LOVE ME,OK![Complete]

By M-O-N-E

188K 17.6K 2.3K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This stor... More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-21
Episode-22
Episode-23
Episode-24
Episode-26
Episode-27
Episode-28
Episode-29
Episode-30
Episode-31
Episode-32
Episode-33
Episode-34
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-40
Episode-Final

Episode-25

4.2K 394 38
By M-O-N-E

♡Unicode version♡


ဒီဇင်ဘာကျောင်းပိတ်ရက်တွေစီ ခပ်မြန်မြန်ပဲရောက်လာတဲ့အခါ အဆောင်နေကျောင်းသူကျောင်းသားအားလုံးနီးပါး မိမိနေရက်အိမ်ရှိရာကိုလေ့လာစရာတွေသယ်ပိုးလို့သာ ပြန်ကုန်ကြရတယ်။ရက်ရှည်ကျောင်းပိတ်ဖြစ်သည်မို့ပျော်နေသူတွေရှိပေမဲ့ခတ္တဝေးရမည့်အရေးကိုတွေးပြီးကြိုဆွေးနေသူတွေလည်းတဘုံတဘင်ပါပဲ။တက္ကသိုလ်ကျောင်းအတွင်း ချည်နှောင်မိခဲ့ကြသည့်သံယောဇဥ်တို့မှာလည်း ထိုတက္ကသိုလ်ကြီးရဲ့သက်တမ်းထက်ပင် အဓွန့်ရှည်တတ်ကြပါသေးတယ်။

"အကိုတယောက်တည်းမထားခဲ့ချင်ဘူး..."

အခန်းဝမှာluggageကြီးတစ်စို့ထားလျှက်ရင်ခွင်ထဲတိုးဝှေ့လာသူလေးကိုရှောင်းကျန့်ခပ်တင်းတင်းပြန်ဖက်ထားလိုက်တယ်။အိမ်မပြန်ပဲအဆောင်မှာတယောက်တည်းကျန်နေရစ်မည့်သူ့ကိုကောင်လေးကစိတ်မချနိုင်ဖြစ်နေဟန်။ပိတ်ရက်တွေအတွင်းလာတွေ့ပါ့မယ်ပြောထားပေမဲ့ သူကိုယ်တိုင်လည်းကောင်လေးနဲ့တရက်မှခွဲနေဖို့ဆန္ဒမရှိပါ။

"စာကိုသေချာအာရုံစိုက်ရမယ်နော်...စားမေးပွဲပြီးရင်ကိုယ်ကကောင်လေးရဲ့ကြိုးစားမှုအတွက် ဆုပေးမှာ..."

"ဟအင်း!...အကို့ကိုပဲလွမ်းနေမှာ..."

"အဟက်!...ဒီအဆိုးဆာလေးကတော့ကွာ..."

နှာလုံးလေးကိုဖိညှစ်ရင်းကျီစယ်တော့နှုတ်ခမ်းကိုပါကျူးကျော်စေချင်ဟန် တထော်ထော်လုပ်ပြနေတယ်။ဖြေးဖြေးလေးမွပေးလိုက်ပြီး လက်တွေတွဲ luggageတွေကူဆွဲကာ အဆောင်ပြင်ကကျောင်းဖယ်ရီကားတွေရပ်ထားသည့်နား လိုက်ပို့ရတယ်။ဖေရှီးကိုလည်းဂရုစိုက်ပေးဖို့အတန်တန်မှာပြီးကားပေါ်မတက်ခင်အထိ အကြင်နာပိုနေမိတော့ ဖန်းဝေကမြင်ပြင်းကတ်လောက်အောင်ချောင်းခဏခဏဟန့်တယ်။

"ဖုန်းဆက်မယ်နော်...အိမ်ရောက်ရင်လည်းmessageပို့လိုက်...အချိန်မှန်မှန်စားပြီးအချိန်မှန်မှန်အိပ်...စာလုပ်ရင်အရမ်းညဥ့်မနက်စေနဲ့...ရေချိုးလည်းအရမ်းမကြာစေနဲ့...ပြီးတော့ဒီမျက်လုံးလေးတွေကိုဂရုစိုက်...စာလုပ်လို့ပင်ပမ်းလာရင်ကိုယ့်အကြောင်းတွေးပြီးပြုံးပေး..."

"အင်း!..."

တတွတ်တွတ်မှာတမ်းခြွေနေသည့်ရှောင်းကျန့်နဲ့ခေါင်းတငြိမ့်ငြိမ့်လုပ်ကာနာခံနေသည့်ရိပေါ်တို့မှာကျောင်းကားထွက်ခွာခါနီးမှလူချင်းခွာလို့ နှုတ်ဆက်မိကြတော့တယ်။သူသူငါငါနှုတ်ဆက်နေကြသည့်relationshipတွေမှာရှောင်းကျန့်တို့အတွဲကလူပြောအများဆုံးအတွဲဖြစ်နေရတာ ဆန်းတော့မဆန်း။

___

*ကလင်!* *ကလင်!* *ကလင်!*

စားသုံးသူခပ်စိပ်စိပ်ရှိနေသည့်ဖက်ထုပ်ဆိုင်လေးအတွင်းပျံ့လွင့်လာသည့်phoneသံ။ရိပေါ်ဧပရွန်လေးဝတ်လျှက် စားပွဲထိုးဝင်လုပ်ရင်း ဝမ်မားကိုဝိုင်းကူနေရာမှ ကောင်တာအနီးရောက်နေသည်မို့ဖုန်းအမြန်ပြေးကိုင်လိုက်ရတယ်။

"×××ဖက်ထုပ်ဆိုင်ကပါခမျ..."

[........................................]

"အာ!...ဘယ်နှပွဲလောက်လိုချင်တာလဲခမျ!..."

[.........................................]

"ဟုတ်!...ဟုတ်ကဲ့ အချိန်မှီလာပို့ပေးပါ့မယ်...လိပ်စာပြောပေးပါ..."

တဖက်ကပြောသည့်လိပ်စာကိုအော်ဒါစာရင်းမှတ်သည့်စာအုပ်လေးထဲရေးမှတ်ကာkitchen ကောင်တာရှိသည့်ဆိုင်အနောက်ဘက်ထဲဝင်သွားလိုက်တယ်။လူအမြဲကျနေတတ်သည့်ဝမ်မားရဲ့ဖက်ထုပ်ဆိုင်လေးကတော့နေ့လည်နေ့ခင်းတွင်ပင် စားသုံးသူမစဲ။

တအောင့်နေတော့ခုနကဧပရွန်နဲ့မဟုတ်တော့ပဲdeliveryပို့သည့်အပြာရောင်ဝတ်စုံလေးနဲ့ အထုပ်နှစ်ထုပ်ဆွဲကာရိပေါ်အပြင်ပြန်ထွက်လာတယ်။ခါတိုင်းdeliveryပို့သမားကဒီနေ့ခွင့်ယူထားသည်မို့ဖက်ထုပ်အော်ဒါပို့မည့်ကိစ္စကိုရိပေါ်တာဝန်ယူလိုက်ခြင်း။

ဆိုင်ပြင်ဘက်ရပ်ထားသည့်autoဆိုင်ကယ်နောက်ကလော်ကာထဲပါဆယ်ထုပ်တွေကိုသေချာနေရာချကာဆိုင်ကယ်ဦးထုပ်လေးကောက်စောင်းလိုက်တယ်။ဆိုင်ကယ်မောင်းမထွက်ခင်handphoneထုပ်ကာsefileဆွဲလိုက်သေးတယ်။ချက်ချင်းပဲဓာတ်ပုံကိုအကိုဆိုသည့်contantစီလျှာတစ်လစ်အီမိုဂျီပုံလေးနဲ့အတူsendလုပ်လိုက်တယ်။ပြီးမှအိမ်လိပ်စာကိုတခေါက်ပြန်ကြည့်ပြီး လိုရာခရီးသို့ပျော်ပျော်လေးချီတက်ခဲ့တယ်။

*ကတောင်!*

ဖက်ထုပ်ပါဆယ်ပို့ရမည့်ခြံရှေ့အရောက် messageဝင်သံကြားလိုက်ရတာမို့ဆိုင်ကယ်ရပ်ပြီးတာနဲ့ရိပေါ်အိပ်ကပ်ထဲကဖုန်းကိုသွပ်သွပ်လေးထုပ်ကြည့်လိုက်တယ်။အကိုပြန်ပို့ထားသည့်messageကအလုပ်တွေကြိုးစားနေတဲ့ကိုယ်ကောင်လေးကချစ်ဖို့ကောင်းလိုက်တာတဲ့။messageနောက်နားကကပ်ပါလာသည့်အသည်းပုံရဲရဲလေးကြောင့်ရိပေါ်တဟိဟိရယ်ရင်းhandphoneပြန်သိမ်းလိုက်တယ်။

ရောက်နေသည့်ပတ်ဝန်းကျင်ကိုအကဲဆက်ကြည့်တော့သူတခါမှမရောက်ဖူးသည့်လူချမ်းသာရပ်ကွက်။ပါဆယ်ပို့ပေးရမည့်အိမ်ကိုရှာကြည့်တော့လည်း သံဗန်းတံခါး အုပ်တံတိုင်းအမြင့်ကြီးတွေဝန်းရံထားသည့် ရဲတိုက်နီးနီးကြီးသည့်အိမ်ဖြူတော်ကြီး။ရိပေါ်တွေးလိုက်မိပါသေးတယ်။မားနဲ့ဖေးဖေးကိုဒီလိုအိမ်ကြီးတွေမှာနေစေချင်လိုက်တာလို့။ရပ်ကြည့်နေရုံနဲ့မပြီးတာမို့ တံခါးနားလျှောက်သွားပြီးနံရံကလူခေါ်ဘဲလ်ကိုဖိလိုက်တယ်။

*တင်းတောင်!* *တင်းတောင်!* *တင်းတောင်!*

ဘဲလ်တီးပြီးခဏနေတော့သက်လက်ပိုင်းအရွယ်ဦးလေးကြီးတယောက်သီးသန့်ထားထားတဲ့တံခါးအသေးလေးလာဖွင့်ပေးတယ်။

"မစ္စစ်ပြောထားတဲ့ဖက်ထုပ်ပါဆယ်လာပို့တာနဲ့တူတယ်...လာလာ ဦးလေးနောက်လိုက်ခဲ့လူလေး..."

"ဟုတ်ကဲ့..."

ကြိုသိနေကာ ခြံထဲဦးဆောင်ခေါ်သွားသည့်ဦးကြီးနောက်ရိပေါ်အထုပ်တွေဆွဲကာဟိုကြည့်ဒီကြည့်နဲ့လိုက်ဝင်သွားလိုက်တယ်။အိမ်ကြီးရှေ့လှမ်းလှမ်းမှာရေပန်းကြီးကိုတစ်ခုရှိပြီးလမ်းတလျှောက်မှာလည်းခြံအလုပ်သမားတွေသူ့အလုပ်သူလုပ်နေတာတွေ့တယ်။

တော်တော်ချမ်းသာတဲ့မိသားစုပါလားလို့တွေးလိုက်မိရင်းရိပေါ်နေရာတိုင်းကိုပါးစပ်လေးဟလို့အထူးဆန်းလိုလိုက်ကြည့်မိတော့တယ်။ဘယ်လောက်ထိကြာသွားလဲမသိ သတိထားမိတဲ့အချိန်က အိမ်ကြီးရဲ့ကားရပ်ရာစဥ်ဝင်အောက်သူရောက်နေပြီ။

"ဒီမှာခဏလောက်စောင့်နေပေးနော်လူလေး...ဦးလေး မစ္စစ်ကိုအကြောင်းကြားလိုက်မယ်..."

"ဟုတ်ကဲ့ဦးလေး..."

ထိုဦးလေးကြီးကရိပေါ်ကိုရပ်စောင့်နေစေပြီးအိမ်ကြီးထဲဝင်သွားတယ်။မကြာလိုက် ရိပေါ်ရှေ့သဘောကောင်းဟန်ရှိသည့်ခပ်ချောချောအမျိုးသမီးကြီးတယောက်ရောက်လာတယ်။

"×××ဆိုင်ကဖက်ထုပ်ကသိပ်ကောင်းတယ်ပြောလို့ အန်တီကမြည်စမ်းချင်နေတာ..."

"ဟုတ်ကဲ့...ခုလိုအားပေးလို့ကျေးဇူးပါအန်တီ..."

"အဟင်း!...သားကကျောင်းသားအရွယ်လေးပဲရှိသေးတာရော်..."

ပြုံးလိုက်တိုင်းတစုံတယောက်နဲ့တူနေသည့်ထိုအမျိုးသမီးကစကားတပြောပြောနဲ့ရိပေါ်ကိုဖက်ထုပ်အဖိုးအခယွမ်တထပ်ထုပ်ပေးလာတယ်။လက်ထဲကပါဆယ်ထုပ်တွေကိုတော့အိမ်အကူတချို့စီအပ်ကာရိပေါ်ပြန်လှည့်ထွက်မည်အလုပ်။

"အန်တီ...ကိုကို့ကိုကူပြောပေးပါဦး တရက်လေးshoppingထွက်ဖို့အဖော်လိုက်ခိုင်းတာကို တအားတွေတွန့်တိုနေလို့!..."

"သားရှောင်းကျန့်ကလည်းကွယ်...ဂျူရီခေါ်တာလိုက်သွားပေးလိုက်တာမဟုတ်ဘူး!..."

"ဟင်!..."

နားစည်းကိုရိုက်ခတ်လာသည့်အမည်နာမတခုကြောင့်ရိပေါ်ပြန်လှည့်ကြည့်မိတော့ တကယ်ပဲသူ့ရဲ့အကိုဖြစ်နေခဲ့တယ်။စိတ်ထင်တာမဟုတ်ပဲ ရှောင်းကျန့်ကိုမျက်စိရှေ့မြင်လိုက်ရသည်မို့ရိပေါ်ပျော်သွားပေမဲ့ကြာကြာတော့မခံ။

ရှောင်းကျန့်လက်ကိုချိတ်တွယ်ထားသည့်ရိပေါ်နဲ့ရွယ်တူအမျိုးသမီးငယ်တယောက်လည်းထိုမြင်ကွင်းထဲရှိနေသည်မဟုတ်လား။သွက်လက်ချက်ချာပြီးထက်မြက်ပုံရသည့်သူမကရှောင်းကျန့်လက်ကိုတွဲထားပြီးဂါဝန်နီရဲရဲလေးနဲ့သိပ်ကိုလှပါတယ်။အပြင်ထွက်ဖို့ပြင်နေဟန် အနည်းငယ်မှုန်သုန်နေသည့်ရှောင်းကျန့်ကိုကားနားထိဆွဲခေါ်လာနေတယ်။

"ကိုကို...တခါလောက်လေးပဲဟာ...နော် နော်..."

"ကိုယ်တကယ်မအား...ဟင်!..."

ရှောင်းကျန့်ကခုမှသူတို့ကိုတချိန်လုံးရပ်ကြည့်နေသည့်deliveryသမားလေးဝမ်ရိပေါ်ကိုမြင်တယ်။တစုံတရာကိုစိုးထိတ်မိသွားတာမို့လက်မောင်းပေါ်ကဂျူရီ့လက်တွေကိုဖယ်ထုပ်နေတုန်းထိုအရိပ်လေးခြံပြင်ကိုပြေးထွက်သွားခဲ့တယ်။အရာအားလုံးကခဏလေးအတွင်းလျှပ်တပြတ်ဖြစ်ပျက်သွားခြင်းသာ။

"ကျစ်!...ဂျူရီ ဖယ်စမ်းဆို!!!..."

"ကိုကို့!!!..."

ရွေ့မရအောင်ကပ်တွယ်တားဆီးနေသည့်ဂျူရီကြောင့်ရှောင်းကျန့်စိတ်ရှုပ်ထွေးစွာအော်ပလိုက်တော့တယ်။ထမင်းအတူစားဖို့မားလှမ်းခေါ်လို့ရောက်လာတာ ဒီရောက်တော့ ပါးအစီစဥ်နဲ့ကုန်သွယ်ရေးဝန်ကြီးသမီးဂျူရီဆိုသည့်ကလေးမလေးက ရှောင်းကျန့်အတွက်တကယ့်ကိုရစ်ထုပ်။သူ့ကိုမြင်ကတည်းကအရမ်းလည်းရင်းနှီးမနေပါပဲ လိုက်ကပ်တွယ်နေတာ သိပ်စိတ်ရှုပ်ရပါသည်။

စိတ်ဆိုးသွားပြီထင်အနားကခြေစောင့်ထွက်သွားပြီးနှုတ်မဆက်ပဲခြံပြင်ကိုကားမောင်းထွက်သွားတယ်။ဒါရှောင်းကျန့်အရေးမလုပ်။အတင်းကပ်တွယ်တတ်သည့်အရာတွေကိုရှောင်းကျန့်မုန်းသည်။

အနှောက်ယှက်ကင်းသွားတာနဲ့ပြေးထွက်သွားသည့်ရိပေါ်နောက်လိုက်မိတာ ခြံပြင်ခြေချမိမှကားမောင်းမလာမိမှန်းသိတယ်။သူအရမ်းထူပူနေတာမို့ စဥ်းစားဉာဏ်မဲ့သွားရုံလေး။ကောင်လေးဝမ်းနည်းပြီးငိုနေမှာကို သေလောက်အောင်ကြောက်နေရုံလေး။

"ကျစ်!...အရေးထဲ ဟင်!..."

ပျာယာခတ်ကာ ကားပြန်ယူဖို့လုပ်နေတုန်း ခြံစည်းရိုးအုပ်တံတိုင်းနဘေး ခါးစောင်းသာသာထင်းရှူးပင်တွေနားကအရိပ်လေးကိုသတိထားမိလိုက်တာမို့ရှောင်းကျန့်ခြေလှမ်းတွေတုံ့ရပ်သွားမိတယ်။သေချာကြည့်လိုက်တော့ခပ်စောင်းစောင်းဆိုက်ရပ်ထားတဲ့autoဆိုင်ကယ်လေးတစ်စီး။ဆိုင်ကယ်ရပ်ထားသည့်နားကပလက်ဖောင်းပေါ်မှာတော့ ပုခုံးလေးတလှုပ်လှုပ်နဲ့ငိုရှိုက်နေသည့်ရှောင်းကျန့်ရဲ့အသက်တမျှလေး။

"ကောင်လေး!!!..."

"အကို!...အင့်!..."

အစိုးရိမ်ပိုကာထွေးပွေ့ဖို့ပြေးသွားမိတော့ရင်ခွင်ထဲတန်းခနဲဝင်ရောက်လာသည့်လူသားငယ်။ကောင်လေး ငိုနေတယ်။သူအဆင်ခြင်သိပ်မဲ့သွားခဲ့တာပဲမဟုတ်လား။

"ကိုယ်တောင်းပန်ပါတယ်!...တောင်းပန်ပါတယ်ကွာ!..."

"ဟင့်အင်း!...မပေးဘူး!...အကို့ကိုမပေးဘူး...အကို့ကိုဘယ်သူ့ကိုမှမပေးနိုင်ဘူးလို့!...အင့်!...အီး...ဟီး...ဟီး...ဟင့်!...မပေးဘူးဆိုနေ..."

ဖက်ထားပေးသည်ကိုပင်အတင်းထပ်တိုးဝင်ကာပလုံးပထွေးငိုပြောနေသည့်ရိပေါ်ကြောင့်ရှောင်းကျန့်ရင်ထဲမချိ။တသိမ့်သိမ့်တုန်နေသည့်ပုခုံးလေးကိုငုပ်နမ်းလို့မီးခိုရောင်ဆံသားတွေကိုအငိုတိတ်စေရန်သပ်ပေးနေမိတယ်။

"အင်း!...ကိုယ်ကကောင်လေးအပိုင်...ကောင်လေးအပိုင်မို့ဘယ်သူ့ကိုမှယူခွင့်မပေးဘူးနော်...တိတ်တော့...မျက်လုံးတွေနာကုန်တော့မယ် အရမ်းမငိုပါနဲ့လား...နော်...လိမ္မာတယ်..."

"အင့်!...သူကအကို့ကိုလုယူချင်နေတာ..."

"မဟုတ်ပါဘူးကွာ...အရမ်းတွေးတာပဲ...ပင်ပမ်းမယ် တိတ်တော့!..."

"မအော်ပါနဲ့!..."

"ဟင်!...မအော်ပါဘူးကွာ...ငိုတာမမောသေးဘူးလား...တိတ်တော့နော်..."

လေသံအလျော့အတင်းကိုပင်ဂျီလိုက်တိုက်နေသည့်ဟာလေး​ကြောင့်ရှောင်းကျန့်စကားလုံးတိုင်းကိုဖယောင်းသွင်းကာချော့မြူနေရတယ်။တကယ်ကို ချစ်မဝတဲ့သူ့အရစ်တုံးလေး။မတ်တပ်ရပ်အနေထားနဲ့ပဲငိုနေသည့်ရိပေါ်ကိုရင်ခွင်ထဲမြုပ်မတက်ရှောင်းကျန့်ဖက်ထားပေးမိတယ်။မျက်ရည်ကျနေတာရိပေါ်ပေမဲ့ ရှောင်းကျန့်တော့ဖြင့်ရင်တွေနာရပါတယ်။

___


ကမ်းနားလမ်းလေးတနေရာမှာ autoဆိုင်ကယ်လေးတစ်စီးဆိုက်ရပ်ထားတယ်။ဆိုင်ကယ်လက်ကိုင်မှာတွဲလောင်းကျနေသည့် တိမ်တိုက်သော့တွဲလေးကလှုပ်လီ့လှုပ်လဲနဲ့ရယ်။ညနေခင်းမို့ အရောင်မှိုင်းနေတတ်သည့်မိုးသားတို့က တရွေ့ရွေ့နဲ့ဟိုတစုသည်တစု။ပန်းချီကားတစ်ချပ်နှင့်ဆင်တူပေမဲ့ ပန်းချီကားမဟုတ်သည့် ထိတွေ့လို့ရတဲ့ထိုဝန်းကျင်လေးမှာကောင်လေးနှစ်ယောက်လည်းကမ်းဘောင်အုတ်ခုံထက်ပူးကပ်ထိုင်နေကြတယ်။

"ဖြေးဖြေးစားလေကွာ!..."

"အွင်း!..."

နဘေးကနေသူဝယ်လာသမျှမုန့်မျိုးစုံကိုဝမ်းပမ်းတနည်းပါးစပ်ထဲအစာသွပ်သလိုထိုးသိပ်ထည့်နေသည့်ရိပေါ်ကြောင့်ရှောင်းကျန့်သောက်လက်စအချိုရည်ဗူးကိုချကာ အလျင်မှီဟန့်တားနေရတယ်။အငိုရပ်စေရန်မုန့်ဝယ်ကျွေးကာမှခုတော့ကောင်လေးမျက်နှာတခုလုံးမှာဖောင်းကားနေသည့်ပါးနှစ်ဖက်သာအပြည့်နေရာယူထားတယ်။ထပ်ငိုမည်စိုး၍ချုပ်တည်းထားရပေမဲ့ ထိုပါးဖောင်းကြီးတွေကိုအားပါးတရကိုက်ဆွဲလိုက်ချင်တော့တာ။အဲ့လောက်ထိ သူ့ကောင်လေးက အသည်းယားဖွယ်ပါ။

"ပေါင်မုန့်ထပ်ရှိသေးလား!...အချိုရည်လည်းဖောက်ပေးဦးလေ..."

"စိတ်မပူနဲ့မုန့်တွေကျန်သေးတယ်...ညှပ်အောင်ဝါး...ဒါအရင်သောက်!..."

ပလုပ်ပလောင်းသံနဲ့ပေါင်မုန့်ထပ်တောင်းနေသည်မို့လက်ထဲအအေးဗူးအရင်ထည့်ပေးလိုက်ပြီး မုန့်အိပ်ထဲမွှေနှောက်ရှာရင်းခေါင်းတရမ်းရမ်းနဲ့ရှောင်းကျန့်ပြုံးနေမိတယ်။ဂျုံမုန့်တွေဒီလောက်ကြိုက်တဲ့ကောင်လေးကိုပေါက်စီလုံးလိုအိုးထဲထည့်ပေါင်းပြီး ပါးစပ်ထဲသာငုံထားလိုက်ချင်တော့တယ်။သိပ်အစားမက်လည်း သူလေးကိုရှောင်းကျန့် မက်မက်မောမောလိုချင်မိတုန်းပါပဲ။

"ဖြေးဖြေး..."

"အင်းးး!..."

အအေးသောက်လိုက်မုန့်စားလိုက်လုပ်နေသည့်ရိပေါ်ကိုနဘေးကအရိပ်တကြည့်ကြည့်ဖြစ်နေသည့်ရှောင်းကျန့်ရယ်ပါလေ။ပါးပြင်နုနုပေါ်ထင်ကျန်နေသည့်မျက်ရည်စီးကြောင်းတို့ကို storeဆိုင်ကဝင်ဝယ်လာသည့်wet tissueလေးနဲ့တို့ထိကာသုပ်ပေးနေမိတယ်။နှုတ်ခမ်းတဝိုက်ပေပွနေသည်များကိုတော့ တခြားတခုနဲ့တာဝန်ယူပါ့မယ်။

"ကျန်သေးတာလား!..."

"အဟင်း!..."

အစားနဲ့ပါးစပ်ပျက်သွားသည်နှင့်မုန့်အိပ်စီမျက်စပစ်သည့်ရိပေါ်ကြောင့်ရှောင်းကျန့်လွင်လွင်လေးပြုံးရင်းနောက်ဆုံးတခုသာကျန်နေသည့်chocolateဘီစကွပ်ထုပ်လေးယူပေးတခါတည်းဖွင့်ဖောက်ပေးလိုက်တယ်။ပလက်စတစ်ကော်ခွက်လေးထဲကကော်ဖီရောင်ဘီစကွပ်တွေကအစီအရီစားချင်စဖွယ်လေး။

"အရမ်းစားနိုင်တာပဲနော်!..."

"အများကြီးငိုလိုက်ရတာကို...ဟွန့်!..."

ခေါင်းလုံးလေးကိုဖွပေးရင်းပြောတော့ငိုလိုက်ရလို့ဆိုသည့်ဆင်ခြင်ဆင်လက်ပေးကာနှာမှုတ်ပြနေပြန်တယ်။ဘီစကွပ်တွေကိုလည်းအကာမစားပဲအထဲကအနှစ်တွေပဲယူစားပြီးပလက်စတစ်ခွက်ထဲပြန်ပြန်ထည့်နေတယ်။ဂျီများတတ်သည့်ကလေးလေးကျလို့။

"ဘာလို့အကုန်မစားတာလဲ..."

"မကြိုက်မှမကြိုက်တဲ့ဟာကို..."

"ဖြုန်းတီးရာရောက်တယ်ကွ...ဒီကိုပေး!..."

ရိပေါ်မစားပဲထားသည့်ဘီစကွပ်အကာတစ်ချပ်ကိုရှောင်းကျန့်ပါးစပ်ထဲထည့်လိုက်တော့ဟိုကမျက်လုံးလေးပြူးလို့။နောက်တစ်ချပ်ထပ်ယူစားပြီးအအေးမော့သောက်တော့လည်းပြူးပြူးလေးလိုက်ကြည့်နေပြန်တယ်။

"ဘာတွေဒီလောက်ထူးဆန်းနေတာ...ဟင်!..."

မေးဆက်ပြရင်းမေးဟန်ပြုတော့ဘီစကွပ်တွေကိုလက်ညှိုးတထိုးထိုးနဲ့။

"အကိုကလည်း...အဲ့ဘီစကွပ်တွေကကျွန်တော်စားထားတာကို...မ မရွံဘူးလား..."

"ရွံရမှာလား...ဘယ်သူစားထားတာမို့လဲ...ပြွစ်!..."

ပြောလည်းပြောcreamတွေပေနေသည့်ရိပေါ်နှုတ်ခမ်းကိုစုတ်နမ်းလိုက်သည့်ရှောင်းကျန့်။ရိပေါ်ကျောလေးမတ်ခနဲဖြစ်သွားကာ အအေးဗူးကိုမချိမဆန့်တချက်ဖြစ်ညှစ်မိသွားတယ်။

"အာ!...အကိုလူညစ်ပတ်ကြီး...ဘာမပြောညာမပြောနဲ့..."

"အဟင်း!...လာပါဦး...ထပ်ပြီးညစ်ပတ်ချင်လာလို့..."

ရှက်ရှက်နဲ့နောက်ကို ကိုယ်လေးရို့လိုက်သည့်ရိပေါ်ကိုလက်တစ်ဖက်နဲ့ပြန်ဆွဲယူလိုက်သည့်ရှောင်းကျန့်။လက်ထဲကဘီစကွပ်တွေကိုမေ့ပြီးရှောင်းကျန့်နှုတ်ခမ်းအောက်ကမှဲ့နက်လေးစီအလည်တခေါက်ရောက်သွားသည့်ရိပေါ်။ရိပေါ်ဝဲဘက်ရင်အုံကစည်းချက်မညီသည့်သံဇဥ်တချို့ကိုရှောင်းကျန့်ကတီးဖြတ်သူအဖြစ်နဲ့ တေးသွားလှလှလေးရုပ်လုံးပေါ်သည်အထိအချိန်ကြာကြာထုဆစ်တယ်။

လှိုင်းပုတ်သံခပ်သော့သော့လွှမ်းနေသည့်ကမ်းနားလမ်းလေးထက် အရှိန်မှန်မှန်မောင်းနှင်နေသည့်autoဆိုင်ကယ်လေးထက် ညလေအေးရောနှောနေသည့်ဆောင်းဦး၏မြောက်ပြန်လေတို့ကြား အနွေးဓာတ်ရနေသည့်ခါးထက်ကလက်ဖောင်းဖောင်းတွေအား ရှောင်းကျန့်တစ်ယောက် ချစ်စိတ်ဖြင့်သာ ခိုလှုံခံစားမိပါတော့သည်။

To be continue......
29/10/2021(Friday)
Thank for your reading.♥

N:Take care my dear readers.See U next episode.

♡Zawgyi version♡


ဒီဇင္ဘာေက်ာင္းပိတ္ရက္ေတြစီ ခပ္ျမန္ျမန္ပဲေရာက္လာတဲ့အခါ အေဆာင္ေနေက်ာင္းသူေက်ာင္းသားအားလုံးနီးပါး မိမိေနရက္အိမ္ရွိရာကိုေလ့လာစရာေတြသယ္ပိုးလို႔သာ ျပန္ကုန္ၾကရတယ္။ရက္ရွည္ေက်ာင္းပိတ္ျဖစ္သည္မို႔ေပ်ာ္ေနသူေတြရွိေပမဲ့ခတၱေဝးရမည့္အေရးကိုေတြးၿပီးႀကိဳေဆြးေနသူေတြလည္းတဘုံတဘင္ပါပဲ။တကၠသိုလ္ေက်ာင္းအတြင္း ခ်ည္ေႏွာင္မိခဲ့ၾကသည့္သံေယာဇဥ္တို႔မွာလည္း ထိုတကၠသိုလ္ႀကီးရဲ႕သက္တမ္းထက္ပင္ အဓြန့္ရွည္တတ္ၾကပါေသးတယ္။

"အကိုတေယာက္တည္းမထားခဲ့ခ်င္ဘူး..."

အခန္းဝမွာluggageႀကီးတစ္စို႔ထားလွ်က္ရင္ခြင္ထဲတိုးေဝွ႕လာသူေလးကိုေရွာင္းက်န့္ခပ္တင္းတင္းျပန္ဖက္ထားလိုက္တယ္။အိမ္မျပန္ပဲအေဆာင္မွာတေယာက္တည္းက်န္ေနရစ္မည့္သူ႕ကိုေကာင္ေလးကစိတ္မခ်နိဳင္ျဖစ္ေနဟန္။ပိတ္ရက္ေတြအတြင္းလာေတြ႕ပါ့မယ္ေျပာထားေပမဲ့ သူကိုယ္တိုင္လည္းေကာင္ေလးနဲ႕တရက္မွခြဲေနဖို႔ဆႏၵမရွိပါ။

"စာကိုေသခ်ာအာ႐ုံစိုက္ရမယ္ေနာ္...စားေမးပြဲၿပီးရင္ကိုယ္ကေကာင္ေလးရဲ႕ႀကိဳးစားမႈအတြက္ ဆုေပးမွာ..."

"ဟအင္း!...အကို႔ကိုပဲလြမ္းေနမွာ..."

"အဟက္!...ဒီအဆိုးဆာေလးကေတာ့ကြာ..."

ႏွာလုံးေလးကိုဖိညွစ္ရင္းက်ီစယ္ေတာ့ႏႈတ္ခမ္းကိုပါက်ဴးေက်ာ္ေစခ်င္ဟန္ တေထာ္ေထာ္လုပ္ျပေနတယ္။ေျဖးေျဖးေလးမြေပးလိုက္ၿပီး လက္ေတြတြဲ luggageေတြကူဆြဲကာ အေဆာင္ျပင္ကေက်ာင္းဖယ္ရီကားေတြရပ္ထားသည့္နား လိုက္ပို႔ရတယ္။ေဖရွီးကိုလည္းဂ႐ုစိုက္ေပးဖို႔အတန္တန္မွာၿပီးကားေပၚမတက္ခင္အထိ အၾကင္နာပိုေနမိေတာ့ ဖန္းေဝကျမင္ျပင္းကတ္ေလာက္ေအာင္ေခ်ာင္းခဏခဏဟန့္တယ္။

"ဖုန္းဆက္မယ္ေနာ္...အိမ္ေရာက္ရင္လည္းmessageပို႔လိုက္...အခ်ိန္မွန္မွန္စားၿပီးအခ်ိန္မွန္မွန္အိပ္...စာလုပ္ရင္အရမ္းညဥ့္မနက္ေစနဲ႕...ေရခ်ိဳးလည္းအရမ္းမၾကာေစနဲ႕...ၿပီးေတာ့ဒီမ်က္လုံးေလးေတြကိုဂ႐ုစိုက္...စာလုပ္လို႔ပင္ပမ္းလာရင္ကိုယ့္အေၾကာင္းေတြးၿပီးၿပဳံးေပး..."

"အင္း!..."

တတြတ္တြတ္မွာတမ္းေႁခြေနသည့္ေရွာင္းက်န့္နဲ႕ေခါင္းတၿငိမ့္ၿငိမ့္လုပ္ကာနာခံေနသည့္ရိေပၚတို႔မွာေက်ာင္းကားထြက္ခြာခါနီးမွလူခ်င္းခြာလို႔ ႏႈတ္ဆက္မိၾကေတာ့တယ္။သူသူငါငါႏႈတ္ဆက္ေနၾကသည့္relationshipေတြမွာေရွာင္းက်န့္တို႔အတြဲကလူေျပာအမ်ားဆုံးအတြဲျဖစ္ေနရတာ ဆန္းေတာ့မဆန္း။

___

*ကလင္!* *ကလင္!* *ကလင္!*

စားသုံးသူခပ္စိပ္စိပ္ရွိေနသည့္ဖက္ထုပ္ဆိုင္ေလးအတြင္းပ်ံ့လြင့္လာသည့္phoneသံ။ရိေပၚဧပ႐ြန္ေလးဝတ္လွ်က္ စားပြဲထိုးဝင္လုပ္ရင္း ဝမ္မားကိုဝိုင္းကူေနရာမွ ေကာင္တာအနီးေရာက္ေနသည္မို႔ဖုန္းအျမန္ေျပးကိုင္လိုက္ရတယ္။

"×××ဖက္ထုပ္ဆိုင္ကပါခမ်..."

[........................................]

"အာ!...ဘယ္ႏွပြဲေလာက္လိုခ်င္တာလဲခမ်!..."

[.........................................]

"ဟုတ္!...ဟုတ္ကဲ့ အခ်ိန္မွီလာပို႔ေပးပါ့မယ္...လိပ္စာေျပာေပးပါ..."

တဖက္ကေျပာသည့္လိပ္စာကိုေအာ္ဒါစာရင္းမွတ္သည့္စာအုပ္ေလးထဲေရးမွတ္ကာkitchen ေကာင္တာရွိသည့္ဆိုင္အေနာက္ဘက္ထဲဝင္သြားလိုက္တယ္။လူအၿမဲက်ေနတတ္သည့္ဝမ္မားရဲ႕ဖက္ထုပ္ဆိုင္ေလးကေတာ့ေန႕လည္ေန႕ခင္းတြင္ပင္ စားသုံးသူမစဲ။

တေအာင့္ေနေတာ့ခုနကဧပ႐ြန္နဲ႕မဟုတ္ေတာ့ပဲdeliveryပို႔သည့္အျပာေရာင္ဝတ္စုံေလးနဲ႕ အထုပ္ႏွစ္ထုပ္ဆြဲကာရိေပၚအျပင္ျပန္ထြက္လာတယ္။ခါတိုင္းdeliveryပို႔သမားကဒီေန႕ခြင့္ယူထားသည္မို႔ဖက္ထုပ္ေအာ္ဒါပို႔မည့္ကိစၥကိုရိေပၚတာဝန္ယူလိုက္ျခင္း။

ဆိုင္ျပင္ဘက္ရပ္ထားသည့္autoဆိုင္ကယ္ေနာက္ကေလာ္ကာထဲပါဆယ္ထုပ္ေတြကိုေသခ်ာေနရာခ်ကာဆိုင္ကယ္ဦးထုပ္ေလးေကာက္ေစာင္းလိုက္တယ္။ဆိုင္ကယ္ေမာင္းမထြက္ခင္handphoneထုပ္ကာsefileဆြဲလိုက္ေသးတယ္။ခ်က္ခ်င္းပဲဓာတ္ပုံကိုအကိုဆိုသည့္contantစီလွ်ာတစ္လစ္အီမိုဂ်ီပုံေလးနဲ႕အတူsendလုပ္လိုက္တယ္။ၿပီးမွအိမ္လိပ္စာကိုတေခါက္ျပန္ၾကည့္ၿပီး လိုရာခရီးသို႔ေပ်ာ္ေပ်ာ္ေလးခ်ီတက္ခဲ့တယ္။

*ကေတာင္!*

ဖက္ထုပ္ပါဆယ္ပို႔ရမည့္ၿခံေရွ႕အေရာက္ messageဝင္သံၾကားလိုက္ရတာမို႔ဆိုင္ကယ္ရပ္ၿပီးတာနဲ႕ရိေပၚအိပ္ကပ္ထဲကဖုန္းကိုသြပ္သြပ္ေလးထုပ္ၾကည့္လိုက္တယ္။အကိုျပန္ပို႔ထားသည့္messageကအလုပ္ေတြႀကိဳးစားေနတဲ့ကိုယ္ေကာင္ေလးကခ်စ္ဖို႔ေကာင္းလိုက္တာတဲ့။messageေနာက္နားကကပ္ပါလာသည့္အသည္းပုံရဲရဲေလးေၾကာင့္ရိေပၚတဟိဟိရယ္ရင္းhandphoneျပန္သိမ္းလိုက္တယ္။

ေရာက္ေနသည့္ပတ္ဝန္းက်င္ကိုအကဲဆက္ၾကည့္ေတာ့သူတခါမွမေရာက္ဖူးသည့္လူခ်မ္းသာရပ္ကြက္။ပါဆယ္ပို႔ေပးရမည့္အိမ္ကိုရွာၾကည့္ေတာ့လည္း သံဗန္းတံခါး အုပ္တံတိုင္းအျမင့္ႀကီးေတြဝန္းရံထားသည့္ ရဲတိုက္နီးနီးႀကီးသည့္အိမ္ျဖဴေတာ္ႀကီး။ရိေပၚေတြးလိုက္မိပါေသးတယ္။မားနဲ႕ေဖးေဖးကိုဒီလိုအိမ္ႀကီးေတြမွာေနေစခ်င္လိုက္တာလို႔။ရပ္ၾကည့္ေန႐ုံနဲ႕မၿပီးတာမို႔ တံခါးနားေလွ်ာက္သြားၿပီးနံရံကလူေခၚဘဲလ္ကိုဖိလိုက္တယ္။

*တင္းေတာင္!* *တင္းေတာင္!* *တင္းေတာင္!*

ဘဲလ္တီးၿပီးခဏေနေတာ့သက္လက္ပိုင္းအ႐ြယ္ဦးေလးႀကီးတေယာက္သီးသန့္ထားထားတဲ့တံခါးအေသးေလးလာဖြင့္ေပးတယ္။

"မစၥစ္ေျပာထားတဲ့ဖက္ထုပ္ပါဆယ္လာပို႔တာနဲ႕တူတယ္...လာလာ ဦးေလးေနာက္လိုက္ခဲ့လူေလး..."

"ဟုတ္ကဲ့..."

ႀကိဳသိေနကာ ၿခံထဲဦးေဆာင္ေခၚသြားသည့္ဦးႀကီးေနာက္ရိေပၚအထုပ္ေတြဆြဲကာဟိုၾကည့္ဒီၾကည့္နဲ႕လိုက္ဝင္သြားလိုက္တယ္။အိမ္ႀကီးေရွ႕လွမ္းလွမ္းမွာေရပန္းႀကီးကိုတစ္ခုရွိၿပီးလမ္းတေလွ်ာက္မွာလည္းၿခံအလုပ္သမားေတြသူ႕အလုပ္သူလုပ္ေနတာေတြ႕တယ္။

ေတာ္ေတာ္ခ်မ္းသာတဲ့မိသားစုပါလားလို႔ေတြးလိုက္မိရင္းရိေပၚေနရာတိုင္းကိုပါးစပ္ေလးဟလို႔အထူးဆန္းလိုလိုက္ၾကည့္မိေတာ့တယ္။ဘယ္ေလာက္ထိၾကာသြားလဲမသိ သတိထားမိတဲ့အခ်ိန္က အိမ္ႀကီးရဲ႕ကားရပ္ရာစဥ္ဝင္ေအာက္သူေရာက္ေနၿပီ။

"ဒီမွာခဏေလာက္ေစာင့္ေနေပးေနာ္လူေလး...ဦးေလး မစၥစ္ကိုအေၾကာင္းၾကားလိုက္မယ္..."

"ဟုတ္ကဲ့ဦးေလး..."

ထိုဦးေလးႀကီးကရိေပၚကိုရပ္ေစာင့္ေနေစၿပီးအိမ္ႀကီးထဲဝင္သြားတယ္။မၾကာလိုက္ ရိေပၚေရွ႕သေဘာေကာင္းဟန္ရွိသည့္ခပ္ေခ်ာေခ်ာအမ်ိဳးသမီးႀကီးတေယာက္ေရာက္လာတယ္။

"×××ဆိုင္ကဖက္ထုပ္ကသိပ္ေကာင္းတယ္ေျပာလို႔ အန္တီကျမည္စမ္းခ်င္ေနတာ..."

"ဟုတ္ကဲ့...ခုလိုအားေပးလို႔ေက်းဇူးပါအန္တီ..."

"အဟင္း!...သားကေက်ာင္းသားအ႐ြယ္ေလးပဲရွိေသးတာေရာ္..."

ၿပဳံးလိုက္တိုင္းတစုံတေယာက္နဲ႕တူေနသည့္ထိုအမ်ိဳးသမီးကစကားတေျပာေျပာနဲ႕ရိေပၚကိုဖက္ထုပ္အဖိုးအခယြမ္တထပ္ထုပ္ေပးလာတယ္။လက္ထဲကပါဆယ္ထုပ္ေတြကိုေတာ့အိမ္အကူတခ်ိဳ႕စီအပ္ကာရိေပၚျပန္လွည့္ထြက္မည္အလုပ္။

"အန္တီ...ကိုကို႔ကိုကူေျပာေပးပါဦး တရက္ေလးshoppingထြက္ဖို႔အေဖာ္လိုက္ခိုင္းတာကို တအားေတြတြန့္တိုေနလို႔!..."

"သားေရွာင္းက်န့္ကလည္းကြယ္...ဂ်ဴရီေခၚတာလိုက္သြားေပးလိုက္တာမဟုတ္ဘူး!..."

"ဟင္!..."

နားစည္းကိုရိုက္ခတ္လာသည့္အမည္နာမတခုေၾကာင့္ရိေပၚျပန္လွည့္ၾကည့္မိေတာ့ တကယ္ပဲသူ႕ရဲ႕အကိုျဖစ္ေနခဲ့တယ္။စိတ္ထင္တာမဟုတ္ပဲ ေရွာင္းက်န့္ကိုမ်က္စိေရွ႕ျမင္လိုက္ရသည္မို႔ရိေပၚေပ်ာ္သြားေပမဲ့ၾကာၾကာေတာ့မခံ။

ေရွာင္းက်န့္လက္ကိုခ်ိတ္တြယ္ထားသည့္ရိေပၚနဲ႕႐ြယ္တူအမ်ိဳးသမီးငယ္တေယာက္လည္းထိုျမင္ကြင္းထဲရွိေနသည္မဟုတ္လား။သြက္လက္ခ်က္ခ်ာၿပီးထက္ျမက္ပုံရသည့္သူမကေရွာင္းက်န့္လက္ကိုတြဲထားၿပီးဂါဝန္နီရဲရဲေလးနဲ႕သိပ္ကိုလွပါတယ္။အျပင္ထြက္ဖို႔ျပင္ေနဟန္ အနည္းငယ္မႈန္သုန္ေနသည့္ေရွာင္းက်န့္ကိုကားနားထိဆြဲေခၚလာေနတယ္။

"ကိုကို...တခါေလာက္ေလးပဲဟာ...ေနာ္ ေနာ္..."

"ကိုယ္တကယ္မအား...ဟင္!..."

ေရွာင္းက်န့္ကခုမွသူတို႔ကိုတခ်ိန္လုံးရပ္ၾကည့္ေနသည့္deliveryသမားေလးဝမ္ရိေပၚကိုျမင္တယ္။တစုံတရာကိုစိုးထိတ္မိသြားတာမို႔လက္ေမာင္းေပၚကဂ်ဴရီ႕လက္ေတြကိုဖယ္ထုပ္ေနတုန္းထိုအရိပ္ေလးၿခံျပင္ကိုေျပးထြက္သြားခဲ့တယ္။အရာအားလုံးကခဏေလးအတြင္းလွ်ပ္တျပတ္ျဖစ္ပ်က္သြားျခင္းသာ။

"က်စ္!...ဂ်ဴရီ ဖယ္စမ္းဆို!!!..."

"ကိုကို႔!!!..."

ေ႐ြ႕မရေအာင္ကပ္တြယ္တားဆီးေနသည့္ဂ်ဴရီေၾကာင့္ေရွာင္းက်န့္စိတ္ရႈပ္ေထြးစြာေအာ္ပလိုက္ေတာ့တယ္။ထမင္းအတူစားဖို႔မားလွမ္းေခၚလို႔ေရာက္လာတာ ဒီေရာက္ေတာ့ ပါးအစီစဥ္နဲ႕ကုန္သြယ္ေရးဝန္ႀကီးသမီးဂ်ဴရီဆိုသည့္ကေလးမေလးက ေရွာင္းက်န့္အတြက္တကယ့္ကိုရစ္ထုပ္။သူ႕ကိုျမင္ကတည္းကအရမ္းလည္းရင္းႏွီးမေနပါပဲ လိုက္ကပ္တြယ္ေနတာ သိပ္စိတ္ရႈပ္ရပါသည္။

စိတ္ဆိုးသြားၿပီထင္အနားကေျခေစာင့္ထြက္သြားၿပီးႏႈတ္မဆက္ပဲၿခံျပင္ကိုကားေမာင္းထြက္သြားတယ္။ဒါေရွာင္းက်န့္အေရးမလုပ္။အတင္းကပ္တြယ္တတ္သည့္အရာေတြကိုေရွာင္းက်န့္မုန္းသည္။

အေႏွာက္ယွက္ကင္းသြားတာနဲ႕ေျပးထြက္သြားသည့္ရိေပၚေနာက္လိုက္မိတာ ၿခံျပင္ေျခခ်မိမွကားေမာင္းမလာမိမွန္းသိတယ္။သူအရမ္းထူပူေနတာမို႔ စဥ္းစားဉာဏ္မဲ့သြား႐ုံေလး။ေကာင္ေလးဝမ္းနည္းၿပီးငိုေနမွာကို ေသေလာက္ေအာင္ေၾကာက္ေန႐ုံေလး။

"က်စ္!...အေရးထဲ ဟင္!..."

ပ်ာယာခတ္ကာ ကားျပန္ယူဖို႔လုပ္ေနတုန္း ၿခံစည္းရိုးအုပ္တံတိုင္းနေဘး ခါးေစာင္းသာသာထင္းရႉးပင္ေတြနားကအရိပ္ေလးကိုသတိထားမိလိုက္တာမို႔ေရွာင္းက်န့္ေျခလွမ္းေတြတုံ႕ရပ္သြားမိတယ္။ေသခ်ာၾကည့္လိုက္ေတာ့ခပ္ေစာင္းေစာင္းဆိုက္ရပ္ထားတဲ့autoဆိုင္ကယ္ေလးတစ္စီး။ဆိုင္ကယ္ရပ္ထားသည့္နားကပလက္ေဖာင္းေပၚမွာေတာ့ ပုခုံးေလးတလႈပ္လႈပ္နဲ႕ငိုရွိုက္ေနသည့္ေရွာင္းက်န့္ရဲ႕အသက္တမွ်ေလး။

"ေကာင္ေလး!!!..."

"အကို!...အင့္!..."

အစိုးရိမ္ပိုကာေထြးေပြ႕ဖို႔ေျပးသြားမိေတာ့ရင္ခြင္ထဲတန္းခနဲဝင္ေရာက္လာသည့္လူသားငယ္။ေကာင္ေလး ငိုေနတယ္။သူအဆင္ျခင္သိပ္မဲ့သြားခဲ့တာပဲမဟုတ္လား။

"ကိုယ္ေတာင္းပန္ပါတယ္!...ေတာင္းပန္ပါတယ္ကြာ!..."

"ဟင့္အင္း!...မေပးဘူး!...အကို႔ကိုမေပးဘူး...အကို႔ကိုဘယ္သူ႕ကိုမွမေပးနိုင္ဘူးလို႔!...အင့္!...အီး...ဟီး...ဟီး...ဟင့္!...မေပးဘူးဆိုေန..."

ဖက္ထားေပးသည္ကိုပင္အတင္းထပ္တိုးဝင္ကာပလုံးပေထြးငိုေျပာေနသည့္ရိေပၚေၾကာင့္ေရွာင္းက်န့္ရင္ထဲမခ်ိ။တသိမ့္သိမ့္တုန္ေနသည့္ပုခုံးေလးကိုငုပ္နမ္းလို႔မီးခိုေရာင္ဆံသားေတြကိုအငိုတိတ္ေစရန္သပ္ေပးေနမိတယ္။

"အင္း!...ကိုယ္ကေကာင္ေလးအပိုင္...ေကာင္ေလးအပိုင္မို႔ဘယ္သူ႕ကိုမွယူခြင့္မေပးဘူးေနာ္...တိတ္ေတာ့...မ်က္လုံးေတြနာကုန္ေတာ့မယ္ အရမ္းမငိုပါနဲ႕လား...ေနာ္...လိမၼာတယ္..."

"အင့္!...သူကအကို႔ကိုလုယူခ်င္ေနတာ..."

"မဟုတ္ပါဘူးကြာ...အရမ္းေတြးတာပဲ...ပင္ပမ္းမယ္ တိတ္ေတာ့!..."

"မေအာ္ပါနဲ႕!..."

"ဟင္!...မေအာ္ပါဘူးကြာ...ငိုတာမေမာေသးဘူးလား...တိတ္ေတာ့ေနာ္..."

ေလသံအေလ်ာ့အတင္းကိုပင္ဂ်ီလိုက္တိုက္ေနသည့္ဟာေလး​ေၾကာင့္ေရွာင္းက်န့္စကားလုံးတိုင္းကိုဖေယာင္းသြင္းကာေခ်ာ့ျမဴေနရတယ္။တကယ္ကို ခ်စ္မဝတဲ့သူ႕အရစ္တုံးေလး။မတ္တပ္ရပ္အေနထားနဲ႕ပဲငိုေနသည့္ရိေပၚကိုရင္ခြင္ထဲျမဳပ္မတက္ေရွာင္းက်န့္ဖက္ထားေပးမိတယ္။မ်က္ရည္က်ေနတာရိေပၚေပမဲ့ ေရွာင္းက်န့္ေတာ့ျဖင့္ရင္ေတြနာရပါတယ္။

___


ကမ္းနားလမ္းေလးတေနရာမွာ autoဆိုင္ကယ္ေလးတစ္စီးဆိုက္ရပ္ထားတယ္။ဆိုင္ကယ္လက္ကိုင္မွာတြဲေလာင္းက်ေနသည့္ တိမ္တိုက္ေသာ့တြဲေလးကလႈပ္လီ့လႈပ္လဲနဲ႕ရယ္။ညေနခင္းမို႔ အေရာင္မွိုင္းေနတတ္သည့္မိုးသားတို႔က တေ႐ြ႕ေ႐ြ႕နဲ႕ဟိုတစုသည္တစု။ပန္းခ်ီကားတစ္ခ်ပ္ႏွင့္ဆင္တူေပမဲ့ ပန္းခ်ီကားမဟုတ္သည့္ ထိေတြ႕လို႔ရတဲ့ထိုဝန္းက်င္ေလးမွာေကာင္ေလးႏွစ္ေယာက္လည္းကမ္းေဘာင္အုတ္ခုံထက္ပူးကပ္ထိုင္ေနၾကတယ္။

"ေျဖးေျဖးစားေလကြာ!..."

"အြင္း!..."

နေဘးကေနသူဝယ္လာသမွ်မုန့္မ်ိဳးစုံကိုဝမ္းပမ္းတနည္းပါးစပ္ထဲအစာသြပ္သလိုထိုးသိပ္ထည့္ေနသည့္ရိေပၚေၾကာင့္ေရွာင္းက်န့္ေသာက္လက္စအခ်ိဳရည္ဗူးကိုခ်ကာ အလ်င္မွီဟန့္တားေနရတယ္။အငိုရပ္ေစရန္မုန့္ဝယ္ေကြၽးကာမွခုေတာ့ေကာင္ေလးမ်က္ႏွာတခုလုံးမွာေဖာင္းကားေနသည့္ပါးႏွစ္ဖက္သာအျပည့္ေနရာယူထားတယ္။ထပ္ငိုမည္စိုး၍ခ်ဳပ္တည္းထားရေပမဲ့ ထိုပါးေဖာင္းႀကီးေတြကိုအားပါးတရကိုက္ဆြဲလိုက္ခ်င္ေတာ့တာ။အဲ့ေလာက္ထိ သူ႕ေကာင္ေလးက အသည္းယားဖြယ္ပါ။

"ေပါင္မုန့္ထပ္ရွိေသးလား!...အခ်ိဳရည္လည္းေဖာက္ေပးဦးေလ..."

"စိတ္မပူနဲ႕မုန့္ေတြက်န္ေသးတယ္...ညွပ္ေအာင္ဝါး...ဒါအရင္ေသာက္!..."

ပလုပ္ပေလာင္းသံနဲ႕ေပါင္မုန့္ထပ္ေတာင္းေနသည္မို႔လက္ထဲအေအးဗူးအရင္ထည့္ေပးလိုက္ၿပီး မုန့္အိပ္ထဲေမႊေႏွာက္ရွာရင္းေခါင္းတရမ္းရမ္းနဲ႕ေရွာင္းက်န့္ၿပဳံးေနမိတယ္။ဂ်ဳံမုန့္ေတြဒီေလာက္ႀကိဳက္တဲ့ေကာင္ေလးကိုေပါက္စီလုံးလိုအိုးထဲထည့္ေပါင္းၿပီး ပါးစပ္ထဲသာငုံထားလိုက္ခ်င္ေတာ့တယ္။သိပ္အစားမက္လည္း သူေလးကိုေရွာင္းက်န့္ မက္မက္ေမာေမာလိုခ်င္မိတုန္းပါပဲ။

"ေျဖးေျဖး..."

"အင္းးး!..."

အေအးေသာက္လိုက္မုန့္စားလိုက္လုပ္ေနသည့္ရိေပၚကိုနေဘးကအရိပ္တၾကည့္ၾကည့္ျဖစ္ေနသည့္ေရွာင္းက်န့္ရယ္ပါေလ။ပါးျပင္ႏုႏုေပၚထင္က်န္ေနသည့္မ်က္ရည္စီးေၾကာင္းတို႔ကို storeဆိုင္ကဝင္ဝယ္လာသည့္wet tissueေလးနဲ႕တို႔ထိကာသုပ္ေပးေနမိတယ္။ႏႈတ္ခမ္းတဝိုက္ေပပြေနသည္မ်ားကိုေတာ့ တျခားတခုနဲ႕တာဝန္ယူပါ့မယ္။

"က်န္ေသးတာလား!..."

"အဟင္း!..."

အစားနဲ႕ပါးစပ္ပ်က္သြားသည္ႏွင့္မုန့္အိပ္စီမ်က္စပစ္သည့္ရိေပၚေၾကာင့္ေရွာင္းက်န့္လြင္လြင္ေလးၿပဳံးရင္းေနာက္ဆုံးတခုသာက်န္ေနသည့္chocolateဘီစကြပ္ထုပ္ေလးယူေပးတခါတည္းဖြင့္ေဖာက္ေပးလိုက္တယ္။ပလက္စတစ္ေကာ္ခြက္ေလးထဲကေကာ္ဖီေရာင္ဘီစကြပ္ေတြကအစီအရီစားခ်င္စဖြယ္ေလး။

"အရမ္းစားနိုင္တာပဲေနာ္!..."

"အမ်ားႀကီးငိုလိုက္ရတာကို...ဟြန့္!..."

ေခါင္းလုံးေလးကိုဖြေပးရင္းေျပာေတာ့ငိုလိုက္ရလို႔ဆိုသည့္ဆင္ျခင္ဆင္လက္ေပးကာႏွာမႈတ္ျပေနျပန္တယ္။ဘီစကြပ္ေတြကိုလည္းအကာမစားပဲအထဲကအႏွစ္ေတြပဲယူစားၿပီးပလက္စတစ္ခြက္ထဲျပန္ျပန္ထည့္ေနတယ္။ဂ်ီမ်ားတတ္သည့္ကေလးေလးက်လိဳ႕။

"ဘာလို႔အကုန္မစားတာလဲ..."

"မႀကိဳက္မွမႀကိဳက္တဲ့ဟာကို..."

"ျဖဳန္းတီးရာေရာက္တယ္ကြ...ဒီကိုေပး!..."

ရိေပၚမစားပဲထားသည့္ဘီစကြပ္အကာတစ္ခ်ပ္ကိုေရွာင္းက်န့္ပါးစပ္ထဲထည့္လိုက္ေတာ့ဟိုကမ်က္လုံးေလးျပဴးလို႔။ေနာက္တစ္ခ်ပ္ထပ္ယူစားၿပီးအေအးေမာ့ေသာက္ေတာ့လည္းျပဴးျပဴးေလးလိုက္ၾကည့္ေနျပန္တယ္။

"ဘာေတြဒီေလာက္ထူးဆန္းေနတာ...ဟင္!..."

ေမးဆက္ျပရင္းေမးဟန္ျပဳေတာ့ဘီစကြပ္ေတြကိုလက္ညွိုးတထိုးထိုးနဲ႕။

"အကိုကလည္း...အဲ့ဘီစကြပ္ေတြကကြၽန္ေတာ္စားထားတာကို...မ မ႐ြံဘူးလား..."

"႐ြံရမွာလား...ဘယ္သူစားထားတာမို႔လဲ...ႁပြစ္!..."

ေျပာလည္းေျပာcreamေတြေပေနသည့္ရိေပၚႏႈတ္ခမ္းကိုစုတ္နမ္းလိုက္သည့္ေရွာင္းက်န့္။ရိေပၚေက်ာေလးမတ္ခနဲျဖစ္သြားကာ အေအးဗူးကိုမခ်ိမဆန့္တခ်က္ျဖစ္ညွစ္မိသြားတယ္။

"အာ!...အကိုလူညစ္ပတ္ႀကီး...ဘာမေျပာညာမေျပာနဲ႕..."

"အဟင္း!...လာပါဦး...ထပ္ၿပီးညစ္ပတ္ခ်င္လာလို႔..."

ရွက္ရွက္နဲ႕ေနာက္ကို ကိုယ္ေလးရို႔လိုက္သည့္ရိေပၚကိုလက္တစ္ဖက္နဲ႕ျပန္ဆြဲယူလိုက္သည့္ေရွာင္းက်န့္။လက္ထဲကဘီစကြပ္ေတြကိုေမ့ၿပီးေရွာင္းက်န့္ႏႈတ္ခမ္းေအာက္ကမွဲ႕နက္ေလးစီအလည္တေခါက္ေရာက္သြားသည့္ရိေပၚ။ရိေပၚဝဲဘက္ရင္အုံကစည္းခ်က္မညီသည့္သံဇဥ္တခ်ိဳ႕ကိုေရွာင္းက်န့္ကတီးျဖတ္သူအျဖစ္နဲ႕ ေတးသြားလွလွေလး႐ုပ္လုံးေပၚသည္အထိအခ်ိန္ၾကာၾကာထုဆစ္တယ္။

လွိုင္းပုတ္သံခပ္ေသာ့ေသာ့လႊမ္းေနသည့္ကမ္းနားလမ္းေလးထက္ အရွိန္မွန္မွန္ေမာင္းႏွင္ေနသည့္autoဆိုင္ကယ္ေလးထက္ ညေလေအးေရာေႏွာေနသည့္ေဆာင္းဦး၏ေျမာက္ျပန္ေလတို႔ၾကား အေႏြးဓာတ္ရေနသည့္ခါးထက္ကလက္ေဖာင္းေဖာင္းေတြအား ေရွာင္းက်န့္တစ္ေယာက္ ခ်စ္စိတ္ျဖင့္သာ ခိုလႈံခံစားမိပါေတာ့သည္။

To be continue......
29/10/2021(Friday)
Thank for your reading.♥

N:Take care my dear readers.See U next episode.

Continue Reading

You'll Also Like

204K 8.8K 60
╰┈➤ *⋆❝ 𝐢'𝐝 𝐫𝐚𝐭𝐡𝐞𝐫 𝐧𝐨𝐭 𝐥𝐨𝐬𝐞 𝐦𝐲 𝐜𝐨𝐟𝐟𝐞𝐞 𝐭𝐚𝐛𝐥𝐞 𝐚𝐬 𝐚 𝐫𝐞𝐬𝐮𝐥𝐭 𝐨𝐟 𝐲𝐨𝐮 𝐩𝐢𝐬𝐬𝐢𝐧𝐠 𝐨𝐟𝐟 𝐭𝐡𝐚𝐭 𝐭𝐢𝐦𝐞-𝐛...
284K 12.9K 59
A Boy who is born with one blue eyes.His one eye is Blue & another one is dark brown.His life wasn't easy ,he was in dark ,this world made him heartl...
485K 10.7K 56
Reneé Rapp X Reader Imagines Regina George x Reader GxG Reneé is taller and older then reader unless requested
858K 40K 171
𝒊𝒏 𝒘𝒉𝒊𝒄𝒉 the boy who lived falls for the girl who had no one