မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွာ...
By phounix12
644K 41.6K 1.3K
မာန၏ အခြားတစ်ဖက် 🌟 Intro
မာန၏ အခြားတစ်ဖက် 🌟 Part - 1
မာန၏ အခြားတစ်ဖက် 🌟 Part - 2
မာန၏ အခြားတစ်ဖက် 🌟 Part - 3
မာန၏ အခြားတစ်ဖက် ✨ Part - 4
မာန၏ အခြားတစ်ဖက် ✨ Part - 5
မာန၏ အခြားတစ်ဖက် ✨ Part - 6
မာန၏ အခြားတစ်ဖက် ✨ Part - 7
မာန၏ အခြားတစ်ဖက် 🌟 Part -8
မာန၏ အခြားတစ်ဖက် 🌟 Part - 9
မာန၏ အခြားတစ်ဖက် 🌟 Part -10
မာန၏ အခြားတစ်ဖက် 🌟 Part -11
မာန၏ အခြားတစ်ဖက် 🌟 Part - 12
မာန၏ အခြားတစ်ဖက် 🌟 Part - 13
မာန၏ အခြားတစ်ဖက် 🌟Part - 14 ❗
မာန၏ အခြားတစ်ဖက် 🌟 Part - 15
မာန၏ အခြားတစ်ဖက် 🌟 Part - 16
မာန၏ အခြားတစ်ဖက် 🌟 Part - 17
မာန၏ အခြားတစ်ဖက် 🌟 Part -18
မာန၏ အခြားတစ်ဖက် 🌟 Part - 19 🚨
မာန၏ အခြားတစ်ဖက် 🌟 Part - 20
မာန၏ အခြားတစ်ဖက် 🌟 Part - 21 🚨
မာန၏ အခြားတစ်ဖက် 🌟 Part -22
မာန၏ အခြားတစ်ဖက် 🌟 Part - 23
မာန၏ အခြားတစ်ဖက် 🌟 Part - 24
မာန၏ အခြားတစ်ဖက် 🌟 Part - 25
မာန၏ အခြားတစ်ဖက် 🌟 Part -26 🚨
မာန၏ အခြားတစ်ဖက် 🌟 Part -27
မာန၏ အခြားတစ်ဖက် 🌟Part -28
မာန၏ အခြားတစ်ဖက် 🌟 Part -29
မာန၏ အခြားတစ်ဖက် 🌟 Part - 30
မာန၏ အခြားတစ်ဖက် 🌟 Part -31
မာန၏ အခြားတစ်ဖက် 🌟 Part -32🚨
မာန၏ အခြားတစ်ဖက် 🌟 Part -33
မာန၏ အခြားတစ်ဖက် 🌟 Part - 34
မာန၏ အခြားတစ်ဖက် 🌟 Part - 35
မာန၏ အခြားတစ်ဖက် 🌟 Part - 36
မာန၏ အခြားတစ်ဖက် 🌟 Part -37
မာန၏ အခြားတစ်ဖက် 🌟 Part - 38
မာန၏ အခြားတစ်ဖက် 🌟 Part - 39
မာန၏ အခြားတစ်ဖက် 🌟 Part - 40
မာန၏ အခြားတစ်ဖက် 🌟 Part - 41
မာန၏ အခြားတစ်ဖက် 🌟 Part - 42
မာန၏ အခြားတစ်ဖက် 🌟 Part - 43
မာန၏ အခြားတစ်ဖက် 🌟 Part - 44
မာန၏ အခြားတစ်ဖက် 🌟 Part - 45
မာန၏ အခြားတစ်ဖက် # မာန၏ အခွားတဈဖကျ (Extra)
bl
မာန၏ အခြားတစ်ဖက် 🌟 Part - 46
23.2K 1.6K 58
By phounix12
Part - 46
                   မာန၏ အခြားတစ်ဖက်
                     🌟🌟🌟🌟🌟🌟
-----
သာ ကြိုးစားနေရလို့ပါ "
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
လေဆိပ်သွားဖ်ို့ပြင်နေတဲ့ ကိုယ့်ကို အခန်းထဲဝင်လာ
.
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ထားရတာ ။
" အကို !!!! "
တယ် ။
<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>
တက်တူးစာလုံးလေးတွေ ။
" ဦးမာန် ဒါက "
သွားပြီး -----
" မနာဘူးလား "
ကျင်ဘူး "
နေတယ်မို့လား "
" ဘာလဲ လွှမ်းငယ်ရယ့် "
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
" ဟုတ်ပြိီ ရိပ်ငြိမ် "
" ဘာဖြစ်လို့လဲ အကို "
ထားလိုက်ပါတယ် ။
အံ့သြနေပြီးကာမှ ----
" အကို! !!! ဘာဖြစ်လို့လဲ "
<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>
နှစ်ဖက်အသိသက်သေကတော့ ဥိီးမာန် နဲ့ လွှမ်း ပေါ့ ။
" လွှမ်းငယ် "
" ပြောလေ ဦးမာန် "
နေခဲ့မှာလေ "
ရွှင်သွားပြီး ----
ကာ ----
ကြည့်လာရင်း ----
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ပေါ့လေ ။
                  ( The End )
              #Phoenix
Thank you for All.
17.10.2021
A.M - 8:00
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
Part - 46
                   မာန၏ အခြားတစ်ဖက်
                     🌟🌟🌟🌟🌟🌟
လွှမ်း ဦးမာန်ရဲ့ လည်ပင်းကိုသိုင်းဖက်ထားလိုက်ရင်း ဦးမာန်ဆံပင်လေးတွေကိုပါ အသာဖွဖွပွတ်သပ်
ပေးနေမိတယ် ။ သိပ်ကို မာနကြီးတဲ့ ကိုယ့်ရဲ့အမျိုးသား ၊ နောက်ပြီး သူ့ကိုယ့်သူ ယုံကြည်မှာသိပ်ပြင်း
ထန်တဲ့ ကိုယ့်ရဲ့ မြတ်နိုးရာလူသား ။
ဒီလိုလူက မျက်ရည်ကျလာတာကြောင့် သူဘယ်လောက်မွန်းကျပ်ခဲ့ရမလဲဆိုတာကို ကိုယ်ချင်းစာမိတယ်။ ကိုယ်သာ သူ့နေရာမှာဆို မိသားစုဘဝတွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် လုပ်ခဲ့တဲ့သူတွေကို ခွင့်လွှတ်နိုင်ပါ့မလား ။ သိပ်တော့မသေချာပါဘူး ။ အခုတော့ ဦးမာန်က အရာအားလုံးကို သူ့အမှားလို့
သဘောထားပြီး ကိုယ့်ကိုတောင်းပန်နေတာတဲ့ ။
အများအမြင်မှာ သိပ်ကိုမာနကြီးတဲ့ ဒီလူသားရဲ့ ပုံစံအစစ်အမှန်က အထီးကျန်မှုတွေနဲ့ ဝမ်းနည်းစရာတွေသာပြည့်နေတာကို ဘယ်သူများသိနိုင်မှာလဲ ။
ကိုယ်ကလွဲပြီး ဘယ်သူကများ ကိုယ်ချင်းစာနာပေးနိုင်မှာလဲ ။
" မငိုပါနဲ့တော့ .... ဦးမာန် မျက်ရည်ကျတာမြင်ရတော့ ကျွန်တော်လဲ ရင်တွေနာရလို့ပါ ...အရာအားလုံးကို ဦးမာန်အမှားလို့လဲ တွေးစရာမလိုပါဘူး
.... အများဆုံး နစ်နာသူက ဦးမာန်ပဲလေ .... မှားခဲ့တာတွေအတွက် နောင်တရတယ်ဆိုတာကို ကျွန်တော်လက်ခံပါတယ် .... ဒါပေမယ့် ဦးမာန် မမှားခဲ့တဲ့
အရာတွေအတွက်တော့ ... တောင်းပန်နေစရာမလိုပါဘူး "
ကိုယ့်စကားအဆုံးမှာ ဦးမာန်က မော့ကြည့်လာရင်း
-----
" ကိုယ်တို့ ရှေ့ဆက်ပြီး အတူတူနေလို့ရတယ်မို့
လားလွှမ်းငယ် .... သုံးနှစ်ဆိုတဲ့အချိန်က ကိုယ်တို့နှစ်ယောက်စလုံး လုံလုံလောက်လောက်နာကျင်ဖို့
လုံလောက်တဲ့ အချိန်တစ်ခုတော့ ဖြစ်မှာပါ ... ခွဲနေခဲ့တဲ့သုံးနှစ်စလုံးမှာ .... မင်းကိုတစ်ရက်မှ ကိုယ်မေ့မသွားခဲ့ဖူး ... မင်းရှိရာကို ပြန်မလာခဲ့တာက အတိတ်တွေကို တကယ်မေ့လိုက်ချင်လို့ ... ကိုယ့်ဘာ
သာ ကြိုးစားနေရလို့ပါ "
" ကျွန်တော်နားလည်ပါတယ် .... တစ်လောကလုံးကလူတွေ ဦးမာန်ကို နားမလည်ရင်တောင် ကျွန်တော်ကတော့ နားလည်ပေးနိုင်တယ်လေ .... အဲဒါကြောင့် ဘာမှစိတ်မကောင်း မဖြစ်ပါနဲ့ .... နောက်ဆို
ကျွန်တော်က ဦးမာန် အနားမှာပဲနေမယ် .... ဦးမာန်
အတွက်ပဲတွေးမယ် ..... နောက်ပြီး ကျွန်တော်ချစ်နိုင်သလောက် အချစ်တွေနဲ့ အစွမ်းကုန်ချစ်ပေးပါ့အယ် "
" ကျေးဇူးပါ လွှမ်းငယ်ရယ် .... တကယ်ကျေးဇူးပါ "
" ကျွန်တော်ကသာ ဦးမာန်ကို ကျေးဇူးတင်ရမှာပါ...
ပြန်လာပေးလို့ ကျွန်တော့်ဆီကို အခုလိုပြန်လာပေးလို့ .... ပြောမပြတက်အောင် ကျေးဇူးတင်ပါတယ် "
စကားအဆုံးမှာတော့ ဦးမာန်က ကိုယ့်မျက်နှာကို သူ့လက်လေးနဲ့ဆွဲမော့စေလိုက်ပြီး ကိုယ့်ဆံပင် ၊ ကိုယ့်နှာဖူး ၊ ပြီးတာနဲ့ မျက်ဝန်းလေးတွေကိုပါ အသာဖွဖွနမ်းလာပါတယ် ။ အဲကနေတဆင့် ပါးပြင်တွေ ၊ နှာခေါင်းရိုးတစ်လျှောက် သူ့နှုတ်ခမ်းတွေနဲ့ မြတ်မြတ်နိုးနိုးနမ်းရှိုက်လာပြီး နောက်ဆုံးမှ ကိုယ်နှုတ်ခမ်း
လေးတွေကို ငုံစုပ်လာတဲ့အချိန် လွှမ်း ကိုယ်တိုင်အဲ
အဲအနမ်းတွေအပေါ်မှာ သာယာရစ်မူးလို့ ။
မြတ်နိုးမှုကြောင့် ဖြစ်တည်လာတဲ့အနမ်းတွေက ကြမ်းတမ်းမှု အလျင်းမရှိပဲ ယုယုယယ နဲ့ ငြင်ငြင်သာ
သာ ။ ဘယ်သူက ထင်မှာလဲ ။ ဦးမာန်လို လူတစ်ယောက်က ဒီလောက်တောင် ငြင်သာပြီးချစ်ပေးတက်မယ်လို့ ။ နောက်ပြီး သူချစ်ပေးတဲ့သူက ကိုယ်ဖြစ်နေလိမ့်မယ်လို့ ။ တကယ်ကြည်နူးစရာ ခံစားချက်လေးပါပဲလေ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
လွှမ်းငယ်ရေ! !!!! လေဆိပ်သွားမှာလား .... ရှုတင်
ကိုသွားမှာလား .... ဘာတွေအဲလောက်တောင်ပြင်ဆင်နေတာတုန်း "
လေဆိပ်သွားဖ်ု့ိပြင်နေတဲ့ ကိုယ့်ကို အခန်းထဲဝင်လာ
ပြီးမေးတဲ့ ဦးမာန်ကြောင့် လွှမ်း ရီချင်လာပါတယ် ။
မမ မင်္ဂလာဆောင်ပြီးထဲက လွှမ်း ဦးမာန်ဆီတစ်ခါထဲပြောင်းလာတာ ။ နယ်က ခြံကိုတော့ လူငှါးတွေနဲ့ပဲထားပေမယ့် ဦးမာန်က ရောင်းစေချင်နေပြီ ။
ကိုယ်တစ်လကိုတစ်ခါလောက် နယ်ကိုပြန်တဲ့အခါ
ဦးမာန်က သူအလုပ်အားအားမအားအား လိုက်တက်သူမို့ အလုပ်ထဲမှာ ရင်းနှီးတဲ့သူတွေက
* CEO က အလုပ်ထက် သူ့အမျိုးသားကို ပိုချစ်တယ်* လို့ စကြတော့ သူရှက်နေတာ ။
နဂိုထဲက အနေတည်ပြီး စကားပြောပြတ်တဲ့သူက ကိုယ့်ကိုကျ သဲသဲလှုပ်ပြတက်တော့ အလုပ်ထဲကသူတွေကလဲ စချင်စရာဖြစ်နေမှာပေါ့ ။ အဲဒါကြောင့် သူက ခြံကိုရောင်းစေချင်နေပြီ ။ ကိုယ်ကလဲ ခြံလေးကို သံယောဇဉ်ဖြစ်တော့ မရောင်းရက်သေး ။
အခုလည်း အကိုထည်ဝါ မြန်မာနိုင်ငံကိုပြန်လာမှာမို့
ရိပ်ငြိမ် နဲ့ အတူတူလေဆိပ်ကိုသွားကြိုရမှာ ။ ကိုယ်
မို့ဘယ်သွားသွား သူကလိုက်ချင်နေတဲ့သူမို့ အခုလည်း လေဆိပ်ကိုသူလိုက်ချင်မှန်းသိနေတော့ ကိုယ်
ကကြိုပြီး * ဦးမာန် မလိုက်နဲ့နော် ရိပ်ငြိမ်က အဖော်ခေါ်နေတာမို့ သူနဲ့သွားလိုက်မယ် * လို့ကြိုပြီးပိတ်လိုက်တာ ။ အခု မျက်နှာစူပုတ်ပုတ်နဲ့ ကိုယ့်အဝတ်လဲနေတာကို လာရစ်နေပါပြီ ။
" ဘာမှလည်းမပြင်ရပါဘူး ဦးမာန်ရယ် ... ဒါနဲ့မျက်
နှာကြီးကစူပုတ်နေတာပဲ .... ဘာဖြစ်နေတာလဲ "
.
ဦးမာန်က ကိုယ်မေးတာကိုပြန်မဖြေပဲ ကုတင်စောင်းမှာဝင်ထိုင်လိုက်ပါတယ် ။ မျက်နှာကတော့ မှုန်ကုတ်ကုတ်နဲ့မကြည်မလင် ။ လွှမ်း ဦးမာန်ဘေးမှာဝက်ထိုင်လိုက်ရင်း -----
" မေးနေတာပြန်လဲမဖြေဘူး .... ဘာလဲ စိတ်ကောက်နေတာလား "
" ကိုယ်က စိတ်ကောက်ရအောင် ကလေးလား "
" ကလေးမဟုတ်လဲ မျက်နှာကြီးက ဒီလောက်စူပုတ်နေတာကိုး .... ဘာလဲ လေဆိပ်မလိုက်ရလို့လား
.... လေဆိပ်ကိုမခေါ်တာကလေ ...ဦးမာန်က အကို ထည်ဝါနဲ့ရော ရိပ်ငြိမ်နဲ့ရော မရင်းနှီးတော့ အနေ
အစားကျပ်မှာစိုးလို့လေ "
" အဲဒီဒေါက်တာပြန်လာမှာကို .... သူ့ကောင်လေးက ကြိုရင်ရပြီလေ .... မင်းက ဘာသွားလုပ်မှာလဲ "
" ကဲပါ ဦးမာန်ရယ် ရစ်စရာမရှိ ကြံဖန်ရစ်မနေနဲ့ ....
အိမ်ထောင်သည်မှန်းသိနေတဲ့ ကျွန်တော့်ကို ဘယ်
သူကမှ ငရဲအကြီးခံပြီး စိတ်မဝင်စားဘူး ..... စိတ်
သာချ ... အခုလဲ ခဏပဲသွားမှာ....  ပြီးတာနဲ့ချက်ချင်းပြန်လာမယ် ဟုတ်ပြီလား "
လွှမ်းမှာတော့ သူမပါပဲ အပြင်တစ်ခါသွားဖို့ကို အာပေါက်အောင်ချော့နေရပါတော့တယ် ။ ဒါတောင် မျက်နှာက တစ်စက်လေးမှပြန်ကြည်မလာ ။ ဦးမာန်
ဟာလေ အိမ်မှာဆို တကယ်ကိုကလေးဆိုး ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ခရီးသည်တွေ တဖွဲဖွဲလမ်းလျှောက်လာတဲ့ လူအုပ်
ကြီးထဲကို လှမ်းကြည့်နေရင်း ရိပ်ငြိမ်ကတော့ ရင်တွေခုန်နေတော့တာ ။ အကိုနဲ့မတွေ့ရတာ သုံးနှစ်ကျော်ပြီလေ ။ ပထမဆုံးပြန်တွေ့ရမဲ့အချိန်မှာ တစ်ယောက်ထဲ ရင်မဆိုင်ရဲသလိုဖြစ်နေလို့ လွှမ်းကိုပါခေါ်
ထားရတာ ။
ခဏအကြာမှာတော့ လူတွေအများကြီး ကြားထဲက
နေ လမ်းလျှောက်လာတဲ့ အကို့ကိုတွေ့လိုက်တာနဲ့ ---
" အကို !!!! "
ရိပ်ငြိမ် ရဲ့ ခေါ်သံကြောင့် အကိုက ကိုယ်တွေရှိတဲ့ဘက်ကို လှမ်းကြည့်လိုက်ကာ ပြုံးပြလာပါတယ် ။
လမ်းဆက်မလျှောက်မလာပဲ ရပ်နေတဲ့ အကို့ဆီကို
ရိပ်ငြိမ်က အပြေးလေးသွားတဲ့အချိန် အကိုထည်ဝါကသူ့လက်နှစ်ဖက်ကို ဘေးကိုဆန့်ထားပြီး အဆင်သင့်ကြိုဆိုလို့ ။ သူ့ရင်ခွင်ထဲပြေးဝင်သွားတဲ့ ရိပ်ငြိမ် ကိုပွေ့ချီလိုက်တာများ ကလေးလေးတစ်ယောက်ကို တယုတယချီပိုးထားသလိုမျိုး ။ ဘေးကကြည့်နေတဲ့သူဆီပါ အပျော်တွေကူးစပ်လာစေပါ
တယ် ။
ပြီးတာနဲ့အကိုက ရိပ်ငြိမ်ကို ပခုံးလေးဖက်ရက်သား
လမ်းလျောက်လာရင်း လွှမ်း ကိုလဲ အားနေတဲ့လက်တစ်ဖက်နဲ့ လက်လှမ်းဝေ့ပြရှာတယ် ။ အချိန်ဘယ်လောက်ကြာကြာ အကိုအရင်းတစ်ယောက်ကို
ပြန်တွေ့ရသလိုမျိုး နွေးထွေးတက်တဲ့အကိုရယ်ပါ ။
လွှမ်းကတော့ အကို နဲ့ ရိပ်ငြိမ် ကို စကားခဏပြော
ပြီး အိမ်ပြန်ဖို့ပြင်ရပါတယ် ။ အပြင်မှာအရမ်းကြာရင်
အိမ်က အဖိုးကြီးက စူပုတ်ကောက်ချိတ်နေတော့မှာလေ ။
<<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>
အိမ်ထဲဝင်လိုက်တာနဲ့ တစ်အိမ်လုံးတိတ်ဆိတ်နေတာကြောင့် ဦးမာန်ကိုလိုက်ရှာကြည့်တော့ ဘယ်မှာမှမတွေ့ ။ ကုမ္မဏီပိတ်ရက်ကြီးကို ဘယ်များသွားတာလဲဆိုတာသိချင်လာပြီး ဖုန်းခေါ်ကြည့်လိုက်တော့ ဖုန်းကဝင်သွားပေမယ့် ဦးမာန်က မကိုင်ပါဘူး ။
ကုမ္မဏီကိုများ အရေးပေါ်ကိစ္စရှိလို့သွားတာလားလို့တွေးမိပြီး ဖုန်းလဲဆက်မခေါ်ဖြစ်တော့ပဲ ကိုယ်လုပ်စရာတွေရှိတာလေးတွေပဲ လုပ်နေလိုက်ပါတယ် ။ ဒီလိုနဲ့ ညနေကတဖြည်းဖြည်းစောင်းလာပြီး
အပြင်မှာမှောင်စပျိုးလာတဲ့အချိန် လူကစိုးရိမ်စိတ်ဝင်လာပြီး နောက်တစ်ခါဖုန်းခေါ်လိုက်တော့ ဦးမာန်
က ဖုန်းချက်ချင်းကိုင်ပြီး ----
" ကိုယ် ကားပါကင်ကိုရောက်နေပြီ လွှမ်းငယ် ... ခဏနေ ရောက်ပြီနော် "
" အော်!!! ဟုတ်ကဲ့ ဦးမာန် ကျွန်တော်က မှောင်လာ
ပြီမို့ ဖုန်းဆက်ကြည့်တာပါ "
လွှမ်း ဖုန်းချလိုက်ပြီး ငါးမိနစ်လောက်အကြာမှာပဲ
ဦးမာန်က ပြန်ရောက်လာပါတယ် ။ လွှမ်း ပထမဆုံး
သတိထားမိလိုက်တာက ဦးမာန် မျက်နှာမကောင်းတာပဲ ။ အပြင်ကနေပြန်လာလာချင်း အိပ်ခန်းထဲ
တန်းဝင်သွားတဲ့ ဦးမာန် အနောက်ကနေဝင်လိုက်
သွားပေမယ့် သူကရေချိုးခန်းထဲရောက်နေပြီ ။
ခါတိုင်းလိုပဲ သူဝတ်မယ့်အဝတ်အစားအသင့်ထုတ်
ပေးရင်း ထိုင်စောင့်နေလိုက်တော့ ခဏအကြာ
မှာတော့ ရေချိုးခန်းထဲကနေထွက်လာတဲ့ ဦးမာန် ။
ဆံပင်တွေကလည်း ရေတွေစိုနေလို့ ။
ကိုယ်ထုတ်ပေးထားတဲ့ အဝတ်အစားတွေကိုယူဝတ်ပြီးတာနဲ့ သူ့ဘာသာ ဆံပင်ရေစိုတွေကိုသုတ်နေတာကြောင့် လွှမ်း အနားကိုသွားလိုက်ရင်း ---
" ဦးမာန်! !!! မိုးချုပ်နေမှ ဘာလို့ခေါင်းလျှော်ရတာလဲ .... ပေး ကျွန်တော်သုတ်ပေးမယ် "
" ရတယ် လွှမ်းငယ်လေးရယ့် .... ကိုယ့်ဘာသာသုတ်လိုက်မယ် "
" ပေးပါ ကျွန်တော်သုတ်ပေးပါ့မယ် "
ပြောပြီးတာနဲ့ ဦးမာန်လက်ထဲက တဘက်ကိုယူလိုက်တဲ့အချိန် မမျှော်လင့်ပဲတွေ့လိုက်ရတဲ့ အရာတစ်ခုကြောင့် သူ့လက်ကိုဆွဲယူပြီး ကြည့်လိုက်မိတဲ့အချိန် လက်ကောက်ဝတ်နေရာမှာ တွေ့လိုက်ရတဲ့
တက်တူးစာလုံးလေးတွေ ။
ထင်ထင်းရှားရှားထိုးထားတဲ့ အင်္ဂလိပ်စာလုံးလေးလုံးက လွှမ်းရဲ့နာမည်အတိုကောက် ဖြစ်နေတာ။
အခုမှထိုးလာမှန်းသိသာစွာ အသားတွေကနီရဲလို့ ။
" ဦးမာန် ဒါက "
ဦးမာန်မျက်နှာက အနည်းငယ်ရှက်သွားသလို ဖြစ်
သွားပြီး -----
" ဟုတ်တယ် .... ကိုယ်ထိုးချင်စိတ်ဖြစ်လာလို့သွားထိုးလာတာ "
" မနာဘူးလား "
" ချစ်ရတဲ့ ဒုက္ခလောက် ..... ဘယ်အရာကမှ မနာ
ကျင်ဘူး "
ဒီလောက်ဆို ကိုယ်သဘောပေါက်လိုက်ပြီ ။ ဦးမာန်
သူ့ဘာသာတွေးချင်ရာတွေးပြီး စိတ်မကောင်းတွေဖြစ်နေပြီဆိုတာ ။ လွှမ်း က ခုံပေါ်မှာထိုင်နေတဲ့ ဦးမာန်ရဲ့အရှေ့တည့်တည့်မှာ သွားရပ်လိုက်ရင်း ----
" ဦးမာန် ကျွန်တော့်ကို ကြည့်ဦး "
ကိုယ့်စကားကြောင့် ဦးမာန်က မော့ကြည့်လာတဲ့အချိန် ----
" ကျွန်တော် အကို့ကို သွားကြိုတာ .... ဦးမာန်ကိုမခေါ်လို့ စိတ်မကောင်းဖြစ်နေတာမို့လား မညာနဲ့ "
" ကိုယ် မင်းကိုယုံပါတယ် .... နောက်ပြီး ဒေါက်တာကို့လည်း ယုံတယ် "
ကိုယ်မေးတာက တခြား ။ သူပြန်ပြောလာတာက တခြား ။ ဒီကလေးကြီးနဲ့တော့ ခက်နေပါပြီ ။
" ယုံပေမယ့် တစ်ယောက်ထဲ တွေးချင်ရာတွေ တွေး
နေတယ်မို့လား "
" ကိုယ် မတွေးမိအောင်နေပါသေးတယ် "
" မှန်မှန်ပြော တက်တူးဘာလို့ထိုးလာတာလဲ "
ကိုယ့်စကားကြောင့် ဦးမာန်က သက်ပြင်းချလိုက်ရင်း -----
" ချစ်ရတဲ့သူရဲ့ နာမည်ကို .... ကိုယ့် ခန္ဓာကိုယ်ပေါ်မှာ .... သေရာပါအောင်တင်ထားချင်တာ .... ကိုယ်
မှားသွားလို့လား လွှမ်းငယ်ရဲ့ .... လက်ကောက်ဝတ်
မှာထိုးလာတာက ..... အမှန်တိုင်းပြောရရင် မင်း ကို
ယ့်အနားကနေသာ .... အကြောင်းအမျိုးမျိုးကြောင့်
ထွက်သွားရင် မင်းနာမည်ရှိတဲ့နေရာက .... ကိုယ့်ကိုကိုယ် အဆုံးစီရင်မယ့်နေရာပဲ "
" ဦးမာန် ပြောချင်တာက .... ကျွန်တော်သာထွက်
သွားရင် .... ကိုယ့်လက်ကောက်ဝတ်ကို ကိုယ့်ဘာ
သာ ဓားနဲ့လှီးမယ်ပေါ့ .... အဲလိုလား "
ကိုယ်ကမေးပေမဲ့ ဦးမာန် က ဘာမှမဖြေပဲ ငေးငိုင်နေလို့ ။လွှမ်း နားလည်လိုက်ပါပြီ ။ မိသားစုကို ဆုံးရှုံး
ခဲ့ရတဲ့ ဦးမာန်ရဲ့စိတ်ဒါတ်ရာက အခုထိကို စွဲမြဲနေတုန်း ။ ဒါကြောင့်လဲ သူထပ်ပြီး တွယ်တာမိတဲ့ကိုယ့်
အပေါ်ကို စိုးရိမ်စိတ်တွေလွန်ကဲနေတာ ။ ဒီလူကြီး
ကို သနားလွန်းလို့ ဘယ်လိုတွေတောင် လုပ်ရပါ့မလဲ ။ မာနသိပ်ကြီးတဲ့ လူကြီးရဲ့ ဝမ်းနည်းမှုတွေကိုမြင်နေရတာ တကယ်မခံစားနိုင်တော့ပါဘူး ။
လွှမ်း ဦးမာန်ကို ပခုံးကနေဖက်လိုက်တာကြောင့်
သူ့မျက်နှာက ကိုယ့်ရင်ခွင်ထဲမှာ ရှိနေပါတယ် ။ ဦးမာန်ကလည်း ကိုယ့်ခါးတွေကို သိုင်းဖက်လာရင် ----
" ကိုယ် မင်းကို ဘာအကြောင်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး လွှမ်းငယ်ရယ် .... ကိုယ့်မှာမင်းပဲရှိတာပါ ....
မင်းတစ်ယောက်ပဲရှိတဲ့ကောင်ပါ "
လွှမ်း ဦးမာန်ဆံပင်လေးတွေကို ငုံ့နမ်းလိုက်ရင်း ---
" ကျွန်တော့်မှာလဲ ဦးမာန်ပဲရှိလို့ ဘာအကြောင်းနဲ့မှ
ခွဲမသွားပါဘူး .... စိတ်ချပါ ကျွန်တော်ချစ်တဲ့သူက ဦးမာန်ပဲ .... လုံးဝကိုပြောင်းလဲမှာမဟုတ်ဘူး .... ဦးမာန်သိရဲ့လား .... ကျွန်တော်က ခင်ဗျားကြီးကို ရူးနေရလောက်အောင်ချစ်တာပါဆို "
" ကိုယ်ရောပဲ .... မင်းကို ဘယ်လောက်ချစ်ပါတယ်လို့ .... နှိုင်းပြစရာတောင်မရှိဘူး "
" ဒါဆို ဘာလို့ အတွေးတွေလွန်နေရတာလဲ ဦးမာန်
ရယ် .... အလကား စိတ်ပင်ပန်းရအောင် ကိုယ့်ကိုကိုယ်မညှင်းဆဲပါနဲ့ "
" အင်းပါ !!! ကိုယ်အတွေးလွန်သွားတာ တောင်းပန်ပါတယ် "
" တောင်းပန်စရာမလိုပါဘူး .... တစ်ခုတော့ရှိတယ် "
" ဘာလဲ လွှမ်းငယ်ရယ့် "
" မနက်ကျရင် ဦးမာန် တက်တူးထိုးတဲ့ဆိုင်ကို ကျွန်
တော့်ကို လိုက်ပို့ပေးရမယ် "
" ဟင်! !!! လွှမ်းငယ် ကဘာလုပ်ဖို့လဲ "
" ကျွန်တော်လဲ ဦးမာန်နဲ့ ဆင်တူ တက်တူးထိုးချင်တယ် .... ချစ်ရတဲ့သူရဲ့ နာမည်ကို ကျွန်တော်လည်း အမှတ်တရသိမ်းထားချင်တယ်လေ "
ကိုယ့်စကားကြောင့် ဦးမာန် နှုတ်ခမ်းလေးတွေကော့တက်လာတဲ့အထိ ပြုံးသွားပါပြီ ။ ကိုယ့်ကို မော့ကြည့်နေတဲ့ ဦးမာန်နှုတ်ခမ်းတွေဆီ အနမ်းတစ်ပွင့်
ပေးလိုက်ပါတယ် ။ အလကား ဒီလူကြီး အတွေးလွန်ပြီး စိုးရိမ်နေတာ ။ ကိုယ်က သူ့ကိုချစ်လို့တောင်မဝတဲ့ဟာကို ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
အကို က သူ့ငှါးထားတဲ့အိမ်ကို နိုင်ငံခြားထွက်ထဲက
ပြန်အပ်ခဲ့တာမို့ အခုပြန်လာတဲ့အလာတဲ့အချိန်မှာ
တော့ ရိပ်ငြိမ် အိမ်ကိုပဲ ခေါ်လာတာပါ ။
အကို့အတွက် ပြင်ပေးထားတဲ့အခန်းထဲမှာ ပစ္စည်း
တွေနေရာချပေးပြီးတာနဲ့ ----
" အကို! !! ခဏနားပြီးရေချိုးလိုက်နော် ... ပြီးရင် ထမင်းစားဖို့ လာခေါ်မယ် "
" ဟုတ်ပြီ ရိပ်ငြိမ် "
ကိုယ့်ပစ္စည်းတွေအကုန်လုံးကို နေရာချပေးပြီးမှ အပြင်ထွက်သွားတဲ့ ရိပ်ငြိမ်နောက်ကျောလေးကိုကြည့်ပြီး ထည်ဝါ ပြုံးလိုက်မိပါတယ် ။ သိပ်အေးချမ်းပြီး စိတ်ကောင်းနှလုံးကောင်းရှိလွန်းတဲ့ကောင်လေး ။
ကိုယ် တကယ်ကို ချစ်မိသွားတဲ့ကောင်လေး ။
အရင်ကြုံခဲ့ဖူးတဲ့အချစ်က ရယူလိုချင်းကင်းပေမယ့်
ဒီကောင်လေးကိုတော့ တကယ်ပိုင်ဆိုင်ချင်မိတယ်။
သူနဲ့သာဆိုရင်ဘဝတစ်လျှောက်လုံး လုံခြုံအေးချမ်း
မှုကို ခံစားရမယ်ဆိုတာ စိတ်ထဲကနေ သေချာသိနေတာမျိုး ။ ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ သီးသန့်အချစ်
တစ်ခုက ရိပ်ငြိမ်တစ်ယောက်ထဲအတွက်သာ ။
တစ်နာရီလောက်အကြာမှာတော့ ---
" ဒေါက်! !! ဒေါက်! !! အကို ပြီးပြီလား .... ထမင်းစားကျမယ်လေ "
" ပြီးပြီ ရိပ်ငြိမ် .... အခန်းထဲ ခဏဝင်လာပါဦး "
ကိုယ်ပြောလိုက်တဲ့စကားကြောင့် အခန်းထဲဝင်လာတဲ့ရိပ်ငြိမ် ။
" ဘာဖြစ်လို့လဲ အကို "
စကားဆုံးတာနဲ့ ထည်ဝါက ရိပ်ငြိမ်ကိုသိုင်းဖက်ထား
ထားလိုက်ပါတယ် ။
မထင်မှတ်တဲ့ အကို့ရဲ့အပြုအမူကြောင့် ရိပ်ငြိမ်လဲ
အံ့သြနေပြီးကာမှ ----
" အကို! !!! ဘာဖြစ်လို့လဲ "
" အကို ရိပ်ငြိမ်ကိုချစ်တယ် .... အခု ပြန်ရောက်ရောက်ချင်းပြောရတာက အကို အချိန်တွေ ထပ်ပြီးမစောင့်နိုင်လို့ပါ .... ကိုယ်တို့ လက်ထပ်ကျရအောင် ရိပ်ငြိမ်ရယ် .... အကို မင်းကိုမခွဲနိုင်တော့ဘူး "
ကြားလိုက်ရတဲ့စကားကြောင့် ရိပ်ငြိမ် တကယ်ပျော်
သွားပြီး ဘာပြန်ပြောရမှန်းတောင် မသိနိုင်တော့ပါဘူး ။ ဒီစကားတွေကြားရမယ်ဆိုသိပေမယ့် ဒီလောက်မြန်မြန်တော့ ပြောမယ်မထင်သေးတာလေ ။
" ရိပ်ငြိမ် အကို့ကိုစကားပြန်ပြောဦလေ ... အကိုတို့လက်ထပ်ကျရအောင်လို့ "
" ဟုတ်ကဲ့!!! အကိုသဘောပါပဲ ... ကျွန်တော်က အကို့ကို စောင့်နေတာကြာပြီလေ "
" ရိပ်ငြိမ်ရယ် ကိုယ့်ကလေးရယ် ချစ်လိုက်တာ "
<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>
ဒီနေ့ဟာ အကိုထည်ဝါပြန်ရောက်ပြီး တစ်လအကြာ ။ အကို နဲ့ ရိပ်ငြိမ် တရားရုံးမှာလက်မှတ်ထိုးတဲ့နေ့ ။
နှစ်ဖက်အသိသက်သေကတော့ ဦးမာန် နဲ့ လွှမ်း ပေါ့ ။
ဦးမာန် လက်မှာ တက်တူးသွားထိုးတဲ့နေ့ကနေစပြီး
ကိုယ်ဘယ်သွားသွား ဦးမာန်ကို အသိပေးတက်သ
လို အကိုထည်ဝါတို့နဲ့ တွေ့ဖို့ရှိရင် ဦးမာန်အားတဲ့အချိန်နဲ့တိုက်ပြီး ဦးမာန်ပါ တခါထဲ ခေါ်သွားတော့တာ။
အခုဆို ဦးမာန်ပါ အကိုတို့နဲ့ ရင်းနှီးနေပြီ ။
ဒီနေ့ အကိုတို့ လက်မှတ်ထိုးပြီးတာနဲ့ ဦးမာန်က ဘာစိတ်ကူးပေါက်တယ်မသိပဲ နယ်က ခြံကို သွား
ကျမယ်ဆိုတာနဲ့ အစီအစဉ်မရှိပဲ ထွက်လာဖြစ်ပါတယ် ။ ခြံကိုရောက်တော့ ညမိုးချုပ်နေပြီ ။
အလုပ်သမားတွေ မရှိရှိတာလေးတွေနဲ့ ချက်ပြုတ်ကျွေးတဲ့ ညစာကိုစားပြီးတာနဲ့ လွှမ်းကတော့ အလုပ်
သမားတွေဆီကိုသွားပြီး လိုတာလေးတွေမှာ ပြီး
တာနဲ့ ကလေးတွေကို မုန့်ဖို့ပေး ။ ပြီးမှအိမ်ကိုပြန်
လာတော့ ဦးမာန်က အိပ်ခန်းထဲက ကုတင်ဘေးမှာ
အိပ်ယာခင်းပြီး အိပ်နေတာမို့ ----
" ဦးမာန် !!! ကုတင်ပေါ်မှာ မအိပ်ဘူးလား ... ဘယ်
လိုဖြစ်လို့ ကြမ်းပေါ်အိပ်နေတာလဲ ... ထူးထူးဆန်းဆန်း "
" ဒီကို လာအိပ် လွှမ်းငယ်လေး "
ဦးမာန်က ကိုယ့်ကို သူ့ဘေးနားက နေရာမှာ အိပ်ခိုင်းနေတာမို့ ဝင်လှဲအိပ်လိုက်ပါတယ် ။ ကိုယ်အိပ်လိုက်တာနဲ့ သူ့ရင်ခွင်ထဲဆွဲသွင်းပြီး ဖက်လိုက်တဲ့ ဦးမာန်က ----
" လွှမ်းငယ် "
" ပြောလေ ဦးမာန် "
" ကိုယ်တွေးနေတာ ... ဒေါက်တာတို့ လက်ထပ်
တာကလေ ...  ကိုယ်တို့နဲ့ဆို လေးနှစ်လောက်ကွာတယ်မို့လား "
" ဟုတ်တယ်လေ ဘာဖြစ်လို့လဲ "
" ကိုယ်တို့က စီနီယာတွေလေ...  နောက်ကားကျော်တက်ရင်အဆင်မပြေဘူး "
" ဘာဖြစ်လို့လဲ ဦးမာန်ရဲ့ .... ဘာကိုနောက်ကားကျော်တက်ရမှာလဲ "
" ကိုယ်တို့ သားသမီးယူရအောင် ....သူတို့က ဆရာဝန်အတွဲဆိုတော့ .... တော်ကြာ သားသမီးအရင်ထယူလိုက်ရင် .... ကိုယ်တို့ နောက်ကောက်ကျကျန်
နေခဲ့မှာလေ "
လွှမ်း ကတော့ ဦးမာန်စကားကြောင့် တဟားဟား
အော်ရီမိပါတော့တယ် ။ အကြောင်းမသိရင်ခက်မယ်။ သူ့ဘာသာ သားသမီးယူချင်နေတာကို သူများအတွဲကို တရားခံရှာနေတာ ။
ဦးမာန်ပြောတာလဲ ဖြစ်သင့်ပါတယ် ။အခုဆို ဦးမာန်
က အသက်သုံးဆယ်ကျော်ကိုယ်က အသက်နှစ်ဆယ်ကျော် ။ သားသမီးယူသင်တဲ့အချိန်ကောင်းပါပဲ ။
" ဦးမာန် လိုချင်ရင် ယူကျရအောင်လေ .... ကျွန်တော်လဲ လိုချင်ပါတယ် "
ကိုယ့်စကားကြောင့် ဦးမာန် မျက်နှာက ချက်ချင်းပြုံး
ရွှင်သွားပြီး ----
" နိုင်ငံခြားမှာ သွားယူမယ်နော် လွှမ်းလေး .... နှစ်ယောက်လောက်တော့ယူကျရအောင် "
" ဟုတ်ပါပြီ ဦးမာန် သဘောပါပဲ .... ဒါနဲ့ ဘာလို့ကုတင်ပေါ်မှာ မအိပ်တာလဲ .... တော်ကြာ ကျောတွေနာနေလိမ့်မယ် "
" မအိပ်ပါဘူး .... ကုတင်က တကျီကျီနဲ့ .... တော်
ကြာ ကျိုးကျရင် လူကြားမကောင်းဖြစ်မယ် "
သူ့ဘာသာနေတဲ့ ကုတင်က ဘာလို့ကျိုးကျရမှာလဲ
လို့ တွေးနေရင်းနဲ့ ဦးမာန်ကို ကြည့်လိုက်တော့ မျက်
နှာက ပြုံးစိစိနဲ့မို့ ချက်ချင်း သဘောပေါက်သွား
ကာ ----
" ဦးမာန် လူညစ်ပတ်ကြီး .... တကယ်မှတ်လို့ နားထောင်နေတဲ့ဟာကို .... ဒီညတော့ မရဘူးမှတ် "
" ဘယ်သူက ခွင့်တောင်းနေလို့လဲ .... ကိုယ့်အမျိုးသားလေးက ကိုယ့်ကို အလိုလိုက်တာသိပြီးသား "
ပြောပြီးတာနဲ့ ဦးမာန်က လွှမ်းကို နင့်နင့်သီးသီး စိုက်
ကြည့်လာရင်း ----
" ကိုယ်လေ မင်းကို ရူးလောက်အောင်ကို ချစ်တယ်သိလား "
ပြောပြီးတာနဲ့ လွှမ်း ရဲ့ ခန္ဓာကိုယ်အနှံ့ရစ်ပတ်လာတဲ့ အနမ်းတွေဟာ တကယ်ကို ရူးသွတ်ပစ်လိုက်
ဖို့ထိုက်တန်ပါတယ် ။ ကြမ်းတမ်းမှုမရှိ နူးညံ့မှုအပြည့်နဲ့ ချစ်ခြင်းတရားထဲ ပျော်ဝင်မိတိုင်း အရာအားလုံးကို မေ့သွားစေနိုင်တဲ့ ဦးမာန်ရဲ့ ညှို့ယူနိုင်မှုထင်ပါရဲ့ ။
ဝင်သက် ထွက်သက်နွေးနွေးတွေကအစ မက်မောပါတယ် ။ ချစ်ရတဲ့ ဦးမာန်ဆီ တန်ဖိုးထားချစ်ခင်ခံရမှုကို ကျွန်တော် တကယ်ကြီး နှစ်သတ်မြတ်နိုးရတာပါ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ညကနက်လာလေ ။ ပတ်ဝန်းကျင်ကတိတ်ဆိတ်
လာလေ ။ ကုတင်ပေါ်အိပ်ရင် အသံမြည်မှာစိုးလို့
ပျဉ်ပေါ်ဆင်းအိပ်တဲ့ အခန်းလေးဆီကနေ တစ်ချက်တစ်ချက် ညည်းညူသံတစ်ချို့က အသံမကွဲ
ထွက်ပေါ်နေပေမယ့် ဘယ်သူကမှတော့ သတိမထားမိပါဘူး ။ သစ်ပင်ပေါ်မှာနားနေတဲ့ ညငှက်လေးတွေကတော့ ရှက်များနေမလား မသိနိုင်ပါဘူး
ပေါ့လေ ။
                  ( The End )
              #Phoenix
Thank you for All.
17.10.2021
A.M - 8:00
A/N - ဒီအထိဖတ်ပြီးရင်တော့ ကြယ်လေးတစ်ပွင့်
         လောက် လက်ဆောင်ပေးဖို့တောင်းဆိုပါရစေ ။ ဒီ Fic လေးနဲ့ပတ်သက်ပြီး ပြောချင်တာများရှိရင်လဲ စာပို့ပြီး ပြောလို့ရပါတယ်ရှင့် ။
Continue Reading
You'll Also Like
60.2K 15.7K 55
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
257K 19.2K 60
ដើម្បីកូន អូនព្រមទទួលយកគ្រប់យ៉ាង សូម្បីតែនាមជា«ប្រពន្ធចុង» Jeon Jungkook x Kim Taehyung (Top) (Btt)
553K 33.4K 67
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
13.7K 2.6K 29
එන්නෙ කවදද බලමින් පෙර මග දෑඟිළි ගැන්නත් බොහෝ කලක් හිත මිය යනකං නෑවිත් ඉඳියේ ආදරෙ නැතුවද බිඳුවක්වත් සුදු අප්පො දරාගන්න බැරි හැඟීම...