ) Piggybacking💜
Episode( 16 ) Masterpiece💜
Episode( 17 ) Boy In Suit💜
Episode( 18) Sweetheart💜
Episode( 19 )His Happiness💜
Episode( 20 ) Medusa & Twins💜
Episode( 21 ) Awaken💜
Episode( 22 ) Revenge💜
Episode( 24 ) The Lynns💜
Episode( 25 ) Devil's Sentimental💜
Episode( 26 ) I Adore You💜
Episode( 27 ) End Of Heaven💜
Episode( 28 ) Last Word💜
Episode( 29 ) Promise💜
The End🖤✨
Special Thanks and စျေးဗန်း

Episode( 23 ) War Maidens💜

200 29 0
By Ren_Thaw

Unicode💜

"သင့်ရဲ့ဆုတောင်းကို ငါကြားနာပြီးပြီ မယ်ဒူဆာ..ဒါပေမဲ့..သင်ငါ့ကိုအရင်ကျော်ဖြတ်ရမယ်"

အေသီတစ်ယောက် သူမရဲ့အဝတ်အစားများကိုပြင်ဆင်လိုက်တာ သူမပိုင်သောလှံတော်အားဆင့်ခေါ်ကာ တိုက်ရန်အသင့်ဖြစ်နေပြီ။

"ဘာကိုကြားနာတာလဲ..နင်ကဘယ်တုန်းကအသုံးကျဖူးလို့လဲ..နတ်ဘုရားမဖြစ်ပြီး သူများကိုမနာလိုနေတဲ့ မိန်းမ..."

မယ်ဒူဆာ့ကလည်း အေသီ့အားအသည်းအသန်မုန်းတီးနေရာ...

"မယ်ဒူဆာ..ကိုယ်‌တော်တို့ကိုသတ်လဲ ကိုယ်တော်တို့ကပြန်မွေးဖွားလာမှာကိုသိတယ်မလား...?"

ခေါင်းတွင်ဆံနွယ်တွေအစား မြွေတွေက တယမ်းယမ်းလျှာထုတ်သပ်ကာ သူမမျက်နှာအနှံ့ကိုလျှောက်ပြေးနေသည်။ ကိုယ်ခန္ဓာမှာလည်း စိမ်းပြာရောင်အကြေးခွံတွေလက်သည်းရှည်တွေနဲ့..မယ်ဒူဆာက

"သိတယ်..နင်တို့ဘယ်လောက်ပြန် ပွင့်လာ
ပွင့်လာ ငါကနင်တို့ကိုရအောင်သတ်မှာ...ဒီပွဲမှာနင်တို့နိုင်မယ်ထင်နေတာလား....
အရှင်ခီယန့်ကိုမှီမယ်ထင်နေတာလား.."

ရေနတ်ဘုရားအန်နိုက သူ့မျက်လုံးများအား ပုလဲအသွင်ပြောင်းထား၍ သူ့အားမယ်ဒူဆာ့အစွမ်းသက်ရောက်မှုမရှိ...

သို့သော် အေသီကတော့ မဟုတ်။သူမအားစေ့စေ့ကြည့်မိလျှင် သူမပေးသောကျိန်စာ သူမကိုပြန်ထိနိုင်သည်,...။

"အမယ်လေး...နတ်ဘုရားမအေသီ...ကျမမျက်နှာလေးကိုကြည့်ပါဦး...ဘာလဲမကြည့်ရဲဘူးလား...အင်းပေါ့ရှင့်လောက်မှမလှတော့တာ...ဒါပေမဲ့ကျမက ရှင့်လို ကူလီကူမာတွေမလုပ်ဘူး...!!"

မယ်ဒူဆာက အေသီသူ့အားမကြည့်ကြည့်အောင် ဆွနေသည်။

"ကိုယ့်အတတ်ကိုယ်ပြန်စူးမှာ ကြောက်နေတာလား...ဟမ်...သနားပါတယ် ယောကျာ်းတစ်ယောက်ကို အသဲအသန်ကြိုက်နေတာတောင်အဲ့ယောကျာ်းက သူ့ကိုအဖတ်မလုပ်ဘဲတခြားမိန်းမကို မုဒိမ်းကျင့်ပြီးယူတဲ့အထိ စွဲလမ်းသွားတာလေ...အဲ့ဒါကိုဆက်ပြီး အရှက်မရှိ မုဒိမ်းကျင့်ခံရတဲ့မိန်းမနဲ့သူ့ညီမတွေကိုတောင် ကျိန်စာတိုက်လိုက်သေးတာ..."

အေသီ ခေါင်းကိုငိုက်စိုက်ချထားကာ အံကိုတင်းကာကြိတ်မိနေသည်။ သူမကိုယ်သူမ မထိန်းနိုင်တော့....ခေါင်းကိုမော့ကြည့်လိုက်ရာ..

"နင်အသေပဲ အေသီ!!!"

အေသီရဲ့ မျက်လုံးအစုံက မယ်ဒူဆာ့
အကြည့်တွေစုံရန် တင်္ဒဂ အချိန်အတွင်း...
သူမမျက်လုံးတွေကို ဘယ်ဘက်လက်နဲ့လှမ်းအုပ်ပေးလိုက်တဲ့..
ရေနတ်ဘုရားအန်နို...

"ကိုယ်တော်တစ်ချိန်လုံးမှားနေခဲ့တယ်...
ကိုယ်တော့်အပြစ်တွေကို မယ်ဒူဆာ့ ကိုဝန်ခံတာနဲ့ပြီးမယ်ထင်ခဲ့တာ..ကိုယ်တော် အရှင်မပေါ်မှာလည်း..အပြစ်တွေရှိနေတာပဲ..."

ရေနတ်ဘုရားအန်နိုက သူရဲ့လက်ဖဝါးပြင်ကို အေသီ့မျက်နှာပေါ်ကဖယ်မပေးဘဲထားလျက်..
အေသီ့ရင်ထဲသူပြောလိုက်တဲ့စကားကြောင့်ဆူးနစ်နစ်ခံစားလိုက်ရသည်။
ရေနတ်ဘုရားအန်နိုက မျက်လုံးစုံကိုဖြေးဖြေးမှိတ်ရင်းသက်ပြင်းချကာ...

"ဟမ်း---ကိုယ်တော် မင်းကိုပြစ်ထားခဲ့မိလို့တောင်းပန်ပါတယ်
အေသီ...ဒီနေ့မင်းချုပ်ပေးထားအရမ်းလှတယ်...မင်းလိုပဲ...ဒီနေ့တော့ ကိုယ်တော်မင်းကို ကာကွယ်ပါရစေ..."

သူမ ရင်ထဲနွေးထွေးမှုက သူမအားကာထားတဲ့လက်ကဆင့်စီးဆင်းလာသလို...သူမမငိုပဲ မျက်ရည်များစီးကျလာသည်.....

"ဒါထင်တယ်...ကိုယ်ချစ်တဲ့သူကကိုယ့်ကိုပြန်ချစ်တဲ့ ခံစားချက်...နွေးထွေးလိုက်တာ...ဆောင်းရာသီမှာမီးလှုံတာထက် ပိုပြီးနွေးထွေးနေတယ်..."

ထိုမြင်ကွင်းအား ကျန်တဲ့နတ်ဘုရား(၁၀)ပါးတွေ့ရင် ပြောမယ်မှာ
'အေသီတစ်ယောက်..ကြင်ယာရတော့မည်..'
ဟူ၍ပင်..
အဘယ်ကြောင့်ဆိုသော်...
ရေနတ်ဘုရားအန်နို ဖိနပ်တော်ဖန်ဆင်းကာ ဝတ်ဆင်ပြီး တိုက်ရင်အသင့်ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

မကောင်းဆိုးဝါး ဒီထရွိုက် က လနတ်ဘုရားမဒိုင်ယာနာ့အား ချီ၍ခေါ်ဆောင်သွားသည်မှာ...အနီးကတောင်ပေါ်သို့ဖြစ်ရာ..
သူမလည်ပင်းတွင်ဆွဲထားသော ဘယက်ကြောင့်သူမအား နတ်ဘုရားတို့ကခြေရာခံ လိုက်နိုင်ခဲ့ကြသည်။

နတ်ဘုရားများလိုက်လာချင်းကိုသိသော်လည်း ဒီထရွိုက် မှာ မရှုံးမပေး...

"ဒီ...ဘာလို့လိုက်လာတာလဲ...?"

သူမအား၍ ချီ၍ပြေးနေသော ထိုမကောင်းဆိုးဝါးအား လနတ်ဘုရားမက မေးလေသော်.....

"ကိုယ့်ကိုအစီအရင်တွေနဲ့ အရှင်ခီယန်..ကနှိုးတော့ ကိုယ်နိုးထလာချိန်မှာမင်းမရှိဘူး...
အရှင်ခီယန်ပြောတာတော့ အစီအစဉ်အရမင်းကိုသွားခေါ်မယ်ဆိုလို့..."

"အဲ့တာမဟုတ်-----အားးးးးးးးးးး"

ရုတ်တရက် လနတ်ဘုရားမဒိုင်ယာနာ့ အော်သံကတစ်တောလုံးကို လွှမ်းသွားလေသည်။
ဒီထရွိုက် ချီ၍ ပြေးလာသော ထိုနတ်ဘုရားမ မျက်လုံးများအနက်ရောင်ပြောင်းကာ ခီယန့်အတတ်များနှင့်အလွှမ်းခံလိုက်ရပြီ...
သတိလက်လွတ်ဖြစ်ကာ ပြေးတာကိုရပ်နားလိုက်ပြီး...သူမကိုစိတ်ပူလို့မေးလေတော့

"ဒိုင်ယာ...ဘာဖြစ်..."

'ရွှတ်' ခနဲပြေးဝင်လာတဲ့ မြှားက ဒီထရွိုက်ရဲ့ ပခုံးကို ထုတ်ချင်းခပ်သွားသော်လည်း နာချိန်မရ ထိုမြှားအား နေနတ်ဘုရားက ပစ်ခွင်းလိုက်ခြင်း။

"ဆက်ပြေး ဒီ..ကျမဘာမှမဖြစ်ဘူး..."

ထိုခါမှ ဆက်ပြေးလေရာ..ဒိုင်ယာနာက ဒီ့လက်တွင် စိုက်နေသော မြှားအားဆွဲထုတ်လေသည်။

"နည်းနည်းတော့နာမယ်..."

"အင်း..."

သူမထိုမြှားကိုဆွဲထုတ်ချိန်...သူမမျက်နှာအား နတ်ဘုရားတို့ အရှင်းသားမြင်လိုက်ရသည်။

"သွားပြီ...ညစ်ညမ်းခံလိုက်ရပြီ.."

လူသားမဏ္ဍိုင်နတ်ဘုရားမာစ့်က စိတ်ပျက်လက်ပျက် ပြောလေတော့...

"မဟုတ်ဘူး...မြန်မြန်ကယ်ထုတ်ပြီး သန့်စင်ချင်းလုပ်ပေးရမှာ ညစ်ညမ်းခြင်းခံရလို့ သတ်လိုက်ရင်တောင် သူမပြန်ပွင့်လာရင်တောင် သူမကမကောင်းဆိုးဝါးပဲဖြစ်နေမှာ..."

တိုက်ကိုက ထိုနတ်ဘုရားငယ်အားသေချာရှင်းပြလေသည်။

"ကျတော်သိပြီ..ကျတော့်တုန်းကဒီလိုကယ်ထုတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်.."

"အရှင်မြတ် တိုက်ကို သူတို့ရပ်သွားပြီ...."

နေနတ်ဘုရား လှုံ့ဆော်ရာကိုကြည့်တော့...
လနတ်ဘုရားမ ဒိုင်ယာ အား ချီမကာသူတို့အလာကိုစောင့်နေတဲ့ပုံစံနဲ့...ဒီထရွိုက်...
သူတို့နှင့်မီတာ(၃၀)အကွာတင်ရပ်လိုက်သော နတ်ဘုရားများ..

"ကောင်းကင်နတ်ဘုရားကြီး ထပ်ပြီးလက်ပြတ်ချင်လို့လား..."

"အရှင်မြတ် ဒီတခါကျတော်သူ့ကိုတာဝန်ယူအနိုင်တိုက်ချင်ပါတယ် ကျတော့်ကိုခွင့်ပြုပေးပါ..."

ခွင့်တောင်းလာသူကား...စစ်နတ်ဘုရား အန်ယာလီယပ်(Enyalius )အရင်တစ်ခေါက်က ဒီထရွိုက်ရဲ့ တပ်ကြောင့် သူပါကြွေလွင့်ကာပြန်မွေးဖွားခဲ့ရခြင်းဖြစ်သည်။

တိုက်ကိုတစ်ယောက် ဒိုင်ယာနာကို ကယ်ထုတ်ရန်စဉ်းစားနေစဉ်....

"Hi.....အရှင်တိုက်ကို..."

ထိုအသံပိုင်ရှင်အားကြည့်လေတော့...လက်ကိုဝှေ့ယမ်းကာ နှုတ်ဆက်နေသော
ခီယန်..

"သေမင်း...မင်းကဘာလို့..."

"ဘာလို့ဆို..ဝိညာဉ်တွေခိုးတာလဲ ကျုပ်ပဲ..
ဒီထရွိုက်ကိုနှိုးတာလဲကျုပ်ပဲ..လနတ်ဘုရားမကို ဒီလိုလုပ်တာလဲကျုပ်ပဲ..."

"ငါထင်တဲ့ အတိုင်းမင်းကအကုန်ကြိုးကိုင်နေတာပေါ့..."

"အဟက်....အချိန်လွန်သွားပြီ...ကောင်းကင်ဘုံရဲ့နိဂုံးပဲ.."

"အရှင်ခီယန် ကျတော်ဒိုင်ယာနာ့ကို ခေါ်သွားရတော့မလား..."

"အင်း...ငါ့အစီအရင်ပြီးမြောက်ဖို့ အချိန်(၂)နာရီလိုအပ်တယ်...သူမရဲ့လပြည့်စက်ဝိုင်းကလည်းနီးလာပြီ ဒီတိုင်းအချိန်ဆွဲထား..."

"ဟုတ်ကဲ့..."

တဖက်တွင်လည်း တိုက်ကိုက

"သေမင်းက သေမင်းမဟုတ်လောက်တော့ဘူး သူလဲမကောင်းဆိုးဝါးဖြစ်နေလောက်ပြီ...ပြီးတော့ သူကဒိုင်ယာနာတို့ကိုသူနဲ့ခွဲသွားခိုင်းလိမ့်မယ်...အဲ့တော့..စစ်နတ်ဘုရား လီယပ်စ်နံ နေနတ်ဘုရား အားဘေးက သူတို့နောက်လိုက်သွားပါ---"

ပြောနေတုန်းတွင်...အေသီ့ရဲ့ ဇီးကွက်ဖြူကရောက်လာပြီး သတင်းပို့လေသည်။

"အရှင်မြတ်...အရှင်မနဲ့ ရေနတ်ဘုရားတို့က မယ်ဒူဆာနဲ့ထိပ်တိုက်တွေ့နေပါပြီ...အရှင့်ဆီကို စစ်တပ်လွှတ်ဖို့ပြင်ထားပေမဲ့--"

"ဘာဖြစ်လဲ..?"

"ကောင်းကင်ဘုံဂိတ်ဝက စစ်သည်တော်တွေပါကျကုန်ပါပြီ..."

ထင်တဲ့အတိုင်းအဓိကက လူသားတွေမဟုတ် ကောင်းကင်ဘုံကို..

"ဟာကျူလီ(Hercules)ရဲ့တပ်ရော??"

"ခံစစ်ဖြစ်နေပါတယ် မကောင်းဆိုးဝါးတွေရော သေမင်းတွေပါပါနေလို့ပါအရှင်မြတ်..
"
"တောက်!!!အဲ့တာခီယန့်လက်ချက်ပဲ...
လက်နတ်တော်နတ်ဘုရား
ဗူလ်ကန်(Vulcan)...ချက်ချင်းကောင်းကင်ဘုံကိုပြန်ပြီးကြီးကြပ်ပေးပါ.. ကျန်တဲ့(၂)ပါးက အရှင်မဒိုင်ယာနာကိုကြည့်ပေးပါ..ကိုယ်တော်နဲ့ မာစ့်က ဒီမှာစီရင်လိုက်မယ်.."

"မှန်ပါ့ အရှင်မြတ်"

ဆိုကာခွဲပေးလိုက်သောတာဝန်ကိုယူကြလေသည်။
အားလုံးကိုမသွားခင် တိုက်ကိုသေချာမှာလိုက်သည်...

"ဒီတခါပွဲကို မြန်မြန်လတ်စသတ်ရမယ် ဒါပေမဲ့ လုံးဝချိတ်ပိတ်ထားတဲ့ လက်နက်တွေမသုံးကြပါနဲ့ သေချာပေါက်တိုက်တဲ့သူအကုန်လုံးက သန့်စင်ခြင်းလုပ်ရဖို့များတယ် အထိခိုက်ခံလို့မဖြစ်ဘူး.."

"မှန်ပါ့အရှင်မြတ်"

ဒိုင်ယာနာတို့က ခီယန့်အားထားကာထွက်သွားကြသည်။ဒီထရွိုက်က မသွားခင် ခီယန့်အားနှင်းဆီနီတစ်ပွင့်ပေးခဲ့လေသည်။
ထိုနှင်းဆီပွင့်အား..ခီယန်ကအိပ်ကပ်ထဲတွင်ထိုးထား၏။

ခီယန်နှင့် တိုက်ကိုတို့သာကျန်ခဲ့သော်...

"အရှင်မာ့စ် ကိုယ်တော်တို့ စကြတော့မလား..."
"အချိန်မရွေးပါပဲ အရှင်မြတ်"

ကောင်းကင်ဘုံတွင်လည်း အချစ်နတ်ဘုရားမဗီးနပ်စ်က စစ်မြေပြင်ကိုလိုက်မည်လုပ်သဖြင့် ချင်းလီတို့ကတားနေရသည်။

"ဒီမှာ ဘာမှဖြစ်တာမဟုတ်ဘူး လူတွေရောပဲ အကိုတော်တို့သာအထိနာမှာ ငါလိုက်သွားမယ်.."

"မဖြစ်ပါဘူးအရှင်မ အရှင်မြတ်သေချာမှာလိုက်တာကို.."

"ငါဒါကို အဆုံးသတ်ချင်တယ်ချင်းလီ.."

ထိုစကားမှာ ချင်းလီအတွက် ကသိကအောက်ဖြစ်စေသည်မှာအမှန် သူလဲခီယန့်အတတ်စူးခံထားရတာကို အလွှမ်းမိုးမခံရအောင်နေနေချင်းဖြစ်သည်။

"အရှင်မ...."

ရေးကြီးသုတ်ပျာ နန်းဆောင်ထဲပြေးဝင်လာသူက ချန်းလီ...

"ဘာဖြစ်လို့လဲ ချန်းလီ.."

"လူသားဟယ်ရီ့ ဝိညာဉ်ကို ခီယန်နှုတ်ယူသွားပြီး ရာမီ့ကိုပါ ဓားစာခံလုပ်သွားပါတယ်...ပြီးတော့ ကောင်းကင်ဘုံလဲချောင်ပိတ်ခံနေရပြီအရှင်မ.."

"တခြားနတ်ဘုရားမတွေရော...အကုန်လုံး ပြန်လည်တိုက်ခိုက်ရေးနဲ့ လူသားတွေကာကွယ်ဖို့အတွက်ပြင်နေကြပါတယ်..တချို့နေရာတွေမှာမကောင်းဆိုဝါးတွေက လူတွေကိုတိုက်ခိုက်နေပါတယ် ဒါကိုနတ်စစ်သည်တွေကလိုက်လံဖြေရှင်းနေပါတယ်။"

"အကိုတော်တို့ရော.."

"အရှင်မြတ်ကသေချာမှာထားပါတယ်...ချိတ်ပိတ်လက်နက်တွေမသုံးဖို့ပါ..တိုက်ခိုက်တဲ့သူအများစုက အသိစိတ်ပျောက်နေကြတာပါ ဒါက ဟိုသေမင်းရဲ့လုပ်ရပ်တွေပါ..."

ချက်ချင်းမတ်တပ်ထရပ်ကာ...

"ငါသွားမှရမယ် ချင်းလီ.."

"မရဘူးအရှင်မ..."

"ဟယ်ရီ့ကိုပါခေါ်သွားတာ အဲ့သေမင်းမှာ ဝိညာဉ် နှစ်ခုတောင်ရှိနေတာ..အကိုတော့်ကိုဒုတိယအကြိမ်အထိခိုက်မခံနိုင်ဘူး...
အကိုတော်က တိုက်ခိုက်နေတဲ့အချိန်မှာ ငါက ဟယ်ရီ့ကို ကယ်ထုတ်ရမယ်...ဟယ်ရီတစ်ခုခုဖြစ်သွားရင်...ကောင်းကင်ဘုံဖျက်ဆီးတဲ့သူက အကိုတော်ဖြစ်သွားလိမ့်မယ်.."

"ဒါပေမဲ့ အရှင်မ.."

"ချန်းလီ..ဟာကျူလီတို့ကိုသွားကူလိုက်..စစ်ကူအဖြစ်အကုန်ခေါ်သွား..ချင်းလီ..မင်းပါလိုက်သွား"

"မဖြစ်ပါဘူး အရှင်မ...အရှင်မသွားရင်
ကျတော်ပါလိုက်ခဲ့မယ်..."

"မင်းအပြင်ထွက်လို့မရဘူးချင်းလီ!ငါပြောတာနားထောင် နေခဲ့.."

ချင်းလီပြောရင်းပြောရင်းငိုချင်လာသည်။

"အရှင်မ..တစ်ခုခုဖြစ်သွားရင်ကျတော်..."

"ငါဘာမှဖြစ်မှာမဟုတ်ဘူး ငါအရင်လိုမဟုတ်ဘူး...ငါဖြစ်သွားခဲ့ရင်လည်း အေသီ့ကို အချစ်နတ်ဘုရားမ အရာခန့်အပ်လိုက်...သူကငါ့ထက်လှတယ် တော်လည်းတော်တယ်..."

အေသီ့ကိုကြည့်မရပါဘူးတဲ့ထိုအမျိုးသမီး အခုကျသူသေရင်တောင် ဘွဲ့တော်ကိုအေသီ့ကိုအပ်လိုက်တဲ့..
တသက်လုံးဆံပင်မစည်းတဲ့ အမျိုးသမီး ဆံပင်စည်းရင် အလှအပကိုစော်ကားတာဆိုတဲ့ အမျိုးသမီး..
အခုကျ သူ့အကိုတော်ကိုသွားကူဖို့..ဆံပင်ကျပ်ကျပ်စည်းကာ ဝတ်ရုံပါပြောင်းသွားတယ်...
ဒီအမျိုးသမီး အချစ်နတ်ဘုရားမဆိုတဲ့အတိုင်း အရာအားလုံးကို မေတ္တာထားနေတော့တာပဲ....။

Feedback နဲ့ voteလေး မ စကြပါreader~sanတို့✨








Zawgyi💜

"သင့္ရဲ႕ဆုေတာင္းကို ငါၾကားနာၿပီးၿပီ မယ္ဒူဆာ..ဒါေပမဲ့..သင္ငါ့ကိုအရင္ေက်ာ္ျဖတ္ရမယ္"

ေအသီတစ္ေယာက္ သူမရဲ႕အဝတ္အစားမ်ားကိုျပင္ဆင္လိုက္တာ သူမပိုင္ေသာလွံေတာ္အားဆင့္ေခၚကာ တိုက္ရန္အသင့္ျဖစ္ေနၿပီ။

"ဘာကိုၾကားနာတာလဲ..နင္ကဘယ္တုန္းကအသုံးက်ဖဴးလို႔လဲ..နတ္ဘုရားမျဖစ္ၿပီး သူမ်ားကိုမနာလိုေနတဲ့ မိန္းမ..."

မယ္ဒူဆာ့ကလည္း ေအသီ့အားအသည္းအသန္မုန္းတီးေနရာ...

"မယ္ဒူဆာ..ကိုယ္‌ေတာ္တို႔ကိုသတ္လဲ ကိုယ္ေတာ္တို႔ကျပန္ေမြးဖြားလာမွာကိုသိတယ္မလား...?"

ေခါင္းတြင္ဆံႏြယ္ေတြအစား ေႁမြေတြက တယမ္းယမ္းလွ်ာထုတ္သပ္ကာ သူမမ်က္ႏွာအႏွံ႕ကိုေလွ်ာက္ေျပးေနသည္။ ကိုယ္ခႏၶာမွာလည္း စိမ္းျပာေရာင္အေၾကးခြံေတြလက္သည္းရွည္ေတြနဲ႕..မယ္ဒူဆာက

"သိတယ္..နင္တို႔ဘယ္ေလာက္ျပန္ ပြင့္လာ
ပြင့္လာ ငါကနင္တို႔ကိုရေအာင္သတ္မွာ...ဒီပြဲမွာနင္တို႔နိုင္မယ္ထင္ေနတာလား....
အရွင္ခီယန့္ကိုမွီမယ္ထင္ေနတာလား.."

ေရနတ္ဘုရားအန္နိုက သူ႕မ်က္လုံးမ်ားအား ပုလဲအသြင္ေျပာင္းထား၍ သူ႕အားမယ္ဒူဆာ့အစြမ္းသက္ေရာက္မႈမရွိ...

သို႔ေသာ္ ေအသီကေတာ့ မဟုတ္။သူမအားေစ့ေစ့ၾကည့္မိလွ်င္ သူမေပးေသာက်ိန္စာ သူမကိုျပန္ထိနိုင္သည္,...။

"အမယ္ေလး...နတ္ဘုရားမေအသီ...က်မမ်က္ႏွာေလးကိုၾကည့္ပါဦး...ဘာလဲမၾကည့္ရဲဘူးလား...အင္းေပါ့ရွင့္ေလာက္မွမလွေတာ့တာ...ဒါေပမဲ့က်မက ရွင့္လို ကူလီကူမာေတြမလုပ္ဘူး...!!"

မယ္ဒူဆာက ေအသီသူ႕အားမၾကည့္ၾကည့္ေအာင္ ဆြေနသည္။

"ကိုယ့္အတတ္ကိုယ္ျပန္စူးမွာ ေၾကာက္ေနတာလား...ဟမ္...သနားပါတယ္ ေယာက်ာ္းတစ္ေယာက္ကို အသဲအသန္ႀကိဳက္ေနတာေတာင္အဲ့ေယာက်ာ္းက သူ႕ကိုအဖတ္မလုပ္ဘဲတျခားမိန္းမကို မုဒိမ္းက်င့္ၿပီးယူတဲ့အထိ စြဲလမ္းသြားတာေလ...အဲ့ဒါကိုဆက္ၿပီး အရွက္မရွိ မုဒိမ္းက်င့္ခံရတဲ့မိန္းမနဲ႕သူ႕ညီမေတြကိုေတာင္ က်ိန္စာတိုက္လိုက္ေသးတာ..."

ေအသီ ေခါင္းကိုငိုက္စိုက္ခ်ထားကာ အံကိုတင္းကာႀကိတ္မိေနသည္။ သူမကိုယ္သူမ မထိန္းနိုင္ေတာ့....ေခါင္းကိုေမာ့ၾကည့္လိုက္ရာ..

"နင္အေသပဲ ေအသီ!!!"

ေအသီရဲ႕ မ်က္လုံးအစုံက မယ္ဒူဆာ့
အၾကည့္ေတြစုံရန္ တဒၤဂ အခ်ိန္အတြင္း...
သူမမ်က္လုံးေတြကို ဘယ္ဘက္လက္နဲ႕လွမ္းအုပ္ေပးလိုက္တဲ့..
ေရနတ္ဘုရားအန္နို...

"ကိုယ္ေတာ္တစ္ခ်ိန္လုံးမွားေနခဲ့တယ္...
ကိုယ္ေတာ့္အျပစ္ေတြကို မယ္ဒူဆာ့ ကိုဝန္ခံတာနဲ႕ၿပီးမယ္ထင္ခဲ့တာ..ကိုယ္ေတာ္ အရွင္မေပၚမွာလည္း..အျပစ္ေတြရွိေနတာပဲ..."

ေရနတ္ဘုရားအန္နိုက သူရဲ႕လက္ဖဝါးျပင္ကို ေအသီ့မ်က္ႏွာေပၚကဖယ္မေပးဘဲထားလ်က္..
ေအသီ့ရင္ထဲသူေျပာလိုက္တဲ့စကားေၾကာင့္ဆူးနစ္နစ္ခံစားလိုက္ရသည္။
ေရနတ္ဘုရားအန္နိုက မ်က္လုံးစုံကိုေျဖးေျဖးမွိတ္ရင္းသက္ျပင္းခ်ကာ...

"ဟမ္း---ကိုယ္ေတာ္ မင္းကိုျပစ္ထားခဲ့မိလို႔ေတာင္းပန္ပါတယ္
ေအသီ...ဒီေန႕မင္းခ်ဳပ္ေပးထားအရမ္းလွတယ္...မင္းလိုပဲ...ဒီေန႕ေတာ့ ကိုယ္ေတာ္မင္းကို ကာကြယ္ပါရေစ..."

သူမ ရင္ထဲေႏြးေထြးမႈက သူမအားကာထားတဲ့လက္ကဆင့္စီးဆင္းလာသလို...သူမမငိုပဲ မ်က္ရည္မ်ားစီးက်လာသည္.....

"ဒါထင္တယ္...ကိုယ္ခ်စ္တဲ့သူကကိုယ့္ကိုျပန္ခ်စ္တဲ့ ခံစားခ်က္...ေႏြးေထြးလိုက္တာ...ေဆာင္းရာသီမွာမီးလႈံတာထက္ ပိုၿပီးေႏြးေထြးေနတယ္..."

ထိုျမင္ကြင္းအား က်န္တဲ့နတ္ဘုရား(၁၀)ပါးေတြ႕ရင္ ေျပာမယ္မွာ
'ေအသီတစ္ေယာက္..ၾကင္ယာရေတာ့မည္..'
ဟူ၍ပင္..
အဘယ္ေၾကာင့္ဆိုေသာ္...
ေရနတ္ဘုရားအန္နို ဖိနပ္ေတာ္ဖန္ဆင္းကာ ဝတ္ဆင္ၿပီး တိုက္ရင္အသင့္ျဖစ္ေနျခင္းေၾကာင့္ျဖစ္သည္။

မေကာင္းဆိုးဝါး ဒီထ႐ြိုက္ က လနတ္ဘုရားမဒိုင္ယာနာ့အား ခ်ီ၍ေခၚေဆာင္သြားသည္မွာ...အနီးကေတာင္ေပၚသို႔ျဖစ္ရာ..
သူမလည္ပင္းတြင္ဆြဲထားေသာ ဘယက္ေၾကာင့္သူမအား နတ္ဘုရားတို႔ကေျခရာခံ လိုက္နိုင္ခဲ့ၾကသည္။

နတ္ဘုရားမ်ားလိုက္လာခ်င္းကိုသိေသာ္လည္း ဒီထ႐ြိုက္ မွာ မရႈံးမေပး...

"ဒီ...ဘာလို႔လိုက္လာတာလဲ...?"

သူမအား၍ ခ်ီ၍ေျပးေနေသာ ထိုမေကာင္းဆိုးဝါးအား လနတ္ဘုရားမက ေမးေလေသာ္.....

"ကိုယ့္ကိုအစီအရင္ေတြနဲ႕ အရွင္ခီယန္..ကႏွိုးေတာ့ ကိုယ္နိုးထလာခ်ိန္မွာမင္းမရွိဘူး...
အရွင္ခီယန္ေျပာတာေတာ့ အစီအစဥ္အရမင္းကိုသြားေခၚမယ္ဆိုလို႔..."

"အဲ့တာမဟုတ္-----အားးးးးးးးးးး"

႐ုတ္တရက္ လနတ္ဘုရားမဒိုင္ယာနာ့ ေအာ္သံကတစ္ေတာလုံးကို လႊမ္းသြားေလသည္။
ဒီထ႐ြိုက္ ခ်ီ၍ ေျပးလာေသာ ထိုနတ္ဘုရားမ မ်က္လုံးမ်ားအနက္ေရာင္ေျပာင္းကာ ခီယန့္အတတ္မ်ားႏွင့္အလႊမ္းခံလိုက္ရၿပီ...
သတိလက္လြတ္ျဖစ္ကာ ေျပးတာကိုရပ္နားလိုက္ၿပီး...သူမကိုစိတ္ပူလို႔ေမးေလေတာ့

"ဒိုင္ယာ...ဘာျဖစ္..."

'႐ႊတ္' ခနဲေျပးဝင္လာတဲ့ ျမႇားက ဒီထ႐ြိုက္ရဲ႕ ပခုံးကို ထုတ္ခ်င္းခပ္သြားေသာ္လည္း နာခ်ိန္မရ ထိုျမႇားအား ေနနတ္ဘုရားက ပစ္ခြင္းလိုက္ျခင္း။

"ဆက္ေျပး ဒီ..က်မဘာမွမျဖစ္ဘူး..."

ထိုခါမွ ဆက္ေျပးေလရာ..ဒိုင္ယာနာက ဒီ့လက္တြင္ စိုက္ေနေသာ ျမႇားအားဆြဲထုတ္ေလသည္။

"နည္းနည္းေတာ့နာမယ္..."

"အင္း..."

သူမထိုျမႇားကိုဆြဲထုတ္ခ်ိန္...သူမမ်က္ႏွာအား နတ္ဘုရားတို႔ အရွင္းသားျမင္လိုက္ရသည္။

"သြားၿပီ...ညစ္ညမ္းခံလိုက္ရၿပီ.."

လူသားမ႑ိုင္နတ္ဘုရားမာစ့္က စိတ္ပ်က္လက္ပ်က္ ေျပာေလေတာ့...

"မဟုတ္ဘူး...ျမန္ျမန္ကယ္ထုတ္ၿပီး သန့္စင္ခ်င္းလုပ္ေပးရမွာ ညစ္ညမ္းျခင္းခံရလို႔ သတ္လိုက္ရင္ေတာင္ သူမျပန္ပြင့္လာရင္ေတာင္ သူမကမေကာင္းဆိုးဝါးပဲျဖစ္ေနမွာ..."

တိုက္ကိုက ထိုနတ္ဘုရားငယ္အားေသခ်ာရွင္းျပေလသည္။

"က်ေတာ္သိၿပီ..က်ေတာ့္တုန္းကဒီလိုကယ္ထုတ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္.."

"အရွင္ျမတ္ တိုက္ကို သူတို႔ရပ္သြားၿပီ...."

ေနနတ္ဘုရား လႈံ႕ေဆာ္ရာကိုၾကည့္ေတာ့...
လနတ္ဘုရားမ ဒိုင္ယာ အား ခ်ီမကာသူတို႔အလာကိုေစာင့္ေနတဲ့ပုံစံနဲ႕...ဒီထ႐ြိုက္...
သူတို႔ႏွင့္မီတာ(၃၀)အကြာတင္ရပ္လိုက္ေသာ နတ္ဘုရားမ်ား..

"ေကာင္းကင္နတ္ဘုရားႀကီး ထပ္ၿပီးလက္ျပတ္ခ်င္လို႔လား..."

"အရွင္ျမတ္ ဒီတခါက်ေတာ္သူ႕ကိုတာဝန္ယူအနိုင္တိုက္ခ်င္ပါတယ္ က်ေတာ့္ကိုခြင့္ျပဳေပးပါ..."

ခြင့္ေတာင္းလာသူကား...စစ္နတ္ဘုရား အန္ယာလီယပ္(Enyalius )အရင္တစ္ေခါက္က ဒီထ႐ြိုက္ရဲ႕ တပ္ေၾကာင့္ သူပါေႂကြလြင့္ကာျပန္ေမြးဖြားခဲ့ရျခင္းျဖစ္သည္။

တိုက္ကိုတစ္ေယာက္ ဒိုင္ယာနာကို ကယ္ထုတ္ရန္စဥ္းစားေနစဥ္....

"Hi.....အရွင္တိုက္ကို..."

ထိုအသံပိုင္ရွင္အားၾကည့္ေလေတာ့...လက္ကိုေဝွ႕ယမ္းကာ ႏႈတ္ဆက္ေနေသာ
ခီယန္..

"ေသမင္း...မင္းကဘာလို႔..."

"ဘာလို႔ဆို..ဝိညာဥ္ေတြခိုးတာလဲ က်ဳပ္ပဲ..
ဒီထ႐ြိုက္ကိုႏွိုးတာလဲက်ဳပ္ပဲ..လနတ္ဘုရားမကို ဒီလိုလုပ္တာလဲက်ဳပ္ပဲ..."

"ငါထင္တဲ့ အတိုင္းမင္းကအကုန္ႀကိဳးကိုင္ေနတာေပါ့..."

"အဟက္....အခ်ိန္လြန္သြားၿပီ...ေကာင္းကင္ဘုံရဲ႕နိဂုံးပဲ.."

"အရွင္ခီယန္ က်ေတာ္ဒိုင္ယာနာ့ကို ေခၚသြားရေတာ့မလား..."

"အင္း...ငါ့အစီအရင္ၿပီးေျမာက္ဖို႔ အခ်ိန္(၂)နာရီလိုအပ္တယ္...သူမရဲ႕လျပည့္စက္ဝိုင္းကလည္းနီးလာၿပီ ဒီတိုင္းအခ်ိန္ဆြဲထား..."

"ဟုတ္ကဲ့..."

တဖက္တြင္လည္း တိုက္ကိုက

"ေသမင္းက ေသမင္းမဟုတ္ေလာက္ေတာ့ဘူး သူလဲမေကာင္းဆိုးဝါးျဖစ္ေနေလာက္ၿပီ...ၿပီးေတာ့ သူကဒိုင္ယာနာတို႔ကိုသူနဲ႕ခြဲသြားခိုင္းလိမ့္မယ္...အဲ့ေတာ့..စစ္နတ္ဘုရား လီယပ္စ္နံ ေနနတ္ဘုရား အားေဘးက သူတို႔ေနာက္လိုက္သြားပါ---"

ေျပာေနတုန္းတြင္...ေအသီ့ရဲ႕ ဇီးကြက္ျဖဴကေရာက္လာၿပီး သတင္းပို႔ေလသည္။

"အရွင္ျမတ္...အရွင္မနဲ႕ ေရနတ္ဘုရားတို႔က မယ္ဒူဆာနဲ႕ထိပ္တိုက္ေတြ႕ေနပါၿပီ...အရွင့္ဆီကို စစ္တပ္လႊတ္ဖို႔ျပင္ထားေပမဲ့--"

"ဘာျဖစ္လဲ..?"

"ေကာင္းကင္ဘုံဂိတ္ဝက စစ္သည္ေတာ္ေတြပါက်ကဳန္ပါၿပီ..."

ထင္တဲ့အတိုင္းအဓိကက လူသားေတြမဟုတ္ ေကာင္းကင္ဘုံကို..

"ဟာက်ဴလီ(Hercules)ရဲ႕တပ္ေရာ??"

"ခံစစ္ျဖစ္ေနပါတယ္ မေကာင္းဆိုးဝါးေတြေရာ ေသမင္းေတြပါပါေနလို႔ပါအရွင္ျမတ္..
"
"ေတာက္!!!အဲ့တာခီယန့္လက္ခ်က္ပဲ...
လက္နတ္ေတာ္နတ္ဘုရား
ဗူလ္ကန္(Vulcan)...ခ်က္ခ်င္းေကာင္းကင္ဘုံကိုျပန္ၿပီးႀကီးၾကပ္ေပးပါ.. က်န္တဲ့(၂)ပါးက အရွင္မဒိုင္ယာနာကိုၾကည့္ေပးပါ..ကိုယ္ေတာ္နဲ႕ မာစ့္က ဒီမွာစီရင္လိုက္မယ္.."

"မွန္ပါ့ အရွင္ျမတ္"

ဆိုကာခြဲေပးလိုက္ေသာတာဝန္ကိုယူၾကေလသည္။
အားလုံးကိုမသြားခင္ တိုက္ကိုေသခ်ာမွာလိုက္သည္...

"ဒီတခါပြဲကို ျမန္ျမန္လတ္စသတ္ရမယ္ ဒါေပမဲ့ လုံးဝခ်ိတ္ပိတ္ထားတဲ့ လက္နက္ေတြမသုံးၾကပါနဲ႕ ေသခ်ာေပါက္တိုက္တဲ့သူအကုန္လုံးက သန့္စင္ျခင္းလုပ္ရဖို႔မ်ားတယ္ အထိခိုက္ခံလို႔မျဖစ္ဘူး.."

"မွန္ပါ့အရွင္ျမတ္"

ဒိုင္ယာနာတို႔က ခီယန့္အားထားကာထြက္သြားၾကသည္။ဒီထ႐ြိုက္က မသြားခင္ ခီယန့္အားႏွင္းဆီနီတစ္ပြင့္ေပးခဲ့ေလသည္။
ထိုႏွင္းဆီပြင့္အား..ခီယန္ကအိပ္ကပ္ထဲတြင္ထိုးထား၏။

ခီယန္ႏွင့္ တိုက္ကိုတို႔သာက်န္ခဲ့ေသာ္...

"အရွင္မာ့စ္ ကိုယ္ေတာ္တို႔ စၾကေတာ့မလား..."
"အခ်ိန္မေ႐ြးပါပဲ အရွင္ျမတ္"

ေကာင္းကင္ဘုံတြင္လည္း အခ်စ္နတ္ဘုရားမဗီးနပ္စ္က စစ္ေျမျပင္ကိုလိုက္မည္လုပ္သျဖင့္ ခ်င္းလီတို႔ကတားေနရသည္။

"ဒီမွာ ဘာမွျဖစ္တာမဟုတ္ဘူး လူေတြေရာပဲ အကိုေတာ္တို႔သာအထိနာမွာ ငါလိုက္သြားမယ္.."

"မျဖစ္ပါဘူးအရွင္မ အရွင္ျမတ္ေသခ်ာမွာလိုက္တာကို.."

"ငါဒါကို အဆုံးသတ္ခ်င္တယ္ခ်င္းလီ.."

ထိုစကားမွာ ခ်င္းလီအတြက္ ကသိကေအာက္ျဖစ္ေစသည္မွာအမွန္ သူလဲခီယန့္အတတ္စူးခံထားရတာကို အလႊမ္းမိုးမခံရေအာင္ေနေနခ်င္းျဖစ္သည္။

"အရွင္မ...."

ေရးႀကီးသုတ္ပ်ာ နန္းေဆာင္ထဲေျပးဝင္လာသူက ခ်န္းလီ...

"ဘာျဖစ္လို႔လဲ ခ်န္းလီ.."

"လူသားဟယ္ရီ႕ ဝိညာဥ္ကို ခီယန္ႏႈတ္ယူသြားၿပီး ရာမီ့ကိုပါ ဓားစာခံလုပ္သြားပါတယ္...ၿပီးေတာ့ ေကာင္းကင္ဘုံလဲေခ်ာင္ပိတ္ခံေနရၿပီအရွင္မ.."

"တျခားနတ္ဘုရားမေတြေရာ...အကုန္လုံး ျပန္လည္တိုက္ခိုက္ေရးနဲ႕ လူသားေတြကာကြယ္ဖို႔အတြက္ျပင္ေနၾကပါတယ္..တခ်ိဳ႕ေနရာေတြမွာမေကာင္းဆိုဝါးေတြက လူေတြကိုတိုက္ခိုက္ေနပါတယ္ ဒါကိုနတ္စစ္သည္ေတြကလိုက္လံေျဖရွင္းေနပါတယ္။"

"အကိုေတာ္တို႔ေရာ.."

"အရွင္ျမတ္ကေသခ်ာမွာထားပါတယ္...ခ်ိတ္ပိတ္လက္နက္ေတြမသုံးဖို႔ပါ..တိုက္ခိုက္တဲ့သူအမ်ားစုက အသိစိတ္ေပ်ာက္ေနၾကတာပါ ဒါက ဟိုေသမင္းရဲ႕လုပ္ရပ္ေတြပါ..."

ခ်က္ခ်င္းမတ္တပ္ထရပ္ကာ...

"ငါသြားမွရမယ္ ခ်င္းလီ.."

"မရဘူးအရွင္မ..."

"ဟယ္ရီ႕ကိုပါေခၚသြားတာ အဲ့ေသမင္းမွာ ဝိညာဥ္ ႏွစ္ခုေတာင္ရွိေနတာ..အကိုေတာ့္ကိုဒုတိယအႀကိမ္အထိခိုက္မခံနိုင္ဘူး...
အကိုေတာ္က တိုက္ခိုက္ေနတဲ့အခ်ိန္မွာ ငါက ဟယ္ရီ႕ကို ကယ္ထုတ္ရမယ္...ဟယ္ရီတစ္ခုခုျဖစ္သြားရင္...ေကာင္းကင္ဘုံဖ်က္ဆီးတဲ့သူက အကိုေတာ္ျဖစ္သြားလိမ့္မယ္.."

"ဒါေပမဲ့ အရွင္မ.."

"ခ်န္းလီ..ဟာက်ဴလီတို႔ကိုသြားကူလိုက္..စစ္ကူအျဖစ္အကုန္ေခၚသြား..ခ်င္းလီ..မင္းပါလိုက္သြား"

"မျဖစ္ပါဘူး အရွင္မ...အရွင္မသြားရင္
က်ေတာ္ပါလိုက္ခဲ့မယ္..."

"မင္းအျပင္ထြက္လို႔မရဘူးခ်င္းလီ!ငါေျပာတာနားေထာင္ ေနခဲ့.."

ခ်င္းလီေျပာရင္းေျပာရင္းငိုခ်င္လာသည္။

"အရွင္မ..တစ္ခုခုျဖစ္သြားရင္က်ေတာ္..."

"ငါဘာမွျဖစ္မွာမဟုတ္ဘူး ငါအရင္လိုမဟုတ္ဘူး...ငါျဖစ္သြားခဲ့ရင္လည္း ေအသီ့ကို အခ်စ္နတ္ဘုရားမ အရာခန့္အပ္လိုက္...သူကငါ့ထက္လွတယ္ ေတာ္လည္းေတာ္တယ္..."

ေအသီ့ကိုၾကည့္မရပါဘူးတဲ့ထိုအမ်ိဳးသမီး အခုက်သဴေသရင္ေတာင္ ဘြဲ႕ေတာ္ကိုေအသီ့ကိုအပ္လိုက္တဲ့..
တသက္လုံးဆံပင္မစည္းတဲ့ အမ်ိဳးသမီး ဆံပင္စည္းရင္ အလွအပကိုေစာ္ကားတာဆိုတဲ့ အမ်ိဳးသမီး..
အခုက် သူ႕အကိုေတာ္ကိုသြားကူဖို႔..ဆံပင္က်ပ္က်ပ္စည္းကာ ဝတ္႐ုံပါေျပာင္းသြားတယ္...
ဒီအမ်ိဳးသမီး အခ်စ္နတ္ဘုရားမဆိုတဲ့အတိုင္း အရာအားလုံးကို ေမတၱာထားေနေတာ့တာပဲ....။

Feedbackနဲ႕ vote ေလး မ စၾကပါ reader~sanတို႔✨

Continue Reading

You'll Also Like

15.3K 232 5
ကိုယ်အကြိုက်ဆုံး တွင်းလေးမို့ စိန်ကွပ်ထားလိုက်ချင်တယ်..မင်းအပေါက်လေးကို...fuckဘဲ baby..(🔞)
15.2K 1K 13
အချစ်ဇာတ်လမ်းလေးဆိုပေမယ့် ပရလောက ဆန်ဆန်၊ လျှို့ဝှက်သည်းဖို ဆန်ဆန်ရေးထားတာပါ။ အစမှာ မာန်ရှင်းဆိုတဲ့ ကောင်လေးက ယာဉ်မတော်တဆမှုနဲ့ ဆေးရုံပေါ်ရောက်နေပြီး...
33.4K 3.9K 24
"Yukina ! ၾကယ္​​ေတြအျပည္​့နဲ႔ ​ေကာင္​းကင္​က အရမ္​းလွတာပဲ​ေနာ္​" "Yukina ! ၾကယ္​​ေတြ​ေႂကြရင္​ ဆု​ေတာင္​း ! ျပည္​့တယ္​တဲ့" အိမ္မက္ထဲက ၾကယ္ေတြအေၾကာင္း...
108K 8.7K 40
အချစ်အတွက်သာဆိုရင် လယ်ပဲစိုက်ရစိုက်ရ ကျားပဲဖမ်းရ ဖမ်းရ သွေး မမှုပါဘူး ။ အဓိက မယွန်းသဒ္ဓါသိမ့် နဲ့ပေါင်းရဖို့ပဲ ။ #ခွန်းစစ်လွန်းသွေး