မာန၏ အခြားတစ်ဖက် 🌟Part -28

10K 792 25
                                    

Part - 28

မာန၏ အခြားတစ်ဖက်

🌟🌟🌟🌟🌟🌟

ကိုယ်လက်ဆွဲပြီး ခေါ်ရာနောက်ကို အပြေးတပိုင်း
နဲ့ပါလာတဲ့ ဦးမာန်ကို ရီချင်နေပေမယ့် မရီမိအောင်
ထိန်းထားရင်း ဆိုင်တစ်ဆိုင်ထဲကို ဝင်လာလိုက်ပါတယ် ။ဆိုင်ထဲရောက်တယ်ဆိုရင်ပဲ ဝန်ထမ်းမိန်းကလေးတွေက အံ့သြသလိုကြည့်လာရင်း ----

" ဟို! !!! ဘာများကြည့်ချင်လို့ပါလဲရှင် "

" ကျွန်တော့်အမျိုးသားအတွက် ကြည့်ချင်လို့ပါ "

ဦးမာန်ရှိတဲ့ဘက်ကို မျက်စပစ်ပြရင်း ပြောလိုက်တဲ့
စကားကြောင့် ဝန်ထမ်းကောင်မလေးတွေမှာ ကြောင်ပြီး ကြည့်နေကျတဲ့အချိန်မှာပဲ ----

" ဦးမာန် .... Size ပြောလေ "

ကိုယ့် စကားကြောင့် ဦးမာန်တစ်ယောက် ကြောင်
တောင်တောင်ဖြစ်နေရင်းကနေ သတိဝင်လာသလို ဘေးဘီကိုလိုက်ကြည့်နေပြီးကာမှ မျက်နှာရော နား
ရွက်တွေပါ ရဲတွတ်တက်လာကာ -----

" ရှင်လွှမ်းနေခ! !!! မင်ဘာတွေလုပ်နေတာလဲ .... ငါ့ကို ဘာလို့ ဒီဆိုင်ထဲခေါ်လာရတာတုန်း "

အရင်လို အသံကျယ်ကျယ်နဲ့ အော်တာ မဟုတ်တော့ပဲ နှစ်ယောက်ထဲကြားယုံအသံက ခပ်တိုးတိုး ။

" ဦးမာန် ပဲ သူများနဲ့မတူတဲ့ လက်ဆောင်ဆို ...အဲဒါ
ကြောင့် .... မတူတာလေးရွေးပေးတဲ့ဟာ "

" မင်းအခုလာခဲ့ .... ရွေးမနေနဲ့တော့ .... သူများတွေ
ကြည့်နေတာကို .... မင်းမရှက်ဘူးလား "

ဦးမာန် စကားကြောင့် ဘေးဘီကိုကြည့်လိုက်မိတော့ ဆိုင်ဝန်ထမ်းမိန်းကလေးတွေက ပြုံးစိစိတွေနဲ့။
အင်းပေါ့!! ပြုံးကျတော့မှာပေါ့ ။ အမျိုးသမီးအတွင်း
ခံတွေချည်း သီးသန့်ရောင်းတဲ့ဆိုင်ကို ယောက်ျားလေးနှစ်ယောက်က လာဝယ်နေတာကိုး ။ CEO ကြီးတစ်ယောက် တော်တော်ရှက်နေပြီဆိုတာသိပေမဲ့ ကိုယ် ကတော့ခပ်တည်တည်နဲ့ ----

" ဟာ !!! ဘာရှက်စရာရှိလို့လဲ ဦးမာန်ရယ် .... ကဲပါ
Size သာပြော.... သူ့Size တွေကို အလွတ်ရနေပြီ
မို့လား မြန်မြန်ပြော..... ဒါမှမဟုတ် ဦးမာန် ကိုယ်တိုင်းနဲ့ တိုင်းပြီးဝယ်သွားမလား .... ဒီအနီရောက်လေးကမဆိုးဘူး .... ဇာလေးတွေနဲ့ဆိုတော့ ဝတ်လိုက်ရင်တော်တော်လှမှာ "

မာန၏ အခြားတစ်ဖက် 🌟 မာန၏ အခြားတစ်ဖက် ( Completed)Where stories live. Discover now