သေရည်တွေ သောက်ကြ စားကြနဲ့ ဆူညံ့ပွက်လောရိုက်နေသော ခမ်းမမှ မင်းသမီးဟာ ကိုယ်ရံတော်ရဲ့ လက်ကိုစွဲကိုင်ပြီးထွက်လာခဲ့တယ်....
Ni:ဒီနေ့ li ငယ်ဘာတွေလုပ်နေခဲ့တယ်ဆိုတာကို လျောက်တင်တော့မလား လင်း
"သခင်မလေးက ဒီနေ့တနေ့ကုန်လုံး မင်းသမီးဟျွန်းနဲ့အတူရှိနေခဲ့တာပါ"
Ni: ဟုတ်လား သူပျော်နေခဲ့တယ်မလား
"ဟုတ်ကဲ့.............."
ကိုယ်ရံတော်ဟာ ဖြစ်ကြောင်းကုန်စင်ကို မင်းသမီးအားလျောက်တင်ခဲ့တယ်
Ni:li ငယ်လေးက မင်းကို မင်းသမီးဟျွန်းအတွက်နဲ့ ဆူပူခဲ့တာလား သူတို့ကဟိုးအရင်ကတည်းက မိတ်ဆွေတွေလေ နားလည်ပေးလိုက်ပါ
"ဟုတ်ကဲ့"
Ni: ငါအရှင်းဆုံးဘဲပြောချင်တယ် လင်း နင်ငါ့ငယ်သူငယ်ချင်းတယောက်အနေနဲ့ပြောပြပေးပါ ငါ့အခုပုံစံက အရမ်းရယ်စရာကောင်းနေတယ်မလား
"မင်းသမီး အဲ့မေးခွန်းကိုမမေးလို့ဖြစ်မလား"
Ni: သူငယ်ချင်းတယောက်အနေနဲ့ဖြေပေးပါ ရိုကျိုးနေစရာမလိုဘူး
"ငါလေ...ငါ LiLi Ban ကိုသတ်ပစ်ချင်တဲ့စိတ်တွေကိုမျိုသိပ်ထားရတာ.... နင်သူ့အပေါ်ဘယ်လောက်ကောင်းခဲ့လည်း သူက..."
Ni: ဟုတယ်မို့လား....နင်လည်း အဲ့လိုဘဲထင်တယ်မလား ငါကနစ်နာသူလို့...
ဒါပေမဲ့မှားတယ် လူမသိသူမသိ သခင်မလေးဟာ အမြဲအရိုက်ခံနေရတယ် သက်တော် ၅ နှစ်ကတည်းက မင်းသမီးကြာပွတ်မှာ သခင်မလေး သွေးတွေစွန်းနေခဲ့တာအခုထိ
မင်းသမီးအသံကြားရင် ဟိုးငယ်ငယ်လေးထဲကအခုထိ တုန်နေအောင်ကြောက်တတ်တုန်းဘဲ
သခင်မလေး ဥပေက္ခာ ပြုတာကိုဘဲမြင်ကြတာ အနှိပ်စက်ခံရတာတွေဘယ်သူသိတာမှတ်လို့...
သလွန်ပေါ်ကလဲလျောင်းလျက်သားမင်းသမီးဟာ မျက်လုံးလေးတွေ မှိန်ထားရင်းအနားယူနေတယ်...
ညတာတခုကို အေးအေးချမ်းချမ်းဖြတ်သန်းချင်လို့...နန်းဆောင်ပါတင်းပေါက်တွေကိုဖွင့်ဟလိုက်ကာ မှေးစက်လိုက်တယ် မနက်ရောက်လာရင် နေထပ်ထွက်လာရင် ငါကျန်းမာနေမှဖြစ်မယ်ဆိုတဲ့ ခံယူချက်လေးတခုထဲနဲ့......
.
.
.
.
.
........"
လေတွေတဖြူးဖြူးတိုက်ခတ်နေတဲ့ကြားက အိမ်တော်ကို ခြေလျငိပြန်လာတဲ့သခင်မလေးဟာ မျက်လုံးထဲတွင်အခုချိန်ထိ ခရမ်းနုရောင်လေးကို မြင်ယောင်နေမိတုန်း မျက်နှာမှာပြုံးပန်းတွေဆင်နေတုန်းဘဲ...
အိမ်တော်တံခါးကိုအဖွင့် ကြားလိုက်ရတဲ့ခပ်တိုးတိုးအသံတေီကြောင့် ရပ်ကာနားစွင့်နေမိတယ်....
"ကိုယ်မင်းကိုချစ်မြတ်နိုးတာလေ"
"ဒါပေမယ့် ကျမတို့ကမဖြစ်နိုင်ပါဘူး သခင်လေး ကျမက ကျွန်မျိုးရိုးပါ"
"ကျွန်မျိုးရိုးဆိုတာနဲ့ ချစ်မြတ်နိုးခွင့်မရှိတော့ဘူးလား"
"ကျမတို့ ထုံးတမ်းအစဥ်အလာတွေကို မမေ့သင့်ဘူး ဒူးနေရာဒူး တော်နေရာတော်ရတယ် သခင်လေးရဲ့"
Li: မင်းတို့ဘာလုပ်နေကြတာလည်း..
အထဲဝင်လာတဲ့ သခင်မလေးကို ပြာပြာငလဲ ဂါရဝပြုပြီး ထွက်ပြေးသွားတဲ့ ဆိုမီ ဟာ တနေ့က မင်အိမ်ရှေ့စံလက်ထဲတွင်သေသွားတဲ့ အဘိုးအိုရဲ့မြေးဖြစ်သူ....
Li: ဘန်း နင်သူ့ကိုချစ်ရေးဆိုလိုက်တာလား
"အင်း"
Li:ရူးနေလား အဆင်အတန်းဘယ်လောက်ကွာလည်းဆိုတာ နင်သိရဲ့လား အမိုက်အမဲရဲ့
"ဒါဆို နင်ကော ကချေသည်ယောင်းကို ချစ်မြတ်နိုးတယ်လို့ဝန်ခံတုန်းက အဲ့အဆင့်အတန်းတွေကိုခေါင်းထဲထည့်ခဲ့လား"
Li:နင်တကယ်အဲ့အချစ်နောက်လိုက်နေမလို့လား နင့်မှာဦးနှောက်မရှိတော့ဘူးလား
"နင်ကကော ကချေသည်ယောင်းနောက်လိုက်ပြီး ဟိုးကငြင်းတော့ အိမ်တော်မှာလာငိုချိန်က ဦးနှောက်ရှိလို့လား"
တယောကိုတယောက်အချေအတင်ပြောကြရာတွင် အနာပေါ်တုတ်ကျသွားတဲ့ သခင်မလေးတယောက်ဒေါသထွက်ရချေပြီ...
Li:ဘန်း!! နင်စကားလွန်မလာနဲ့နော်!!
"ငါကအမှန်တရားကိုပြောနေတာ ငါ့ကိုဖေဖေသခင်ကြီးက မထိမ်းမြားပေးနိုင်ဘူးဆိုရင်တာင် ငါကျွန်လုပ်ပြီးသူနဲ့ဘဝကိုဖြတ်သန်းဖို့အဆင်သင့်ဘဲ မင်းလိုမင်းသမီးလက်အောက်ကမရုန်းနိုင်တဲ့ သူရဲဘောကြောင်အလုပ်မလုပ်ဘူး"
Li:ဘန်း!!!
"နင်တို့မောင်နှမတွေ ဘာဖြစ်နေကြပြန်တာလည်း"
အမတ်ကြီးထွက်ကာလာအော်တဲ့အထိ ရန်ပွဲဟာမငြိမ်းသေး သခင်မလေးဟာ ဘန်းရဲ့လည်ပင်းတဝိုက်က ဝတ်ရုံစတွေကိုစုတ်ချေပြီး...
Li: ငါရုန်းမထွက်နိုင်တာမဟုတ်ဘူး ရုန်းထွက်နိုင်တယ် ငါကနင့်လိုမိဘမဲ့မဟုတ်တော့ ငါ့ဖေဖေကိုပြန်ငဲ့နေရသေးတယ် ပြီးတော့ မင်းသမီးမှာ တွယ်တားရာဆိုလို့ငါဘဲရှိတာ အဲ့ဒါကြောင့် အဲ့ပါးစပ်က အဲ့အကြောင်းတွေထပ်ထွက်လာရင် နင့်အသက်ကိုငါအာမမခံနိုင်ဘူး
လုံးသတ်ကြမလိုဖြစ်ပြီးမှ ဝတ်ရုံသကိုဆွဲဖြုတ်ပစ်ကာ အမတ်ကြီးကိုခါးကိုင်း တောင်းပန်ကာ မနက်မိုးသောက်မှ ပေးမည့်အပြစ်ကိုခံမည်ဖြစ်ကြောင်း ပြောကာ အိမ်တော်ထဲ ဒေါသပုံထကာဝင်သွားခဲ့သည်...
ဒုန်း.ဒုန်း.ဒုန်း
အိပ်ဆောင်တံခါးကိုဖွင့်ပေးလိုက်တော့ တင်းမာနေသော ဖခင်ဖြစ်သူနဲ့အရင် ရင်ဆိုင်ရတယ် ဖေဖေက လူတမျိုး ဖြစ်တဲ့ပြဿနာကို ချက်ချင်းရှင်းတတ်တယ် နောက်တရက်အထိသယ်မသွားတတ်ဘူး...
ဧည့်ဆောင်ထဲမှာ ထိုင်နေတဲ့ ဘန်းနဲ့ဆိုမီကို မကြည်ကြည့်နဲ့ကြည့်ပြီး မိခင်ဖြစ်သူဘေးကိုဝင်ထိုင်လိုက်တယ်...
"ကဲ lili ban ပြောစမ်း ဘန်းကိုမိဘမဲ့လို့ပြောလိုက်တဲ့အကြောင်းအရင်း "
Li: ဒေါသမထိန်းနိုင်ဖြစ်သွားလို့ပါ နောက်ဆင်ခြင်ပါ့မယ် ဖေဖေ
"ပြီးတော့ဘန်း မင်းလိုသခင်မျိုးရိုးက ဒီကျွန်မိန်းကလေးကိုချစ်မြတ်နိုးတယ်"
"ကျွန်တော့်အပြစ်မလို့ ဆိုမီကိုအိမ်တော်က မောင်းမထုတ်ပါနဲ့"
"မင်း!! ဒီလိုအနိမ့်စားကျွန်တယောက်အတွက်နဲ့ မြို့စားမင်းသမီးတွေကိုငြင်းလွတ်နေတယ်ပေါ့"
"ဟုတယ် ဖေဖေသခင်ကြီး ကျွန်တော် ဆိုမီကို စမြင်တွေ့ကတည်းက အတော်ကိုနှစ်ခြိုက်သဘောကျရတာမလို့ မြို့စားမင်းသမီးမကလို့ သကြားမင်းသမီးတွေဆိုရင်တောင် ငြင်းလွတ်မှာဘဲ"
"ဘန်းဘန်း!!!"
ဆိုမီတယောက်မနေနိုင်တော့ အရင်ဒီလိုအချိန်ဆို သခင်မလေးက ကာကွယ်ပေးတတ်ပင်မယ့် ဒီတခါတော့မကာကွယ်ပေးတာမလို့ ရှေ့ကကာဆီးကပြောနေတဲ့ ဘန်းကို နောက်သို့ဆွဲရပ်ပြီး..
"တောင်းပန်ပါတယ် ban အမတ်မင်း ကျွန်မ အသိစိတ်လွတ်သွားခဲ့ပါတယ်"
"ဆိုမီက ဘာလို့တောင်းပန်တာလည်း ကျွန်တော်က အတင်းချစ်ရေးဆိုခဲ့တာကို"
"ဘန်းက စိတ်ထားဖြူစင်တဲ့ကလေး မင်းကိုသနားလို့ ဂရုဏာသက်မိတာဖြစ်မယ် တကယ်ချစ်မှာမဟုတ်တဲ့အတွက် အခု ငါ့အိမ်တော်က...."
"ဖေဖေသခင်ကြီး သနားတာနဲ့ချစ်တာကို မခွဲခြားနိုင်ရအောင် ကျွန်တော်က သုံးနှစ်သားလား"
"ကျမကဘဲကြားဖြတ်တောင်းပန်ပါတယ်အမတ်မင်း ပိုကောင်းမွန်တဲ့ မိန်းမဖြစ်အောင်နေဖိုင်ပါ့မယ် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်အတွက် အမတ်မင်းရဲ့မွေးစားသား ဘန်းကို ကျမပေးလို့ရမလား"
"တောင်းစရာမလိုပါဘူး ဆိုမီ ဖေဖေသခင်ကြီးက ပေးမလိုက်ရင်တောင် ကျွန်တော်ကရအောင်လိုက်ခဲ့မှာ"
"အတော်မွေးရကျိုးမနပ်တဲ့ကလေး အမလေး ငါ့ခေါင်း...."
ဖခင်ဖြစ်သူသွေးစောင့်တက်ကာ သလွန်ပေါ် လဲကျရတဲ့အထိ ဖြစ်သွားကာ နောက်ဆုံး သူတို့နှစ်ယောက်ကိုထိမ်းမြားပေးဖို့သဘောတူလိုက်ရတယ်...
သခင်မလေးနဲ့ သခင်လေး ဘန်းဟာတော့ မတည့်တော့ပါ....
.
.
.
.
.
.
..................."
မနက်မိုးသောက်အချိန်ယံတခု...
ဒူ.ဒူ.ဒူ
နန်းတော်က စည်ကြီးတီးခတ်တာနဲ့အချိန်တွေကိုစတင် ရည်တွက်ကြတယ် ယှဥ်ပြိုင်သူ မင်းသမီးတွေထက် ပို၍စိတ်လှုပ်ရှားနေသူ သခင်မလေးမှာ စုတ်တံကိုင်ဆောင်ထားသော လက်ချောင်းတွေပါ တုန်ရီလို့...
"Lili သေရည်မသောက်ရသေးလို့လား"
Li:ဟင်
"လက်ချောင်းတွေ တုန်နေလို့"
Li: အဆင်ပြေပါတယ်...
အချိန်သည် နာရီအနည်းငယ်သာရှိပြီး အကောင်းဆုံးသော အစားအသောက်တွေကိုပြင်ဆင်ပေးရမှာဖြစ်တယ်...အထူးခြားဆုံးသော အကောင်းမွန်ဆုံးသော ဟင်းပွဲတွေကို....
သခင်မလေး jong in မင်းသား အိမ်ရှေ့စံမင်းသမီး တို့ဟာ အမှတ်ပေးတဲ့ပုလ္လင်ပေါ်မှာထိုင်နေကြရာ သခင်မလေးလက်တွေတုန်နေလို့ မင်းသားမှမေးမြန်းခြင်း....
အိမ်ရှေ့စံမင်းသမီးဟာ ဆုံးဖြတ်ချက်ကြီးကြီးမားမားကိုချခဲ့ပြီးသား ဘယ်သူဘယ်လောက်တော်တော် ၁ မှတ်ဘဲပေးဖို့ကိုလေ....
အပြိုင်အဆိုင် မင်းသမီးတွေဟာ မီးဖိုဆောင်မှာချက်ပြုတ်နေကြတယ်...တချို့က မချက်ပြုတ်တတ်တော့ အစေခံတွေနဲ့ချက်ခိုင်းတယ် တချို့မင်းသမီးကတော့ မချက်ဘဲကိုထိုင်စားနေတယ်...ဟျွန်းမင်းသမီးကတော့ ဟင်းလျာတွေကို စိတ်ရှည်လက်ရှည်ချက်ပြုတ်နေတယ်...
ဘာဟင်းလျာမှကိုထွေထွေထူးထူး မပြင်ဆင်ခဲ့ပါဘူး သခင်မလေး အားပါးတရစားနေခဲ့တဲ့ ဝက်နံရိုးနဲ့ ပုဇွန်ရယ် ပြီးတဲ့နောက် ယိုကိတ်ကို သာပြင်ဆင်ခဲ့တယ်....
ခွီး......
ပထမမြောက်မင်းသမီးရဲ့ဟင်းလျာကိုကြည့်ပြီး မနေနိုင်စွာ မင်းသားထရယ်မိတယ်...မုန်လာဥနီနဲ့ရေနဲ့ကျိုထားတဲ့ဟင်းချိုခွက်လေး ဘာတဲ့ အမတ်မင်းဖြစ်လာရင် စာပေတွေဖတ်ရမှာမလို့ မျက်စိအားကောင်းအောင်တဲ့လေ....
မင်းသမီးဟာ ထိုတယောက်ကိုအမှတ်တောင်မပေးဘဲ ကျော်သွားတယ်...
နောက်တယောက်ရဲ့ဟင်းလျာကျတော့ မီးသွေး အရှုံးပေးရအောင်မဲတူးနေလေရော...မီးများသွားလို့ နောက်မဖြစ်စေရပါဘူးတဲ့....
နောက်ဆုံး မင်းသမီးဟျွန်းအလှည့်ရောက်တော့ အုပ်ထားတဲ့ကြာရွက်ကိုဖယ်ချလိုက်တဲ့အချိန် အငွေ့တလူလူနဲ့စားချင်စဖွယ် ဝက်နံရိုးနဲ့ ပုဇွန်ပေါင်းတွေ ယိုကိတ်လေးကောပေါ့..
Ni: ဘာကြောင့်ဒီဟင်းလျာတွေချက်ပြုတ်ရတာလည်း
"ဒါတွေက Li သခင်မလေးရဲ့ အကြိုက်နှစိသက်ဆုံး အစားတွေလို့သိရပြီး ကျတော်မျိုးမ ချက်ပြုတ်ပေးခဲ့တာကို သခင်မလေး အားပါးတရစားနေခဲ့လို့ပါ"
ဟုတ်ရဲ့လားလို့ လှည့်ကြည့်မိတော့ li ငယ်ဟာ လောကကြီးတခုလုံးမှာ ဟျွန်းမင်းသမီးနဲ့သူသာရှိသည်ဟုထင်ရ၍ ပြုံးပြနေလိုက်တာများ....
မင်းသမီးဟာ ခေါင်းသာငြိမ့်ပြပြီး အမှတ်ပေးကာ ထထွက်သွားသည်...သခင်မလေးနဲ့ မင်းသားလည်း အမှတ်ပေးကာ အသီးသီးထွက်သွားကြတယ်...
ရှုံးနိမ့်သူများပြားလွန်းပြီး အောင်မြင်သူနည်းပါးကာ ဟျွန်းမင်းသမီးသည် အောင်မြင်သူထဲပါဝင်နေခဲ့သည်...
မင်းသမီးတွေဟာများများစားစားမကျန်ရှိတော့ အနည်းငယ်မျှသာကျန်ရှိခဲ့ကြပြီး ချက်ချင်းအနားမယူရသေး စာပေတွေကိုလေ့လာနေရတယ် နက်ဖြန်ခါ ပြိုင်ရမယ့်ပြိုင်ပွဲအတွက်..
ကျမ်းစာအထူကြီးကြီပေါင်ပေါ်တင်ပြီး ငိုက်မျဥ်းနေတဲ့ ဟျွန်းဆီကို သခင်မလေးကြွမြန်သလာခဲ့တယ်.....
Li: ဝင်ပြီယင်ကောင်
အားပါပါသန်းနေတဲ့ ဟျွန်းကိုစနောက်လိုက်တော့ မျက်စောင်းတွေကိုသာပစ်ထိုးတော့တယ်....
"နင့်ကြောင့် ပြိုင်ပွဲတွေပြိုင်နေရတာ"
Li: ငါအတင်းအကြပ်မပြိုင်ခိုင်းပါဘူး နင့်သဘောနဲ့နင်လာတာလေ
"မပြောတော့ဘူး တကယ်ထဲ စွာလိုက်တာလည်းလန်နေပါရော နင့်နေရာ ဆူးလ် သာဆိုရင် အမြဲအလျော့ပေးတယ်"
Li: ဆူးလ် အနောက်နိုင်ငံရဲ့အိမ်ရှေ့စံမင်းသမီးနဲ့ နင်က
"ဒီတိုင်း မိတ်ဆွေ သူကငါ့ကိုချစ်ရေးဆိုထားတယ် အမြဲတမ်းလည်းအလျော့ပေးတယ်"
Li: သူ့ကိုပစ်ပြီး ကြင်ယာတော်ရွေးပွဲကိုလာတယ်ပေါ့ ဟျွန်း နင်ငါ့ကိုသဘောကျနေတာလား...
ရှေ့ကိုအတင်းတိုးပြီးမေးလာတာကြောင့် ငိုက်မျဥ်းနေသောစိတ်တွေတောင်ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်းမသိ တချိန်လုံးငြိမ်နေတဲ့ နှလုံးက အခုမှခုန်ပေါက်လို့နေတယ်
"ငါက...ငါက ဘာလို့.... "
Li: သိပါတယ် နင်နဲ့ငါက မိတ်ဆွေတွေဘဲ မိတ်ဆွေတွေကြားမှအချစ်မရှိဘူး..
မစခင်ကတည်းက ပြီးပျက်နေပြီဖြစ်သော ဇာတ်လမ်း.....
Li: နင်ရှုံးသွားလို့ ချင်တိုင်းပြည်ပြန်သွားရင်ဘာလုပ်မှာလည်း...
ဟျွန်းပေါင်ပေါ်က ကျမ်းစာအုပ်ကိုဆွဲယူပြီး ဘေးကပ်ထိုင်ကာမေးလိုက်တော့...
" ဆူးလ်နဲ့ထိမ်းမြားရမှာ"
Li: ကောင်းသားဘဲ ကဲ..ကျမ်းစာတွေကြည့်ရအောင်
ကျမ်းစာတွေ ရဲ့အဓိပ္ပယ်တွေကို ဘာသာပြန်ပြရင်း ဖွဲဆိုပြရင်း ညနေလေးတဖြည်းဖြည်းစောင်းလာပင်မယ့် သူတို့နှစ်ယောက်ဟာ စာလေ့လာကောင်းတုန်းပါဘဲ
Li: အဲ့ဒါကြောင့် ဒီစာကြောင်းရဲ့အဓိပ္ပယ်က...
ဘုတ်#
ပုခုံးပေါ်ခေါင်းစိုက်ကာအိပ်ပျော်သွားသူ ကိုတဖြေးဖြေးချင်းငဲ့ကြည့်လိုက်တော့ ဟျွန်းသည် တချက်လေးတောင်မလှုပ်တော့ ပင်ပန်းနေပြီထင်ပါရဲ့..
Ni: Li ငယ်လေး
Li: အိမ်ရှေ့စံမင်းသမီး
Ni: မင်းဘာလုပ်နေတာလည်း ဒါက
Li: ဟျွန်းကို ကျမ်းစာရှင်းပြ...
Ni: ဒါတွေကသူကိုယ်တိုင်လေ့လာရမယ့်ဟာတွေပါ မင်းလိုက်ပြောပြနေစရာမှမလိုတာ...
Li: ဒါပေမဲ့လည်း
Ni: အထိန်းတော်ကြီး မင်းသမီး ဟျွန်းကို သူ့နန်းဆောင်ပြန်ပို့လိုက်ပါ...
"အမိန့်တော်မြတ်အတိုင်းပါ မင်းသမီး"
အထိန်းတော်နဲ့ အစေခံတချို့ မင်းသမီးဟျွန်းကိုခေါ်သွားကြတယ် နောက်လိုက် အပျိုတော်အနည်းငယ်နဲ့ သခင်မလေးသာထိုနေရာမှကျန်တယ်...
Ni: မင်းဘာတွေလုပ်နေခဲ့တာလည်း li ငယ်
Li: ဘာတွေများလုပ်နေမိလို့လည်းမင်းသမီးရယ်
Ni: မင်းသူ့ကိုကြင်နာပြနေတယ်မလား ကချေသည်ကိုကြင်နာလိုက် သူ့ကိုကြင်နာလိုက်နဲ့ မင်းမှာအကြင်နာတရားအရမ်းများပြားနေသလား
Li: မင်းသမီး ကျမအပေါ်အရမ်းမချုပ်ချယ်ပါနဲ့...
Ni: ချုပ်ချယ်နေတာမဟုတ်ဘူး မင်း တို့ရင်တွေကိုခွဲနေတာ.....
မင်းသမီးဟာ မျက်ရည်တွေပြည့်ကျပ်လွန်းပါသော မျက်ဝန်းတွေနဲ့ပြောလာတဲ့အခါ သခင်မလေး မင်းသမီးမျက်နှာတော်နဲ့ရင်မဆိုင်ရဲဘူး အကြည့်တွေကိုရှောင်နေလိုက်တယ်....
ကြောက်တာမဟုတ်ဘူး နာတာ ဟိုးရင်ဘတ်အထဲထဲကနေ နာနေတာ အဲ့မျက်ဝန်းတချက်ကလေ လက်ဖျားတွေတုန်လာပြီး မတ်မတ်တောင်မရပ်နိုင်လောက်အောင် ဆူးနစ်နေအောင်နာနေခဲ့တာ....
ဒါပထမဆုံးအကြိမ်မဟုတ်ဘူး ယောင်းကိုဖွင့်ပြောမိလို့ အရိုက်နှက်ခံရတုန်းက မင်းသမီးငိုတုန်းကလည်းထိုနည်းလည်းကောင်း နာကျင်နေခဲ့တာ အရိုက်ခံထားရလို့ဆိုပြီးဖြည့်တွေးခဲ့ပင်မယ့် အခုကကော.....
Li: မင်း...သ..မီး
Ni: မင်းကိုချစ်နေတဲ့ငါ့ကို ညှင်းပန်းရတာ ပျော်ရွှင်ဖို့ကောင်းနေခဲ့တာလား li ငယ်...ဟင် ဖြေလေ...
မင်းသမီးက ရှေ့တလှမ်းတိုးလာရင် သခင်မလေးက နောက်တလှမ်းဆုတ်တယ် ဘယ်လိုရှုရှု အသက်ရှုတွေမဝတော့ဘူး ဒူးတွေလည်းမခိုင်တော့ဘူး...
Li: မ...လာ.. ပါ..နဲ့
Ni: မင်းနာမကျန်းဖြစ်နေခဲ့တာလား li ငယ်...
Li: မဟုတ်ဘူး...မင်းသမီး ဟို...ဖေဖေက မနေ့က သွေးစောင့်တက်ထားတာမလို့ အိမ်တော်အစောပြန်ခွင့်ပြုပါ...
မင်းသမီးမေးတဲ့မေးခွန်းကိုလည်းမဖြေနိုင် အိမ်တော်ကိုသာ ပြန်လာမ်တယ်....ဖြောင့်ချက်ပေးဖို့လိုအပ်တယ်
(Lili ဟာ သူ့ရဲ့မသိစိတ်က မင်းသမီးကိုသွယ်တာနေခဲ့တာကို အခုအချိန်ထိ မသိရှိသေးပါဘူး သိဖို့လည်းမကြိုးစားခဲ့ပါဘူး)
အိမ်တော်ထဲကို ဝင်လာတာနဲ့ ဥယဥ်ထဲ လမ်းလျှောက်ဆင်းနေကြတဲ့ ကြင်စဦးမောင်နှံနှစ်ယောက် အခြားအတွေးမရှိပါနဲ့ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားလုပ်ပေးလိုက်ရင် အမတ်မင်းသိက္ခာကျမည်ဆိုး၍ ညတွင်းချင်း တရားရေးမှူးကိုခေါ်ဆိုပြီး ထိမ်းမြားပေးလိုက်ခြင်းဖြစ်သည်...
အိမ်တော်ထဲဝင်လာတဲ့ သခင်မလေးကို ဘန်းဟာ မျက်စိတဆုံးလိုက်ကြည့်နေသည် ရန်သတ်ထားကြပြီးကတည်းက တယောက်နဲ့တယောက် စကားစမပြောဖြစ်ကြတော့တာကြောင့် ကြည့်သာကြည့်နေကြတယ်...
Li: မေမေ...
အဟွတ်...အဟွတ်
အခုသလော မိခင်ဖြစ်သူရဲ့ကျန်းမာရေးဟာအတော်ကိုဆိုးရွားလာခဲ့ပါတယ် ချောင်းတွေဆိုးလာကာ တခါတခါ သွေးတွေပါပါလာတတ်ပြီး အသားအရည်တွေဟာလည်း ဖြူဖျော့ဖျော့သာရှိတော့သည်...
Li: မေမေ ကျန်းမာရေးက သိပ်ပြီးမချောမွေ့သလိုလဲ
"ငါလည်း ဂျိုဆွန်းတတိုင်းပြည်လုံးက သမားတော်တွေကို ပိုက်စပ်ရှာနေတာဘဲ ဒါပေမဲ့"
ဒါပေမဲ့ဆိုတဲ့စကားမှာ ဖခင်ဖြစ်သူကိုမျှော်လင့်တကြီးလှမ်းကြည့်လိုက်တော့ ခေါင်းတွေကိုအသွင်သွင်ခါပြတယ်...ဘာသဘောကိုဆောင်တာလည်း မရတော့ဘူးပေါ့ မကယ်နိုင်တော့ဘူးပေါ့...
"ဝမ်းမနည်းပါနဲ့...မေမေက ဒီလောက်နေရတာနဲ့တင်ပျော်ရွှင်နေပြီ သမီးလေး ကြင်ယာတော်မြှောက်ပြီးတဲ့အထိ အသက်ရှင်နေဦးမှာ"
မိခင်ဖြစ်သူရဲ့လက်တွေကို ထပ်ဖွဖွစုပ်ကိုင်ထားလိုက်ရင်း နဖူးစည်းအဖြူကြီးနဲ့ အမတ်ကြီးကိုလှမ်း
ကြည့်နေတဲ့ သခင်မလေး...
Li: ဖေဖေ
"ဘာများလည်း"
Li: ရင်ဘတ်ထဲမှာလေ ဆူးဆူးပြီးအောင့်နေတာ...
"ရောဂါနောက်တမျိုးများလား"
သခင်မလေးဟာ အမတ်ကြီးဆီကကော အမတ်မင်းကတော် ဆီကကော ရောဂါတွေအမွေဆက်ခံထားတာမလို့ အမြဲချူချာကာ တရှောင်ရှောင်ဖြင့် နာမကျန်းဖြစ်နေတတ်တယ်...အခုလည်း ရင်ဘတ်ထဲဆူးပြန်ပြီဆို၍ အမတ်မင်းစိတ်ပူနေခြင်း...
"ဘယ်လိုအချိန်တွေမှာဖြစ်တတ်လည်း "
လူတယောက်က မျက်ရည်တွေ
ပြည့်နေတဲ့မျက်ဝန်းနဲ့ကြည့်တဲ့အခါထွက်မသွားဖို့ မျက်ဝန်းတွေနဲ့တားနေတဲ့အခါ စူးစူးနစ်နစ်ကိုနာနေတာလို့ ဖခင်ဖြစ်သူကိုပြောလိုက်လို့မဖြစ်...
မင်းသားပြောတဲ့အတိုင်း မင်းသမီးမျက်ဝန်းတွေကိုစိုက်စိုက်မြိုက်မြိုက် နှစ်ကြိမ်သာ ကြည့်ခဲ့ဖူးပင်မယ့် နှစ်ကြိမ်လုံး ဆူးအောင့်နေအောင် နာနေရတဲ့ ရင်ဘတ်ကြီး...
Li: ဒီတိုင်း အသက်ဘယ်လောက်ရှုရှု မဝတော့ဘဲ ရင်ဘတ်ထဲကဘဲ ဆူးနေခဲ့တာ ဂျိုဆွန်းအတော်ဆုံးသမားတော်ခေါ်ပေးပါ ဖေဖေ
"ကောင်းပါပြီ"
(အခုချိန်ထိ ရောဂါလက္ခဏာလို့မြင်နေသေးတာကိုကြည့်ပါ)
ညသန်းခေါင်ယံအချိန်ရောက်နေသော်လည်း အိပ်စက်ကမရနေတာကြောင့် ပါတင်းပေါက်ကိုကျယ်ပြန့်နေအောင်ဖွင့်ပြီး လေညှင်းခံနေလိုက်တယ်....
လေပူတချို့ကိုမှုတ်ထုတ်ပြီး နှလုံးသားရှိရာကိုလက်နဲ့စမ်းကြည့်တော့ ပုံမှန်အတိုင်းခုန်နေခဲ့တာ ဒါပေမဲ့ မင်းသမီးပုံရိပ်ကို မျက်လုံထဲမြင်တိုင်း အသက်ရှုမရဖြစ်တာကို ဝေဒနာတခု လိုသာသတ်မှတ်ထားခဲ့တယ်...
.
.
.
.
.............."
"အိမ်ရှေ့စံမင်းသမီး"
လှည့်ကြည့်လာသော မျက်လုံးလေးတွေ မထိတထိအပြုံးသေးသေးလေးတွေကို သဘောကျသောသူတွေဟာအတော်ကိုများပြားလွန်းသည်....
Ni: li ငယ်လေး ဒီကိုဘယ်လိုသိပြီး..
Li: အဲ့ဒါတွေမေးမနေပါနဲ့ ထိုင်
ဘေးကမြက်ခင်းစိမ်းစိမ်းတွေအပေါ်ထိုင်ချဖို့ လက်လေးနဲ့ပုဒ်ပြပြီးတောင်းဆိုတာကြောင့် အလိုက်တသိမင်းသမီးထိုင်ချလိုက်မိသည်....
Ni: ဘာတွေလည်း
Li: ဆန်မုန့်တွေလေ ကြိုက်တယ်မလား အဲ့ဒါကြောင့် မေမေမသိအောင် မီးဖိုဆောင်ကနေ ခိုးယူလာခဲ့တာ အဟ....
ပိုးသားလေးတွေနဲ့ထုတ်ထားတဲ့ ဆန်မှုန့်လေးတွေကို အစီအရီ ဖြည်ချပြီးတဲ့နောက် အဖြူရောင်ဆန်
မှုန့်လေးကိုယူပြီး နှစ်ခြမ်းဖဲ့ကာ မင်းသမီးကိုခွံကျွေးလိုက်တော့..မင်းသမီးကပြုံးရယ်ပြီး စားလိုက်တယ်...
Li: မင်းသမီး
Ni: ပြောလေ li ငယ်လေး
သခင်မလေးဟာ သူ့ပုခုံးပေါ်မှီချပေးဖို့ လက်အမူအရာလေးဖြင့် ပြလာခဲ့တာကြောင့် မင်းသမီးဟာ သခင်မလေးပုခုံးပေါ်မှီချလိုက်တော် သခင်မလေးက မင်းသမီးဆံနွယ်တွေကို ခပ်ဖွဖွနမ်းတယ်...
Li: မင်းသမီး
Ni: ပြောလေ
Li: ကျွန်မကို ချစ်ရဲ့လား
Ni: တို့ပြုလုပ်ခဲ့သမျှအရာတွေ ချခဲ့သမျှအမိန့်တွေဟာ မင်းကိုချစ်လွန်းလို့လုပ်ခဲ့တာတွေကြီးဘဲ
Li: မင်းသမီး
Ni: မင်းကိုတို့အသက်ထက်ပိုချစ်တယ်ဆိုတာကို ယုံမယ်မလား
ပုခုံးပေါ်က နေထကာပြောလာတဲ့စကားတွေကို သခင်မလေးဟာ ပြုံးပြုံးကြီး ကြည့်လာကာ မင်းသမီးဆံနွယ်တွေကို လက်နဲ့ပွတ်သပ်ပေးရင်း...ပြုံးနေတယ်..
ဒီနေရာမှာ သစ်ပင်ကြီးတပင်ရှိတယ် ရေကန်ကြီးတကန်ရယ် မြက်ခင်းစိမ်းတွေရှိတယ် ဘယ်သူမှမရှိဘူး တိမ်တွေဟာနေရာအနှံ့မှာဘဲ...
Li: ကျမလည်း မင်းသမီးကို........
ဆက်ပြောလာမယ့်စကားလုံးတွေကို မျှော်လင့်တကြီးနားစွင့်နေရာမှာ ခပ်သေးသေးအသံလေးဟာ သူတို့နှစ်ဦးကြားဝင်ရောက်လာခဲ့တယ်...
ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ ဓားဟာမင်းသမီးလက်ထဲမှာ မင်းသမီးဟာထိုဓားကိုဘဲကျစ်ကျစ်ပါအောင်ဆွဲကိုင်ထားပြီး အနီရဲရောင်ဖြစ်တည်မူလေးကို စူးစိုက်ကြည့်နေတယ်...
Li ငယ်ဟာ ချက်ချင်းသူမအနားကိုပြေးသွားတယ် သူမဘယ်လိုခေါ်ခေါ်ပြန်မလာတော့ဘူး....
Ni: မသွားပါနဲ့....မသွားပါနဲ့..liငယ်လေး...တို့ကိုတယောက်တည်းမထားခဲ့ပါနဲ့...
"မင်းသမီး သတိထားတော်မူပါဦး မင်းသမီး"
မင်းသမီးဟာ ချွေးတွေဖြင့်တကိုယ်လုံးနစ်နေပြီး အသက်ကိုဝအောင်ရှုနေရတယ် ဘယ်အချိန်ကတည်းက ကျနေမှန်းမသိတဲ့ မျက်ရည်တွေပါ ပါးပြင်ပေါ်စီးကျလို့...
အိပ်မက်ဘဲ အတော်သာယာနေတဲ့အိပ်မက်ကို လာဖျက်ဆီးတဲ့ အနီရောင်ဖြစ်တည်မူကို မင်းသမီးသည် ထိုနေ့မှစ အမုန်းကြီးမုန်းနေခဲ့သည်....
အဲ့အနီရောင်ဖြစ်တည်မူကိုကျွန်တော်က ယောင်းလို့ နာမည်ပေးရင် ခင်ဗျားတို့ဘယ်လိုသဘောရလည်း....
.
.
.
.
.
.
.
.
##$%%%#%%#$%#
Ep.23 is coming soon.
_______________________
###################
Zawgyi #
"ဟုတ်ကဲ့.............."
"ဟုတ်ကဲ့"
.
.
.
.
.
........"
"အင်း"
Li:ဘန်း!!!
ဒုန်း.ဒုန်း.ဒုန်း
"ဘန်းဘန်း!!!"
.
.
.
.
.
.
..................."
ဒူ.ဒူ.ဒူ
Li:ဟင်
Li: အဆင်ပြေပါတယ်...
ခွီး......
Li: ဝင်ပြီယင်ကောင်
"ငါက...ငါက ဘာလို့.... "
ဘုတ်#
Ni: Li ငယ်လေး
Li: ဒါပေမဲ့လည်း
Li: မင်း...သ..မီး
Li: မ...လာ.. ပါ..နဲ့
Li: မေမေ...
အဟွတ်...အဟွတ်
ကြည့်နေတဲ့ သခင်မလေး...
Li: ဖေဖေ
"ဘာများလည်း"
လူတယောက်က မျက်ရည်တွေ
"ကောင်းပါပြီ"
.
.
.
.
.............."
"အိမ်ရှေ့စံမင်းသမီး"
Ni: ဘာတွေလည်း
Li: မင်းသမီး
Ni: ပြောလေ li ငယ်လေး
Li: မင်းသမီး
Ni: ပြောလေ
Li: မင်းသမီး
.
.
.
.
.
.
.
.
##$%%%#%%#$%#
Ep.23 is coming soon.