Tie Up ( Completed)
By Diana_Lin_
23.9K 1.2K 1.1K
Intro (Zawgyi)
Ep-(1)
Ep-(2)
Ep-(3)
Ep-(4)
Ep-(5)
Ep-(6)
Ep-(8)
Ep-(9)
Ep-(10)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35)
Ep-(36)
Ep-(37)
Ep-(38)
Ep-(39)
Ep-(40)
Ep-(41)
Ep-(42)
Ep-(43)
Ep-(44)
Ep-(45)
Ep-(46)
Ep-(47)
Ep-(48)
Ep-(49)
Ep-(50)
Ep-(51)
Ep-(52.1)
Ep-(52.2)
Final
Thank you all (behind the story)
Cute moment of our A Sit
Extra
Intro (Unicode)
ep-(1)
ep-(2)
ep-(3)
ep-(4)
ep-(5)
ep-(6)
ep-(7)
ep-(8)
ep-(9)
ep-(10)
ep-(11)
ep-(12)
ep-(13)
ep-(14)
ep-(15)
ep-(16)
ep-(17)
ep-(18)
ep-(19)
ep-(20)
ep-(21)
ep-(22)
ep-(23)
ep-(24)
ep-(25)
ep-(26)
ep-(27)
ep-(28)
ep-(29)
ep-(30)
ep-(31)
ep-(32)
ep-(33)
ep-(34)
ep-(35)
ep-(36)
ep-(37)
ep-(38)
ep-(39)
ep-(40)
ep-(41)
ep-(42)
ep-(43)
ep-(44)
ep-(45)
ep-(46)
ep-(47)
ep-(48)
ep-(49)
ep-(50)
ep-(51)
ep-(52.1)
ep-(52.2)
final
thank you all (behind the story)
cute moment of our a sit
extra
Second Creation is comming....🤭
Ep-(7)
51 8 0
By Diana_Lin_
"​​ဩော်..ကျောင်းဆင်းခါနီး နင်တို့ကို သေချာမှာရဦးမယ်..မနက်ဖြန်ကျရင် စာမသင်ဘူးဆိုပြီး လွယ်အိတ်တွေ ထားခဲ့တာမျိုး မလုပ်နဲ့..စာမေးမယ်..နောက်မှ တလွဲတွေလုပ်ပြီး သားတို့သမီးတို့ စာမသင်ဘူးထင်လို့
လွယ်အိတ်မယူလာဘူး ဆိုတာမျိုးမလုပ်နဲ့..ထပ်ပြောမယ်..လွယ်အိတ်ယူလာခဲ့ပါ..စာမသင်ပေမဲ့ စာမေးမယ်..
ပြီးတော့ မနက်ဖြန် ပွဲအတွက် ဝေယျာဝစ္စ လုပ်ရမှာမို့အပျင်းတစ်ပြီး မလာမျိုးမလုပ်နဲ့..တကယ်နေမကောင်းရင် မိဘက ခွင့်တိုင်.. "
မနက်ဖြန် ဝါဆိုသင်္ကန်းကပ်ပွဲမတိုင်ခင် ဝေယျာဝစ္စ လုပ်ရမည့်နေ့ ။ ဘုန်းကြီးလည်းပင့်မည် ၊ ဧည့်သည်များလည်း ဖိတ်မည် ဟုဆိုသဖြင့် စစ် တို့ အလုပ်များကြရပြန်သည် ။ တစ်ကျောင်းလုံး သပ်ရပ်နေဖို့က
နံပါတ် (၁) ဖြစ်လောက်သည် ။ အတန်းပိုင်ဆရာမသည်စစ် တို့အား ဝေယျာဝစ္စ မလုပ်ချင်၍ ကျောင်းပြေးမည်စိုး၍ ယခုကတည်း အတန်တန်မှာနေသည် ။
စစ်တို့သည် ကျောင်းသား မ်ားလား ၊ အခမဲ့သန့်ရှင်းရေးလုပ်သားများလား ဟု ဆရာမအား မေးချင်သော်လည်း မေးခွင့်မရှိ ။ သို့ရာတွင် အတန်းတိုင်းရှိ အတန်းပိုင်ဆရာမတိုင်းသည် ထိုကိစ္စနှင့် ပတ်သတ်၍ ယုတ္တိရှိစွာ ရှင်းပြလိမ့်မည် ။ ယခုလည်း ရှင်းပြရန် ဟန်ပြင်နေသည် ။
ကျောင်းသားများ အတန်းပြင်သို့ အတင်းထွက်ပြေးမည် ကြောက်၍ ထင်သည် ။ ဆရာမသည် အခန်းပေါက်ဝတွင် ပိတ်ရပ်ထားသည် ။ စစ်တို့သည် ဆရာမ ရှိရာ သို့ မျက်နှာမူထားရသည် ။ အခြားအတန်းများတွင်လည်းသူတို့ဆရာမများမှ အာလူးဖုတ်နေဟန်တူသည် ။မည်သူကိုမျှ အပြင်တွင် မတွေ့ရ ။ ကော်ရစ်တာမှ ဖြတ်ပျံသွားသော ငှက်တစ်ကောင်မှ လြဲ၍ ပေါ့ ။
" မင်းတို့ကိုချည်း ဒါတွေ ခိုင်းနေလို့..စိတ်ပျက်ကြလား.."
"မပျက်ပါဘူး.."
(စိတ်မပျက်ဘူး... ဝမ်းသာတာ..ဝမ်းသာတာ..။ ဝမ်းသာလွန်းလို့ ဆရာမကိုတောင် တွန်းတိုက်ပြီး အပြင်ကို ခုန်ထွက်ချင်တယ်...။)
ပါးစပ်မှ အပြုံးမပျက်ဖြေလိုက်သော်လည်း စိတ်ထဲတွင်မူ ခပ်ရွဲ့ရွဲ့တွေးလိုက်သည် ။ စိတ် လည်း ခဏခဏ ရွဲ့ရလွန်း၍အကြောဆွဲဖို့သာ ကျန်တော့သည် ။
"ကောင်းတယ်..ဒီ ကျောင်းမှာ တက်တဲ့ ကျောင်းသား အမ်ားစုက မိဘက ဘာမှမခိုင်းဘဲ ဖူးဖူးမှုတ်ထားတာ များတယ်..အဲ့ဒီ့တော့ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့
ကြီးလာရင် အခက်တွေ့မှာစိုးတယ်..မင်းတို့ အိမ် ၊ ကျောင်း ၊
ပတ်ဝန်းကျင် ကို သန့်ရှင်းဖို့က မင်းတို့မှာ တာဝန်ရှိလား...ဘယ်သူ့မှာ တာဝန်ရှိလဲ.."
"သားတို့မှာ တာဝန်ရှိပါတယ်.."
"သမီးတို့မှာ တာဝန်ရှိပါတယ် "
(စည်ပင်သာယာ....။)
ကိုယ့်စိတ်မှ စကား အပြင်ထွက်သွားလျှင် စစ်လည်းဒီ ကျောင်းအပြင် ရောက်သွားလိမ့်မည် ။ ဆရာမကြီးသည် ဂျောင်း ဆိုပြီး ဘောလုံးကန်သလို တစ်ခါတည်းကန်လွှတ်လိုက်လိမ့်သည် ။
"မှန်တယ်..မင်းတို့မှာ တာဝန်ရှိတယ်..။ ကိုယ့် မြန်မာ့ရိုးရာ ပွဲတော်အတွက် တတ်အားသရွေ့ ပါဝင်အားဖြည့်ရမယ်..
အသင်းအဖွဲ့နဲ့ လုပ်တော့ ပျော်ဖို့လည်း ကောင်းသလိုကုသိုလ်လည်း ရတယ်..
ဒီလိုမျိုး မင်းတို့ ရဲ့ ပတ်ဝန်းကျင် ကို သန့်ရှင်းတဲ့အကျိုးကအခုဘဝသာမက နောင်ဘဝတွေအတွက်လည်း ကောင်းတယ်ကွဲ့..နားလည်လား..ကဲ..ကျောင်းဆင်းလို့ရပြီ..
ဆရာမ ပြောတာတွေကို မှတ်ထားကြ.."
(ပျော်ဖို့ကောင်းလား မကောင်းလားတော့ မသိဘူး..မင်းဘုန်းမြတ်ပိုင် တစ်ယောက်နဲ့တော့ ငါ နားထဲဂွမ်းစို့ထားရမှာ မြင်ယောင်တယ်...။)
"ဟုတ်ကဲ့ပါ ဆရာမ.."
အပြင်တွင် လိမ္မာယဉ်ကျေးနေသော ကလေးများသည်စိတ်ထဲ၌ စစ်တွေးသကဲ့သို့ တွေးနေလေမလား..။သူတို့ကိုယ်တိုင်သာ သိလိမ့်မည် ။
ဆရာမသည် ကျောင်းဆင်းတော့ ဆိုသည်နှင့် နွားသိုးကြိုးပြတ် ထ ပြေးချင်စိတ်အား မြိုသိပ်ကာဆင်မယဉ်သာ ခြေလှမ်းလေးနှင့် အပြင်သို့ ထွက်လာရသည် ။
"ကားထဲကို နောက်ကျမှ ရောက်တဲ့လူ နွား.."
"စိန်လိုက်လေ.."
အခြားသူများသည် ကျောင်းကားအား ပန်းတိုင်ဟု သတ်မှတ်နေကြသော်လည်း စစ် နှင့် မင်းဘုန်းမြတ်ပိုင် သည် ကျောင်းကား မတူသဖြင့် တပန်းရှုံးသွားသည် ။အကယ်၍ တူပါက မင်းဘုန်းမြတ်ပိုင် သည်
စစ်ဧ။် ဆံပင်အား ငှက်သိုက်ဖြစ်သည်အထိ ဖွ၍ ကားပေါ်သို့ တက်ပြေးလိမ့်မည် ။
"အ..မင်းဘုန်းမြတ်ပိုင် ရပ်စမ်း..ဇက်ကြောလွဲရင် ဘယ္လိုလုပ္မလဲ..သေပါပြီ.."
စစ် အေတြး အရမ်း မှားသည် ။ မင်းဘုန်းမြတ်ပိုင် သည်စစ် ဧ။် ဇက္ပိုးအား မပြင်းလွန်းသော အားဖြင့် ရိုက်၍သူဧ။် ကျောင်းကားဘက်သို့ ပြေးသွားသည် ။ အားမပြင်းသော်လည်း ရုတ်တရက် အငိုက်မိသွား၍
တမင် အာပြဲနေအောင် အော်လိုက်သည် ။
"မင်း နဲ့ ငါ အိမ္က်မှ တွေ့မယ်..Delivery နဲ့ အခေါင်းမှာထား..."
မင်းဘုန်းမြတ်ပိုင် ကျောင်းကားပေါ်သို့ တက်သွားသည့်တိုင် စစ် သည် bus(1) အနားမွေန၍ အသံကျယ်ကြီး နှင့် ကုန်းအော်ပစ်လိုက်သည် ။ အနားတွင် ဆရာမ မရှိသဖြင့် ဆူမည့်သူမရှိ ။ စစ် အားရအောင်အော်ပြီးမှ ကားပေါ်သို့ဆောင့်ကြီး အောင့်ကြီး နှင့် တက်သွားသည် ။
အနောက်ဘက်ရှိ မိန်းကလေးနှစ်ဦးမှာ အချင်းချင်းတွတ်ထိုးကာ ကျန်ခဲ့သည် ။ ထို မိန်းကလေးများမှာ စစ်တို့ဧ။် အတန်းထဲမှ ဖြစ်လေသည် ။
"တစ်အိမ်တည်း နေတာလား.."
"ဟဲ့..အိမ်နီးချင်းတွေ ဖြစ်မှာပေါ့...ကောင်းလိုက်တာ...နေ့တိုင်းတွေ့ရမှာပဲ.."
"နေ့တိုင်းတွေ့မတွေ့တော့ မသိဘူး..ကျောင်းမှာတော့ နေ့တိုင်းသတ်နေတာပဲ..ပြီးတော့လည်း ပြီးသွားတာပဲ.."
"လာလာ..လေပေါမနေနဲ့..နောက်ကျတော့မယ် "
မိန်းကလေး နှစ်ဦးသည် bus (2)ဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားကြသည် ။
_____________________
ယနေ့ အတန်းတွင်းရှိ ကျောင်းသားများသည် အစာရှာနေသော ပုရွက်ဆိတ်များကဲ့သို့ တစ်နေကုန် ဟိုသွားလိုက် ၊ ဒီသွားလိုက်နှင့် အနားရသည်ကို မရှိ ။အကျွေးအမွေးရှိ၍ ကျွေးမွေးမည့်နေရာမှာ စစ်တို့ဧ။် ကံကော်ရိပ် ဆောင် ဖြစ်သည် ။ဧည့်သည် မ်ား လာမည်ဖြစ်၍ ကြမ်းပြင်များအား သပ်ရပ်စွာ လွဲကာ ထိုင်ခုံများအား အခန်းထောင့်သို့ ရွေ့နေကြသည် ။
ထို ခုံများအား ကျောင်းစောင့်များသည် သင့်တော်သည့်နေရာသို့ ယူသြားကာ စားပွဲခုံကြီးများ ၊ထိုင်ခုံများ ယူလာလိမ့်မည် ။ စစ်တို့သည် ထိုင်ခုံမျအား သယ်ယူရန်မလိုအပ် ။ ဧည့်သည်များသည် များများစားစားလာမည် ဟုဆိုသည် ။ ကျောင်းသား ၊ ကျောင်းသားမိဘ များနှင့်ပင် အတော်စည်နေပြီ ။
"လိမ္မာနေပါလား..နေခုနှစ်စင်းထွက်တော့မှာပဲ.."
"ဆံပင်မဖွနဲ့..ပြီးတော့ ကောင်းကင်ကို မော့ကြည့်ပါလား..နေတစ်စင်းထဲ မမြင်ဘူးလား.."
နားညီးမည်စိုး၍ တမင် ကျောင်းရောက်တည်းက လွယ်အိတ်ချ၍ တံမြက်စည်ကောက်ကိုင် လိုက်သော်လည်း သကောင့်သားက စစ် ဆံပင်အား ဆြဲဆြဲဖွ သွားသည် ။
စစ် လည်း စိတ်ပေါက်ပေါက် နှင့် ပြန်အော်လိုက်တော့သူ က စစ်အား ကြည့်၍ ရယ်နေသည် ။
"အော်..မင်းဘုန်း နဲ့လကျာ်.. ဒီနေ့တည့်နေပါလား.နေခုနှစ်စင်း ထွက်ပြီထင်တယ်.."
မော်နီတာသည် ဓမ္မရိပ် အဆောင်ဘက်မှ စစ်တို့ ဘက်သို့ လျှောက်လာကာ ရယ်ရယ်မောမော နှင့် ကောင်းကင် ပေါ်သို့ မော့ကြည့်ရင်း ပြောလိုက်သည် ။ သို့ရာတွင် စစ်ဧ။် မျက်နှာကြီးသည် အိုးမည်းသုတ်လိုက်သကဲ့သို့ မည်းခနဲ ဖြစ်သွားသည် ။
"လာပြန်ပြီ..ဒီနေခုနှစ်စင်း..ကောင်းကင်ကို မော့ကြည့်ကြပါလား.."
"ကောင်းကင်တော့ မမော့ကြည့်တော့ပါဘူး.. အတန်းထဲမှာ လှည်းပြီးရင် ဓမ္မရိပ်ဘက်ကို လာခဲ့ဦး..ဒါလာပြောတာ.."
စစ် သည် သူ့ဧ။် အကျင့်အတိုင်း တံမြက်စည်အား လွှတ်ချကာ မော်နီတာ နှင့် အတူ လိုက်သွားရန် ပြင်သည် ။
"ခေါ်တဲ့အတွက် ကျေးဇူး.. ငါလည်း ဒီကောင်နဲ့ နေချင်တာ မဟုတ္ဘူး.."
"မင်းတစ်ယောက်တည်း ဟိုသွားပြီး အပါးခိုလို့ မရပါဘူး.."
ထိုအခါ စစ် သည် ကျနေသော တံမြက်စည်အား ကောက်ကိုင်လိုက်သည် ။ မင်းဘုန်းမြတ်ပိုင် အား ခြေထောက်ဖြင့် မထိတထိ ခတ် လိုက်သည် ။
"မင်းသွား..ငါ ဒီမွာ လှည်းမယ်.."
"ဒါဆို မင်းက ဒီမွာ အပါးခိုနေမယ်ပေါ့.."
"ေ-ာက်အမျိုးမျိုးပဲ..ငါ့ပါးစပ်ကလည်း အဖိတ်နေ့မို့ မဆဲပါဘူးဆိုမွ "
ကြားထဲရှိ မော်နီတာသည် စစ် နှင့် မင်းဘုန်းမြတ်ပိုင် ဧ။် ပုခုံးတစ်ဖက်ဆီအား လက်ဖြင့် ဆွဲကိုင်ကာ ဓမ္မရိပ် အဆောင်ဘက်သို့ တွန်းလွှတ်ကာ..
"အရှင်မင်းကြီးတို့ပဲ သွားကြပါ..ကျွန်တော်မျိုး ဒီမွာ သန့်ရှင်းရေး လုပ်ပါ့မယ် ခင်ဗျ.."
ဟု သံပုရာသီး ကိုက္ထားရ၍ မဲ့ရွဲ့နေသော မျက်နှာထားဖြင့် ပြောသောအခါ မင်းဘုန်းမြတ်ပိုင် သည် မော်နီတာ အား လက်မ ထောင်ပြကာ..
" မောင်မင်း..တော်တယ် "
မော်နီတာသည် မင်းဘုန်းမြတ်ပိုင် အား အံကြိတ်ကာ လက်ထဲမှ တံမြက်စည်အား ထောင်ပြလိုက်သည် ။
စစ္ကေတာ့ အရှေ့မှနေ နန်းတော်ထဲမှ ဘုရင့်မိဖုရား ကဲ့သို့ အရှေ့မှ ကြွကြွလေး ထွက်သွားသည် ။မင်းဘုန်းမြတ်ပိုင် ကလည်း ပြေးမလိုက်ဘဲ အနောက်မှ ကျော့ကျော့လေး လျှောက်သွားသဖြင့် အနောက်တွင် ရပ်နေသော
မော်နီတာသည်..
" နောက်ဆို သူတို့သွားမယ့် လမ်းမှာ ဓမ္မရိပ်အဆောင်ထဲကကော်ဇောတွေ ခင်းပေးထားရတော့မယ်ထင်တယ်.."
အရှေ့တွင် ကော့ကျော့ကော့ကျော့ဖြင့် သွားနေသောစစ် တို့မှာ မကြားနိုင်တော့ ။
___________________
ဓမ္မရိပ်အဆောင်သည် တစ်ထပ်ကျောင်းဆောင် ဖြစ်သော်လည်း တစ်ကျောင်းလုံးဆန့်သည်အထိ ကျယ်ဝန်းသည် ။ ဟောခန်းတစ်ခုစာလောက်ရှိသည် ။
အဆောင်ဧ။် ပတ်ပတ်လည်တွင် စံပယ်ပန်းပင်များ ၊ နှင်းဆီပင်များ စသည့်ပန်းပင်များအား မွှေးအီနေတဲ့အထိစိုက်ပျိုးထားသည် ။ အခန်းဧ။် အတွင်း၌ ဗုဒ္ဓဖြစ်စဉ် မ်ားအား သရုပ်ဖော်သည့် ပန်းချီကားများအား နံရံအမြင့်ပိုင်းတွင် ချိတ်ဆွဲထားသည် ။ အဲယားကွန်းများကိုလည်း အေးစိမ့်သည်အထိ တပ်ထားသည် ။
အခန်းဧ။် ခေါင်းရင်းပိုင်းတွင် မှန်ဖြင့်ကာရံထားသောဘုရားကျောင်းဆောင် အား တွေ့ရသည် ။ ရွှေချထားသော ဘုရားဆင်းတုတော်များ နှင့် ရှင်သီဝလိ ရဟန်း အားလည်း ထို ကျောင်းဆောင်၌ ပူဇော်ထားလျက် ကျောင်းဆောင် အား ပို၍ သပ္ပယ်စေရန် LED မီးသီးမ်ား တပ်ဆင်ထား၏ ။  ကျောင်းဆောင် အပြင်ဘက်တွင် ပန်းမျိးစုံ ၊ ရေချမ်း နှင့် သစ်သီးမ်ားအား ကပ်လှူထားသည် ။
" နှစ်ယောက်သား အခုမှ ပေါ်တော်မူလာတယ်နော်..ပိုင်..ငါ့နင့်ကို ရှာနေသေးတာ.."
အခန်းထဲတွင် ခင်းထားသော ကော်ဇောများအား ဖုန်ခါနေသော မြင့်မြတ်သူ ဟူသော ကောင်မလေးသည်စစ် တို့ ဝင်လာသည်ကို တွေ့သောအခါ မင်းဘုန်းမြတ်ပိုင် ဘက်သို့ လှည့်၍ စကားပြော သည် ။
"ဘာကိစ္စလဲ "
မင်းဘုန်းမြတ်ပိုင် ပါးစပ်တောင် မဟရသေးခင် စစ် သည်စုံထောက်တစ်ဦးကဲ့သို့ ဖြတ်ခနဲ မေးလိုက်သည် ။
"အော်..ငါက သူ့ဆီက eng စာအုပ်လေး ငှါးချင်လို့..နင်က မပေးတော့လေ.."
"ဟုတ်တယ်..ငါက ငါ့စာအုပ်ဆို တော်ရုံလူမပေးတတ်ဘူး..ပြန်မပေးဘဲ အပိုင်ယူထားရင် ငါပဲသေမှာ..ဟုတ်တယ်မလား ပိုင် "
ကြတ်မွှေးအားယူ၍ ပန်းချီကားအား ဖုန်သုတ်နေသောစစ် သည် ကော်ဇောများအား လိပ်နေသော မင်းဘုန်းမြတ်ပိုင် အား မျက်ထောင့်လေးနှင့် ကြည့်ကာမေးလိုက်သည် ။ ထို့အတူ မြင့်မြတ်သူ ဧ။် မျက်နှာကြီး ညို သွားသည်ကို တွေ့လိုက်ရသည် ။
" မဟုတ်ပါဘူး.. အဲ့လိုလုပ်ရမယ့်သူလည်း ငါတို့ ကျောင်းမှာ မရှိပါဘူး.. နင့်ဟာသာ သံသယေတြ လိုက်များနေတာ..ဟုတ် တယ္မလား ပိုင်.."
မြင့်မြတ်သူ သည် အားက်မခံ စစ် ဧ။် တလေသံတည်း တုကာ မင်းဘုန်းမြတ်ပိုင် အား မေးလိုက်သည် ။
"ငါကေတာ့ ပုံသေ မသတ်မှတ်ဘူး..မြင့်မြတ်သူ ပြောသလို
အဲ့လိုလုပ်မယ့်လူမရှိလောက်ဘူး ဆိုပေမယ့် လူတွေရဲ့ စိတ္ကို မြင်ရတာမှမဟုတ်ဘဲ..စစ် ပြောသလို အပိုင်ယူလိုက်ရင် ဒုက္ခရောက်မှာပေါ့..စစ် ကလည်းအဲ့ဒါကြောင့် ငါ့ကိုတောင် သိပ်ငှါးချင်တာ မဟုတ္ဘူး..ထားလိုက်ပါ.. အင်္ဂစာ စာအုပ်လိုချင်ရင် ငါနေ့လည်ကျ ငှါးမယ်..ကျောင်းလွှတ်ရင်တော့ ပြန်ပေးပေါ့.."
(ပညာသားပါလိုက္တာ....ငါဆို ဒီနေရာမှာ စိတ်ရှုပ်လာရင် နှစ်ယောက်စလုံးကို ထဆဲမွာ..။)
မင်းဘုန်းမြတ်ပိုင် ဧ။် စကားသည် မည်သူ့ဘက်မှ တစ်ဖက်သတ်ကြီး မလိုက်သွားသောကြောင့် အားလုံးတိတ်ဆိတ် သွားရုံမက စစ် ပင် စိတ်ထဲမှ ချီးကျူးမိသေးသည် ။ အမှန်တိုင်းပြောရ ရင် အခြားသူများအား စာအုပ်မငှါးတတ်သော စစ် သည်
မင်းဘုန်းမြတ်ပိုင် အား ရက်ရက်ရောရော ထုတ်ငှါးတတ်သည် ။ မင်းဘုန်းမြတ်ပိုင် သည် စစ်အားတမင် ကာကွယ်ပြောလိုက်ဟန်တူသည် ။
စစ် တို့ ကိုယ့်အလုပ်ကိုယ် လုပ်နေရသဖြင့် ခေတ္တတိတ်ဆိတ် သွားသည် ။ အမောဖောက်မတတ် စကားပြောစဉ်တုန်းက ရေမဆာရဘဲ ယခုမွ အာခြောက်ချင်သလို ဖြစ်လာသည် ။ ထို့ကြောင့် ဖုန်ခါခြင်း အမှုအား ခဏရပ္ကာ အခန်းထောင့်ရှိWater cooler စက် ဆီသို့ ရေသောက်ရန် လျှောက်သွားလိုက်သည် ။
ကံက ဆိုးချင်တော့ Water cooler စက်တွင် တင်ထားသော ရေဗူးထဲ၌ ရေတစ်စက်မျှမရှိ ။ အနည်းငယ်ရှိသည် ဆိုလျှင်ပဲ စစ် အတွက် လုံလောက်ပါသည် ။
(ရေတစ်စက်လောက်ရှိရင်ပဲ ထိုင်ရှစ်ခိုးရမလို ဖြစ်နေပြီ..။)
ရေသန့်ဗူးကလည်း အတန်းထဲတွင် ကျန်ခဲ့၍ ပြန်ယူရဦးမည်။ မတတ်နိုင် ..။ ထမင်းအသက် ခုနှစ်ရက် ၊ရေအသက် တစ်မနက် မဟုတ္လား..။
"စစ်..ဘယ်သွားမလို့လဲ.."
"ရေသောက်မလို့.."
ထင်သည့်အတိုင်း မင်းဘုန်းမြတ်ပိုင် သည် စစ် အားလှမ်းမေးသည် ။ စစ် လည်း လိုရင်းတိုရှင်း ပြန်ဖြေလိုက်သည် ။
"ဒီမွာ မရှိဘူးလား.."
"ရှိရင် ငါ သောက်ပြီးတာ ကြာပြီ.."
"မရှိဘူးလို့ ရိုးရိုး ပြောလည်းရပါတယ်.."
"မင်းက ပုလိပ်စစ်လာစစ်နေတာကို.."
သို့သော် မင်းဘုန်းမြတ်ပိုင် ကမသင်္ကာသလို လာမေးလာသဖြင့် ဘုကလန့်တိုက်ပြီးဖြေပလိုက်သည် ။မင်းဘုန်းမြတ်ပိုင် အား စစ် ဆောင့်ကြီးအောင့်ကြီး ပြန်ပြောကာ အပြင်သို့ထွက်လာလိုက်သည် ။
အပြင်သို့ ရောက်လာသောအခါ နှင်းဆီပန်းရနံ့ စစ် ဧ။် နှာခေါင်းအတွင်းသို့ တိုးဝင်လာသောအခါ  အားရပါးရ ရှုရှိုက်လိုက်မိသည် ။
ကော်ရစ်တာ အား ဖြတ်၍ လျှောက်လာရင်း ကံ့ကော်ရိပ်ဆောင် ရောက်ခါနီးတွင် ကျောင်းဝန်ထမ်းတန်းလျား ရှိ အဒေါ်ကြီးတစ်ဦးသည်
စစ် အား မြင်လျှင်မြင်ချင်း ဝမ်းသာအားရဖြင့်..
"ကောင်လေး..အခန်းပြန်မှာလား.."
"ဟုတ် "
စစ် လည်း လူချင်းမရင်းနှီးသဖြင့် ခပ်ချေချေ ပြန်ပြောကာအဆောင်သို့ ပြန်မည်အပြုတွင် အဒေါ်ကြီးသည်စစ် အရှေ့မှ ဆီးရပ္ကာ..
"အဒေါ့်ကို ကူညီပါကွယ်..ဒီအာလူးထုပ်လေးကို အစွန်ဆုံး က အိမ္ကို သွားပေးပေးပါ.."
" ကျွန်တော် မအားဘူး.."
မကူညီချင်၍ မဟုတ်သော်လည်း စစ် မှာလည်း ကိုယ့်အကြောင်းနှင့် ကိုယ် ရှိသည် ။ ထို့ကြောင့် စကားကိုပင် ပြောရန်အချိန်မရှိသည့် ပုံစံမျိုး ဖြစ်အောင် ဖန်တီးယူလိုက်သည် ။
"မင်းလည်း ဒီဘက်သြားမွာမလား..အဒေါ်က ပြီးရင် ကြာဇံဝယ် ရဦးမယ်..ကျောင်းအလှူအတွက်ချက်ရဦးမှာ..အဲ့ဒါ အဒေါ့်အိမ်အတွက် ဟင်းချက်နောက်ကျ မှာစိုးလို့ပါ.."
"အာ..ဟုတ်ကဲ့.. "
စစ် လည်း အာလူးထုပ်အား အဒေါ်ကြီးလက်ထဲမှ ယူကာတန်းလျားဘက်သို့ ခပ်သုတ်သုတ် ထွက်လာခဲ့သည် ။စိတ်ထဲတွင်တော့ မကျေနပ် ..။
တန်းလျားဟု ခေါ်သော်လည်းပျဉ်ထောင်အိမ်ငယ်လေးများ ခပ်ချဲချဲ ဆောက်ထားသော နေရာတစ်ခုသာဖြစ်သည် ။အိမ်ပတ်ဝန်းကျင်တွင် ကုက္ကိုလ်ပင်များ စိုက်ထားသဖြင့် အုပ်ဆိုင်းနေသည် ။ ထို့ကြောင့် ပင် စစ် လာရသည်မှာ အလွန် ခြောက်ခြားနေသည် ။ နေပျောက်ပင် သိပ်မထိုးတော့ဘဲ မသိလျှင် ညနေရောက်နေသည့်အတိုင်းပင် ။ အစွန်ဆုံး သို့ရောက်လေပို မှောင်လေဖြစ်ပြီး လမ်းစွန်းရောက်မှသာ အပင်မရှိသဖြင့် လင်းထိန်နေသည် ။
ကံဆိုးချင်တော့ အိမ်ရှေ့တွင် မည်သူမျှ မရှိ ။ အလှူအတွက် ချက်ပြုတ်ရန်နေရာမှာ ယခင်က မုန့်ဈေးတန်းပြုလုပ်ခဲ့ဖူးသော မုန့်ဈေးတန်းဟောင်း တွင် ဖြစ်သည် ။ အိမ်ရှိလူများသည် ထိုနေရာသို့ သွားကြဟန်တူသည် ။
"အိမ်ရှင်တို့..အိမ်ရှင်တို့ "
ပတ်ဝန်းကျင် သည် ပိုမိုတိတ်ဆိတ္ကာ အေးစက်လာသည်။အိမ်ထဲတွင် မည်သူမျှ မရှိမှန်း အလွန်သိသာသည် ။
လေတိုက်ရင် တရှဲရှဲမည်နေသော ကုက္ကိုလ်ပင်ကြီးသည် စစ် ကြားဖူးသော အဖွားကြီး သရဲပုံပြင်အား သတိရစေသည် ။
"ဒုန်း.."
ထိုစဉ် အိမ်အတွင်းမှ ဒန္ခက်ြသံမ်ားအား စစ် နားဖြင့် ဆတ်ဆတ် ကြားလိုက်ရသည် ။
စစ် ကိုယ်တိုင် မသိလိုက်ခင်မှာ လက်ထဲမှ အာလူးထုပ်အား ပစ္ခ်၍ တရုတ်ပြည်မှ တင်လွှတ်သော ဒုံးကျည်ထက်မနှေးသော အရှိန်ဖြင့် ထွက်ပြေးတော့သည် ။
ကံ့ကော်ရိပ် အဆောင်ရှေ့သို့ ရောက်သောအခါ ခါးထောက်ကာ စစ်အား မဲ့၍ ကြည့်နေသော မင်းဘုန်းမြတ်ပိုင် နှင့် ဆုံတော့သည် ။
"ကိုယ်တော်... ရေကို တန်းလျားမှာ သွားတောင်းသောက်တာလား.."
ဟု ခပ်မဲ့မဲ့ မျက်နှာပေးဖြင့် မေးလာသည် ။
"မင်းဘိုးအေ..သရဲခြောက်ခံရလာတာ.."
စစ် သည် နောက်ကျောမလုံသကဲ့သို့ လှည့်ကြည့်ကာ မင်းဘုန်းမြတ်ပိုင် အား တွန်းတိုက်၍ ဝရုန်းသုန်းကား ပြေးသွားသည် ။ မင်းဘုန်းမြတ်ပိုင် မှာတော့ ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့ရသည် ။
တန်းလျားရှေ့တွင်မူ ထဘီမနိုင် ၊ ပဝါမနိုင်နှင့် ဖိုးသိုးဖတ်သတ် ထွက်လာသော မိန်းမကြီး တစ်ဦးသည် စစ် ပစ်ချသွားသော အာလူးထုပ်အားကောက်ယူရင်း ပွစိပွစိ ရေရွတ်ကာ အိမ်အတွင်းသို့
ပြန်ဝင်သွားသည် ။
"ထမင်းချက်နေပါတယ်ဆိုမှ ကုန်းအော်နေတယ်..ပြီးတော့ လည်း ကိုယ်ပျောက်ဝဇ္ဇာလို လွစ္ခနဲ ပျောက်သွားလိုက်တာ..သရဲမ်ား ခြောက်သွားလားလို့တောင် ထင်ရတယ် "
Diana_Lin
To Be Continube
Continue Reading
You'll Also Like
189K 4.8K 35
**READ AT YOUR OWN RISK, THIS SUCKS BUT I'M TOO LAZY TO FIX IT** The team didn't know what caused them to want to go to a foster home and adopt a chi...
578K 51.6K 34
𝙏𝙪𝙣𝙚 𝙠𝙮𝙖 𝙠𝙖𝙧 𝙙𝙖𝙡𝙖 , 𝙈𝙖𝙧 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙢𝙞𝙩 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙃𝙤 𝙜𝙖𝙮𝙞 𝙢𝙖𝙞...... ♡ 𝙏𝙀𝙍𝙄 𝘿𝙀𝙀𝙒𝘼𝙉𝙄 ♡ Shashwat Rajva...
117K 4.8K 198
This story follows the early life of James also known by his street name Headshot or Shooter. James had an extremely rough childhood, one that turned...
8.9K 885 39
အချစ်က..........ခါးတဲ့ ဘယ်သူ့အတွက်ခါးတာလဲ