ကြၽန္းတံခါးႀကီး႐ွိရာဆီသို႔လူ
တစ္ေယာက္ခ်ဥ္းကပ္လာေနသည္..။
ထိုလူကတံခါးႀကီးရဲ႕ေ႐ွ႕သို႔အေရာက္
မွာေတာ့ ပတ္ဝန္းက်င္ကိုအကဲခတ္
သည္....။
ဘယ္သူမွမ႐ွိတာေသခ်ာမွ...
တံခါးႀကီးကိုအသာတြန္းဖြင့္လို႔ဝင္
သြားေတာ့သည္...။
Mr ရဲ႕အခန္းထဲသို႔ထယ္ဂြၽန္း
ေျခသံလံုလံုျဖင့္ဝင္ေရာက္လာႏိုင္
ခဲ့ၿပီ....။
ခုေန႔ Mr ကိုယ္တိုင္သြားရမည့္
ခရီးတစ္ခု႐ွိေန၍...ညာလက္ရံုး
ျဖစ္တဲ့ ဆယ္ဟြန္း နဲ႔အတူတ႐ုတ္ကို
သြားခဲ့ၾကၿပီျဖစ္သည္....။
ဖန္သီးမီးဆိုင္းႀကီးရဲ႕အလင္းေရာင္
အကူအညီျဖင့္ ဝါက်င္က်င္နဲ႔
ထည္ဝါ ခမ္းနား ေနေသာ Mr
ရဲ႕ကြၽန္းသားအတိအခန္းႀကီးက..
ဒီေန႔မွာေတာ့..သူ႔ကိုေလွာင္ေန
သေယာင္....။
ဒီေနရာႀကီး ၾကာၾကာမတည္ျမဲႏိုင္ေ
ေတာ့ပါဘူး....။
Mr ရဲ႕အခန္းတြင္းမွာ...လံုျခံဳေရး
ကင္မရာေတြကေထာင့္တိုင္းမွာ႐ွိ
ေနေပမယ့္...စိတ္ပူေနစရာမလို
ေတာ့...။
သူထိန္းခ်ဳပ္ခန္းထဲကေနၿပီး...
လံုျခံဳေရးကင္မရာေတြကို ပံုမွန္
အေျခအေနအတိုင္းျဖစ္ေနေအာင္
ရပ္ခဲ့သည္....။
Mr ရဲ႕စားပြဲဆီကိုသူခ်ဥ္းကပ္သြား
ကာ စားပြဲေပၚကပိတ္လ်က္သား
႐ွိေနတဲ့ လက္ေတာ့ပ္ကိုဖြင့္လိုက္
သည္....။
လက္ေတာ့ပ္ပြင့္ ပြင့္ခ်င္းမွာပဲ..
စကားဝွက္႐ိုက္ထည့္ရမည့္ေနရာ
ေပၚလာသည္....။
ဒီအတြက္ကေတာ့...သူမတိုင္ခင္
ကတည္းကဒီအခန္းထဲမွာလ်ွိဳ႕ဝွက္
ကင္မရာတပ္ထားခဲ့သျဖင့္
သိထားၿပီးျဖစ္ေသာ စကားဝွက္
ကိုျမန္ျမန္ဆန္ဆန္ပဲ႐ိုက္ထည့္လိုက္
သည္...။
စကားဝွက္ေျဖၿပီးသြားေတာ့....
Mr ရဲ႕လ်ွိဳ႕ဝွက္ဖိုင္ေတြထဲကို...
လြယ္ကူစြာပဲဝင္ႏိုင္ခဲ့သည္...။
လ်ိွဳ႕ဝွက္ဖိုင္ေတြထဲေရာက္ၿပီဆိုတာ
နဲ႔..ဂိုဏ္းရဲ႕အသက္ေသြးေၾကာေတြ
ျဖစ္တဲ့အေရးႀကီးအခ်က္အလက္ေတြ
ကအစီအရီက်လာ၏....။
သူျပံဳးလိုက္သည္....။
အသင့္ယူလာနဲ႔ခဲဖ်က္တံုးသာသာ
႐ွိေသာယူအက္စ္ဘီကိုလက္ေတာ့ပ္
ႏွင့္ခ်ိတ္ဆက္လိုက္ကာ...
ထိုအေရးႀကီးဖိုင္မ်ားကိုကူးယူလိုက္
သည္....။
ၿပီးစီးသြားေသာ္...ေနာက္ထပ္
ယူအက္စ္ဘီတစ္ခုျဖင့္...ထပ္ကူးယူ
သည္....။
အားလံုးၿပီးစီးသြားေတာ့မွ...
လက္ေတာ့ပ္ကိုျပန္ပိတ္ေပးကာ
နဂိုအတိုင္းေနရာမပ်က္ျပန္ထားေပး
လိုက္သည္....။
သူကူးယူထားေသာ ယူအက္စ္ဘီ
ႏွစ္ခုလံုးကိုအိတ္ကပ္ထဲေသေသ
ခ်ာခ်ာထည့္ကာ ထိုအခန္းထဲကေန
ဂြၽန္ေဟာ့ ထြက္လာလိုက္သည္...။
ဒီေလာကထဲကိုမလာခ်င္တဲ့သူ႔ကို
အတင္းဆြဲေခၚခဲ့တဲ့ Mr ကိုသူ
ဘယ္တုန္းကမွအခဲမေၾကခဲ့ဘူး...။
ေနာက္ၿပီး ညီေလးအေပၚမွာလည္း
အျပစ္႐ွိတဲ့စိတ္ႀကီးနဲ႔ဆက္မေနခ်င္
ေတာ့ဘူး....။
အဟက္....Mr ဆိုတဲ့လူႀကီးကေတာ့
သူ႔ကိုဒီေလာကထဲဆြဲသြင္းခဲ့တာ
အမွားႀကီးမွားတာပဲ....။
ဟား.....ဟား....ဟား....။
°°°••°°°••°°°••°°°••°°°••°°°••
တ႐ုတ္ကေနျပန္ေရာက္လာၿပီျဖစ္
၍...ဟိုမွာလြမ္းခဲ့ရသမ်ွကို
အတိုးခ်၍ အလြမ္းေျဖရန္
သူ႔သည္းေလးဆီကိုဖုန္းေခၚလိုက္
သည္...။
"ေျပာေလ...ဟြန္း.."
"လြမ္းတယ္..."
"အာ....ဟြန္းကေတာ့ေနာ္....
အျမဲလြမ္းေနတာပဲ..."
"ဘယ္လိုလုပ္ရမွာလဲ...သည္းရယ္..
ကိုယ္တကယ္ပဲလြမ္းေနတာကို..."
"အင္းပါ...အင္းပါ...ခရီးကေန
ေကာင္းေကာင္းျပန္ေရာက္ရဲ႕လား.."
"အင္း....သည္းေလးေပးပို႔တဲ့
ဆုေတာင္းေမတၱာနဲ႔ေလ..."
"အီးယား....သည္းရဲ႕ခ်စ္သူက
စကားေတြတအားတတ္ေနတာပါ
လား..."
"..ဒီလိုပါပဲ...သည္းေလး
နဲ႔စကားေျပာရတါအဆင္ေျပေအာင္...
ကိုယ္စာအုပ္ေတြႀကိဳးႀကိဳးစားစား
ဖတ္ထားတာေလ...အဟဲ..."
"ႀကိဳးစားထားတာေပါ့ေလ..."
"အြန္း....အဲဒီအတြက္သည္းက
ကိုယ့္ကိုဆုမခ်ခ်င္ဘူးလား..."
"ေျပာပါဦး....သည္းကဘာဆုခ်
ရမွာလဲ..."
"အနမ္း..."
"ဟုတ္ပါၿပီ...သည္းရဲ႕ေကာင္ေလး
ကိုသည္းကဆုခ်ရမွာေပါ့.....
ေ႐ွ႕တိုးခဲ့..."
သည္းရဲ႕စကားကိုလိုက္နာကာ...
ဆယ္ဟြန္း သူ႔ရဲ႕ႏႈတ္ခမ္းကိုဖုန္း
စခရင္နဲ႔အနီးဆံုးထိတိုးထား
လိုက္သည္....။
"ႁပြတ္စ္..."
"ဘယ္လိုလဲ....ေက်နပ္ၿပီလား.."
"အင္း...ကိုယ္ခရီးမွာပင္ပန္းလာသမွ်
အားေတြေတာင္ ျပန္ျပည့္သြားသလို
ပဲ..."
"ဟား...ဟား..ဟြန္းကေတာ့
အပိုစကားတအားေျပာတာပဲ...."
"အပိုစကားမဟုတ္ပါဘူးေနာ္....
ကိုယ္တကယ္ေျပာေနတာ..."
"ဟား....ဟား..ဟုတ္ပါၿပီ.."
"ေဒါက္တာဂင္....ေဒါက္တာဂင္!!
ဒီကိုလာပါဦး....အေရးေပၚလူနာ
ေရာက္လာလို႔..."
"ဟြန္းေရ...ဒါပဲေနာ္..
သည္းကိုေခၚေနၿပီ...ခ်စ္တယ္ေနာ္...
ႁပြတ္စ္..."
"အင္း..အင္း..ကိုယ္လည္း
ခ်စ္တယ္...ႁပြတ္စ္...."
အေလာတႀကီးဖုန္းခ်သြားေသာ
သည္းကအလုပ္မ်ားေနပံုပါပဲ..။
ေနာက္မ်ား အျပင္မွာေတြ႔ၾကရင္
အပန္းေျဖဖို႔ခရီးေလးတစ္ေခါက္
ေလာက္ေခၚသြားရမယ္လို႔ေတြးရင္း..
သူျပံဳးလိုက္သည္...။
အခ်ိန္တစ္ခုေရာက္ရင္ေတာ့...သူနဲ႔
သည္းရဲ႕အခ်စ္လမ္းေလးက
ေျဖာင္္ျဖဴးလာမွာပါေလ...။
°°°••°°°••°°°••°°°••°°°••°°°••
ခရီးကျပန္ေရာက္လာၿပီး...အနားယူ
ၿပီးၿပီျဖစ္၍..Mr သူ႔ရဲ႕ရံုးခန္းသို႔
ေရာက္လာသည္....။
သူ႔ရဲ႕ ထည္ဝါလွတဲ့ကြၽန္းထိုင္ခံုႀကီး
ေပၚထိုင္လိုက္ၿပီးသည့္ေနာက္...
တစ္ခုခုလႊဲမွားေနသည္ဟုသူ
ခံစားရသည္....။
ဘာလို႔ ပစၥည္းေတြကေနရာတက်
႐ွိမေနရတာလဲ...။
သူထားခဲ့တဲ့အတိုင္းမဟုတ္ဘဲ
ေျခရာလက္ရာပ်က္ေနတယ္...။
Mr လက္ေတာ့ပ္ကိုလွမ္းၾကည့္လိုက္
ေတာ့ တစ္ခုခုမွားေနၿပီဆိုတာ
ပိုေသခ်ာသြားသည္...။
Mr အျမန္ပဲလက္ေတာ့ပ္ကိုဖြင့္
ၾကည့္လိုက္ခ်ိန္...သူ႔ရဲ႕လ်ိႈ့ဝွက္
အခ်က္အလက္ေတြမွာတစ္ခုခု
လႊဲေနသည္ကိုေတြ႔သည္...။
သူေခါင္းနပမ္းႀကီးသြားသည္...။
ဘယ္လိုျဖစ္တာလဲ...။
Mr အနားကအထိုင္ဖုန္းတစ္လံုး
ရဲ႕ခလုတ္ကိုႏွိပ္ကာ....
"ထယ္ဂြၽန္း....မင္းလာခဲ့ဦး..."
သူထယ္ဂြၽန္းကိုသာေခၚလိုက္သည္..။
ဆယ္ဟြန္း ကခုခ်ိန္မွာစိတ္ခ်လက္ခ်
ယံုၾကည္ရတဲ့အေျခအေနမဟုတ္
ေတာ့ဒီလို ကိစၥႀကီးမ်ိဳးမွာဆယ္ဟြန္း
ကိုေခၚလိုက္လို႔မျဖစ္ဘူး..။
"ကြၽန္ေတာ္ေရာက္ပါၿပီ..Mr..."
"ငါတို႔ဂိုဏ္းရဲ႕အခ်က္အလက္ေတြ
အခိုးခံရတယ္ထင္တယ္....
မင္း..လံုျခံဳေရး..ကင္မရာေတြကို
သြားစစ္ၾကည့္စမ္း..."
"ဟုတ္ကဲ့...ကြၽန္ေတာ္သြားၾကည့္
လိုက္ပါ့မယ္..."
ထယ္ဂြၽန္း ထြက္သြားသည့္ေနာက္..
Mr လက္ႏွစ္ဖက္ျဖင့္မ်က္ႏွာကို
ၾကမ္းတမ္းစြာပြတ္သတ္လိုက္သည္..။
ဂိုဏ္းကဒီေလာက္အဆင္ေျပၿပီး..
အေျခက်ေနမွကြာ....။
ဘယ္ေကာင္ကလာၿပီး...ေတာက္!..။
ခနအၾကာ.....
ထယ္ဂြၽန္း ျပန္ေရာက္လာသည္...။
"ကြၽန္ေတာ္ေသခ်ာစစ္ၾကည့္လာ
ပါတယ္...Mr....လံုျခံဳေရးကင္မရာ
ေတြက...အရပ္ခံထားရပါတယ္..."
"ဘာ!!.."
ေသခ်ာၿပီ...။
ဒါတစ္ေယာက္ေယာက္ သူ႔အခန္း
ထဲခိုးဝင္ၿပီးအခ်က္အလက္ေတြခိုး
ယူသြားၿပီ...။
"Mr ကြၽန္ေတာ္တစ္ခုေျပာပါရေစ.."
"ေျပာ.."
"ခုနက Mr အနားယူေနတုန္း...
ဒီအခန္းထဲကေန ဆယ္ဟြန္း ထြက္
လာတာကိုကြၽန္ေတာ္ျမင္လိုက္
တယ္.."
"ဘာ!!.."
ေနာက္ဆံုးေတာ့ဒီေကာင္ပဲလား...။
ေတာက္!!!...
ေကြၽးေမြးခဲ့တဲ့သူ႔ေက်းဇူးကိုမွ
မေထာက္...။
ဒါ...ဟိုေဒါက္တာဆိုတဲ့ေကာင္ေလး
ေၾကာင့္ျဖစ္ရမယ္...။
ဆယ္ဟြန္း ကအခ်စ္ႏြံထဲနစ္ေနၿပီပဲ။
"Mr..."
အေတြးမ်ားေနတဲ့ Mr ကသူ႔ေခၚသံ
ေၾကာင့္ဘာလဲဆိုသည့္သေဘာျဖင့္
ေမးဆတ္ျပသည္....။
"ဆယ္ဟြန္း....အခု ဒီမွာမ႐ွိပါဘူး...
ၿမိဳ႕ထဲထြက္သြားပါတယ္....
ၾကည့္ရတာ သူရဲစခန္းကိုသြားမယ့္
ပံုပဲ...."
"ဘာ...!!...ဟာကြာ...
ဒီေကာင္..ေတာ္ေတာ္ရဲတင္းေန
ပါလား...သူအခုေလာက္ဆို
မေရာက္ေလာက္ေသးဘူး....
ငါတို႔လိုက္သြားမွျဖစ္မယ္.."
°°°••°°°••°°°••°°°••°°°••°°°••
ဟန္ျမစ္ရဲ႕အစြန္တစ္ေနရာကို
ဆယ္ဟြန္းေရာက္ေနျခင္းျဖစ္သည္..။
ဒီေနရာက ၿမိဳ႕ျပင္နည္းနည္းက်ေတာ့
အိမ္ေျခသိပ္မမ်ား....။
လူေျခလည္းတိတ္သည္...။
သည္းနဲ႔သူ႔ရဲ႕ေ႐ွ႕ေရးအတြက္
သူေခါင္းေအးေအးထားကာစဥ္းစား
ခ်င္တာေၾကာင့္ ဒီေနရာကိုေရာက္ေန
ရျခင္း....။
အရင္ဆံုးသူဂိုဏ္းကေန႐ုန္းထြက္ဖို႔
စီစဥ္ရမယ္....။
အဲဒါကပထမဆံုးေျခလွမ္းပဲ....။
အဲဒီဟာကိုအေကာင္အထည္မေဖာ္
ႏိုင္ေသးသေရြ႕က်န္တာဘယ္လိုမွ
ေ႐ွ႕ဆက္လို႔မရဘူး... ။
ဒါေပမယ့္...အဲဒီပထမေျခလွမ္းကို
လွမ္းဖို႔ ေတာ္ေတာ္ႀကီးခက္ခဲေန
တယ္...။
သူအၾကံအိုက္ေနတာၾကာၿပီ...။
နည္းလမ္းေပါင္းစံုစဥ္းစားလဲ
အဆင္မေျပတာေတြခ်ည္းပဲ....။
စိတ္ညစ္ညစ္နဲ႔ ေဆးလိပ္ယူဖို႔
အိတ္ကပ္ထဲႏိႈက္လိုက္ေတာ့....
တစ္ခုခုကိုစမ္းမိလိုက္သည္...။
ယူၾကည့္လိုက္ေတာ့ ယူအက္စ္ဘီ
တစ္ခု...။
ဘယ္သူ႔ဟာလဲ..။
ဘယ္လိုျဖစ္လို႔သူ႔ဆီေရာက္ေနရတာ
လဲ....။
"သစၥာေဖာက္ေကာင္!!!..."
ေနာက္နားကထြက္လာတဲ့အသံက်ယ္
ႀကီးေၾကာင့္...သူလွည့္ၾကည့္လိုက္
သည္....။
ကားအနက္ႏွစ္စီးေပၚကေနအသီးသီး
ဆင္းလာၾကတဲ့ Mr..ရယ္..ထယ္ဂြၽန္း
ရယ္...ဂိုဏ္းသားတခိ်ဳ႕ရယ္....။
Mr အခ်က္ျပလိုက္ေတာ့..
ဂိုဏ္းသားတစ္ေယာက္ကသူ႔အနား
ေရာက္လာကာ..လက္ထဲက
ယူအက္စ္ဘီကိုယူသြားသည္....။
"ဒီမွာပါ...Mr.."
"ထယ္ဂြၽန္း ...အဲဒါမွန္လားဆိုတာ
စစ္ၾကည့္စမ္း..."
ထယ္ဂြၽန္းကထိုဂိုဏ္းသားဆီက
ယူအက္စ္ဘီကိုလက္လြဲယူကာ
လက္ေတာ့ပ္တစ္ခုႏွင့္ခ်ိတ္ဆက္
ၿပီးေနာက္ သူ႔လက္ေခ်ာင္းေတြ
စတင္အလုပ္လုပ္သည္....။
ခနအၾကာ....
"မွန္ပါတယ္...Mr... "
ခုနကအထိထယ္ဂြၽန္းဆီပဲ
ေရာက္ေနတဲ့ Mr ရဲ႕အျကည့္က
ဆယ္ဟြန္းဆီေရာက္လာကာ....
"အဟား......မင္းလိုလက္ေတာက္
ေလာက္ကငါ့အခ်က္အလက္ေတြကို
ခိုးယူတယ္ေပါ့ေလ....ဟား..ဟား..."
ဆယ္ဟြန္း...ဘာမွနားမလည္ေတာ့..။
ဘာလဲ....သူကဘာအခ်က္အလက္
ကိုခိုးလို႔လဲ....။
ေနာက္ၿပီး...အဲဒီယူအက္စ္ဘီက
ဘယ္ကေနဘယ္လို...သူ႔ဆီမွာ
ေရာက္ေနရတာလဲ..။
သူအငိုက္မိေနခ်ိန္..ဂိုုဏ္းသားတစ္
ေယာက္ကသူ႔ဒူးေခါင္းေနရာကို
အေနာက္ကေနကန္လိုက္တာေၾကာင့္
ေျမျပင္ေပၚဒူးေထာက္က်သြားသည္..။
Mr ကအနားေရာက္လာကာ
သူ႔မ်က္ႏွာကိုဆြဲေမာ့ၿပီး...
"မင္းလား...ငါ့ေနာက္ေက်ာဓားနဲ႔
ထိုးတာ....အဟား..ရယ္ရတယ္...
ထြီ!!..."
"Mr ေျပာေနတာေတြကြၽန္ေတာ္
တစ္ခုမွမသိပါဘူး...
ကြၽန္ေတာ္လုပ္လည္းမလုပ္ခဲ့ဘူး.."
"ဟား...အိုဆယ္ဟြန္း.....ဒီေလာက္
ႀကီးသက္ေသေတြခိုင္မာေနတာ
ေတာင္မင္းကေျဗာင္လိမ္ခ်င္ေသး
တာလား...ဟမ္. !!.ေျပာစမ္းပါ...
မင္းကိုဖမ္းဖို႔အတြက္..ဒီသက္ေသ
ေတြကမလံုေလာက္ေသးဘူးလား..
ေနပါဦး...မင္းအခုရဲစခန္းကိုသြား
မလို႔လုပ္ေနတာမဟုတ္လား..ဟမ္!!"
ဟုတ္တယ္...။
သူ႔ဆီမွာ႐ွိေနတဲ့သက္ေသေတြနဲ႔
အခုအေနအထားအရဆိုရင္
သူ႔ကိုသစၥာေဖာက္တစ္ေယာက္လို႔
စြပ္စြဲဖို႔လံုေလာက္ေနၿပီ...။
ဒါေပမယ့္....ဒါေတြဘယ္က
ဘယ္လိုေရာက္လာလဲ သူမသိဘူး..။
ဆယ္ဟြန္းအေတြးမ်ားေနခိုက္..
ထယ္ဂြၽန္း Mr အနားကပ္သြားကာ..
"Mr....ဆယ္ဟြန္းကMr အတြက္
ဘယ္ေလာက္ပဲအားကိုးရတဲ့သူ
ျဖစ္ခဲ့ပါေစ...ဒီအေနအထားအထိ
ဆိုရင္ေတာ့..ဆယ္ဟြန္းကိုအ႐ွင္
မထားသင့္ေတာ့ဘူး...Mr.."
ထိုသို႔ေျပာေတာ့..Mr ရဲ႕မ်က္ဝန္း
ေတြကေလးနက္သြားကာ
ေသေသခ်ာခ်ာ စဥ္းစားသံုးသပ္
ေနပံုပင္...။
ခနအၾကာ...
"အင္း.....ဂိုဏ္းမွာဆယ္ဟြန္းလိုလူ
႐ွိေနရင္..ေနာက္ထပ္ဘယ္လို
ျပႆနာေတြထပ္ျဖစ္ဦးမလဲမသိႏိုင္
ဘူး....ေကာင္းၿပီ...သူ႔ကိုမင္း႐ွင္း
လိုက္...."
"ဟုတ္ကဲ့ပါ...Mr.."
ထယ္ဂြၽန္း ဆယ္ဟြန္းအနားကို
တိုးကပ္သြားကာ အိတ္ကပ္ထဲ
ေဆာင္ထားေလ့႐ွိတဲ့ဓားေျမႇာင္ကို
ထုတ္လိုက္သည္...။
အနီးဆံုးအေနအထားကိုေရာက္တဲ့
အခ်ိန္ဆယ္ဟြန္းကေခါင္းငံု႔ေနရာ
ကေနေမာ့လာသည္...။
လက္ထဲကဓားေျမႇာင္နဲ႔အတူသူ႔ကို
ျမင္ေတာ့...ဆယ္ဟြန္းကအံ့ျသတဲ့
မ်က္ဝန္းမ်ားနဲ႔ၾကည့္၏....။
ဓားေျမႇာင္ကိုက်စ္က်စ္ပါေအာင္
ဆုပ္ကိုင္ကာ ဆယ္ဟြန္း...ကို
အားျပင္းျပင္းထိုးခ်လိုက္သည္...။
နာက်င္မႈဒဏ္ေၾကာင့္မ်က္ႏွာပ်က္သြား
တဲ့ဆယ္ဟြန္းကိုသူေနာက္တစ္ခ်က္
ထပ္ထိုးလိုက္သည္....။
ပါးစပ္ကေနပါေသြးေတြစီးက်လာတဲ့
ဆယ္ဟြန္းကေျမျပင္ေပၚလဲက်သြား
၏....။
ထို႔ေနာက္...ဆယ္ဟြန္းရဲ႕မ်က္ခြံ
ကတေျဖးေျဖးေမွးစင္းကာပိတ္က်
သြားသည္....။
"သူ႔ကိုေရထဲေမ်ာလိုက္.."
ထယ္ဂြၽန္းရဲ႕စကားသံအဆံုးဂိုဏ္းသား
ႏွစ္ေယာက္ကဆယ္ဟြန္းကိုယ္ကို
သယ္ကာဟန္ျမစ္ထဲပစ္ခ်လိုက္
ျကသည္....။
ဆယ္ဟြန္းရဲ႕ခႏၶာကိုယ္ဟာေရစီးနဲ႔
အတူ ေမ်ွာပါသြားသည္ကို Mr
မ်က္စိတစ္ဆံုးၾကည့္ၿပီးေနာက္...
အလ်ိႈလွ်ိဳကားေပၚတက္သြားၾက
ကာထိုေနရာကထြက္သြားၾက
၏.....။
ဆယ္ဟြန္းရဲ႕ခႏၶာကိုယ္ကေတာ့
ဟန္ျမစ္ရဲ႕ေရစီးအတိုင္းေမ်ာပါရင္း....
ေမ်ာပါရင္း.....။
Tbc°°°°°°
ကျွန်းတံခါးကြီးရှိရာဆီသို့လူ
တစ်ယောက်ချဉ်းကပ်လာနေသည်..။
ထိုလူကတံခါးကြီးရဲ့ရှေ့သို့အရောက်
မှာတော့ ပတ်ဝန်းကျင်ကိုအကဲခတ်
သည်....။
ဘယ်သူမှမရှိတာသေချာမှ...
တံခါးကြီးကိုအသာတွန်းဖွင့်လို့ဝင်
သွားတော့သည်...။
Mr ရဲ့အခန်းထဲသို့ထယ်ဂျွန်း
ခြေသံလုံလုံဖြင့်ဝင်ရောက်လာနိုင်
ခဲ့ပြီ....။
ခုနေ့ Mr ကိုယ်တိုင်သွားရမည့်
ခရီးတစ်ခုရှိနေ၍...ညာလက်ရုံး
ဖြစ်တဲ့ ဆယ်ဟွန်း နဲ့အတူတရုတ်ကို
သွားခဲ့ကြပြီဖြစ်သည်....။
ဖန်သီးမီးဆိုင်းကြီးရဲ့အလင်းရောင်
အကူအညီဖြင့် ဝါကျင်ကျင်နဲ့
ထည်ဝါ ခမ်းနား နေသော Mr
ရဲ့ကျွန်းသားအတိအခန်းကြီးက..
ဒီနေ့မှာတော့..သူ့ကိုလှောင်နေ
သယောင်....။
ဒီနေရာကြီး ကြာကြာမတည်မြဲနိုင်ေ
တော့ပါဘူး....။
Mr ရဲ့အခန်းတွင်းမှာ...လုံခြုံရေး
ကင်မရာတွေကထောင့်တိုင်းမှာရှိ
နေပေမယ့်...စိတ်ပူနေစရာမလို
တော့...။
သူထိန်းချုပ်ခန်းထဲကနေပြီး...
လုံခြုံရေးကင်မရာတွေကို ပုံမှန်
အခြေအနေအတိုင်းဖြစ်နေအောင်
ရပ်ခဲ့သည်....။
Mr ရဲ့စားပွဲဆီကိုသူချဉ်းကပ်သွား
ကာ စားပွဲပေါ်ကပိတ်လျက်သား
ရှိနေတဲ့ လက်တော့ပ်ကိုဖွင့်လိုက်
သည်....။
လက်တော့ပ်ပွင့် ပွင့်ချင်းမှာပဲ..
စကားဝှက်ရိုက်ထည့်ရမည့်နေရာ
ပေါ်လာသည်....။
ဒီအတွက်ကတော့...သူမတိုင်ခင်
ကတည်းကဒီအခန်းထဲမှာလျှို့ဝှက်
ကင်မရာတပ်ထားခဲ့သဖြင့်
သိထားပြီးဖြစ်သော စကားဝှက်
ကိုမြန်မြန်ဆန်ဆန်ပဲရိုက်ထည့်လိုက်
သည်...။
စကားဝှက်ဖြေပြီးသွားတော့....
Mr ရဲ့လျှို့ဝှက်ဖိုင်တွေထဲကို...
လွယ်ကူစွာပဲဝင်နိုင်ခဲ့သည်...။
လျှို့ဝှက်ဖိုင်တွေထဲရောက်ပြီဆိုတာ
နဲ့..ဂိုဏ်းရဲ့အသက်သွေးကြောတွေ
ဖြစ်တဲ့အရေးကြီးအချက်အလက်တွေ
ကအစီအရီကျလာ၏....။
သူပြုံးလိုက်သည်....။
အသင့်ယူလာနဲ့ခဲဖျက်တုံးသာသာ
ရှိသောယူအက်စ်ဘီကိုလက်တော့ပ်
နှင့်ချိတ်ဆက်လိုက်ကာ...
ထိုအရေးကြီးဖိုင်များကိုကူးယူလိုက်
သည်....။
ပြီးစီးသွားသော်...နောက်ထပ်
ယူအက်စ်ဘီတစ်ခုဖြင့်...ထပ်ကူးယူ
သည်....။
အားလုံးပြီးစီးသွားတော့မှ...
လက်တော့ပ်ကိုပြန်ပိတ်ပေးကာ
နဂိုအတိုင်းနေရာမပျက်ပြန်ထားပေး
လိုက်သည်....။
သူကူးယူထားသော ယူအက်စ်ဘီ
နှစ်ခုလုံးကိုအိတ်ကပ်ထဲသေသေ
ချာချာထည့်ကာ ထိုအခန်းထဲကနေ
ဂျွန်ဟော့ ထွက်လာလိုက်သည်...။
ဒီလောကထဲကိုမလာချင်တဲ့သူ့ကို
အတင်းဆွဲခေါ်ခဲ့တဲ့ Mr ကိုသူ
ဘယ်တုန်းကမှအခဲမကြေခဲ့ဘူး...။
နောက်ပြီး ညီလေးအပေါ်မှာလည်း
အပြစ်ရှိတဲ့စိတ်ကြီးနဲ့ဆက်မနေချင်
တော့ဘူး....။
အဟက်....Mr ဆိုတဲ့လူကြီးကတော့
သူ့ကိုဒီလောကထဲဆွဲသွင်းခဲ့တာ
အမှားကြီးမှားတာပဲ....။
ဟား.....ဟား....ဟား....။
°°°••°°°••°°°••°°°••°°°••°°°••
တရုတ်ကနေပြန်ရောက်လာပြီဖြစ်
၍...ဟိုမှာလွမ်းခဲ့ရသမျှကို
အတိုးချ၍ အလွမ်းဖြေရန်
သူ့သည်းလေးဆီကိုဖုန်းခေါ်လိုက်
သည်...။
"ပြောလေ...ဟွန်း.."
"လွမ်းတယ်..."
"အာ....ဟွန်းကတော့နော်....
အမြဲလွမ်းနေတာပဲ..."
"ဘယ်လိုလုပ်ရမှာလဲ...သည်းရယ်..
ကိုယ်တကယ်ပဲလွမ်းနေတာကို..."
"အင်းပါ...အင်းပါ...ခရီးကနေ
ကောင်းကောင်းပြန်ရောက်ရဲ့လား.."
"အင်း....သည်းလေးပေးပို့တဲ့
ဆုတောင်းမေတ္တာနဲ့လေ..."
"အီးယား....သည်းရဲ့ချစ်သူက
စကားတွေတအားတတ်နေတာပါ
လား..."
"..ဒီလိုပါပဲ...သည်းလေး
နဲ့စကားပြောရတါအဆင်ပြေအောင်...
ကိုယ်စာအုပ်တွေကြိုးကြိုးစားစား
ဖတ်ထားတာလေ...အဟဲ..."
"ကြိုးစားထားတာပေါ့လေ..."
"အွန်း....အဲဒီအတွက်သည်းက
ကိုယ့်ကိုဆုမချချင်ဘူးလား..."
"ပြောပါဦး....သည်းကဘာဆုချ
ရမှာလဲ..."
"အနမ်း..."
"ဟုတ်ပါပြီ...သည်းရဲ့ကောင်လေး
ကိုသည်းကဆုချရမှာပေါ့.....
ရှေ့တိုးခဲ့..."
သည်းရဲ့စကားကိုလိုက်နာကာ...
ဆယ်ဟွန်း သူ့ရဲ့နှုတ်ခမ်းကိုဖုန်း
စခရင်နဲ့အနီးဆုံးထိတိုးထား
လိုက်သည်....။
"ပြွတ်စ်..."
"ဘယ်လိုလဲ....ကျေနပ်ပြီလား.."
"အင်း...ကိုယ်ခရီးမှာပင်ပန်းလာသမျှ
အားတွေတောင် ပြန်ပြည့်သွားသလို
ပဲ..."
"ဟား...ဟား..ဟွန်းကတော့
အပိုစကားတအားပြောတာပဲ...."
"အပိုစကားမဟုတ်ပါဘူးနော်....
ကိုယ်တကယ်ပြောနေတာ..."
"ဟား....ဟား..ဟုတ်ပါပြီ.."
"ဒေါက်တာဂင်....ဒေါက်တာဂင်!!
ဒီကိုလာပါဦး....အရေးပေါ်လူနာ
ရောက်လာလို့..."
"ဟွန်းရေ...ဒါပဲနော်..
သည်းကိုခေါ်နေပြီ...ချစ်တယ်နော်...
ပြွတ်စ်..."
"အင်း..အင်း..ကိုယ်လည်း
ချစ်တယ်...ပြွတ်စ်...."
အလောတကြီးဖုန်းချသွားသော
သည်းကအလုပ်များနေပုံပါပဲ..။
နောက်များ အပြင်မှာတွေ့ကြရင်
အပန်းဖြေဖို့ခရီးလေးတစ်ခေါက်
လောက်ခေါ်သွားရမယ်လို့တွေးရင်း..
သူပြုံးလိုက်သည်...။
အချိန်တစ်ခုရောက်ရင်တော့...သူနဲ့
သည်းရဲ့အချစ်လမ်းလေးက
ဖြောင််ဖြူးလာမှာပါလေ...။
°°°••°°°••°°°••°°°••°°°••°°°••
ခရီးကပြန်ရောက်လာပြီး...အနားယူ
ပြီးပြီဖြစ်၍..Mr သူ့ရဲ့ရုံးခန်းသို့
ရောက်လာသည်....။
သူ့ရဲ့ ထည်ဝါလှတဲ့ကျွန်းထိုင်ခုံကြီး
ပေါ်ထိုင်လိုက်ပြီးသည့်နောက်...
တစ်ခုခုလွှဲမှားနေသည်ဟုသူ
ခံစားရသည်....။
ဘာလို့ ပစ္စည်းတွေကနေရာတကျ
ရှိမနေရတာလဲ...။
သူထားခဲ့တဲ့အတိုင်းမဟုတ်ဘဲ
ခြေရာလက်ရာပျက်နေတယ်...။
Mr လက်တော့ပ်ကိုလှမ်းကြည့်လိုက်
တော့ တစ်ခုခုမှားနေပြီဆိုတာ
ပိုသေချာသွားသည်...။
Mr အမြန်ပဲလက်တော့ပ်ကိုဖွင့်
ကြည့်လိုက်ချိန်...သူ့ရဲ့လျှို့ဝှက်
အချက်အလက်တွေမှာတစ်ခုခု
လွှဲနေသည်ကိုတွေ့သည်...။
သူခေါင်းနပမ်းကြီးသွားသည်...။
ဘယ်လိုဖြစ်တာလဲ...။
Mr အနားကအထိုင်ဖုန်းတစ်လုံး
ရဲ့ခလုတ်ကိုနှိပ်ကာ....
"ထယ်ဂျွန်း....မင်းလာခဲ့ဦး..."
သူထယ်ဂျွန်းကိုသာခေါ်လိုက်သည်..။
ဆယ်ဟွန်း ကခုချိန်မှာစိတ်ချလက်ချ
ယုံကြည်ရတဲ့အခြေအနေမဟုတ်
တော့ဒီလို ကိစ္စကြီးမျိုးမှာဆယ်ဟွန်း
ကိုခေါ်လိုက်လို့မဖြစ်ဘူး..။
"ကျွန်တော်ရောက်ပါပြီ..Mr..."
"ငါတို့ဂိုဏ်းရဲ့အချက်အလက်တွေ
အခိုးခံရတယ်ထင်တယ်....
မင်း..လုံခြုံရေး..ကင်မရာတွေကို
သွားစစ်ကြည့်စမ်း..."
"ဟုတ်ကဲ့...ကျွန်တော်သွားကြည့်
လိုက်ပါ့မယ်..."
ထယ်ဂျွန်း ထွက်သွားသည့်နောက်..
Mr လက်နှစ်ဖက်ဖြင့်မျက်နှာကို
ကြမ်းတမ်းစွာပွတ်သတ်လိုက်သည်..။
ဂိုဏ်းကဒီလောက်အဆင်ပြေပြီး..
အခြေကျနေမှကွာ....။
ဘယ်ကောင်ကလာပြီး...တောက်!..။
ခနအကြာ.....
ထယ်ဂျွန်း ပြန်ရောက်လာသည်...။
"ကျွန်တော်သေချာစစ်ကြည့်လာ
ပါတယ်...Mr....လုံခြုံရေးကင်မရာ
တွေက...အရပ်ခံထားရပါတယ်..."
"ဘာ!!.."
သေချာပြီ...။
ဒါတစ်ယောက်ယောက် သူ့အခန်း
ထဲခိုးဝင်ပြီးအချက်အလက်တွေခိုး
ယူသွားပြီ...။
"Mr ကျွန်တော်တစ်ခုပြောပါရစေ.."
"ပြော.."
"ခုနက Mr အနားယူနေတုန်း...
ဒီအခန်းထဲကနေ ဆယ်ဟွန်း ထွက်
လာတာကိုကျွန်တော်မြင်လိုက်
တယ်.."
"ဘာ!!.."
နောက်ဆုံးတော့ဒီကောင်ပဲလား...။
တောက်!!!...
ကျွေးမွေးခဲ့တဲ့သူ့ကျေးဇူးကိုမှ
မထောက်...။
ဒါ...ဟိုဒေါက်တာဆိုတဲ့ကောင်လေး
ကြောင့်ဖြစ်ရမယ်...။
ဆယ်ဟွန်း ကအချစ်နွံထဲနစ်နေပြီပဲ။
"Mr..."
အတွေးများနေတဲ့ Mr ကသူ့ခေါ်သံ
ကြောင့်ဘာလဲဆိုသည့်သဘောဖြင့်
မေးဆတ်ပြသည်....။
"ဆယ်ဟွန်း....အခု ဒီမှာမရှိပါဘူး...
မြို့ထဲထွက်သွားပါတယ်....
ကြည့်ရတာ သူရဲစခန်းကိုသွားမယ့်
ပုံပဲ...."
"ဘာ...!!...ဟာကွာ...
ဒီကောင်..တော်တော်ရဲတင်းနေ
ပါလား...သူအခုလောက်ဆို
မရောက်လောက်သေးဘူး....
ငါတို့လိုက်သွားမှဖြစ်မယ်.."
°°°••°°°••°°°••°°°••°°°••°°°••
ဟန်မြစ်ရဲ့အစွန်တစ်နေရာကို
ဆယ်ဟွန်းရောက်နေခြင်းဖြစ်သည်..။
ဒီနေရာက မြို့ပြင်နည်းနည်းကျတော့
အိမ်ခြေသိပ်မများ....။
လူခြေလည်းတိတ်သည်...။
သည်းနဲ့သူ့ရဲ့ရှေ့ရေးအတွက်
သူခေါင်းအေးအေးထားကာစဉ်းစား
ချင်တာကြောင့် ဒီနေရာကိုရောက်နေ
ရခြင်း....။
အရင်ဆုံးသူဂိုဏ်းကနေရုန်းထွက်ဖို့
စီစဉ်ရမယ်....။
အဲဒါကပထမဆုံးခြေလှမ်းပဲ....။
အဲဒီဟာကိုအကောင်အထည်မဖော်
နိုင်သေးသရွေ့ကျန်တာဘယ်လိုမှ
ရှေ့ဆက်လို့မရဘူး... ။
ဒါပေမယ့်...အဲဒီပထမခြေလှမ်းကို
လှမ်းဖို့ တော်တော်ကြီးခက်ခဲနေ
တယ်...။
သူအကြံအိုက်နေတာကြာပြီ...။
နည်းလမ်းပေါင်းစုံစဉ်းစားလဲ
အဆင်မပြေတာတွေချည်းပဲ....။
စိတ်ညစ်ညစ်နဲ့ ဆေးလိပ်ယူဖို့
အိတ်ကပ်ထဲနှိုက်လိုက်တော့....
တစ်ခုခုကိုစမ်းမိလိုက်သည်...။
ယူကြည့်လိုက်တော့ ယူအက်စ်ဘီ
တစ်ခု...။
ဘယ်သူ့ဟာလဲ..။
ဘယ်လိုဖြစ်လို့သူ့ဆီရောက်နေရတာ
လဲ....။
"သစ္စာဖောက်ကောင်!!!..."
နောက်နားကထွက်လာတဲ့အသံကျယ်
ကြီးကြောင့်...သူလှည့်ကြည့်လိုက်
သည်....။
ကားအနက်နှစ်စီးပေါ်ကနေအသီးသီး
ဆင်းလာကြတဲ့ Mr..ရယ်..ထယ်ဂျွန်း
ရယ်...ဂိုဏ်းသားတခိျု့ရယ်....။
Mr အချက်ပြလိုက်တော့..
ဂိုဏ်းသားတစ်ယောက်ကသူ့အနား
ရောက်လာကာ..လက်ထဲက
ယူအက်စ်ဘီကိုယူသွားသည်....။
"ဒီမှာပါ...Mr.."
"ထယ်ဂျွန်း ...အဲဒါမှန်လားဆိုတာ
စစ်ကြည့်စမ်း..."
ထယ်ဂျွန်းကထိုဂိုဏ်းသားဆီက
ယူအက်စ်ဘီကိုလက်လွဲယူကာ
လက်တော့ပ်တစ်ခုနှင့်ချိတ်ဆက်
ပြီးနောက် သူ့လက်ချောင်းတွေ
စတင်အလုပ်လုပ်သည်....။
ခနအကြာ....
"မှန်ပါတယ်...Mr... "
ခုနကအထိထယ်ဂျွန်းဆီပဲ
ရောက်နေတဲ့ Mr ရဲ့အကြည့်က
ဆယ်ဟွန်းဆီရောက်လာကာ....
"အဟား......မင်းလိုလက်တောက်
လောက်ကငါ့အချက်အလက်တွေကို
ခိုးယူတယ်ပေါ့လေ....ဟား..ဟား..."
ဆယ်ဟွန်း...ဘာမှနားမလည်တော့..။
ဘာလဲ....သူကဘာအချက်အလက်
ကိုခိုးလို့လဲ....။
နောက်ပြီး...အဲဒီယူအက်စ်ဘီက
ဘယ်ကနေဘယ်လို...သူ့ဆီမှာ
ရောက်နေရတာလဲ..။
သူအငိုက်မိနေချိန်..ဂိုဏ်းသားတစ်
ယောက်ကသူ့ဒူးခေါင်းနေရာကို
အနောက်ကနေကန်လိုက်တာကြောင့်
မြေပြင်ပေါ်ဒူးထောက်ကျသွားသည်..။
Mr ကအနားရောက်လာကာ
သူ့မျက်နှာကိုဆွဲမော့ပြီး...
"မင်းလား...ငါ့နောက်ကျောဓားနဲ့
ထိုးတာ....အဟား..ရယ်ရတယ်...
ထွီ!!..."
"Mr ပြောနေတာတွေကျွန်တော်
တစ်ခုမှမသိပါဘူး...
ကျွန်တော်လုပ်လည်းမလုပ်ခဲ့ဘူး.."
"ဟား...အိုဆယ်ဟွန်း.....ဒီလောက်
ကြီးသက်သေတွေခိုင်မာနေတာ
တောင်မင်းကဗြောင်လိမ်ချင်သေး
တာလား...ဟမ်. !!.ပြောစမ်းပါ...
မင်းကိုဖမ်းဖို့အတွက်..ဒီသက်သေ
တွေကမလုံလောက်သေးဘူးလား..
နေပါဦး...မင်းအခုရဲစခန်းကိုသွား
မလို့လုပ်နေတာမဟုတ်လား..ဟမ်!!"
ဟုတ်တယ်...။
သူ့ဆီမှာရှိနေတဲ့သက်သေတွေနဲ့
အခုအနေအထားအရဆိုရင်
သူ့ကိုသစ္စာဖောက်တစ်ယောက်လို့
စွပ်စွဲဖို့လုံလောက်နေပြီ...။
ဒါပေမယ့်....ဒါတွေဘယ်က
ဘယ်လိုရောက်လာလဲ သူမသိဘူး..။
ဆယ်ဟွန်းအတွေးများနေခိုက်..
ထယ်ဂျွန်း Mr အနားကပ်သွားကာ..
"Mr....ဆယ်ဟွန်းကMr အတွက်
ဘယ်လောက်ပဲအားကိုးရတဲ့သူ
ဖြစ်ခဲ့ပါစေ...ဒီအနေအထားအထိ
ဆိုရင်တော့..ဆယ်ဟွန်းကိုအရှင်
မထားသင့်တော့ဘူး...Mr.."
ထိုသို့ပြောတော့..Mr ရဲ့မျက်ဝန်း
တွေကလေးနက်သွားကာ
သေသေချာချာ စဉ်းစားသုံးသပ်
နေပုံပင်...။
ခနအကြာ...
"အင်း.....ဂိုဏ်းမှာဆယ်ဟွန်းလိုလူ
ရှိနေရင်..နောက်ထပ်ဘယ်လို
ပြဿနာတွေထပ်ဖြစ်ဦးမလဲမသိနိုင်
ဘူး....ကောင်းပြီ...သူ့ကိုမင်းရှင်း
လိုက်...."
"ဟုတ်ကဲ့ပါ...Mr.."
ထယ်ဂျွန်း ဆယ်ဟွန်းအနားကို
တိုးကပ်သွားကာ အိတ်ကပ်ထဲ
ဆောင်ထားလေ့ရှိတဲ့ဓားမြှောင်ကို
ထုတ်လိုက်သည်...။
အနီးဆုံးအနေအထားကိုရောက်တဲ့
အချိန်ဆယ်ဟွန်းကခေါင်းငုံ့နေရာ
ကနေမော့လာသည်...။
လက်ထဲကဓားမြှောင်နဲ့အတူသူ့ကို
မြင်တော့...ဆယ်ဟွန်းကအံ့သြတဲ့
မျက်ဝန်းများနဲ့ကြည့်၏....။
ဓားမြှောင်ကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ကာ ဆယ်ဟွန်း...ကို
အားပြင်းပြင်းထိုးချလိုက်သည်...။
နာကျင်မှုဒဏ်ကြောင့်မျက်နှာပျက်သွား
တဲ့ဆယ်ဟွန်းကိုသူနောက်တစ်ချက်
ထပ်ထိုးလိုက်သည်....။
ပါးစပ်ကနေပါသွေးတွေစီးကျလာတဲ့
ဆယ်ဟွန်းကမြေပြင်ပေါ်လဲကျသွား
၏....။
ထို့နောက်...ဆယ်ဟွန်းရဲ့မျက်ခွံ
ကတဖြေးဖြေးမှေးစင်းကာပိတ်ကျ
သွားသည်....။
"သူ့ကိုရေထဲမျောလိုက်.."
ထယ်ဂျွန်းရဲ့စကားသံအဆုံးဂိုဏ်းသား
နှစ်ယောက်ကဆယ်ဟွန်းကိုယ်ကို
သယ်ကာဟန်မြစ်ထဲပစ်ချလိုက်
ကြသည်....။
ဆယ်ဟွန်းရဲ့ခန္ဓာကိုယ်ဟာရေစီးနဲ့
အတူ မျှောပါသွားသည်ကို Mr
မျက်စိတစ်ဆုံးကြည့်ပြီးနောက်...
အလျှိုလျှိုကားပေါ်တက်သွားကြ
ကာထိုနေရာကထွက်သွားကြ
၏.....။
ဆယ်ဟွန်းရဲ့ခန္ဓာကိုယ်ကတော့
ဟန်မြစ်ရဲ့ရေစီးအတိုင်းမျောပါရင်း....
မျောပါရင်း.....။
Tbc°°°°°°