Tie Up ( Completed)
By Diana_Lin_
23.9K 1.2K 1.1K
Intro (Zawgyi)
Ep-(1)
Ep-(2)
Ep-(3)
Ep-(4)
Ep-(5)
Ep-(7)
Ep-(8)
Ep-(9)
Ep-(10)
Ep-(11)
Ep-(12)
Ep-(13)
Ep-(14)
Ep-(15)
Ep-(16)
Ep-(17)
Ep-(18)
Ep-(19)
Ep-(20)
Ep-(21)
Ep-(22)
Ep-(23)
Ep-(24)
Ep-(25)
Ep-(26)
Ep-(27)
Ep-(28)
Ep-(29)
Ep-(30)
Ep-(31)
Ep-(32)
Ep-(33)
Ep-(34)
Ep-(35)
Ep-(36)
Ep-(37)
Ep-(38)
Ep-(39)
Ep-(40)
Ep-(41)
Ep-(42)
Ep-(43)
Ep-(44)
Ep-(45)
Ep-(46)
Ep-(47)
Ep-(48)
Ep-(49)
Ep-(50)
Ep-(51)
Ep-(52.1)
Ep-(52.2)
Final
Thank you all (behind the story)
Cute moment of our A Sit
Extra
Intro (Unicode)
ep-(1)
ep-(2)
ep-(3)
ep-(4)
ep-(5)
ep-(6)
ep-(7)
ep-(8)
ep-(9)
ep-(10)
ep-(11)
ep-(12)
ep-(13)
ep-(14)
ep-(15)
ep-(16)
ep-(17)
ep-(18)
ep-(19)
ep-(20)
ep-(21)
ep-(22)
ep-(23)
ep-(24)
ep-(25)
ep-(26)
ep-(27)
ep-(28)
ep-(29)
ep-(30)
ep-(31)
ep-(32)
ep-(33)
ep-(34)
ep-(35)
ep-(36)
ep-(37)
ep-(38)
ep-(39)
ep-(40)
ep-(41)
ep-(42)
ep-(43)
ep-(44)
ep-(45)
ep-(46)
ep-(47)
ep-(48)
ep-(49)
ep-(50)
ep-(51)
ep-(52.1)
ep-(52.2)
final
thank you all (behind the story)
cute moment of our a sit
extra
Second Creation is comming....🤭
Ep-(6)
58 9 0
By Diana_Lin_
"Bus(2)က တကယ်လွန်နေပြီ.."
စစ် တစ်ယောက် ကျောင်းအတွင်းသို့ မဝင်သေးဘဲကျောင်းဂိတ်ဝတွင် ထီးတစ်ချောင်းနှင့် ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည် ။ လုံခြုံရေး ဦးလေးကြီး ပင် စစ် အား မ်က္စိ နှောက် နေဟန် တူသည် ။
ကောင်းကင်တစ်ခွင်သည် ခဲရောင်သမ်းနေကာ မိုးစက်များသည် ထီးပေါ်သို့ တဖြောက်ဖြောက် ကျနေသည်။ '' မေတ္တာရိပ် ကိုယ်ပိုင်အထက်တန်းကျောင်း ''ဟု ဆိုင်းဘုတ်တင်ထားသော ကျောင်းဝန်းကျယ်ကြီး အတွင်းသို့ အဖြူရောင်အင်္ကျီပေါ်မှ မီးခိုးရောင်အပေါ်ဝတ်အင်္ကျီ နှင့် အောက်ပိုင်းတွင်အနက်ရောင်စကပ်များ ဝတ်ထားသော ကျောင်းသူလေးများသည် ထီးများဆောင်းကာ ခပ်သုတ်သုတ် ဝင် သွားကြသည် ။ မိုးရွာနေသည့်ထဲတွင်ထီးကြီးတစ်ချောင်းနှင့် ဟိုလျှောက် ၊ ဒီလျှောက် လုပ်နေသော စစ်အား စောင်းငဲ့ကြည့်သွားကြသည် ။
ကျောင်းပေါက်ဝတွင် ဂိတ်စောင့်သည့် လုံခြုံရေးဦးလေးကြီးတစ်ဦးရပ်နေကာ ကျောင်းသားများအား ကျောင်းသားကဒ်ဆွဲထား ၊ မဆြဲထား စစ်ဆေးနေသည် ။
ကျောင်းသားကဒ် ဆြဲထားသူမ်ားကိုသာ ဝင်ခွင့်ပေးသည် ။ကျောင်းဝန်းအတွင်းမှ ဆက်သွားလိုက်လျှင် 'သစ္စာရိပ် 'ဟူသော ခုနှစ်တန်းကျောင်းသားများနှင့် ရှစ်တန်းကျောင်းသား မ်ား စာသင်သော အဆောင်အား တွေ့ရပေမည် ။ ထို သစ္စာရိပ် အဆောင်သို့မရောက်ခင်ကြားတွင် ဘေးတွင်ပန်းအိုးများချထားသော လမ်းမရှည်ကြီးပေါ်တွင် ခြေညောင်းသည် အထိ လျှောက်လိမ့်မည် ။
"ဟိုကောင်လေး... မင်း ဘာလို့ မဝင်သေးတာလဲ.."
"ကျွန်တော့် သူငယ်ချင်းက Bus(2)က ..သူ အခုထိ မရောက်လာသေးလို့.."
လုံခြုံရေးဦးလေးကြီး သည် ကျောင်းဝတွင် ရစ်သီရစ်သီလုပ်နေသော စစ်အား မသင်္ကာဖြစ်လေသလား မသိ ။ဂိတ်ဝမှနေ၍ အော်မေးသဖြင့် စစ် အမှန်တိုင်း ဖြေလိုက်သည် ။ Bus(2)သည် စစ်တို့ Bus(1) ထက် နောက်ကျသော်လည်း အကြာကြီး စောင့်ရသည်အထိတော့ မနောက်ကျဖူး ။
စိတ်ပူသည် မဟုတ်သော်လည်း ဘေးတွင် မင်းဘုန်းမြတ်ပိုင် မရှိလျှင် အတန်းတွင်း၌လည်း နေချင်စိတ်မရှိ ။
ကျောင်းဝန်းထဲ ဝင်ပြီးလျှင် ပြန်ထွက်၍မရ ။ ထို့ကြောင့် ကျောင်းပေါက်ဝတွင် တစ်ခါတည်းစောင့်နေလိုက်သည် ။
" ဝင်တော့လေကွာ..မိုးက သည်းလာတော့မှာ..သူလည်းခဏနေလာမှာပေါ့.."
" ကျွန်တော်လည်း ဦးလေးပြောတဲ့ အဲ့ဒီ့ခဏေန က်မှဝင်မယ်.."
"တော်တော် လက်ပေါက်ကပ်တဲ့ ကျောင်သားပဲ..ဒီလောက် လူလေးနဲ့မလိုက် ခေါင်းမာတဲ့ ကျောင်းသားမျိုး မတွေ့ဖူးဘူး."
ဦးလေးကြီး သည် စစ်အား ထောပနာပြုနေသော်လည်းစစ် သည် လက်မှနာရီအား ငုံ့ကြည့်နေသည် ။
ဦးလေးကြီးပြောသည့် အတိုင်းပင် မိုးသည် တဝေါဝေါဖြင့်သည်းသည်းမည်းမည်း ရွာချလေသည် ။ ထီးပင်မနိုင်တော့ဘဲ စစ်ဧ။် လွယ်အိတ်နှင့် အပေါ်ဝတ်အင်္ကျီပေါ်သို့ မိုးရေများစိုရွှဲကုန်သည် ။
လွယ်အိတ်အား ရင်ဘတ်တွင် ပြန်လွယ်ကာ
ဆက်စောင့်နေလျှင် သူရဲကောင်းဆန်မလား ၊
မိုက်ရူးရဲဆန်မလား မသိသော်လည်း စစ် ဆက်စောင့်နေလိုက်သည် ။ တစ်နေရာတည်းတွင် ရပ်နေသောကြောင့် ညောင်းလာသော ခြေထောက်များအားခေါက်တုန့်ခေါက်ပြန် လျှောက်ပေးနေရသည် ။မည်သို့ပင်ဖြစ်စေကာမူ အတန်းတွင်း၌ ထိုင်မရ ၊ ထမရ ၊
ဝင်မရ ၊ ထွက်မရ အဖြစ်မျိုးထက် စာရင် ဒါက ပို၍တော်သေးသည် ။
" ဟို ခေါင်းမာတဲ့ ကျောင်းသား.. မိုးရွာနေတာ မသိဘူးလား..စောင့်ချင်ဒီအမိုးမှာ လာနေချေ.."
"အာ..ဟုတ်.."
ပြောနေတာတောင်မှ ကျောင်းအပြင်သို့ လှည့်ကြည့် လှည့်ကြည့် လုပ်နေသော စစ်အား ဦးလေးကြီးသိပ် စိတ်မရှည်ချင်တော့..။
"တစ်ကားလုံးနောက်ကျနေတာပဲ..အဲ့ဒီ့ ကောင်မလေး တစ်ယောက်တည်း မဟုတ္ဘူး..အခန်းထဲပြန်စောင့်လို့တောင်ရတယ်.."
"ဗ်ာ.."
"မင်း သူငယ်ချင်း ကောင်မလေးမလား..ငါ ကျောင်းသားဘဝတုန်းကလည်း ကိုယ်
သဘောကျတဲ့ သူငယ်ချင်း မေလး ကို အမြဲစောင့်ပြီး သူပါမွ ကျောင်းထဲအတူဝင်တာကွ..လူငယ်ဆိုတော့ ဒီလိုပဲပေါ့ကွာ.."
"ဗ်ာ.."
စစ် ဒုတိယံမ္မိ ဗ်ာ ရပြန်သည် ။ မူလတန်းကတည်းက မင်းဘုန်းမြတ်ပိုင် မပါလျှင် အတန်းထဲမဝင်ချင် ။မင်းဘုန်းမြတ်ပိုင် မရှိလျှင် မုန်ဈေးတန်းမသွားတတ် ။စာလုပ်လျှင်တောင် မင်းဘုန်းမြတ်ပိုင် နှင့်အတူလုပ်တတ်သည် ။ ယခုကြီးလာမှသာကိုယ့်အိမ်တွင်ကိုယ် guide နှင့် သင်ခြင်းပင် ။
ဒါတောင်မှ မင်းဘုန်းမြတ်ပိုင် နှင့် စာလုပ်လျှင် ရန်ဖြစ်လိုက် ၊စာကျက်လိုက်နှင့် အချိန်တွေကုန်လို့ကုန်မှန်းမသိ ဖြစ်တတ်သည် ။ 'မမြင်ချင်ဘူး ၊ မုန်းတယ် ၊ ထြက်သြား '
ဆိုတဲ့ စကားလုံးမျိုး ခဏခဏပြောတတ်သော်လည်း စိတ်ထဲမပါမှန်း စစ် ကိုယ်တိုင်နှင့် ကိုယ်စောင့်နတ် သာ သိလိမ့်မည် ။ ခဏခဏရန်ဖြစ်ခြင်းကပင် စစ် အတွက် နေ့ရက်များအား လျင်မြန်စွာ ကုန်လွန်စေခဲ့သည် ။သို့ရာတွင် စစ် လက်မခံ ။
"မိန်းကလေး မဟုတ္ဘူးဗျ."
"ဟေ....."
ဒီတစ်ခါ အံဩရသူမှာ ဦးလေးကြီးပင် ဖြစ်သည် ။ဦးလေးကြီး အား ပြောပြီးသည်နှင့် စကားကြောရှည်နေမည် စိုး၍ လမ်းမကြီးဘက်သို့ ပြေးသွားသည် ။ ထီးအား
ငြိမ်ငြိမ်မကိုင်ထားသဖြင့် အပေါ်ဝတ်အင်္ကျီသည် မိုးရေများ ရစရာ မရှိအောင် စိုရွှဲနေသည် ။ သူဧ။် ဆံပင်များသည်လည်း ခေါင်းလျှော်ထားသည့်အလားစိုရွှဲနေသည် ။ လွယ်အိတ်သည် ရေစိုနေသော်လည်း
ရေစိုခံလွယ်အိတ်ဖြစ်၍ စိတ္ပူစရာမလို ။
သစ္စာရိပ်အဆောင်အနီးသို့ ရောက်သောအခါထီးကြီးတကားကားနှင့် မိုးရေစိုရွှဲနေသော စစ်အားရှစ်တန်းကျောင်းသူများသည် ကွက်ကြည့် ကွက်ကြည့်ဖြင့် ကြည့်သွားကြသည် ။
သစ္စာရိပ်အဆောင်သို့ ကျော်လွန်လာလျှင် ကျောင်းအုပ်ဆရာမကြီး ဧ။် ရုံးခန်းအား တွေ့ရသည် ။ကျောင်းစအပ်သည့်အချိန် တွင်သာ ဆရာမကြီးနှင့် ဝင်တွေ့ဖူးသည် ။ တိုက်ရိုက်စကားပြောဖူးသည် ။ဆုတွေဘာတွေရလျှင် ဒုကျောင်းအုပ်ကသာ ဆုပေး၍တစ်ယောက်ချင်း ဂုဏ်ပြုစကားပြောသည် ။ကျောင်းစအပ်သည့်အချိန်က အဲယားကွန်းနှင့်အပြိုင်
စစ် ဧ။် ခြေလက်များ အေးစက်နေခဲ့သည်ကို ကောင်းကောင်း မှတ်မိနေသည် ။
ရုံးခန်းဧ။် ဘေးဘက် မလှမ်းမကမ်းတွင် 'ဓမ္မရိပ် ' ဟုခေါ်သော အလွန်ကျယ်ဝန်းသည့်
ဘုရားကျောင်းဆောင်ကြီးရှိ၏ ။ဝါဆိုသင်္ကန်းပွဲ ၊ သီတင်းကျွတ် ၊တန်ဆောင်တိုင် များတွင် ထို ကျောင်းဆောင်၌ ဘုန်းကြီးပင့်ကာ တရားနာကြသည် ။ နောက်အပတ်ကျလျှင် ဝါဆိုသင်္ကန်းပွဲရောက်တော့မည် ။
အဲ့ဒီ့ နေ့မတိုင်ခင် တစ်ရက်အလိုတွင် တစ်ကျောင်းလုံးဝေယျာဝစ္စ လုပ်ရသည်ဖြစ်ရာ သူနှင့် မင်းဘုန်းမြတ်ပိုင် သန်ရှင်းကိစ္စ ဖြင့် တကြတ်ကြတ်ဖြစ်ရဦးမည် ကို​တွေးလျက်
ကိုယ်တိုင် မသိလိုက်ခင် ပြုံးမိသွားသည် ။
ဘုရားကျောင်းဆောင်ပြီးလျှင် အနည်းငယ်လျှောက်သွားလိုက်မှသာ စစ်တို့ဧ။် ကံကော်ရိပ်အဆောင် ရောက်လာတော့သည် ။ကံကော်ရိပ်အဆောင်ပြီးလျှင် ကျောင်းစောင့် နှင့် ဝန်ထမ်းများဧ။် တန်းလျားဖြစ်သွားသည် ။ ထို တန်းလျားအား ကျော်လာလျှင် လမ်းဆုံနှစ်ခုအားတွေ့လိမ့်မည် ။ ယောကျာ်းလေး သန်စင်ခန်း နှင့် မိန်းကလေး သန့်စင်ခန်း ခွဲထားသော လမ်းပင် ။ သန့်စင်ခန်းများအားလည်း အဆောင်တစ်ခုအလား ဆောက်လုပ်ထားသဖြင့် မိုးဒဏ်လေဒဏ်မှ ကာကွယ်သည် ။ သို့ရာတွင် ထိုတန်းလျားတွင် သရဲခြောက်သည် ဟု ပြောသဖြင့် စစ် မသြားရဲပါ ။
အဲ့နားက လေဖြတ်နေတဲ့အဖွားကြီးသရဲရှိတယ်လို့ ပြောကြတယ်..အဲ့နားကို တစ်ယောက်တည်းဖြတ်ရင် အသံနဲ့ပြန်ခြောက်တယ်ဆိုလား....။
တွေးရင်းနှင့် ကြတ်သိမ်းဖြန်းခနဲ ထ သွားသောကြောင့်အတန်းတွင်းသို့ အမြန်ဝင်လိုက်ရသည် ။ မိုးကအေးအေး နှင့် အဲယားကွန်းကြိုဖွင့်ထားသော လူအား လေဖြတ်သေပါစေဟု စစ် မေတ္တာပို့လိုက်သည် ။
ထိုင်ခုံသို့ ရောက်သောအခါ အပေါ်ဝတ်အင်္ကျီအား ချွတ်၍ဖားဥ' စွဲမည်စိုး၍ အစွန်းနှစ်ဖက်အား လက်ဖြင့်ကိုင်ကာ လေထဲတွင် ခါ လိုက်သည် ။ ထိုအခါတွင် ဘေးရှိ ဖြတ်သွားသော မိန်းကလေးအား အဝတ်ဖြင့် ရိုက်မိသည် ။
"အမေလး... သေပါပြီ လက်ျာရယ်.."
"သေရင်လည်းသေပေါ့..လမ်းသွားရင် ကြည့်သွားပါလား .."
"မှားပါတယ် "
မိန်းကလေးသည် နှုတ်ခမ်းဆူကာ ပြစိပြစိ ရေရွတ်ရင်းထွက်သွားသည် ။ အင်္ကျီရှိရေများ အတော်အတန်စင် သွားသောအခါ
ဆံပင် ရှိရေများအား သုတ်ရန် ပြင်လိုက်သည် ။
ဆံပင်ရေစိုကြီး နှင့် အဲယားကွန်း ခန်းထဲ၌ နေလျှင်လေဖြတ်သွားမည်ကို စိုးရိမ်သည် ။ ထို့ကြောင့်လွယ်အိတ်အား ဖွင့်ကာ အမေထည့်ပေးလိုက်သောအမွှေးပွ မျက်နှာသုတ်ပဝါ အသေးစားလေးအား
လိုက်ရှာနေသည် ။ နေရာတကျ မထားမိသဖြင့် တော်တော်နှင့် ရှာမတွေ့ ။
မင်းဘုန်းမြတ်ပိုင် သာဆိုရင် ငါ့ကို ဆူမ်ားဆူမလား..ဆူပြီးရင်လည်း သူ့မှာပါတဲ့ မျက်နှာသုတ်ပဝါ ငါ့ကိုပေးမှာ...။ သူက တကယ် ငါ့အစ္ကို လုပ်လို့ရတာပဲ..။ ဟာ...မရပါဘူး.. အမေမွေးထားတော့လည်း တစ်ယောက်တည်း ။ အခုလည်း တစ်ယောက်တည်းနေရမှာပေါ့..ဒါပဲ စစ်လက်ျာ မတွေးနဲ့..။
လွယ်အိတ်ဇစ်အား အကုန်ဖွင့်ကာ စာအုပ္မ်ားအား ထိုးဖွသည် ။ အမေပြောတော့ ထည့်ပေးလိုက်တယ်တဲ့အခုတော့..။ စီစီရီရီ ထည့်ထားသော စာအုပ်များသည်
ယခုမူ ဇောက်တိဇောက်ထိုး ဖြစ်ကုန်သည် ။ ရှာလေ ပျောက်လေ ဟူသော စကားသည် စစ် အတွက် ထွင်ထားပုံရသည် ။
ထိုစဉ် သူဧ။် ခေါင်းပေါ်သို့တစ်စုံတစ်ယောက် Cap ဦးထုပ်အား လာဆောင်း သွားသည် ။
"ဘာလုပ္တာလဲ "
သူ ဦးထုပ်အား ဆွဲချွတ်လိုက်သောအခါ ဦးထုပ်ပေါ်တွင် Sit ဟု အနက်ရောင် စာလုံးဖြင့် ထိုးထားသော အဖြူရောင် ဦးထုတ်လေး ။ ထို ဦးထုပ်ဧ။် ပိုင်ရှင်မှာ တစ်ဦးတည်း ရှိသည် ။
"ပိုင်..ဘာလို့ နောက်ကျနေတာလဲ.."
ဟန်တောင် မဆောင်နိုင်ဘဲ စစ် အတင်းထမေးသည် ။စစ် ထက် နောက်ကျမှ ရောက်လာသော မင်းဘုန်းမြတ်ပိုင် သည် ရေမစိုနေပါ ။ စစ္ကသာ ရေထဲကျထားသော
ကြွက်စုတ်လို ဖြစ်နေခြင်းပင် ။
"Bus (2) က ဆီဝင်ဖြည့်နေလို့.."
"အော်..အော်..ကောင်းလိုက်တာ "
တကယ် ကောင်း၍ ကောင်းလိုက်တာ ဟု ပြောခြင်းမဟုတ်။ စိတ်တိုလွန်း၍ အဆီးအတားမဲ့ ထွက်ကျလာသော
စကားလုံးများအား ကြိုပိတ်ထားလိုက်ခြင်း ဖြစ်သည် ။ ထို ကိစ္စသည် စိတ်ဆိုးစရာ မဟုတ်သော်လည်း စစ်မှာအရမ်းစိတ်ဆိုးနေသည် ။
"စိတ်ဆိုးနေတာလား.."
ရယ်ချင်သည့် မျက်နှာပေးနှင့်မေးလာသည့် မင်းဘုန်းမြတ်ပိုင် ဧ။် မေးခွန်းအား မဖြေဘဲ လက်ထဲမှ ဦးထုပ်နှင့် မင်းဘုန်းမြတ်ပိုင် အား ပစ်ပေါက်လိုက်သည် ။မင်းဘုန်းမြတ်ပိုင် သည် စစ် ပစ်လိုက်သော ဦးထုပ်အား ရယ်ရင်း ဖမ်းလိုက်သည် ။
"ဒီ ဦးထုပ္ကို မှတ်မိလား..မင်းနဲ့ငါ ခြောက်တန်းတုန်းကလေ City Mark သွားတုန်းက ဝယ်ခဲ့တာလေ..ပြီးတော့ ငါ့အမေ
က ငါတို့နာမည်တွေကို ဦးထုပ်မှာ ထိုးပေးတယ်လေ..ပြီးတော့ ငါ့ ဦးထုပ် မင်းလုပ်လိုက်လို့ရေမြောင်းထဲကျသွားရော..အဲ့ဒီ့တော့ မင်း
အမေကမင်း ဦးထုပ် ကိုပြန်လျော်ခိုင်းရောမလား.."
(ဟမ်..ဒီဦးထုပ္ကို မှတ်မိသေးတယ်..??။)
အဲ့ဒီတုန်းက စစ် ဧ။် ဦးထုပ်အား သူ့အား မပေးချင်ပါ ။သို့ရာတွင် တစ်ခုခုဖြစ်တိုင်း သူက ဦးထုပ်ကိစ္စနှင့်ကိုင်ပေါက်နေသဖြင့် ထိုဦးထုပ်အား မင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာတည့်တည့် သို့ ပစ်ပေါက်၍ ပေးလိုက်သည် ။
(သူ အခုထိ ဒါကို မှတ်မိတယ်..ပြီးတော့ ဒါကို ဆောင်းတုန်းပဲလား..ဟောင်းနေတဲ့အပြင် ငါ့နာမည်ကြီးနဲ့ကို...။)
စိတ်ထဲတွင် အံဩသွားသော်လည်း အပြင်ပမ်းတွင်မူမည်သည့် စကားမျှပြန်မပြောမိ ။ အနည်းငယ် ပြုံးယောင်သမ်း သွားသော ပါးစပ်အား ပြန်စေ့ကာ မျက်နှာအား တည်ထားလိုက်သည် ။
"ငါ့ကို စိတ်ဆိုးနေတာလား "
"မင်းကိုဆိုးစရာမရှိပါဘူး..ငါ့ကိုယ်ငါ စိတ်ဆိုးတာ..မိုးအစိုခံပြီး အကြာကြီးစောင့်လို့
လေဖြတ်သွားရင်လည်း ငါ့ကိုကုမယ့်သူမရှိပါဘူး..အခုတောင် ငါ ဒီလောက် မိုးစိုနေတာကို တချို့လူတွေဖြင့် သိတောင်မသိဘူး.."
စိတ်ထဲရှိသည့် စကားလုံးများ အကုန်ထုတ်ပြောရ၍ ပေါ့သွားသော်လည်း မင်းဘုန်းမြတ်ပိုင် သည် သူ့အား အခုထိ မချော့သေး ။ ဒီ အရွယ်ကြီးမှ အချော့ခံချင်သည်ဟု ဆိုဆို မိုးအစိုခံပြီး စောင့်နေခဲ့သည့်သူက အချော့ခံရဖို့တော့ နည်းနည်း ထိုက်တန်သည်မလား ။ အနည်းဆုံးတော့ရရဲ့လား ဟူသော စကားကို ကြားရင်ပဲ အဆင်ပြေပါသည် ။
"ဘတ်.."
"ဘာလုပ္တာလဲ.."
မင်းဘုန်းမြတ်ပိုင် သည် ဦးထုတ်နှင့် စစ် ဧ။် မျက်နှာအား ပေါက်လိုက်သည် ။ စစ် ပေါက်ခဲ့တုန်းက အားလောက်တော့ မပြင်းထန် ။ သို့ရာတွင် စိတ်ဆိုးနေသည့်သူတစ်ယောက် အား ဦးထုပ်နှင့် ပစ်ပေါက်ရဲသည့် မင်းဘုန်းမြတ်ပိုင် အားစိတ်တိုနေသည့်ကြားမှ မေလးစားဘဲ မနေနိုင် ။
"အဲ့တုန်းက မင်းက ငါ့မျက်နှာကို ဒီလို ဦးထုပ်နဲ့ပေါက်ပြီး ပေးခဲ့တာနော်..ရုတ်တရက်သတိရလာလို့.."
"သတိရရင်လည်း မင်းကိုယ်မင်းပဲ ပြန်ပေါက်ပါလား...စိတ်တိုနေတဲ့လူကို ဒေါသထွက်အောင်လုပ်ရတာ ပျော်လား..."
စစ် ထိုင်နေရာမှ ထကာ မင်းဘုန်းမြတ်ပိုင် ဆီသို့ ခြေလှမ်းကျဲကြီးနှင့် လျှောက်သွားကာ လက်ထဲမှ ဦးထုပ်အား မင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာဘက်သို့ ပစ်ပေါက်သည် ။ သို့ရာတွင် မင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာသို့မရောက်ဘဲ အနောက်ဘက်ရှိ မော်နီတာ ဧ။်မျက်နှာအား သွားမှန်သည် ။ မော်နီတာ ဧ။် လေးထောင့်မျက်မှန်သည် မျက်နှာပေါ်မှ လျောကျမလို ဖြစ်သွားသည် ။
"လက်ျာရာ..မင်းဘုန်းကို မပစ်ချင်တာနဲ့ပဲ ငါ့ကို ပစ်ရလား.."
အမှန်တိုင်းပြောရလျှင် စစ် မင်းဘုန်းမြတ်ပိုင် အား မပစ်ချင်၍ အနောက်သို့ တမင်လွှဲပစ်လိုက်ခြင်းပင် ။ သို့ရာတွင် ကံမကောင်းအကြောင်းမလှသည့် မော်နီတာ ခမ်ာ မနက်စောစောစီးစီး ဦးထုပ္စာ စားလိုက်ရသည် ။
"ငါ လက်မတည့်လိုက်လို့ပါနော်..ဒီကောင့်ကို ငါ သေချာ ပစ္လိုက္တာပါ..ဒါမှမဟုတ် မင်းကိုက ကံဆိုးတာထင်တယ်.."
"ဟုတ်တယ်..ငါကိုက ကံဆိုးတာ..ကျွဲနှစ်ကောင်ခတ်တဲ့ကြားကို ဝင်မိလို့.."
မော်နီတာသည် စစ်တို့အား အော်ပြောရင်း ထွက်သွားသည်။
"ငါက မခတ်ပါဘူး..သူက တစ်ဖက်သတ်ကြီး လိုက်ကိုက်နေတာ.."
မင်းဘုန်းမြတ်ပိုင် ဧ။် စကားမှန်နေသဖြင့် စစ် ဘာမှမပြောလို။ ကျောင်းကားနောက်ကျသည့်ကိစ္စ၌မင်းဘုန်းမြတ်ပိုင် အမွားမဟုတ် သလို ၊ စိတ်တိုစရာကိစ္စလည်း မဟုတ်သော်လည်း စစ္ကေတာ့
'ရေတွေစိုနေပါလား..ဖြစ်ရဲ့လား' ဆိုသည့် စကားမျိုတော့ ကြားချင်မိရဲ့..။ သို့သော် ကြားရန်လည်း မလိုအပ် ။
"ဒါနဲ့ မင်း ငါ့ကို စောင့်နေတာလား..အပြင်ကြီးမှာလေ..မိုးထဲလေထဲမှာ သူများတွေပြေးလွှားနေတာ မင်းမို့လို့ တမင် မတ်တပ်ရပ်နေတယ်..မင်းခုနကပြောလိုက်သလို့
မင်း လေဖြတ်ရင် ဘယ်သူ့မှလာမကုပေးသလို ဒီလို ရပ်နေလို့လည်း ဘယ်သူမွ ကျေးဇူးမတင်ဘူး..ငတုံးလေးရဲ့.."
မင်းဘုန်းမြတ်ပိုင် သည် ဘယ်ကတည်းက ရောက်နေမှန်းမသိသော မျက်နှာသုတ်ပဝါ အသေးစားလေး တစ္ခုအား စစ်ဧ။် ခေါင်းပေါ်တွင် ဖြဖြေလး တင်ပေးလိုက်သည် ။
မင်းဘုန်းမြတ်ပိုင် ဧ။် အသံသည် မာထန္မနေသလို ၊နူးညံ့မနေပါ ။ မိခင်က သားသမီး အား ဆိုဆုံးမသောလေသံ နှင့်ပင် တူနေသေးသည် ။ စစ် ကိုယ်တိုင်ရှာမတွေ့သော မျက်နှာသုတ်ပဝါအား မင်းဘုန်းမြတ်ပိုင် သည် ဗေဒင်မေးလာသည့်အတိုင်း
ဒက် ခနဲ မှန်အောင်ပြောနိုင်သည် ။
"မင်း မျက်နှာသုတ်ပဝါက အရှေ့အိတ်ထဲမလား..တော်ပါ ရှာမနေနဲ့..အမှန်ဆို မင်းအမေ မင်းကို ပစ္စည်းတွေ ၊ မုန့်တွေ ထည့်ပေးမယ့်အစား လိုအပ်နေတဲ့ သူ တစ်ယောက်ယောက်ကို ပေးလိုက်တာမှ ပိုအသုံးဝင်ဦးမယ်.."
မင်းဘုန်းမြတ်ပိုင် ဧ။် စကားများသည် နားဝင်ဆိုးသော်လည်း မှန်နေသည် ။ သို့ရာတွင်..
" တစ်ခြားလူကိုပေးတာက အသုံးဝင်တယ်ဆိုတော့ ငါက ဘာဖြစ်နေလို့လဲ.. "
"မင်းက ငါ့ဆီကပဲ သုံးနေတာလေ..''
"ရတယ်..မသုံးတော့ဘူး.."
ဆံပင်အား သုတ္လက္စ မျက်နှာသုတ်ပဝါအားမင်းဘုန်းမြတ်ပိုင် ဘက်သို့ ပစ်ပေးရန် ဟန်ပြင်လိုက်စဉ်..
"ရပါတယ်..စိတ်ကြိုက်သုံးပါဗျာ..တော်ကြာ
အဲယားကွန်းထဲ ရေစိုကြီးနဲ့ လေဖြတ်နေဦးမယ်.."
"တော်စမ်း..နိမိတ်မရှိတာ..မင်းသာ အရင်လေဖြတ်စမ်းပါ.."
စစ် ပါးစပ်မှ ဒေါသထွက်ဟန်ဖြင့် အော်ပြောလိုက်သော်လည်း စစ်ဧ။် ဒေါသများ လုံးဝမရှိတော့ ။ မင်းဘုန်းမြတ်ပိုင် သည် စစ် အား မေခ်ာ့ခဲ့ပါ။
ချော့ခဲ့သည်လား...မေခ်ာ့ခဲ့ဖူးလား...။
သို့ရာတွင် စစ်ဧ။် ဒေါသများ ပြေလွင့်သွားပြီဖြစ်၍ချော့ခြင်း ၊ မချော့ခြင်းသည် အရေးမပါတော့... ။
Diana_Lin
To Be Continube
Continue Reading
You'll Also Like
11.3K 1.2K 16
အမှတ်တမဲ့ ခလုတ်တိုက်မိလိုက်တဲ့ အဝါရောင်ပျော်ရွှင်ခြင်းတွေ..... ခပ်ဝေးဝေးမှာ သွားရှာစရာမလိုပါဘူး တခါတလေတော့လည်း ချစ်ခြင်းမေတ္တာဆိုတာ ကျွန်တော်တို့ရဲ့လ...
17.4K 1K 30
အိမ်မက်တွေကို ဖန်ဆင်းပေးတဲ့ ညကောင်းကင်ပြာပြာနဲ့ ကြယ်လေးတွေကပြောတယ် ထိုလူသားကိုဆက်ဆွဲထားပါတဲ့... ကျွန်တော်မျက်ရည် တွေကိုသိတဲ့ ခေါင်းအုံးလေးကပြောတယ် ထ...
16.8M 649K 64
Bitmiş nefesi, biraz kırılgan sesi, Mavilikleri buz tutmuş, Elleri nasırlı, Gözleri gözlerime kenetli; "İyi ki girdin hayatıma." Diyor. Ellerim eller...
254K 20.7K 36
Skylar pledged her life to protect her homeland, but she didn't expect that she would have to resort to marrying the king's brother and using her wit...