Part - 14မာန၏ အခြားတစ်ဖက်
🌟🌟🌟🌟🌟🌟🌟
လွှမ်း တစ်ယောက် အကို့ ကိုပြောပြီးတာနဲ့ အိပ်ခန်းထဲအမြန်ဝင်ပြီး ပိုက်ဆံအိတ်ကို မမေ့မလျော့ယူလိုက်တယ် ။ လမ်းပေါ်ကို အမြန်ပြေးထွက်လာပြီး
တွေ့ရာတက္ကစီကို တားလိုက်ကာClub ဆီထွက်
လာတဲ့အချိန် အရှိန်နဲ့ မောင်းနေတဲ့ ကားက ဒီနေ့ကျမှ နှေးနေတယ်လို့ စိတ်ထဲထင်နေမိတဲ့အထိ ။Club ကိုရောက်တယ်ဆိုရင်ပဲ ဝန်ထမ်းလေးတစ်ဦးရဲ့အကူအညီနဲ့ ဦးမာန် ရှိတဲ့ သီးသန့်ခန်းထဲ ဝင်ခဲ့လိုက်တဲ့အချိန် ။ အရက်ပုလင်းတွေ ပြန့်ကျဲနေတဲ့
အခန်းထဲမှာ ဇာတ်ကျိုးကျအောင်မူးနေတဲ့ ဦးမာန်။ဒါတောင် လက်ထဲမှာအရက်ပုလင်းကို ကိုင်ထားပြီး ဒီတိုင်းမော့သောက်နေသေးတာ ။ လွှမ်း သိတဲ့ ဦးမာန် ဆိုတဲ့သူဟာ အမြဲတမ်းဂျစ်ကန်ကန်နဲ့ တစ်လောကလုံးကို စိန်ခေါ်နေတက်တဲ့လူမျိုး ။ သူမှန်မှန် သူမှားမှား ဘယ်တော့မှအခြားတစ်ယောက်ရဲ့အေ ရှ့မှာ ခေါင်းမငုံ့တက်တဲ့လူမျိုး ။
အဲလိုလူမျိုးက ဒီရက်ပိုင်းလေးအတွင်းမှာ ဘာလို့ဒီလောက်တောင်ပြောင်းလဲ သွားရတာပါလိမ့် ။ ဟိုးအရင်ကပုံစံကို ကြည့်လို့မရဘူးဆိုပေမယ့် အခုလိုပုံစံကို ပိုပြီးမကြည့်နိုင်တော့လို့ ကျေးဇူးပြုပြီး အရင်က မုန်းမာန်ဝင့်ထည် ရဲ့ ပုံစံနဲ့ပဲ ပြန်နေပေးပါလား
ဦးမာန် ရယ်။လွှမ်း က ဦးမာန် အနားကိုကပ်သွားပြီး သူ့လက်
တစ်ဖက်ကို ဆွဲကိုင်ကာ -----" ဦးမာန်! !!! ကျွန်တော်တို့ အိမ်ပြန်ကျမယ်လေ.... ဦးမာန် လည်း အရမ်းမူးနေပြီမို့လား "
" ဘယ်သူလဲ .... ဖယ်စမ်း!!! ငါ့အသားကိုလာမထိနဲ့ "
အာလေးလျှာလေးနဲ့ စကားတွေပြောလာရင်း လွှမ်း
ရဲ့ လက်တွေကိုပါ ပုတ်ထုတ်လိုက်တာမို့ -----" ဦးမာန်! !! ကျွန်တော်လေ .... လွှမ်း ပါ .... သေချာ
ကြည့်ပါဦး "" လွှမ်း လား ..... လွှမ်းငယ်လေး ဟုတ်လို့လား "
" ဟုတ်ပါတယ် ဦးမာန် ရဲ့ ..... ကျွန်တော်ပါ "
" လွှမ်းငယ်လေး .... ကိုယ်အရမ်းမူးနေပြီ ... ကိုယ်စိတ်တွေညစ်လွန်းလို့ .... အများကြီးသောက်လိုက်မိတာ "
YOU ARE READING
မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခွားတဈဖကျ ( Completed)
Fanfictionချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။ ချစ်ခြင်းမေတ္တာအကြောင်းပြောတဲ့အခါ မာနတွေကို ထားခဲ့ပါ ။