Quick Transmigration; He like...
By HtetHtet981
16.6K 2.5K 169
The story is not mine. It's just a translation. Credit to the original author and English translator. Cred... More
Description
Chapter 1(part 1)
Chapter 1(part 2)
Chapter 2(part 1)
Chapter 2(part 2)
Chapter 3(Part 2)
Chapter 4(Part 1)
Chapter 4(Part 2)
Chapter 5(part 1)
Chapter 5(part 2)
Chapter 6(part 1)
Woo~~🥺
Chapter 3(Part 1)
762 198 7
By HtetHtet981
Chapter 3(Part 1)
"သူခန္ဓာကိုယ်ထဲမှ အဂါင်္နှစ်မျိုးရှိတယ်။အမျိုးသားအဂါင်္နဲ့ အမျိုးသမီးအဂါင်္(maybeသားအိမ်)ပေါ့။ပုံမှန်ဆိုရင် လူ့ခန္ဓာကိုယ်ထဲမှာ အဂါင်္တစ်မျိုးပဲရှိပြီး သက်ဆိုင်တဲ့genderပေါ်လိုက်ပြီး စွမ်းဆောင်ရည်တွေကို ဖော်ပြပေးတာပါ"
.......................
Unicode
Chapter 3(Part 1)
Yang Yan တစ်ယောက် မယုံကြည်နိုင်လို့ ဘယ်လောက်တောင်ရှော့ရနေသလဲဆိုတာ အသာထား သူ၏သူငယ်ချင်းဖြစ်သူ Xie Chengzhou တောင်မှ စိတ်ကူးယဉ်လိုလို အိပ်မက်လိုလိုဖြစ်နေသည်။Xie Chengzhou ကတံခါးမှဝင်လာပြီး Yang Yan ၏ဘေးတွင်လာရပ်သည်။သူ၏မျက်လုံးတွေက အကျႌပြန်ဝတ်နေသည့် Xu Ze နှင့်မဝေးသည့်နေရာမှ  Ultrasound ပေါ်မှ ဓာတ်ပုံအပေါ် အကြိမ်ပေါင်းများစွာ သွားလိုက်လာလိုက်ဖြစ်နေသည်။
Xu Ze မှလွဲ၍ အခန်းအတွင်း၌ လူအချို့မှာ ခနတာတိတ်ဆိတ်နေ၏။သူတို့အားအုံး လိုက်မမှီနိုင်တော့သည့် အခြေအနေကြောင့် အံ့ဩထိတ်လန့်နေပုံပေါ်သည်။နှုတ်ခမ်းထောင့်လေးကွေးသွားခြင်းနှင့်အတူ Xie Chengzhou ကဟာသလုပ်ပြီးမေးသည်။
"ဒါက ဗိုက်ထဲမှ တစ်ခုခုရှိနေလို့ မင်းမသောက်နိုင်ပါဘူးဆိုတဲ့အကြောင်း အရင်းပေါ့"
"မင်းလိမ်ညာဖို့အတွက် ဒေါက်တာနဲ့ ပူးပေါင်းကြံစည်ထားတာတော့ မဟုတ်ပါဘူးနော်"
ဒီကိစ္စက ပုံမန်လူတစ်ယောက် သိမြင်နိုင်သည့်အခွင့်အလှမ်းထက်ကျော်လွန်လို့နေသည်။အဓိကအချက်ကတော့ လူတစ်ယောက်က ကိုယ်ဝန်ရှိနေပြီး ထိုသူကယောကျာ်းတစ်ယောက်ဖြစ်တယ်ဆိုတာ မမြင်နိုင်သည်အထိ Xie Chengzhou ၏မျက်လုံးတွေက မဆိုးရွားသေးပေ။မင်းပြောစမ်းပါ ဘယ်လိုလုပ် ယောကျာ်းတစ်ယောက်က မိန်ကလေးတွေလိုမျိုး ကိုယ်ဝန်ဆောင်နိုင်မှာလဲ?အပေါ်ယံကြည့်ရင်တော့ Xu Ze ကတကယ်ပဲ ယောကျာ်းတစ်ယောက်နဲ့မတူဘူး။အမှန်တော့ သူကမိန်းကလေးတစ်ယောက်ဖြစ်ပြီး ယောကျာ်းလေးဟန်ဆောင်ထားတာများလား?ဒါဆိုရင်တော့ သူသရုပ်ဆောင်စွမ်းရည်က တကယ်ကြီး ကောင်းတာပဲ။
Xie Chengzhou ကသူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပြီး မျက်နှာတစ်ခုလုံးမှုန်မှိုင်းနေသည့် သူငယ်ချင်းဖြစ်သူ Yang Yan ကိုကြည့်လိုက်သည်။Xu Ze ရဲ့စကားအရ သူYang Yan နဲ့အိပ်ခဲ့တယ်ဆိုတော့ သူမိန်းမလား ယောကျာ်းလားဆိုတာ Yang Yan ကအသိဆုံးဖြစ်မှာပဲ။Xie Chengzhou ၏လက်က Yang Yan ကိုပုတ်လိုက်ပြီး အားကျနေသည့်အသံနှင့်ပြောသည်။
"Yang Yan မင်းတကယ့်ကို အံ့ဩစရာကောင်းတာပဲ။ယောကျာ်းတစ်ယောက်ကိုတောင် ကိုယ်ဝန်ရအောင်လုပ်နိုင်တယ်"
"ငါမှတ်မိတာ မမှားဘူးဆိုရင် မကြာသေးခင်က မင်းတို့ကျောင်းက ပန်းပွင့်လေးကလည်း  မင်းအတွက်ကိုယ်ဝန်ဆောင်ပေးခဲ့တယ် မဟုတ်လား?ဒါပေမယ့် ဖျက်ချဖို့မင်းက ဆေးရုံကိုပို့လိုက်တယ်။ဒီတစ်ခေါက်ရော မင်းဘယ်လို ကိုင်တွယ်မှာလဲ?"
ယောကျာ်းတစ်ယောက် ကိုယ်ဝန်ဆောင်တယ်ဆိုတာ မယုံကြည်နိုင်စရာကောင်းတယ်ဆိုပေမယ့်လည်း ဒါက အမှန်တရားပဲ။တကယ်လို့ပြဿနာရှိနေတယ်ဆိုရင်လည်း ပြဿနာကိုဖြေရှင်းကြတာပေါ့။ဘယ်လိုလုပ်ပြီး ယောကျာ်းတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်တာလဲ။ကြားရတာ နဲနဲတော့ တစ်မူထူးခြားတယ်။သူ့သူငယ်ချင်းအကြောင်းကို သိရသလောက် Yang Yan ကကလေးပျိုးထောင်ဖို့ကို  စိတ်မဝင်စားပေ။ဘာကလေးလဲ?ဟာသလုပ်လို့ဝပြီလား ?
Xie Chengzhou ကခေါင်းလှည့်ပြီး  Xu Ze ကိုကြည့်လိုက်သည်။သူအစတုန်းကတော့ ဒီညကို Xu Ze နဲ့အတူအိပ်ချင်ခဲ့သည်။ သူက လူရွေးပြီး ဂျေးများလွန်းသူဖြစ်သည်။Xu Ze ကိရွေးချယ်ရသည့် အကြောင်းအရင်းက သူ၏ပုံပန်းသွင်ပြင်လေးက အလွန့်ကိုထူးခြားလှပလွန်းတာကြောင့် ဖြစ်သည်။သူဆီမှာ ချောမွေ့သေးသွယ်တဲ့ခါးလေးရှိပြီး ရှည်လျားဖြောင့်တန်းသည့် ခြေတံတွေကလည်း လူတွေ၏အကြည့်ကို ဖမ်းစားနိုင်လွန်းသည်။လူကို ယားယံစေသည်။ဒါကြောင့် Xu Zeက  Yang Yan နှင့်အတူရှိပြီး အတူအိပ်ပြီးပြီ။သူ့စံချိန်နဲ့ မကိုက်ညီတော့ဘူးဆိုတာကို သိတာတောင်မှ Xie Chengzhou အမှတ်ရနေမိသေးတာ ဖြစ်သည်။
လူတွေအိပ်မပျော်ဘဲနဲ့တောင် မယုံနိုင်စရာကိစ္စတွေဖြစ်လာလိမ့်မယ်လို့ သူမမျှော်လင့်ထားမိပေ။ကြည့်ရတာ လတ်တလောတော့ သူXu Ze နှင့်အိပ်နိုင်တော့မည့်ပုံမပေါ်ပေ။ဒါပေမယ့် Xu Ze ၏ကိုယ်ဝန်က သူနဲ့အတူအိပ်ရမှာထက် Xie Chengzhou ကိုပိုပြီး စိတ်ဝင်စားစေသည်။Yang Yan ကအချိန်အတော်ကြာသည်အထိ စကားတစ်လုံးမှမပြောဘဲ Xu Ze ကို Ultrasound စစ်ဆေးမှုလုပ်ပေးသည့် ဆရာဝန်ကိုသာ စိုက်ကြည့်နေသည်။အသက်၂၂နှစ်သာရှိသေးသည့် Yang Yan ကဆရာဝန်ထက်အများကြီးပိုငယ်သော်လည်း တိတ်တိတ်လေးရပ်နေသည့် သူ့ပုံရိပ်ကသန်မာသော  ခြိမ်းခြောက်နိုင်သည့် အငွေ့အသက်ကို ထုတ်လွတ်ပေးနေသည်။Yang Yan က ဘာမှမမေးသော်လည်း ဆရာဝန်က သူ၏ကျဆင်းနေသော လေထုဖိအားမှတစ်ဆင့် သူမေးမြန်းချင်နေသည်ကို သိနေသည်။
ဒါက Yang Yan ဒီဆေးရုံကိုလာသည့် ပထမဆုံးအကြိမ်ဖြစ်သော်လည်း Xie Chengzhou နှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိကြောင်းကိုကြည့်ပြီး Yang Yan ၏အဆင့်အတန်းက မနိမ့်ပါးကြောင်း သူသိနိုင်သည်။ဆရာဝန်က သက်ပြင်းတိုးတိုးချလိုက်ရင်း ရှင်းပြသည်။
"သူခန္ဓာကိုယ်ထဲမှ အဂါၤနှစ်မျိုးရှိတယ်။အမျိုးသားအဂါၤနဲ့ အမျိုးသမီးအဂါၤ(maybeသားအိမ်)ပေါ့။ပုံမှန်ဆိုရင် လူ့ခန္ဓာကိုယ်ထဲမှာ အဂါၤတစ်မျိုးပဲရှိပြီး သက်ဆိုင်တဲ့genderပေါ်လိုက်ပြီး စွမ်းဆောင်ရည်တွေကို ဖော်ပြပေးတာပါ"
"ဒါပေမယ့် ဒီလိုဖြစ်ရပ်မျိုးမရှိနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။တကယ်လို့ သံသယဝင်နေသေးတယ်ဆိုရင် မင်းတို့အင်တာနက်ပေါ်မှာ ရှာနိုင်ပါတယ်။ဒီလိုမျိုး ဆင်တူတဲ့ အဂါၤနှစ်မျိုးပါတဲ့လူတွေရဲ့ ဖြစ်စဉ်ကို ဖော်ပြထားတဲ့ သတင်းတွေရှိမှာပါ"
ဆရာဝန်က သူ့နဖူးပေါ်ကချေးအေးတွေကို သုတ်ပစ်ချင်နေတဲ့ဆန္ဒကို အတင်းချုပ်တီးနေရသည်။သူရှင်းပြပြီးနောက် Yang Yan ၏မျက်လုံးတွေထဲက ခက်ထန်မှုတွေ အနည်းငယ်လျော့သွားပုံပေါ်တာကြောင့် အသက်ကို ဖြည်းဖြည်းချင်းရှူထုတ်လိုက်သည်။
"Ultrasound ကိုကြည့်ရင် လူနာရဲ့အဂါၤနှစ်ခုလုံးက ဖွံ့ဖြိုးပြီးအနေအထားကိုရောက်နေပြီဆိုတာ မြင်နိုင်မှာပါ။အမျိုးသမီးအဂါၤဖြစ်တဲ့ သားအိမ်က ကျွန်တော်မြင်ဖူးနေကျ အမျိုးသမီးတွေရဲ့သားအိမ်နဲ့  ကွာခြားမှုမရှိပါဘူး။သားအိမ်ထဲမှာရှိတဲ့ သန္ဓေသားလောင်းက ပုံမှန်ကြီးထွားနေပါတယ်"
🍑:《ဒီမှာဒေါက်တာက embryoလို့ပြောလိုက်တာ fetus လို့မပြောဘဲ။ဆယ်တန်းတုန်းက သင်ဖူးတယ်လေကွာ chapter 10မှာလားပဲ။မြန်မာလိုကျ အတိအကျဘယ်လိုပြောရလဲမမှတ်မိတော့လို့ သန္ဓေသားလောင်းနဲ့ ကလေးဆိုပြီးသုံးထားတာ》
ဆရာဝန်က ဒီမှာ ဘာကြောင့်ကလေးလို့မပြောလိုက်လဲဆိုတော့  ဤအဆင့်၌ ကလေးကသေချာမဖွံ့ဖြိုးသေးတာကြောင့် သန္ဓေသားလောင်းဟု သုံးနှုန်းလိုက်တာဖြစ်သည်။ဒီအကြိမ်မှာတော့ Yang Yan ၏နှုတ်ခမ်းပါးတွေက ပွင့်လာခဲ့သည်။သူ့အသံက နက်နဲနေပြီး မျက်နှာက အေးစက်နေတာမှ မျက်တောင်ပေါ်၌ နှင်းတွေရှိနေသလိုတောင်ထင်ရသည်။
"ခင်ဗျားပြောတာ အမှန်တွေလား?"
ဆရာဝန်က အချက်လက်ကျကျရှင်းပြထားတာတောင်မှ Yang Yan ကသံသယဝင်နေဆဲဖြစ်သည်။အဓိက အချက်က သူ့အသက်ကိန်းဂဏန်းနှစ်ခုစာ အတွေ့အကြုံရှိနေပြီဖြစ်သော်လည်း ယောကျာ်းတစ်ယောက် ကိုယ်ဝန်ဆောင်နိုင်တာကိုတော့ ဘယ်တုန်းကမှ မကြားဖူးခဲ့ပေ။ရုတ်တရက်ကြီး Xu Ze ကသူ့ကလေးလွယ်ထားရတယ်ပြောတာကို သံသယမဝင်ဘူးဆိုတာကမှ ထူးဆန်းနေဦးမည်။ဆရာဝန်က Yang Yan ၏ သံသယကိုကောင်းစွာ နားလည်သည်။
"တကယ်လို့ ကျွန်တော့်ကို မယုံကြည်ဘူးဆိုရင် အခြားဆေးရုံကိုပြောင်းပြီး စစ်ဆေးမှုလုပ်နိုင်ပါတယ်။ကျွန်တော်ထင်တာတော့ ဒီကစစ်ဆေးမှုရလဒ်နဲ့ အများကြီးကွာမှာတော့ မဟုတ်ပါဘူး"
Yang Yan ကသူ့ဘေးမှာရပ်နေသည့် Xie Chengzhou ကိုလှည့်ကြည့်လိုက်သည်။ဒါက Xu Ze Xie နဲ့ Chengzhou ၏လက်ချက်ဟု တွေးမိလုနီးပါပင်။ပြီးတော့ ဒီဆေးရုံက Xie Chengzhou တို့ မိသားစုပိုင်မဟုတ်ပါလား။ဒါပေမယ့် ultrasound ဓာတ်ပုံတောင် ရှိနေပြီဆိုမှတော့ အတုမဖြစ်နိုင်ပေ။ဘာကြောင့်လဲဆိုတော့ သူ့ကလေးလွယ်ပေးခဲ့တယ်ဆိုသည့် မိန်းမကြောင့် Yang Yan ကဆေးရုံကိုရောက်ဖူးတာကြောင့် ultrasound ဓာတ်ပုံကို သိလေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမဗိုက်ထဲက ကလေးကသူ့ကလေးမဟုတ်ကြောင်း Yang Yan စုံစမ်းနိုင်ခဲ့သည်။သူနဲ့အတူရှိနေစဉ်အတွင်း သူမက အခြားသူနှင့်လူးလိမ့်ခဲ့ပြီး ကလေးကိုသူ့ခေါင်းပေါ်ပုံချချင်တယ်။(respectပါအမရေ )
သူက ရလဒ်ကိုသူမကိုပစ်ပေးခဲ့ပြီးနောက် ထိုယောကျာ်းကသူမငွေတွေကို လိမ်ပြေးသွားပြီး ဆက်သွယ်လို့မရကြောင်း၊သူအခုဘယ်နေရာတွင် ပုန်းနေလဲဆိုတာ မသိကြောင်း သူ့ရှေ့တွင်ဒူးထောက်ကာ ဘောင်းဘီစကိုဆွဲလို့ ငိုယိုတောင်းပန်ခဲ့သည်။သူမလတ်တလေက မွဲတေနေတာကြောင့် တက္ကသိုလ်မှချေးငွေယူခဲ့သည်။သူမက မျက်ရည်တွေနဲ့ငိုယိုပြီး သူမနှင့်အတူအိပ်ခဲ့တာကိုထောက်ပြီး ကူညီပေးရန် Yang Yan ကိုအကူညီတောင်းခဲ့သည်။သူမက ပိုက်ဆံပြန်မဆပ်နိုင်တာကြောင့် သူမကိုယ်သူမရောင်းစားရန်သာ တတ်နိုင်တော့သည်။
Yang Yan မှာ အချစ်လေးများစွာရှိသော်လည်း သူကအာလုံးကို သဘောထားကြီးစွာ ဆက်ဆံသည်။တစ်ဖက်လူက သူနဲ့အတူရှိနေသ၍ သူကသဘောထားကြီးပေးနေမှာဖြစ်သည်။
ဒီစွဲမက်ဖွယ်ကောင်းသည့်အမျိုးသမီက ဒီလိုလှောင်ရယ်ဖွယ် အခြေအနေထိလုပ်သွားတာကိုကြည့်ပြီး သူစာနာသနားမှုကိုခံစားနေရသည်။ဒီအမျိုးသမီးက သူ့ကိုဦးထုပ်စိမ်းဆောင်းပေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း  ဘယ်သူမှဒီအကြောင်းမသိပေ။အပြစ်တင်မယ်ဆိုရင်လည်း အိပ်ခဲ့သည့်သူကိုယ်သူသာ အပြစ်တင်နိုင်တော့သည်။အခုတော့ သူလှည့်စားခံခဲ့ရပြီး အဆုံးသတ်က အလွန်စိတ်ပျက်စရာကောင်းလှသည်။နောက်ဆုံးမှာတော့ Yang Yan ကကောင်းမှုပြုသည့်အနေဖြင့် ထိုအမျိုးသမီးကိုဆေးရုံပို့ပေးခဲ့ပြီး အကြွေးတွေကိုလည်း ကူညီပြီးဆပ်ပေးခဲ့သည်။《အော် သူတော်ကောင်းကြီးဖြစ်နေတာကို🙂》
ပေးချေပေးခဲ့တာအတွက် သူမက သူသူမအပေါ်ခံစားချက်တွေကျန်နေသေးတယ်လို့ အထင်လွဲခဲ့တာကြောင့် သူမကိုပေးကမ်းပြီး သူ့ရှေ့ထပ်မပေါ်လာဖို့ တိုက်ရိုက်လုပ်ဆောင်ခဲ့သည်။အခု Xu Ze ကရုတ်တရက်ထွက်ပေါ်လာပြီး သူ့ကလေးလွယ်ထားရကြောင်းပြောတော့ သူ့ကိုအသုံးချခဲ့သည့်ထိုအမျိုးသမီးကိုပဲ စဉ်းစားမိသွားသည်။Yang Yan ၏မျက်လုံးတွေက ဓားသွားကဲ့သို့ ထက်ရှနေပြီး Xu Ze ကိုစိုက်ကြည့်ကာ သူလိမ်ညာနေကြောင်းကို ရှာဖွေနေသည်။Xu Ze ကတည်တည်ငြိမ်ငြိမ်ပဲ Yang Yan ၏မျက်လုံးတွေကို ပြန်ကြည့်ခဲ့သည်။
သူတို့နှစ်ယောက် လမ်းခွဲပြီးပြီတာအချိန်တစ်ခုကြာပြီဖြစ်သောလည်း Yang Yan က Xu Ze ၏အကျင့်စရိုက်ကိုပြန်စဉ်းစားလိုက်သည်။ဒီလူက အရမ်းရှက်တတ်ပြီး သူကိုယ်ပိုင်အိပ်ယာထဲမှာတောင် မထုတ်လွတ်ရဲပေ။သူအဲ့တာကိုမာအောင်လုပ်တိုင်း လှောင်ရယ်မိသည်။Xu Ze ကသူ့ကိုဖောက်ပြန်ရဲသည့်သတ္တိရှိမယ်လို့တော့ သူမထင်ပေ။ဒါကြောင့် ယူဆရရင် ဒီကလေးက တကယ်ပဲ သူ့ကလေးဖြစ်ပြီး  Xu Zeကသူ့ဆီက ခွဲစိတ်မှုစရိတ်တစ်ဝက်တောင်းတာကို သူလက်ခံပေးလို့ရသည်။
Continue Reading
You'll Also Like
795K 25.8K 58
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
121K 15.6K 97
ဝမ်မိသားစု၏ ကလေးသတို့သမီးလောင်းဖြစ်သည့် ဆုဝန်သည် ခိုအီငါးလေး(koi )ဖြစ်သည်။ ဆုဝန်က ဝမ်မိသားစုသို့ ဝင်ရောက်ပြီးနောက် ခင်ပွန်းလောင်း ဝမ်လော့ရှန်းသည် ရွှ...
1.5M 32.6K 71
အချစ်တွေကင်းမဲ့ပြီးမှောင်မိုက်နေတဲ့ကိုယ့်ဘဝလေးကို အလင်းရောင်ပေးခဲ့တဲ့ခလေးက ကိုယ့်ရဲ့မီးပြတိုက်လေးပါကွာခလေးရယ်။ ဥဿာခမ်းထည်🖤💜 နိုးနိုးလွန်းငယ်