LOVE ME,OK![Complete]

By M-O-N-E

190K 17.7K 2.3K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This stor... More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-21
Episode-23
Episode-24
Episode-25
Episode-26
Episode-27
Episode-28
Episode-29
Episode-30
Episode-31
Episode-32
Episode-33
Episode-34
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-40
Episode-Final

Episode-22

3.7K 391 40
By M-O-N-E

♡Unicode version♡


"ဓာတ်မတည့်တာစားမိလို့ လူနာက အသက်ရှူရခက်ခဲသွားတာပါ...အဲ့ဒါကြောင့် သတိမေ့သွားတာမို့အများကြီးစိတ်ပူစရာမလိုပါဘူး...ဆေးလည်းထိုးထားပေးပြီးပြီ...တခါတလေအရည်ပြားယားယံတာတွေဖြစ်တတ်တယ်...ဒါလေးလိမ်းပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..."

ဖေရှီးလက်ထဲလိမ်းဆေးဗူးလေးထည့်ပေးပြီးဒေါက်တာပြန်ထွက်သွားမှရှောင်းကျန့်အပါအဝင် ဖေရှီးနဲ့ဖန်းဝေလည်းစိတ်အေးသွားဟန်သက်ပြင်းချမိတော့တယ်။ရိပေါ်ကတော့ခုထိလူနာကုတင်ထက်မှာလှဲလျောင်းအိပ်စက်နေတုန်းမို့ရှောင်းကျန့်ကအရိပ်တကြည့်ကြည့်။

"ကောင်လေး မြေပဲနဲ့ဓာတ်မတည့်တာအကိုမသိခဲ့ဘူး..."

"အဆင်ပြေပါတယ်စီနီယာ...ရိပေါ်လည်းသက်သာနေပြီပဲ..."

"မဟုတ်ဘူး!...အစောကတည်းက အကိုသိခဲ့ဖို့ကောင်းတာလေ...ခုတော့ကောင်လေးကကိုယ့်ကြောင့်နဲ့ ဒီ ဒီလိုထိ..."

ရိပေါ်လက်တစ်ဖက်ကိုထွေးစုတ်လျှက်ခေါင်းငိုက်စိုက်ချကာကိုယ့်ကိုယ်ကိုအပြစ်ဖွဲ့နေသည့်ရှောင်းကျန့်ကိုဖန်းဝေရောဖေရှီးပါနှစ်သိမ့်ပေးရင်းအချင်းချင်းမျက်နှာမကောင်းစွာအကြည့်ဆုံမိကြတယ်။ရှောင်းကျန့်လုပ်ရပ်ကရိပေါ်ကိုချစ်တာကြောင့်မို့ ထိုလုပ်ရပ်ကအပြစ်ဖြစ်ခဲ့ရင်တောင် အပြစ်ဟုမဆိုသာတဲ့ ချစ်အပြစ်ပဲဖြစ်ပါလိမ့်မယ်။

"အကို..."

"ကောင်လေး!..."

နိုးနိုးချင်းမိမိကိုတသည့်ရိပေါ်ကြောင့်ရှောင်းကျန့်မျက်လုံးတွေလက်ခနဲ။ထထိုင်ဖို့ဟန်ပြင်နေတာမို့ကျောဘက်မှာခေါင်းအုံးနှစ်လုံးဆင့်ထောင်ပေးပြီးအသာလေးထူမပေးလိုက်တယ်။

"ဘယ်နေရာနေမကောင်းဘူးလဲ...ကိုယ့်ကိုပြော...ကိုယ်ဒေါက်တာ့ကိုသွားခေါ်လိုက်မယ်လေ..."

"အာ!...အကို အလုပ်ပိုနေပါ့မယ်...ကျွန်တော်အဆင်ပြေနေပါပြီ...အိပ်ထားလို့ခေါင်းနည်းနည်းမူးနေရုန်ပဲ..."

"အင်း...တခုခုဆို ကိုယ့်ကိုချက်ချင်းပြောနော်..."

နှစ်ယောက်တကမ္ဘာတည်၍အချစ်နလန်ထနေသည့်နှစ်ယောက်ကိုကြည့်ပြီးဖန်းဝေမျက်နှာမဲမှောင်နေသလိုဖေရှီးမှာလည်းအပိုလူတစ်ယောက်လိုမှုန်သုန်လျှက်။ရှောင်းကျန့်ကလည်းရိပေါ်နိုးလာကတည်းကအဆင်ပြေပါ့မလားတတွတ်တွတ်မေးနေသလိုရိပေါ်ကလည်းရှောင်းကျန့်ကိုကျော်ပြီးသူတို့စီအကြည့်တချက်ပင်ဝေ့မလာသေးတာမို့။

"ရိပေါ်...မင်း နောက်အတန်းချိန်ပြန်တက်ဖို့အဆင်ပြေပါ့မလား...ခုသွားရင်တော့အချိန်မှီသေးတယ်..."

ဖေရှီးအသံပြုကာမှရိပေါ်ကဖန်းဝေတို့အားမြင်သွားဟန်အဖြေပြန်ပေးဖို့ပြင်ရုန်ရှိသေး...

"ဟာ!...ဘယ်ဖြစ်မလဲ...ဒီလောက်မူးမေ့တဲ့အထိဖြစ်သွားတာကို...မသွားရပါဘူး...နေ့တပိုင်းတော့ကျောင်းပြန်မသွားပဲနေရအောင်နော်...မဟုတ်ရင် ကိုယ်မင်းအတွက် စိတ်အေးနိုင်မှာမဟုတ်ဘူး..."

ပိုင်သူဆိုင်သူ၏စိတ်မအေးနိုင်မှုကြောင့်ရိပေါ်ကပြုံးစိစိနဲ့ဖေရှီးဘက်လှည့်ကြည့်လာတယ်။အလိုက်တသိပဲဖေရှီးခေါင်းငြိမ့်လိုက်ပေမဲ့အမူပိုလွန်းနေသည့်ရှောင်းကျန့်ကြောင့်အမြင်ကတ်သလိုနှုတ်ခမ်းအစုံကိုဘောင်ဘတ်ခတ်အောင်မဲ့ရွဲ့ပြလိုက်တယ်။RSတွေကဲကိုကဲတယ်ထင်မိပေမဲ့လည်းမိမိသူငယ်ချင်းအချစ်ကံကောင်းသည်မို့ဖေရှီးကျေနပ်ပါသည်။

"ပြီးရောလေ!...ဒါဆို ငါအတန်းပြန်မယ်နော်ရိပေါ်..."

ရှောင်းကျန့်ကလည်းရိပေါ်နည်းတူအတန်းတက်တော့မည့်ဟန်မရှိ စိတ်ချသွားဆိုသည့်သဘောလက်ကာပြတာမို့ဖေရှီးကျောင်းဆေးခန်းထဲကထွက်လာလိုက်တော့ဖန်းဝေလည်းမယောင်မလည်နဲ့ပဲဖေရှီးနောက်ကကပ်ပါလာတော့တယ်။ဆက်နေရင် ဆက်ပြီးအပိုလူဖြစ်နေဦးမှာကို နှစ်ယောက်သားသဘောပေါက်သည်လေ။

"ကိုယ်တောင်းပန်တယ်နော်...ကိုယ့်ကြောင့် ကောင်လေးအန္တရာယ်ဖြစ်ရပြီ..."

"ဟအင်း!...အကိုမမှားပါဘူး...ကျွန်တော်သာသတိထားလိုက်ရင်ဒီလိုဖြစ်မှာမဟုတ်ဘူး..."

"မဟုတ်တာ...ကိုယ်ကသာ ကောင်လေးကိုအန္တရာယ်ဖြစ်စေမယ့်အရာတွေကိုသိထားရမှာမဟုတ်ဘူးလား..."

"အကို့ကိုပြောမပြထားမိတဲ့ကျွန်တော်ကပဲ ကျွန်တော်ကပဲနမော်နမဲ့နိုင်လွန်းတာပါ..."

ရှောင်းကျန့်နဲ့ရိပေါ်ရဲ့ မပြီးနိုင်မစီးနိုင်အပြစ်လွှဲတမ်းချင်း​ကြောင့်ကျောင်းဆေးခန်းပြတင်းပေါ်လာနားသည့်တေးသီးငှက်လေးတစ်ကောင်မှာနားမခံသာလွန်း၍တဖျပ်ဖျပ်တောင်ပံဖြန့်ကာပျံပြေးလေပြီ။

*လူသားတွေက ချစ်တတ်သွားရင် တယ်လည်း ထူးဆန်းကြသကိုး...*


___


"ဟေ့!...ဒီမှာခများ ဘာလိုက်လုပ်တာလဲ!..."

ဆောက်လုပ်ရေးမေဂျာချင်းတူလို့ကျောင်းလမ်းအတိုင်းအတူနောက်ကပါလာတာကိုဖေရှီးမပြောလို။အခုဟာက သူတို့ပထနှစ်စာသင်ဆောင်ဘက်ထိ မယောင်မလည်ပါလာသည့်ဖန်းဝေကြောင့်ဖေရှီးနောက်လှည့်ကာခပ်ငေါက်ငေါက်မေးလိုက်မိတယ်။

"အဲ့!...ဟို အခန်းဘက်သွားနေတာလေ..."

"ခများတို့စာသင်ဆောင်ကအပေါ်ထပ်မှာမလား...ဒီအထပ်မှာပထနှစ်တွေပဲရှိတာလေ..."

ရုတ်တရက်အကြံအိုက်သွားကာ ဖန်းဝေတစုံတခုကိုအပြေးအလွှားစဥ်းစားနေရတယ်။မိန်းဆောင်ဝင်ကတည်းကအပေါ်ထပ်လှေကားစီတန်းတက်သွားရမည်ကို သူဘာလို့ဒီဂျစ်တူးနောက်လိုက်လာမိပါလိမ့်။အတန်းထဲထိလိုက်မဝင်မိတာကံကောင်း။မဟုတ်ရင်သူ စပယ်ရှယ် အရှက်ကွဲမှာ။

"ဒီ ဒီဘက်လှေကားကကွေ့တက်မလို့...ဟိုဘက်ကနေ တခြားသူတွေနဲ့အတူတူမတက်ချင်လို့..."

"ကျစ်!...ဘယ်လိုလူလဲ ကြောင်တောင်တောင်နဲ့...အတန်းချိန်နောက်ကျနေရတဲ့အထဲ..."

တိုက်ရိုက်အခန်းတွင်းရောက်မည့်လှေကားအစား တကွေတပတ်တက်မည်ဟုခပ်ကြောင်ကြောင်ဖြေလိုက်သည့်ဖန်းဝေ။စိတ်ညစ်ညူးစွာစုတ်သပ်ပြီးအခန်းထဲဖေရှီးဝင်သွားမှဖန်းဝေမိမိအဖြေကိုပြန်သုံးသပ်ကာပိန်းလွန်းသည့်မိမိဦးနှောက်ကိုမကျေနပ်စွာခေါင်းကိုပိတ်ရိုက်လိုက်တော့တယ်။crushခံရပြီးပြန်crushရတဲ့သူရှေ့မှ ဖန်းဝေအဖြစ်ကကမောက်ကမရယ်ပါ။


___



"ရှောင်းကျန့်!...ရိပေါ်တို့သူငယ်ချင်းနှစ်ယောက်ဒီနေ့နောက်ကျနေတယ်နော်..."

ကဲန်တင်းအဝင်ဝကိုမျှော်ကြည့်နေရင်းဖန်းဝေကဖင်တကြွကြွနဲ့ဂနာမငြိမ်။ရှောင်းကျန့်ကဖိုင်ထဲမှစာတမ်းတချို့ပြန်စစ်နေရင်းရိပေါ်တို့လာရာလမ်းကိုတချက်လှမ်းကြည့်တယ်။

"မနက်ကပြောတာတော့ reportရေးတင်ရမှာမို့နေ့လည်စာကြည့်တိုက်ခဏဝင်မယ်ပြောတယ်...နေပါဦး...မင်းက ထူးထူးဆန်းဆန်း...မဟုတ်မှ ဖေရှီး အဲ့ချာတိတ်ကို မျှော်နေတာလား..."

"ဟာ!...ဘယ်ကလာမျှော်ရမှာ...ငါကဒီတိုင်းမေးကြည့်တာ...တော်ပြီ ဗိုက်ဆာနေပြီ...ဆက်မစောင့်တော့ဘူး...နေ့လည်စာသွားဝယ်တော့မယ်...မင်းအတွက်ရောယူခဲ့ရမလား..."

"ဟအင်း!...ကောင်လေးလာမှ..."

"ပြီးတာပဲ..."

မလုံမလဲ ရောက်တက်ရာရာပြောပြီး ဖန်းဝေကနေ့လည်ဆာဝယ်မယ်အကြောင်းပြလို့ရှောင်းကျန့်ရှေ့ထထွက်သွားတော့တယ်။နှုတ်ခမ်းလှုပ်ရုန်အဓိပ္ပါယ်ပါပါပြုံးရင်းရှောင်းကျန့်စာဆက်ကြည့်နေလိုက်တယ်။တကယ် တက်လည်းတက်နိုင်တဲ့ကောင်။

ခဏအကြာ တဖက်ဝိုင်းကလုမေတို့အဖွဲ့ သူ့အား နှုတ်ဆက်ပြီးကဲန်တင်းကထွက်သွားကြတဲ့အထိရိပေါ်တို့သူငယ်ချင်းနှစ်ယောက် အရိပ်အယောင်မတွေ့ရသေးတာမို့ လက်ထဲကဖောင်တိန်သိမ်းပြီး လက်ဆေးရန် ကဲန်တင်းကtoiletစီလျှောက်သွားလိုက်တယ်။

*ဂျလောက်!*

ဘေစဥ်ရှေ့ရပ် ရေပိုက်ခေါင်းဖွင့်ကာ လက်ဆေးနေတုန်း toiletအခန်းတခုထဲကကျောင်းသားတစ်ယောက်ထွက်လာတယ်။အသံကြောင့် မှန်ကနေတဆင့်ရှောင်းကျန့်မိမိကျောဘက်ကိုကြည့်လိုက်မိတော့ ကောင်လေးအရွယ် ပထမနှစ်ကျောင်းသားတစ်ယောက်။

အများသုံးအိမ်သာမို့ယောက်ျားလေးအိမ်သာထဲတခြားကျောင်းသားတစ်ယောက်နဲ့အတူရှိတာအထူးအဆန်းမဟုတ်။ထူးဆန်းနေသည်ကရှောင်းကျန့်ကိုကြည့်နေသည့်ထိုကျောင်းသား၏မရိုးသားတဲ့စူးစူးရဲရဲအကြည့်။သတိမမူမိသည့်ရှောင်းကျန့်ကလက်ဆေးပြီးနံရံကအခြောက်ခံစက်ဖွင့်ကာ လက်တွေဟိုလှန်ဒီလှန်လုပ်နေသေးတယ်။

"ဒီကရှောင်းကျန့်မဟုတ်လား..."

"အာ!...အင်း..."

ရိုးရိုးတန်းတန်းစကားလာပြောသည်အထင်နဲ့ရှောင်းကျန့်ခေါင်းတချက်ငြိမ့်ပြလိုက်မိတယ်။ထိုကျောင်းသားဟာဒီကျောင်းကဖြစ်နေရင်တောင်သူမသိသည်မို့ဒီထက်လည်းစကားကြောရှည်စရာမလိုဘူးလေ။

"ကျွန်တော် စီနီယာရှောင်းကျန့်ကိုသိနေတာကြာပြီ..."

ဘေစဥ်ရှေ့ကနေ လေယူလေသိမ်းမူမမှန်စွာပြောနေသည့်ကျောင်းသားကိုရှောင်းကျန့်စူးစမ်းဟန်စောင်းငဲ့ကြည့်လိုက်မိတယ်။မဟုတ်သေးပါဘူး။သူပဲ အတွေးလွန်နေတာလား။အရေးတယူတုံ့ပြန်စကားဆိုမနေတော့ပဲရှောင်းကျန့်toiletထဲကထွက်ဖို့ပြင်တော့ထိုကျောင်းသားကမနေ။

"ဟာ!...ဟေ့ ဘာလုပ်တာလဲ!..."

ရုတ်တရက် နောက်ကနေခါးကိုရစ်ပတ်လာသည့်လက်တွေကြောင့်ရှောင်းကျန့်ကြောင်အမ်းသွားသလိုလန့်လည်းလန့်သွားရတယ်။မသိရင် သူတို့နှစ်ယောက်ပုံစံက toiletထဲဟိုလိုလိုဒီလိုလိုတမျိုးထင်စရာမဟုတ်လား။

"ကျွန်တော် စီနီယာရှောင်းကျန့်ကိုကျောင်းစစဖွင့်ကတည်းကသဘောကျနေတာ..."

"ဘာ!...ဟေ့ရောင် လွှတ်စမ်း!..."

အရပ်အမောင်းချင်းသိပ်မကွာတာမို့ရှောင်းကျန့်ရုန်းနေပေမဲ့ဖရိုဖရဲဖြစ်ရုန်သာ။ခါးပေါ်ကလက်တွေမှာပြုတ်ထွက်မသွားသေး။

"ယောက်ျားလေးတွေကိုစီနီယာသဘောကျမှန်းအစကမသိခဲ့လို့ ကျွန်တော်စီနီယာ့အနားမချဥ်းကပ်ခဲ့တာ...ခု ဝမ်ရိပေါ်နဲ့တောင်တွဲနေပြီဆိုတော့ ကျွန်တော်နဲ့တွဲလည်းဖြစ်တယ်မလား..."

"တောက်စ်!...မင်း သောက်ရှက်မရှိ...ဖယ်စမ်း!..."

စိတ်တို၍ကြမ်းကြမ်းတမ်းတမ်းတွေပြောထွက်နေသည့်ရှောင်းကျန့်ကြောင့်ထိုကျောင်းသားကသဘောခွေ့သလိုရယ်ပင်ရယ်နေသေးသည်။နောက်ကအတင်းဖက်တွယ်ထားရင်းဂုတ်ပိုးကိုနမ်းဖို့လုပ်နေတာမို့ရှောင်းကျန့်လက်သီးတွေတင်းခနဲ။

"သောက်ရူးကောင်!!!...လွှတ်လို့ငါပြောနေတယ်..."

"စိတ်လျော့ပါစီနီယာရဲ့...ဝမ်ရိပေါ်နဲ့ပဲသာယာမနေစမ်းပါနဲ့...ကျွန်တော်နဲ့ရောစမ်းမကြည့်ချင်ဘူးလား...စီနီယာစိတ်ကျေနပ်အောင်ကျွန်တော်အစွမ်းကုန်..."

"ဒီရွံစရာကောင်ကတော့!!!...ဟာကွာ!!!..."

ရုန်းရင်းဆန်ခတ်ဖြစ်နေပေမဲ့မလွှတ်သေးတာမို့ရှောင်းကျန့်အတော်စိတ်တိုနေလေပြီ။သူ့ကိုအာရုံလာနောက်တာထက်ကောင်လေးသိက္ခာကိုပါထိပါးလာသည်မို့ရှောင်းကျန့်မေးရိုးတွေပါတဆက်ဆက်တုန်သည်အထိဒေါသထွက်လာမိတယ်။ယောက်ျားအားချင်းမို့ တော်တော်နှင့်ရုန်းမရပဲ ဘေစဥ်ရှေ့မှာသူတို့ပုံစံကအတော်ဗရိုဖရဲနိုင်လှတာအမှန်။

"အကို!..."

"ဟင်!..."

ခေါ်သံကြောင့်ကြည့်လိုက်မိတော့toiletအဝင်ဝမှာရပ်နေသည့်ရိပေါ်ကကျောပိုးအိပ်လေးလွယ်လျှက်ပင်။သူ့ခါးထက်ကဟိုကောင့်လက်တွေကိုတလှည့်ဒေါသကြောင့် နီရဲနေသည့်သူ့မျက်နှာကိုတလှည့်ကြည့်ရင်း မျက်လုံးတွေဝိုင်းလို့။

"ကောင်လေး!...မဟုတ် ဒီကောင်...ကျစ်!..."

ရုန်းလည်းရုန်းထွက်အပြီး ချာခနဲလှည့်ထွက်သွားသည့်ရိပေါ်ကြောင့်ရှောင်းကျန့်ထိုကျောင်းသားကိုဒေါသမထွက်အားတော့။ခုန အခြေနေကြောင့်ကြမ်းပြင်ပေါ်ကျနေသည့်ဖိုင်ကိုပြန်ကောက်ကာ ရိပေါ်နောက်အမြန်ပြေးလိုက်ရတော့တယ်။သူ့ကြောင့်နဲ့ ကောင်လေးစိတ်ထဲ ဒဏ်ရာသေးသေးလေးရသွားမှာတောင်မလိုလားပါ။

"ရှောင်းကျန့်ကော!...ရိပေါ်ဘာဖြစ်သွားတာလဲ..."

"အကိုအလျှင်လိုနေလို့ ပြန်လာမှပြောပြမယ်!..."

ကဲန်တင်းကအဖြတ် အပြေးအလွှားမေးလာသည့်ဖေရှီးကိုအပြေးအလွှားပဲပြန်ပြောကာ ဝေးဝေးရောက်နေပြီဖြစ်တဲ့လူသားလေးစီခပ်သွပ်သွပ်ခြေဆန့်မိတယ်။အမှီလိုက်ပေမဲ့ ဆောက်လုပ်ရေးမေဂျာအဆောင်လမ်းနဲ့စီမံခန့်ခွဲရေးမေဂျာအလယ်က gearအရုပ်နားအရောက်မျက်ခြေပြတ်သွားတာမို့လမ်းဆုံလမ်းခွမှာရှောင်းကျန့်ခေါင်းတွေချာချာလည်သည်အထိရှာဖွေနေမိတယ်။

ရင်တွေလည်းပူလှပြီ။ကောင်လေးဝမ်းနည်းနေမလား။မဟုတ်ရင် ငိုများငိုနေပြီလား။သူ့အပေါ်ရော ဘယ်လိုများထင်မြင်နေပါလိမ့်။စိတ်များဆိုးသွားလေသလား။ယောက်ယက်ခတ်နေသည့်ပူပင်စိတ်တို့နဲ့ရှောင်းကျန့်အကျယ်ကြီးအော်ဟစ်ပေါက်ကွဲချင်လာတယ်။

သူ့ကြောင့်ပဲ။ဒီတခါလည်း သူဘက်ကပဲနာကျင်မှုတွေပေးမိပြန်ပြီ။မရည်ရွယ်ပေမဲ့ ထိုအရာတွေအားလုံးက သူရဲ့တုံးအမှုကြောင့်ပဲလို့ရှောင်းကျန့်ကတယူသန်တွေးတယ်။ကောင်လေးနာကျင်မှာတွေးပြီး ပူလောင်နေရမယ့်အစား လက်သီးစုတ်လေးတွေနဲ့ဒေါသတကြီးထိုးကြိတ်တာကိုသာ အခါခါခံယူလိုက်ချင်စမ်းတော့တယ်။


To be continue.......
18/10/2021(Monday)
Thank for your reading.♥

N:ကျန်းမာရေးဂရုစိုက်ကြပါ ပေါင်ပေါင်တို့။


♡Zawgyi version♡


"ဓာတ္မတည့္တာစားမိလို႔ လူနာက အသက္ရႉရခက္ခဲသြားတာပါ...အဲ့ဒါေၾကာင့္ သတိေမ့သြားတာမို႔အမ်ားႀကီးစိတ္ပူစရာမလိုပါဘူး...ေဆးလည္းထိုးထားေပးၿပီးၿပီ...တခါတေလအရည္ျပားယားယံတာေတြျဖစ္တတ္တယ္...ဒါေလးလိမ္းေပးလိုက္ရင္အဆင္ေျပသြားပါလိမ့္မယ္..."

ေဖရွီးလက္ထဲလိမ္းေဆးဗူးေလးထည့္ေပးၿပီးေဒါက္တာျပန္ထြက္သြားမွေရွာင္းက်န့္အပါအဝင္ ေဖရွီးနဲ႕ဖန္းေဝလည္းစိတ္ေအးသြားဟန္သက္ျပင္းခ်မိေတာ့တယ္။ရိေပၚကေတာ့ခုထိလူနာကုတင္ထက္မွာလွဲေလ်ာင္းအိပ္စက္ေနတုန္းမို႔ေရွာင္းက်န့္ကအရိပ္တၾကည့္ၾကည့္။

"ေကာင္ေလး ေျမပဲနဲ႕ဓာတ္မတည့္တာအကိုမသိခဲ့ဘူး..."

"အဆင္ေျပပါတယ္စီနီယာ...ရိေပၚလည္းသက္သာေနၿပီပဲ..."

"မဟုတ္ဘူး!...အေစာကတည္းက အကိုသိခဲ့ဖို႔ေကာင္းတာေလ...ခုေတာ့ေကာင္ေလးကကိုယ့္ေၾကာင့္နဲ႕ ဒီ ဒီလိုထိ..."

ရိေပၚလက္တစ္ဖက္ကိုေထြးစုတ္လွ်က္ေခါင္းငိုက္စိုက္ခ်ကာကိုယ့္ကိုယ္ကိုအျပစ္ဖြဲ႕ေနသည့္ေရွာင္းက်န့္ကိုဖန္းေဝေရာေဖရွီးပါႏွစ္သိမ့္ေပးရင္းအခ်င္းခ်င္းမ်က္ႏွာမေကာင္းစြာအၾကည့္ဆုံမိၾကတယ္။ေရွာင္းက်န့္လုပ္ရပ္ကရိေပၚကိုခ်စ္တာေၾကာင့္မို႔ ထိုလုပ္ရပ္ကအျပစ္ျဖစ္ခဲ့ရင္ေတာင္ အျပစ္ဟုမဆိုသာတဲ့ ခ်စ္အျပစ္ပဲျဖစ္ပါလိမ့္မယ္။

"အကို..."

"ေကာင္ေလး!..."

နိုးနိုးခ်င္းမိမိကိုတသည့္ရိေပၚေၾကာင့္ေရွာင္းက်န့္မ်က္လုံးေတြလက္ခနဲ။ထထိုင္ဖို႔ဟန္ျပင္ေနတာမို႔ေက်ာဘက္မွာေခါင္းအုံးႏွစ္လုံးဆင့္ေထာင္ေပးၿပီးအသာေလးထူမေပးလိုက္တယ္။

"ဘယ္ေနရာေနမေကာင္းဘူးလဲ...ကိုယ့္ကိုေျပာ...ကိုယ္ေဒါက္တာ့ကိုသြားေခၚလိုက္မယ္ေလ..."

"အာ!...အကို အလုပ္ပိုေနပါ့မယ္...ကြၽန္ေတာ္အဆင္ေျပေနပါၿပီ...အိပ္ထားလို႔ေခါင္းနည္းနည္းမူးေန႐ုန္ပဲ..."

"အင္း...တခုခုဆို ကိုယ့္ကိုခ်က္ခ်င္းေျပာေနာ္..."

ႏွစ္ေယာက္တကမာၻတည္၍အခ်စ္နလန္ထေနသည့္ႏွစ္ေယာက္ကိုၾကည့္ၿပီးဖန္းေဝမ်က္ႏွာမဲေမွာင္ေနသလိုေဖရွီးမွာလည္းအပိုလူတစ္ေယာက္လိုမႈန္သုန္လွ်က္။ေရွာင္းက်န့္ကလည္းရိေပၚနိုးလာကတည္းကအဆင္ေျပပါ့မလားတတြတ္တြတ္ေမးေနသလိုရိေပၚကလည္းေရွာင္းက်န့္ကိုေက်ာ္ၿပီးသူတို႔စီအၾကည့္တခ်က္ပင္ေဝ့မလာေသးတာမို႔။

"ရိေပၚ...မင္း ေနာက္အတန္းခ်ိန္ျပန္တက္ဖို႔အဆင္ေျပပါ့မလား...ခုသြားရင္ေတာ့အခ်ိန္မွီေသးတယ္..."

ေဖရွီးအသံျပဳကာမွရိေပၚကဖန္းေဝတို႔အားျမင္သြားဟန္အေျဖျပန္ေပးဖို႔ျပင္႐ုန္ရွိေသး...

"ဟာ!...ဘယ္ျဖစ္မလဲ...ဒီေလာက္မူးေမ့တဲ့အထိျဖစ္သြားတာကို...မသြားရပါဘူး...ေန႕တပိုင္းေတာ့ေက်ာင္းျပန္မသြားပဲေနရေအာင္ေနာ္...မဟုတ္ရင္ ကိုယ္မင္းအတြက္ စိတ္ေအးနိုင္မွာမဟုတ္ဘူး..."

ပိုင္သူဆိုင္သူ၏စိတ္မေအးနိုင္မႈေၾကာင့္ရိေပၚကၿပဳံးစိစိနဲ႕ေဖရွီးဘက္လွည့္ၾကည့္လာတယ္။အလိုက္တသိပဲေဖရွီးေခါင္းၿငိမ့္လိုက္ေပမဲ့အမူပိုလြန္းေနသည့္ေရွာင္းက်န့္ေၾကာင့္အျမင္ကတ္သလိုႏႈတ္ခမ္းအစုံကိုေဘာင္ဘတ္ခတ္ေအာင္မဲ့႐ြဲ႕ျပလိုက္တယ္။RSေတြကဲကိုကဲတယ္ထင္မိေပမဲ့လည္းမိမိသူငယ္ခ်င္းအခ်စ္ကံေကာင္းသည္မို႔ေဖရွီးေက်နပ္ပါသည္။

"ၿပီးေရာေလ!...ဒါဆို ငါအတန္းျပန္မယ္ေနာ္ရိေပၚ..."

ေရွာင္းက်န့္ကလည္းရိေပၚနည္းတူအတန္းတက္ေတာ့မည့္ဟန္မရွိ စိတ္ခ်သြားဆိုသည့္သေဘာလက္ကာျပတာမို႔ေဖရွီးေက်ာင္းေဆးခန္းထဲကထြက္လာလိုက္ေတာ့ဖန္းေဝလည္းမေယာင္မလည္နဲ႕ပဲေဖရွီးေနာက္ကကပ္ပါလာေတာ့တယ္။ဆက္ေနရင္ ဆက္ၿပီးအပိုလူျဖစ္ေနဦးမွာကို ႏွစ္ေယာက္သားသေဘာေပါက္သည္ေလ။

"ကိုယ္ေတာင္းပန္တယ္ေနာ္...ကိုယ့္ေၾကာင့္ ေကာင္ေလးအႏၲရာယ္ျဖစ္ရၿပီ..."

"ဟအင္း!...အကိုမမွားပါဘူး...ကြၽန္ေတာ္သာသတိထားလိုက္ရင္ဒီလိုျဖစ္မွာမဟုတ္ဘူး..."

"မဟုတ္တာ...ကိုယ္ကသာ ေကာင္ေလးကိုအႏၲရာယ္ျဖစ္ေစမယ့္အရာေတြကိုသိထားရမွာမဟုတ္ဘူးလား..."

"အကို႔ကိုေျပာမျပထားမိတဲ့ကြၽန္ေတာ္ကပဲ ကြၽန္ေတာ္ကပဲနေမာ္နမဲ့နိုင္လြန္းတာပါ..."

ေရွာင္းက်န့္နဲ႕ရိေပၚရဲ႕ မၿပီးနိုင္မစီးနိုင္အျပစ္လႊဲတမ္းခ်င္း​ေၾကာင့္ေက်ာင္းေဆးခန္းျပတင္းေပၚလာနားသည့္ေတးသီးငွက္ေလးတစ္ေကာင္မွာနားမခံသာလြန္း၍တဖ်ပ္ဖ်ပ္ေတာင္ပံျဖန့္ကာပ်ံေျပးေလၿပီ။

*လူသားေတြက ခ်စ္တတ္သြားရင္ တယ္လည္း ထူးဆန္းၾကသကိုး...*


___


"ေဟ့!...ဒီမွာခမ်ား ဘာလိုက္လုပ္တာလဲ!..."

ေဆာက္လုပ္ေရးေမဂ်ာခ်င္းတူလို႔ေက်ာင္းလမ္းအတိုင္းအတူေနာက္ကပါလာတာကိုေဖရွီးမေျပာလို။အခုဟာက သူတို႔ပထႏွစ္စာသင္ေဆာင္ဘက္ထိ မေယာင္မလည္ပါလာသည့္ဖန္းေဝေၾကာင့္ေဖရွီးေနာက္လွည့္ကာခပ္ေငါက္ေငါက္ေမးလိုက္မိတယ္။

"အဲ့!...ဟို အခန္းဘက္သြားေနတာေလ..."

"ခမ်ားတို႔စာသင္ေဆာင္ကအေပၚထပ္မွာမလား...ဒီအထပ္မွာပထႏွစ္ေတြပဲရွိတာေလ..."

႐ုတ္တရက္အႀကံအိုက္သြားကာ ဖန္းေဝတစုံတခုကိုအေျပးအလႊားစဥ္းစားေနရတယ္။မိန္းေဆာင္ဝင္ကတည္းကအေပၚထပ္ေလွကားစီတန္းတက္သြားရမည္ကို သူဘာလို႔ဒီဂ်စ္တူးေနာက္လိုက္လာမိပါလိမ့္။အတန္းထဲထိလိုက္မဝင္မိတာကံေကာင္း။မဟုတ္ရင္သူ စပယ္ရွယ္ အရွက္ကြဲမွာ။

"ဒီ ဒီဘက္ေလွကားကေကြ႕တက္မလို႔...ဟိုဘက္ကေန တျခားသူေတြနဲ႕အတူတူမတက္ခ်င္လို႔..."

"က်စ္!...ဘယ္လိုလူလဲ ေၾကာင္ေတာင္ေတာင္နဲ႕...အတန္းခ်ိန္ေနာက္က်ေနရတဲ့အထဲ..."

တိုက္ရိုက္အခန္းတြင္းေရာက္မည့္ေလွကားအစား တေကြတပတ္တက္မည္ဟုခပ္ေၾကာင္ေၾကာင္ေျဖလိုက္သည့္ဖန္းေဝ။စိတ္ညစ္ၫူးစြာစုတ္သပ္ၿပီးအခန္းထဲေဖရွီးဝင္သြားမွဖန္းေဝမိမိအေျဖကိုျပန္သုံးသပ္ကာပိန္းလြန္းသည့္မိမိဦးေႏွာက္ကိုမေက်နပ္စြာေခါင္းကိုပိတ္ရိုက္လိုက္ေတာ့တယ္။crushခံရၿပီးျပန္crushရတဲ့သူေရွ႕မွ ဖန္းေဝအျဖစ္ကကေမာက္ကမရယ္ပါ။


___



"ေရွာင္းက်န့္!...ရိေပၚတို႔သူငယ္ခ်င္းႏွစ္ေယာက္ဒီေန႕ေနာက္က်ေနတယ္ေနာ္..."

ကဲန္တင္းအဝင္ဝကိုေမွ်ာ္ၾကည့္ေနရင္းဖန္းေဝကဖင္တႂကြႂကြနဲ႕ဂနာမၿငိမ္။ေရွာင္းက်န့္ကဖိုင္ထဲမွစာတမ္းတခ်ိဳ႕ျပန္စစ္ေနရင္းရိေပၚတို႔လာရာလမ္းကိုတခ်က္လွမ္းၾကည့္တယ္။

"မနက္ကေျပာတာေတာ့ reportေရးတင္ရမွာမို႔ေန႕လည္စာၾကည့္တိုက္ခဏဝင္မယ္ေျပာတယ္...ေနပါဦး...မင္းက ထူးထူးဆန္းဆန္း...မဟုတ္မွ ေဖရွီး အဲ့ခ်ာတိတ္ကို ေမွ်ာ္ေနတာလား..."

"ဟာ!...ဘယ္ကလာေမွ်ာ္ရမွာ...ငါကဒီတိုင္းေမးၾကည့္တာ...ေတာ္ၿပီ ဗိုက္ဆာေနၿပီ...ဆက္မေစာင့္ေတာ့ဘူး...ေန႕လည္စာသြားဝယ္ေတာ့မယ္...မင္းအတြက္ေရာယူခဲ့ရမလား..."

"ဟအင္း!...ေကာင္ေလးလာမွ..."

"ၿပီးတာပဲ..."

မလုံမလဲ ေရာက္တက္ရာရာေျပာၿပီး ဖန္းေဝကေန႕လည္ဆာဝယ္မယ္အေၾကာင္းျပလို႔ေရွာင္းက်န့္ေရွ႕ထထြက္သြားေတာ့တယ္။ႏႈတ္ခမ္းလႈပ္႐ုန္အဓိပၸါယ္ပါပါၿပဳံးရင္းေရွာင္းက်န့္စာဆက္ၾကည့္ေနလိုက္တယ္။တကယ္ တက္လည္းတက္နိုင္တဲ့ေကာင္။

ခဏအၾကာ တဖက္ဝိုင္းကလုေမတို႔အဖြဲ႕ သူ႕အား ႏႈတ္ဆက္ၿပီးကဲန္တင္းကထြက္သြားၾကတဲ့အထိရိေပၚတို႔သူငယ္ခ်င္းႏွစ္ေယာက္ အရိပ္အေယာင္မေတြ႕ရေသးတာမို႔ လက္ထဲကေဖာင္တိန္သိမ္းၿပီး လက္ေဆးရန္ ကဲန္တင္းကtoiletစီေလွ်ာက္သြားလိုက္တယ္။

*ဂ်ေလာက္!*

ေဘစဥ္ေရွ႕ရပ္ ေရပိုက္ေခါင္းဖြင့္ကာ လက္ေဆးေနတုန္း toiletအခန္းတခုထဲကေက်ာင္းသားတစ္ေယာက္ထြက္လာတယ္။အသံေၾကာင့္ မွန္ကေနတဆင့္ေရွာင္းက်န့္မိမိေက်ာဘက္ကိုၾကည့္လိုက္မိေတာ့ ေကာင္ေလးအ႐ြယ္ ပထမႏွစ္ေက်ာင္းသားတစ္ေယာက္။

အမ်ားသုံးအိမ္သာမို႔ေယာက္်ားေလးအိမ္သာထဲတျခားေက်ာင္းသားတစ္ေယာက္နဲ႕အတူရွိတာအထူးအဆန္းမဟုတ္။ထူးဆန္းေနသည္ကေရွာင္းက်န့္ကိုၾကည့္ေနသည့္ထိုေက်ာင္းသား၏မရိုးသားတဲ့စူးစူးရဲရဲအၾကည့္။သတိမမူမိသည့္ေရွာင္းက်န့္ကလက္ေဆးၿပီးနံရံကအေျခာက္ခံစက္ဖြင့္ကာ လက္ေတြဟိုလွန္ဒီလွန္လုပ္ေနေသးတယ္။

"ဒီကေရွာင္းက်န့္မဟုတ္လား..."

"အာ!...အင္း..."

ရိုးရိုးတန္းတန္းစကားလာေျပာသည္အထင္နဲ႕ေရွာင္းက်န့္ေခါင္းတခ်က္ၿငိမ့္ျပလိုက္မိတယ္။ထိုေက်ာင္းသားဟာဒီေက်ာင္းကျဖစ္ေနရင္ေတာင္သူမသိသည္မို႔ဒီထက္လည္းစကားေၾကာရွည္စရာမလိုဘူးေလ။

"ကြၽန္ေတာ္ စီနီယာေရွာင္းက်န့္ကိုသိေနတာၾကာၿပီ..."

ေဘစဥ္ေရွ႕ကေန ေလယူေလသိမ္းမူမမွန္စြာေျပာေနသည့္ေက်ာင္းသားကိုေရွာင္းက်န့္စူးစမ္းဟန္ေစာင္းငဲ့ၾကည့္လိုက္မိတယ္။မဟုတ္ေသးပါဘူး။သူပဲ အေတြးလြန္ေနတာလား။အေရးတယူတုံ႕ျပန္စကားဆိုမေနေတာ့ပဲေရွာင္းက်န့္toiletထဲကထြက္ဖို႔ျပင္ေတာ့ထိုေက်ာင္းသားကမေန။

"ဟာ!...ေဟ့ ဘာလုပ္တာလဲ!..."

႐ုတ္တရက္ ေနာက္ကေနခါးကိုရစ္ပတ္လာသည့္လက္ေတြေၾကာင့္ေရွာင္းက်န့္ေၾကာင္အမ္းသြားသလိုလန့္လည္းလန့္သြားရတယ္။မသိရင္ သူတို႔ႏွစ္ေယာက္ပုံစံက toiletထဲဟိုလိုလိုဒီလိုလိုတမ်ိဳးထင္စရာမဟုတ္လား။

"ကြၽန္ေတာ္ စီနီယာေရွာင္းက်န့္ကိုေက်ာင္းစစဖြင့္ကတည္းကသေဘာက်ေနတာ..."

"ဘာ!...ေဟ့ေရာင္ လႊတ္စမ္း!..."

အရပ္အေမာင္းခ်င္းသိပ္မကြာတာမို႔ေရွာင္းက်န့္႐ုန္းေနေပမဲ့ဖရိုဖရဲျဖစ္႐ုန္သာ။ခါးေပၚကလက္ေတြမွာျပဳတ္ထြက္မသြားေသး။

"ေယာက္်ားေလးေတြကိုစီနီယာသေဘာက်မွန္းအစကမသိခဲ့လို႔ ကြၽန္ေတာ္စီနီယာ့အနားမခ်ဥ္းကပ္ခဲ့တာ...ခု ဝမ္ရိေပၚနဲ႕ေတာင္တြဲေနၿပီဆိုေတာ့ ကြၽန္ေတာ္နဲ႕တြဲလည္းျဖစ္တယ္မလား..."

"ေတာက္စ္!...မင္း ေသာက္ရွက္မရွိ...ဖယ္စမ္း!..."

စိတ္တို၍ၾကမ္းၾကမ္းတမ္းတမ္းေတြေျပာထြက္ေနသည့္ေရွာင္းက်န့္ေၾကာင့္ထိုေက်ာင္းသားကသေဘာေခြ႕သလိုရယ္ပင္ရယ္ေနေသးသည္။ေနာက္ကအတင္းဖက္တြယ္ထားရင္းဂုတ္ပိုးကိုနမ္းဖို႔လုပ္ေနတာမို႔ေရွာင္းက်န့္လက္သီးေတြတင္းခနဲ။

"ေသာက္႐ူးေကာင္!!!...လႊတ္လို႔ငါေျပာေနတယ္..."

"စိတ္ေလ်ာ့ပါစီနီယာရဲ႕...ဝမ္ရိေပၚနဲ႕ပဲသာယာမေနစမ္းပါနဲ႕...ကြၽန္ေတာ္နဲ႕ေရာစမ္းမၾကည့္ခ်င္ဘူးလား...စီနီယာစိတ္ေက်နပ္ေအာင္ကြၽန္ေတာ္အစြမ္းကုန္..."

"ဒီ႐ြံစရာေကာင္ကေတာ့!!!...ဟာကြာ!!!..."

႐ုန္းရင္းဆန္ခတ္ျဖစ္ေနေပမဲ့မလႊတ္ေသးတာမို႔ေရွာင္းက်န့္အေတာ္စိတ္တိုေနေလၿပီ။သူ႕ကိုအာ႐ုံလာေနာက္တာထက္ေကာင္ေလးသိကၡာကိုပါထိပါးလာသည္မို႔ေရွာင္းက်န့္ေမးရိုးေတြပါတဆက္ဆက္တုန္သည္အထိေဒါသထြက္လာမိတယ္။ေယာက္်ားအားခ်င္းမို႔ ေတာ္ေတာ္ႏွင့္႐ုန္းမရပဲ ေဘစဥ္ေရွ႕မွာသူတို႔ပုံစံကအေတာ္ဗရိုဖရဲနိုင္လွတာအမွန္။

"အကို!..."

"ဟင္!..."

ေခၚသံေၾကာင့္ၾကည့္လိုက္မိေတာ့toiletအဝင္ဝမွာရပ္ေနသည့္ရိေပၚကေက်ာပိုးအိပ္ေလးလြယ္လွ်က္ပင္။သူ႕ခါးထက္ကဟိုေကာင့္လက္ေတြကိုတလွည့္ေဒါသေၾကာင့္ နီရဲေနသည့္သူ႕မ်က္ႏွာကိုတလွည့္ၾကည့္ရင္း မ်က္လုံးေတြဝိုင္းလို႔။

"ေကာင္ေလး!...မဟုတ္ ဒီေကာင္...က်စ္!..."

႐ုန္းလည္း႐ုန္းထြက္အၿပီး ခ်ာခနဲလွည့္ထြက္သြားသည့္ရိေပၚေၾကာင့္ေရွာင္းက်န့္ထိုေက်ာင္းသားကိုေဒါသမထြက္အားေတာ့။ခုန အေျခေနေၾကာင့္ၾကမ္းျပင္ေပၚက်ေနသည့္ဖိုင္ကိုျပန္ေကာက္ကာ ရိေပၚေနာက္အျမန္ေျပးလိုက္ရေတာ့တယ္။သူ႕ေၾကာင့္နဲ႕ ေကာင္ေလးစိတ္ထဲ ဒဏ္ရာေသးေသးေလးရသြားမွာေတာင္မလိုလားပါ။

"ေရွာင္းက်န့္ေကာ!...ရိေပၚဘာျဖစ္သြားတာလဲ..."

"အကိုအလွ်င္လိုေနလို႔ ျပန္လာမွေျပာျပမယ္!..."

ကဲန္တင္းကအျဖတ္ အေျပးအလႊားေမးလာသည့္ေဖရွီးကိုအေျပးအလႊားပဲျပန္ေျပာကာ ေဝးေဝးေရာက္ေနၿပီျဖစ္တဲ့လူသားေလးစီခပ္သြပ္သြပ္ေျခဆန့္မိတယ္။အမွီလိုက္ေပမဲ့ ေဆာက္လုပ္ေရးေမဂ်ာအေဆာင္လမ္းနဲ႕စီမံခန့္ခြဲေရးေမဂ်ာအလယ္က gearအ႐ုပ္နားအေရာက္မ်က္ေျချပတ္သြားတာမို႔လမ္းဆုံလမ္းခြမွာေရွာင္းက်န့္ေခါင္းေတြခ်ာခ်ာလည္သည္အထိရွာေဖြေနမိတယ္။

ရင္ေတြလည္းပူလွၿပီ။ေကာင္ေလးဝမ္းနည္းေနမလား။မဟုတ္ရင္ ငိုမ်ားငိုေနၿပီလား။သူ႕အေပၚေရာ ဘယ္လိုမ်ားထင္ျမင္ေနပါလိမ့္။စိတ္မ်ားဆိုးသြားေလသလား။ေယာက္ယက္ခတ္ေနသည့္ပူပင္စိတ္တို႔နဲ႕ေရွာင္းက်န့္အက်ယ္ႀကီးေအာ္ဟစ္ေပါက္ကြဲခ်င္လာတယ္။

သူ႕ေၾကာင့္ပဲ။ဒီတခါလည္း သူဘက္ကပဲနာက်င္မႈေတြေပးမိျပန္ၿပီ။မရည္႐ြယ္ေပမဲ့ ထိုအရာေတြအားလုံးက သူရဲ႕တုံးအမႈေၾကာင့္ပဲလို႔ေရွာင္းက်န႔္ကတယူသန္ေတြးတယ္။ေကာင္ေလးနာက်င္မွာေတြးၿပီး ပူေလာင္ေနရမယ့္အစား လက္သီးစုတ္ေလးေတြနဲ႕ေဒါသတႀကီးထိုးႀကိတ္တာကိုသာ အခါခါခံယူလိုက္ခ်င္စမ္းေတာ့တယ္။


To be continue.......
18/10/2021(Monday)
Thank for your reading.♥

N:က်န္းမာေရးဂ႐ုစိုက္ၾကပါ ေပါင္ေပါင္တို႔။

Continue Reading

You'll Also Like

1M 54K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
818K 37.8K 59
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
439K 15.5K 93
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
177K 4.6K 20
Your daughter runs off while you were in the middle of grocery shopping because she spotted Max, her favourite driver. Meeting you, Max wants to know...