မာန၏ အခြားတစ်ဖက် 🌟 Part - 16

11K 808 56
                                    

Part - 16

               မာန၏ အခြားတစ်ဖက်

                🌟🌟🌟🌟🌟 🌟

လွှမ်း က အိမ်မှာသုံးရက်လောက်နားပြီး
နေလိုက်ရတော့ စိတ်ထဲမှာ တော်တော် နေလို့
ကောင်းသွားတယ်လို့် ခံစားလိုက်ရတယ် ။

အကို  ကလည်း နေမကောင်းဘူးလားဆိုပြီး ဂရု
တွေစိုက်ပေးလွန်းလို့ ကိုယ့်မှာ နေရတောင်ခက်
လာတဲ့အထိ ။ ဒီဒေါက်တာလေးဟာ သူ့ဘေးနား
မှာရှိတဲ့လူတွေအပေါ်ကို စိတ်ရင်အမှန်နဲ့ နွေးနွေး
ထွေးထွေး ဆက်ဆံပေးတက်သူမို့ သူ့အနားနေရ
ရင် အလိုလို စိတ်အေးချမ်းမှုတွေ ကူးစပ်စေတက်
တဲ့သူမျိုး ။တကယ်ကို သဘောကျချင်စရာ ကောင်းတဲ့သူမျိုးပါ ။

ကိုယ်ရူးရူးမိုက်မိုက် ချစ်ခဲ့ရတဲ့လူဆီမှာ အဲလိုနွေး
ထွေးမှုမျိုး နည်းနည်းလေးလောက်သာ ပါလာခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ။အနည်းဆုံးတော့ အိမ်တထိလိုက်လာပြီး စကားတွေနဲ့ အရှက်ရ
အောင် မလုပ်လောက်ဘူးထင်ပါရဲ့ ။

ဘယ်လောက်ပဲ ချစ်ခဲ့ရစေဦးတော့ ကိုယ်လည်း
ယောက်ျားတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီလို
စကားလုံးတွေနဲ့ အခြားယောက်ျားတစ်ယောက်က ရစရာမရှိအောင်ပြောသွားတဲ့အခါမျိုးမှာ  တကယ်
ရှက်ရွံခဲ့ရတာပါ ။

ခင်ဗျား အဲလိုအပြောမျိုးတွေ အဲလိုတကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေကြောင့်ချစ်ခြင်းမေတ္တာနဲ့
ပတ်သက်ရင် ကျိန်စာသင့်နေတာနေမှာ ဦးမာန် ။

* လူတစ်ချို့ရဲ့ ဆိုးရွားသော ရှင်သန်နေထိုင်မှု
တွေက .... ဘယ်သူ့ပယောဂမှမပါဘူး .... သူ့ပယောဂနဲ့သူ .... အပမှီနေတာ * တဲ့ ။

လွှမ်း ဖတ်ခဲ့ဖူးတဲ့ စာလေးတစ်ပုဒ် ။ အခု ဦးမာန်
လည်း ချစ်ခြင်းမေတ္တာနဲ့ပတ်သက်ရင် ကံခေနေတာ
ဘယ်သူ့ပယောဂမှ မပါဘူး ။ ဦးမာန် ရဲ့ ကိုယ့်အ
တွက်ပဲကိုယ်ကြည့်တဲ့ စိတ်ကြောင့် ဘယ်သူကမှ အနားရှိမနေနိုင်တာ ။

နောက်ဆို ခင်ဗျား တစ်ယောက်ထဲဘဝကို အထီးကျန်ဆန်ဆန်ဖြတ်သန်းရလိမ့်မယ် ။ အဲနေ့ရောက်မဲ့အချိန်ကို စောင့်သာနေ ။

" လွှမ်း .... လွှမ်းလေး! !! နေမကောင်းဘူးလား .... ဘာတွေတွေးနေတာလဲ "

ဘေးကနေ ပခုံးကိုလာလှုပ်ပြီးခေါ်လိုက်တဲ့ အသံ
ကြောင့်ပဲ လွှမ်း အတွေးတွေ ရပ်တန့်သွားပါတယ် ။
လှည့်ကြည့်လိုက်တော့ ကိုယ့်ဘေးနားမှာ မတ်တပ်
ရပ်နေတဲ့ အကို ။

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now