Ni:Li ငယ်လေး
Li: အိမ်ရှေ့စံမင်းသမီး
အဆောင်အယောင်တွေဖြင့် အရောင်တလက်လက်ရောက်ရောက်လာတတ်သော မင်းသမီးဟာ ယနေ့တော့ တဦးတည်းသာရောက်လာသည် သစ်ပင်ခြေရင်းတွင် ငုတ်တုတ်ထိုင်နေသော သခင်မလေးဖြင့် တန်းတူထိုင်ချလိုက်သည်......
Li: အရေးကိစ္စ....
Ni: မရှိပါဘူး မင်းကိုဒီတိုင်း သတိရလို့...
မပြောတော့ဘူး ထွက်မလာတော့ဘူး ဘာစကားမှ ငါနဲ့ကချေသည်က ဘာများကွာသလည်းလို့ ဆွဲဆွဲရမ်းရမ်းမေးပစ်လိုက်ရင် မင်းဘာဖြေမလည်းဆိုတာ သိပ်ချင်လွန်းတယ်.....
ကချေသည်တယောက်အတွက်နဲ့ အိမ်ရှေ့စံမင်းသမီးကိုတောင်ပြန်ခြိမ်းခြောက်ရဲခဲ့တာ တော်ရုံသတ္တိနဲ့တော့မဟုတ်ဘူးမလား....
Ni: တို့......
ငိုကြွေးချင်နေလွန်းလို့ အက်ကွဲလွန်နေတဲ့ အသံတွေကိုပြန်မျိုချလိုက်တယ် ထူးဆန်းစရာဘဲ မျက်ရည်တွေကထွက်ကျမလာဘဲ အထဲမှာသာရှိနေတယ်...
Ni: ဟိုးအရင်ကသွားခဲ့တဲ့ တော့ထဲသွားကြမလား
Li: အိမ်ရှေ့စံမင်းသမီးကသွားချင်တယ်ဆိုရင် လိုက်ပို့ဆောင်ပေးဖို့ ကျမမှာတာဝန်ရှိပါတယ်...
Ni: နှစ်ယောက်တည်းသွားချင်တာ...
အနည်းငယ်တွေဝေသွားတဲ့ပုံရိပ်ငယ်....
Li:ဟုတ်ကဲ့...
Ni: တို့ပုံတူကိုမင်းရေးဆွဲပေးနိုင်မလား
Li: သဘောတော်အတိုင်းပါ...
..............."
မြင်းဖြူကြီးပေါ်က တင့်တယ်လွန်းတဲ့မိန်းမငယ် မြင်းအောက်က အိမ်ရှေစံမင်းသမီး အနောက်မြို့ရိုးတံခါးဖြစ်တာမလို့ အနောက်နန်းဆောင်ပေါ်က ယောင်းငယ်...
ဆက်နွယ်လွန်းတဲ့ ချစ်ခြင်း ယုတ်မာလွန်းတဲ့ကံကြမ္မာ မလှပသောအဆုံးသတ်......
မြင်းအောက်က အထုပ်တခုဖြင့်မင်းသမီးဟာ မသိရင် ခိုးရာလိုက်ပြေးမည့် မိန်းမငယ်နှင့်ဆင်တူတာကြောင့် ဒဏ်ရာတွေပေးလို့ မင်းသမီးကိုစိတ်ဆိုးနေခဲ့ပင်မယ့် ခပ်ဟဟလေးတော့ပြုံးရယ်မိတယ်....
မင်းသမီးအနား တွင်မြင်းကိုအရှိန်သပ်လိုက်ပင်မယ့် ပြုံးနေတဲ့အရှိန်ကိုတော့မသပ်နိုင်...
အရင်လိုချီမနိုင်မယ်လို့ထင်ထားသော်လည်း လည်တိုင်ကိုဖက်သွယ်လာတဲ့မင်းသမီးရဲ့လက်က အဆင်တန်ဆာတွေဟာ ဒဏ်ရာကျက်နေပြီဖြစ်သော်လည်း ဒဏ်ရာအပေါ် ထိရှမိသည်မှာ အသဲခိုက်အောင်နာရသည်....
နာလွန်းတာကြောင့် ဟန်ချက်ပျကိသွားချိန်မှာ မင်းသမီးဟာ သခင်မလေးရင်ခွင်ထဲမှာ....
Ni: မင်းအဆင်ပြေရဲ့လား
Li:ဟုတ်ကဲ့....
မင်းသမီးကို မြင်းပေါ်ချီတင်ပြီစတာနဲ့ လည်ပင်းမှာ စည်းနှောင်ထားတဲ့ အစတွေကိုအကုန် ခွာချပြီးထားခဲ့လိုက်တယ် သွေးတွေပြန်ထွက်နေတာကိုသိပင်မယ့်လည်း.....
Ni: သွေးတွေပြန်ထွက်နေတာဘဲ...
Li: အရေးမစိုက်ပါနဲ့... သွားကြတာပေါ့...
အရေးမစိုက်ဖို့ပြောထားပင်မယ့်လည်း အရမ်းမနာနေစေရန်အတွက် လေဖြင့် မှုတ်ပေးနေလိုက်တယ်.... ထွက်လာတဲ့သွေးစတချို့ကို ဝတ်ရုံစဖြင့် ခပ်ဖွဖွသုတ်ပေးမိတယ်....
တဖြည်းဖြည်းနဲ့တောစပ်ကိုရောကမလာကြတယ် သူတို့နောက်ကို တစုံတဦးလိုက်လာတာကိုတော့သတိမထားမိလိုက်ကြဘူး....
တဲနန်းကို အတူတည်ဆောက်ကြတယ်... ရေတွေဆော့ကစားကြတယ်...ဖြစ်ပျက်ခဲ့သမျှကို ခဏမေ့ပြီး သူတို့ပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေကြတယ်....
Li: တောတောင်ကြားကသစ်ပင်တွေကြား တိုက်ခတ်လာတဲ့လေပြေအေးအေးလေးလို...စီးဆင်းနေတဲ့စမ်းချောင်းရေတွေကို အိမ်ရှေ့စံမင်းသမီးက အေးချမ်းလှပတဲ့ ဘဝကိုပိုင်ဆိုင်ထားတာဘဲ....
Ni: မင်းက ကဗျာသိပ်ဆန်တယ်နော် li ငယ် ကဗျာဆန်တာတွေက တို့နဲ့သိပ်မလိုက်ဖက်ပင်မယ့် ဆက်ပြောပါဦး....
Li သခင်မလေးသည် အလှဆုံးအပြုံးတွေ ပြုံးလျက် အိမ်ရှေ့စံမင်းသမီး ရဲ့ပုံတူပန်းချီကားကိုရေးဆွဲကာ မစပ်တပ်တဲ့ ကဗျာတွေကို စပ်ပေးနေခဲ့တယ်...။
စာသံ ပေသံတွေကို သဘောမကျပါဘူးဆိုတဲ့မင်းသမီးဟာ သခင်မလေးရဲ့ကဗျာတချို့ကြောင့် တခစ်
ခစ်နဲ့ကို ရယ်မောလျက် တောတွင်းဖြတ်သန်းတိုက်ခတ်လာသော လေအေးတွေကြောင့် ဖြောင့်ဖြူးချထားသော ဆံနွယ်တွေသည် ယိမ်းနွဲ့နေသည်....
Ni:li ငယ်လေး
Li:ဟုတ်ကဲ့ အိမ်ရှေ့စံ
Ni: မင်းရဲ့အဲ့အပြုံးတွေနဲ့ နူးညံ့တဲ့ပုံရိပ်ငယ်တွေကို တို့သံသရာတလျှောက် သိမ်းဆည်းထားလို့ရနိုင်မလား...
ပုံတူရေးဆွဲနေသောလက်ချောင်းလေးတွေသည် ရုတ်တရက်တန့်သွားကာ မင်းသမီးအား မျက်လုံးလေးပြူးကာကြည့်နေသော သခင်မလေးသည် ၁၈နှစ်အရွယ်မကတော့တာမလို့ အိမ်ရှေ့စံမင်းသမီးဟာ ဘာကိုရည်ရွယ်နေတယ်ဆိုတာကို ကောင်းကောင်းကြီးနားလည်သဘောပေါက်နေပါပြီ.....
တခုခုပြန်ဖြေရန် li သခင်မလေးပြင်ဆင်လိုက်ချိန်တွင် အဝေးမှအော်ခေါ်လိုက်သောအသံလေးကြောင့် သခင်မလေးရဲ့ မျက်လုံးအိမ်တွေလှုပ်ရှားလာကာ လက်ကနဲဖြစ်သွားသည်...
ဒါကိုမင်းသမီးသည် အသေအချာသိလိုက်ကာ သခင်မလေး လှမ်း
ကြည့်သော နေရာသို့ စူးရဲစွာစိုက်ကြည့်နေလိုက်သည်....
သက်ရှိပန်းပုရုပ်လေး လို မိန်းမငယ်တယောက်...
မင်နိုင်ငံရဲ့ပဏာဆက်ထားတဲ့ ကချေသည်...
သေးကွေးသောဖြစ်တည်မှု အရေးစိုက်စရာမလိုအပ်သည့် အနိမ့်ပိုင်း ကချေသည် ဖြစ်တည်မှုဆိုပင်မယ့် li သခင်မလေးသည် ရွန်းလဲ့စွာဖြင့်ကြည့်နေသည်...
မသိမသာ စုပ်သွားသော လက်သီးတွေသည် ဝတ်ရုံအောက်တွင်သာ
ဖွက်မြဲဖွက်ဆဲပါဘဲ.....
Li ငယ် မျက်လုံးထဲက အကြင်နာရိပ်တွေသည် ဘာကြောင့်များ...ဘာကြောင့်များ ဘာကြောင့်များ အကြောက်တရားမဲ့စွာယိုစီးနေရတာလည်း...။
၁၃ နှစ်အရွယ်ကတည်းက အရိပ်တကြည့်ကြည်ဖြင့် ကလေးလေးဟာ သူ့ကိုတော့ဖြင့် ကြောက်ကြောက်လန့်လန့် အမြဲတမ်း မျက်မှာဖုံးစွပ်ထားတဲ့မျက်လုံးတွေနဲ့ အေးစက်စက်အကြည့်တွေနဲ့ ခစားနေခဲ့ပြီး...ဘာမဟုတ်တဲ့ မင်ိနုင်ငံတော်က လက်ဆောင်ပေးလိုက်တဲ့ ကချေသည်လေးကျမှ ချစ်ခြင်းမေတ္တာတွေ နဲ့ ဘာကြောင့် ခစားနေရသလည်း....။
အိမ်ရှေ့စံမင်းသမီးသည်..ဓါးကိုတင်းတင်းကြပ်ကြပ် စုပ်ကိုင်ထားခဲ့ပါသည်.....။
Ni:Li.....
နာမည်လေးတောင် အခေါ်မခံတော့ဘဲ အဝေးက ကချေသည်လေးဆီပြေးသွားရလောက်တဲ့အထိ သူကအရေးကြီးနေတာလား..... ဟင်...ငါကော..ငါကကော တောအလယ်ကြီးထဲမှာ တယောက်တည်းကျန်ခဲ့တဲ့ ငါကကော.....
ပုံတူပန်းချီဆွဲထားတဲ့ စာရွက်ကို
ကြည့်လိုက်တော့ နီဆွေ့ဆွေ့ဝတ်ရုံ ခပ်ဖူးဖူးနခမ်းပါး..ဟင့်အင်း ဒါငါ့ပုံလို့ ဘယ်လိုဘဲငြင်းငြင်း အနီရောင်ဝတ်ရုံတွေကမညာစတမ်းပြောတယ် ဒါက ကချေသည်လေးရဲ့ပုံတဲ့...
မင်းသမီး အနီရောင်ဝတ်ရုံကိုမုန်းသွားတာ ကချေသည်လေး ကြောင့်ဆိုတာ li သခင်မလေး မသိတာများလား ........
Li: ယောင်း....
ယောင်းမျက်လုံးတွေသည် သခင်မလေးဆီမဟုတ် တော့အလယ်တယောက်ထဲကျန်နေခဲ့တဲ့ မင်းသမီးပုံရိပ်ငယ်လေးကို အရိပ်တကြည့်
ကြည့်ဖြင့်....
Young: သခင်မလေးကို ဂါရဝပြုပါတယ်....
Li: အဲ့ဒါတွေမလိုအပ်ဘူးလို့ကိုယ်ပြောခဲ့ဖူးတယ်လေ...
Young: ဟုတ်ကဲ့...
Li: ဒီအထိရောက်လာရတဲ့ အကြောင်းကိစ္စက....
စိုးရိမ်နေတဲ့မျက်ဝန်းတွေ လက်ချောင်းတွေကိုနွေးနွေးထွေစထွေးကိုင်ထားပေးတယ်...အနေကျပ်လာတာကြောင့် သခင်မလေးလက်ကြားထဲက မိမိလက်ကိုရုန်းထွက်လိုက်တယ်...
အကြောင်းကိစ္စလား....အိမ်ရှေ့စံမင်းသမီးကို လွမ်းလို့ အဲ့အေးတိအေးစက် မျက်နှာတော်လေးကို တရက်တမနက်မတွေ့မြင်ရရင် စားမဝင်အိပ်မပျော်တာ
ကြောင့်မလို့ လိုက်လာတာကို ဖြေလိုက်လို့ဖြစ်လားဟင်.....
Young: ဟို....ဟို
အမှန်တော့ဘာအရေးကိစ္စမှမရှိ မင်းသမီးနဲ့သခင်မလေး နှစ်ယောက်တည်းနန်းပြင်ထွက်သွားတာကြောင့် နောက်ကလိုက်လာရခြင်းဖြစ်သည်....
🐴🐴🐴
မြင်းခွာသံတွေ ခြေသံတွေအထပ်ထပ်အလဲလဲကြားရပြီးတဲ့နောက် ကိုယ်ရံတော် လင်း နဲ့ အထိန်းတော်ကြီး နောက်မှာစစ်သည်တသိုက်နဲ့ ဝေါယဥ်.....
"အိမ်ရှေ့စံမင်းသမီး အခုချက်ချင်း အချိန်မဖြန်းဘဲ နန်းတွင်းဝင်ရပါမယ်"
Ni: ဘာအကြောင်း....
"ဘုရင်မင်းမြတ် မိဖုရားငယ်တော်ကောက်လာပါတယ်"
ဘာ!!!
တုံ့ဆိုင်းမနေဘဲ ဝေါယဥ်ပေါ်တက်ကာ နန်းတော်သို့ချီတက်ခိုင်းလိုက်သည်....
Ni:park young မင်းက တို့နဲ့တခါတည်းလိုက်ခဲ့...
Young : အမိန့်အတိုင်းပါမင်းသမီး
Ni:Li ငယ်လေးက ပန်းချီပစ္စည်း တွေကောသိမ်းဆည်းရမှာဆိုတော့ ဖြေးဖြေးလိုက်ခဲ့နော်...
Li:ဟုတ်ကဲ့...
ထွက်သွားပြီဖြစ်သော မင်းသမီးရဲ့ဝေါယဥ် ယောင်းနဲ့အတူ ပြန်ဖို့စီစဥ်ရာတွင် ဘယ်တောအခါမှ အောင်မြင်ခဲ့ခြင်းမရှိခဲ့...
.
.
.
.
.
................."
ဖခမည်းတော်!!!
နန်းရင်ပြင်တွင် မိဖုရားတင်မြှောက်ပွဲတောင်စီစဥ်နေခဲ့ကြပြီ...တန်းစီနေသောအမတ်မင်းတွေဟာ နားထင်တွင်ချွေးတွေတောင်စို့လို့ သေချာတယ် ခမည်းတော်အမိန့်ကြောင့် ပြာပြာသလဲ စီစဥ်ထားရတယ်ဆိုတာ...
"အိမ်ရှေ့စံမင်းသမီး ရောက်ပြီဘဲ ပွဲတော်ကိုစကြတာပေါ့"
Ni: ခမည်းတော် ဒီလိုအခြေအနေကြီးမှာ ဘာကြောင့် မိဖုရားမြှောက်ချင်ရတာလည်း..
မေးချင်နေသော...မေးသင့်နေသောမေးခွန်း ဘေးတွင်တန်းစီနေပါသော မိဖုရားတွေရှိနေပါသော်လည်း နောက်မိဖုရားငယ်ထပ်မြှောက်ခြင်းတွင် ဖခင်ဖြစ်သူအား အတော်နှာထသည်ဟုပြောလိုက်ရရင် သင့်တော်ပါ့မလား....
"မင်းသမီးနဲ့တော့ ခက်ရချေပြီ ငါကိုယ်တော်ချစ်မြတ်နိုးလို့ ထိမ်းမြားတာပေါ့ မွန်းမလွဲခင်ပွဲစချင်တယ် အိမ်ရှေ့စံ ပုလ္လင်မှာနေရာယူပါတော့"
ချစ်မြတ်နိုးလို့ဆိုပြီး မေးဖျားလေးကိုဆွဲကိုင်လှုပ်ရမ်းကာ ပြောနေသော မိဖုရားငယ်ဆိုသူသည် မင်းသမီးထက်တောင် အသက်ငယ်ပုံရသည်...အေးပေါ့လေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘယ်သူကများ မိဖုရားဖြစ်ခွင့်ကို လက်လွတ်ခံပါ့မလည်း....
မသက်သာတဲ့အဆုံး ပုလ္လင်ထက်မှာနေရာယူလိုက်ရတယ် ပန်းနုရောင်ဝတ်ရုံ၏ ခြေဖြားတွင် ရွံ့တွေပေကျံနေတုန်းဘဲ...
"ဘုရင်မင်းမြတ်နဲ့မိဖုရား သက်ကျော်ရာကျော်ရှည်ပါစေ"
"ဘုရင်မင်းမြတ်နဲ့မိဖုရား သက်ကျော်ရာကျော်ရှည်ပါစေ"
"ဘုရင်မင်းမြတ်နဲ့မိဖုရား သက်တော်ရာကျော်ရှည်ပါစေ"
ဘုရင်မင်းမြတ်ဟာ သေရည်ခွက်ကြီးမြှောက်ပြီး ပျော်မြူးနေလေရဲ့......
ဘေးပုလ္လင်ပေါ်က အကိုတော်ဟာလည်း စိတ်ကြည်လင်နေပုံမရ...မျက်ခုံးတွေကိုတွန့်ချိုးထားပြီး သေရည်တွေကိုသာ တခွက်ပြီးတခွက်မော့သောက်နေတယ်....
ဘယ်သူကများ... ကိုယ့်ထက်ငယ်တဲ့သူကို မယ်တော် တော်ချင်ပါ့မလည်း...
မနှစ်သက်ဖွယ်ရာ နေ့တနေ့ဖြစ်လာခဲ့တယ်...ထိုမိဖုရားငယ်ဟာ မိဖုရားဖြစ်သည်ဆိုတိုင်း တခါတခါ အိမ်ရှေ့စံကိုပါ အာဏာပြချင်လာတယ်..တခါတခါ ဂုန်းပါချောလာတဲ့အခါ...
Ni:LiLi Ban!!! မင်းတို့ကိုခံမပြောနဲ့...
Li: ခံပြောနေတာမဟုတ်ဘူးမင်းသမီး တစုံတခုဖြစ်တိုင်း ယောင်းကိုထိပါးလွန်းတာကတော့ တရားလွန်လွန်းတယ်မဟုတ်ဘူးလား
Ni: မင်းကငါ့ကိုတရားလွန်တယ်လို့ပြောနေတာလား...အဲ့လိုပြောနိုင်ရအောင်မင်းကဘာမလို့လည်း ငါလို အိမ်ရှေ့စံ ကို...
Li: မင်းသမီး ဘာအကြောင်းကြောင့်နဲ့ ယောင်းကို ဆောင်ကြာမြိုင်ပို့ပြန်ရတာလည်း...ဖြေရှင်းချက်လေးတော့ပေးနိုင်မယ်မလား...
Ni: မျက်စိနောက်လို့...မင်းသဲသဲလှုပ်နေတာကို မုန်းလို့!!!
Li: မင်းသမီး!!!
သခင်မလေးရဲ့လက်တွေဟာ မင်းသမီးကိုလည်ပင်းညစ်ဖို့တောင်ဟန်ပြင်နေပြီးနေပါပြီ ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး...သတ်ပြီးထားခဲ့လိုက်ရလောက်တဲ့အထိ ဖြစ်တည်မှုကမရိုးရှင်းဘူး....
Ni: မင်းကငါ့ကိုသတ်အုန်းမလို့လား...လုပ်လိုက်လေ
ရွယ်ထားတဲ့လက်တွေလျော့ကျသွားတယ် ချွေးတွေကော မျက်ရည်တွေကော ရောနေလွန်းတဲ့ မျက်နှာကို လက်ဖဝါးနဲ့အကြိမ်ကြိမ်ပွတ်တိုက်ပစ်ရင်း သလွန်ခြေရင်းကိုထိုင်ချပစ်တယ်....နန်းဆောင်ထဲရဲ့ ဟိုးတကွက် ဒီတကွက်သွေးကွက်တွေ ဖန်ကွဲတွေ ကြွေခွက်အကွဲတွေ......
ဓါးကိုယူပြီးထထွက်သွားတဲ့ ကျောပြင်ကိုကြည့်ပြီး အံတင်းတင်းကြိတ်ထားလိုက်တယ်...သူအဲ့သတင်းကိုဘယ်နေရာကကြားလာခဲ့တယ်ဆိုတာမင်းသမီးမသိချေ...ယောင်းဆိုတဲ့ကချေသည်လေးဟာ အနောက်ဘက်နန်းဆောင်မှာရှိနေကောင်းရှိနေပါလိမ့်မယ်...မဟုတ်ရင်လည်း တနေရာရာမှာ ရှိနေမှာပါ ဒီလိုပြဿနာလာရှာတိုင်းလည်း မင်းသမီးဟာ ပြာပြာသလဲ မရှင်းပြတတ် သူလည်းအော် ကိုယ်လည်းအော်ရင်းနဲ့ ပြဿနာကိုဖြေရှင်းဖြစ်ကြတယ်.....
Li: ဖယ်ပေး..
နန်းဆောင်အပြင်ကိုထွက်ရန်ပြင်နေတဲ့သခင်မလေးကို ဓားနဲ့လာတားတဲ့ ကိုယ်ရံတော်အား ဖယ်ပေးဖို့ပြောလိုက်တယ်...
"မင်းသမီးနဲ့ပြီးဆီးအောင်ဆွေးနွေးစေချင်တယ်..."
Li:မင်းလိုအနိမ့်ပိုင်းကိုယ်ရံတော်က ငါ့လိုအမတ်ကြီးသမီးကို....
"စိုးရွံမိပါတယ် သခင်မလေး"
Ni: လင်း ဖယ်ပေးလိုက် li ငယ်လေးမင်း အဲ့သတင်းကို ဘယ်သူ့ဆီကကြားလာတယ်ဆိုတာ တို့မသိဘူး ဒါပေမယ့် အဲ့ကချေသည်က ဆောင်ကြာမြိုင်မှာရှိနေတာမဟုတ်ဘူး နန်းတော်မှာဘဲရှိနေခဲ့တာ...ဒီသတင်းကိုမင်းဘယ်သူ့ဆီကကြားလာတာလည်းဆိုတာ တို့ကိုဖြေပေး...
Li:သတ်ပစ်အုန်းမလို့လား....
Ni: ဘယ်သူဆိုတာကိုသာပြောစမ်းပါ
Li: မိဖုရား....မကြာခင်ကမိဖုရားဖြစ်လာတဲ့ မီလာမိဖုရား...
Ni:မင်းကတွေ့တာမကြာသေးတဲ့သူ့စကားကျယုံပြီး တို့စကားကျတော့......
Li:သွားလို့ရပါပြီလား ဖြေခိုင်းတာကိုလည်းဖယ်ပေးပြီးပြီထင်တယ်....
မင်းသမီးခေါင်းငြိမ့်ပြတာနဲ့ ကိုယ်ရံတော်ကဘေးဖယ်ပေးတယ်...သခင်မလေးက လှည့်မကြည့်စတမ်းဒေါနဲ့မောနဲ့ထွက်သွားခဲ့တယ်...
Ni: အဲ့မိဖုရားငယ် ဘယ်နေရာမှာရှိနေလည်း...
"မင်းသမီးရဲ့သီးသန့်စာကြည့်ဆောင်မှာရှိနေပါတယ်..."
Ni: ရာရာစစ ငါပိုင်တဲ့နေရာ ငါပိုင်တဲ့သူကိုများ.....
လက်ထဲဓါးကိုင်ကာထွက်သွားတဲ့မင်းသမီးအနောက်ကိုမပြေးရုံတမယ် အထိန်းတော်ကြီးတွေလိုက်လာခဲ့ရတယ်...
အ!!!
ကန်တော်အလယ် ကျောင်းဆောင်ငယ်ရဲ့ထောင့်ကိုကပ်သွားတဲ့ မီလာမိဖုရား ဆံပင်ကနေဆွဲပြီးတွန်းထုတ်လိုက်တဲ့သူက jong in မင်းသား...
လဲကျသွားတဲ့မိဖုရားအနားကို သွားပြီး လည်ပင်းကဝတ်ရုံစကိုဆွဲရမ်းကာ ထောင့်မှာကပ်ထားလိုက်တယ်....မိဖုရားငယ်အာဏာထက် မင်းသားရဲ့အာဏာကပိုကြီးတော့ ဘယ်သူမှအနားမကပ်ရဲဘူး...
"မိဖုရားဖြစ်တာရက်ပိုင်းဘဲရှိပါသေးရဲ့ ငါ့ညီမတော်နဲ့ ငါ့မယ်တော်ကို စိတ်ဒုက္ခပေးနေတဲ့ သင့်မှာအသက်အပိုပါလာခဲ့သလား မီလာမိဖုရား"
"အိုး...အသင်မင်းသား မိဖုရားတယောက်ကို ကိုယ်ထိလက်ရောက်စော်ကားတာက သိက္ခာမဲ့လွန်းပါတယ် "
မင်းသားသည် အမျက်ထွက်ရချေသည် တရူးရူးနဲ့ အသက်ရူသံတွေဟာပြင်းပြနေသည်...မွေးမိခင် အပါအဝင် မယ်မယ်မိဖုရားခေါင်ပါ သူမကြောင့် နေ့စဥ်နေ့တိုင်း မျက်ရည်နှင့်မျက်ခွက် တိုင်ပင်ဖို့ညီမတော်နန်းဆောင်အသွား lili နဲ့အချင်းများနေတဲ့အသံတွေ ရှင်းလင်းပြတ်သားစွာကြားလိုက်ရတာက မီလာမိဖုရားဆိုတာဘဲ.....
"အာ...ကျွန်မမေ့သွားခဲ့တယ် ကိုယ်လုပ်တော်ရဲ့သားဆိုတော့ မင်းသားဆိုပင်မယ့်လည်း သွေးကမှလိမ်လို့မရတာ သိက္ခာဘယ်ရှိပါ့မလည်း"
ဖြောင်း#
ကြားဝင်လာတဲ့ အိမ်ရှေ့စံမင်းသမီးဟာ မိဖုရားငယ်ကိုပါးဝင်ရိုက်လို်ကတယ်...
Ni: အဲ့ဒါအကိုတော်ကိုစော်ကားလို့...
ဖြောင်း#
Ni: အဲ့ဒါ li ငယ်နဲ့ငါ့ကြားသွေးထိုးလို့...
ဖြောင်း#.
Ni:ငါ့မယ်တော်ကို စိတ်ဆင်းရဲအောင်လုပ်လို့...
ထပ်ရိုက်ဖို့ရွယ်တော့ နောက်ကမင်းသားကလှမ်းဆွဲထားတယ်...
"ညီမတော် ခမည်းတော်သာသိတော်မူခဲ့ရင်...."
Ni: မကြောင်းကြပါနဲ့ အခုလေးဘဲ ခမည်းတော် နန်းပြင်ထွက်သွားတယ် အမဲလိုက်ဖို့....အကိုတော်လည်းသိတဲ့အတိုင်း ခမည်းတော် အမဲလိုက်ရင် ရက်သတ္တသပတ်တော့ကြာတတ်တာကို...
"ဘယ်လိုလုပ်ရပါ့မလည်း မီလာမိဖုရား ခမည်းတော်ကိုတရုံနဲ့ လာမကယ်နိုင်လောက်တော့ဘူးထင်တယ်"
ထို့နေ့တွင် jong in မင်းသားနဲ့ အိမ်ရှေ့စံမင်းသမီးပေါင်း၍ မီလာမိဖုရားအားနှိပ်စက်လိုက်တာ နောက်ရက် သလွန်ပေါ်ကတောင်မထနိုင်ခဲ့ပါဘူးတဲ့....
.
.
.
.
.
.
................"
တခုသော မနက်ခင်းတွင်.......
မင်းသမီးတယောက် တွေဝေနေတယ်...မျက်တောင်လေးတောင်တချက်မခတ်ဘဲ တနေရာထဲကိုသာစူးစိုက်ပြီးကြည့်နေကာ...
Ni: အထိန်းတော်ကြီး...
အထိန်းတော်ကြီး...
"နာခံလျက်ပါ မင်းသမီး"
Ni:Li ငယ်ကို အကြောင်းအရင်းတခုခုနဲ့ နန်းပြင်စေလွှတ်လိုက် ပြီးရင်အဲ့ကချေသည်နဲ့ဆုံချင်တယ်...
"သဘောတော်အတိုင်းပါ အိမ်ရှေ့စံမင်းသမီး "
.
.
.
................"
Li: ဒါဆို ဒီနေ့တနေ့လုံးအမှုထမ်းစရာမလိုအပ်ဘူးလို့ဆိုလိုတာလား
"မှန်ပါတယ် သခင်မလေး အိမ်တော်မပြန်လိုရင် ပညာရေးအရာရှိ စာမေးပွဲအတွက် စာလေ့လာနိုင်ပါတယ် မကြာခင်မင်းသမီးလည်းရောက်လာမယ်လို့ မိန့်ကြားထားပါတယ်"
Li: နေပါစေ အိမ်တော်ကိုဘဲပြန်တော့မယ် မြင်းစီစဉ်ပေး
"ဟုတ်ကဲ့"
ထွက်သွားတဲ့ ကိုယ်ရံတော်နောက်ကျောကိုကြည့်ပြီး စိတ်ထဲတော့ဘဝင်မကျပင်မယ့် ဒီနေ့တနေ့လုံးမင်းသမီးနဲ့တွေ့နေမြင်နေရရင်တော့အဆင်မပြေနိုင်တာ
ကြောင့် အိမ်တော်ပြန်ဖို့ကိုသာရွေးချယ်လိုက်တယ် ဒါပေမဲ့ ယောင်းမျက်နှာလေးကိုတော့မြင်ချင်နေခဲ့သေးတယ်....
ကြီးကျယ်တဲ့ချစ်ခြင်းတရားတွေဟာ......
အကွာအဝေးပေါ်မူတည်ပါသေးသလား အဆင့်အတန်းပေါ်မူတည်ပါသေးသလား အမျိုးအနွယ်ပေါ်မူတည်ပါသေးသလား...။
ကြောက်ရွံခြင်းဆိုတာကကော ရှိနိုင်ပါသေးသလား
မှန်တချပ်ရဲ့အတွင်းဘက်မှာ ငါတို့မဟုတ်တဲ့ တခြားလူတွေရှိနေနိုင်တယ်....။
.
.
.
.
.........."
အိမ်ရှေ့စံမင်းသမီးဟာ ကန်တော်အလယ် ကျောင်းဆောင်ငယ်လေးမှာ ထည်ဝါစွာထိုင်ကာ မုန့်အချိုလေးတွေစာရင်း လဖက်ရည်လေးတွေသောက်ရင်း ကချေသည်လေးကိုစောင့်ဆိုင်းနေရသည်....
ကိုယ်ကအိမ်ရှေ့စံမင်းသမီးဖြစ်ပြီး စောင့်နေခဲ့ရတာဟာ သိပ်အရေးမပါလှဘူးဆိုပင်မယ့် လိုအပ်တယ် စောင့်နေဖို့လိုအပ်တယ်....
Young: အိမ်ရှေ့စံမင်းသမီးကို ဂါရဝပြုပါတယ်...
Ni: အင်း
မင်းသမီးက အင်းတလုံးသာဖြေပြီး ကန်ရေပြင်ကြီးကိုကြည့်နေတယ် ဘေးက ကိုယ်ရံတော်ဟာ ယောင်းကိုထိုင်ဖို့ ဓါးဖြင့်ပြနေတာကြောင့် မင်းသမီးရှေ့တော်မှောက် ဒူးတုပ်ထိုင်ကာ ခေါင်းကိုငုံ့ထားရသည်...
Ni: အားလုံးထွက်သွား...
ယောင်းကလွဲပြီး အစေအပါးတွေအကုန်ထွက်သွားကြတယ်...အခုချိန်ထိ မင်းသမီးသည် ဘာစကားမှစမလာသေးခဲ့ လက်ကြားထဲတွင်ချွေးတွေတောင်စို့လာခဲ့သည်....
သက်ပြင်းအခါခါချနေတဲ့ မင်းသမီးရဲ့အသံရှုသံ ယဲယဲလေးကိုကြားနေရယုံနဲ့တင် ယောင်းပါ အသက်တိုချင်လာတယ်...မင်းသမီးနှာခေါင်းဝက လေပြေကိုတောင် ယောင်းမနာလိုတယ် မင်းသမီးနဲ့အမြဲအနီးကပ်နေနေခွင့်ရှိနေတာမလို့....
ဘာကြောင့်သက်ပြင်းတွေချနေရတယ်...ဘာကြောင့် ယောင်းမဟုတ်တဲ့ကန်ရေပြင်ကိုဘဲကြည့်နေရတယ်ဆိုတာကို ကောငးကောင်းကြီးနားလည်ပါတယ် မင်းသမီးမှယောင်းကိုအမြင်မကြည်တာ အဲ့ဒါကြောင့် ယောင်းကိုလည်တောင်မကြည့်တာပေါ့....
Young: အိမ်ရှေ့စံမင်းသမီး...ကျွန်တော်မျိုးမကို ဘာအကြောင်းနဲ့များအမြင်မကြည်ရသလဲ....မင်းသမီးအပေါ် ယောင်းအနေနဲ့ဘာအပြစ်မှမလုပ်ထားမိဘူးထင်တယ်.....
Ni:တို့မင်းအပေါ်အမြင်မကြည်တာမဟုတ်ပါဘူး...li ငယ်လေးက မင်းအပေါ်သိပ်တွယ်တာ ငါမြင်တွေ့နေရတယ်လေ...သူက ငါ့ကလေးလေးလိုဖြစ်နေတော့ ပညာရေးအမတ်ဖြစ်လာဖို့
စာအရမ်းကြိုးစားနေရမယ့်အချိန်မှာ မင်းကိုအစွဲလန်းလွန်ပြီး လမ်းမှားသွားမှာကိုငါသိပ်ပူပန်နေခဲ့တာ...ညဘက်တွေတောင် ကောင်းမွန်စွာ အနားမယူနိုင်ဘူး...
Young: ကျွန်တော်မျိုးမ ဘယ်လိုမျိုးများ ဆောင်ရွက်ပေးရင် အိမ်ရှေ့စံမင်းသမီး ကောင်းမွန်စွာအနားယူနိုင်မလည်း...မင်းသမီး စိတ်မပူပန်နေရအောင် ကျွန်တော်မျိုးမ ဘာဘဲဖြစ်ဖြစ်လုပ်ပေးပါ့မယ်...
အိမ်ရှေ့စံမင်းသမီးသည် ခရမ်းနုရောင်ဝတ်ရုံလေးဖြင့် သာယာလှသောမနက်ခင်းအစောတွင် အတော်ကိုလှပတင့်တယ်နေခဲ့သော ကချေသည်လေးကိုကြည့်ရင်း အရောင်အသွေးစုံလင်လှသောအပြုံးတခုကိုဆင်မြန်းပြီးတဲ့နောက်......
Ni: ငြင်းပါ...အဲ့ကလေးကို မျှော်
လင့်ချက်သေးသေးလေးတောင်မထားနိုင်တော့လောက်တဲ့အထိ ယောင်းဘက်က ငြင်းပေးပါ...
ယောင်းရဲ့လက်ချောင်းသွယ်သွယ်လေးတွေသည် ဒူးထောက်စကားပြောနေရင်းမှ မသိမသာ ဆုပ်သွားကာ အိမ်ရှေ့စံမင်းသမီးကိမရဲတရဲမော့်ကြည့်လာခဲ့သည်....
မင်းသမီးပျော်ရင် ယောင်းပျော်သလိုပါဘဲ
အဲ့ဒီရောင့်ရဲမှုလေးတခုနဲ့
အရာအားလုံးကို ခါးခါးသီးသီး လက်ခံပစ်လိုက်ရတယ်...။
ချစ်ခြင်းတရားဆိုတာက အဲ့လိုဘဲ ကန်းတယ်...။
.
.
.
.
.
.
.
.
##$%%%##%%##%%
တိုသွားပြန်ပြီ...
Ep.18 is Coming soon.
________________________
####################
Zawgyi #
Ni:Li ငယ်လေး
Li: အရေးကိစ္စ....
Ni: တို့......
Li:ဟုတ်ကဲ့...
Li: သဘောတော်အတိုင်းပါ...
..............."
Ni: မင်းအဆင်ပြေရဲ့လား
Li:ဟုတ်ကဲ့....
Ni:li ငယ်လေး
Li:ဟုတ်ကဲ့ အိမ်ရှေ့စံ
ဖွက်မြဲဖွက်ဆဲပါဘဲ.....
၁၃ နှစ်အရွယ်ကတည်းက အရိပ်တကြည့်ကြည်ဖြင့် ကလေးလေးဟာ သူ့ကိုတော့ဖြင့် ကြောက်ကြောက်လန့်လန့် အမြဲတမ်း မျက်မှာဖုံးစွပ်ထားတဲ့မျက်လုံးတွေနဲ့ အေးစက်စက်အကြည့်တွေနဲ့ ခစားနေခဲ့ပြီး...ဘာမဟုတ်တဲ့ မငိနုင်ငံတော်က လက်ဆောင်ပေးလိုက်တဲ့ ကချေသည်လေးကျမှ ချစ်ခြင်းမေတ္တာတွေ နဲ့ ဘာကြောင့် ခစားနေရသလည်း....။
Ni:Li.....
Li: ယောင်း....
ကြည့်ဖြင့်....
Young: ဟုတ်ကဲ့...
Young: ဟို....ဟို
🐴🐴🐴
Ni: ဘာအကြောင်း....
ဘာ!!!
Li:ဟုတ်ကဲ့...
.
.
.
.
.
................."
ဖခမည်းတော်!!!
Li: မင်းသမီး!!!
Li: ဖယ်ပေး..
အ!!!
ဖြောင်း#
ကြားဝင်လာတဲ့ အိမ်ရှေ့စံမင်းသမီးဟာ မိဖုရားငယ်ကိုပါးဝင်ရိုက်လိုကတယ်...
ဖြောင်း#
ဖြောင်း#.
.
.
.
.
.
.
................"
တခုသော မနက်ခင်းတွင်.......
Ni: အထိန်းတော်ကြီး...
အထိန်းတော်ကြီး...
"နာခံလျက်ပါ မင်းသမီး"
.
.
.
................"
"ဟုတ်ကဲ့"
.
.
.
.
.........."
Ni: အင်း
Ni: အားလုံးထွက်သွား...
.
.
.
.
.
.
.
.
##$%%%##%%##%%
တိုသွားပြန်ပြီ...
Ep.18 is Coming soon.