မာန၏ အခြားတစ်ဖက် 🌟 Part - 25

9.9K 786 30
                                    

Part - 25

                   မာန၏ အခြားတစ်ဖက်

                    🌟🌟🌟🌟🌟🌟

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လွှမ်း မျက်လုံးထဲ
မှာ အမှောင်အတိဖြစ်သွားသလို ခံစားလိုက်ရပြီး
သတိပြန်ဝင်လာတဲ့အချိန် အကိုက လမ်းပေါ်မှာ
လဲကျနေပါပြီ ။ ဘေးကို ပျံ့နေတဲ့သွေးကွက်ထဲမှာ
ငြိမ်သက်နေတဲ့ အကို ။ လွှမ်း အကို့ အနားကို အ
ပြေးအလွှားသွားမိတဲ့အချိန် ဘေးပတ်ဝန်းကျင်က
လူအချို့ပါရောက်လာပြီး ဆေးရုံကားကို ဖုန်းဆက်
ပေးသံတွေ ကြားလိုက်ရပါတယ် ။

" အကို! !!! အကို  သတိထားပါဦး! !!!သတိထားဦး
လို့! !!!! အကို "

လွှမ်း က အကို့ကိုစိုးရိမ်တကြီး ဆွဲမလိုက်ပြီး ရင်ခွင်
ထဲထည်းလိုက်မိတော့ ကိုယ့်ရဲ့ ကိုယ်မှာလဲသွေး
တွေ စွန်းထင်းလို့လာပါတယ် ။

" လွှမ်းလေး! !! ကိုယ်ဘာမှမဖြစ်ဘူး .....   မစိုးရိမ်
နဲ့နော် "

လုံးလုံးကြီးသတိမေ့မသွားတဲ့ အကို က ကိုယ့်ကို
လေသံသဲ့သဲ့လေးနဲ့ ပြန်အားပေးနေရှာတယ် ။
ကိုယ် မြင်လိုက်ရသလောက်ကတော့ အရှိန်နဲဝင်
လာတဲ့ကားက တိုက်ခါနီးမှာ အရှိန်ရှော့ပြီးတိုက်
သွားသလိုပဲ ။ ပြိီးကာမှာ ကားကိုအမြန်မောင်း
ပြေးသွားတာ ။

ဆေးရုံကားရောက်လာတော့ ကိုယ်ပါ အတူလိုက်
သွားပြီး ဆေးရုံရောက်တာနဲ့ ချက်ချင်းစမ်းသပ်ကြ
ပြီးတာနဲ့ အပြင်ပိုင်းအနေနဲ့ ခေါင်းကွဲသွားရာကနေ သွေးထွက်လွန်ပြီး အရေးပေါ်သွေးသွင်းရပါတယ် ။

လက်ကျိုးသွားပြီး အခြားပွန်းပဲ့တာတွေရှိပေမဲ့ အ
သက်အန္တာရာယ်မရှိဘူးဆိုမှ လွှမ်း သက်ပြင်းချ
နိုင်ပါတော့တယ် ။ လောလောဆယ် အိပ်ဆေးထိုး
ပေးထားလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ အကို ရဲ့လက်ကို အသာကိုင်ရင်း ---

" အကို! !!! ကျွန့်တော်ကြောင့် အရမ်းနာကျင်ရ
တယ်မို့လားဟင် ....  ဒါပေမယ့်လေ မင်းမြတ်ထည်ဝါ ဆိုတဲ့ လူသားက ..... ကျွန်တော့်အတွက်
တော့ အကိုတစ်ယောက်လို ချစ်ရတဲ့ လူသားပါဗျာ ....  အဲဒါကြောင့် ကျေးဇူးပြုပြီး မြန်မြန်နေ
ကောင်းပါနော် "

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now