ငါတို့တစ်မိသားစုလုံးက ဗီလိန်...

By Kay_Wine

1.3M 202K 6.4K

Title - My Whole Family Are Villain (我们一家都是反派) Author - 咸鱼老人 Total Chapter - 100 Chapters + 2 extras Genre... More

Description
Chapter 1.1
Chapter 1.2
Chapter 2.1
Chapter 2.2
Chapter 3.1
Chapter 3.2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17.1
Chapter 17.2
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46.1
Chapter 46.2
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Extra - 1
Extra - 2

Chapter 100

13.2K 1.8K 180
By Kay_Wine

MWFV Ch 100

Be Happy

Zawgyi Version

သူ႔သမီးေလးနဲ႔ လင္းေရွာက္ခ်ီတို႔ရဲ႕ဆက္ဆံေရးအေပၚ Mr.ခ်င္ရဲ႕ကန္႔ကြက္မႈက သုံးႏွစ္ၾကာတဲ့အထိ မတိုးသာမဆုတ္သာအေျခအေနျဖစ္ေနခဲ့တယ္။

ၿပီးခဲ့တဲ့သုံးႏွစ္တာကာလမွာ Mr.ခ်င္က လင္းေရွာက္ခ်ီကို မ်က္ႏွာသာလုံးဝမ‌ေပးခဲ့ဘူး။ သို႔ေသာ္ ခ်န္တဲ့နဲ႔ ဦးေလးဖုႏွစ္ဦးစလုံးက Mr.ခ်င္ရဲ႕သ‌ေဘာထားေတြထဲက ေျပာင္းလဲမႈတစ္ခုကို ျမင္ႏိုင္ခဲ့ၾကတယ္ : Mr.ခ်င္က လင္းေရွာက္ခ်ီအား အၿမဲလိုလို ရႈသိုးသိုးမ်က္ႏွာကိုသာ ျပသေလ့ရွိေသာ္ျငား, အမွန္တကယ္ေတာ့, သူတို႔ရဲ႕ဆက္ဆံေရးကို သူသေဘာတူလိုက္ၿပီးၿပီျဖစ္တယ္။ သူက သဘာဝက်က်ေလးပဲ ကိစၥေတြကို ပုံမွန္အတိုင္းျဖစ္ေစခဲ့ၿပီး ဘာမွမျမင္သေယာင္ ဟန္ေဆာင္ေနခဲ့တယ္။

မဟုတ္ရင္ ခ်င္မိသားစုရဲ႕လုံၿခဳံေရးအဆင့္ေပၚမူတည္ၿပီး Mr.ခ်င္ရဲ႕‌‌ေစာင့္ၾကည့္မႈေအာက္မွာ လင္းေရွာက္ခ်ီက သူ႔မွာ အေတာင္ပံေတြရွိေနခဲ့မယ္ဆိုရင္ေတာင္ စုေပနဲ႔ အျပင္မွာခ်ိန္းေတြ႕ဖို႔ ေခၚထုတ္သြားဖို႔မေျပာနဲ႔, အထဲကိုပ်ံၿပီးဝင္သြားလို႔ေတာင္မရဘူး။

ဒါ့အျပင္ ခ်င္ Group က လင္း Group ကို တကယ္ဖိႏွိပ္ခ်င္တယ္ဆိုရင္ လင္း Group က ဒီေလာက္ႏွစ္ေတြၾကာတဲ့အထိ ဘယ္လိုလုပ္ေကာင္းေကာင္းမြန္မြန္ဆက္ရွိေနဦးမွာလဲ?

Mr.ခ်င္ အခုလုပ္ေနတဲ့ဟာက ေသခ်ာေပါက္ အေဖအိုႀကီးတစ္ေယာက္ႏွလုံးသားရဲ႕ ေနာက္ဆုံးေခါင္းမာမႈသာျဖစ္တယ္။

သို႔ေပသိ ဒီႏွစ္အေတာအတြင္း လင္းေရွာက္ခ်ီရဲ႕လုပ္ေဆာင္ခ်က္ေတြက လူတိုင္းရဲ႕မ်က္လုံးေတြထဲမွာလည္း သိသာထင္ရွားေနခဲ့တယ္။ "ငါ့သမီးရဲ႕ပညာ‌ေရးနဲ႔ ဘဝကို အေႏွာင့္အယွက္မေပးနဲ႔," ဆိုတဲ့ Mr.ခ်င္ရဲ႕ရာဇသံေၾကာင့္ သနားစရာေကာင္းတဲ့ ဥကၠ႒လင္းခမ်ာ သူ႔အလုပ္ကိစၥေတြနဲ႔ အလုပ္ခ်ိန္ေတြကို စုေပရဲ႕အခ်ိန္ဇယားနဲ႔ကြက္တိက်ၿပီး လိုက္ေလ်ာညီေထြမႈရွိေအာင္ ခ်ိန္ညႇိလိုက္ရေတာ့တယ္။ ဒါ့အျပင္ သူက ခ်င္ Group ရဲ႕ဖိအားကို ႏွစ္ေပါင္းမ်ားစြာ သတၱိရွိရွိ ခုခံထားခဲ့တယ္။

သို႔ေသာ္ ထိတ္လန႔္ဖြယ္ရာအေကာင္းဆုံးအံ့ဖြယ္တစ္ခုက လြန္ခဲ့တဲ့ႏွစ္,ႏွစ္က မေတာ္တဆမႈတစ္ခုပင္ျဖစ္တယ္။

စုေပႏွင့္ လင္းေရွာက္ခ်ီတို႔ ၎တို႔၏ေနာက္ေက်ာအား NST ကုမၸဏီခြဲမွ စီးပြားေရးၿပိဳင္ဘက္တစ္ဦး၏ အၿငိဳးထားတိုက္ခိုက္မႈကို ႀကဳံေတြ႕ခဲ့ၾကရတယ္။ အဲ့ဒီအခ်ိန္တုန္းက လင္းေရွာက္ခ်ီ စုေပကို ကာကြယ္ဖို႔ကိုသာ အျပည့္အဝ စိတ္ႏွစ္ထားခဲ့တယ္။ ေနာက္ပိုင္းက်မွ Mr.ခ်င္က ဒီအေၾကာင္းေတြကို သိသြားခဲ့ရတာျဖစ္တယ္။ သူ ဘာတစ္ခြန္းမွမေျပာဘူးဆိုေသာ္ျငား လင္းေရွာက္ခ်ီကို သူ အမွန္တကယ္ အသိအမွတ္ျပဳတယ္ဆိုတာ ေသခ်ာသေလာက္ပင္။

-----

စုေပဘြဲ႕ယူတဲ့ေန႔မွာ လင္းေရွာက္ခ်ီက ေက်ာင္းဝင္းတစ္ခုလုံးေရွ႕မွာ စုေပကို လက္ထပ္ခြင့္ေတာင္းခဲ့တယ္။

ထိုအခ်ိန္မွာ Mr.ခ်င္က အဲ့ဒီေနရာမွာ သဘာဝက်က်‌ေလးပဲ ရွိေနခဲ့တယ္။ သူ အရမ္းမေပ်ာ္႐ႊင္ရေသာ္ျငား မကန႔္ကြက္ခဲ့ဘူး။

[လင္း Group ဥကၠ႒က ခ်င္အိမ္ကသမီးကိုက္ပ္ခြင့္ေတာင္းလိုက္ယ္တဲ့!]

ဒီသတင္းထြက္လာတာနဲ႔တစ္ၿပိဳင္နက္ အင္တာနက္တစ္ခုလုံး ခ်က္ခ်င္း ေပါက္ကြဲထြက္သြားခဲ့တယ္။ ခ်င္ Group နဲ႔ လင္း Group ဆိုတာက အာ႐ုံစိုက္မႈ အမ်ားအျပားရရွိထားၾကတဲ့ လုပ္ငန္းစုႀကီးႏွစ္ခုျဖစ္တယ္။ စုေပနဲ႔ စုေရွာင္ေပါင္တို႔က ခ်င္ Group ရဲ႕အေမြဆက္ခံသူေတြျဖစ္ၿပီး ဒီႏွစ္ေတြမွာ တမင္တကာ အဆင့္အတန္းနိမ့္ခ်ၿပီး ေနထိုင္ခဲ့ၾကေသာ္ျငား ၎တို႔ကို လူထုအျမင္ကေန ဖယ္ထုတ္ဖို႔ဆိုတာက လုံးဝမျဖစ္ႏိုင္ဘူး။

႐ုတ္တရက္, ခ်င္ ႏွင့္ လင္း၏ထိမ္းျမားလက္ထပ္မႈႏွင့္ပတ္သက္ၿပီး ကြဲျပားတဲ့အျမင္‌ေတြမ်ိဳးစုံရွိလာခဲ့တယ္။

[ခ်င္အိမ္ကသမီးက လင္းအိမ္ကသားနဲ႔က္ပ္ေတာ့ယ္ဘုရားေရ! သူတို႔က စီးပြားေရးေလာကႀကီးစ္ခုလုံးကို လႊမ္းမိုးဖို႔ျင္ေနၾကတာလား?]

[ဒီထိမ္းျမားမႈက စီးပြားေရးလိုပ္ခ်က္က္က္ပဲလို႔ ငါယ္လို‌ေတာင္ခံစားေမိတာလဲ။ ေနာက္ဆုံးေတာ့ ခ်င္ Group နဲ႔င္း Group တို႔ရဲ႕ဆက္ဆံေရးက လြန္ခဲ့တဲ့ႏွစ္,ႏွစ္ကတည္းက အေတာ္ေလးရွင္းရွင္းျစ္ေခဲ့တာ]

[ေအးဆို! ခ်င္ Group က လင္း Group ကို တမင္တကာ ဖိႏွိပ္ထားယ္ဆိုတဲ့သတင္းကိုည္း ငါတ္ဖူးယ္]

[ဘာလို႔လဲ? ကုမၸဏီႏွစ္ခုက အတူတူလုပ္တာ အရမ္းအဆင္ေျပၾကတယ္ဟုတ္ဘူးလား?]

[ဘာအဆင္မ‌ေျပစရာရွိလို႔လဲ? အဲ့တာက အက်ိဳးအျတ္တြက္ဆိုတာသိသာႀကီးပဲကို။ ေနာက္ဆုံးက်ေတာ့ စီးပြားေရးေလာကမွာ အၿမဲမ္းသူယ္ခ်င္းတို႔၊ ရန္သူတို႔ဆိုတာေတြရွိဘူးေလ]

[ဒါဆို အဲ့ႏွစ္ေယာက္က ကုမၸဏီရဲ႕အက်ိဳးစီးပြားကိုထိန္းသိမ္းဖို႔ည္႐ြယ္ခ်က္နဲ႔က္ပ္ၾကတာလား?]

[ခ်မ္းသာတဲ့မိသားစုေတြဆိုတာ အဲ့လိုပဲေလ။ ဒီလိုည္းမ္းကိုၾကည့္လိုက္င္ ငါ အဲ့ခ်မ္းသာတဲ့မိသားစုေတြရဲ႕ သားသမီးေတြကိုနာလိုမျစ္မိေတာ့ဘူး]

[နင္ေျပာတာမွန္ယ္! ေနာက္ၿပီး သူက ခ်င္ရဲ႕မမ‌ေလးည္းဟုတ္ယ္ေလ။ လူေတြ အရင္ကေျပာၾကတာေတာ့ကၠ႒ခ်င္က သူ႔သမီးေလးကိုယ္ေလာက္ေတာင္ခ်စ္တာတို႔ ဘာတို႔နဲ႔ဒါေပမဲ့ အဆုံးတ္က်‌ေတာ့, အက်ိဳးစီးပြားမ်က္ႏွာေၾကာင့္ပဲ, သူက သူ႔သမီးကို စီးပြားေရးန္တဲ့အိမ္ေထာင္ေရးထဲကို တြန္းပို႔ေတုန္းပဲေလ]

[ခ်မ္းသာတဲ့အိမ္ကသမီးျစ္တာည္း သနားစရာပါပဲ‌ဟယ္ယွဥ္ၾကည့္လိုက္င္ ငါတို႔လိုသာမန္လူေတြကမွည္းည္းပိုေပ်ာ္႐ႊင္ရတယ္လို႔ ငါခံစားမိယ္။ အနည္းဆုံးေတာ့ ငါတို႔ေတြ လြတ္လြတ္ပ္ပ္က္ပ္လို႔ရယ္ေလ, ဟားဟား]

[ဒါက စီးပြားေရးန္တဲ့ထိမ္းျမားမႈဆိုတာ သိသာ‌‌ေတာေတာင္မွ သူတို႔ကက္က္ရႈိင္းရႈိင္း ခ်စ္ေနၾကသလိုမ်ိဳးန္ေဆာင္ေနၾကတဲ့အျင္ ဒီလိုလူသိရွင္ၾကား စိတ္ကူးဥ္န္တဲ့က္ပ္ခြင့္ေတာင္းတာမ်ိဳးကို‌ေတာင္ လုပ္လိုက္ေသးယ္။ ေၾကာင္သူေတာ္ကြက္သူခိုးေတြပဲ]

[နင္ေျပာတာမွန္ယ္ခ်မ္းသာတဲ့သူေတြ လုပ္တဲ့ဟာေတြက တကယ္႐ြံရာေကာင္းယ္]

[ၾကည့္ေန။ ခ်င္ နဲ႔င္းတို႔‌တေတြကာရွည္မသင့္ျတ္ႏိုင္ပါဘူး ႏွစ္ႏွစ္တြင္း သူတို႔ရဲ႕ကြာရွင္းျတ္စဲတဲ့ သတင္းအေၾကာင္း ေၾကညာလာလိမ့္ယ္]

...

စုေပနဲ႔ လင္းေရွာက္ခ်ီတို႔အေၾကာင္း သတင္းေတြထြက္လာခ်ိန္မွာ အခ်ိဳ႕လူေတြက ခ်ီးမြမ္းေျပာဆိုေနၾကစဥ္မွာ အခ်ိဳ႕ကေတာ့ ဆိုးဆိုးဝါးဝါး မွတ္ခ်က္ျပဳခဲ့ၾကတယ္။ သို႔ေသာ္ ထိုႏွစ္ေယာက္က စီးပြားေရးအက်ိဳးအျမတ္အတြက္ လက္ထပ္ၾကတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၾကတဲ့သူေတြခမ်ာ သူတို႔ရဲ႕မ်က္ႏွာေတြလ်င္ျမန္စြာ ျဖတ္႐ိုက္ခံၾကရေတာ့တယ္။

ဥကၠ႒လင္းရဲ႕ Weibo sub-account ကို netizen ေတြ ရွာေတြ႕သြားခဲ့ၾကတယ္။ အဲ့ဒီလူေတြက ဒီစီးပြားေရးဆန္တဲ့ ထိမ္းျမားမႈအေပၚ ဥကၠ႒လင္းရဲ႕ညည္းညဴမႈနဲ႔ မေက်နပ္မႈေတြကိုၾကည့္ဖို႔ နာမည္အတုသုံးထားတဲ့ sub-account ကို အစက တူးေဖာ္ခ်င္ၾကေပမယ့္ အျဖစ္မွန္ေတြက စိတ္ပ်က္စရာေကာင္းၿပီး လူအေတာ္မ်ားမ်ားကို ေရွာ့ခ္ရသြားေစခဲ့တယ္။

——ဒီ sub-account ကို လြန္ခဲ့တဲ့ေလးႏွစ္ကတည္းက အသုံးျပဳခဲ့ၿပီး status ေတြကို ေန႔တိုင္းနီးပါး update တင္ထားခဲ့တာျဖစ္တယ္။

[ေကာင္မေလးက ဒီေန႔ ငါ့ကိုေကာက္ေနတယ္ကံေကာင္းလို႔ သူဘာမွမျစ္တာဒါေပမဲ့ ငါဖြင့္‌ေျပာလိုက္တာက သူ႔ကိုန႔္သြားေတဲ့ပုံပဲ]

[ငါ သူ႔ကိုတကယ္ႀကီးေျခာက္လိုက္မိသလိုပဲ]

[ငါက္ေလွ်ာ့လိုက္င့္လား? အရာအားလုံးကို အရင္တိုင္းျန္ထားလိုက္ရမလား]

...

[ဒါငါ့ေကာင္မေလးေလ]

...

[မင္းရဲ႕လန႔္သြားတဲ့အမူရာေလးကို ကိုယ္ၾကည့္တာႀကိဳက္ယ္]

[အနာတ္ေယာကၡထီးေလာင္းႀကီး ငါ့ကိုအသိမွတ္ျပဳေအာင္ယ္လိုလုပ္ရမလဲ...]

...

[Happy Birthday ပါ, ကိုယ့္ေကာင္မေလး။ (မင္းက ေနာက္ဆုံးေတာ့ တရားင္က္ပ္ထိမ္းျမားလို႔ရတဲ့ အ႐ြယ္ကိုေရာက္ၿပီ‌ေပါ့, ဒါေပမဲ့ ကိုယ္ည္းည္းပ္ေစာင့္ဦးယ္)]

[မင္း စကတ္တိုတ္တာ ကိုယ္မႀကိဳက္ဘူး]

...

နာက္ဆုံး‌ေတာ့, လတ္တေလာအျစ္ဆုံး status ကေတာ့ : [ကိုယ့္ကိုက္ခံေပးတဲ့တြက္က်းဇူးင္ပါယ္ေနာ္ကိုယ္င္းကိုအေကာင္းဆုံးေတြပဲေပးမွာပါ]

...

ဒီအရာေတြအျပင္, ဒီ့ထက္ပိုေစာတဲ့ status အခ်ိဳ႕လည္း တကယ္ႀကီး ရွိေနခဲ့တယ္။ သို႔ေပသိ ဒါေတြအားလုံးက အဓိပၸါယ္မရွိပုံေပါက္ေနတဲ့ စာေၾကာင္းတိုေလးေတြပဲျဖစ္တယ္ : [ဒါကမွားေနတယ္], [ငါလုပ္ႏိုင္ဘူး], [ေတာင္းန္ပါယ္]...

Status ေပါင္းတစ္ေထာင္မကတဲ့အျပင္ စကားလုံးတစ္လုံးခ်င္းစီတိုင္းနီးပါး 'သူ႔ေကာင္မေလး' နဲ႔ ပတ္သတ္တာေတြခ်ည္းပင္။ ဒီေနရာမွာေတာ့ လင္းေရွာက္ခ်ီက သူ႔ပုံမွန္ ရင့္က်က္တည္ၿငိမ္ၿပီး စြမ္းေဆာင္ရည္ရွိတဲ့ ဥကၠ႒တစ္ေယာက္အသြင္အျပင္နဲ႔ ကြဲျပားေနခဲ့တယ္။ သူက အခ်စ္ႏြံထဲကိုက်သြားတဲ့ လူငယ္ေလးတစ္ေယာက္သာသာ ျဖစ္သြားတဲ့အျပင္ သူ႔ကိုယ္သူ ထိန္းခ်ဳပ္ထားႏိုင္စြမ္းမရွိေတာ့ဘူး။ သူက စိတ္လိုက္မာန္ပါရွိၿပီး ခ်စ္စိတ္ျပင္းျပတဲ့အျပင္ နည္းနည္းေတာင္ ႐ူးေၾကာင္ေၾကာင္ႏိုင္လာ‌ေသးတယ္။

ေကာင္မေလးရဲ႕နာမည္ကို ဘယ္ status မွာမွ ရွင္းရွင္းလင္းလင္း မေဖာ္ျပထားေသာ္ျငား ပတ္ပတ္လည္မွာ ျပန႔္က်ဲေနတဲ့သဲလြန္စေတြက‌‌ေန, ဥကၠ႒လင္းေရးထားတဲ့ 'ေကာင္မေလး' က ခ်င္မိသားစုရဲ႕မမေလးျဖစ္တဲ့ ခ်င္ယြဲ႕ဆိုတာကို မွန္းဆရန္လြယ္ကူလွတယ္။

ေလးႏွစ္လုံးလုံး ေန႔စဥ္ေန႔တိုင္း ဒီလိုအေၾကာင္းအရာအတိုအထြာေလးေတြ ျပည့္ႏွက္ေနခဲ့တယ္။ ဒါေတြအားလုံးက အတုျဖစ္စရာအေၾကာင္းလုံးဝမရွိဘူး။ အထူးသျဖင့္ စကားလုံးတိုင္းက ျပင္းျပတဲ့အခ်စ္စိတ္ေတြကို ထုတ္ေဖာ္ျပသေနတာေၾကာင့္ပဲျဖစ္တယ္။

Netizen ေတြ ေနာက္တစ္ဖန္ ေပါက္ကြဲလာၾကျပန္တယ္။

[အိုးမိုင္ေဂါ့! Screen ကိုေတာင္ျတ္လာတဲ့ခ်စ္ရဲ႕ခ်ဥ္စူးစူးအနံ႔ေတြကိုင္တို႔ရၾကရဲ႕လား!]

[ဒါက အခ်စ္ဟုတ္ဘူးဆိုင္ ဒီကမာၻေပၚမွာယ္အရာကိုမွ ငါယုံအၾကည္ရွိေတာ့ဘူး]

[ဒါဆိုကၠ႒လင္းနဲ႔မေလးခ်င္တို႔ တကယ္တြဲေတာေလးႏွစ္ရွိၿပီ‌ေပါ့, ၿပီးေတာ့ ဒီေလာက္အၾကာႀကီး တိတ္တိတ္ေလးပဲ ခ်ိန္းေတြ႕ေနၾကတာလား?!]

[ဒီစုံတြဲက အရမ္းခ်ိဳတာပဲ]

[သူတို႔ေတြက အရမ္းခ်ိဳယ္, ေသာက္မ္းခ်ိဳယ္လို႔!]

[ဒါက ဘယ္လိုမေဆုံးႏိုင္တဲ့ခ်စ္မ်ိဳးလဲ? ေသာက္မ္းနာလိုရာေကာင္းတာပဲ]

[ဟားဟားဟား, ငါ လွ်ိဳ႕ဝွက္ခ်က္စ္ခုကိုဖာ္လိုက္မိတဲ့ပုံပဲ။ ဥကၠ႒လင္းနဲ႔မေလးခ်င္တို႔က ဟိုးအရင္ကတည္းက အတူတူရွိလာခဲ့ၾကတယ္ဆိုေပမဲ့ သူ႔အ‌ေကေတာ့ သေဘာမတူဘူးတဲ့]

[Mr.ခ်င္ရဲ႕ခ်ည္ည္ဂ်က္ကတ္ေလးကိုကၠ႒လင္းက ခိုးသြားၿပီဆိုေတာ့။ ေသခ်ာေပါက္ သူ မေပ်ာ္ေတာ့ဘူးေပါ့, ဟားဟား]

[အဲ့တာဆိုပီးခဲ့တဲ့ႏွစ္ေတြတုန္းက ခ်င္ Group ရဲ႕င္း Group အေပၚ 'ဖိႏွိပ္တယ္' ဆိုတာႀကီးက တကယ္မ္းက်ေတာ့ သူ႔ခ်ည္ည္ဂ်က္ကတ္ေလးကိုကၠ႒လင္းက ခိုးယူသြားတဲ့တြက္ Mr.ခ်င္ရဲ႕လက္တုံ႔ျန္မႈလား?]

မွတ္ခ်က္ေတြကိုေစာင့္ၾကည့္စစ္ေဆးေနတဲ့ ခ်န္တဲ့က ဒီစာေၾကာင္းကိုျမင္လိုက္ရေတာ့ သူ႔ကိုယ္ပိုင္ alt account ကိုသုံးၿပီး တိတ္တဆိတ္ reply ျပန္လိုက္တယ္ : သူငယ္ခ်င္း, မင္းမွန္းတာမွန္တယ္။

အစတုန္းက ခ်န္တဲ့တစ္ေယာက္ အင္တာနက္ေပၚက ရႈပ္ယွက္ခတ္ေနတဲ့မွတ္ခ်က္ေတြကို ကိုင္တြယ္ေျဖရွင္းေပးမလို႔ျဖစ္တယ္။ သို႔ေပမဲ့ သူတစ္ခ်က္ၾကည့္လိုက္ခ်ိန္မွာ ထင္ျမင္ယူဆခ်က္ေတြရဲ႕လားရာက ေျပာင္းလဲသြားခဲ့ၿပီျဖစ္တဲ့အျပင္ သူဘာမွလုပ္စရာမလိုဘူးဆိုတာကို သိသြားခဲ့တယ္။

---

Mr.ခ်င္ ေဒါသေတြမတရားထြက္ရတာက သူ႔ရဲ႕ခ်စ္လွစြာေသာသမီးေလးကို လင္းေရွာက္ခ်ီဆိုတဲ့ အဲ့ဒီေသာက္က်ိဳးနည္းျပႆနာေကာင္က ခိုးယူသြားခဲ့တယ္ဆိုတဲ့အခ်က္‌ေၾကာင့္ပင္။ မဂၤလာပြဲေန႔နီးကပ္လာသည့္တိုင္ Mr.ခ်င္က လင္းေရွာက္ခ်ီအား မ်က္ႏွာသာ‌လုံးဝမေပးခဲ့ေခ်။

သို႔ေသာ္ Mr.ခ်င္က အဆိုပါလက္ထပ္ထိမ္းျမားမႈကို သေဘာတူလက္ခံျခင္းမရွိေၾကာင္းနဲ႔ သူက သူ႔ရဲ႕အိမ္ေထာင္က်သြားတဲ့သမီးေလးကို ဖိတ္စင္သြားတဲ့ေရလိုမ်ိဳး ဆက္ဆံေလာက္လားဆိုၿပီး လူေတြ စတင္ထင္ေၾကးေပးလာၾကခ်ိန္မွာေတာ့ Mr.ခ်င္က ေနာက္ထပ္အံ့အားသင့္ေလာက္စရာ ေၾကညာခ်က္တစ္ခုကို ထုတ္ျပန္လာခဲ့တယ္ : သူက NST မွ ခ်င္ Group ရွယ္ယာ ၅၁% အား ခ်င္ယြဲ႕ထံ လႊဲေျပာင္းေပးလိုက္တယ္ဟူ၍ပင္။

[T/N : အိမ္ေထာင္က်သြားတဲ့သမီးက ဖိတ္စင္သြားတဲ့ေရပဲ : ဒါက ေရွးေဟာင္းဆိုး႐ိုးစကားတစ္ခုျဖစ္ၿပီး အိမ္ေထာင္က်သြားတဲ့သမီးကို အျပင္လူတစ္ေယာက္လိုဆက္ဆံၿပီးေတာ့ သူတို႔ရဲ႕‌အရင္းအျခာ မိသားစုဝင္တစ္ေယာက္ မဟုတ္ေတာ့ဘူးလို႔ ဆိုလိုခ်င္တာပါ]

NST ကုမၸဏီ၏ဖြံ႕ၿဖိဳးတိုးတက္မႈက ၎၏ကနဦးခန႔္မွန္းခ်က္ထက္ အမ်ားႀကီး သာလြန္ခဲ့တယ္။ ၎က ခ်င္ ႏွင့္ လင္းတို႔ထံမွ အမွီအခိုကင္းမဲ့သြားခဲ့မယ္ဆိုရင္ေတာင္ လက္ရွိ NST ကုမၸဏီက စက္မႈလုပ္ငန္းမွာ အႂကြင္းမဲ့ေနရာတစ္ခုကို ရရွိထားခဲ့ၿပီျဖစ္တယ္။

ဟိုးအရင္ႏွစ္ေတြက Mr.ခ်င္‌ေပးထားခဲ့ၿပီးသားျဖစ္တဲ့ ခ်င္ Group ရွယ္ယာ ၁၀% ကိုပါ ထပ္ေပါင္းလိုက္မယ္ဆိုရင္ Mr.ခ်င္က ခ်င္ Group တစ္ဝက္ကို သူ႔သမီးေလးထံ လႊဲေျပာင္းေပးလိုက္တာနဲ႔ ညီမွ်သြားၿပီပင္!

ခ်င္ Group တစ္ဝက္ကို ခန္းဝင္ပစၥည္းအျဖစ္ သတ္မွတ္လိုက္တာျဖစ္တယ္။ Mr.ခ်င္က သူ႔သမီးကို တန္ဖိုးမထားဘူးလို႔, ေနာက္ၿပီး သူ႔သမီးရဲ႕ထိမ္းျမားလက္ထပ္မႈကို မေထာက္ခံဘူးလို႔ ဘယ္သူေျပာလဲ?

မဂၤလာေဆာင္ေန႔မွာ စုေပက Mr.ခ်င္ရဲ႕စာၾကည့္ခန္းထဲကို ဝင္လာခဲ့တယ္။ ျပတင္းေပါက္ေရွ႕မွာ မတ္တပ္ရပ္ေနတဲ့ပုံရိပ္ကိုၾကည့္ၿပီး စုေပ သူ႔မ်က္ရည္ေတြကို မထိန္းႏိုင္ခဲ့ဘူး။

"ေဖေဖ..." စုေပ Mr.ခ်င့္လက္ေမာင္းေတြဆီ တိုးဝင္လိုက္မိတယ္။

"မငိုနဲ႔ေလ။ ေနာက္ၿပီးက်ရင္ မဂၤလာပြဲမွာ ၾကည့္မေကာင္းဘဲေနလိမ့္မယ္" Mr.ခ်င္ စုေပရဲ႕ေခါင္းကို ပြတ္သပ္ေပးၿပီး စိတ္ခံစားမႈျပင္းထန္စြာ သက္ျပင္းခ်လိုက္မိတယ္ : သူ႔သမီးေလးက တကယ္ႀကီး အ႐ြယ္ေရာက္သြားခဲ့ၿပီပဲ။

"အဲ့လူဆိုးေကာင္ သမီးကို အႏိုင္က်င့္တာမခံနဲ႔ေနာ္" Mr.ခ်င္ စုေပကိုေျပာလိုက္တယ္။ "သူ သမီးကိုေဒါသထြက္ေအာင္လုပ္ရင္ သူ႔ကိုေမာင္းသာထုတ္ပစ္လိုက္"

လက္ထပ္ၿပီးသြားတဲ့ေနာက္ စုေပနဲ႔ လင္းေရွာက္ခ်ီတို႔ရဲ႕အိမ္က လင္းမိသားစုရဲ႕အိမ္မွာမဟုတ္ဘဲ NST ႐ုံးအနီးက ဟြာရွီးဥယ်ာဥ္ထဲမွာျဖစ္တယ္။ ကံမေကာင္းစြာနဲ႔ပဲ ၎က ခ်င္ Group မွ တိုးခ်ဲ႕ထားတဲ့ ေျမေနရာေတြထဲကတစ္ခုပဲျဖစ္တယ္။

Mr.ခ်င့္စကားေတြကိုၾကားလိုက္ရေတာ့ စုေပ မ်က္ရည္ထြက္မတတ္ အက်ယ္ႀကီးရယ္မိၿပီး ၿပဳံးျပလိုက္တယ္။ "ေကာင္းပါၿပီ"

"ဟိုလူဆိုးေကာင္ေရာက္ေနေလာက္ၿပီ။ အျပင္ထြက္ၾကရေအာင္"

ယေန႔မွာ suit ဝတ္စုံကိုဝတ္ဆင္ထားၿပီး ေခ်ာေမာခန႔္ညားေနတဲ့ စုေရွာင္ေပါင္က စုေပကို သူ႔ေနာက္မွာထားၿပီး အိမ္ထဲကေနထြက္လာခဲ့တယ္။ လူတိုင္းရဲ႕ေကာင္းခ်ီးေအာက္မွာ သူက သူ႔အစ္မကို အျပင္မွာေစာင့္ေနတဲ့ သတို႔သားထံ ပို႔ေဆာင္ေပးလိုက္တယ္။ မနီးမေဝးမွာရပ္ေနတဲ့ ေခ်ာေမာခန္႔ညာၿပီး ထူးခြၽန္ထက္ျမက္တဲ့အမ်ိဳးသားကိုၾကည့္ရင္း စုေရွာင္ေပါင္က ေနာက္ဆုံး‌မွာ သူ႔ရဲ႕အေရးအႀကီးဆုံးရတနာေလးကို အျခားလူတစ္ေယာက္ထံ လႊဲေျပာင္းေပးရမယ္ဆိုတာကို ရွင္းရွင္းလင္းလင္းႀကီးကို သေဘာေပါက္သြားခဲ့‌တယ္။

ကံေကာင္းေထာက္မစြာပဲ ဒီလူက သူတို႔ရဲ႕ယုံၾကည္မႈနဲ႔ ထိုက္တန္တဲ့သူျဖစ္တယ္။

"ေရွာင္ေပ"

"အင္း?"

"ေပ်ာ္႐ႊင္ပါေစေနာ္"

--- ၿပီးပါၿပီ ---

[koffeam's Note : It's end!! *throwing confetti*]

[Moon's Note : Main Story ကေတာ့ ၿပီးသြားပါၿပီ။ Extras ႏွစ္ပိုင္းက်န္ပါေသးတယ္ေနာ္~]

16.10.2021

Saturday

___________________________________

MWFV Ch 100

Be Happy

Unicode Version

သူ့သမီးလေးနဲ့ လင်းရှောက်ချီတို့ရဲ့ဆက်ဆံရေးအပေါ် Mr.ချင်ရဲ့ကန့်ကွက်မှုက သုံးနှစ်ကြာတဲ့အထိ မတိုးသာမဆုတ်သာအခြေအနေဖြစ်နေခဲ့တယ်။

ပြီးခဲ့တဲ့သုံးနှစ်တာကာလမှာ Mr.ချင်က လင်းရှောက်ချီကို မျက်နှာသာလုံးဝမ‌ပေးခဲ့ဘူး။ သို့သော် ချန်တဲ့နဲ့ ဦးလေးဖုနှစ်ဦးစလုံးက Mr.ချင်ရဲ့သ‌ဘောထားတွေထဲက ပြောင်းလဲမှုတစ်ခုကို မြင်နိုင်ခဲ့ကြတယ် : Mr.ချင်က လင်းရှောက်ချီအား အမြဲလိုလို ရှုသိုးသိုးမျက်နှာကိုသာ ပြသလေ့ရှိသော်ငြား, အမှန်တကယ်တော့, သူတို့ရဲ့ဆက်ဆံရေးကို သူသဘောတူလိုက်ပြီးပြီဖြစ်တယ်။ သူက သဘာဝကျကျလေးပဲ ကိစ္စတွေကို ပုံမှန်အတိုင်းဖြစ်စေခဲ့ပြီး ဘာမှမမြင်သယောင် ဟန်ဆောင်နေခဲ့တယ်။

မဟုတ်ရင် ချင်မိသားစုရဲ့လုံခြုံရေးအဆင့်ပေါ်မူတည်ပြီး Mr.ချင်ရဲ့‌‌စောင့်ကြည့်မှုအောက်မှာ လင်းရှောက်ချီက သူ့မှာ အတောင်ပံတွေရှိနေခဲ့မယ်ဆိုရင်တောင် စုပေနဲ့ အပြင်မှာချိန်းတွေ့ဖို့ ခေါ်ထုတ်သွားဖို့မပြောနဲ့, အထဲကိုပျံပြီးဝင်သွားလို့တောင်မရဘူး။

ဒါ့အပြင် ချင် Group က လင်း Group ကို တကယ်ဖိနှိပ်ချင်တယ်ဆိုရင် လင်း Group က ဒီလောက်နှစ်တွေကြာတဲ့အထိ ဘယ်လိုလုပ်ကောင်းကောင်းမွန်မွန်ဆက်ရှိနေဦးမှာလဲ?

Mr.ချင် အခုလုပ်နေတဲ့ဟာက သေချာပေါက် အဖေအိုကြီးတစ်ယောက်နှလုံးသားရဲ့ နောက်ဆုံးခေါင်းမာမှုသာဖြစ်တယ်။

သို့ပေသိ ဒီနှစ်အတောအတွင်း လင်းရှောက်ချီရဲ့လုပ်ဆောင်ချက်တွေက လူတိုင်းရဲ့မျက်လုံးတွေထဲမှာလည်း သိသာထင်ရှားနေခဲ့တယ်။ "ငါ့သမီးရဲ့ပညာ‌ရေးနဲ့ ဘဝကို အနှောင့်အယှက်မပေးနဲ့," ဆိုတဲ့ Mr.ချင်ရဲ့ရာဇသံကြောင့် သနားစရာကောင်းတဲ့ ဥက္ကဋ္ဌလင်းခမျာ သူ့အလုပ်ကိစ္စတွေနဲ့ အလုပ်ချိန်တွေကို စုပေရဲ့အချိန်ဇယားနဲ့ကွက်တိကျပြီး လိုက်လျောညီထွေမှုရှိအောင် ချိန်ညှိလိုက်ရတော့တယ်။ ဒါ့အပြင် သူက ချင် Group ရဲ့ဖိအားကို နှစ်ပေါင်းများစွာ သတ္တိရှိရှိ ခုခံထားခဲ့တယ်။

သို့သော် ထိတ်လန့်ဖွယ်ရာအကောင်းဆုံးအံ့ဖွယ်တစ်ခုက လွန်ခဲ့တဲ့နှစ်,နှစ်က မတော်တဆမှုတစ်ခုပင်ဖြစ်တယ်။

စုပေနှင့် လင်းရှောက်ချီတို့ ၎င်းတို့၏နောက်ကျောအား NST ကုမ္ပဏီခွဲမှ စီးပွားရေးပြိုင်ဘက်တစ်ဦး၏ အငြိုးထားတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ကြရတယ်။ အဲ့ဒီအချိန်တုန်းက လင်းရှောက်ချီ စုပေကို ကာကွယ်ဖို့ကိုသာ အပြည့်အဝ စိတ်နှစ်ထားခဲ့တယ်။ နောက်ပိုင်းကျမှ Mr.ချင်က ဒီအကြောင်းတွေကို သိသွားခဲ့ရတာဖြစ်တယ်။ သူ ဘာတစ်ခွန်းမှမပြောဘူးဆိုသော်ငြား လင်းရှောက်ချီကို သူ အမှန်တကယ် အသိအမှတ်ပြုတယ်ဆိုတာ သေချာသလောက်ပင်။

-----

စုပေဘွဲ့ယူတဲ့နေ့မှာ လင်းရှောက်ချီက ကျောင်းဝင်းတစ်ခုလုံးရှေ့မှာ စုပေကို လက်ထပ်ခွင့်တောင်းခဲ့တယ်။

ထိုအချိန်မှာ Mr.ချင်က အဲ့ဒီနေရာမှာ သဘာဝကျကျ‌လေးပဲ ရှိနေခဲ့တယ်။ သူ အရမ်းမပျော်ရွှင်ရသော်ငြား မကန့်ကွက်ခဲ့ဘူး။

[လင်း Group ဥက္ကဋ္ဌက ချင်အိမ်ကသမီးကို လက်ထပ်ခွင့်တောင်းလိုက်တယ်တဲ့!]

ဒီသတင်းထွက်လာတာနဲ့တစ်ပြိုင်နက် အင်တာနက်တစ်ခုလုံး ချက်ချင်း ပေါက်ကွဲထွက်သွားခဲ့တယ်။ ချင် Group နဲ့ လင်း Group ဆိုတာက အာရုံစိုက်မှု အများအပြားရရှိထားကြတဲ့ လုပ်ငန်းစုကြီးနှစ်ခုဖြစ်တယ်။ စုပေနဲ့ စုရှောင်ပေါင်တို့က ချင် Group ရဲ့အမွေဆက်ခံသူတွေဖြစ်ပြီး ဒီနှစ်တွေမှာ တမင်တကာ အဆင့်အတန်းနိမ့်ချပြီး နေထိုင်ခဲ့ကြသော်ငြား ၎င်းတို့ကို လူထုအမြင်ကနေ ဖယ်ထုတ်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူး။

ရုတ်တရက်, ချင် နှင့် လင်း၏ထိမ်းမြားလက်ထပ်မှုနှင့်ပတ်သက်ပြီး ကွဲပြားတဲ့အမြင်‌တွေမျိုးစုံရှိလာခဲ့တယ်။

[ချင်အိမ်ကသမီးက လင်းအိမ်ကသားနဲ့ လက်ထပ်တော့မယ်။ ဘုရားရေ! သူတို့က စီးပွားရေးလောကကြီးတစ်ခုလုံးကို လွှမ်းမိုးဖို့ပြင်နေကြတာလား?]

[ဒီထိမ်းမြားမှုက စီးပွားရေးလိုအပ်ချက်သက်သက်ပဲလို့ ငါဘယ်လို‌တောင်ခံစားနေမိတာလဲ။ နောက်ဆုံးတော့ ချင် Group နဲ့ လင်း Group တို့ရဲ့ဆက်ဆံရေးက လွန်ခဲ့တဲ့နှစ်,နှစ်ကတည်းက အတော်လေး မရှင်းမရှင်းဖြစ်နေခဲ့တာ]

[အေးဆို! ချင် Group က လင်း Group ကို တမင်တကာ ဖိနှိပ်ထားတယ်ဆိုတဲ့သတင်းကိုလည်း ငါဖတ်ဖူးတယ်]

[ဘာလို့လဲ? ကုမ္ပဏီနှစ်ခုက အတူတူလုပ်တာ အရမ်းအဆင်ပြေကြတယ်မဟုတ်ဘူးလား?]

[ဘာအဆင်မ‌ပြေစရာရှိလို့လဲ? အဲ့တာက အကျိုးအမြတ်အတွက်ဆိုတာ အသိသာကြီးပဲကို။ နောက်ဆုံးကျတော့ စီးပွားရေးလောကမှာ အမြဲတမ်းသူငယ်ချင်းတို့၊ ရန်သူတို့ဆိုတာတွေမရှိဘူးလေ]

[ဒါဆို အဲ့နှစ်ယောက်က ကုမ္ပဏီရဲ့အကျိုးစီးပွားကိုထိန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ လက်ထပ်ကြတာလား?]

[ချမ်းသာတဲ့မိသားစုတွေဆိုတာ အဲ့လိုပဲလေ။ ဒီလိုနည်းလမ်းကိုကြည့်လိုက်ရင် ငါ အဲ့ချမ်းသာတဲ့မိသားစုတွေရဲ့ သားသမီးတွေကို မနာလိုမဖြစ်မိတော့ဘူး]

[နင်ပြောတာမှန်တယ်! နောက်ပြီး သူက ချင်ရဲ့မမ‌လေးလည်းဟုတ်တယ်လေ။ လူတွေ အရင်ကပြောကြတာတော့ ဥက္ကဋ္ဌချင်က သူ့သမီးလေးကို ဘယ်လောက်တောင်ချစ်တာတို့ ဘာတို့နဲ့။ ဒါပေမဲ့ အဆုံးသတ်ကျ‌တော့, အကျိုးစီးပွားမျက်နှာကြောင့်ပဲ, သူက သူ့သမီးကို စီးပွားရေးဆန်တဲ့အိမ်ထောင်ရေးထဲကို တွန်းပို့နေတုန်းပဲလေ]

[ချမ်းသာတဲ့အိမ်ကသမီးဖြစ်ရတာလည်း သနားစရာပါပဲ‌ဟယ်။ ယှဉ်ကြည့်လိုက်ရင် ငါတို့လိုသာမန်လူတွေကမှ နည်းနည်းပိုပျော်ရွှင်ရတယ်လို့ ငါခံစားမိတယ်။ အနည်းဆုံးတော့ ငါတို့တွေ လွတ်လွတ်လပ်လပ် လက်ထပ်လို့ရတယ်လေ, ဟားဟား]

[ဒါက စီးပွားရေးဆန်တဲ့ထိမ်းမြားမှုဆိုတာ သိသာ‌‌နေတာတောင်မှ သူတို့က နက်နက်ရှိုင်းရှိုင်း ချစ်နေကြသလိုမျိုး ဟန်ဆောင်နေကြတဲ့အပြင် ဒီလိုလူသိရှင်ကြား စိတ်ကူးယဉ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းတာမျိုးကို‌တောင် လုပ်လိုက်သေးတယ်။ ကြောင်သူတော် ကြွက်သူခိုးတွေပဲ]

[နင်ပြောတာမှန်တယ်။ ချမ်းသာတဲ့သူတွေ လုပ်တဲ့ဟာတွေက တကယ်ရွံစရာကောင်းတယ်]

[ကြည့်နေ။ ချင် နဲ့ လင်းတို့‌တတွေ ကြာရှည်မသင့်မြတ်နိုင်ပါဘူး။ နှစ်နှစ်အတွင်း သူတို့ရဲ့ကွာရှင်းပြတ်စဲတဲ့ သတင်းအကြောင်း ကြေညာလာလိမ့်မယ်]

...

စုပေနဲ့ လင်းရှောက်ချီတို့အကြောင်း သတင်းတွေထွက်လာချိန်မှာ အချို့လူတွေက ချီးမွမ်းပြောဆိုနေကြစဉ်မှာ အချို့ကတော့ ဆိုးဆိုးဝါးဝါး မှတ်ချက်ပြုခဲ့ကြတယ်။ သို့သော် ထိုနှစ်ယောက်က စီးပွားရေးအကျိုးအမြတ်အတွက် လက်ထပ်ကြတာဖြစ်တယ်လို့ ပြောဆိုခဲ့ကြတဲ့သူတွေခမျာ သူတို့ရဲ့မျက်နှာတွေလျင်မြန်စွာ ဖြတ်ရိုက်ခံကြရတော့တယ်။

ဥက္ကဋ္ဌလင်းရဲ့ Weibo sub-account ကို netizen တွေ ရှာတွေ့သွားခဲ့ကြတယ်။ အဲ့ဒီလူတွေက ဒီစီးပွားရေးဆန်တဲ့ ထိမ်းမြားမှုအပေါ် ဥက္ကဋ္ဌလင်းရဲ့ညည်းညူမှုနဲ့ မကျေနပ်မှုတွေကိုကြည့်ဖို့ နာမည်အတုသုံးထားတဲ့ sub-account ကို အစက တူးဖော်ချင်ကြပေမယ့် အဖြစ်မှန်တွေက စိတ်ပျက်စရာကောင်းပြီး လူအတော်များများကို ရှော့ခ်ရသွားစေခဲ့တယ်။

——ဒီ sub-account ကို လွန်ခဲ့တဲ့လေးနှစ်ကတည်းက အသုံးပြုခဲ့ပြီး status တွေကို နေ့တိုင်းနီးပါး update တင်ထားခဲ့တာဖြစ်တယ်။

[ကောင်မလေးက ဒီနေ့ ငါ့ကိုကြောက်နေတယ်။ ကံကောင်းလို့ သူဘာမှမဖြစ်တာ။ ဒါပေမဲ့ ငါဖွင့်‌ပြောလိုက်တာက သူ့ကိုလန့်သွားစေတဲ့ပုံပဲ]

[ငါ သူ့ကိုတကယ်ကြီးခြောက်လိုက်မိသလိုပဲ]

[ငါလက်လျှော့လိုက်သင့်လား? အရာအားလုံးကို အရင်အတိုင်းပြန်ထားလိုက်ရမလား]

...

[ဒါငါ့ကောင်မလေးလေ]

...

[မင်းရဲ့လန့်သွားတဲ့အမူအရာလေးကို ကိုယ်ကြည့်ရတာကြိုက်တယ်]

[အနာဂတ်ယောက္ခထီးလောင်းကြီး ငါ့ကိုအသိအမှတ်ပြုအောင် ဘယ်လိုလုပ်ရမလဲ...]

...

[Happy Birthday ပါ, ကိုယ့်ကောင်မလေး။ (မင်းက နောက်ဆုံးတော့ တရားဝင် လက်ထပ်ထိမ်းမြားလို့ရတဲ့ အရွယ်ကိုရောက်ပြီ‌ပေါ့, ဒါပေမဲ့ ကိုယ်နည်းနည်းထပ်စောင့်ရဦးမယ်)]

[မင်း စကတ်တိုဝတ်တာ ကိုယ်မကြိုက်ဘူး]

...

နောက်ဆုံး‌တော့, လတ်တလောအဖြစ်ဆုံး status ကတော့ : [ကိုယ့်ကိုလက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။ ကိုယ်မင်းကိုအကောင်းဆုံးတွေပဲပေးမှာပါ]

...

ဒီအရာတွေအပြင်, ဒီ့ထက်ပိုစောတဲ့ status အချို့လည်း တကယ်ကြီး ရှိနေခဲ့တယ်။ သို့ပေသိ ဒါတွေအားလုံးက အဓိပ္ပါယ်မရှိပုံပေါက်နေတဲ့ စာကြောင်းတိုလေးတွေပဲဖြစ်တယ် : [ဒါကမှားနေတယ်], [ငါမလုပ်နိုင်ဘူး], [တောင်းပန်ပါတယ်]...

Status ပေါင်းတစ်ထောင်မကတဲ့အပြင် စကားလုံးတစ်လုံးချင်းစီတိုင်းနီးပါး 'သူ့ကောင်မလေး' နဲ့ ပတ်သတ်တာတွေချည်းပင်။ ဒီနေရာမှာတော့ လင်းရှောက်ချီက သူ့ပုံမှန် ရင့်ကျက်တည်ငြိမ်ပြီး စွမ်းဆောင်ရည်ရှိတဲ့ ဥက္ကဋ္ဌတစ်ယောက်အသွင်အပြင်နဲ့ ကွဲပြားနေခဲ့တယ်။ သူက အချစ်နွံထဲကိုကျသွားတဲ့ လူငယ်လေးတစ်ယောက်သာသာ ဖြစ်သွားတဲ့အပြင် သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်စွမ်းမရှိတော့ဘူး။ သူက စိတ်လိုက်မာန်ပါရှိပြီး ချစ်စိတ်ပြင်းပြတဲ့အပြင် နည်းနည်းတောင် ရူးကြောင်ကြောင်နိုင်လာ‌သေးတယ်။

ကောင်မလေးရဲ့နာမည်ကို ဘယ် status မှာမှ ရှင်းရှင်းလင်းလင်း မဖော်ပြထားသော်ငြား ပတ်ပတ်လည်မှာ ပြန့်ကျဲနေတဲ့သဲလွန်စတွေက‌‌နေ, ဥက္ကဋ္ဌလင်းရေးထားတဲ့ 'ကောင်မလေး' က ချင်မိသားစုရဲ့မမလေးဖြစ်တဲ့ ချင်ယွဲ့ဆိုတာကို မှန်းဆရန်လွယ်ကူလှတယ်။

လေးနှစ်လုံးလုံး နေ့စဉ်နေ့တိုင်း ဒီလိုအကြောင်းအရာအတိုအထွာလေးတွေ ပြည့်နှက်နေခဲ့တယ်။ ဒါတွေအားလုံးက အတုဖြစ်စရာအကြောင်းလုံးဝမရှိဘူး။ အထူးသဖြင့် စကားလုံးတိုင်းက ပြင်းပြတဲ့အချစ်စိတ်တွေကို ထုတ်ဖော်ပြသနေတာကြောင့်ပဲဖြစ်တယ်။

Netizen တွေ နောက်တစ်ဖန် ပေါက်ကွဲလာကြပြန်တယ်။

[အိုးမိုင်ဂေါ့! Screen ကိုတောင်ဖြတ်လာတဲ့ အချစ်ရဲ့ချဉ်စူးစူးအနံ့တွေကို နင်တို့ရကြရဲ့လား!]

[ဒါက အချစ်မဟုတ်ဘူးဆိုရင် ဒီကမ္ဘာပေါ်မှာ ဘယ်အရာကိုမှ ငါအယုံအကြည်မရှိတော့ဘူး]

[ဒါဆို ဥက္ကဋ္ဌလင်းနဲ့ မမလေးချင်တို့ တကယ်တွဲနေတာလေးနှစ်ရှိပြီ‌ပေါ့, ပြီးတော့ ဒီလောက်အကြာကြီး တိတ်တိတ်လေးပဲ ချိန်းတွေ့နေကြတာလား?!]

[ဒီစုံတွဲက အရမ်းချိုတာပဲ]

[သူတို့တွေက အရမ်းချိုတယ်, သောက်ရမ်းချိုတယ်လို့!]

[ဒါက ဘယ်လိုမသေဆုံးနိုင်တဲ့အချစ်မျိုးလဲ? သောက်ရမ်းမနာလိုစရာကောင်းတာပဲ]

[ဟားဟားဟား, ငါ လျှို့ဝှက်ချက်တစ်ခုကို ဖော်လိုက်မိတဲ့ပုံပဲ။ ဥက္ကဋ္ဌလင်းနဲ့ မမလေးချင်တို့က ဟိုးအရင်ကတည်းက အတူတူရှိလာခဲ့ကြတယ်ဆိုပေမဲ့ သူ့အ‌ဖေကတော့ သဘောမတူဘူးတဲ့]

[Mr.ချင်ရဲ့ချည်ထည်ဂျက်ကတ်လေးကို ဥက္ကဋ္ဌလင်းက ခိုးသွားပြီဆိုတော့။ သေချာပေါက် သူ မပျော်တော့ဘူးပေါ့, ဟားဟား]

[အဲ့တာဆို ပြီးခဲ့တဲ့နှစ်တွေတုန်းက ချင် Group ရဲ့ လင်း Group အပေါ် 'ဖိနှိပ်တယ်' ဆိုတာကြီးက တကယ်တမ်းကျတော့ သူ့ချည်ထည်ဂျက်ကတ်လေးကို ဥက္ကဋ္ဌလင်းက ခိုးယူသွားတဲ့အတွက် Mr.ချင်ရဲ့လက်တုံ့ပြန်မှုလား?]

မှတ်ချက်တွေကိုစောင့်ကြည့်စစ်ဆေးနေတဲ့ ချန်တဲ့က ဒီစာကြောင်းကိုမြင်လိုက်ရတော့ သူ့ကိုယ်ပိုင် alt account ကိုသုံးပြီး တိတ်တဆိတ် reply ပြန်လိုက်တယ် : သူငယ်ချင်း, မင်းမှန်းတာမှန်တယ်။

အစတုန်းက ချန်တဲ့တစ်ယောက် အင်တာနက်ပေါ်က ရှုပ်ယှက်ခတ်နေတဲ့မှတ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းပေးမလို့ဖြစ်တယ်။ သို့ပေမဲ့ သူတစ်ချက်ကြည့်လိုက်ချိန်မှာ ထင်မြင်ယူဆချက်တွေရဲ့လားရာက ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့အပြင် သူဘာမှလုပ်စရာမလိုဘူးဆိုတာကို သိသွားခဲ့တယ်။

---

Mr.ချင် ဒေါသတွေမတရားထွက်ရတာက သူ့ရဲ့ချစ်လှစွာသောသမီးလေးကို လင်းရှောက်ချီဆိုတဲ့ အဲ့ဒီသောက်ကျိုးနည်းပြဿနာကောင်က ခိုးယူသွားခဲ့တယ်ဆိုတဲ့အချက်‌ကြောင့်ပင်။ မင်္ဂလာပွဲနေ့နီးကပ်လာသည့်တိုင် Mr.ချင်က လင်းရှောက်ချီအား မျက်နှာသာ‌လုံးဝမပေးခဲ့ချေ။

သို့သော် Mr.ချင်က အဆိုပါလက်ထပ်ထိမ်းမြားမှုကို သဘောတူလက်ခံခြင်းမရှိကြောင်းနဲ့ သူက သူ့ရဲ့အိမ်ထောင်ကျသွားတဲ့သမီးလေးကို ဖိတ်စင်သွားတဲ့ရေလိုမျိုး ဆက်ဆံလောက်လားဆိုပြီး လူတွေ စတင်ထင်ကြေးပေးလာကြချိန်မှာတော့ Mr.ချင်က နောက်ထပ်အံ့အားသင့်လောက်စရာ ကြေညာချက်တစ်ခုကို ထုတ်ပြန်လာခဲ့တယ် : သူက NST မှ ချင် Group ရှယ်ယာ ၅၁% အား ချင်ယွဲ့ထံ လွှဲပြောင်းပေးလိုက်တယ်ဟူ၍ပင်။

[T/N : အိမ်ထောင်ကျသွားတဲ့သမီးက ဖိတ်စင်သွားတဲ့ရေပဲ : ဒါက ရှေးဟောင်းဆိုးရိုးစကားတစ်ခုဖြစ်ပြီး အိမ်ထောင်ကျသွားတဲ့သမီးကို အပြင်လူတစ်ယောက်လိုဆက်ဆံပြီးတော့ သူတို့ရဲ့‌အရင်းအခြာ မိသားစုဝင်တစ်ယောက် မဟုတ်တော့ဘူးလို့ ဆိုလိုချင်တာပါ]

NST ကုမ္ပဏီ၏ဖွံ့ဖြိုးတိုးတက်မှုက ၎င်း၏ကနဦးခန့်မှန်းချက်ထက် အများကြီး သာလွန်ခဲ့တယ်။ ၎င်းက ချင် နှင့် လင်းတို့ထံမှ အမှီအခိုကင်းမဲ့သွားခဲ့မယ်ဆိုရင်တောင် လက်ရှိ NST ကုမ္ပဏီက စက်မှုလုပ်ငန်းမှာ အကြွင်းမဲ့နေရာတစ်ခုကို ရရှိထားခဲ့ပြီဖြစ်တယ်။

ဟိုးအရင်နှစ်တွေက Mr.ချင်‌ပေးထားခဲ့ပြီးသားဖြစ်တဲ့ ချင် Group ရှယ်ယာ ၁၀% ကိုပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် Mr.ချင်က ချင် Group တစ်ဝက်ကို သူ့သမီးလေးထံ လွှဲပြောင်းပေးလိုက်တာနဲ့ ညီမျှသွားပြီပင်!

ချင် Group တစ်ဝက်ကို ခန်းဝင်ပစ္စည်းအဖြစ် သတ်မှတ်လိုက်တာဖြစ်တယ်။ Mr.ချင်က သူ့သမီးကို တန်ဖိုးမထားဘူးလို့, နောက်ပြီး သူ့သမီးရဲ့ထိမ်းမြားလက်ထပ်မှုကို မထောက်ခံဘူးလို့ ဘယ်သူပြောလဲ?

မင်္ဂလာဆောင်နေ့မှာ စုပေက Mr.ချင်ရဲ့စာကြည့်ခန်းထဲကို ဝင်လာခဲ့တယ်။ ပြတင်းပေါက်ရှေ့မှာ မတ်တပ်ရပ်နေတဲ့ပုံရိပ်ကိုကြည့်ပြီး စုပေ သူ့မျက်ရည်တွေကို မထိန်းနိုင်ခဲ့ဘူး။

"ဖေဖေ..." စုပေ Mr.ချင့်လက်မောင်းတွေဆီ တိုးဝင်လိုက်မိတယ်။

"မငိုနဲ့လေ။ နောက်ပြီးကျရင် မင်္ဂလာပွဲမှာ ကြည့်မကောင်းဘဲနေလိမ့်မယ်" Mr.ချင် စုပေရဲ့ခေါင်းကို ပွတ်သပ်ပေးပြီး စိတ်ခံစားမှုပြင်းထန်စွာ သက်ပြင်းချလိုက်မိတယ် : သူ့သမီးလေးက တကယ်ကြီး အရွယ်ရောက်သွားခဲ့ပြီပဲ။

"အဲ့လူဆိုးကောင် သမီးကို အနိုင်ကျင့်တာမခံနဲ့နော်" Mr.ချင် စုပေကိုပြောလိုက်တယ်။ "သူ သမီးကိုဒေါသထွက်အောင်လုပ်ရင် သူ့ကိုမောင်းသာထုတ်ပစ်လိုက်"

လက်ထပ်ပြီးသွားတဲ့နောက် စုပေနဲ့ လင်းရှောက်ချီတို့ရဲ့အိမ်က လင်းမိသားစုရဲ့အိမ်မှာမဟုတ်ဘဲ NST ရုံးအနီးက ဟွာရှီးဥယျာဉ်ထဲမှာဖြစ်တယ်။ ကံမကောင်းစွာနဲ့ပဲ ၎င်းက ချင် Group မှ တိုးချဲ့ထားတဲ့ မြေနေရာတွေထဲကတစ်ခုပဲဖြစ်တယ်။

Mr.ချင့်စကားတွေကိုကြားလိုက်ရတော့ စုပေ မျက်ရည်ထွက်မတတ် အကျယ်ကြီးရယ်မိပြီး ပြုံးပြလိုက်တယ်။ "ကောင်းပါပြီ"

"ဟိုလူဆိုးကောင်ရောက်နေလောက်ပြီ။ အပြင်ထွက်ကြရအောင်"

ယနေ့မှာ suit ဝတ်စုံကိုဝတ်ဆင်ထားပြီး ချောမောခန့်ညားနေတဲ့ စုရှောင်ပေါင်က စုပေကို သူ့နောက်မှာထားပြီး အိမ်ထဲကနေထွက်လာခဲ့တယ်။ လူတိုင်းရဲ့ကောင်းချီးအောက်မှာ သူက သူ့အစ်မကို အပြင်မှာစောင့်နေတဲ့ သတို့သားထံ ပို့ဆောင်ပေးလိုက်တယ်။ မနီးမဝေးမှာရပ်နေတဲ့ ချောမောခန့်ညာပြီး ထူးချွန်ထက်မြက်တဲ့အမျိုးသားကိုကြည့်ရင်း စုရှောင်ပေါင်က နောက်ဆုံး‌မှာ သူ့ရဲ့အရေးအကြီးဆုံးရတနာလေးကို အခြားလူတစ်ယောက်ထံ လွှဲပြောင်းပေးရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီးကို သဘောပေါက်သွားခဲ့‌တယ်။

ကံကောင်းထောက်မစွာပဲ ဒီလူက သူတို့ရဲ့ယုံကြည်မှုနဲ့ ထိုက်တန်တဲ့သူဖြစ်တယ်။

"ရှောင်ပေ"

"အင်း?"

"ပျော်ရွှင်ပါစေနော်"

--- ပြီးပါပြီ ---

[koffeam's Note : It's end!! *throwing confetti*]

[Moon's Note : Main Story ကတော့ ပြီးသွားပါပြီ။ Extras နှစ်ပိုင်းကျန်ပါသေးတယ်နော်~]

16.10.2021

Saturday

_____


Thanks 🌹


Continue Reading

You'll Also Like

814K 148K 163
Title - ေကာင္းကင္ဘုံသို႔ ႂကြလွမ္းစံျမန္းေနသည္၊ မေႏွာင့္ယွက္ရ။ ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ Happy Ending Both Zawgyi & Unicod...
1.1M 58.1K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
114K 9.7K 160
ပေါက်ကရလေးဆယ်အပျော်တမ်းဘာသာပြန်ထားတာဖြစ်ပါတယ်
2.9M 144K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...