LOVE ME,OK![Complete]

By M-O-N-E

188K 17.6K 2.3K

ZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 XiaoZhan is a IQ160 having student.Bo Bo is a normal student.This stor... More

Episode-1
Episode-2
Episode-3
Episode-4
Episode-5
Episode-6
Episode-7
Episode-8
Episode-9
Episode-10
Episode-11
Episode-12
Episode-13
Episode-14
Episode-15
Episode-16
Episode-17
Episode-18
Episode-19
Episode-20
Episode-22
Episode-23
Episode-24
Episode-25
Episode-26
Episode-27
Episode-28
Episode-29
Episode-30
Episode-31
Episode-32
Episode-33
Episode-34
Episode-35
Episode-36
Episode-37
Episode-38
Episode-39
Episode-40
Episode-Final

Episode-21

3.9K 438 81
By M-O-N-E

♡Unicode version♡

မိုးသံတွေတဖြောက်ဖြောက်ကြားနေရတယ်။အောက်ထပ်ကTVအသံကိုလည်းမသဲမကွဲသဲ့သဲ့ကြားနေရတယ်။ဝမ်မားကသိုးမွှေးချည်ထိုးရင်းဇာတ်လမ်းတွဲကြည့်နေတယ်။ဖေးဖေးကလည်းစာကျက်နေမယ်ထင်တယ်။ရိပေါ်ဦးဆောင်ပြီးရှောင်းကျန့်နဲ့အတူအပေါ်ထပ်ကိုဖြေးလေးစွာတက်လာကြတယ်။

ယခုည၆နာရီ။ရှောင်းကျန့်ပြန်မည့်အချိန်မှအငြိုးတကြီးရွာချလာသည့်မိုးနတ်သားကြောင့် ထို့ပြင် ဝမ်မား၏တိုက်တွန်းမှုကြောင့်ရှောင်းကျန့်အဆောင်မပြန်ဖြစ်ပဲအခြေနေတမျိုးဖြစ်သွားရတယ်။ခုတော့ ရိပေါ်အခန်းမှာပဲရှောင်းကျန့်လိုက်အိပ်ရတော့မယ်။

*clack!*

ရိပေါ်ဖွင့်ပေးသည့်အခန်းတံခါးကိုနောက်ကလိုက်ဝင်ရင်းရှောင်းကျန့်အသာပြန်စေ့ပိတ်လိုက်တယ်။အခန်းထဲဝေ့ကြည့်တဲ့အခါ တယောက်အိပ်ကုတင်လေးရယ်စာရေးစားပွဲလေးနဲ့ကပ်ရပ်စာအုပ်စဥ်သေးသေးလေးတခုရယ်နဲ့အဝတ်ဗီရိုလေးတလုံးရယ်နဲ့ကောင်လေးအိပ်ခန်းဆိုသည့်နေရာလေးကကျဥ်းကျဥ်းလေးပေမဲ့တကယ့်ကိုကာတွန်းအိမ်လေးလိုနေချင်စဖွယ်လေး။

"အကို...အ အဝတ်လဲချင်လားဟင်!..."

ဂုတ်လေးပွတ်ရင်းမဝံ့မရဲမေးလာသည့်ကောင်လေးပုံစံကသူ့မျက်လုံးထဲအသည်းယားဖို့ကောင်းတာထက်ပိုလွန်းနေတယ်။အင်းဆိုကာခေါင်းငြိမ့်ပြတော့အဝတ်ဗီရိုရှေ့သွားပြီးတကုတ်ကုတ်လုပ်နေတယ်။သူကတော့ဧည့်သည်ဖြစ်သည့်အပြင် sofaလည်းမရှိ ကုတင်ပေါ်မှာလည်းထိုင်လို့မကောင်းတာမို့တံခါးနားမှာတင်မိုးတိုးမတ်တပ်။

"အင့်!...ကျွန်တော်နဲ့တော့နဲနဲကျယ်တယ် အကိုနဲ့ဆိုတော်လောက်မယ်ထင်တယ်..."

"အင်း!...ကိုယ်ရေချိုးခန်းခဏသုံးမယ်နော်..."

သူ့ရှေ့ထိုးပေးလာသည့်အပြာစင်းညအိပ်ဝမ်းဆက်လေးက ခေါက်ရက်သားရွရွကလေး။လက်လွှဲယူလိုက်ပြီးရေချိုးခန်းထဲအဝတ်လဲဖို့ဝင်လာလိုက်တယ်။ကောင်လေးအားအလုပ်မပိုစေချင်ပေမဲ့ သူဝတ်ထားသည့်စတိုင်ပင်နဲ့တော့ညအိပ်ရန်အဆင်ပြေလိမ့်မည်မဟုတ်။

ရှောင်းကျန့်ရေချိုးခန်းထဲကပြန်ထွက်လာတော့သူ့လိုပဲညအိပ်လဲပြီးသည့်ရိပေါ်ကကုတင်ပေါ်မှာပန်ဒါဝတ်ဝံရုပ်လေးပိုက်လို့ငုတ်တုပ်ကလေး။မျက်လုံးမှေးမှေးလေးတွေနဲ့ငေးငေးလေးကြည့်နေသည်မို့ရှောင်းကျန့်မနေတတ်မထိုင်တတ်ဖြစ်လာရသည်အထိ။

"ကိုယ်ဝတ်ထားတာအဆင်မပြေလို့လား..."

"ဗျာ!...မဟုတ် ကြည့် ကြည့်ကောင်းတယ်..."

လှုပ်လှုပ်ရှားရှားအကြည့်လွှဲသွားသည့်ကောင်လေးကြောင့်ရှောင်းကျန့်ရေးရေးပြုံးရင်းကုတင်အစွန်းမှာဝင်ထိုင်လိုက်တယ်။ရိပေါ်ကအသာလေးစောင်းငဲ့ကြည့်ပေမဲ့ဘာမှတော့မပြောဘူး။အဆောင်ခန်းတခန်းတည်းအတူနေကျပေမဲ့ ယခုအခြေနေကတကုတင်တည်းမှာမို့အနည်းငယ်စိမ်းသက်နေသယောင်။မသိရင် မဂ်လာဦးညကိုနှဖူးတွေ့ဒူးတွေ့ကြုံဆုံနေရသည့်နှယ် တယောက်အနားတယောက်မတိုးရဲမကပ်ရဲ။

"ဖန်းဝေက ကောင်လေးကိုတောင်းပန်ချင်တယ်တဲ့..."

"ဟုတ်!..."

"ကိုယ်ချစ်ပေးမှာမို့ သူ့ဘက်ကကောင်လေးကိုလက်လျော့ပါ့မယ်ပြောတယ်..."

"အွန်း!..."

အခန်းလေးခတ္တတိတ်ဆိတ်သွားတယ်။ရှောင်းကျန့်ကဒူးနှစ်ဖက်ပေါ်လက်ချောင်းတွေလှုပ်ရှားနေရင်းရိပေါ်ကလည်းငြိမ်ငြိမ်ကလေးစကားမဆိုပဲ ရှိနေတာမို့ထိုဝန်းကျင်မှာ မိုးကျသံသာကြီးစိုးလျှက်ရှိတယ်။ခဏကြာတော့မနေနိုင်သည့်ရှောင်းကျန့်ကပဲစကားစရတော့တယ်။

"ကောင်လေးအိပ်ချင်ပြီလား အိပ်တော့လေ..."

"အကိုကရော..."

"ကိုယ်ကကိစ္စမရှိဘူး ကုတင်အောက်မှာဆင်းအိပ်လည်းဖြစ်တယ်..."

"ဟာ!...မအိပ်ရပါဘူး...အကိုကုတင်ပေါ်မှာအိပ်...ကျွန်တော်အောက်မှာပဲအိပ်ရာခင်းပြီးအိပ်လိုက်မယ်..."

"ဟာ!...ဟိတ်!..."

"အင့်!..."

ခေါင်းအုံးတလုံးဆွဲပြီးတကယ်ကြီးအောက်ဆင်းအိပ်ဖို့လုပ်နေသည့်ဟာလေးကြောင့်လက်မောင်းနှစ်ဖက်ကိုသာသာလေးဖိကိုင်ရင်းကိုယ်ပါကြွလို့လှမ်းဟန့်လိုက်မိတော့နှစ်ယောက်သားထပ်လျှက်မွေ့ယာထူထူလေးပေါ်အိခနဲ။မျက်နှာချင်းကပ်လျှက် နှာဖျားချင်းကထိလုမတက် မျက်ဝန်းတို့ကတတန်းတည်း။

မျက်မှန်ဝိုင်းအောက်ကမျက်လုံးလေးတွေအနည်းငယ်ပြူးကျယ်နေပေမဲ့ အပေါ်ကသူ့ကိုယ်ကြီးကိုတစက်ကလေးမှတွန်းဖယ်မလာဘူး။သတိထားမိသလောက်ရဲစွေးစွေးနှုတ်ခမ်းလုံးလေးတုန်ယင်ချင်နေတယ်။ကောင်လေးလက်မောင်းပေါ်ကလက်တွေနဲ့ခန္ဓာပါးလေးကိုပြောင်းဖက်လိုက်တယ်။

ပိုပြီးဖိကပ်ထိဆက်သွားသည့်ခန္ဓာနှစ်ခုကဝင်သက်ထွက်သက်တွေနီးနေကြတယ်။ပါးပြင်မို့မို့ကိုကနဦးဖိနမ်းလိုက်တော့မျက်တောင်ဖျားလေးတွေတဖြတ်ဖြတ်လှုပ်သွားတယ်။အကိုဆိုတဲ့အသံတိုးတိုးလေးလည်းကြားရတယ်။ပါးနှစ်ဖက်လုံးကိုတလှည့်စီရှိုက်နမ်းပြီးမှမျက်နှာချင်းပြန်ခွာတော့မျက်လုံးလေးတွေအသာလှန်ကြည့်နေတာနဲ့တိုးတယ်။

နဲနဲလေးပိုလိုချင်လာလို့နှုတ်ခမ်းအိအိကိုတချက်ဖိကပ်လိုက်မိတယ်။ရုတ်ချည်းရှောင်းကျန့်လောဘတက်လာမိတယ်။ဖွဖွလေးတချက်စုပ်နမ်းလိုက်တယ်။အဲ့ထက်မက်မောမိတာကလွဲရင်တင်းတိမ်ခြင်းကင်းနေပြန်တယ်။ပြင်းပြင်းလေးနောက်တချက်ထပ်ရှိုက််တယ်။မလုံလောက်တော့မှန်းသိသွားတယ်။ပြီးတော့ ပိုပိုပြီး။

စက္ကန့်ကနေမိနစ်ပြောင်းလာတဲ့အခါကောင်လေးဘက်ကစတင်တုံ့ပြန်လာတယ်။နှုတ်ခမ်းလွှာတွေထိကပ်ထားရင်းပဲခေါင်းလေးစောင်းကာစောင်းကာတိုးနမ်းနေမိတယ်။ကောင်လေးကမျက်လုံးတွေမှိတ်ထားသလိုသူလည်းပဲမိန်းမောရင်းမှေးမှိတ်ထားတယ်။နူးညံ့အိထွေးမှုကြောင့်နှုတ်ခမ်းလွှာတို့ကသံလိုက်တွေလိုဖိဖိစီးစီးမခွဲနိုင်မခွာရက်။

"အဟင်း!...မောသွားပြီ..."

ပြောရင်းနှုတ်ခမ်းကိုလက်မနဲ့လာသုတ်ပေးသည့်ရှောင်းကျန့်။ရိပေါ်မျက်လွှာလေးချရင်းခေါင်းလေးစောင်းချလိုက်မိတော့ အခန်းဝမှာခေါင်းအုံးနဲ့စောင်ထူကြီးပိုက်လျှက်ဖေးဖေးကငုပ်တုတ်ကြီးအသက်ငင်နေတယ်။

"ဖေးဖေး!..."

"ဟင်!..."

နှစ်ယောက်သားအလန့်တကြားထထိုင်လိုက်သည်အထိဖေးဖေးကဝိဉာဥ်လွင့်နေသူလိုတောင့်တောင့်ကြီး။

                                  •

*ဂလောက်!* *ဂလောက်!* *ဂလောက်!*

ဝက်စုဗူးကိုအသံတွေမြည်အောင်ဟန်ပါပါကိုင်လှုပ်နေရင်းဖေးဖေးကမျက်နှာထက်လူမိုက်အပြုံးချိတ်ဆွဲလို့။နှုတ်ပိတ်ခအဖြစ် ဖေးဖေးထံဆက်သလိုက်ရသည့်ဝက်စုဗူးကိုနှမျောတသသကြည့်ရင်းငဲ့မဲ့မဲ့ဖြစ်နေသည့်ရိပေါ်ကြောင့်ရှောင်းကျန့်မှာလည်းခေါင်းတဖြင်ဖြင်ကုတ်လို့အကြံအိုက်နေမိတယ်။သူ့ခယ်မဖြစ်လာမည့်ဖေးဖေးက ဒီလိုအမြတ်ထုတ်တတ်လိမ့်မယ်လို့ သိမှမသိပဲလေ။

"ဖေးဖေး...အဲ့စုဗူးပြန်ပေးပါလား...အကိုငွေသားပေးမယ်လေ..."

"မလိုပါဘူး!...ငွေသားကမားစီလက်ဖြန့်တောင်းလည်းရတယ်...ဖေးဖေးကကိုကိုစုထားတဲ့ဒီအကြွေစေ့တွေကိုအကျိုးရှိရှိအသုံးချမှာပါ အဟင်း...အဟင်း..."

ဖေးဖေးကိုချော့မရသည့်ရှောင်းကျန့်မှာနဘေးကမျက်နှာလေးနွမ်းနေသည့်ရိပေါ်ကိုစောင်းငဲ့ကြည့်ရင်းစိတ်မသက်သာသလိုစုတ်တချက်သပ်မိတယ်။ညီမဖြစ်သူဖေးဖေးအကြောင်းသိတာမို့ရိပေါ်ကလက်မှိုင်ချလို့မပိုင်တော့သည့်ဝက်စုဗူးလေးကိုလှမ်းငေးနေရုံသာ။

"မားကိုပြန်မတိုင်မှာသေချာတယ်နော်!..."

လက်ညိုးလေးထိုးလို့ခပ်ငေါက်ငေါက်ထပြောသည့်ရိပေါ်ပုံစံကမကျေနပ်ချက်တချို့ကြောင့်ကြောင်ပေါက်လေးမာန်ဖီတာနှင့်သဏ္ဍာန်တူသည်။

"အင်းပါ...ကိုကိုနဲ့ရှောင်းကျန့်ကောက ဟိုဒင်းဟိုဟာတွေဆိုတာကို ဖေးဖေးကြောင့်မားမသိစေရဘူးလို့ဂတိပေးတယ်...goodnightကိုကိုနဲ့ရှောင်းကျန့်ကော..."

ဂတိပေးသလိုလက်သုံးချောင်းထောင်ပြပြီးတာနဲ့အိပ်ခန်းအပြင်ထွက်သွားသည့်ဖေးဖေးကဝက်စုဗူးပိုက်လျှက်ပျော်ပျော်မြူးမြူးပင်။မပျော်မမြူးဖြစ်နေသည့်ရိပေါ်ကရှောင်းကျန့်ကိုစကားမပြောတော့ပဲကုတင်အောက်မှာဖေးဖေးလာပေးသွားသည့်ဂွမ်းစောင်ကြီးဖြန့်ခင်းရင်းနှုတ်ခမ်းတလှန်ပန်းတလှန်နှင့်။

"ကိုယ့်ကိုစိတ်ကောက်သွားတာလား..."

"ဟအင်း!..."

"ဒါဆိုဘာလို့မျက်နှာကြီးဆူထားတာလဲ!..."

"ကျွန်တော်အကြာကြီးစုထားရတာ...အရုပ်စက်ထဲကဘောလုံးကောက်ဖို့ဟာကို!...ခုထက်စုရတော့မယ်..."

အိပ်ရာခင်းကိုသေချာဖြန့်ခင်းနေရင်းတတွတ်တွတ်တိုင်တမ်းနေသည့်ကောင်လေးကြောင့်ရှောင်းကျန့်ရယ်ချင်ပေမဲ့ပေါ်တင်လည်းမရယ်မိ။ဝမ်းနည်းလို့ပြောနေတာမှန်းသိပေမဲ့ ထိုအပြုအမူတွေကကိုသူ့မျက်လုံးထဲချစ်ဖို့ကောင်းနေပြန်သည်။

"အကိုဘယ်မှာအိပ်မလဲဟင်...အိပ်ရာခင်းထားပြီးပြီ..."

အဖြေမပေးတော့ပဲကုတင်အောက်ကအိပ်ရာခင်းပေါ်ဆင်းကာထသွားဖို့ပြင်နေသည့်ကောင်လေးကိုပါဆွဲချပြီးအလျင်အမြန်စောင်ဆွဲခြုံလိုက်တယ်။စိတ်လှုပ်ရှားဟန်မျက်ဆံလေးတွေလှုပ်ခတ်သွားပြီးအကိုဆိုကာခပ်စူးစူးလေးခေါ်လာတယ်။ရုန်းနေပေမဲ့အားမပါလှတာမို့ကောင်လေးကသူ့ရင်ခွင်ထဲသာနစ်ပြီးရင်နစ်ဝင်လာတော့တယ်။

*ဂျိန်း!!!*

"မိုးခြိမ်းရင်ကိုယ်တယောက်တည်းမအိပ်ရဲဘူး..."

"ဟင်!..."

လှလှပပမုသားလေးမှာတုံးတုံးအအပဲရိပေါ်တိုးဝင်လိုက်မိတာ အဲ့ဒီခပ်နွေးနွေးရင်ခွင်ထဲကို။ပူးကပ်နေတဲ့ခန္ဓာနှစ်ခုအပြင် ရိပေါ်နှဖူးပြင်နဲ့ရှောင်းကျန့်နှုတ်ခမ်းပါးတို့လည်းကြာခံနယ်မရှိပဲဖိကပ်ထိဆက်နေကြတယ်။မိုးစက်တို့ဆက်လက်ရွာသွန်းဆဲပေမဲ့အိပ်ရာဝင်သူမရှိသည့်ကုတင်ငယ်ကတော့အနွေးဓာတ်ကင်းလို့တကိုယ်တည်းမှေးစက်ရတော့တာပဲ။



___



"ရိပေါ်!..."

ခေါ်လည်းခေါ်တနေရာကိုမေးငေါ့ပြသည့်ဖေရှီးကြောင့်နေ့လည်ဆာငုပ်စားနေရင်းရိပေါ်အကြည့်ကကဲန်တင်းအဝင်စီကို။ဖိုင်တခုကိုင်လျှက်စမတ်ကျကျလျှောက်လာသည့်အကိုကကျန်လက်တဖက်မှာလည်းမလွတ်မလပ်နှင့်။အကို့နဘေးကနေအတူလျှောက်လာသည့်ဖန်းဝေကောကလည်းထို့နည်းတူပင်။

ရှောင်းကျန့်ဝင်လာတာမြင်သည်နှင့်ရှောင်းကျန့်boyfriendလို့သိထားသည့်ရိပေါ်စီကဲန်တင်းကကျောင်းသားတွေရဲ့အကြည့်တချို့မသိမသာဝေ့ဝဲကျရောက်လာတော့တာပဲ။ရိပေါ်ကိုသာငေးစိုက်ကြည့်ရင်းရိပေါ်စီသာတည့်တည့်လျှောက်လာသည့်ရှောင်းကျန့်ကတော့ကျန်တာတွေကိုအရေးစိုက်ဟန်မရှိ။

"ကောင်လေးအတွက်!..."

ရိပေါ်ရှေ့ရေခဲမှုန့်ခွက်လှလှလေးတစ်ခွက်ချပေးရင်းဖန်းဝေနဲ့အတူရှောင်းကျန့်ပါဝင်ထိုင်လိုက်တယ်။ဖြစ်ခဲ့တဲ့ကိစ္စတချို့အတွက်ဖန်းဝေဘက်ကရိပေါ်ကိုတောင်းပန်ပြီးပြီမို့မျက်နှာမြင်နေရပေမဲ့ အနေခက်မနေတော့ပဲ အရင်လိုတရင်းတနှီးပင်။

"စီနီယာလာတာနောက်ကျတယ်နော်...အတန်းချိန်ကခုမှပြီးတာလား..."

"ဘယ်ကလာ...ဒီရေခဲမှုန့်တခွက်ရဖို့ နာရီဝက်လောက်ထိုင်စောင့်လိုက်ရတာနေ့လည်ဆာတောင်လွတ်ပြီမှတ်တာ..."

ဖေရှီးကရှောင်းကျန့်ကိုမေးတာဖြစ်ပေမဲ့ချက်ချင်းထဖြေသည့်ဖန်းဝေကြောင့်ဖေရှီးကရှုပ်လိုက်တာဆိုကာဖန်းဝေစီအကြည့်ဝေ့တယ်။ဖန်းဝေကလည်းခုမှဂုတ်လေးပုလို့မချိပြုံးလေးနဲ့။

"ကောင်လေးကိုစားစေချင်လို့ကိုယ်တကုတကသွားဝယ်လာတာ...အဲ့ဆိုင်ကခုတလောနာမည်ကြီးနေလို့လေ..."

ကျောင်းလမ်းထဲအသစ်လာဖွင့်ထားသည့်ရေခဲမှုန့်ဆိုင်လေးကပုံမှန်ချိန်တွေတောင်လူကြပ်နေတတ်ပြီးနေ့လည်ကျောင်းဆင်းချိန်ဆို ကျောင်းသားကျောင်းသူတွေနဲ့ပြည့်နေကာခုံနေရာရဖို့ပင်မလွယ်။ကောင်လေးကြိုက်တတ်သည့်သခွားမွှေးသီးရေခဲမှုန့်မှာပြီးသွားထိုင်စောင့်ပေမဲ့တခြားတမျိုးသာလာချပေးသည်မို့မရ,ရတာသာယူပြီးရှောင်းကျန့်ကဲန်တင်းဘက်ထွက်လာခဲ့ရခြင်း။မဟုတ်ရင် ကောင်လေးအတန်းပြန်ဝင်သွားလို့ရေခဲမှုန့်မကြွေးလိုက်ရပဲနေမှာမို့။ခုတောင်အချိန်က နာရီဝက်စွန်းသွားလေပြီ။

"ကောင်းကောင်းစားပါ့မယ်..."

ရေခဲမှုန့်ခွက်လေးဆွဲယူရင်းပြုံးပြလာသည့်ရိပေါ်ကြောင့်ရှောင်းကျန့်ရင်ထဲပီတိနွေးနွေးလေးဖြတ်ပြေးသွားတယ်။အချိုကြိုက်သည့်ကောင်လေးက သူဝယ်လာသည့်ရေခဲမှုန့်ကိုနှစ်ခြိုက်နေဟန် တဇွန်းပြီးတဇွန်းခပ်စားနေသည်မို့ဆံပင်အုပ်အုပ်လေးကိုလှမ်းဖွမိတယ်။အားကျနေဟန်နဘေးဝိုင်းကပျိုမဒီများ၏အကြည့်တို့မှာလည်းလင်းလက်ပြိုးပြက်လျှက်။

"အဟမ်း!...မင်းအတွက်လည်းပါတယ်..."

လုပ်ချောင်းတချက်ဟန့်ရင်းဖေရှီးရှေ့ရေခဲမှုန့်ခွက်မဝံ့မရဲတိုးပေးလာသည့်ဖန်းဝေ။ဖေရှီးကထူးဆန်းသလိုမျက်ခုံးပင့်ကြည့်တော့ နေ့လည်ဆာဝယ်ဖို့ဆိုပြီးချက်ချင်းထထွက်သွားပြန်တယ်။ဒီလူ ဆေးမှားသောက်လာတာများလား။ဘာမှမတွေးတော့ပဲ ရှေ့ကရေခဲမှုန့်ခွက်စီအကြည့်ပို့လိုက်မိတော့ဖေရှီးရင်ထဲထိတ်ခနဲ။

"ဟာ!...ရိပေါ်ခွက်လည်းကျွန်တော့်ဟာနဲ့တူတူပဲလား..."

"အင်း...ဖန်းဝေနဲ့အကိုတယောက်တခွက်စီဝယ်လာတာလေ..."

"ကျစ်!...ရိပေါ် မင်း..."

ရှောင်းကျန့်စကားအဆုံးဖေရှီး ရိပေါ်အားစိုးရိမ်တကြီးကြည့်လိုက်မိတော့ထင်သည်အတိုင်းမျက်နှာဥဥမှာနီရဲရဲအကွက်တချို့ပေါ်နေလေပြီ။ဒါကိုပင်ရိပေါ်ကသတိမထားမိသေးသည့်ပုံ ရေခဲမှုန့်ဇွန်းကိုမလွှတ်သေး။

"ဖေရှီး!...တခုခုဖြစ်...ဟင် ကောင်လေး!..."

*ဝုန်း!*

ထူးဆန်းသည့်ဖေရှီးပုံစံ၊ဘာမှမမေးလိုက်ရသေးခင်စားပွဲဘေးကြမ်းပြင်ပေါ်ပုံခနဲလဲကျသွားသည့်ရိပေါ်ကြောင့်ရှောင်းကျန့်ပျာသွားကာအမြန်ပွေ့ယူလိုက်တယ်။

"ရိပေါ်က မြေပဲနဲ့မတည့်လို့allergicဖြစ်သွားတာရှောင်းကျန့်ကော!..."

"ဟင်!...ကောင်လေး!...ကောင်လေး!...ဟာကွာ!..."

ကောင်လေးလက်ထဲကျစ်နေအောင်စုတ်ထားဆဲရေခဲမှုန့်ဇွန်းလေးကိုကြည့်ရင်းရှောင်းကျန့်မှာယူကြုံးမရစွာ။allergicကြောင့်ရဲတက်နေသည့်ပါးပြင်လေးကိုလှုပ်နှိုးကာ မငိုမိပေမဲ့ရင်ထဲကပူလောင်မှုကခြေမကိုင်မိလက်မကိုင်မိဖြစ်စေသည်အထိ။သူ့ကြောင့် သူမဆင်ခြင်လို့ သူ့ပေါ့လျော့မှုကြောင့်။

"ဟာ!...ရိပေါ်ဘာဖြစ်တာလဲ..."

"allergicဖြစ်တာ...ရေခဲမှုန့်ထဲမြေပဲပါနေလို့..."

"ဟေ့!...ရှောင်းကျန့် ကျောင်းဆေးခန်းသွားမယ်...မြန်မြန်ရိပေါ်ကိုကုန်းပိုး..."

"အာ အေအေ..."

ဖန်းဝေနဲ့ဖေရှီးအပြန်အလှန်ပြောပြီးပုခုံးကိုကိုင်လှုပ်သတိပေးတော့မှရှောင်းကျန့်သတိဝင်လာကာရိပေါ်ကိုကုန်းပိုးပြီးကျောင်းဆေးခန်းပြေးရတော့တယ်။ဗွီ(V)ရှိုတ်သဏ္ဍာန်မေးရိုးတွေကနေချွေးတွေကျလာသည်အထိမောပန်းပေမဲ့ရှောင်းကျန့်ခြေလှမ်းတွေရပ်ပစ်ဖို့မဖြစ်နိုင်။သူသိတာ ဝမ်ရိပေါ်ဆိုတဲ့သူ့ကောင်လေးတစ်ယောက်တည်း။သူ့အသက် သူ့ဝိဉာဥ် သူ့ခန္ဓာထက် ကောင်လေးဖြစ်တည်မှုလေးတစုံတရာထိခိုက်သွားမှာကို ရှောင်းကျန့်အဆမတန်ကြောက်ရွံ့ရပါသည်။

To be continue......
17/10/2021(Sunday)
Thank for your reading.♥

M/N:စာဆက်မရေးတော့ဘူးဆိုပြီးနေနေတာ၊message boxထိupdateလာတောင်းတာလေးတွေမြင်လို့upပေးလိုက်ပေမဲ့ဖတ်ရတာပေါ့နေရင်သည်းခံပေးပါနော်×_×

♡Zawgyi version♡

မိုးသံေတြတေျဖာက္ေျဖာက္ၾကားေနရတယ္။ေအာက္ထပ္ကTVအသံကိုလည္းမသဲမကြဲသဲ့သဲ့ၾကားေနရတယ္။ဝမ္မားကသိုးေမႊးခ်ည္ထိုးရင္းဇာတ္လမ္းတြဲၾကည့္ေနတယ္။ေဖးေဖးကလည္းစာက်က္ေနမယ္ထင္တယ္။ရိေပၚဦးေဆာင္ၿပီးေရွာင္းက်န့္နဲ႕အတူအေပၚထပ္ကိုေျဖးေလးစြာတက္လာၾကတယ္။

ယခုည၆နာရီ။ေရွာင္းက်န့္ျပန္မည့္အခ်ိန္မွအၿငိဳးတႀကီး႐ြာခ်လာသည့္မိုးနတ္သားေၾကာင့္ ထို႔ျပင္ ဝမ္မား၏တိုက္တြန္းမႈေၾကာင့္ေရွာင္းက်န့္အေဆာင္မျပန္ျဖစ္ပဲအေျခေနတမ်ိဳးျဖစ္သြားရတယ္။ခုေတာ့ ရိေပၚအခန္းမွာပဲေရွာင္းက်န့္လိုက္အိပ္ရေတာ့မယ္။

*clack!*

ရိေပၚဖြင့္ေပးသည့္အခန္းတံခါးကိုေနာက္ကလိုက္ဝင္ရင္းေရွာင္းက်န့္အသာျပန္ေစ့ပိတ္လိုက္တယ္။အခန္းထဲေဝ့ၾကည့္တဲ့အခါ တေယာက္အိပ္ကုတင္ေလးရယ္စာေရးစားပြဲေလးနဲ႕ကပ္ရပ္စာအုပ္စဥ္ေသးေသးေလးတခုရယ္နဲ႕အဝတ္ဗီရိုေလးတလုံးရယ္နဲ႕ေကာင္ေလးအိပ္ခန္းဆိုသည့္ေနရာေလးကက်ဥ္းက်ဥ္းေလးေပမဲ့တကယ့္ကိုကာတြန္းအိမ္ေလးလိုေနခ်င္စဖြယ္ေလး။

"အကို...အ အဝတ္လဲခ်င္လားဟင္!..."

ဂုတ္ေလးပြတ္ရင္းမဝံ့မရဲေမးလာသည့္ေကာင္ေလးပုံစံကသူ႕မ်က္လုံးထဲအသည္းယားဖို႔ေကာင္းတာထက္ပိုလြန္းေနတယ္။အင္းဆိုကာေခါင္းၿငိမ့္ျပေတာ့အဝတ္ဗီရိုေရွ႕သြားၿပီးတကုတ္ကုတ္လုပ္ေနတယ္။သူကေတာ့ဧည့္သည္ျဖစ္သည့္အျပင္ sofaလည္းမရွိ ကုတင္ေပၚမွာလည္းထိုင္လို႔မေကာင္းတာမို႔တံခါးနားမွာတင္မိုးတိုးမတ္တပ္။

"အင့္!...ကြၽန္ေတာ္နဲ႕ေတာ့နဲနဲက်ယ္တယ္ အကိုနဲ႕ဆိုေတာ္ေလာက္မယ္ထင္တယ္..."

"အင္း!...ကိုယ္ေရခ်ိဳးခန္းခဏသုံးမယ္ေနာ္..."

သူ႕ေရွ႕ထိုးေပးလာသည့္အျပာစင္းညအိပ္ဝမ္းဆက္ေလးက ေခါက္ရက္သား႐ြ႐ြကေလး။လက္လႊဲယူလိုက္ၿပီးေရခ်ိဳးခန္းထဲအဝတ္လဲဖို႔ဝင္လာလိုက္တယ္။ေကာင္ေလးအားအလုပ္မပိုေစခ်င္ေပမဲ့ သူဝတ္ထားသည့္စတိုင္ပင္နဲ႕ေတာ့ညအိပ္ရန္အဆင္ေျပလိမ့္မည္မဟုတ္။

ေရွာင္းက်န့္ေရခ်ိဳးခန္းထဲကျပန္ထြက္လာေတာ့သူ႕လိုပဲညအိပ္လဲၿပီးသည့္ရိေပၚကကုတင္ေပၚမွာပင္ဒါဝတ္ဝံ႐ုပ္ေလးပိုက္လို႔ငုတ္တုပ္ကေလး။မ်က္လုံးေမွးေမွးေလးေတြနဲ႕ေငးေငးေလးၾကည့္ေနသည္မို႔ေရွာင္းက်န့္မေနတတ္မထိုင္တတ္ျဖစ္လာရသည္အထိ။

"ကိုယ္ဝတ္ထားတာအဆင္မေျပလို႔လား..."

"ဗ်ာ!...မဟုတ္ ၾကည့္ ၾကည့္ေကာင္းတယ္..."

လႈပ္လႈပ္ရွားရွားအၾကည့္လႊဲသြားသည့္ေကာင္ေလးေၾကာင့္ေရွာင္းက်န့္ေရးေရးၿပဳံးရင္းကုတင္အစြန္းမွာဝင္ထိုင္လိုက္တယ္။ရိေပၚကအသာေလးေစာင္းငဲ့ၾကည့္ေပမဲ့ဘာမွေတာ့မေျပာဘူး။အေဆာင္ခန္းတခန္းတည္းအတူေနက်ေပမဲ့ ယခုအေျခေနကတကုတင္တည္းမွာမို႔အနည္းငယ္စိမ္းသက္ေနသေယာင္။မသိရင္ မဂ္လာဦးညကိုႏွဖူးေတြ႕ဒူးေတြ႕ႀကဳံဆုံေနရသည့္ႏွယ္ တေယာက္အနားတေယာက္မတိုးရဲမကပ္ရဲ။

"ဖန္းေဝက ေကာင္ေလးကိုေတာင္းပန္ခ်င္တယ္တဲ့..."

"ဟုတ္!..."

"ကိုယ္ခ်စ္ေပးမွာမို႔ သူ႕ဘက္ကေကာင္ေလးကိုလက္ေလ်ာ့ပါ့မယ္ေျပာတယ္..."

"အြန္း!..."

အခန္းေလးခတၱတိတ္ဆိတ္သြားတယ္။ေရွာင္းက်န့္ကဒူးႏွစ္ဖက္ေပၚလက္ေခ်ာင္းေတြလႈပ္ရွားေနရင္းရိေပၚကလည္းၿငိမ္ၿငိမ္ကေလးစကားမဆိုပဲ ရွိေနတာမို႔ထိုဝန္းက်င္မွာ မိုးက်သံသာႀကီးစိုးလွ်က္ရွိတယ္။ခဏၾကာေတာ့မေနနိုင္သည့္ေရွာင္းက်န့္ကပဲစကားစရေတာ့တယ္။

"ေကာင္ေလးအိပ္ခ်င္ၿပီလား အိပ္ေတာ့ေလ..."

"အကိုကေရာ..."

"ကိုယ္ကကိစၥမရွိဘူး ကုတင္ေအာက္မွာဆင္းအိပ္လည္းျဖစ္တယ္..."

"ဟာ!...မအိပ္ရပါဘူး...အကိုကုတင္ေပၚမွာအိပ္...ကြၽန္ေတာ္ေအာက္မွာပဲအိပ္ရာခင္းၿပီးအိပ္လိုက္မယ္..."

"ဟာ!...ဟိတ္!..."

"အင့္!..."

ေခါင္းအုံးတလုံးဆြဲၿပီးတကယ္ႀကီးေအာက္ဆင္းအိပ္ဖို႔လုပ္ေနသည့္ဟာေလးေၾကာင့္လက္ေမာင္းႏွစ္ဖက္ကိုသာသာေလးဖိကိုင္ရင္းကိုယ္ပါႂကြလို႔လွမ္းဟန့္လိုက္မိေတာ့ႏွစ္ေယာက္သားထပ္လွ်က္ေမြ႕ယာထူထူေလးေပၚအိခနဲ။မ်က္ႏွာခ်င္းကပ္လွ်က္ ႏွာဖ်ားခ်င္းကထိလုမတက္ မ်က္ဝန္းတို႔ကတတန္းတည္း။

မ်က္မွန္ဝိုင္းေအာက္ကမ်က္လုံးေလးေတြအနည္းငယ္ျပဴးက်ယ္ေနေပမဲ့ အေပၚကသူ႕ကိုယ္ႀကီးကိုတစက္ကေလးမွတြန္းဖယ္မလာဘူး။သတိထားမိသေလာက္ရဲေစြးေစြးႏႈတ္ခမ္းလုံးေလးတုန္ယင္ခ်င္ေနတယ္။ေကာင္ေလးလက္ေမာင္းေပၚကလက္ေတြနဲ႕ခႏၶာပါးေလးကိုေျပာင္းဖက္လိုက္တယ္။

ပိုၿပီးဖိကပ္ထိဆက္သြားသည့္ခႏၶာႏွစ္ခုကဝင္သက္ထြက္သက္ေတြနီးေနၾကတယ္။ပါးျပင္မို႔မို႔ကိုကနဦးဖိနမ္းလိုက္ေတာ့မ်က္ေတာင္ဖ်ားေလးေတြတျဖတ္ျဖတ္လႈပ္သြားတယ္။အကိုဆိုတဲ့အသံတိုးတိုးေလးလည္းၾကားရတယ္။ပါးႏွစ္ဖက္လုံးကိုတလွည့္စီရွိုက္နမ္းၿပီးမွမ်က္ႏွာခ်င္းျပန္ခြာေတာ့မ်က္လုံးေလးေတြအသာလွန္ၾကည့္ေနတာနဲ႕တိုးတယ္။

နဲနဲေလးပိုလိုခ်င္လာလို႔ႏႈတ္ခမ္းအိအိကိုတခ်က္ဖိကပ္လိုက္မိတယ္။႐ုတ္ခ်ည္းေရွာင္းက်န့္ေလာဘတက္လာမိတယ္။ဖြဖြေလးတခ်က္စုပ္နမ္းလိုက္တယ္။အဲ့ထက္မက္ေမာမိတာကလြဲရင္တင္းတိမ္ျခင္းကင္းေနျပန္တယ္။ျပင္းျပင္းေလးေနာက္တခ်က္ထပ္ရွိုက္္တယ္။မလုံေလာက္ေတာ့မွန္းသိသြားတယ္။ၿပီးေတာ့ ပိုပိုၿပီး။

စကၠန့္ကေနမိနစ္ေျပာင္းလာတဲ့အခါေကာင္ေလးဘက္ကစတင္တုံ႕ျပန္လာတယ္။ႏႈတ္ခမ္းလႊာေတြထိကပ္ထားရင္းပဲေခါင္းေလးေစာင္းကာေစာင္းကာတိုးနမ္းေနမိတယ္။ေကာင္ေလးကမ်က္လုံးေတြမွိတ္ထားသလိုသူလည္းပဲမိန္းေမာရင္းေမွးမွိတ္ထားတယ္။ႏူးညံ့အိေထြးမႈေၾကာင့္ႏႈတ္ခမ္းလႊာတို႔ကသံလိုက္ေတြလိုဖိဖိစီးစီးမခြဲနိုင္မခြာရက္။

"အဟင္း!...ေမာသြားၿပီ..."

ေျပာရင္းႏႈတ္ခမ္းကိုလက္မနဲ႕လာသုတ္ေပးသည့္ေရွာင္းက်န့္။ရိေပၚမ်က္လႊာေလးခ်ရင္းေခါင္းေလးေစာင္းခ်လိဳက္မိေတာ့ အခန္းဝမွာေခါင္းအုံးနဲ႕ေစာင္ထူႀကီးပိုက္လွ်က္ေဖးေဖးကငုပ္တုတ္ႀကီးအသက္ငင္ေနတယ္။

"ေဖးေဖး!..."

"ဟင္!..."

ႏွစ္ေယာက္သားအလန့္တၾကားထထိုင္လိုက္သည္အထိေဖးေဖးကဝိဉာဥ္လြင့္ေနသူလိုေတာင့္ေတာင့္ႀကီး။

                                  •

*ဂေလာက္!* *ဂေလာက္!* *ဂေလာက္!*

ဝက္စုဗူးကိုအသံေတြျမည္ေအာင္ဟန္ပါပါကိုင္လႈပ္ေနရင္းေဖးေဖးကမ်က္ႏွာထက္လူမိုက္အၿပဳံးခ်ိတ္ဆြဲလို႔။ႏႈတ္ပိတ္ခအျဖစ္ ေဖးေဖးထံဆက္သလိုက္ရသည့္ဝက္စုဗူးကိုႏွေမ်ာတသသၾကည့္ရင္းငဲ့မဲ့မဲ့ျဖစ္ေနသည့္ရိေပၚေၾကာင့္ေရွာင္းက်န့္မွာလည္းေခါင္းတျဖင္ျဖင္ကုတ္လို႔အႀကံအိုက္ေနမိတယ္။သူ႕ခယ္မျဖစ္လာမည့္ေဖးေဖးက ဒီလိုအျမတ္ထုတ္တတ္လိမ့္မယ္လို႔ သိမွမသိပဲေလ။

"ေဖးေဖး...အဲ့စုဗူးျပန္ေပးပါလား...အကိုေငြသားေပးမယ္ေလ..."

"မလိုပါဘူး!...ေငြသားကမားစီလက္ျဖန့္ေတာင္းလည္းရတယ္...ေဖးေဖးကကိုကိုစုထားတဲ့ဒီအေႂကြေစ့ေတြကိုအက်ိဳးရွိရွိအသုံးခ်မွာပါ အဟင္း...အဟင္း..."

ေဖးေဖးကိုေခ်ာ့မရသည့္ေရွာင္းက်န့္မွာနေဘးကမ်က္ႏွာေလးႏြမ္းေနသည့္ရိေပၚကိုေစာင္းငဲ့ၾကည့္ရင္းစိတ္မသက္သာသလိုစုတ္တခ်က္သပ္မိတယ္။ညီမျဖစ္သူေဖးေဖးအေၾကာင္းသိတာမို႔ရိေပၚကလက္မွိုင္ခ်လိဳ႕မပိုင္ေတာ့သည့္ဝက္စုဗူးေလးကိုလွမ္းေငးေန႐ုံသာ။

"မားကိုျပန္မတိုင္မွာေသခ်ာတယ္ေနာ္!..."

လက္ညိုးေလးထိုးလို႔ခပ္ေငါက္ေငါက္ထေျပာသည့္ရိေပၚပုံစံကမေက်နပ္ခ်က္တခ်ိဳ႕ေၾကာင့္ေၾကာင္ေပါက္ေလးမာန္ဖီတာႏွင့္သ႑ာန္တူသည္။

"အင္းပါ...ကိုကိုနဲ႕ေရွာင္းက်န့္ေကာက ဟိုဒင္းဟိုဟာေတြဆိုတာကို ေဖးေဖးေၾကာင့္မားမသိေစရဘူးလို႔ဂတိေပးတယ္...goodnightကိုကိုနဲ႕ေရွာင္းက်န့္ေကာ..."

ဂတိေပးသလိုလက္သုံးေခ်ာင္းေထာင္ျပၿပီးတာနဲ႕အိပ္ခန္းအျပင္ထြက္သြားသည့္ေဖးေဖးကဝက္စုဗူးပိုက္လွ်က္ေပ်ာ္ေပ်ာ္ျမဴးျမဴးပင္။မေပ်ာ္မျမဴးျဖစ္ေနသည့္ရိေပၚကေရွာင္းက်န့္ကိုစကားမေျပာေတာ့ပဲကုတင္ေအာက္မွာေဖးေဖးလာေပးသြားသည့္ဂြမ္းေစာင္ႀကီးျဖန့္ခင္းရင္းႏႈတ္ခမ္းတလွန္ပန္းတလွန္ႏွင့္။

"ကိုယ့္ကိုစိတ္ေကာက္သြားတာလား..."

"ဟအင္း!..."

"ဒါဆိုဘာလို႔မ်က္ႏွာႀကီးဆူထားတာလဲ!..."

"ကြၽန္ေတာ္အၾကာႀကီးစုထားရတာ...အ႐ုပ္စက္ထဲကေဘာလုံးေကာက္ဖို႔ဟာကို!...ခုထက္စုရေတာ့မယ္..."

အိပ္ရာခင္းကိုေသခ်ာျဖန့္ခင္းေနရင္းတတြတ္တြတ္တိုင္တမ္းေနသည့္ေကာင္ေလးေၾကာင့္ေရွာင္းက်န့္ရယ္ခ်င္ေပမဲ့ေပၚတင္လည္းမရယ္မိ။ဝမ္းနည္းလို႔ေျပာေနတာမွန္းသိေပမဲ့ ထိုအျပဳအမူေတြကကိုသူ႕မ်က္လုံးထဲခ်စ္ဖို႔ေကာင္းေနျပန္သည္။

"အကိုဘယ္မွာအိပ္မလဲဟင္...အိပ္ရာခင္းထားၿပီးၿပီ..."

အေျဖမေပးေတာ့ပဲကုတင္ေအာက္ကအိပ္ရာခင္းေပၚဆင္းကာထသြားဖို႔ျပင္ေနသည့္ေကာင္ေလးကိုပါဆြဲခ်ၿပီးအလ်င္အျမန္ေစာင္ဆြဲၿခဳံလိုက္တယ္။စိတ္လႈပ္ရွားဟန္မ်က္ဆံေလးေတြလႈပ္ခတ္သြားၿပီးအကိုဆိုကာခပ္စူးစူးေလးေခၚလာတယ္။႐ုန္းေနေပမဲ့အားမပါလွတာမို႔ေကာင္ေလးကသူ႕ရင္ခြင္ထဲသာနစ္ၿပီးရင္နစ္ဝင္လာေတာ့တယ္။

*ဂ်ိန္း!!!*

"မိုးၿခိမ္းရင္ကိုယ္တေယာက္တည္းမအိပ္ရဲဘူး..."

"ဟင္!..."

လွလွပပမုသားေလးမွာတုံးတုံးအအပဲရိေပၚတိုးဝင္လိုက္မိတာ အဲ့ဒီခပ္ေႏြးေႏြးရင္ခြင္ထဲကို။ပူးကပ္ေနတဲ့ခႏၶာႏွစ္ခုအျပင္ ရိေပၚႏွဖူးျပင္နဲ႕ေရွာင္းက်န့္ႏႈတ္ခမ္းပါးတို႔လည္းၾကာခံနယ္မရွိပဲဖိကပ္ထိဆက္ေနၾကတယ္။မိုးစက္တို႔ဆက္လက္႐ြာသြန္းဆဲေပမဲ့အိပ္ရာဝင္သူမရွိသည့္ကုတင္ငယ္ကေတာ့အေႏြးဓာတ္ကင္းလို႔တကိုယ္တည္းေမွးစက္ရေတာ့တာပဲ။



___



"ရိေပၚ!..."

ေခၚလည္းေခၚတေနရာကိုေမးေငါ့ျပသည့္ေဖရွီးေၾကာင့္ေန႕လည္ဆာငုပ္စားေနရင္းရိေပၚအၾကည့္ကကဲန္တင္းအဝင္စီကို။ဖိုင္တခုကိုင္လွ်က္စမတ္က်က်ေလွ်ာက္လာသည့္အကိုကက်န္လက္တဖက္မွာလည္းမလြတ္မလပ္ႏွင့္။အကို႔နေဘးကေနအတူေလွ်ာက္လာသည့္ဖန္းေဝေကာကလည္းထို႔နည္းတူပင္။

ေရွာင္းက်န့္ဝင္လာတာျမင္သည္ႏွင့္ေရွာင္းက်န့္boyfriendလို႔သိထားသည့္ရိေပၚစီကဲန္တင္းကေက်ာင္းသားေတြရဲ႕အၾကည့္တခ်ိဳ႕မသိမသာေဝ့ဝဲက်ေရာက္လာေတာ့တာပဲ။ရိေပၚကိုသာေငးစိုက္ၾကည့္ရင္းရိေပၚစီသာတည့္တည့္ေလွ်ာက္လာသည့္ေရွာင္းက်န့္ကေတာ့က်န္တာေတြကိုအေရးစိုက္ဟန္မရွိ။

"ေကာင္ေလးအတြက္!..."

ရိေပၚေရွ႕ေရခဲမႈန့္ခြက္လွလွေလးတစ္ခြက္ခ်ေပးရင္းဖန္းေဝနဲ႕အတူေရွာင္းက်န့္ပါဝင္ထိုင္လိုက္တယ္။ျဖစ္ခဲ့တဲ့ကိစၥတခ်ိဳ႕အတြက္ဖန္းေဝဘက္ကရိေပၚကိုေတာင္းပန္ၿပီးၿပီမို႔မ်က္ႏွာျမင္ေနရေပမဲ့ အေနခက္မေနေတာ့ပဲ အရင္လိုတရင္းတႏွီးပင္။

"စီနီယာလာတာေနာက္က်တယ္ေနာ္...အတန္းခ်ိန္ကခုမွၿပီးတာလား..."

"ဘယ္ကလာ...ဒီေရခဲမႈန့္တခြက္ရဖို႔ နာရီဝက္ေလာက္ထိုင္ေစာင့္လိုက္ရတာေန႕လည္ဆာေတာင္လြတ္ၿပီမွတ္တာ..."

ေဖရွီးကေရွာင္းက်န့္ကိုေမးတာျဖစ္ေပမဲ့ခ်က္ခ်င္းထေျဖသည့္ဖန္းေဝေၾကာင့္ေဖရွီးကရႈပ္လိုက္တာဆိုကာဖန္းေဝစီအၾကည့္ေဝ့တယ္။ဖန္းေဝကလည္းခုမွဂုတ္ေလးပုလို႔မခ်ိၿပဳံးေလးနဲ႕။

"ေကာင္ေလးကိုစားေစခ်င္လို႔ကိုယ္တကုတကသြားဝယ္လာတာ...အဲ့ဆိုင္ကခုတေလာနာမည္ႀကီးေနလို႔ေလ..."

ေက်ာင္းလမ္းထဲအသစ္လာဖြင့္ထားသည့္ေရခဲမႈန့္ဆိုင္ေလးကပုံမွန္ခ်ိန္ေတြေတာင္လူၾကပ္ေနတတ္ၿပီးေန႕လည္ေက်ာင္းဆင္းခ်ိန္ဆို ေက်ာင္းသားေက်ာင္းသူေတြနဲ႕ျပည့္ေနကာခုံေနရာရဖို႔ပင္မလြယ္။ေကာင္ေလးႀကိဳက္တတ္သည့္သခြားေမႊးသီးေရခဲမႈန့္မွာၿပီးသြားထိုင္ေစာင့္ေပမဲ့တျခားတမ်ိဳးသာလာခ်ေပးသည္မို႔မရ,ရတာသာယူၿပီးေရွာင္းက်န့္ကဲန္တင္းဘက္ထြက္လာခဲ့ရျခင္း။မဟုတ္ရင္ ေကာင္ေလးအတန္းျပန္ဝင္သြားလို႔ေရခဲမႈန့္မေႂကြးလိုက္ရပဲေနမွာမို႔။ခုေတာင္အခ်ိန္က နာရီဝက္စြန္းသြားေလၿပီ။

"ေကာင္းေကာင္းစားပါ့မယ္..."

ေရခဲမႈန့္ခြက္ေလးဆြဲယူရင္းၿပဳံးျပလာသည့္ရိေပၚေၾကာင့္ေရွာင္းက်န့္ရင္ထဲပီတိေႏြးေႏြးေလးျဖတ္ေျပးသြားတယ္။အခ်ိဳႀကိဳက္သည့္ေကာင္ေလးက သူဝယ္လာသည့္ေရခဲမႈန့္ကိုႏွစ္ၿခိဳက္ေနဟန္ တဇြန္းၿပီးတဇြန္းခပ္စားေနသည္မို႔ဆံပင္အုပ္အုပ္ေလးကိုလွမ္းဖြမိတယ္။အားက်ေနဟန္နေဘးဝိုင္းကပ်ိဳမဒီမ်ား၏အၾကည့္တို႔မွာလည္းလင္းလက္ၿပိဳးျပက္လွ်က္။

"အဟမ္း!...မင္းအတြက္လည္းပါတယ္..."

လုပ္ေခ်ာင္းတခ်က္ဟန့္ရင္းေဖရွီးေရွ႕ေရခဲမႈန့္ခြက္မဝံ့မရဲတိုးေပးလာသည့္ဖန္းေဝ။ေဖရွီးကထူးဆန္းသလိုမ်က္ခုံးပင့္ၾကည့္ေတာ့ ေန႕လည္ဆာဝယ္ဖို႔ဆိုၿပီးခ်က္ခ်င္းထထြက္သြားျပန္တယ္။ဒီလူ ေဆးမွားေသာက္လာတာမ်ားလား။ဘာမွမေတြးေတာ့ပဲ ေရွ႕ကေရခဲမႈန့္ခြက္စီအၾကည့္ပို႔လိုက္မိေတာ့ေဖရွီးရင္ထဲထိတ္ခနဲ။

"ဟာ!...ရိေပၚခြက္လည္းကြၽန္ေတာ့္ဟာနဲ႕တူတူပဲလား..."

"အင္း...ဖန္းေဝနဲ႕အကိုတေယာက္တခြက္စီဝယ္လာတာေလ..."

"က်စ္!...ရိေပၚ မင္း..."

ေရွာင္းက်န့္စကားအဆုံးေဖရွီး ရိေပၚအားစိုးရိမ္တႀကီးၾကည့္လိုက္မိေတာ့ထင္သည္အတိုင္းမ်က္ႏွာဥဥမွာနီရဲရဲအကြက္တခ်ိဳ႕ေပၚေနေလၿပီ။ဒါကိုပင္ရိေပၚကသတိမထားမိေသးသည့္ပုံ ေရခဲမႈန့္ဇြန္းကိုမလႊတ္ေသး။

"ေဖရွီး!...တခုခုျဖစ္...ဟင္ ေကာင္ေလး!..."

*ဝုန္း!*

ထူးဆန္းသည့္ေဖရွီးပုံစံ၊ဘာမွမေမးလိုက္ရေသးခင္စားပြဲေဘးၾကမ္းျပင္ေပၚပုံခနဲလဲက်သြားသည့္ရိေပၚေၾကာင့္ေရွာင္းက်န့္ပ်ာသြားကာအျမန္ေပြ႕ယူလိုက္တယ္။

"ရိေပၚက ေျမပဲနဲ႕မတည့္လို႔allergicျဖစ္သြားတာေရွာင္းက်န့္ေကာ!..."

"ဟင္!...ေကာင္ေလး!...ေကာင္ေလး!...ဟာကြာ!..."

ေကာင္ေလးလက္ထဲက်စ္ေနေအာင္စုတ္ထားဆဲေရခဲမႈန့္ဇြန္းေလးကိုၾကည့္ရင္းေရွာင္းက်န့္မွာယူႀကဳံးမရစြာ။allergicေၾကာင့္ရဲတက္ေနသည့္ပါးျပင္ေလးကိုလႈပ္ႏွိုးကာ မငိုမိေပမဲ့ရင္ထဲကပူေလာင္မႈကေျခမကိုင္မိလက္မကိုင္မိျဖစ္ေစသည္အထိ။သူ႕ေၾကာင့္ သူမဆင္ျခင္လို႔ သူ႕ေပါ့ေလ်ာ့မႈေၾကာင့္။

"ဟာ!...ရိေပၚဘာျဖစ္တာလဲ..."

"allergicျဖစ္တာ...ေရခဲမႈန့္ထဲေျမပဲပါေနလို႔..."

"ေဟ့!...ေရွာင္းက်န့္ ေက်ာင္းေဆးခန္းသြားမယ္...ျမန္ျမန္ရိေပၚကိုကုန္းပိုး..."

"အာ ေအေအ..."

ဖန္းေဝနဲ႕ေဖရွီးအျပန္အလွန္ေျပာၿပီးပုခုံးကိုကိုင္လႈပ္သတိေပးေတာ့မွေရွာင္းက်န့္သတိဝင္လာကာရိေပၚကိုကုန္းပိုးၿပီးေက်ာင္းေဆးခန္းေျပးရေတာ့တယ္။ဗြီ(V)ရွိုတ္သ႑ာန္ေမးရိုးေတြကေနေခြၽးေတြက်လာသည္အထိေမာပန္းေပမဲ့ေရွာင္းက်န့္ေျခလွမ္းေတြရပ္ပစ္ဖို႔မျဖစ္နိုင္။သူသိတာ ဝမ္ရိေပၚဆိုတဲ့သူ႕ေကာင္ေလးတစ္ေယာက္တည္း။သူ႕အသက္ သူ႕ဝိဉာဥ္ သူ႕ခႏၶာထက္ ေကာင္ေလးျဖစ္တည္မႈေလးတစုံတရာထိခိုက္သြားမွာကို ေရွာင္းက်န့္အဆမတန္ေၾကာက္႐ြံ႕ရပါသည္။

To be continue......
17/10/2021(Sunday)
Thank for your reading.♥

M/N:စာဆက္မေရးေတာ့ဘူးဆိုၿပီးေနေနတာ၊message boxထိupdateလာေတာင္းတာေလးေတြျမင္လို႔upေပးလိုက္ေပမဲ့ဖတ္ရတာေပါ့ေနရင္သည္းခံေပးပါေနာ္×_×

Continue Reading

You'll Also Like

97.7K 1.9K 29
In the whirlwind world of basketball and broken promises, Nailea finds herself at a crossroads as she prepares to transfer to the same college as Pai...
854K 45.3K 32
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Jungkook's ) daughter Mishel...
2M 105K 62
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
103K 3.1K 25
a paige bueckers story.