Last Tear (Season 1)

By Myatminthant0

67.1K 5.8K 1K

အချစ်က အတ္တဆန်တဲ့အခါ..... နှလုံးသားက ရက်ရက်စက်စက် ဆုတောင်းပစ်ခဲ့တယ်..... Zawgyi # အခ်စ္က အတၱဆန္တဲ့အခါ..... ႏွ... More

Intro
Ep.1
Ep.2
Ep.3
Ep.4
Ep.5
Ep.6
Ep.7
Ep.8
Ep.9
Ep.10
Ep.11
Ep.12
Ep.13
Ep.14
Ep.15
Ep.16
Ep.17
Ep.18
Ep.19
Ep.21
Ep.22
Ep.23
Ep.24
Ep.25
Ep.26
Ep.27
Ep.28
Ep.29
Ep.30
Ep.31
Ep.32
Ep.33 (final Ep)
Note ❤
Season 2 😉

Ep.20

1.4K 147 25
By Myatminthant0

ဒူ.ဒူ.ဒူ.

"အမိန့်စာ နာခံစေ"

ဒူ.

"တိုင်းပြည်ရဲ့ မင်းသမီး ဟျွန်းသည်အတော်ကိုလှပတင့်တယ်သော အဆင်းအလှရှိတာမလို့ ဂျိုဆွန်းနိုင်ငံတော်ရဲ့ပညာရှိအမတ်လောင်း ၏ကြင်ယာတော် ရွေးချယ်ပွဲသို့ တက်ရောက်ပေးပါရန် ဂျိုဆွန်းဘုရင် jane မှ လေးစားစွာဖိတ်ကြားအပ်ပါသည်  "

ဤသို့သောဖိတ်ကြားလွှာတွေသည်   နိုင်ငံအရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့လေပြီ မလို့ ဂျိုဆွန်းပြည်တွင် မြင်းလှည်းများ ဝေါယဉ်များ တန်းစီလို့နေလေပြီ..

တချို့သောမင်းသမီးတွေဟာ ပြိုင်ပွဲတိုင်းဟာအိမ်ရှေစံမင်းသမီး လက်အောက်တွင်ရှိတာမလို့ ကြားထားရတဲ့ကောလဟညလတွေအရ ရောက်အလာရဲခဲ့ကြ....တချို့သောမင်းသမီးတွေကတော့ အမိန့်စာကိုတောင်နားမထေညင် li သခင်မလေးရဲ့အဆင်းကြောင့် ရောက်ရှိလာကြသည်....

ဝဝဖြိုးဖြိုးဖြင့်  မင်းသမီးတွေလည်းရှိသလို အသက်ကြီးပြီး မစွန်သေး တဲ့ မင်းသမီးတွေကောပါဝင်နေသည်  ...ထိုနေရာတွေကြားမှာ  ညှပ်ကာပါလာတဲ့ မင်းသမီးချောချောလေးတွေလည်းပါလာပြန်ကော...

ထိုပွဲကြီး ကိုစိတဝင်တစား လသာဆောင်ကနေ ကြည့်နေသူမင်းသမီးကတော့ ပုလ္လင်ပေါ်မှာ မှိတ်မှတ်ကြီးထိုင်ကာ ဝဝကြီးတွေ တွေ့ရင်ရယ်လိုက် အသက်ကြီးကြီး တွေမြင်ရင် ရယ်လိုက်နဲ့ သဘောတွေကျနေလေရဲ့

တဖက်ကသခင်မလေးဟာ ထိုပွဲကြီး ကိုစိတ်ဝင်စားခြင်းတောင်မရှိခဲ့....တလက်စထဲ jong in မင်းသားအတွက်ပါ ကြင်ယာတော်ရွေးချယ်မည်မို့လို့နှစ်ယောက်ယှဉ်ကာ ပုလ္လင်ပေါ်ထိုင်နေရာမှ သခင်မလေးဟာ သန်းနေရလောက်တဲ့အထိ ထိုပွဲကြီးကို စိတ်မဝင်စားမိ.....

ဖခင်ဖြစ်သူက အံကိုကြိတ်ကာ မျက်လုံးပြူးပြမှ မင်းသားနောက်ကိုထ၍လိုက်သွားရှာသည်....

Li:မင်းသား...ဘာအကြောင်းကြောင့် ရွေးချယ်ရတာလည်း

"ကိုယ်သဘောကျတဲ့ မင်းသမီးကိုရွေးချယ်ရတာလေ"

Li:ပြိုင်ပွဲမှာ အနိုင်ရမယ့် မင်းသမီးကိုလက်ဆက်ရမှာမဟုတ်ဘူးလား ဘာကြောင့် ရွေးချယ်ရတာလည်း

"ဒီထဲက lili သဘောကျတဲ့တယောက်ကိုရွေး ချယ်လိုက် အဲ့တယောက်ကို lili မှာကာကွယ်ပေး ခွင့်ရှိတယ် သင်ကြားပေးခွင့်ရှိတယ် အကယ်၍ သူကအသက်အန္တရယ်ရယ်ကြားကျရောက်နေချိန် lili ကကြားဝင် ကာကွယ်ပေးခဲ့ရင် ပြိုင်ပွဲကိုရပ်တန့်ပေးရတယ်..ဒါက ဂျိုဆွန်းပြည်က ကြင်ယာတော်ရွေးချယ်ပွဲရဲ့ စည်းကမ်းချက်..."

ခေါင်းတငြိမ့်ငြိမ့်ဖြင့် မင်းသမီးတွေကြားရောနှောလိုက်ကြည့်ရင်း တနေရာအရောက်မှာရပ်တန့်သွားသည့် သခင်မလေး အဆင်းလှပလွန်းသူ ခပ်အေးအေးမျက်လုံးတွေနဲ့ သးူ့အားတရင်းတနှင်းပြုံးပြနေသူဆီသို့ တလှမ်းချင်းလှမ်းလာပေးရင်း သူမရှေ့လက်ဖဝါးဖြန့်ကာ......
 
Li:ကိုယ့်ရဲ့ ရွေးချယ်မှုလေးဖြစ်ပေး နိုင်မလား

"သခင်မလေးအတွက်ဆိုရင်အဆင်သင့်ပါဘဲ"

Li သခင်မလေးဟာ မင်းသမီး
ဟျွန်း ကိုခေါ်ပြီး ဘုရင်ရှေ့တော်မှောက်ကိုခေါ်လာချိန် ဘေးကမင်းသားဟာလည်း ရွေးချယ်ပြီးနေပါပြီ မင်းသားရွေးချယ်ထားတဲ့သူက မင်းသမီးသာပြောတယ် ဖြဲကားပြီး ယောကျာ်းသားလိုရပ်နေတာကြောင့် အတော်ကြာ စိုက်ကြည့်နေမိတယ်

Ni:အဲ့ဒါ ဘယ်သူလည်း...li ငယ်လေးရဲ့ဘေးမှာရပ်နေတာ ဘယ်တိုင်းပြည်က မင်းသမီးလည်း..

"ချင်တိုင်းပြည် ကပါ မင်းသမီးဟျွန်း လို့အမည်တွင်ပါတယ် အိမ်ရှေ့စံမင်းသမီး"

Ni: ဟျွန်း ချင်တိုင်းပြည်..... သူက...သူက li ငယ်လေးကိုနမ်းသွားတဲ့တယောက်မလား...ချင်တိုင်းပြည်ရဲ့ မင်းသမီး

မင်းသမီးဟာစိုးရိမ်ပူပန်မှု​တွေနဲ့ လသာဆောင်ကနေပြေးဆင်းလာတယ်   လွန်ခဲ့သော ၅ နှစ်က li ငယ်ရဲ့ပါးကို နမ်းပြီး ထွက်ပြေးသွားတဲ့သူက ဒီပြိုင်ပွဲကိုဝင်ပြိုင်မယ်တဲ့ လား ပွဲအခမ်းအနားလည်းပြီးသွားပြီမလို့ ခပ်မြန်မြန်ပြေးလာမိတယ်.....

ကန်တော်မှာ ကြာပန်းတွေကိုကြည့်နေတဲ့ပုံရိပ်ငယ်ကိုတွေ့တော့မှဘဲ စိတ်ချနိုင်တော့တယ် သူ့အမည်ကိုခေါ်ဖို့ ဟန်ပြင်လိုက်ချိန်မှာ.....

"Lili"

Li ငယ်အနားရောက်လာတဲ့သူမ....
Liငယ်ဟာတခုသော ကချေသည်ကြောင့်နဲ့တောင် မင်းသမီးကိုတဦးတည်းတော်လှန်နေပါတယ်ဆိုမှ သူကပါရောက်လာရ​င်တော့ မင်းသမီးမှာပြိုင်ဖက်များရရှာပြီ  ဒါငါ့အပိုင်မထိနဲ့လို့ပြောရအောင် li ငယ်ဟာအရင်ကလိုသူမအမိန့်ကိုရိုကျိုးစွာနာခံတဲ့သူတယောက်မဟုတ်တော့ ဗြာများရပြန်ပြီ မင်းသမီးရယ်....

အထူးသဖြင့် အိမ်ရှေ့စံမင်းသမီးရဲ့ရှေ့မှောက်တွင် တခါတောင်မပြုံး ဖူးသောအပြုံးတွေဟာ လူတိုင်းအတွက် လွယ်ကူစွာ​ဖြစ်တည်လာတတ်သော အပြုံး တခုဖြစ်နေခဲ့သည် မင်းသမီးသည် ဤအရာကို အခံပြင်း ဆုံးဖြစ်သည်...

မင်းသမီးရဲ့မိုက်ရူးရဲဆန်မှု​တွေဟာ အဆုံးသတ်မလှလောက်ဘူးဆိုတာကို ထိုစဉ်ကတည်းက သိထားခဲ့သင့်သည်.....

"Lili"

ခေါ်သံကြောင့်ကြည့်လိုက်တော့ ချင်တိုင်းပြည်ရဲ့မင်းသမီး ဖြစ်နေတာမလို့ အလိုက်သင့်ပြုံးပြလိုက်တဲ့အခါ ပြေးဖက်လာတာကြောင့် ယောင်ယောင်မှားမှားဖြင့် ပြန်ဖက်မိသွားသေးသည်...

Li:မင်းသမီး

"ရား ဘာကိုမင်းသမီးလည်း နင်ငါ့ကိုမမှတ်မိဘူးလား"

Li:ဆက်ပြီးဖက်တွယ်ထားမယ်ဆိုရင် အသက်ရှုကျပ်လာတော့မှာဘဲ...

ပြောခါမှ တင်းတင်းကြပ်ကြပ်ဖက်ထားတာကိုလွတ်ပေးပြီး မျက်နှာချင်းဆိုင်ရပ်ဝန်းက ပြုံးယဲ့ယဲ့ မိန်းမပျိုလေးကို သခင်မလေးဟာ လုံးလုံးမသိ...

"ငါပါ...ဟျွန်း"

Li:ဟျွန်း..ဟုတ်တယ်လေ မင်းသမီးရဲ့ အမည်က ဟျွန်းဘဲကို..

ရှေ့ကမင်းသမီးဟာစိတ်မရှည်သည့်ပုံဖြင့် လည်တိုင်ကိုဖက်သွယ်ကာ ပါးပြင်သို့နူးညံ့သောအနမ်းတပွင့်ချွေလိုက်တယ်...

သစ်ပင်အကွယ်က မင်းသမီးဟာ ဝတ်ရုံကိုသာကျစ်ကျစ်ပါအောင်စုပ်ကိုင်ထားတယ်...

"မှတ်မိပြီလား"

"ငါတို့ အဆွေခင်ပွန်းဖြစ်ခွင့်ရှိမလား"

နှင်းဆီဖြူလေးကိုင်ပြီး သူ့ကိုအလှဆုံးပြုံးပြနေတဲ့ မိန်းမငယ်လေးက မင်းသမီးတဲ့လား...

Li:အာ...အဲ့ဒါမင်းသမီးဖြစ်နေခဲ့တာလား

"ရိုရိုသေသေဆက်ဆံမနေနဲ့ ပေါ့ပေါ့ပါးပါးဘဲဆက်ဆံစမ်းပါ "

Li: ဒါဆို ဘယ်လိုဆက်ဆံရမလည်း နှင်းဆီဖြူ အပုလေး

"ငါ့လိုမင်းသမီးကိုများအပုလေးတဲ့"

Li:ငယ်ငယ်ကတည်းက အခုချိန်ထိ ငါ့ထက်ပုနေတာဘဲမလား

"နင်..."

ဝတ်ရုံစဆွဲပြီး သခင်မလေးကိုလိုက်ရိုက်နေတဲ့ မင်းသမီး ကြည်ကြည်နူးနူးကိုပတ်ပြေးကာ ဆော့ကစားနေကြတာ ကလေးငယ်လေးတွေလို...

တယောက်တည်းဝမ်းနည်း တယောက်တည်း အမျက်တွေထွက်နေသည့် သစ်ပင်အကွယ်က မင်းသမီးကိုတော့ ဘယ်သူမှမမြင်ကြဘူး...

အဲ့လိုဘဲ ကန်တော်တံတားကနေ မင်းသမီးငိုနေတာကို ကြေကွဲစွာ
ကြည့်နေတဲ့ မိန်းမပျိုလေးကလည်းရှိနေခဲ့တယ်...ဘယ်သူမှ သတိမထားမိခဲ့ကြပါဘူး...

တချိန်တည်းမှာ ပျော်ရွှင်နေတဲ့လူသားနှစ်ဦးနဲ့
တချိန်တည်းမှာ ရင်နင့်နေအောင် ငိုနေတဲ့ မိန်းမငယ်နှစ်ဦး..

ဘယ်ဟာကအချစ် ဘယ်ဟာကအမုန်း ဘယ်ဟာကတဖတ်သတ် ဘယ်ဟာက ငယ်သံယောဇဉ်ဆိုတာမခွဲခြားနိုင်တော့ဘူး

အချစ်ဟူသည် ဤရှုပ်ထွေးသောပတ်သပ်ဆက်နွယ်မှုကြားမှာ မည်သို့သော သဘောကိုဆောင်
ကျဉ်းမည်နည်း.....

(ဒီမေးခွန်းအတွက်အဖြေကို တစုံ​တယောက်ဖြေကြားပေးဖို့လိုအပ်၏)

................"

"အိမ်ရှေ့စံမင်းသမီး"

အထိန်းတော်ရဲ့ခေါ်သံ နားထဲတွင်ကြားရသလိုလို မကြားရသလိုလို ကိုယ်မဟုတ်တဲ့ တခြားလူကို ကြင်နာနေခြင်းသည် ရင်ထဲကိုစို့နင့်နင့်ဖြင့် ခံစားဖူးသူတိုင်းသိကြပါ
လိမ့်မည်....

Ni:ငါ..... ငါဘယ်လိုလုပ်ရမလည်း

"မင်းသမီး"

အထိန်းတော်ခြေရင်းက ဝတ်ရုံစကိုအားပါပါစုပ်ချေလိုက်ပြီး ဝမ်းနည်းမှုတွေ အောင့်သက်သက်နာကျင်မှုတွေကို အော်ဟစ်ငိုကြွေးခြင်းဖြင့် ကုစားပစ်လိုက်တယ်...ထိုကန်တော်ဘက်မှာ အစေခံတွေသိပ်မရှိဘူး...

Ni:ငါ...ငါ တကယ်ဘယ်လိုလုပ်ရပါ့မလည်း အထိန်းတော်ကြီးရယ်...ငါ့ထက်ငယ်လို့ ချစ်စရာကောင်းတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် ညီမတော်တယောက်လိုသဘောထားတယ်ထင်ခဲ့ပင်မယ့်...အချစ်ဖြစ်နေခဲ့တယ်...

"သိက္ခာကိုထိန်းပါအုန်းမင်းသမီး"

Ni:ငါ..တကယ် ဒီနေရာကနေ ဓါးနဲ့ထိုးနေသလိုနာနေတယ် ဘယ်လိုမှမတတ်နိုင်ဘူးဖြစ်နေတယ်...ငါကသူ့ကိုတကယ်ချစ်နေခဲ့တာဘဲ...

"မင်းသမီး"

ရင်ဘတ်ကိုပုပ်ပုပ်ပြပြီး အော်ငိုနေတဲ့မင်းသမီးအငိုတိတ်စေရန် ထွေးပွေ့ပေးထားလိုက်တယ်...

" သူသိမှာပါ မင်းသမီးလေး သခင်မလေးက မင်းသမီးရဲ့အချစ်ကိုမြင်မှာပါ.."

Ni:သူ...သူမမြင်ဘူး ငါမဟုတ်တဲ့လူတိုင်းကိုအမြဲပြုံးရယ်ပြတယ်...ကချေသည်အပြင် ဒီမင်းသမီးပါပါလာခဲ့ပြီ...ငါ...

ရှိုက်သံတသဲသဲဖြင့် သတိလစ်သွားတဲ့မင်းသမီးဟာအထိန်းတော်ရင်ခွင်ထဲမှာ စစ်သည်တွေဖြင့် သယ်ပိုးခိုင်းကာ နန်းဆောင်သို့ပင့်ဆောင်လာခဲ့ရတယ်....သူအတော်ပင်ပန်းသွားခဲ့ပြီ...

ကိုယ့်ကိုယ်ကိုယ် သိပ်မယုံကြည်စမ်းနဲ့ li ငယ်ရာ...
တို့က မင်းအပေါ်ချည်နှောင်နေသလိုမျိုး မင်းက အဲ့ကချေသည်မလေးကို မင်းသမီးဟျွန်းကို မချည်နှောင်နိုင်ပါဘူးလို့ မည်သူကများတက်အပ်ပြောနိုင်မှာလည်း...
ကိုယ်ချင်းစာတရားဆိုတာ သိပ်အရေးပါတယ်
တို့ဝဍ်တွေကို မင်းမလည်နိုင်ပါဘူးလို့ မင်းပြောနိုင်လို့လား li ငယ်လေး........။

ဒီဘဝမှာတို့ကဘဲချစ်ရ တို့ကဘဲ ငိုကြွေးရပင်မယ့် နောင်ဘဝများမှာတော့ တို့ကမချစ်ဘူးလို့ငြီးလိုက်တာနဲ့သမားတော်ဆေးကုသမှုခံယူရသူဟာမင်းဘဲဖြစ်ရပါစေ....

"သမီးတော် ဘယ်လိုအခြေအနေရှိပါသလဲ သမားတော်"

မယ်မယ်မိဖုရားခေါင်ကြီးဟာ မေ့မျောနေသော မင်းသမီးလေးရဲ့ ဆံနွယ်တွေကိုပွတ်သပ်ပေးရင်း သမားတော်အားမေးခွန်းစမေးတယ်...

"မင်းသမီးက နှလုံးနဲ့ပတ်သပ်တဲ့ တိုက်ခိုက်မှုတခုကိုခံစားနေရတာပါ မိဖုရားကြီး အခုချိန်ခါမှာ စိတ်တော်အငြိုးမခံပါနဲ့"

ဆေးတွေစီစဉ်ပေးပြီးနောက် သမားတော်ဟာ ထွက်သွားတယ်...

"ကဲပြောစမ်း အထိန်းတော်ကြီး မင်းသမီးမျက်ရည်မြေခရတဲ့အကြောင်းအရင်း"

"ဟို...ဟို"

"အို..,တဟိုဟို..တဟီဟီလုပ်မနေနဲ့ ငါ့သမီးတော် ဒီလိုဖြစ်ရတဲ့အကြောင်းကို လာလျှောက်တင်ကတည်းက LiLi Ban ကိုအမှုန့်ကြိတ်ချင်နေတာ အတည်ပြုချင်လို့မေးနေတာ အမှန်အတိုင်းဖြေပါ အထိန်းတော်ကြီး"

"Li သခင်မလေး ကြင်ယာတော်ထားမည်ဆိုတဲ့သတင်းကြားကတည်းက ဒီလိုဖြစ်နေခဲ့တာပါ မိဖုရားကြီး"

"LiLi Ban ကြင်ယာတော်ထားတာနဲ့ ငါ့သမီးတော် သတိမေ့........မင်းသမီးက အဲ့တယောက်ကို ချစ်ကျွမ်းဝင်နေခဲ့တာလား"

"ဟုတ်...ဟုတ်ကဲ့ မယ်မယ်"

"တော်ဝင်မင်းသမီးတပါးဖြစိပါလျက် ဘယ်လိုမိုက်မဲတဲ့လမ်းကိုရွေးချယ်ပစ်ခဲ့ရတာလည်း ဒီလိုဖြစ်နေတာ အရှင်သာသိရင် အိမ်ရှေ့စံရာထူးပြန်ရုတ်သိမ်းမှာဧကန်ဘဲ မဖြစ်စေရဘူး ထီးနန်းကိုတော့ပြန်ရုတ်သိမ်းခွင့်မပေးနိုင်ဘူး အဲ့အစား NiNi Ruby Jane ကိုသာအ
ကျဉ်းချပစ်မယ်... "
.
.
.
............"
သခင်မ...သခင်မကငိုနေခဲ့တယ် ဘာအကြောက်းကြောင့်များဝမ်းနည်းပက်လပ်အော်ငိုနေခဲ့ရတာလည်း သခင်မရယ်လို့ ပါးပြင်ပေါ်က မျက်ရည်ဥလေးတွေကို ညင်ညင်သာသာ ဖယ်ရှားပေးရင်း ထွေးပွေ့ပေးလိုက်ချင်ပင်မယ့်...

ကိုယ်ကကချေသည်... သူက တော်ဝင်အိမ်ရှေ့စံမင်းသမီး

မိုးနဲ့မြေကွာခြားလှတဲ့ ဒီဘဝကြီးမှာ ကံကြမ္မာက ယုတ်မာစွာဖြင့် နင်ချစ်နိုင်ရင်ချစ်လိုက်လေ ဆိုသည့်စောက်ချိုးမျိုးဖြင့် မျက်စပစ်ပြနေသည်...ဘဝမှာအမုန်းဆုံးကိုပြောပါဆိုလျှင် သခင်မနဲ့ တန်းတူအဆင့်အတန်းမရှိသည့် ဒီကချေသည်ဆိုသည့် ကံကိုဖန်တီးပေးသော ကံကြမ္မာရေးဆွဲသူကိုဘဲလက်ညိုးထိုးပြရလိမ့်မည်...

သက်သက်မဲ့လူကိုနောက်ကျအောက်ထားပြီး ငေးကြည့်နေရုံသာပေးတဲ့ဒီဘဝကြီးကိုလည်းမုန်းလှပါ၏

ထပ်တူညီသောအမုန်းဖြင့် ကံကြမ္မာရေးဆွဲသူကိုလည်း မုန်းရပါသည်...

အပြေးသွားလိုက်ချင်သည် မေ့လဲသွားတဲ့ သခင်မအနားကို သတိထားတော်မှုပါ စိတ်ထိန်းတော်မှုပါဟု ပါးပြင်ကိုခပ်ဖွဖွစုပ်ကိုင်ရင်စပြောလိုက်ချင်သော်လည်း မင်းသမီးရဲ့အရောင်အဝါတောင်မမှီတဲ့ ဒီလူသားဟာ ဒီတံတားပေါ်ကနေ ငေးကြည့်ရုံသာတတ်နိုင်ခဲ့သည် ကြေကွဲရုံသာ တတ်နိုင်ခဲ့သည်....

(စာရေးသူသည် ဤသိုပင်ယုတ်မာစမ်း၏)

ကိုယ်နဲ့ရေစက်မပါတဲ့
ဟိုးအဝေးကြီးက ချစ်ခြင်းတရားတခု ဖြစ်တည်မူတခု ကို
မြင်နေရရုံ ငေးနေရရုံ နဲ့ မရောင့်ရဲနိုင်တဲ့အပြင်
ပိုင်ဆိုင်ချင်မိခဲ့ပါတယ်..။

.
.
.
.
................"

"Li သခင်မလေး Li သခင်မလေး"

မင်းသမီးဖြင့် အတူလာဖူးသော ထိုစမ်းချောင်းငယ်နားတွင် ဟျွန်းမင်းသမီးဖြင့် အတူထိုင်နေချိန် စစ်သည်တဦးရဲ့ခေါ်သံကြောင့်....

Li:ဘာအရေးကိစ္စ...

"အိမ်ရှေ့စံမင်းသမီး...အိမ်ရှေ့စံမင်းသမီးကို နနိးဆောင်ထဲမှပြင်ပမထွက်ရအမိန့်နဲ့ အကျဉ်းချနေကြတယ်"

ဘာ!!!

Li:မင်း...မင်းက ဟျွန်းကိုနန်းတော်ပြန်ခေါ်သွား မင်းသမီးနန်းဆောင်ဆီငါသွားကြည့်ဖို့လိုအပ်တယ်....

မြင်းကိုဒုန်းစိုင်းပြေးနှင်လာခဲ့ရသည်...ဘာကြောင့် ဒီအမိန့်ကိုအလောတကြီးချမှတ်လိုက်ကြတာလည်း...မင်းသမီးနဲ့သူ တယောက်တပြန်ဒေါသဖြစ်ကြပြီးနောက်ပိုင်း ပန်းချီစာရွက်ကို စုပ်ဖြဲလိုက်ပြီးနောက်ပိုင်း စကားစမြည်မပြောဖြစ်ခဲ့ကြဘူး...

ဒုတ်.ဒုတ်.ဒုတ်.

အထိန်းတော်ကြီးတွေဟာ အပြင်မှာ ဒူးထောက်ထိုင်ကာအော်ငိုနေကြတယ်...နန်းဆောင်ထဲဝယ် မင်းသမီးတယောက်ထဲ ဖြူဖျော့ဖျော့ နခမ်းတွေဖြင့် ခပ်ညိုညို မျက်ကွင်းတွေဖြင့် မေ့မျောနေဆဲ...

"မယ်မယ်...မင်းသမီးအပေါ်သက်ညှာပေးပါ"

ဘုရင်မင်းမြတ်ကြွချီလာပါပြီ!!!

"ဒါကဘယ်လ်ုဖြစ်ရတာလည်း...အိမ်ရှေ့စံမင်းသမီးကို ငါ့အမိန့်မရဘဲ နန်းဆောင်ထဲပိတ်ထားတာ ဘယ်သူလုပ်ရပ်လည်း"

"ကျွန်တော်မျိုးမရဲ့လုပ်ရပ်ပါအရှင်"

"မင်း!!!"

"အိမ်ရှေ့စံမင်းသမီးရဲ့ မယ်တော်တယောက်အနေနဲ့ ထိန်းသိမ်းသင့်လို့ထိန်းသိမ်းတာပါ အရှင် ခွင်ပြုစေချင်ပါတယ်"

"မင်းသမီးကို ဒီလိုအမိန့်ပေးနိုင်နာ ငါကိုယ်တော်နဲ့ အမတ်ကြီး ban သာရှိတယ် မိဖုရား ruby ပိတ်ပင်ထားတဲ့တံခါးတွေကိုဖွင့်ဟစမ်း...သမီးတော်ကနာမကျန်းဖြစ်နေတာ လေကောင်းလေသန့်လိုအပ်တယ်"

ဘုရင်အမိန့်ကြောင့် ကန့်လန့်ဖြတ်ကာထားတဲ့တုတ်တွေကို ပြန်ဖယ်နေချိန်....

"ရပ်ကြစမ်း!!!"

"ဆက်ဖြုတ်ကြစမ်း!!!"

"ရပ်ကြစမ်း!!!"

🐴🐴🐴

မြင်းခွာသံနဲ့အတူ နန်းဆောင်ရှေ့အထိပြေးဝင်လာတဲ့သခင်မလေးဟာ လက်ထဲမှာတစုံတခုကိုကိုင်ထားဟန်ရှိသည်...သူအားလာတားသည့် စစ်သည်ကို ဝင်ခွင့်ရှိတဲ့ ဖခင်ဖြစ်သူရဲ့အမိန့်စာကိုပြပြီး နန်းဆောင်ထဲဝင်လာခဲ့တယ်...

ဘုရင်အမိန့်နဲ့ ကာထားတဲ့တုတ်တွေနဲ့ပိတ်ထားတဲ့ အပေါက်တွေအကုန်ပွင့်ဟသွားတယ်....

Li:Ni....

သလွန်ပေါ်တွင် လဲလျောင်းလျက်အနေအထားရှိသော မင်းသမီးအနားကို ခပ်ဖြေးဖြေးကပ်သွားတဲ့ သခင်မလေးရဲ့ လည်တိုင်မှာချွေးတွေကြီးဘဲ....

လက်ဖဝါးသေးသေးလေးတွေဟာ လက်ချောင်းရှည်ရှည်တွေထဲမှာနစ်မြုပ်ရင်း သခင်မလေးဟာ မင်းသမီးရဲ့လက်တွေကိုစုပ်ကိုင်ပေးရင်း မင်းသမီးသတိလည်လာမည့်အချိန်ကိုစောင့်ဆိုင်းနေသည်....

Ni:အ...Li ငယ်လေး

အပြင်ဘက်က တူနဲ့သံကိုရိုက်နှက်နေတဲ့အသံ အထိန်းတော်ကြီးတွေ အစေခံတွေအော်ငိုနေတဲ့အသံ ဘုရင်နဲ့မိဖုရား အချင်းများနေတဲ့အသံတွေရှိနေပါသော်လည်း သတိလည်မလာတဲ့မင်းသမီးဟာ လက်လေးကိုခပ်ဖွဖွစုပ်ကိုင်ရင်း Ni လို့တခွန်းခေါ်ရုံနဲ့ သတိလည်လာသတဲ့....နှလုံးသားသည် ဘက်လိုက်လွန်းအားကြီးသည်..

Li:အင်း...ကိုယ်ရှိတယ် ကိုယ်ရှိနေတယ် Ni

မျက်လုံးမပွင့်သေးပင်မယ့် စမ်းနေတဲ့မင်းသမီးရဲ့လက်ကို ပါးပြင်ပေါ်တင်ထားပေးလိုက်တဲ့အခါ မျက်လွှာလေးတွေပွင့်ဟလာပြီး ငိုကြွေးမတတ်သော မျက်ဝန်းတွေဖြင့်ကြည့်နေတယ်....

"သမီးတော်"

ဘုရင်ရဲ့အသံကြောင့် သလွန်ပေါ်ထိုင်နေရာမှ မတ်တပ်ထရပ်ကည ဂါရဝပြုလိုက်တော့...

"ကိုယ်တော်ရဲ့သမီးတော်ကို ကြည့်ရှု့လိုက်မှာမလို့ မင်းက မင်းရဲ့နန်းဆောင်မှာဘဲနေသင့်တယ်"

Li:အမိန့်အတိုင်းပါ အရှင်

မင်းသမီးကိုပြုံးတယ် ဆိုရုံလောက်သာပြုံးပြခဲ့ပြီး လှည့်ထွက်သွားဖို့ပြင်ပင်မယ့် မသွားချင်ခဲ့ဘူး မင်းသမီးရဲ့လက်ဖဝါးသေးသေးလေးတွေကို မလွတ်တမ်းစုပ်ကိုင်ပေးချင်သေးတယ်...

ဒီချည်နှောင်မူကြီးက ဘယ်လိုသဘောသက်ရောက်နေခဲ့တာလည်း  ကိုယ်တိုင်ဘဲမင်းသမီးလက်ကနေရုန်းထွက်ချင်နေခဲ့ပင်မယ့်  မင်းသမီးနာမကျန်းဖြစ်ရင် အပြေးသွားချင်နေမိတာလည်း မိမိကိုယ်တိုင်ပါဘဲ

ပျော်ရွှင်စရာတွေထက် နာကျင်စရာတွေကပိုများခဲ့ပါတယ် မင်းသမီး
ဤမှန်သော ပင်ပန်းဆင်းရဲမှုကြောင့်
ဘဝဆက်တိုင်း ချည်နှောင်မှုမှကင်းလွှတ်ရပါစေ..။

ဝတ်ပြုဆောင်ဝင်ပြီးတော့ကိုဆုတောင်စခဲ့တာ ဒီချည်နှောက်မူကနေ အမှန်စင်စစ် လွတ်မြောက်ချင်ပြီမလို့....

ဒူ.ဒူ.ဒူ

အိမ်ရှေ့စံမင်းသမီးကြွချီတော်မူလာပါပြီ!!!!

ဘုရင်မင်းမြတ်ကြွချီလာပါပြီ!!!

ပွဲအခမ်းအနားကဲ့သို့စည်ပြောလှတဲ့နန်းပြင်ပေါ်မှာ မင်းသမီးပေါင်းများစွာရောက်ရှိလို့နေသည် jong in မင်းသားဘေးက မင်းသမီးဆိုသူသည် အနေအထိုင် အတော်ကိုရဲတင်းသည် အိန္ဒြကေိုမရှိ ထိုငိနေတာများဖြဲလို့ကားလို့...

ကွင်းပြင်ကြီးတခုလုံးက မင်းသမီးတွေဟာ အိမ်ရှေ့စံမင်းသမီးကိုမ ကြောက်လန့်တကြား ကြည့်တဲ့သူကကြည့် အကြည့်ရှောင်တဲ့သူကရှောင်ဖြင့်ဖြစ်ကုန်ကြပက်မယ့် တဦးတည်း သောသူဟာ ပြုံးရွှင်လို့နေသည် ထင်တာမမှားဘူးဆို မင်းသမီးဟျွန်း ဖြစ်နေမလား.. 

"အမိန့်နာခံ"

အိမ်ရှေ့စံမင်းသမီစ မတ်တပ်ထရပ်လိုက်တာနဲ့ ဘုရင်နဲ့မိဖုရား မှလွဲ၍ကျန်သူအားလုံး ဒူးထောက်ခစားရတယ်

Ni: နိုင်ငံအရပ်ရပ်က မင်းသမီးတွေဟာ ငါ့လက်အောက်မှရှိနေတဲ့ ပြိုင်ပွဲ ၃ ခုကိုမျှမျှတတ ယှဉ်အြိုင်ရမယ် အနိုင်ရမှသာ LiLi Ban နဲ့လက်ဆက်နိုင်မယ်..

Ni:(၁) LiLi Ban ဟာ ငါ့ရဲ့အထူးအလေးပေးခံရတဲ့ကလေးတယောက်မလို့ နန်းတွင်းစာဖိုမှူးကြီး ကိုယ်တိုင်ချက်ပြုတ်တာကိုသာသုံးဆောင်ခဲ့တယ် အဲ့တော့ မင်းတို့တွေက ပထမဆုံးပြိုင်ပွဲအနေနဲ့ အချက်အပြုတ်ကိုယှဉ်ပြိုင်ရမယ် 

"Li သခင်မလေးအတွက် ကြင်ယာတော်ကော ကျန်ပါဦးမလား"

"တော် တိတ် မင်းသမီး မိန့်နေတယ်"

မနေနိုင်မထိုင်နိုင်ကိုယ်ရံတော်မှ အထိန်းတော်ကိုသွားမေးသော် ထုံးစံအတိုင်း ဖိဟောက်ခံလိုက်ရတယ်...

နိုင်ငံ အရပ်ရပ်မှမင်းသမီးတွေဖြစ်တာမလို့ အချက်အပြုတ်တတ်ဖို့မပြောနဲ့မီးဖိုဆောငိဘယ်ဆိလှည့်တယ်ဆိုတာကိုတောင်သိမှာမဟုဆ်ဘူး မင်းသမီးဟာအသေအချာကိုစဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာ....

Ni:( ၂ ) မင်းတို့ကြားသိဖူးတဲ့အတိုင်း LiLi Ban က ငါနန်းတက်တာနဲ့အမျှ ပညာရှိအမတိဖြစ်လာမှာကို အဲ့တော့ သူမြှောက်ပင့်တဲ့ ကြင်ယာတော်ဟာ သူ့လောက်ပညာရေးမှာမထူးချွန်ရင်တောင် သူ့လိုထူးချွန်နေရမှာမလို့ ဒုတိယပြိုင်ပွဲအနေနဲ့ စာပေစာမေးပွဲဖြေဆိုရမယ်....

မင်းသမီးတွေဟာ မျက်နှာတွေရှုံ့မဲ့ကုန်ကြတယ်....နိုင်ငံရဲ့အတော့်အတော်ဆုံးဆရာသမားတွေနဲ့သင်ကြားဖူးပင်မယ့် အခုချိန်မှာတော့ ဘယ်စာပေကိုမှ မမှတ်မိတော့ချေ...သခင်မလေးနဲ့မင်းသားကိုမြူစွယ်ဖို့ ကြေးမုံရှေ့ဖြဲထိုင်ကာ အလှအပပြင်ဆင်လာခဲ့ရသည်မို့.....

အိမ်ရှေ့စံမင်းသမီးဟာ ဉာဏ်သိပ်ပြေးလွန်းကာ အသေအချာကို စဉ်းစားပြီးမှ ချခဲ့တဲ့ဆုံးဖြတ်ချက်...

Ni:( ၃ ) LiLi Ban ရဲ့ကြင်ယာတော်ဟာ တချိန်ချိန်မှာ အန္တရယိကျရောက်လာနိုင်တဲ့ သူ့ကိုကာကွယ်ပေးဖို့အတွက် ဓါးရေးမြားရေး ကျင်လည်နေဖို့လိုအပ်တယ် တတိယပြိုင်ပွဲအနေနဲ့ ပြိုင်ပွဲနှစ်ခုယှဉ်ပြိုင်ပြီးလို့ ကျန်ရစ်သူတွေဟာ ငါဂျိုဆွန်းအိမ်ရှေ့စံနဲ့ ဓါးချင်းယှဉ်ခုတ်ရမယ်....

တလျောက်လုံးငြိမ်နေခဲ့တဲ့ သခင်မလေးသည် မျက်လုံးအိမ်တွေပြူးကျယ်လာခဲ့သည်....မင်းသမီးဟာ ဂျိုဆွန်းမှာ ဓါးရေးအတော်ဆုံး ဓါးရေးထက်လှပါကြီရဲ့ဆိုတဲ့ jong in မင်းသားတောင် အိမ်ရှေ့စံမင်းသမီးကိုအနိုင်မရခဲ့...ဒါတွေဟာ ကြိုတင်စီစဉ်ထားသော်လည်းကောင်း တစုံတခုကိုမကျေနပ်၍ စီစဉ်ခဲ့သော်လည်းကောင်း မင်းသမီးဟာ သခင်မလေးကြင်ယာတော် မမြှောက်ရဖို့အရေး ကြိုးပန်းနေခဲ့သည်...

Ni: ကဲ ပြိုင်ပွဲအကြောင်းတွေကုန်စင်အောင်ပြောကြားပေးပြီးပြှီယှဉ်ပြိုင်ဖို့ဆုံးဖြတ်ထားသူတွေက စီစဉ်ပေးထားတယ် နန်းဆောင်အသီးသီးမှာအနားယူနိုင်ပြီ မယှဉ်ပြိုင်ရဲတဲ့သူတွေက မနက်မိုးသောက်ယံ အချိန်အထိ မင်းတို့တိုင်းပြည်ကိုပြန်နိုင်တယ်......

မင်းသမီးဟာ မိန့်ခွန်းမိန့်ပြီးတဲ့နောက် နာမကျန်းဖြစ်နေဆဲမလို့ သူမနန်းဆောင်ကိုပြန်ကြွရာတွင် ယိုင်လှဲကျမလိုဖြစ်သွားခဲ့သည်မို့ သခင်မလေးကဝင်ထိန်းပေးလိုက်ပြီး
ကိုယ်တိုင်ကိုယ်ကျ နန်းဆောင်သို့ပို့ဆောင်ပေးခဲ့တယ်..

"ဘာလည်းဟ ပြိုင်ပွဲတွေအားလုံးကလည်း တဖက်ပိတ်တွေကြီးဘဲ....ပြန်မယ် ကိုယ့်တိုင်းပြည်ဘဲကိုယ်ပြန်မယ်"

"နေပါဦး...မင်းသမီးနဲ့ li သခင်မလေးနဲ့က ရိုးကျရဲ့လား သူများစား ပြီးသားမစားချင်ဘူး ကိုယ်တိုင်းပြည်ကိုယ်ပြန်တာဘဲကောင်းတယ်"

စသည်ဖြင့် တယောက်တခွန်းပြောနေကြပင်မယ့် အိမ်ရှေ့စံမင်းသမီးဟာ ဂရုမစိုက် ခိုနားခွင့်ရသော ရင်ခွင်ကြီးထဲမှီပြီး နန်းဆောင်ကိုသာကြွချီသွားတယ်

ယောင်းငယအနဲ့မင်းသမီး ဟျွန်းဟာငေးကြည့်နေရုံမှတပါးမတတ်နိုင်ခဲ့.... ဘဝမှာ ဒုတိယလူဖြစ်ရလိမ့်မယ်လို့ ချင်တိုင်းပြည်ရဲ့မင်းသမီးဟာ တခါလေးတောင်မှ မတွေးခဲ့ဖူးဘူး...

"ငါနောက်ကျသွားပြီပေါ့်နော် LiLi"

ရေစက်တိုင်းဟာ ဖူးစာမဟုတ်နိုင်
ကံကြမ္မာဟာ ကံကြမ္မာဘဲဖြစ်တယ်
.
.
.
.
.
.
.
.
.
.
.
##$%##$#@$$#%%#%
Ep.21 is Coming soon.
______________________
###################

Zawgyi #

ဒူ.ဒူ.ဒူ.

"အမိန့်စာ နာခံစေ"

ဒူ.












ခေါင်းတငြိမ့်ငြိမ့်ဖြင့် မင်းသမီးတွေကြားရောနှောလိုက်ကြည့်ရင်း တနေရာအရောက်မှာရပ်တန့်သွားသည့် သခင်မလေး အဆင်းလှပလွန်းသူ ခပ်အေးအေးမျက်လုံးတွေနဲ့ သူး့အားတရင်းတနှင်းပြုံးပြနေသူဆီသို့ တလှမ်းချင်းလှမ်းလာပေးရင်း သူမရှေ့လက်ဖဝါးဖြန့်ကာ......
 








"Lili"




"Lili"


Li:မင်းသမီး




"ငါပါ...ဟျွန်း"




"မှတ်မိပြီလား"








"နင်..."






ကျဉ်းမည်နည်း.....


................"

"အိမ်ရှေ့စံမင်းသမီး"

လိမ့်မည်....


"မင်းသမီး"





"မင်းသမီး"












"ဟို...ဟို"




"ဟုတ်...ဟုတ်ကဲ့ မယ်မယ်"

ကျဉ်းချပစ်မယ်... "
.
.
.
............"







ကိုယ်နဲ့ရေစက်မပါတဲ့

.
.
.
.
................"



Li:ဘာအရေးကိစ္စ...


ဘာ!!!



ဒုတ်.ဒုတ်.ဒုတ်.






"မင်း!!!"




"ရပ်ကြစမ်း!!!"

"ဆက်ဖြုတ်ကြစမ်း!!!"

"ရပ်ကြစမ်း!!!"

🐴🐴🐴



Li:Ni....



Ni:အ...Li ငယ်လေး




"သမီးတော်"








ဒူ.ဒူ.ဒူ



ပွဲအခမ်းအနားကဲ့သို့စည်ပြောလှတဲ့နန်းပြင်ပေါ်မှာ မင်းသမီးပေါင်းများစွာရောက်ရှိလို့နေသည် jong in မင်းသားဘေးက မင်းသမီးဆိုသူသည် အနေအထိုင် အတော်ကိုရဲတင်းသည် အိန္ဒကြေိုမရှိ ထိုငိနေတာများဖြဲလို့ကားလို့...


"အမိန့်နာခံ"




















.
.
.
.
.
.
.
.
.
.
.
##$%##$#@$$#%%#%
Ep.21 is Coming soon.


Continue Reading

You'll Also Like

71.1K 4.6K 30
I Love U Just The Way You are ♥
109K 11.5K 57
"ខ្ញុំមិនចេះកើតទុក្ខនោះទេហើយខ្ញុំក៏មិនខ្វល់ដែរបើគាត់មិនស្រលាញ់ខ្ញុំខ្ញុំនឹងពង្វក់គាត់ដោយកែវភ្នែកដ៍ស្រស់ស្អាតនឹងភាពផ្អែមល្ហែមរបស់ខ្ញុំ"ថេហ្យុង ពួកគេកើ...
2.3M 27.5K 21
🔞🔞🔞*extra smut warning*🔞🔞🔞 Jennie and Lisa were and are very good friends. Hell, you can say even bestfriends, but what if their "friendship" w...
58.7K 6.2K 31
ဒေစီပန်း​တွေက နေ​ရောင်ခြည်ကိုအများဆုံးမှီခိုအားပြုပြီး​ ရှင်သန်ကြရတာ​ကြောင့် Day's Eye လို့ လူ​တွေက တင်စား​ခေါ်​​ဝေါ်ကြတယ် ။ ဒီဇာတ်လမ်း​လေးထဲမှာလည...