Part - 43
မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟
🎼 မင်းစိတ်ဆန္ဒ ×× မင်းရဲ့အလိုကျ ×× မလွန်နိုင်တာကို သိရဲ့မဟုတ်လား 🎼
အိပ်ရာကမထရသေးခင်ပဲ ဖုန်းဝင်လာတဲ့အသံကြောင့် ယူကြည့်လိုက်မိတော့ ရိပ်ငြိမ် ။ သူနဲ့ အဆက်အသွယ်ပျက်နေတာတောင် အချိန်အတော်ကြာနေပြီလေ ။ မှတ်မှတ်ရရ အကို့ကို ရန်ကုန်ကဆေးရုံကို ခေါ်သွားပြီးထဲကပေါ့ ။ အခုမှဖုန်းပြန်ဆက်လာတော့ ဘာတွေများ အရေးကြီးနေလို့ပါလိမ့် ။
" Hello ရိပ်ငြိမ် "
တဖက်က ရိပ်ငြိမ်က ကိုယ့်အသံကိုကြားလိုက်တာနဲ့ ----
" လွှမ်း မင်းအခုဘယ်မှာလဲ "
" ငါ နယ်ပြန်ရောက်နေတာ ရိပ်ငြိမ် .... ဘာဖြစ်လို့
လဲ "" နယ်မှာ .... ဟုတ်လား "
" ဟုတ်တယ် ရိပ်ငြိမ် ... ငါ နယ်ကိုပြန်ရောက်နေတာ သိပ်မကြာသေးဘူး "
" မင်းအမျိုးသားရော အတူတူပြန်တာလား "
ရိပ်ငြိမ်ရဲ့ မေးလိုက်တဲ့စကားကြောင့် လွှမ်း သက်ပြင်းချလိုက်ရင်း ---
" ငါ သူနဲ့လမ်းခွဲလိုက်ပြီ ရိပ်ငြိမ်"
" ဘာ !!! မင်းတို့လက်ထပ်ထားတာ ဘယ်လောက်
မှတောင်မကြာသေးပဲနဲ့ကွာ .... ဦးကရော လမ်းခွဲ
တော့ ဘာပြောသေးလဲ "" ဖေဖေလည်း ဆုံးသွားပြီ ရိပ်ငြိမ်ရယ့် "
" ဟာကွ !!!! ငါဘာမှမသိလိုက်ရပါလား "
" မင်းလဲ ငါ့အတွက်နဲ့ .... စိတ်ဒုက္ခတွေ များခဲ့ရပြီး
ပြီမို့ ထပ်ပြီး ဒုက္ခမပေးချင်လို့ပါ "" လွှမ်းရယ် ... ငါ နဲ့မင်းက သူငယ်ချင်းတွေပါကွာ ...
ခဏတဖြုတ် စိတ်အခန့်မသင့်တာနဲ့ပဲ .... သူငယ်
ချင်းဆက်ဆံရေးကို အဆုံးသတ်စရာလား .... အနည်းဆုံးတော့ ဦးလေးဆုံးတာ ငါသိသင့်တယ်လေ "" ငါသိပါတယ်ကွာ .... ဖေဖေ့ကိစ္စ မင်းကိုမပြောမိတာလဲ တောင်းပန်ပါတယ် "
" ထားလိုက်ပါတော့ .... အခု ကျောင်းတွေအပ်နေရ
ပြီ ..... မင်းဘယ်ရက်ပြန်လာမှာလဲ "
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။