Quick Transmigration; He like...
By HtetHtet981
16.3K 2.5K 169
The story is not mine. It's just a translation. Credit to the original author and English translator. Cred... More
Description
Chapter 1(part 1)
Chapter 1(part 2)
Chapter 2(part 1)
Chapter 2(part 2)
Chapter 3(Part 1)
Chapter 3(Part 2)
Chapter 4(Part 2)
Chapter 5(part 1)
Chapter 5(part 2)
Chapter 6(part 1)
Woo~~🥺
Chapter 4(Part 1)
859 189 20
By HtetHtet981
.......................
Unicode
《Not seen in  next life က complete ဖြစ်သွားပြီဆိုလို့ သွားဖတ်နေတာ ဟီဟီ....တင်ပေးလိုက်ပြီနော် update လာတောင်းတဲ့ ပူတူးရေ.....》
Xie Chengzhouကမောင်းသူနေရာတွင်ထိုင်ပြီး Yang Yan ကဘေးခုံတွင်ထိုင်၏။ဒီနေ့ညရဲ့ အဖြစ်အပျက်တွေကတော့ ပုံမှန်ထက်အနည်းငယ် ကွဲလွဲနေခဲ့သည်။Yang Yanက တိတ်တဆိတ် ကားရှေ့မှန်ကို ကြည့်နေသည်။အကြောင်းအရာအချို့ကြောင့် ဆေးရုံတုန်းက ultrasound ဓာတ်ပုံက သူ့မျက်လုံးထဲသို့ ခုန်ဝင်လာခဲ့သည်။Xu Zeပြန်လှည့်ကြည့်တဲ့အပေါ် သူစိတ်မဝင်စားဘူးဆိုတာ လက်ခံပြီးဖြစ်သည်။ဘယ်သူပဲဖြစ်နေပါစေ ကမ္ဘာအပြင်ဖက်က နတ်ဘုရားဆိုရင်တောင်မှ သူအဝတ်အစားချွတ်ပြီးနောက် မီးပိတ်ပြီးအိပ်သလိုသာဖြစ်သည်။သူ Xu Ze နဲ့အိပ်ခဲ့တာ အချိန်တစ်ခုကြာပြီဖြစ်ပြီး သစ်လွင်ဆန်းသစ်မှုဆိုတာက ကုန်ဆုံးသွားခဲ့လေပြီ။
မျော်လင့်မထားစွာနဲ့ Xu Ze မှာ မိန်းမတစ်ယောက်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေရှိနေသည်။ယောကျာ်းစင်စစ်တစ်ယောက်က အမျိုးသမီးတွေလို ကိုယ်ဝန်ဆောင်နိုင်တယ်။တကယ်လို့ ကလေးကသာ သူ့ဟာမဟုတ်ခဲ့ဘူးဆိုရင် သူလည်းပဲ Xie Chengzhou ကဲ့သို့စိတ်ဝင်စားစရာကောင်းတယ်လို့ ထင်မြင်နေမှာဖြစ်သည်။ဘယ်လိုပဲဖြစ်နေပါစေ Xu Ze ဗိုက်ထဲက မျိုးစေ့ကသူ့ဟာဖြစ်ပြီး Xu Ze ကသူ့အပေါ်လိမ်ညာရဲသည့် သတ္တိမရှိဘူးဆိုတာ သူသေချာပေါက်ပြောနိုင်သည်။သူ့ကို ယွမ် 100,000 လွဲှပေးပြီးနောက် လောလောဆယ်တွင် လိမ်မာနေရန် မျှော်လင့်သည်။သူ့ငွေကိုမယူပဲ သူ့ကလေးကိုမဖျက်ချဘူးဆိုရင်ရော.....သူ့ရင်သွေးကိုယောကျာ်းတစ်ယောက်က မွေးဖွားပေးတာကို သူလည်း စိတ်မဝင်စားပေ။ကားက လမ်းတစ်လျှောက်တစ်ဟုန်ထိုးပြေးထွက်သွားပြီး KTV ဆီသို့ပြန်မောင်းလာခဲ့သည်။
Yang Yan  ကကားကို လမ်းလေးမှာပဲရပ်ရန်ပြောလိုက်ပြီး အပေါ်ကိုလိုက်မတက်သွားတော့ပေ။သူခေါ်လာသည့် အချစ်သစ်လေးက သူ့ကို ဟိုတယ်မှာ စောင့်နေသည်မဟုတ်ပါလား။Xie Chengzhou ၏ မျက်လုံးတွေကအပြုံးတွေနှင့် ပြည့်နေပြီး  Yang Yan ကိုမနာလိုအားကျနေပုံပေါ်သည်။သူတို့တွေက သူငယ်ချင်းတွေဖြစ်တာကြောင့် မကြာခနစနောက်နေကြဖြစ်သည်။ Xie Chengzhou  ကရယ်မောရင်းနဲ့ လှောင်ပြောင်လိုက်သည်။
"ညီအစ်ကို ငါမင်းကိုတစ်ခုတော့ အသိပေးရဦးမယ်။အဲ့ဒါလုပ်တဲ့အခါ ကလေးထွက်လာနိုင်တဲ့နေရာကို ဝတ်ဖို့ သတိရဦးနော်..."
Yang Yan မျက်နှာက မှုန်တေနေဆဲဖြစ်ပြီး ပြောင်းလဲသွားခြင်းမရှိပေ။
"သတိပေးတဲ့အတွက် ကျေးဇူးပဲ" သူ့အသံက အတက်အကျမရှိပေ။
"မင်းမနက်ဖြန်မအားဘူးဆိုတော့ ....တကယ်လို့ Xu Ze ဆေးရုံသွားပြီး မဖျက်ချမှာကိုစိုးရိမ်တယ်ဆိုရင် မင်းသူငယ်ချင်းကြီးက ခနတာအထူးကြီးကြပ်ပေးဖို့ ဆန္ဒရှိပါတယ် "    Xie Chengzhou ၏  Xu Ze  အပေါ်စိတ်ဝင်စားမှုက လျော့သွားခြင်းမျိုးမရှိဘဲ  ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာ သိပြီးနောက် ပိုလို့တောင် စိတ်ဝင်စားလာရသေးသည်။ သူလူတွေအများကြီးဆီကို ပြေးလွှားခဲ့ဖူးပြီဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်နိုင်သည့် ယောကျာ်းတစ်ယောက်နဲ့တော့ မအိပ်ဖူးသေးဘူး။အခြားလူတွေနှင့် အိပ်ရတာနဲ့ ဘာကွာခြားသွားလဲဆိုတာ သူမသိပေ။
Xie Chengzhou လိုလူမျိုးအတွက်တော့ သာမာန်လူတေရဲ့ ဘဝကပျင်းစရာကောင်းပြီးရင်း ပျင်းစရာကောင်းနေသည်။နောက်ဆုံးတော့ စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ကို သူရှာတွေ့ခဲ့ပြီ။ပြီးတော့ ထိုစိတ်ဝင်စားစရာကောင်းတဲ့အရာလေးက သေချာပေါက် ဒီပျော်ရွှင်မှုကို အချိန်ဆွဲချင်နေတယ်လေ။
နောက်ဆိုရင်လည်း ဒီလိုစိတ်ဝင်စားစရာလေးတွေကို ထပ်တွေ့နိုင်သေယတာပဲ။သေချာပေါက် Xie Chengzhou က  Xu Ze အကြောင်းစဉ်းစားနေတာဖြစ်သည်။Yang Yan  သိတာတစ်ခုက Xie Chengzhou သာဒီနေ့သူ့စိတ်ကိုမပြောင်းလဲစေခဲ့ဘူးဆိုရင်  Xu Ze ကိုသူခေါ်ခဲ့မှာမဟုတ်ပေ။သေချာတာက ဒီခေါ်ဆိုမှုကြောင့်ပဲ Xu Ze ကိုယ်ဝန်ဆောင်နိုင်ကြောင်း Xie Chengzhou သိသွားခဲ့တာဖြစ်သည်။ဒီကိစ္စသာမရှိခဲ့ဘူးဆိုရင် ခန့်မှန်းရသလောက် ဒါကိုသိတာက သူတစ်ဦးထဲသာဖြစ်လိန့်မည်။ Xu Ze သူတို့ရှေ့မှာ ဘာကိုပြသခဲ့လဲဆိုတာကို Yang Yan ကပြန်စဉ်းစားနေသည်။သူတို့ သီးသန့်ပြောဖို့ Xu Ze သူ့ကိုရှာလို့ရတာပဲ ဒါပေမယ့် Xie Chengzhou ကိုသိစေခဲ့တယ်။
Yang Yan တစ်ယောက် Xie Chengzhou ကXu Ze သောက်ဖို့ အတင်းတိုက်တွန်းခဲ့တာကို မေ့နေပုံရသည်။ဒီလိုမှမဟုတ်ရင် ဆေးရုံသွားပြီးစစ်ဆေးမှုလုပ်ဖို့ Xu Ze က အခွင့်အရေးယူခဲ့မည်မဟုတ်ပေ။ကားထဲမှထွက်ပြီး နောက် Yang Yan က KTV နှင့်မဝေးသည့် ဟိုတယ်ဆီသို့ လမ်းလျှောက်သွားခဲ့သည်။ဓာတ်လှေကားစီးပြီး မကြာခင်မှာပဲ Yang Yan အခန်းတစ်ခု၏ တံခါးဆီရောက်လာခဲ့၏။တံခါးရှေ့ရောက်ပြီး စက္ကန့်အနည်းငယ်အတွင်း အထဲကလူကထွက်လာပြီး တံခါးကိုဖွင့်လိုက်သည်။
တံခါးနားမှလူငယ်က ရေချိုးထားနှင့်ပြီးဖြစ်ပြီး ဟိုတယ်ကပေးသည့် လည်ပင်းရိုးကိုဖော်ပြပေးထားသော ဂျပန်ရိုးရာဝတ်ဆုံကို ဝတ်ထားသည်။ခါးပတ်ကို လျော့လျော့လေးစည်းထားရင်း ဝတ်စုံအောက်မှ သွယ်လျသော ခြေတံဖြူဖြူလေးတွေကို ဖော်ပြပေးနေသည်။ Yang Yanက ဒီအချစ်သစ်လေးကို မထူးခြားစွာပဲကြည့်လိုက်သည်။ဒီတစ်ယောက်က သူတို့ကျောင်းကမဟုတ်ဘဲ မျက်နှာချင်းဆိုင်က Broadcasting ဌာနမှဖြစ်သည်။အခွင့်အရေးကြုံကြိုက်ပြီး သူ့ကိုတွေ့ပြီးနောက် သဘာဝကျစွာပဲ သူ့ဆီကိုလာခဲ့တာဖြစ်သည်။
အပြုသဘောဆောင်ပြီး သန့်ရှင်းသည့်မျက်နှာလေးက  Yang Yan ၏ ဦးစားပေးမှုကိုရရှိခဲ့သည်။ထိုသူ၏ မျက်လုံးထဲမှာ လိုအင်ဆန္ဒတွေရှိနေ၏။သူ Yang Yan ဆီက တစ်စုံတစ်ခုအလိုရှိလျှင် ထိုအရာကို Yang Yan ကတတ်နိုင်သည်။ဒါကြောင့်ပဲ သူလက်ခံခဲ့တာဖြစ်သည်။Lu Sheng တစ်နာရီကျော်ကြာအောင်စောင့်နေခဲ့တာဖြစ်ပြီး Yang Yan မလာတော့ဘူးလို့တောင် တွေးလုနီးပါးပင်။သူ Yang Yan ကို ဖုန်းခေါ်ချင်ခဲ့ပေမယ့်လည်း Yang Yan ရဲ့ အကြည့်ကို ပြန်မှတ်မိလိုက်သည်။အမှန်တိုင်းပြောရရင် သူ Yang Yan  နဲ့ပတ်သတ်ပြီး မချင့်မရဲဖြစ်နေခဲ့တယ်။Yang Yan မှာအမြဲတမ်း ဒေါသထွက်လွယ်တဲ့ စိတ်ထားရှိပြီး အထူးသဖြင့် နာခံမှုမရှိတာကို လုံးဝမနှစ်သက်ပေ။သူနှစ်သက်တာက အပြုမူကောင်းရှိတဲ့ အိမ်မွေးတိရိစ္ဆာန်လို အချစ်တော်လေးတွေကိုသာ.....
Lu Sheng က ဒီဇာတ်ရုပ်ကို ပိုင်နိုင်စွာ ကပြနိုင်ဖို့ အကောင်းဆုံးကြိုးစားနေခဲ့သည်။သူအိမ်ထဲမှာ ဖုန်းကိုကိုင်ပြီး  ရှေ့သွားလိုက် နောက်သွားလိုက်လုပ်နေတုန်းမှာပဲ ကံကောင်းစွာနှင့် Yang Yan ရောက်လာခဲ့သည်။Lu Sheng ကချက်ချင်းပဲ အပြုံးလေးနဲ့ ကြိုဆိုလိုက်သလို ဘယ်လိုအပြုံးမျိုးက လူတွေနှစ်သက်နိုင်သလဲဆိုတာ သူကောင်းကောင်းသိလေတယ်။ သူရှေ့ကိုတိုးသွားလိုက်ပြီး Yang Yan ၏ကုတ်အကျႌကို ချွတ်ပေးနေရင်း သူတို့ဆေးရုံသွားခဲ့သည့် အကြောင်းအရာကို သိချင်စိတ် ပြင်းပြစွာနှင့် မေးလိုက်သည်။သူ သေရေးရှင်ရေးနှင့် ပက်သက်လျှင် အားရုံခံစားနိုင်သည်။ဒါပေမယ့် Xu Ze မျက်နှာအနေအထားက ကောင်မွန်နေပြီး ခန္ဓာကိုယ်ကလည်း သန့်ရှင်းပြီး အေးမြနေပုံပေါ်သည်။Lu Sheng ရဲ့ စိတ်နေစိတ်ထားက  မနာလိုရလွန်းလို့ နေလို့တောင် အဆင်မပြေတော့ပေ။
ထို့နောက် သာမန်ကိစ္စမျိုးကို မေးနေသလိုမျိုး သာမာန်ကာလျှံက ဟန်ဆောင်လိုက်သည်။
"အကို Yang တို့ဆေးရုံသွားတော့ ဘာဖြစ်တာတဲ့လဲ?"
Lu Sheng က ဂရုတစိုက်နဲ့ Yang Yan ရဲ့ အမူအရာကို လေ့လာနေ၏။ကြည့်ရတာတော့ ပုံမှန်မဟုတ်တာမျိုး မရှိခဲ့ဘူးနေမှာ...ဒါပေမယ့် ဒါကိုကြားကြားချင်းပဲ Yang Yan ကအေးစက်နေသည့် မျက်လုံးတွေနဲ့ သူ့ကိုစောင်းကြည့်လာတာကြောင့် အသံပင်တိုးဝင်သွားပြီး မျက်လုံးကိုအောက်ချကာ နှိမ့်ချပြီးနေလိုက်သည်။ထို့နောက် Yang Yan ၏စိတ်အတက်အကျကို သတိထားနေလိုက်၏။Yang Yan တစ်ခုခုပြောတော့မယ်လို့ ထင်တဲ့အချိန်မှာပဲ Yang Yan ကစကားတစ်လုံးတောင်မပြောဘဲ သူ့ကို အဝေးသို့ တွန်းထုတ်လိုက်သည်။
အခန်းထဲ၌ ဆိုဖာတစ်လုံးရှိပြီး Yang Yan ကထိုနေရာကို လျှောက်သွားကာ ထိုင်ချလိုက်သည်။ပါးစပ်ထဲမှာ တစ်ခုခုလိုအပ်နေသလိုခံစားရတာကြောင် စီးကရက်ဘူးထဲမှ တစ်လိပ်ထုတ်ယူပြီး Lu Sheng ကအလိုက်သိစွာဖြင့် မီးညှိပေးလိုက်သည်။Yang Yan ကတစ်ရှိုက်ရှူသွင်းလိုက်ပြီး အငွေ့တွေကို Lu Sheng ၏မျက်နှာတည့်တည့် မှုတ်ထုတ်လိုက်သည်။မှုတ်ထုတ်လိုက်ပြီးနောက် Yang Yan မျက်လုံးမေးလိုက်ကာ မထူးခြားစွာနှင့်ကြည့်လိုက်သည်။ ထိုအကြည့်ထဲမှာ ရှင်းရှင်းလင်းလင်းဖော်ပြနေတာကတော့ အရိုးထဲမှ အထင်သေးမှုတွေဖြစ်ပြီး သူ့အိပ်ယာဖော် Lu Sheng အပေါ် လုံးဝဂရုမစိုက်ဘူးဆိုတာပဲဖြစ်သည်။
Lu Sheng လို သူ့ရဲ့ identity အပေါ် ရည်ရွယ်ချက်ရှိသည့် လူမျိုးကို ပိုလို့တောင် ဖော်ပြဖို့ မလိုပေ။Yang Yan မှုတ်ထုတ်လိုက်တော့ သူက အရှက်ခွဲတယ်လို့မထင်ဘဲ သူ့ရှေ့ကို တိုက်ရိုက်တိုးလာခဲ့သည်။ထိုမျှမကဘဲ Lu Sheng ကသူ့ရှေ့တွင် ထူးထောက်ပြီးထိုင်ချလိုက်သည်။ကြမ်းပြင်ပေါ်တွင် ကော်ဇောတစ်လွှာရှိတာကြောင့် ဒူးထောက်နေမယ်ဆိုရင်တောင်မှ အဆင်မပြေသလို ခံစားရမည် မဟုတ်ပေ။Lu Sheng က Yang Yan ၏ သူ့အပေါ်ဘယ်လိုမြင်သလဲဆိုတာကို နားမလည်နိုင်တော့။သူ့ကျောပေါ်မှာ လက်ချောင်းလေးတွေရှိနေပြီး သူဆိုဖာပေါ်ကို မှီချလိုက်တာမြင်တော့ Lu Sheng  ကအလိုအလျောက်သူ့ရဲ့ ခါးပတ်ချိတ်ကို ကောက်ကိုင်လိုက်သည်။
ခါးပတ်ကို မချွတ်ရသေးခင်မှာပဲ Lu Sheng ကသူ့ရဲ့ ဘောင်းဘီကြယ်သီးတွေနဲ့ ရင်းနှီးနေပုံပေါ်သည်။Yang Yan ကမျက်ခုံးတွေကို ပင့်လိုက်ပြီး သူ့ရှေ့တွင် ဒူးထောက်နေသည့် လူကိုကြည့်လိုက်သည်။အမှန်တော့ ဒီလိုအခြားသူက ရင်းနှီးပြီး သဘာဝဆန်နေတာမျိုးနဲ့ တွေ့ရတာ ပထမဆုံး အကြိမ်မဟုတ်တော့။သူ့အနေနဲ့ သန့်ရှင်းစင်ကြယ်နေတာမျိုးနဲ့ ပက်သက်ပြီး ဘာမှပြောစရာမရှိပေ။သူက အတွေ့အကြုံရှိတဲ့ လူမျိုးကို ပို၍သဘောကြတယ်။ဒီလိုလူက သူ့ကို ကျေနပ်အောင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ ပိုနားလည်သည်။သို့သော် ဘာကြောင့်လဲ မသိပေမယ့် ဒီနေ့ညသူ့ရှေ့မှာရှိနေတဲ့လူကိုကြည့်ပြီး အနည်းငယ်ကသိကအောင့်ဖြစ်သလို ခံစားနေရသည်။
Lu Sheng ကရှေ့ဆက်ပြီး သူ့ကိုပါးစပ်နဲ့ပြုစုပေးဖို့ လုပ်နေတဲ့ အချိန်မှာ Yang Yan ကသူ့ဘေးမှာရှိနေသည့် ကော်ဖီစားပွဲပေါ်မှ ဆေးလိပ်ခွက်(ဘယ်လိုခေါ်ပါလိမ့်အဲ့ဟာ)ထဲသို့  ဆေးလိပ်မီးကို သတ်လိုက်သည်။
"ဒီနေ့ မလိုသေးဘူး။အဝတ်အစားလဲပြီး Taxi နဲ့ကျောင်းကိုပြန်တော့"
အခုက အရမ်းနောက်မကျသေးတာမို့ Taxi ခေါ်ပြီးပြန်လျှင်  အဆောင်မပိတ်လောက်သေးပေ။
Continue Reading
You'll Also Like
295K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
117K 14.8K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
832K 23.8K 15
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023